book

Index 5

~~ Part-( 5 ) ~~

👑 မာနတို့ဖြင့်... စီရင်အပ်သော 👑

        

""ဒီတံခါး lockကို ဘယ်တော့ဖွင့်ပေးမှာလဲဟင်""


အခုမှပဲ ရှိုက်သံလေးအနည်းငယ်လျော့သွားကာ သူ့ဘက်လှည့်ကြည့်လျက်မေးလာပေမယ့် မျက်ဝန်းထဲနဲ့ မျက်တောင်ဖျားလေးတွေမှာ မျက်ရည်တို့ကစိုစွတ်နေဆဲပါ။ ဘာတွေကို ဒီလောက်ဝမ်းနည်းနေသလဲ မသိရပေမယ့် သူမစိတ်ထဲတစ်ခုခုတော့ထိခိုက်နေတာအမှန်ပင်။ 


""ရော့! ရေနည်းနည်းသောက်""


မေးတာကိုမဖြေပဲ ရေပုလင်းကိုအဖုံးဖွင့်လိုက်ပြီးမှ ကမ်းပေးလာတာကြောင့် ပိုး လှမ်းယူကာ အနည်းငယ်သောက်လိုက်ပြီး...


""ကျေးဇူးတင်ပါတယ်

ပြီးတော့ ပိုးကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရရင်လဲ တောင်းပန်ပါတယ်""


""မင်းအဆင်ပြေရင်ပဲရပါပြီ

ကိုယ့်ကိုအားနာဖို့မလိုဘူး""


ထိုသို့ပြောကာ ပိုးရဲ့လက်တစ်ဖက်ကိုလည်းဆွဲယူလိုက်တာမို့ အလန်တကြားဖြင့်ရုန်းရန်ပြင်တော့ လက်ကိုမလွှတ်ပေးဘဲဆုပ်ကိုင်ထားရင်းမှ မျက်ဝန်းစူးစူးများဖြင့်စိုက်ကြည့်လာလေ၏။


""ငြိမ်ငြိမ်နေ!""


သူ့မျက်နှာတည်တည်ဖြင့်ပြောလာတော့လည်း ပိုးမှာဆက်ပြီးမငြင်းဆန်ရဲပေ။ သူကတော့ ဘယ်အချိန်ကဝယ်ထားလိုက်သည် မသိတဲ့ ဆေးနဲ့ပလာစတာတွေကိုထုတ်ကာ ပိုးလက်က ဒဏ်ရာကိုဆေးထည့်ပေးနေ၏။ ရင်းနှီးနေကြတာလည်းမဟုတ်ဘဲ ဘာကြောင့်များ ဒီလောက်ထိ ဂရုစိုက်နေရတာပါလိမ့်! 


""မင်းက တော်တော်အငိုသန်တာပဲ

ပြီးတော့ အပြေးလည်းသန်တယ်""


""ဟုတ်ပါတယ်...အကိုနဲ့တွေ့တိုင်း အရာရာနဲ့အကြောင်းကြောင်းဖြစ်နေရတာ...အခေါက်တိုင်းကူညီပေးတဲ့အတွက်လည်း...""


""ကျေးဇူးတင်တယ်လို့ ထပ်မပြောနဲ့တော့!""


""ရှင်!""


""ကဲ! ရပြီ...လက်ကိုရေမစိုစေနဲ့နော်

အမှန်တော့ ဆေးခန်းကိုခေါ်သွားချင်တာ

မင်းကငိုနေလို့! ဒဏ်ရာကလည်းသိပ်တော့မပြင်းပါဘူး""


""ဟုတ်! အဲ့ဒါဆို တံခါးလေးဖွင့်ပေးပါလား

ပိုး အိမ်ကထွက်လာတာကြာနေပြီ""


""ကိုယ်လိုက်ပို့မှာပေါ့""


""ရပါတယ် အကို!

အဲ့လိုတော့မလုပ်ပါနဲ့...ပိုးကိုယ့်ဘာကိုယ်ပြန်ပါရစေနော်!""


""မင်းတစ်ယောက်ထဲဆို ကိုယ်စိတ်မချလို့""


""ရှင်! ပိုး ဒီလိုပဲတစ်ယောက်တည်းသွားနေကျပါ ဘာမှမဖြစ်ဘူး""


""အရင်က ကိုယ်နဲ့မသိသေးလို့လေ""


သူ့ကို ဘယ်လိုပြောပြောမရတာကြောင့် ပိုးစိတ်တွေညစ်လာရသည်။ ဒီနေ့က အလုပ်နားရက်ဆိုတော့ မမအိမ်မှာရှိနေလောက်တာမို့ အိမ်ကိုသာ ယောကျ်ားလေးတစ်ယောက်ရဲ့ကားကို စီးပြီးပြန်ရင် ပိုးတော့ အဆူခံရမှာသေချာသလောက်ပါ။ငယ်ငယ်ကတည်းက ယောကျ်ားလေးအပေါင်းအသင်းတွေမထားခိုင်းတာ ပိုးမှတ်မိပါသည်။ မမက ပိုးအပေါ်ဘယ်လိုပဲ သဘောထားစေဦးတော့ ပိုးဘက်ကတော့ မမ မကြိုက်သည့်ကိစ္စကို ရေးရေးလေးတောင်မလုပ်ချင်...။ဒါကြောင့် အခုအနေအထားက ပိုးအတွက် အရမ်းကို အကျပ်ရိုက်စေတာမို့ စဥ်းစားရင်း တွေးရင်း ခေါင်းတွေရှုပ်လာရ၏။


'မောင်'လည်း ဘေးကကောင်မလေးကိုပဲ တသမတ်ထဲစိုက်ကြည့်နေမိတာ အတော်ကြာကြာ။ ခေါင်းလေးကို ခါလိုက်...လက်ချောင်းလေးတွေကနားရွက်ဖျားလေးတွေကိုကိုင်လိုက်ဖြင့် အလုပ်တွေရှုပ်ကာ ဟိုဒီရွှေ့ကြည့်နေတဲ့ မျက်ဝန်းလေးများကလည်း တစ်စုံတစ်ခုကို စဥ်းစားနေသယောင်။ ပြီးတော့ တဖြေးဖြေးနဲ့မှိုင်းညှို့လာသည့် မျက်ဝန်းလေးတွေကို လှမ်းမြင်လိုက်ရချိန်...'မောင်'သက်ပြင်းလေးတစ်ခုကို ခပ်ဖွဖွချလျက်...ကားတံခါးlockကိုဖွင့်လိုက်ပြီး


""သွားတော့!

ကိုယ်လိုက်မပို့တော့ဘူး""


ဒီတော့မှ သူမမျက်ဝန်းလေးတွေက အရောင်လက်သွားလေ၏။ ကိုယ် ဒီလိုအလျှော့ပေးလိုက်တာက မင်းရဲ့မျက်ရည်ကို ထပ်မမြင်ချင်လို့ပါ ကောင်မလေး...။ မင်း စိတ်ချမ်းသာသလိုပဲဖြစ်စေရပါမယ်...ကိုယ်အရှုံးပေးတယ်။


""အကို! ""


မောင် သူမမျက်ဝန်းလေးတွေထဲသို့ သတိလက်လွတ်ငေးစိုက်ကြည့်နေရင်းမှ ခေါ်သံတိုးတိုးလေးကြောင့် သတိဝင်လာကာ


""ဟင်...ဘာပြောမလို့လဲ...ပြောလေ""


""ပိုး သွားတော့မယ်နော်လို့

နှုတ်ဆက်တာ""


မျက်နှာရှေ့သို့ လက်လေးဝှေ့ယမ်းပြတာကြောင့် မောင် ပြုံးလိုက်မိပြန်၏။ ကလေးလိုအမူအရာလေးနဲ့ ပြုံးစစမျက်နှာလေးက တကယ့်ကိုအသည်းယားစရာ။ သူလိုက်မပို့တော့ဘူးဆိုတာကို ဒီလောက်ပဲ ပျော်သွားသလားမသိ။ အခုတော့ ပါးပြင်ထက် စိုစွတ်နေခဲ့တဲ့ မျက်ရည်စလေးတွေလည်းခြောက်သွားခဲ့ပြီး...သူမလည်း အနည်းငယ်စိတ်သက်သာသွားပုံရတာကြောင့် မောင် စိတ်ချလိုက်တာပါ။ 


သူမကတော့ ကားပေါ်က ဆင်းသွားကာ အရှေ့မလှမ်းမကမ်းသို့ လျှောက်သွားလေ၏။ ဘယ်လောက်ထိများ သူမအပေါ်အာရုံစိုက်မိနေသလဲဆို လျှောက်လှမ်းသွားတဲ့ခြေလှမ်းလေးတွေကိုပင် လိုက်ကြည့်နေမိသူ...။ခုနက လဲကျထားသည့်အရှိန်ကြောင့်ခြေထောက်နာနေဦးမလား စိုးရိမ်စိတ်ဖြင့်ကြည့်မိပေမယ့် အဆင်ပြေပြေပဲရှိနေတာမို့ တော်ပါသေးရဲ့ ။

တော်တော်မလွယ်တဲ့ ကောင်မလေး...

ဘယ်လိုကြောင့်များ မင်းက ကိုယ့်ရဲ့စိတ်ကိုဒီလောက်ထိဖမ်းစားနိုင်တာလဲ??


ကြည့်နေရင်းကပဲ သူမက taxiတစ်စီးကိုတားကာ တက်သွားလေ၏။ ဒီတော့မှ ကားစက်ကိုနှိုးလိုက်ကာ ထိုtaxiနောက်မှလိုက်ရန်ပြင်လိုက်သည်။ သူမကိုလွှတ်ပေးလိုက်တာကလည်း ဒီလိုနည်းလမ်းရှိသေးတယ်ဆိုတာကို မောင် သိနေ၍ပါ။ သို့သော်...


""📲📲📲""


ဖုန်းဝင်လာသံကြောင့် ယူကြည့်လိုက်တော့ daddy

ဖြစ်နေတာမို့ ဖုန်းကိုကိုင်လိုက်ရသည်။အာရုံကများသွားစဥ် ရှေ့ကကားကိုလည်းမျက်ချေပြတ်သွားရတော့ planကလွဲချော်လေပြီ။ ဟူးး! မင်းကိုထပ်တွေ့ချင်သေးတယ်...ကောင်မလေး...။ ကိုယ်တို့ထပ်ဆုံဦးမှာပါ။


~~~~💞💞💞💞~~~~


""မောင်...နင်ကလည်းပျောက်ချက်သားကောင်းနေတာနော်...ပြန်ရောက်ပြီးကတည်းက အရိပ်တောင်မပြဘူး...အခုcoffeeလေးအတူသောက်ဖို့ကို မနည်းခေါ်ရတဲ့အဖြစ်""


""မဟုတ်ပါဘူးဟာ! ငါ ဒီရက်ပိုင်းကိစ္စလေးတွေရှိလို့ပါ...မာမီကတောင် နင့်အကြောင်းမေးနေသေးတယ်""


""ဟုတ်လား...အန်တီကငါ့ကိုမှတ်မိနေမယ်လို့တောင်မထင်ဘူး""


""အေး! ငါလည်းအံ့သြနေတာ

ငါ့အမေက တကယ်အစွဲအလမ်းကြီးတယ်

နင်နဲ့ငါ ဘယ်လိုအဆင့်လဲ ဘာညာမေးနေသေး..ငါနဲ့နင်ကလိုက်ဖက်တယ်တဲ့...""


ရယ်မောပြုံးရွှင်ကာပြောနေသည့် မောင့်ရဲ့အမူအရာလေးက မေ့မျက်ဝန်းထဲတော့ မြတ်နိုးဖွယ်အတိပင်။ သူဘယ်လိုနေနေ မေကပဲ အကောင်းမြင်နေမိလို့လားတော့မပြောတတ်။ သူပြောပြတဲ့ပုံအရဆို မောင့် မာမီက မေ့ကို လိုလားသည့်သဘောပေါ့...။ဒီလိုဆို မောင့်သဘောကရော ဘယ်လိုများပါလိမ့်!


""မောင်...ငါနင့်ကိုမေးစရာရှိတယ်""


""အင်း! မေးလေ""


မေးတော့မည် ဆိုကာမှ စိုးရွံ့သည့်စိတ်ကဝင်လာသလိုလို...။အချစ်ဆိုတာ ဒီလိုပဲလူကိုပျော့ညံ့စေတတ်သလား...ဘာကိုမှ မစိုးရိမ်မကြောက်ရွံ့တတ်သည့် မေတော်ဝင်တောင် အချစ်ကိုမေးခွန်းထုတ်ဖို့ကျ ခက်ခဲနေသလိုပါလေ...


""ဟို! နင့်မှာချစ်သူရှိနေပြီလား""


""မရှိပါဘူး! ငါက ဟိုမှာလည်းအလုပ်ပဲအာရုံစိုက်နေရတာ...အခုလည်းခဏအနားပေးပြီးတာနဲ့ ဒီက companyမှာ ဝင်လုပ်ရဦးမယ်""


""အလုပ်လုပ်တာကောင်းတာပေါ့""


""ငါက နင့်လိုအလုပ်သရဲမဟုတ်ဘူး

နည်းနည်းပါးပါး အေးဆေးချင်သေးတယ်""


""နင့်မှာ ချစ်သူမရှိသေးဘူးဆိုတော့ သဘောကျနေတဲ့သူရောရှိလား...နင်စိတ်တိုင်းကျတဲ့မိန်းကလေးရဲ့ideal typeကဘယ်လိုပုံစံမျိုးလဲ""


""ဖြူစင်ရိုးသားပြီး ချစ်ဖို့ကောင်းတဲ့ကောင်မလေး

နူးညံ့သိမ်မွေ့တယ် မာယာကင်းတယ်...သူက ငါ့အတွက် အရမ်းထူးခြားတဲ့ဖြစ်တည်မှုမျိုးလို့ ခံစားရစေတဲ့ မိန်းကလေး...ငါက  ကာကွယ်စောင့်ရှောက်ပေးချင်တဲ့သူမျိုးလေ""


ပြောနေရင်းကပဲ မောင့်ရဲ့အာရုံထဲ၌တဝဲလည်လည်ရစ်ပတ်လာတဲ့ ချာတိတ်ရဲ့ ပုံရိပ်လေးကြောင့်ပြုံးလိုက်မိပြန်၏။


""နင့်အတွေးနဲ့တထပ်တည်းတူတဲ့မိန်းကလေးက လက်တွေ့မှာရှိပါ့မလား မောင်ရယ်""


""ရှိတာပေါ့...ငါသူ့ကိုရှာလို့မတွေ့သေးတာက အချိန်မကျသေးလို့နေမှာပါ တစ်နေ့တော့ သူငါနဲ့ ဆုံကိုဆုံမှာ...""


""နင်က ခပ်နုံနုံstyleမျိုးကိုကြိုက်တာပဲ 

သူရဲကောင်းကြီးလုပ်ချင်တယ်ပေါ့""


""မိန်းကလေးဆိုမှတော့ နူးညံ့သိမ်မွေ့သင့်တာအမှန်ပဲလေ...နင့်လို ရဲရဲတောက်ထက်မြက်နေတဲ့မိန်းကလေးမျိုးကတော့ချွင်းချက်ပေါ့...ငါကတော့ အဲ့ဒါမျိူးကိုလန့်တယ်""


စနောက်သလိုမျိုးပြောလိုက်ပေမယ့် သူ့စကားကြောင့် မေ့ရင်ထဲ အောင့်သက်သွားခဲ့ရတာအမှန်ပါ။ သူသဘောကျတဲ့ ပုံစံမျိုးဆိုတာ မေနဲ့တဖြောင့်တည်းကို ဆန့်ကျင်နေတာလေ။ ဒီလို အားနွဲ့ပျော့ပျောင်းသော အချင်းအရာက ပိုးရတုဆီမှာသာ ရှိတာမဟုတ်လား...။တွေးရင်းကနေ အာရုံမှာပေါ်လာသည့် မိပိုးရဲ့မျက်နှာကြောင့် မေ ခေါင်းကိုခါယမ်းလိုက်ပြီး


""ငါ ပြန်တော့မယ် မောင်""


""အင်း...ok!

လိုက်မပို့တော့ဘူးနော်...ကားပါတယ်မလား""


""အင်း""


လမ်းတစ်လျှောက်လုံးလည်း မေ့ရင်ထဲ တနုံ့နုံ့ခံစားချက်က အမည်ဖော်မရ။ သူပြောလိုက်တဲ့ မိန်းကလေးပုံစံကိုနားထောင်ပြီး ဘာကြောင့်ပိုးရတု မျက်နှာကိုပဲမြင်ယောင်နေမှန်းလည်းမသိ။

(ပိုးရတုကိုပဲ ပြောနေတာပါ မမ😁)


""တီ! တီ!""


ကားဟွန်းသံနှစ်ချက်ပေးတာနဲ့ အိမ်ထဲမှအပြေးအလွှားထွက်လာကာ ခြံတံခါးဖွင့်ပေးသူကပိုးရတုဖြစ်နေတာမို့ မေ မျက်မှောင်ကျုံ့ကြည့်လိုက်ပြီးမှ ကားကိုမောင်းဝင်လာလိုက်သည်။ဟိုကလေးမကတော့ ခြံတံခါးကိုအကျအနပြန်ပိတ်ပြီးမှ အနားသို့ရောက်လာပြန်ကာ


""မမ ဒီနေ့နည်းနည်းနောက်ကျတယ်နော်

ကားတွေပိတ်နေလို့လားဟင်??""


""နင်ကဘာလို့တံခါးလာဖွင့်တာလဲ

ခြံစောင့်ရော?""


""ဦးဦးက အနောက်ကရေပိုက်ပိတ်လို့ ခဏကြည့်ပေးနေလို့ပါ မမ""


""....""


""မမ ထမင်းစားတော့မလား?

ပိုး ထမင်းပြင်ထားလိုက်မယ်လေ""


""ရတယ် မလိုဘူး""


လိုရင်းကိုပဲ ယတိပြတ်ပြောကာ အိမ်ထဲဝင်သွားလေတဲ့ မမကိုကြည့်ကာ ပိုး သက်ပြင်းလေးခိုးချမိပါ၏။ မမ ဒီနေ့ စိတ်ကြည်နေပုံမရဘူး...အပြင်မှာတစ်ခုခုများဖြစ်လာတာလား...မမရဲ့ချစ်သူနဲ့အဆင်မပြေလို့များလား..??


တစ်ယောက်ထဲရပ်ကာ စဥ်းစားခန်းဝင်နေပြီးမှ ပိုးအခန်းဘက်ဆီပြန်ထွက်လာခဲ့သည်။အခန်းထဲရောက်တော့ စားပွဲတင်ထားတဲ့ ဖုန်းလေးကမြည်နေတာမို့ လှမ်းယူကြည့်လိုက်စဥ် မြင်ရပါများလွန်း၍အလွတ်ရနေသည့် ဖုန်းနံပါတ်ကို တွေ့လိုက်ရပြန်၏။ ပိုး သူနဲ့မတွေ့တော့တဲ့အချိန်အတွင်း ဒီno.လေးက screenမှာ ပေါ်လာတတ်တာ အကြိမ်ပေါင်းမနည်းတော့ပေ။ အခေါက်တိုင်းလည်း ပိုး တခါမှလက်ခံစကားမပြောဖြစ်။တကယ်ဆို ခဏတဖြုတ် တွေ့ဆုံခဲ့ရခြင်းအကြာင်းအရာက ဆက်ရန်မရှိတော့ပြီလေ။ ဘာကြောင့်များ ပိုး ဆီဆက်သွယ်နေသေးတာလဲ အကို!


ဖုန်းလေးကိုကြည့်ကာ မေးခွန်းထုတ်နေစဥ် ဖုန်းသံလေးငြိမ်သွားလေ၏။ သူဖုန်းဆက်လာတဲ့အချိန်တိုင်း ပိုး ဒီလိုပဲဖုန်းကိုကြည့်ကာငိုင်နေတတ်တာပါပဲ။ ဖုန်းကိုင်လိုက်ရင်ရော ဘာပြောရမလဲ...ဘာမှပြောစရာမရှိတာပဲလေ...။


ခဏလေးတွေ့ဆုံခဲ့ရပေမယ့် နွေးထွေးကြင်နာစွာဂရုစိုက်တတ်လွန်းတဲ့သူ့ကို ပိုးလည်း တရက်မှမေ့မရခဲ့ပါ။ နွေးထွေးမှုအရိပ်အယောင်တွေပြည့်နှက်နေတဲ့ သူ့မျက်ဝန်းနက်နက်လေးတွေနဲ့ဆုံတိုင်း ရင်ခုန်နှုန်းတို့ မြန်နေတတ်တာ ကိုယ်တိုင်သာအသိဆုံး...။ပြီးတော့ ယောကျ်ားလေးတန်မဲ့ နှုတ်ခမ်းထူထူဝိုင်းဝိုင်းလေးရှိနေတာက တစ်မျိူးထူးခြားနေပြီး အဲ့ဒီ့နှုတ်ခမ်းရဲ့အပါ်ဘက်မှာ မှဲ့နက်လေးတစ်ခုလည်းရှိသည်။ နှုတ်ခမ်းအောက်ကမေးစေ့နားလေးမှာလည်း နောက်ထပ်မှဲ့လေးတစ်ခုကရှိနေသေးရဲ့။အဲ့ဒီမှဲ့လေးတွေက သာမန်ကြည့်ရင် သိပ်ပြီးသိသာထင်ရှားနေတာမျိုးမဟုတ်ပေမယ့် သူ ပိုးကို ပွေ့ချီလိုက်စဥ်က သူ့မျက်နှာကို အရမ်းနီးနီးကပ်ကပ်မြင်လိုက်ရ၍ ပိုး သိနေခြင်းပါ။ သူကလေ အရမ်းကို နွေးထွေးကြင်နာတတ်ပြီး အရမ်းလည်းချောတဲ့ နတ်သားလေး...။


တမင်ရည်ရွယ်တဲ့ တွေ့ဆုံမှုမျိုးမဟုတ်ခဲ့ရင် ကောင်းမှာပါပဲ အကို! 

ပိုးနဲ့အကို ပြန်ဆုံမယ့်ကံတရားသာရှိနေရင် တစ်နေ့တော့ တွေ့ဖြစ်မှာပါ။

ရေစက်ရှိတဲ့သူတွေဆိုရင် တစ်ယောက်ကိုတစ်ယောက်လိုက်ရှာနေဖို့မလိုဘူးမဟုတ်လား...။


~~~~💞💞💞💞~~~~


""တီ! တီ!တီ!""


ခြံရှေ့မှာကားရပ်ပြီး ဟွန်းသံပေးလိုက်တော့ အထဲမှ လူကြီးတစ်ယောက်ပြေးလာကာ တံခါးဖွင့်ပေးလေ၏။ ခြံထဲကားမောင်းဝင်လာသည့် လမ်းသွယ်တစ်လျှောက် ဘေးတစ်ဖက်တစ်ချက်စီမှာ နှင်းဆီပန်းအနီရဲရဲတွေအစီအရီရှိနေတာမို့ မောင် တစ်ချက်ပြုံးလိုက်မိသေး၏။ မေတော်ဝင်က သူ့ပစ္စည်းအသုံးအဆောင်တွေသာမက အိမ်ကိုပါအနီရောင်တွေခြယ်ထားသည်ပဲ...။ ပန်းနီနီတွေက အလှကြီးလှပေမယ့် မျက်စိမအေးတာတော့အမှန်ပင်...။


မောင် ကားပေါ်ကဆင်းလိုက်ပြီး အိမ်ထဲဘက်ဝင်လာလိုက်စဥ် အိမ်အကူလို့ယူဆရသူ မိန်းကလေးတစ်ဦးထွက်လာပြီး


""ဒီက အကို ဘယ်သူနဲ့များတွေ့ချင်လို့လဲရှင့်""


""ကျွန်တော်က မေတော်ဝင်ရဲ့သူငယ်ချင်းပါ

အခုသူရှိလား?""


""အော်! မမလေးကအပြင်ခဏသွားပါတယ်

ခဏနေပြန်ရောက်တော့မှာပါ...ဧည့်ခန်းထဲကြွပါရှင့်!""


ထိုမိန်းကလေးရဲ့ ခေါ်ဆောင်ရာအတိုင်းသာ မောင် လိုက်လာခဲ့မိ၏။ မေနဲ့ရင်းနှီးပေမယ့် သူမ အိမ်ကိုတော့ မောင် အခုမှပထမဆုံးအကြိမ်ရောက်ဖူးခြင်းပါ။ ရင်းနှီးတယ်ဆိုသော်ငြား မေက သူ့ရဲ့ကိုယ်ရေးကိုယ်တာကို သိပ်မပြောဘဲ သိုသိပ်လေ့ရှိသလို မောင်ကလည်း စိတ်ဝင်တစား ဘယ်တုန်းကမှမမေးခဲ့ပေ။


""အိသူရေ! ငါ့ကိုကော်ဖီတစ်ခွက်လောက်တိုက်ပါဟာ...စာကျက်ရတာ အဆင်ပြေမနေဘူး...ခေါင်းတွေလည်းကိုက်နေပြီ""


""အေးပါ! ခဏလေး

ဟိုမှာ မမလေးရဲ့ဧည့်သည်ရောက်နေလို့ ဒါလေးပြီးရင် နင့်အတွက်ဖျော်ပေးမယ်""


""ပြီးရော!""


အဝေးတနေရာမှကြားနေရသောအသံလေးကြောင့် မောင့် ရင်ထဲ လှုပ်ရှားသွားရ၏။ ကြားနေရတဲ့ အဲ့ဒီ့အသံလေးက...ကျိန်းသေ ချာတိတ်လေးရဲ့အသံပါ။ သူမကို စိတ်စွဲလမ်းလွန်းလို့ထင်ယောင်ထင်မှားတွေကြားနေတာများလား?


""ကော်ဖီသုံးဆောင်ပါရှင့်!""


""ဟို! ညီမ...""


""ဟုတ်ကဲ့ ပြောပါရှင့်""


""ဒီအိမ်မှာ ပိုးရတုဆိုတဲ့ ကောင်မလေးရှိလား""


ပိုးလည်း အိသူကိုစောင့်မနေဘဲ ကော်ဖီဖျော်ကာ အခန်းသို့ပြန်သွားရန် ဧည့်ခန်းနားမှဖြတ်လျှောက်စဥ် 'ပိုးရတု'လို့မေးလိုက်သံကြောင့် ခေါင်းလေးပြူကာ ချောင်းကြည့်လိုက်မိတော့...မြင်လိုက်ရတာက ပိုးရဲ့ အကိုနတ်သားလေး...


""ကောင်မလေး""


""အကို!""


သူက ပိုးကိုတွေ့တာနဲ့ချက်ချင်းအနားသို့ရောက်လာကာ 


""တကယ်...မင်းပဲ'"


""အကိုက မမနဲ့အသိလား?""


""မင်းက ဒီအိမ်မှာနေတာလား""


""ဟုတ်!""


""ဒါဆို မေတော်ဝင်နဲ့ မင်းက...""


""မောင်!!!""


ပိုး ဘာစကားမှပြန်မဖြေရသေးခင်မှာပင် ကြားလိုက်ရသော အသံကြောင့် လန့်သွားကာ နောက်လှည့်ကြည့်မိတော့...ပိုးကို ဒေါသမျက်ဝန်းတွေဖြင့် စူးရဲစွာစိုက်ကြည့်နေသူက ပိုးရဲ့ ချစ်လှစွာသော မမ မေတော်ဝင်...


မမ ခေါ်လိုက်တာ 'မောင်'တဲ့!

ဒါဆို အကိုနဲ့ မမက...???


(မေသိသွားပြီဆိုတော့ နောက်အပိုင်းတွေမှာ ဇာတ်ကြမ်းတွေလာတော့မှာ😁😁မေမှမေဆိုသူတွေ fanမပြောင်းကြေးနော်!)

~~~~💞💞💞💞~~~~

Continue to>>> Part-6


Readers/WritersလေးတွေအားလုံးကVIPပါ


Writer - WineSatt Cho(🍋Lëmoñ🍋)


rate now: