book

Index 3

~~ Part-( 3 ) ~~

👑 မာနတို့ဖြင့်... စီရင်အပ်သော 👑


""ရပြီ...အစ်မ ဒါလေးပဲယူမယ်နော်!""


""နေဦး! ခဏ...""


ပိုး အဆင်ပြေတဲ့ဖိနပ်လေးတစ်ရံယူလိုက်ပြီး ပိုက်ဆံရှင်းမလို့ပြင်ရုံရှိသေး...တားမြစ်လိုက်တဲ့အသံကြောင့် လက်တို့ တုံ့ဆိုင်းသွားရ၏။ ဘာလဲ! ဒီလူဘာဖြစ်ပြန်တာလဲ??


""ရော့! ဒါကိုစီးကြည့်""


ပြောပြီး ပိုးရှေ့ကိုချပေးလိုက်တာက စောစောကဖိနပ်လေး...


""ဟင်! ရပြီ...မယူတော့ဘူး

ဒီဟာပဲ ယူမှာ""


""မင်းကြိုက်တာ ဒါမဟုတ်ဘူးလား

ဘာလို့မယူလဲ?""


""အော်! ပိုးအတွက်က အဲ့လောက်စျေးကြီးတဲ့ဖိနပ်မလိုဘူးလေ...ဒီအတိုင်းဟိုနားဒီနားသွားရုံလောက်ကို...ပြီးတော့ ဒါကစျေးများလွန်းတယ်...ပိုး မဝယ်နိုင်ဘူးရှင့်""


စိတ်ထဲရှိတဲ့အတိုင်းအမှန်ကို ဖွင့်ပြောလာတဲ့ သူမစိတ်ဓာတ်လေးက ပွင့်လင်းရိုးသားတယ်ဆိုတာ ဘယ်လိုမာယာမှရှိမနေတဲ့ မျက်ဝန်းတွေက သက်သေပါပဲ...။ဘယ်လိုကောင်မလေးလဲမသိ။ ဒီလိုစကားမျိုးကို လူစိမ်းတွေရှေ့ ပြောထွက်လိုက်တာပဲ...။ မောင် ခေါင်းလေးကိုယမ်းကာတစ်ချက်ပြုံးလိုက်ပြီး...ဆိုင်ဝန်ထမ်းကောင်မလေးထံ မျက်ရိပ်ပြလိုက်တော့ ဝန်ထမ်းမလေးကချက်ချင်းသဘောပေါက်ကာ ဖိနပ်လေးကို သူမခြေထောက်၌ ဝတ်ပေးလိုက်လေ၏။


""ဟင်! ဟို...ဟို!""


""တွေ့လား...မင်းနဲ့လိုက်ဖက်နေသားပဲ""


""ရှင်! ""


ပိုး ပြူးကြောင်ကြောင်လေးနဲ့ငေးကြည့်နေစဥ်မှာပဲ သူက ပိုက်ဆံအိတ်ထဲမှ ကဒ်ကိုထုတ်ကာ ဆိုင်ဝန်ထမ်းနောက်တစ်ယောက်လက်ထဲသို့ထည့်ပေးလိုက်တာမို့...


""ရှင် ဘာလုပ်တာလဲ

ပိုး မယူဘူးလို့ပြောနေတယ်လေ""


""ကျစ်! ပြန်မချွတ်နဲ့လေကွာ""


""မသိဘူး...ပိုးမယူဘူး""


""ဒီမှာ ချာတိတ်လေး!

ကိုယ်ပြောတာနားထောင်...မင်းအကြောင်းကို ကိုယ်ဘာမှမသိပေမယ့် မင်းကတော်တော်ပျော့ညံ့တဲ့မိန်းကလေးဆိုတာတော့ ကိုယ်ခန့်မှန်းနိုင်တယ်...မင်းလိုချင်တဲ့အရာတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားမကြည့်ရသေးဘဲနဲ့ဘာလို့လွယ်လွယ်လက်လျှော့တာလဲ...ဘယ်သူ့အတွက်လဲ? ပိုင်ဆိုင်နိုင်ဖို့အခွင့်အရေးက မင်းမျက်စိရှေ့မှာရှိနေတယ်လေ...ပြီးတော့အဲ့ဒီအခွင့်အရေးကိုလည်း ကိုယ်ပေးနေတယ်...မင်းကနည်းနည်းမှအခွင့်အရေးမယူတတ်တာလား""


ပိုး ဘာစကားမှထပ်မဆိုနိုင်ပဲ သူ့မျက်နှာကိုသာငေးကြည့်မိပြန်သည်။ ဒီဖိနပ်လေးမဝယ်တာနဲ့ အများကြီးပြောသွားလိုက်တဲ့သူ့စကားတွေက လက်ရှိဖြစ်နေတဲ့ကိစ္စထက်ကို အများကြီးလေးနက်နေသလိုပါလား...။တကယ်တော့ ဒီဖိနပ်ကို ပိုးမဝယ်နိုင်တာမဟုတ်ပါ...။ဖိနပ်တရံအတွက် အဲ့လောက်စျေးအများကြီးကိုမသုံးရက်တာလည်းပါသည်။ ပိုးက မမလို လုပ်ငန်းရှင်သူဌေးလည်းမဟုတ်လေတော့ မလိုအပ်ဘူးလေ...။ဒါပေမယ့် အခုလက်ရှိအခြေအနေမှာတော့ ပိုးအိတ်ထဲ ပိုက်ဆံသိပ်မပါလာတာလည်းအမှန်။ ခုန ပိုးဝယ်မယ့်ဖိနပ်လေးက နှစ်သောင်းနီးပါးလေးရယ်...ဒီဖိနပ်ကိုကြည့်ဦး! ၆သောင်းတောင်ကျော်တယ်...။ခက်လိုက်တာနော်...သူ့ကိုဘယ်လိုပြောရပါ့...


""ဟင့်အင်း...ပိုးက ဘာလို့အခွင့်အရေးယူတတ်ရမှာလဲ

ရှင်နဲ့ ပိုးက သိတာလည်းမဟုတ်ဘဲ...

ပိုးအကြောင်းနားလည်သလိုလာမပြောပါနဲ့

ပြီးတော့ အခုမှတွေ့တဲ့ယောကျ်ားတစ်ယောက်ဆီက ဒီလိုမျိုးယူရလောက်အောင် ပိုးကအပေါစားမိန်းကလေးမဟုတ်ဘူးနော်...သူများဆီကယူရင် ဘာမှအလကားမရမှန်း ပိုးသိတယ်

မမကပြောတယ် လူတွေကိုလွယ်လွယ်မယုံရဘူးတဲ့

အထူးသဖြင့် ရှင်တို့လိုယောကျ်ားတွေ""


အမယ်! အခုကျတော့လည်း ချာတိတ်ကခပ်စွာစွာရန်တွေ့တတ်သား...။ဒီလိုဆိုတော့လည်း 'မောင့်'ရင်ထဲ သဘောကျသွားမိပြန်သည်။ ဘယ်လိုဖြစ်နေပါလိမ့်နော်...ဒီချာတိတ်ဘာပြောပြော ဘာလုပ်လုပ် ဘယ်လိုကြောင့်များ အကောင်းပဲထင်နေရတယ်မသိတော့ပါ...


""ကောင်းပြီလေ...မင်းသဘော!

ဒါပေမယ့် ကိုယ်ဒီဖိနပ်အတွက် ကျသင့်ငွေကိုရှင်းခဲ့မယ်

မင်းယူသွားချင်သွား မသွားချင်နေ...ရတယ် as you like

နောက်တခါဆိုရင်တော့ မင်းပိုင်ဆိုင်လို့ရတဲ့အရာတစ်ခုရဲ့ရှေ့မှာ ဒီလိုမျိုးမတွေဝေမိစေနဲ့...မလိုအပ်ဘဲပျော့ညံ့တာကအရှုံးပေးရာရောက်တယ်""


သူပြောချင်ရာပြောပြီးတာနဲ့ မျက်မှန်အနက်လေးကို styleကျကျတပ်ကာ လှည့်ထွက်သွားလေ၏။ ဒီတော့လည်း ပိုး သူ့အနောက်မှ အမြန် ပြေးလိုက်ရပြန်တာမို့ စီးထားတဲ့ ဖိနပ်က ဒီအတိုင်းပါလာလေ၏။ ကဲ! ထားပါတော့လေ...


""ဒီမှာ...ရှင်ခဏနေဦးလေ""


နောက်ပါးမှာ ကပ်ပါလာတဲ့အသံလေးကြောင့် မောင် ခြေလှမ်းတို့ကိုရပ်ပစ်လိုက်မိသည်။ သူမ သူ့ကိုဒီလိုပဲပေးသွားမှာမဟုတ်မှန်း မောင် သိပြီးသားပါ...။ကဲ! မင်းဘာပြောမလဲ ချာတိတ်!!


ရပ်သာရပ်နေပေမယ့် ပိုးဘက်သို့လှည့်မလာတဲ့သူ့ကြောင့်...ခပ်မြန်မြန်လေးအနားသို့ပြေးသွားကာ သူ့အရှေ့မှပိတ်ရပ်လိုက်ပြီး


""ရှင့်ရဲ့လိပ်စာကဒ်ပေးပါ

အခု ဒီဖိနပ်ဖိုးအတွက် ကျမမှာငွေအပြည့်မပါခဲ့ဘူး

ရှင် ခဏစိုက်ပေးလိုက်တယ်လို့ပဲသတ်မှတ်ပေးပါနော်

မနက်ဖြန်ကျရင် ပြန်ပေးပါ့မယ် ဒါမှမဟုတ် ခဏနေ ငွေလွှဲaccဖွင့်ပြီး အဲ့ဒီကနေပို့ပေးမယ်လေ""


""ရပါတယ်...အဲ့လောက်အလျင်မလိုဘူး

ဒီလောက်ပမာဏလေးက ကိုယ့်အတွက်ဘာမှဖြစ်မသွားပါဘူး...ပြန်မပေးလည်းရတယ်...အပိုင်ယူသွား""


""ရှင်နော်! ""


""ဟုတ်ပြီ...ok ok! ဒီမှာ...""


မကြည်မလင်မျက်နှာနဲ့တစ်ဖက်သို့လှည့်နေရာမှ လိပ်စာကဒ်

လေးပေးလိုက်တော့ ချက်ချင်းဆွဲယူကာ ဖတ်ကြည့်နေလေ၏။ သူမရဲ့လျှပ်တပြတ်လှုပ်ရှားမှုလေးတွေတိုင်းက တကယ့်ကိုပဲ ချစ်ဖို့ကောင်းလွန်းနေတာ ငြင်းစရာကိုမရှိ။

(လွှတ်ကြွေနေသော အကိုကြီး😅)


""ကဲ! ကျေနပ်ပြီလား

ကားပေါ်တက်တော့...""


""ဟင်! ဘာလို့ရှင့်ကားပေါ်တက်ရဦးမှာ??""


""ခုန မင်းပြောတဲ့နေရာကိုပြန်လိုက်ပို့မယ်လေ""


""ရပြီလေ...ဖိနပ်ရပြီဆိုတော့ ကိုယ့်ဘာကိုယ်သွားတော့မယ်

ဒီနေရာနဲ့သိပ်မဝေးသေးဘူး""


""ဟင်း!! တစ်စုံတစ်ယောက်ကတော့ ခုနကလိုလမ်းပေါ်ပြေးလွှားချင်ပြန်ပြီထင်တယ်""


""ဟမ်!""


'မောင်' သက်ပြင်းချကာ တစ်ကိုယ်တည်းတီးတိုးပြောသလိုဟန်နဲ့ ခုနကအဖြစ်အပျက်ကိုသတိပေးလိုက်တော့ တကယ်ပဲကြောက်သွားသလိုနဲ့ မျက်နှာလေးပျက်သွားတဲ့ သူမ...။

တကယ့်ကလေးတစ်ယောက်လို သူ့မှာချော့တခါခြောက်တစ်လှည့်နဲ့ စိတ်ရှည်ပေးနေရသော်လည်း သူမကိုအပြစ်မမြင်မိပေ။ ဘာစကားပဲပြောပြော အထိတ်လန့်ပုံစံလေးနဲ့ပြန်ပြန်ကြည့်တတ်တဲ့ သူမလေးက တော်တော်အသည်းငယ်မယ့်ပုံစံပင်...


""အဟက်!""


တော်ပြီ...တော်ပြီ...ငါလည်းအခုမှတွေ့တဲ့ဒီကောင်မလေးအကြောင်းကို လိုက်အကဲခတ်နေတာတော်သင့်ပြီလေ...။စမြင်ကတည်းက ဟိုဟိုဒီဒီ သူစဥ်းစားသမျှ သူမနဲ့ပတ်သက်တာတွေချည်းဖြစ်နေခဲ့တာကြောင့် အတွေးစကိုဖြတ်လိုက်ပေမယ့် ရယ်သံခပ်တိုးတိုးကထွက်သွားရသေး၏။ဒါကိုပင် သူမက နားမလည်ဟန်နဲ့ပြန်ကြည့်ကာ


""ဘာတွေရယ်နေတာလဲဟင်""


""အမ်! ဘာမှမဟုတ်ပါဘူးကွာ

ကဲ...လာပါ...ကိုယ်နဲ့မင်းက ရင်းနှီးသွားပြီပဲ

ကိုယ်လည်း အဲ့နားက သူငယ်ချင်းအိမ်ကိုသွားမှာ...လိုက်ပို့ပေးမယ်""


ဒီလိုနဲ့ပဲ သူ့ကားပေါ်နောက်တစ်ခေါက်ရောက်ခဲ့ရပြန်သည်။သူက လူဆိုးတစ်ယောက်မဟုတ်မှန်းတော့ ပိုး ယုံကြည်လိုက်ပြီမို့ စကားထပ်များမနေတော့ဘဲ ငြိမ်ငြိမ်လေးသာလိုက်လာခဲ့မိသည်...


""ဟုတ်တယ်...အဲ့ဒီ့အိမ်...ရပ်လို့ရပြီ""


""နေဦး! ခဏ...""


""မင်းနာမည်ပြောခဲ့လေ""


""ရှင်!...ဘာလို့""


""ပြန်မမေးနဲ့...ပြောဆိုပြောလိုက်

ငါကမင်းရဲ့အကြွေးရှင်လေ...အဲ့တော့ကိုယ်အကြွေးပေးလိုက်တဲ့လူနာမည်တော့ သိသင့်တယ်ထင်တာပဲ...

မင်းကိုယ့်ကိုကိုယ်သုံးတာ 'ပိုး'မဟုတ်လား

အဲ့ဒီ့ရဲ့နောက်ကဘာလဲ??""


""ရတု...ပိုးရတုပါ နာမည်က""


""အင်း...ရပြီ...သွားတော့""


""ဟုတ်! ဒီနေ့ကူညီပေးခဲ့တာတွေအားလုံးအတွက် အစ်ကို့ကိုကျေးဇူးတင်ပါတယ်""


ကားပေါ်က ဆင်းပြီးတာနဲ့ အနောက်လေးတောင်တစ်ချက်လှည့်မကြည့်ပါဘဲ အိမ်ထဲပြေးဝင်သွားလေတဲ့ ကောင်မလေးကို 'မောင်'ကသာ မျက်စိတဆုံးလိုက်ကြည့်နေမိပြန်၏။တစ်ဆက်တည်းမှာပဲ ဘာကြောင့်များ သူငယ်ချင်းအိမ်ဖြစ်နေရတာလဲလို့ တွေးမိလိုက်သေးရဲ့!! တကယ်ဆို သူမအိမ်ဖြစ်နေရင်ဘယ်လောက်များကောင်းလိုက်မလဲ...


ရပါတယ်...

မင်းနဲ့ကိုယ်ထပ်တွေ့ရဖို့အကြောင်းရှိပါသေးတယ် ကောင်မလေး...။


~~~~💞💞💞💞~~~~


""တီ! တီ! တီ!""


ခြံရှေ့က ကားဟွန်းသံကြားသည်နှင့် ပိုးစာကျက်နေရာမှ အောက်ထပ်သို့အမြန်ပြေးဆင်းလာခဲ့လိုက်သည်။ မမ ပြန်လာမည့်အချိန်ဆို ပိုး ဒီလိုပဲဆင်းကြိုနေကျပါ။မမက ပိုးကို လိုအပ်တဲ့စကားထက်ပိုမပြောပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ပိုးကတော့ မမအနားတကပ်ကပ်နဲ့ ချွဲချင်တာလေ။ မမဘက်က ပိုးကိုအမြင်သိပ်မကြည်ဘူးဆိုပေမယ့် ကိုယ့်ညီမလေးအရင်းကို မမ မချစ်ပဲနဲ့တော့ မနေပါဘူး...။စိတ်ထဲကခံစားချက်ကို သိပ်ပြီးထုတ်မပြတတ်တဲ့ styleလေ...မမက။


""မမ!""


အိမ်ထဲဝင်လိုက်တာနဲ့ ခေါ်သံနဲ့အတူ လှေကားမှပြေးဆင်းလာတဲ့ ကလေးမကို မေတစ်ချက်တော့လှမ်းကြည့်လိုက်မိသည်။ ကိုယ်ဘယ်အရွယ်ရောက်နေလဲဆိုတာ သတိမှထားမိရဲ့လားမသိ...။တစ်နေ့တစ်နေ့ ကလေးလိုအမူအရာတွေပဲလုပ်တတ်တယ်...တစ်အိမ်လုံးလည်းသူ့အသံချည်းပဲ...။


မေ ထိုကလေးမကိုဘာမှပြန်မပြောရသေးခင် ဖိနပ်ကိုချွတ်ကာ ဗီရိုထဲထည့်မည်အပြု တစ်ဖက်က စင်ပေါ်တွင်မြင်လိုက်ရသော ဖိနပ်လှလှလေးတစ်ရံကိုအသေအချာစူးစိုက်ကြည့်မိ၏။ မေ့ ဖိနပ်တွေကို သီးသန့်မှန်ဗီရိုနဲ့ထားတာဖြစ်ပြီး ဒီအိမ်က ဘယ်သူမှလည်း မေ ပိုင်တဲ့ပစ္စည်းကိုမထိရဲ။ပြီးတော့ ဒါက မေ့ ဖိနပ်မဟုတ်တာလည်းသေချာပါသည်...။


""ပိုးရတု""


""ရှင်! မမ""


""အဲ့ဒါက?""


မေ အနောက်ကိုမျက်ရိပ်ပြကာမေးတော့...သူမက လိုက်ကြည့်ကာ...


""အော်! မမ...အဲ့ဒါ ပိုးရဲ့ဖိနပ်အသစ်လေး...

မမကိုပြောပြရဦးမယ်...ဒီနေ့လေ ပိုး သူငယ်ချင်းတစ်ယောက်အိမ်သွားတဲ့လမ်းမှာ ပိုက်ဆံအိတ်အလုခံရတယ်သိလား...အဲ့ဒီ့သူခိုးအနောက်ကိုပြေးလိုက်ရင်းနဲ့ ဖိနပ်ကပြတ်သွားရော...တော်သေးတယ် မမရယ်...လမ်းမှာကူညီပေးမယ့်သူတစ်ယောက်နဲ့ဆုံတယ်...အဲ့ဒါ သူကပဲ ဖိနပ်ဆိုင်ကိုလိုက်ပို့ပေးပြီး အသစ်ဝယ်ပေးသွားတယ်...အပိုင်ဝယ်ပေးတာတော့မဟုတ်ဘူး ပိုးမှာပိုက်ဆံမပါလို့ ခဏစိုက်ပေးတာ နောက်နေ့မှပေးတဲ့!""


""ဒါဆိုရင်တော့ သူကယောကျ်ားလေးပဲဖြစ်လိမ့်မယ်""


""ဟယ်! မမဘယ်လိုသိ?""


""ပြန်မေးတဲ့နင်ကသာ တုံးလွန်းနေတာလေ ပိုးရတုရဲ့ ...ဒါကသိပ်လွယ်တဲ့ကိစ္စပဲကို""


""ပိုးလည်း သူ့ကိုပြောမရတာနဲ့မတတ်သာလို့ယူလိုက်ရတာ...ဖိနပ်ကစျေးတအားများတာပဲ မမရယ်...ပိုးနဲ့မသင့်တော်ပါဘူး""


""ဒါပေါ့..ဒီလိုအကောင်းစားဖိနပ်လေးကကျိန်းသေ နင်နဲ့ဘယ်သင့်တော်ပါ့မလဲ""


ပြောနေရင်းကနေ မမက အရှေ့နားသို့ဆက်လျှောက်သွားကာ ပိုးရဲ့ဖိနပ်ကလေးနား ရပ်လိုက်လေ၏။ ပြီးတော့ လွယ်ထားသည့်အိတ်ထဲမှတစ်စုံတစ်ခုကို ထုတ်နေသလိုလို။ ပိုးလည်းမမဘာလုပ်လဲ လိုက်ကြည့်နေဆဲမှာပင်...မမလက်ထဲ၌ ခေါက်ကတ်ကြေးလေးတစ်ခုပါလာပြီး ထိုကတ်ကြေးလေးအားဖွင့်ထုတ်လိုက်စဥ်...ပိုး မျက်လုံးတို့ပြာဝေသွားရသည်။ မမဘာလုပ်မလဲ...ပိုးသိလိုက်ပါပြီ။ထို့ကြောင့် မျက်လုံးအစုံကိုလည်း အလန့်တကြားမှိတ်ချလိုက်မိ၏။


""မှတ်ထားပါ! ပိုးရတု

နောက်တစ်ခါ နင်နဲ့မသင့်တော်ဘူးလို့ထင်ရတဲ့အရာတစ်ခုကို ဘယ်တော့မှ မဆုပ်ကိုင်ထားနဲ့...အားနာလို့ မတတ်သာလို့ဆိုတာလည်းမရှိဘူး

နင်နဲ့မတန်မှန်းသိရင် အစကတည်းကဝေးဝေးမှာနေလိုက်...အဲ့ဒါအကောင်းဆုံးပဲ""


"".....""


""အော်! ပြီးတော့ နင့်ကိုကူညီပေးတဲ့သူကို ငွေပြန်ပေးရဦးမယ်မလား...ငါ့ဆီလာယူလိုက်""


""....""


""နေပါဦး! အခုဒီဖိနပ်လေးက စီးလို့အဆင်မပြေတော့ဘူးဆိုတော့...ငါ့albumထဲက no.23ကို နင့်အတွက်ယူလိုက်...ငါမသုံးတော့ဘူး...နင်ကြိုက်တယ်မလား...အဖြူရောင်လေးလေ""


မမက အပြုံးလှလှလေးနဲ့စိတ်တိုင်းကျပြောဆိုပြီးအပေါ်ထပ်သို့တက်သွားလေ၏။ ပိုး အပြည့်အဝတောင်မပိုင်ရသေးတဲ့ဖိနပ်လေးကတော့  သာမန်ကြည့်ရင်အကောင်းပကတိဆိုပေမယ့် ချည်ထားတဲ့အလှကြိုးလေးတွေကို ကတ်ကြေးနဲ့ပါးပါးလေးဆီ မွှန်းထားတာမို့ စီးလိုက်တာနဲ့ပြတ်ထွက်သွားမှာပင်...။


""မမလေးက သိပ်လွန်တာပဲဟာ

ငါလေ...""


အဖြစ်အပျက်အားလုံးကို ဝေးဝေးမှလှမ်းကြည့်နေပြီးမှ ပိုးအနားသို့ရောက်လာကာမကျေနပ်သလို ပြောလာတဲ့ အိသူ...။ပိုးကတားမြစ်သည့်သဘောဖြင့်  ခေါင်းကိုခါပြတော့ ဆက်မပြောတော့ဘဲ နှုတ်ဆိတ်သွားလေ၏။ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ပိုးက မမကိုမကောင်းပြောတာမျိုးလက်မခံတာ သူသိပါသည်။ ပြီးတော့ မမကို ဒီလိုတွေပြောတာ သူ့အတွက်လည်းဘယ်ကောင်းနိုင်မှာလဲ မမကမှ သူ့ရဲ့အလုပ်ရှင်လေ...။


""မမဘာလို့ဒီလိုလုပ်လဲဆိုတာ ငါသိပါတယ် အိသူရယ်...ငယ်ငယ်ကအဲ့ဒီကိစ္စကို မမအခုထိမမေ့နိုင်သေးဘူးပဲ""


""နင် စိတ်မကောင်းဖြစ်နေလား""


""မဖြစ်ဘူးလို့ပြောရင် လိမ်ရာကျမှာပေါ့

စိတ်မကောင်းဖြစ်တယ်...ဒါပေမယ့် နည်းနည်းပါ

မမကျေနပ်ရင်ပြီးတာပဲ""


ဘေးနားကနေသက်ပြင်းချသံသဲ့သဲ့ကို ကြားလိုက်ရပြီးနောက် အိသူ အနားကထွက်သွားလေ၏။

ဒီတော့မှ ပိုးဖိနပ်ကလေးအနားသွားကာ ကြည့်လိုက်မိသည်။

ဖိနပ်လေးကိုတော့ နှမြောပါတယ်...

ဒါပေမယ့် သူကပိုးနဲ့မတန်ဘူး

ပိုင်ရှင်မှားလာခဲ့တော့လည်း ခဏလေးနဲ့ပျက်စီးသွားရတာပေါ့...


လောကမှာ ကိုယ်နဲ့သင့်တော်တာကိုပဲမှန်းဖို့သင့်ပါတယ်...ဘယ်အရာမဆို...ကိုယ်နဲ့ထိုက်မှ ကိုယ့်အနား ရောက်လာမှာ...ပြီးတော့ ကိုယ်နဲ့တန်မှ ပိုင်ဆိုင်ခွင့်ရှိမှာ...။


~~~~💞💞💞💞~~~~


မောင် ညနေကတည်းက ဖုန်းကိုကြည့်ကာ အခန်းထဲ ဟိုဒီလျှောက်နေမိသည်မှာ ဘယ်နှကြိမ်မှန်းမသိတော့...။ဖုန်းဝင်လာတိုင်းလည်း မျှော်နေတဲ့သူဆီကများလားလို့ ပျော်သွားရပေမယ့် တစ်ခါမှ သူမမဟုတ်ခဲ့။ ဆက်တော့ဆက်လာမယ်ဆိုတာ မောင် သိပါသည်။ သို့ပေမယ့် ဘာလို့အခုထိဖုန်းမခေါ်သေးတာပါလိမ့် ..


ငါ့ကဒ်ထဲက နံပါတ်ကမှန်ရဲ့လား??

ထိုအတွေးကြောင့် ကဒ်ကိုနှစ်ခါပြန်လောက်စစ်ဆေးလိုက်သေးပေမယ့် တစ်စုံတစ်ရာမှားမနေပါ...


ဟာကွာ!! သူ့ဖုန်းနံပါတ်လေးပါ မေးလိုက်ရမှာကို...


အခုမှပဲ တွေးတွေးပြီးပေါက်ကွဲနေရပေမယ့် ဘာမှမတတ်နိုင်တော့တာပဲလေ။ ထိုင်စောင့်နေရုံပေါ့


""📲📲📲""


စောင့်နေရင်းကပဲ ph noအသစ်လေးတစ်ခုကဝင်လာခဲ့လေ၏။ ဖုန်းကို လက်ထဲကိုင်ထားလျက်နှင့် screenမှာပေါ်နေတဲ့ noကိုပဲအသေအချာစိုက်ကြည့်နေမိရင်း ရင်တွေခုန်လာတာ ဘာကြောင့်ပါလိမ့်...။မူမမှန်ဖြစ်လာသော ရင်ခုန်သံကြောင့် မောင် နှုတ်ခမ်းလေးတွေကို တွန့်ကွေးကာပြုံးလိုက်မိရင်း...


သေချာတယ် ဒီတစ်ခါ မင်းပဲ...

မင်းက ဘာလူသားလေးမို့လို့ လူမမြင်ရတဲ့ဖုန်းnoကတောင် ကိုယ့်ကိုရင်ခုန်စေတာလဲ??

မင်းမှာ ဘာအစွမ်းတွေရှိတာလဲ

ကိုယ်သိချင်တယ် ကောင်မလေး...


""ဟင်!""


မြည်နေတဲ့ဖုန်းကိုကြည့်ကာ အတွေးလွန်နေရင်း ဖုန်းကကျသွားလေရဲ့!! ရတယ်လေ...မင်းပြန်ခေါ်...ဒီတစ်ညနေလုံးကိုယ့်ကိုစောင့်ခိုင်းထားတဲ့အတွက် နည်းနည်းတော့ မာဦးမယ်...ဟွန်း!


သဘောတကျဖြင့် ညစ်ကျယ်ကျယ်ပြုံးကာ ဖုန်းလေးကိုထိုင်ကြည့်နေမိ၏။

တစ်ခါ နှစ်ခါ သုံးခါမြောက် အဝင်callမှာတော့ မနေနိုင်တော့ဘဲ ဖုန်းကိုချက်ချင်းကောက်ကိုင်လိုက်ပြီး


""ပိုးရတုမဟုတ်လား?

မင်းကိုယ့်ဆီ ဖုန်းမဆက်တော့ဘူးထင်နေတာ""


""ရှင်!...ပိုး no.မှန်းသိတယ်လား""


""မသိပါဘူး...ဒီအတိုင်းမှန်းကြည့်တာ

သိနိုင်မယ့်အကြောင်းလေးရှိလို့...အခုဟုတ်တာပဲလေ""


""အော်! ဟုတ်ကဲ့

ပိုး ငွေလွှဲaccဖွင့်ပြီးပြီ

ID codeလေးပြောပေးလို့ရမလား""


""မရဘူး""


""ရှင်!""


""အော်! ကိုယ်ပြောတာက ငွေလွှဲaccကနေမလိုချင်ဘူး...ငွေသားအတိုင်းပဲလိုချင်တာ""


""ဘာဖြစ်လို့လဲဟင်

ဘယ်လိုပဲပေးပေး ရှင် ရရင်ပြီးရောပေါ့""


အသံတိမ်တိမ်လေးနဲ့တိုးလျလျပြောနေတဲ့လေသံလေးက သူမအတွက် အခက်တွေ့နေတယ်ဆိုတာဖော်ပြနေသလိုပါပဲ။ မရဘူး...ကောင်မလေး...ကိုယ်ကမင်းကို ထပ်တွေ့ရဖို့အခွင့်အရေးကို ခက်ခက်ခဲခဲဖန်တီးထားရတာ။ မင်းကရအောင် ရှောင်လွှဲချင်တယ်ဆိုလည်း ကိုယ်ခွင့်မပြုဘူး။


""ဟေ့! ဒီမှာ

ကိုယ်က မင်းရဲ့အကြွေးရှင်နော်

အဲ့တော့ ကိုယ်ကျေနပ်တဲ့ပုံစံနဲ့မင်းအကြွေးကိုချေရမှာပေါ့...မနက်ဖြန်ကိုယ်နဲ့မျက်နှာချင်းဆိုင်လာတွေ့ပြီး အကြွေးကိုပေး...နေရာကို msgပို့ပေးမယ် ok!""


""ဒါပေမယ့်...""


""ရှူး! 

Good night""


ပြောချင်ရာပြောပြီးဖုန်းချသွားလေပြီ။

ဘယ်လိုလူပါလိမ့်နော်...

ရှင် ဝယ်ပေးတဲ့ဖိနပ်ကဖြင့် ဘယ်အခြေအနေဖြစ်သွားပြီလဲသိရဲ့လား...။အဲ့ဒါကြောင့်အစကတည်းက မယူပါဘူးဆိုနေ။

ရှိစု မဲ့စု မုန့်ဖိုးလေးတွေဆုံးတော့မလို့...မမကပြန်ပေးလို့သာ တော်တော့တယ်...ဘာမှလည်းမသိဘဲနဲ့။


""တီ! တီ!""


စူပုပ်ပုပ်နဲ့ထိုင်နေစဥ်မှာပဲ ဖုန်း message  notiသံကြောင့် ဖွင့်ကြည့်လိုက်မိတော့ Location msgလေးတစ်စောင်...။


~~~~💞💞💞💞~~~~

Continue to >>>Part- 4


Readers/Writersလေးတွေအားလုံးက VIPပါ


Writer - WineSatt Cho(🍋Lëmoñ🍋)


rate now: