“အချစ်သည်ခလေးကြောင့်ဖြစ်သည်”
“ကျစ်..... ညနေ၅နာရီတောင် ထိုးတော့မယ် အခုချိန်ထိ နေ့လယ်စာ လာမစားသေးဘူး”
ဟန်စိုင်း ပြောရင်းဆိုရင်းဖြင့် ခခရှိရာအခန်းဆီသို့ ဝင်လာခဲ့လိုက်သည်။
“အခုချိန်ထိကို အိပ်ရာမထသေးဘူး”
“ဟိတ်..... ကလေးမ ထအုံး”
ဟန်စိုင်း သူမလက်လေးအား လှုပ်ကာ နိုးလိုက်ချိန် ရုတ်တရက် ပူကျက်နေတာကြောင့် လန့်သွားရသည်။
“ဟင်..... ကိုယ်တွေ ပူကျက်နေတာဘဲ”
“ဟူးးး ချမ်းတယ် ချမ်းတယ်”
“ဟင်.... ခဏလေးနော် ကိုယ်စောင်ယူပေးမယ်”
သူမအခန်းထဲက စောင်က သိပ်မထူသဖြင့် ဟန်စိုင်း သူ့အခန်းထဲက စောင်ထူကြီးအား အမြန်သွားယူလိုက်သည်။
“ဟင်.... သူဌေးလေး ဘာဖြစ်နေတာပါလိမ့်”
ဒေါ်မြိုင်တစ်ယောက် ဟန်စိုင်းအလှုပ်ရှုတ်နေပုံအား ကြည့်ကာ ခေါင်းပင်နှောက်လာသည်။
တော်ကြာ အပေါ်တက်လိုက် တော်ကြာ မီးဖိုခန်းထဲဝင်လိုက်နှင့်။
“သမီး ခခအခန်းထဲ ဝင်သွားတာဘဲ ခခဘာဖြစ်တာပါလိမ့်”
ဒေါ်မြိုင်လဲ စိုးရိမ်တကြီးဖြင့် သူမအခန်းထဲသို့ ဝင်လာခဲ့လိုက်သည်။
“ဟင်..... ခခ ခခဘာဖြစ်တာလဲ သူဌေးလေး”
“ကိုယ်တွေ ပူလာလို့ ဟို.... ဒေါက်တာကို ဖုန်းခေါ်ပေးပါအုံး”
“ဟုတ် ဟုတ်”
ဒေါ်မြိုင် ဒေါက်တာအား ဖုန်းခေါ်ဖို့ ပြင်လိုက်စဉ်။
တိန်းတောင် တိန်းတောင်.......
အိမ်ရှေ့မှ ဘဲလ်တီးသံကို ကြားလိုက်ရသည်။
“ခြံရှေ့မှာ လူရှိတယ်မလား ဒေါ်မြိုင်”
“မရှိကြဘူး.... အိမ်အနောက်က မီးပြင်ဖို့ လိုအပ်တဲ့ပစ္စည်းတွေသွားဝယ်တယ်”
“ဒါဆို တံခါးသွားဖွင့်ပေးလိုက်ပါ ကျွန်တော်ဒေါက်တာဆီ ဖုန်းဆက်လိုက်မယ်”
“ဟုတ်”
ဒေါ်မြိုင် ခြံရှေ့သို့ အပြေးလေးထွက်လာခဲ့လိုက်သည်။
ခြံရှေ့လဲ ရောက်ရော ကောင်လေးတစ်ယောက် လက်ထဲမှာလဲ လေးဆင့်ချိုင့်နှင့်။
“ဒီက”
“ဟို.... ကျွန်တော်က ဒီဘက်ခြံကို ပြောင်းလာတဲ့သူပါ....”
“အော်.....”
“ဟို.... ဒါက အုန်းနို့ခေါက်ဆွဲပါ အိမ်နီးချင်းတွေကို လိုက်ပို့ပေးနေတာ”
“ဟုတ်.... ခြံထဲဝင်အုံးမလား”
“ဟို..... ရပါပြီဗျ ဒါနဲ့ အရမ်းလောနေတယ်နော် တစ်ခုခုများ ဖြစ်လို့လား”
“ဟုတ်တယ်.... အဒေါ့်တူမလေး နေမကောင်းဖြစ်နေလို့”
“ဟုတ်လား”
“ဟုတ်”
“ဟို.... ကျွန်တော်က ဆေးကျောင်းတက်နေတာဘဲ ဖျားတာနာတာလောက်တော့ ကျွန်တော်ကုပေးနိုင်ပါတယ်..... အခြေအနေအရမ်းဆိုးနေလားဗျ ကျွန်တော်လာကြည့်ပေးရမလား”
“ကောင်းတာပေါ့.... ဒါဆို ခြံထဲဝင်ခဲ့လေ”
“ဟုတ်”
ဒီလိုနဲ့ ဒေါ်မြိုင် ထိုဆေးကျောင်းသားလေးအား ခခရှိရာအခန်းဆီသို့ ခေါ်လာခဲ့လိုက်သည်။
“ဒေါ်မြိုင် သူက....”
ဟန်စိုင်း ထိုကောင်လေးအား တွေ့သည်နှင့် ထိုင်နေရာမှ ထလာလိုက်ပြီး မေးလိုက်သည်။
“ဒါက ဟိုဘက်ခြံက အသစ်လာတဲ့ သူပါ နောက်ပြီး.... ဖျားတာနာတာလောက် ကြည့်ပေးနိုင်တယ်ဆိုလို့ ခခကို ကြည့်ပေးဖို့ ခေါ်လာလိုက်တာပါ”
ဟန်စိုင်း ထိုကောင်လေးအား သေချာကြည့်လိုက်ပြီး။
ကျစ်.....အကြည့်တွေက။
ဟန်စိုင်း ထိုကောင်လေး ခခကို ကြည့်နေတဲ့ အကြည့်တွေအား မကြိုက်ပေ။
သို့ပေမယ့်လဲ အခုလောလောဆယ် ဒေါက်တာကလဲ ချက်ချင်းမလာနိုင်သေးသဖြင့် ထိုကောင်လေး အကူအညီဘဲ ယူရတော့မည်။
“ဒါဆိုလဲ လာကြည့်လေ”
“ဗျာ.... ဟုတ်”
ဟန်စိုင်းရဲ့ မာကျောကျောအသံကြောင့် ထက်ဘုန်းသျှံတစ်ယောက် အနည်းငယ် လန့်သွားရသည်။
ထို့နောက် သူ့အရှေ့၌ မေ့လုလုနီးပါး ဖြစ်နေတဲ့ ထိုကောင်မလေးအား နဖူးသို့ အရင်စမ်းကြည့်လိုက်သည်။
“ကိုယ်တွေက အရမ်းပူနေတာဘဲ ရေခဲရေလေ ယူခဲ့ပေးပါလား”
“ဒေါ်မြိုင် သွားယူပေးလိုက်ပါ”
”ဟုတ်”
ဒေါ်မြိုင် မီးဖိုခန်းထဲရှိ ရေခဲသေတ္တာထဲမှ ရေခဲရေဘူးလေးယူခဲ့လိုက်သည်။
“ဒီမှာပါ”
“ဟုတ်”
ဘုန်းသျှံ ဇလုံးထဲသို့ ရေခဲရေတွေအား ထည့်လိုက်ပြီး အဝတ်စလေးနှင့် တို့ကာ သူမနဖူးလေး သို့ တင်ပေးလိုက်သည်။
ထို့နောက် သူမဝတ်ထားတဲ့ ဖလန်ကွက် အင်္ကျီလေးအား အပေါ်ကြယ်သီးကို ချွတ်ပေးဖို့ ပြင်လိုက်သည်။
“ဟိတ်ကောင် ဘာလုပ်တာလဲ”
“ဟို.... သူ့အင်္ကျီက ကြယ်သီးအကုန်တွယ်ထားတာလေ အဲ့တော့ ရေကပ်လို့ မရဘူးလေ.... အဲ့ဒါကြောင့် အပေါ်ကြယ်သီးတစ်လုံးကို ဖြုတ်လိုက်တာ”
ဟန်စိုင်း ဘာမှ ဆက်မပြောတော့ဘဲ လက်သာပြလိုက်ပြီး ဆက်လုက်ခိုင်းလိုက်သည်။
ဘုန်းသျှံလဲ သူမလည်ပင်းသို့ အဝတ်စနောက်တစ်ခုနှင့် ရေခဲရေစွတ်ကာ ကပ်ပေးထားလိုက်သည်။
ခဏကြာတော့ ကိုယ်အပူချိန် အနည်းငယ် လျော့သွားပြီး သူမလဲ နိုးလာခဲ့သည်။
“ဟင်.... နိုးလာပြီလား”
ဟန်စိုင်း ပြောရင်းဖြင့် သူမအနားသို့ အပြေးလေး လာခဲ့လိုက်သည်။
“ဘယ်လိုနေသေးလဲဟင်..... နည်းနည်းတော့ သက်သာပြီမလား”
ဘုန်းသျှံအမေးကို ဟန်စိုင်းကြားထဲမှ ဝင်ဖြေဖို့ ပြင်လိုက်သည်။
“သက်သာသွားပါပြီ ခဏနေရင်လဲ ခေါ်ထားတဲ့ ဒေါက်တာလာတော့မှာ.... ပြန်လို့ရပါပြီ.... ဒေါ်မြိုင် သူ့ကို ပြန်ပို့ပေးလိုက်ပါတော့ နောက်ပြီး.... ဧည့်ခန်းထဲမှာ ပိုက်ဆံအိတ်ထားထားတယ် သူ့ကိုပေးလိုက်ပါ”
ဟန်စိုင်း အပြောကြောင့် ဘုန်းသျှံတစ်ယောက် ဒေါသထွက်သွားရသည်။
“ဘာ.... ဒီမှာ ကျွန်တော်က စေတနာနဲ့ ကူညီပေးတာဗျ.... အဲ့လိုမျိုး ပိုက်ဆံလိုချင်တဲ့စိတ်နဲ့ ကူညီတာမဟုတ်ဘူး.... ကျွန်တော့ဘဝမှာ အပေါဆုံးက ငွေဘဲ ခင်ဗျားပေးမဲ့ ပိုက်ဆံကို မလိုဘူး.... သွားပြီ ဒီကဒေါ်မြိုင်လဲ လိုက်ပို့ပေးစရာမလိုေတာ့ဘူ”
ဒီလိုနဲ့ ဘုန်းသျှံလဲ ဒေါသထွက်ထွက်နှင့် ပြန်လာခဲ့လိုက်သည်။
“တောက်.... ဘယ်လိုလူလဲ မသိဘူး တအားတွေ ကူညီပေးချင်တယ် ထင်နေတာလား မသိဘူး.... ကောင်မလေးကြောင့် သည်းခံနေတာကို....”
ဘုန်းသျှံ ခဏက အဖြစ်အပျက်အား ပြန်စဉ်းစားကာ ဟန်စိုင်းအကြောင်းတွေးလိုက်ရင် ဒေါသထွက်လာပေမယ့် အိပ်ရာပေါ်၌ လဲနေတဲ့ ထိုမိန်းကလေးအား ပြန်စဉ်စားလိုက်ရင် ရင်ထဲ ကြည်နူးနေမိသည်။
“ဘယ်လိုနေသေးလဲ ခေါင်းမူးနေလား ချမ်းကောချမ်းသေးလား”
“သက်သာပါပြီ..... ခဏကလောက် မချမ်းတော့ဘူ”
“အင်းပါ.... ကိုယ်မှားတာပါ ကိုယ်မသိဘဲ....”
“ရပါတယ် ဘာမှမဖြစ်ပါဘူး”
ဟန်စိုင်း မျက်နှာလေးမှာ အပြစ်လုပ်ထားသည့် ကလေးသဖွယ် မျက်လွှာလေးကို အောက်သို့ ချထားလိုက်သည်။
“အဟွန်း..... အဲ့တာက ဘာဖြစ်နေတာလဲ”
ခခ ဟန်စိုင်းဖြစ်နေပုံလေးအား ကြည့်ကာ ပြုံးလိုက်ပြီး ပြောလိုက်သည်။
“ဘာမှမဖြစ်ပါဘူး”
“ကဲပါ.... ခခပြောပြီးပြီဘဲ ဘာမှမဖြစ်ဘူးလို့”
“ဟုတ်ပါပြီ..... ဒါဆို ဆန်ပြုတ်သောက်ရအောင် အခုချိန်ထိ နေ့လယ်စာမစားရသေးဘူးလေ မဟုတ်လား”
“အင်း”
ခခစားဖို့ ဒေါ်မြိုင်ပြုတ်ပေးထားတဲ့ ဆန်ပြုတ်ပန်းကန်လေးအား ယူလိုက်ပြီး သူမအား တိုက်လိုက်သည်။
###################################
တီ တီ......
“သဇင်ဖြူတို့ လာတာနဲ့တူတယ်တယ်”
ဒေါ်နန်းခင်ခင် ခြံရှေ့လေးသို့ ထွက်ကာ သွားကြိုလိုက်သည်။
“ထင်သားဘဲ လာလာ ဝင်ကြ”
“ဟုတ်”
“အမယ်လေး သမီးဖူးပွင့်လေးက အတော်ချောလာတာဘဲ”
“အဟီး.... ဟို.... ဒါနဲ့ အစိုင်းကော”
“သားလား.... ကလောဘက်သွားနေတယ် သမီးရဲ့”
“ဘယ်တော့ပြန်လာမှာလဲဟင်”
“ကြာအုံးမှာ သမီးရဲ့”
“ဒါဆိုရင်တော့ သမီးဘဲ သူရှိတဲ့နေရာ လိုက်သွားရမယ်ထင်တယ်”
“ကောင်းတာပေါ့ သမီးရဲ့”
“မေမေ သမီး အစိုင်းရှိတဲ့နေရာလိုက်သွားချင်တယ်”
“သဘောပါဘဲရှင်”
“အဟီး.....”
“ကဲ.... အထဲဝင်ရအောင်”
“ဟုတ်”
ဒီလိုနဲ့ သုံးယောက်သား အိမ်ထဲသို့ ဝင်သွားလိုက်ကြပြီး စကားများအား မပြီးနိုင်မဆုံးနိုင်ပြောနေလိုက်ကြသည်။
အချိန်အားဖြင့် ည၇နာရီ။
ဟန်စိုင်း ထိုအချိန် သူ့ကမ္ပဏီမှ ပြန်လာခဲ့သည်။
အိမ်ရောက်ရောက်ခြင်း ခခအခန်းထဲသို့ ဝင်သွားပေးမယ့် သူမအား မတွေ့သဖြင့် စိတ်ပူသွားတော့သည်။
“ဒေါ်မြိုင် ဒေါ်မြိုင်”
“လာပါပြီ သူဌေးလေး ဘာခိုင်းစရာရှိလို့လဲ”
“မိုးမခရှင်းကော”
“ခြံထဲဆင်းသွားတာ တွေ့လိုက်တယ်”
“အပြင်မှာ လေစိမ်းတွေ တိုက်နေတာကို ထွက်ထိုင်နေပြန်ပြီ”
ဟန်စိုင်း အခန်းထဲမှ စောင်ပါးပါးလေး တစ်ထည်ယူခဲ့လိုက်ပြီး ခြံထဲ သူမရှိရာသို့ ထွက်လာခဲ့လိုက်သည်။
ဟော.... တွေ့ပါပြီ နေကမကောင်းဘဲ လေတဖြူးဖြူးတိုက်နေတဲ့ ခြံထဲမှာ ထိုင်နေတဲ့ သူမ။
ဟန်စိုင်း သူမနားလေးသို့ လျှောက်သွားလိုက်သည်။
“ဟင့်..... မေမေ.... သမီး အစ်ကို ပြန်တွေ့ပြီ..... မကြာခင် အဖေနဲ့လဲ ပြန်တွေ့ရတော့မယ် ထင်တယ်..... အဟင့်..... အခုသမီးတို့မိသားစုလေး ပြန်စုံကြတော့မယ် မေမေရဲ့.... ဒါပေမယ့် မေမေက မရှိတော့ဘူ....”
ပြောရင်းဖြင့် ပိုပိုငိုလာတဲ့ သူမလေးအား ဟန်စိုင်း စိုးရိမ်သွားပြီး သူမလေးနားသို့ သွားထိုင်လိုက်သည်။
“ဟင်.... ရှင်”
ရုတ်တရက် ဟန်စိုင်း၏ ဖက်ခြင်းကိုခံလိုက်ရတာကြောင့် ခခတစ်ယောက် လန့်သွားရသည်။
“ငိုချင်ရင် ကိုယ့်ရင်ခွင်ထဲမှာ အားရပါးရငိုပစ်လိုက်..... တစ်ယောက်ထဲ ကြိတ်ငိုနေရတာထက်စာရင် ကိုယ့်ရင်ခွင်ထဲမှာ ငိုရတာက နွေးထွေးမှု အနည်းငယ်ကိုတော့ ရပါတယ်”
ဒီလိုနဲ့ ခခလည်း ဟန်စိုင်းရင်ခွင်ထဲ၌ အားရပါးရငိုကြွေးနေလိုက်တော့သည်။
ဟန်စိုင်း ခခကိုယ်လေးအား အလိုက်သင့်ဖက်ထားလိုက်သည်။
ခဏကြာတော့ သူမအငိုတိတ်သွားတော့သည်။
“ငိုလို့ဝပြီလား”
“အင်း.....”
“ရော့ ဒါဆို စောင်လေးခြုံထား အပြင်မှာ လေစိမ်းတွေ တိုက်နေတယ် နေက အခုမှကောင်းခါစကို ပြန်ဖျားသွားအုံးမယ်”
“ဟုတ်”
ခခ ဟန်စိုင်းလက်ထဲမှ စောင်လေးအား ယူကာ ခြုံလိုက်ဖို့ အလုပ် ဟန်စိုင်း၏အပြုအမူကြောင့် ခခလန့်သွားရသည်။
ဟန်စိုင်း သူမခြုံတော့မည့် စောင်စလေးအား တစ်ဖက်မှကိုင်လိုက်ပြီး သူမနဲ့အတူတူ ခြုံလိုက်သည်။
“ဘာလုပ်တာလဲ”
“ဟ.... မင်းက ကိုယ်ယူလာတဲ့ စောင်ကို တစ်ယောက်ထဲ ခြုံချင်တာပေါ့”
“ဟို.....”
“မဟိုနေနဲ့ ကိုယ်လဲ အေးတယ်.... အတူတူခြုံမယ်နော် ရတယ်မလား”
“အင်း”
“အဟွန်း.....”
ဟန်စိုင်း ခခမျက်နှာလေးအား ဘေးမှ စိုက်ကြည့်နေလိုက်သည်။
“ဘာလို့ လူကိုဒီလောက် စိုက်ကြည့်နေတာလဲ”
“ချစ်စရာကောင်းလို့..... ဒါနဲ့ ကလေးမ အသက်က”
“၁၈”
“အော်..... ကိုယ့်ထက် အများကြီးငယ်တာဘဲ”
“ရှင့်အသက်က ဘယ်လောက်မို့လို့လဲ”
“၃၁ အခုဆို ၃၂ပြည့်တော့မှာ”
“ဟင်..... ၃၂တောင်ပြည့်တော့မယ် အခုချိန်ထိ ဘယ်မိန်းကလမှ လာမကြိုက်ကြဘူး ထင်တယ်”
“ဘယ်သူပြောတာလဲ ဘယ်မိန်းကလေးမှ ကိုယ့်ကို မကြိုက်ဘူးလို့”
“မိုးမခရှင်းပြောတာ”
“မင်းကကိုယ့်အကြောင်းဘယ်လောက်သိလို့တုန်း”
“သိပါတယ်.... တစ်ကယ်တော့ရှင့်ကိုက ကြိုက်မယ့်သူတွေ အများကြီးဘဲလေ ဟုတ်တယ်မလား ဒါကြောင့် ရွှေးရခက်နေတာ”
“မခက်ပါဘူး..... ဘယ်သူ့ကိုမှ မရွှေးချင်လို့”
“အမယ်လေး..... လေကြီးမိုးကျယ်”
“အမှန်တိုင်းပြောတာ”
“ဟုတ်ပါပြီ.... ဒါဆို ခခသွားတော့မယ်”
ပြောရင်းဖြင့် ထလိုက်သည့် ခခအား ဟန်စိုင်း သူမလက်သို့ကိုင်ကာ ဆွဲချလိုက်သည်။
“အမေ့!....”
ခခမျက်လုံးဖွင့်ကြည့်လိုက်တော့ ဟန်စိုင်းရဲ့ ရင်ခွင်ထဲသို့ ရောက်နေသည်။
“ဟင်....”
“အဟွန်းးးး”
“ဆောရီး....”
“ဆောရီးဆို လွှတ်တော့လေ”
ဆောရီးပြောပြီး မလွှတ်သေးတဲ့ ဟန်စိုင်းအား ခခမျက်စောင်းလေးထိုးလိုက်သည်။
“ဟုတ်သားဘဲ.... ဖက်ကောင်းတာနဲ့ ဖက်ထားမိတာ”
ဟန်စိုင်းအပြောအား ခခ အမြင်ကတ်ကတ်ဖြင့် မျက်စောင် နောက်တစ်ချက်ပြန်ထိုးလိုက်သည်။
“သွားပြီ အိပ်တော့မယ်”
“ဟုတ်"
ပြုံးဖြီးဖြီးနှင့် ပြောလာတဲ့ ဟန်စိုင်းအား ခခကြောင်လျက်သားနှင့် ကြည့်လိုက်ပြီး ထွက်လာခဲ့လိုက်သည်။
“ဘယ်လိုလူပါလိမ့် စိတ်ကလဲ အမျိုးမျိုးဘဲ”
######
“အဟွန်း..... ဒေါသကလဲ ကြီးလိုက်တာ”
ခခအထဲဝင်သွားသည်အထိ ဟန်စိုင်းလိုက်ကြည့်ဆနမိသည်။
စာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်။
ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏