“အချစ်သည်ကလေးကြောင့်ဖြစ်သည်”
(intro)
မိခင်ဖြစ်သူ ဆုံးပါးပြီးနောက် အဖိုးရှိရာသို့ သွားကာ ဆင်းဆင်းရဲရဲပင်ပင်ပန်းပန်းဖြင့် နေခဲ့ရတဲ့ စာမတက်ပေမတက် ကောင်မလေး မိုးမခရှင်း။ လောကဓံရဲ့အဆိုးတွေကို ကြံ့ကြံ့ခံရင်ဆိုင် လာခဲ့တဲ့ သူမလေးက ၁၇နှစ်အရွယ်မှာ သူမထက် ၁၃နှစ်ကြီးတဲ့ လူကြီးတစ်ယောက်အိမ်သို့ လိုက်နေရန် အကြောင်းဖန်လာတဲ့အခါ။
“ခခ ဦးဟန်နားမှာ နေနေရတာ အရမ်းပင်ပန်းနေပြီ ခခကို လွှတ်ပေးလိုက်ပါတော့နော် ဦး...”
မိုးမခရှင်း(ခခ)
ငယ်စဉ်ကတည်းက လက်ညိုးထိုးရာရ ပြည့်ပြည့်စုံစုံဖြင့် ဖခင်ရဲ့အချစ်အားလုံးကို တစ်ယောက်တည်း အပိုင်ဆိုးထားသည့် စိုင်းဦးဟန်။
တစ်နေ့ ဖခင်ဖြစ်သူ ဆုံးပါးသွားကြောင်း သိရတဲ့အခါမှာတော့ အဖေချစ်စိုင်းဦးဟန်တစ်ယောက် ဘယ်လိုပြောင်းလဲသွားမလဲ။
“အချစ်ဆိုတဲ့အရာကို မိုးမခရှင်းဆိုတဲ့ ရှင်းစီမှာမှ ဖြစ်တည်လာခဲ့တာပါ ခလေးရာ ဒါကြောင့် ဦးကို မထားသွားပါနဲ့......”
စိုင်းဦးဟန်(ဟန်စိုင်း)
မိဘတွေစီကသာ အချစ်ဆိုသည့်အရာကို ရရှိခဲ့သည့်အတွက် မိဘကလွှဲလို့ ချစ်ရမဲ့သူ ဘယ်သူမှ မရှိဘူးဟု မှတ်ယူထားတဲ့ စိုင်းဟန်တစ်ယောက် ဂျစ်ကန်ကန် ခပ်ဆိုးဆိုးလေး မိုးမခရှင်းကို ဘယ်လိုချစ်မိသွားမလဲ။
ငြိမ့်ငြိမ့်လေးနဲ့ အေးအေးဆေးဆေးဖတ်ရမဲ့ဟာပါ။
လောင်စရာအခန်းသိပ်မပါပါဘူး။
စာဖတ်သူတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြတင်ပါတယ် ။
ဝါသနာအရရေးတာမို့ အမှားပါရင်ခွင့်လွှတ်ပါ။