“အချစ်သည်ခလေးကြောင့်ဖြစ်သည်”
“တီ တီ.....”
“ဘယ်သူပါလိမ့်”
ဟန်စိုင်း ကားဟွန်းတီးသံကြောင့် တံခါးဝသို့ သွားလိုက်ရပ်နေလိုက်သည်။
“မင်းသန့်ကားလဲမဟုတ်ဘူး ဘယ်သူ့ကားပါလိမ့်”
ဟန်စိုင်း ကားထဲက လူကို အသေအချာ စူးစိုက်ကြည့်နေမိသည်။ ခဏကြာတော့ ထိုကားလေးဟာ ဟန်စိုင်းနားသို့ ရပ်လိုက်ပြီး ကားပေါ်မှ ရှင်းခ ဆင်းလာခဲ့သည်။
“ဟင်...... မိုးရန်ရှင်းခ”
“ဘယ်မှာလဲ ငါ့ညီမ”
“မင်းကို မေးစရာရှိတယ်”
“ငါ့မှာ မင်းမေးမဲ့ဟာကို ဖြေဖို့ အချိန်မရှိဘူး ဒါကြောင့် ငါ့ကို ညီမလေးဆီ ခေါ်သွားပေး”
“ဒါကငါ့အိမ်နော် မင့်အိမ်မဟုတ်ဘူး”
“သိတယ်လေ အဲ့ဒါကြောင့်ဘဲ ငါ့ညီမကို ပြန်လာခေါ်တာ..... ငါ့ညီမ အထဲမှာ ရှိတယ်မလား ဖယ်...... ”
ရှင်းခ ဟန်စိုင်းကိုယ်အား ဘေးသို့ တွန်းလိုက်ပြီး အထဲဝင်မည့်အလုပ် အခန်းထဲမှ ထွက်လာခဲ့တဲ့ သူ့ရဲ့ညီမလေးအား တွေ့လိုက်ရသည်။
“ဟင်..... ညီမလေး မိုးမခရှင်း”
အသံလာရာ တံခါးပေါက်ဆီသို့ ကြည့်လိုက်တော့ အရပ်ရှည်ရှည် ရုပ်ဖြောင့်ဖြောင့်နဲ့ လူတစ်ယောက်။
သူမနာမည်အား ခေါ်လိုက်သဖြင့် ခခ ထိုလူအား ကြောင်လျက်သားလေး မတ်တပ်ရပ်ပြီး ကြည့်နေမိသည်။
“ညီမလေး.....”
ရှင်းခ ခခနားလေးသို့ အပြေးလေးသွားလိုက်ပြီး သူမကိုယ်လေးအား တင်းနေအောင်ဖက်ထားလိုက်သည်။
“ကျစ်.... ဇာတ်လမ်းကတော့ စပြီ”
“ဒီက ဘယ်သူလဲဟင် ဘာလို့ ခခကိုလာဖက်ထားတာလဲ ခခအသက်ရှူရကျပ်နေပြီ”
ထိုအခါမှ ရှင်းခ တင်းနေအောင်ဖက်ထားရာမှ အနည်းငယ်လျော့ကာ ပြန်ဖက်ထားလိုက်ပြန်ပြီ။
“ညီမလေးရဲ့ အစ်ကိုလေ မိုးရန်ရှင်းခ မမှတ်မိတော့ဘူလား”
“ဟင်....”
ခခ ရှင်းခရဲ့ လက်တွေကို ဖယ်ချလိုက်ပြီး သူ့အား အကြည့်စူးစူးတို့ဖြင့် ကြည့်နေလိုက်သည်။
“တော်တော် ကောင်းစားနေတာပေါ့”
“မဟုတ်ပါဘူး”
“ဘာကို မဟုတ်တာလဲ အစ်ကိုနဲ့ အဖေနဲ့ ထွက်သွားကတည်းက ခခတို့ ဘယ်လောက် ဒုက္ခရောက်ခဲ့ရလဲ သိလား..... အမေ့မှာက နှလုံးရောဂါနဲ့ဆိုတော့ ဘာမှမလုပ်နိုင်ဘူး...... တော်ပါသေးတယ် အဘိုးရှိသေးလို့တာပေါ့ အဘိုးနဲ့ခခနဲ့ဘဲ မြို့တက် ဈေးရောင်းပြီး အမေ့ရောဂါအတွက် ပိုက်ဆံရှာခဲ့ရတာခခတောင် ကျောင်းမတက်ဖြစ်လိုက်ဘူး......”
“အမေက ဘယ်တုန်းက နှလုံးရောဂါရှိတာလဲ”
“အဲ့ဒါတွေ အစ်ကိုသိစရာ မလိုပါဘူး..... ဒါပေမယ့် တစ်ခုတော့ သိဖို့ရှိတယ်..... အမေသေခဲ့တာ အစ်ကို အဖေကြောင့်ဘဲ”
“ဟမ်....”
ရှင်းခ နားမလည်သော အကြည့်များနှင့် ခခအား ကြည့်လိုက်သည်။
“အဟွန်း.... အစ်ကိုကတော့ ဘယ်သိပါ့မလဲ..... တစ်ရက်ပေါ့ အိမ်မှာ အဘိုးကလဲ အကြီးအကျယ်ဖျား အမေနှလုံးရောဂါကလဲ နှလုံးအစားမထိုးရင် အသက်ဆုံးရှုံးမယ်တဲ့.... အဲ့အချိန်တုန်းက အမေက ခခကို အဖေရှိတဲ့နေရာကို ခေါ်သွားပြီး အဲ့မှာနေဖို့ သွားပြောပေးမယ်တဲ့ အမေတို့ဆီမှာ နေရင် သမီးအရွယ်နဲ့မလိုက်အောင် ပင်ပန်းဆင်းရဲနေမယ်တဲ့..... အဲ့ဒါနဲ့ဘဲ သွားခဲ့ပါတယ် အဖေတို့ဆီ ဒါပေမယ့်.... ဟိုရောက်တော့ အစ်ကိုနဲ့အဖေက ဟိုမိန်းမနဲ့။ စကားတွေပြောပြီးပျော်နေတာမြန်း မသိရင် လင်းမယားနှစ်ယောက်နဲ့ သူတို့ကလေးနဲ့ ကျီဆယ်ပြီး စကားတွေပြောနေတဲ့အတိုင်းဘဲ...... အဲ့နေ့ကမြင်ကွင်းကို မြင်ပြီး အမေလဲ အဲ့နေ့ညမှာပင် နှလုံးအမောဖောက်ပြီး ဆုံးသွားတာ..... အဟင့်.....”
ခခ မအောင့်ထားနိုင်တော့တဲ့ အဆုံးငိုချလိုက်မိတော့သည်။
“မငိုပါနဲ့ ညီမလေးရယ်....”
ပြောရင်းဖြင့် သူမလက်လေးအား ကိုင်ဖို့ ပြင်လိုက်စဉ် ခခ ရှင်းခလက်တွေအား ပုတ်ချပစ်လိုက်သည်။
“ဖယ် ခခရဲ့ အသားကို လာမထိနဲ့..... အစ်ကို အဲ့အိမ်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ စာသင်နေရတဲ့ အချိန် ခခဘာလုပ်နေရလဲသိလား..... လမ်းဘေးက ခခနဲ့ ရွယ်တူကလေးတွေနဲ့ တစ်နေ့စာ စားရဖို့အရေး လိုက်တောင်းစားခဲ့ရတာ”
“အဖိုးကကော အဖိုးက ခခကိုတောင်းခိုင်းတာလား”
“အဖိုးနဲ့ အမေဆုံးတာ တစ်လဘဲ ခြာတာ..... အဖိုးမရှိတော့ ရွာကအပေါင်အိမ်လဲ ရှုံးပြီး ၈နှစ်သားအရွယ် မိန်းကလေးတစ်ယောက်က နေပြည်တော်မှာ အရှက်မဲ့ပြီး လိုက်တောင်းစားခဲ့ရတာ..... ခခလဲ သူများတွေလို ကျောင်းတက်ချင်တာပေါ့ ဟင့်..... တော်ပြီ ခခဆက်ပြောနေရင် ကိုယ့်ဘဝကြီးကို စိတ်နာလို့ သက်သေချင်စိတ်တောင် ပေါက်တယ်..... အခုလဲ ဘယ်ကမှန်းမသိတဲ့ လူရဲ့အမုန်းတွေကို ထပ်ခံရပြန်ပြီ ဝဋ်ကြွေးတွေ ဘယ်တော့မှ ဆပ်ကုန်မလဲမသိဘူး”
“အဲ့ဒါတွေက အစ်ကို မကောင်းခဲ့တာပါ..... ညီမလေးကို စောစောစီးစီး လာမရှာခဲ့တာ..... အခု အစ်ပို လာရှာပြီ ညီမလေး အစ်ကို့နောက် ပြန်လိုက်ခဲ့ပါလား ညီမလေး အခု အစ်ကို ဂရုစိုက်ပေးချင်တယ်..... ညီမလေး မစိုးရိမ်ပါနဲ့ အိမ်မှာ အဖေဘဲ ရှိတော့တာ မိထွေးဆိုတဲ့လူလဲ ဆုံးသွားပြီ”
သူမ ဘာမှဆက်မပြောဘဲ ဒီတိုင်းသာ ရပ်နေမိလိုက်သည်။
“မဖြစ်ဘူး.... သူ့ကို မင်းဘယ်မှ ခေါ်သွားလို့မရဘူး”
ရုတ်တရက်ဆိုသလို ဝင်ပြောလာတဲ့ ဟန်စိုင်းကြောင့် ရှင်းခအံဩသွားရသည်။
“ဘာလို့လဲ..... အခုမင်းလဲ အကြောင်းစုံကို သိသွားပြီဘဲ ဘာလို့ ထပ်ပြီးနှိပ်ဆက်ချင်နေသေးတာလဲ”
“မရဘူး..... သူမကို ဘယ်မှ ခေါ်သွားလို့မရဘူး”
ဘယ်လောက်မှတွေ့ရသေးပေမယ့် ဟန်စိုင်း သူမအပေါ် သံယောဇဉ်တွယ်မိနေပြီးမှန်း သူသိသည်။ ဒါကြောင့်လဲ သူမလေးအား သူ့မျက်စိအရှေ့ကပင် အပျောက်မခံနိုင်တာကို အခုလိုသာ သူ့အစ်ကိုနဲ့ ပြန်လိုက်သွားရင် သူဘယ်လိုမှ နေနိုင်မည်မဟုတ်ပေ။
“ဘာလို့လဲ.... ဘာလို့လဲ ဖြေလေ”
“ဘာလို့မှ မဟုတ်ဘူး.....”
“ဘာလို့မှ မဟုတ်ရင် ငါခေါ်သွားမယ်..... လာခဲ့ ညီမလေး”
“မလိုက်ဘူး..... ခခ အစ်ကို့နောက် ပြန်မလိုက်နိုင်ဘူး”
“ဖြစ်ခဲ့တာတွေအတွက် အစ်ကို အကုန် တောင်းပန်ပါတယ်..... ပြန်လိုက်ခဲ့ပါနော်”
“မလိုက်ဘူး..... ဒီမှာနေရတာလဲ ခခအတွက် အဆင်ပြေပါတယ်”
သူမရဲ့ စကားကြောင့် ဟန်စိုင်း အနည်းငယ် ပြုံးသွားသည်။
“ချက်ချင်းကြီး လာခေါ်မှတော့ ညီမလေးအတွက် တစ်မျိုးဖြစ်နေမှာဘဲလေ ရပါတယ် ညီမလေး အချိန်ယူပြီး စဉ်းစားပါ..... ညီမလေးစိတ်အဆင်ပြေမယ့်နေ့မှ အစ်ကို့ကို ဖုန်းဆက်လိုက် အစ်ကိုလာခေါ်မယ်နော်..... ဒါကအစ်ကို့ရဲ့ ဖုန်းနံပါတ်”
သူမ ခေါင်းတစ်ချက်သာ ငြိမ့်ပြလိုက်ပြပြီး ရှင်းခပေးတဲ့ စာရွက်လေးအား ယူထားလိုက်သည်။
“ဒါဆို အစ်ကို ပြန်တော့မယ် ...... ငါတောင်းဆိုပါတယ် မင်းငါ့ညီမကို နာကျင်အောင် ထပ်မလုပ်ပါနဲ့တော့ ရှင်းစရာကိစ္စရှိရင် ငါ့ဆီလာခဲ့ ငါနဲ့လာရှင်းပါ”
ဟန်စိုင်း ဘာမှ ပြန်မပြောဘဲ ဒီတိုင်းသာ မတ်တပ်ရပ်နေလိုက်သည်။
ရှင်းခလဲ ညီမဖြစ်သူအား တစ်ချက်ကြည့်လိုက်ပြီး ထွက်လာခဲ့လိုက်တော့သည်။
“ဟို..... ရှင့်ကို ခခပေးစရာရှိတယ် ဒီမှာ ခဏရပ်စောင့်နေလို့ရမလား”
“ရတာပေါ့.....”
ခခ အခန်းထဲသို့ ဝင်သွားလိုက်ပြီး ဗီရိုထဲမှ အင်္ကျီအပေါ်ဖုံးအကွက်လေးကို ယူလိုက်ပြီး ထွက်လာခဲ့လိုက်သည်။
“ရော့....”
ခခ ဟန်စိုင်းလက်ထဲသို့ အင်္ကျီ အဖြူကွက်လေးကို ပေးလိုက်သည်။
“ဒီအင်္ကျီက”
“မမှတ်မိတော့ဘူလား.... အရှင်းဆိုတဲ့ ကလေးမလေ”
“ဟင်..... အဲ့ဒါ မင်းလား”
“အင်း....”
“ကိုယ်တောင်းပန်ပါတယ် အပြစ်မရှိတဲ့ မင်းအပေါ်ကို အမှားတွေ အများကြီး ကျူးလွန်မိခဲ့ပြီ”
“ရပါတယ် မလိုပါဘူး....အဲ့တုန်းကသာ ရှင်မကူညီခဲ့ရင် ခခဘဝက မတွေးရဲစရာဘဲ.... ကျေးဇူးအများကြီးတင်ပါဆယ် ဦးစိုင်းဦးဟန်
“အဟွန်း.... နာမည်ကြီးက ထောက်နေတယ် ဦးဟန်ဆို ဦးဟန်လို့ဘဲ ခေါ်ပါ”
“အင်း..... ဟို.... ဒါဆို ခခ ဒီအိမ်ကနေ အခုထွက်သွားလို့ရပြီလား”
“ဘာလို့ ထွက်သွားမှာလဲ”
“ခခကို အရင်က အနိုင်ကျင့် အပြစ်ပေးဖို့ ခေါ်လာတာမလား အခု ရှင်လဲ ကိုယ့်အမှားကို သိသွားပြီဘဲ အဲ့တော့ ခခလဲ ရှင့်အိမ်မှာ နေစရာမလိုတော့ဘူလေ ကြီးကြီးနန်းဆီ ပြန်တော့မယ်”
“ဒေါ်မြိုင်ကကော”
“အန်တီမြိုင်ကိုက ပြောလို့ရတယ်”
“ဘာလို့ပြန်ချင်တာလဲ”
“ဘာလို့မှ မဟုတ်ပါဘူး.... ရှင့်အတွက် အနှောင့်အယှက်ဖြစ်နေမှာဆိုးလို့”
“မဖြစ်ပါဘူး..... ဆက်နေပါ ဒီတစ်ခါ အရင်ကလို အနိုင်မကျင့်တော့ပါဘူး”
“ဒါဆို ခခ အခန်းထဲဝင်တော့မယ်”
“အင်း....”
သူမလေး အခန်းထဲဝင်သွားသည် အထိ ဟန်စိုင်းလိုက်ကြည့်နေမိသည်။
“ကလင် ကလင်.....”
“ဟယ်လို”
“ဟယ်လို ဒေါ်နန်းခင်ခင်တို့ အိမ်ကလား”
“ဟုတ်ပါတယ် အခုပြောနေတာက”
“ဒေါ်သဇင်ဖြူလေ မမှတ်မိတော့ဘူလား”
“ဟင်.... သဇင်ဖြူ....”
“ဟုတ်ပ သဇင်ဖြူပါ”
“အမယ်လေး ဖုန်းဆက်ဖော်တော့ ရသေးလို့ တော်ပါသေးတယ်”
“မအားလို့ပါ ခင်ရယ်”
“သိပါတယ်.... ဒါနဲ့ အခုကော ဘယ်တွေရောက်နေလဲ”
“နေပြည်တော် ပြန်ရောက်နေပြီ သမီးလေးပါ ပါတယ်”
“အဖြူ့ သမီးလဲ မတွေ့ရတာတောင် ကြာလှပြီ အခုချိန်ဆို ဘယ်လိုများ ဖြစ်နေပါမလိမ့်”
“ခင့်ချွေးမလေးက ငယ်ငယ်ကထက် ပိုချောပိုလှ လှတာပါနော်”
“မြင်ဖူးချင်လိုက်တာ....”
“မနက်ဖြန် ခင့်ဆီ လာခဲ့မလို့..... အဆင်ပြေတယ်မလား"
“ပြေပ လာခဲ့ သားရေးသမီးရေးအကြောင်းလဲ ဆွေးနွေးကြတာပေါ့ မဟုတ်လား”
“ဒါပေါ့ ဒါပေါ့”
“ဒါပေမယ့် သားကတော့ အိမ်မှာ မရှိဘူး”
“ဘယ်ရောက်နေလို့လဲ”
“ကလောဘက် သွားတယ်”
“ဟူးးး တွေ့ပေးပါမယ်ဆိုမှ”
“တစ်ရက်ရက်တော့ သားကို အိမ်ပြန်လာခိုင်းလိုက်မယ် အဲ့ချိန်မှ သူတို့နှစ်ယောက်ကို တွေ့ပေးကြတာပေါ့..... မနက်ဖြန်ကတော့ ခင့်ချွေးမလေးကို ခင်ဘဲ အဝတွေ့လိုက်တော့မယ်”
“ဟုတ်ပါပြီ..... ဒါဆို အဖြူ ဖုန်းချပြီ မနက်ဖြန်မှ အေးအေးဆေးဆေး တွေ့ကြတာပေါ့”
“အေအေ.... ဒါဆိုချပြီ”
တစ်ဖက်မှ ဖုန်းချသွားသည်နှင့် ဒေါ်နန်းခင်ခင်လဲ ချလိုက်တော့သည်။
“အဟွန်း..... သားကတော့ လူပျိုကြီးဘဝက ကျွတ်တော့မယ် ထင်ပါရဲ့..... သမီး သဇင်ဖူးပွင့်ကို သား မှတ်ကောမှတ်မိပါ့မလား..... ငယ်ငယ်တုန်းကဘဲ တွေ့ဖူးကြတာဆိုတော့ မှတ်မိချင်မှ မှတ်မိတော့မှာ”
ဒေါ်နန်းခင်ခင် သားဖြစ်သူနှင့် တစ်ခါက အိမ်နီးချင်း ငယ်သူငယ်ချင်းဖြစ်တဲ့ ဒေါ်သဇင်ဖြူရဲ့ သမီးနဲ့ စေ့စပ်ပေးဖို့ကို အစကတည်းက ပြင်ဆင်ထားသည်။
စာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်။
ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏