book

Index 7

Part 7

“အချစ်သည်ခလေးကြောင့်ဖြစ်သည်”


“ကလင် ကလင် ကလင်.....”


“ကျစ်....”


အဆက်မပြက် မြည်နေတဲ့ ဖုန်းသံကြောင့် ဟန်စိုင်း ကျစ်တစ်ချက် သပ်လိုက်ပြီး ဖုန်းအား ကိုင်လိုက်သည်။


“ဟယ်လို ဘယ်သူလဲ”


“မင်း မိုးမခရှင်းကို ဘာမှ မလုပ်နဲ့နော် ဒီကိစ္စက ငါနဲ့ဘဲ ဆိုင်တယ် သူနဲ့ မဆိုင်ဘူး ဒါကြောင့် မဆိုင်တဲ့လူကို ငါတို့ရဲ့ အရှုပ်တွေထဲကို ဆွဲမသွင်းပါနဲ့”


စိုးရိမ်မှု အပြည့်ဖြင့် ပြောလာတဲ့ ထိုလေသံကြောင့် ဟန်စိုင်း မဲ့ပြုံးလေးတစ်ချက် ‌ပြုံးလိုက်သည်။


“ဆိုင်ဆိုင် မဆိုင်ဆိုင် ငါ့ဟာငါ ဆွဲသွင်းတာဘဲ မင့်အပူမပါဘူး”


“အဲ့ဒါ ငါ့ညီမ”


“ဒါဆို မင်းသတ်လိုက်တဲ့သူလဲ ငါ့အဖေဘဲ”


“ဒါဆို မင်းမကျေနပ်ရင် ငါ့ကို လာသတ်လိုက် ငါ့ညီမကို ဘာမှ မလုပ်နဲ့ သူက ငယ်ငယ်ကတည်းက ငါ့လို နေခဲ့ရတာမဟုတ်ဘူး ပင်ပန်းဆင်းရဲခဲ့ရတာ”


“အဲ့ဒါတွေ ငါမသိဘူး”


“မလုပ်ပါနဲ့ ငါအနူးညွှတ်တောင်းပန်ပါတယ် ငါ့မှာ ညီမလေးတစ်ယောက်ဘဲ ရှိခဲ့တာ မင်းမှာက မင့်အမေရှိသေးတယ် ငါက အဖေအမေကော မရှိတော့ဘူ..... နောက်ပြီး....”


“တွီတွီ.....”


တစ်ဖက်မှ ဖုန်းချလိုက်သဖြင့် မိုးရန်ရှင်းခ စိတ်ပျက်သွားသည်။


“ကျစ်.....”


၅နှစ်သားအရွယ်ကတည်းက မိဘတွေကြောင့် ဝေးခဲ့ရတဲ့ သူ့ညီမလေးကို ရှင်းခ အခုချိန် အနီးကပ်မှာထားပြီး စောင့်ရှောက်ပေးချင်သည်။


ရှင်းခ သူ့ညီမလေးပုံအား ထုတ်ကြည့်လိုက်ပြီး မျက်ရည်များက အတားအဆီးမဲ့ ကျလာတော့သည်။


“ကိုကို ကိုကို”


နားထဲတွင် မပီသပီလေးခေါ်နေတဲ့ သူ့ညီမလေးအသံအား အကြိမ်ကြိမ်ကြားနေရသည်။


အတိတ်သို့......


“ခလွမ်း......”


အားပြင်းပြင်းဖြင့် ပေါက်ခွဲခံလိုက်တဲ့ ပန်းအိုးလေးမှာ မြေပြင်ပေါ်သို့ တစ်ပိုင်းတစ်စဆီ ကွဲကျသွားသည်။

မိန်းမအားနှင့် ခွဲလိုက်တာကြောင့် ထိုပန်းအိုးမှာ အကုန်မကွဲသွားဘဲ တစ်ပိုင်းတစနှင့်ဖြစ်နေသည်။


“ရှင်က အဲ့မိန်းမနောက် လိုက်မှာဆိုရင် ဒီကလေးနှစ်ယောက်ကို ကျွန်မက ဘယ်လိုလုပ်ရမှာလဲ”


မျက်ရည်များကျကာ ပြောလာတဲ့ ထိုမိန်းမမှာဖြင့် နာကျည်းမှု မကျေနပ်မှု‌ပေါင်းစုံဖြင့် ယောင်္ကျားဖြစ်သူအား ပြောလိုက်သည်။


“ဟို..... ကျွန်မတို့ ယောင်္ကျားလေးကိုတော့ မွေးစားပေးပါ့မယ် မိန်းကလေးကိုတော့ အစ်မဆီထားခဲ့ပေးမယ်လေ”


ယောင်္ကျားဖြစ်သူရဲ့ ဘေးနားမှ ထိုင်နေရာမှ ထလာကာ ပြောလိုက်တဲ့ ထိုမိန်းမအား ဒေါ်မေရှင်းခ အကြည့်စူးစူးတို့နှင့် ကြည့်လိုက်သည်။


“သားကို မင်းမွေးထားတာမို့လို့လား”


“ဟို...... မမွေးထားပေမယ့် အစ်မတစ်ယောက်တည်း ကလေးနှစ်ယောက်လုံးကို စောင့်ရှောက်ရမှာဆိုတော့ ဘယ်ဖြစ်မလဲ ကျွန်မတို့ တစ်ယောက်ကို ခေါ်ပြီးစောင့်ရှောက်ထားလိုက်ပါ့မယ်”


“ဖျန်း....”


ဒေါ်မေရှင်းခ ဒေါသထွက်ထွက်နှင့် ထိုမိန်းမအား ပါးသို့ရိုက်ချပစ်လိုက်သည်။


“မင်း.....”

“ဖျန်း.....”


မယားငယ်ကို ထိတော့ မခံနိုင်တော့တဲ့ ဦးမိုးရန်နိုင်တစ်ယောက် မိန်းမဖြစ်သူ ဒေါ်မေရှင်းခရဲ့ ပါးသို့ ပြန်ရိုက်ပေးလိုက်သည်။


“အော်..... အခုတော့ ရှင်က မယားငယ်အတွက်နဲ့ ချစ်လို့ယူထားတာ တစ်သက်လုံးစောင့်ရှောက်ပေးမယ်ဆိုတဲ့သူကို ပါးရိုက်လိုက်ပြီပေါ့”


ဒေါ်မေရှင်းခ ကြမ်းပြင်ပေါ်မှ မျက်ရည်များကျကာ ပြောနေလေသည်။


“သွား..... ငါ့အိမ်ထဲက အကုန်လုံးထွက်သွား ရှင်.... ရှင့်ကိုကျွန်မ ဘယ်တော့မှ မကျေနပ်ဘူး..... နောက်ပြီး မင်းကော.....”


ယောင်္ကျားဖြစ်သူရဲ့ ဘေးနားမှ မားမားကြီးရပ်နေတဲ့ ထိုမိန်းမဆီသို့ ဒေါ်မေရှင်းခ လျှောက်လာလိုက်သည်။


“မင်းကိုလဲ ငါဘယ်တော့မှ မကျေနပ်ဘူး..... ငါ့မိသားစုကို ခွဲတဲ့မင်း နေ့တိုင်းစိတ်ဆင်းရဲမှုတွေနဲ့ ခံစားရပါစေ နောက်ပြီး..... အသေဆိုးနဲ့သေပါစေ”


“ဖျန်း.....”


“နောက်တစ်ခါ ထပ်ပြောကြည့် ငါကိုယ်တိုင် မင်းကို သတ်ပစ်မှာ”


ယောင်္ကျားဖြစ်သူဆီမှ တစ်ခြားမိန်းမအတွက် ကိုယ့်ပါးကို နှစ်ခါတိတိ ရိုက်လိုက်သဖြင့် ဒေါ်မေရှင်းခ လန့်သွားရပြီ မျက်ရည်များက နဂိုထက် ပိုမို ကျဆင်းလာတော့သည်။


“သွားရအောင် ဟေ”


“ဟုတ်.... ဟို.... သားလေးကိုကော”


“အော်..... ဟုတ်သားဘဲ”


“သား.... သားရှင်းခရေ အဖေ့ဆီ လာပါအုံး”


အခန်းထဲ၌ ညီမဖြစ်သူအား ဖက်ထားကာ ထိုင်နေရာမှ အသံကြောင့် ရှင်းခ ထွက်လာခဲ့လိုက်သည်။


“လာ.... အဖေတို့သွားရအောင်”


“မရဘူး..... ဒါကျွန်မ ‌မွေးထားတဲ့ ကျွန်မကလေး..... အမေတစ်ယောက်လုံးရှိနေလျက်နဲ့ မိထွေးဖြစ်သူနဲ့တော့ သားကိုဘယ်လိုမှ မနေခိုင်းဘူး”


ပြောရင်းဖြင့် ဒေါ်မေရှင်းခ သူ့သားလက်အား ဆွဲထားလိုက်သည်။


“ကျစ်...... မင်းလက်ကို လွှတ်လိုက်”


“မလွှတ်ဘူး”


“မင်းမှာ သမီးရှိနေပြီဘဲ ဘာလို့ သားကို ခေါ်ထားချင်သေးတာလဲ နောက်ပြီး သားကို ငါတို့လက်ထဲ ထည့်လိုက်ရင် သူ့ဘဝကြီးက မင်းဆီမှာ နေရတာထက် အများကြီးသာသွားမှာ လာ သား သွားရအောင်”


“ဟင့်အင်း.... မသွားဘူး”


“သား.... အဖေစကားကို နှစ်ခါမပြောချင်ဘူး”


‌ဦးမိုးရန်နိုင် သားဖြစ်သူလက်အား အတင်းဆွဲကာ ခေါ်သွားတော့သည်။


“ကိုကို ကိုကို..... ညီမလေးကို စောင့်ပါအုံး.... ကိုကို့”


အခန်းထဲမှ ချောင်းကြည့်နေတဲ့ မိုးမခရှင်းတစ်ယောက် သူအရမ်းချစ်ရတဲ့ အစ်ကိုဖြစ်သူအား ဆွဲခေါ်သွားသဖြင့် အခန်းထဲမှ ထွက်ကာ အပြေးလေးလိုက်သွားလိုက်သည်။


“ညီမလေး.....”


အနောက်ပါးဆဆီမှ ခေါ်သံကြောင့် ကားပေါ်တက်ဖို့ ပြင်နေတဲ့ ရှင်းခ အတင်းရုန်းကာ သူ့ညီမလေးဆီ အပြေးလေး ပြေးသွားလိုက်သည်။


“ညီမလေး.....”


“ကိုကို့ အဟင့်...... ”


“မငိုနဲ့ မငိုနဲ့....”


“သား..... မင်းကွာ”


‌ဦးမိုးရန်နိုင် သားဖြစ်သူနား သွားလိုက်ကာ အတင်းဆွဲခေါ်လိုက်သည်။


“အဖေတောင်းပန်ပါတယ်..... သမီး သမီးရဲ့ အမေကို သေချာဂရုစိုက်ပေးလိုက်”


၅နှစ်သားသမီးလေးအား နားလည်မည်မဟုတ်မှန်းသိသော်လည်း ပြောခဲ့ကာ သားဖြစ်သူကို ပွေ့ချီပြီး ကားပေါ်သို့ ခေါ်သွားတော့သည်။


“ကိုကို့..... အဟင့်..... ပြန်လာပါ ကိုကို့.....”


ကားနောက်အပြေးလေးလိုက်သွားသော်လည်း အရှိန်မြင့်မြင့်ဖြင့် မောင်းထွက်သွားတဲ့ ထိုကားကြောင့် သူမလေး မမှီလိုက်ပါ။


“သမီး....”


“မေမေ.... ကိုကို..... ကိုကို ဘယ်သွားတာလဲ”


“သမီးကိုကို အမေတို့နဲ့ ဟိုးးးး အဝေးကြီးကို သွားလိုက်ပြီ အဟင့်..... အခု အမေတို့မှာ သမီးလေး တစ်ယောက်ဘဲ ရှိတော့တာ”


ဒေါ်မေရှင်းခ သမီးဖြစ်သူအား တင်းနေအောင် ဖက်ထားကာ ငိုကြွေးနေတော့သည်။


“သစ္စာမရှိတဲ့လူ ဒါကြောင့် ‌အစောကတည်းက ပြောခဲ့ပါတယ် မြို့မတက်ပါနဲ့လို့.... အခုတော့.... ကျွန်မဝမ်းနဲ့ လွယ်ထားတဲ့ သားလေးကိုပါ ရှင်တို့က ခေါ်သွားကြပြီ.... အဟင့်.... ရှင်တို့သိပ်ရက်စက်တာဘဲ”


ပြောရင်းဖြင့် မခံစားနိုင်တော့ကာ ဒေါ်မေရှင်းခ မေ့လဲသွားတော့သည်။


“ဟင်.... မေမေ မေမေ အဟင့်.... မေမေ ထပါအုံး”


“ဟင်..... သမီး..... မြေးလေး သမီးမေမေ ဘာဖြစ်တာလဲ”


“သိဘူး..... လဲသွားတာ”


“မဖြစ်ဘူး..... ဆရာဝန်ခေါ်ရမယ်”


##########


“ဟူးးး ကံကောင်းတယ်ဘဲ ပြောရမလား လူနာက အသက်ရှိသေးတယ်”


“ရေးးးး မေမေ ဘာမှမဖြစ်ဘူး.....”


“အဟွန်း......”


###################################


အတိတ်ကအကြောင်းတွေကို တွေးလိုက်ရင်ဖြင့် စိတ်ညစ်စရာတွေဘဲ ရှိတာမို့ ရှင်းခ ဆက်မတွေးတော့ဘဲ ဟန်စိုင်းအိမ်သို့ သွားရန်ပြင်လိုက်သည်။


“ဝူး..... ဝီ.....”


“ကျစ်.... လေတွေက တိုက်ပြန်ပြီ”


လေတိုက်တိုင်း လွှင့်လွှင့်သွားတဲ့ သစ်ရွက်ခြောက်တွေအား ခခ မမောနိုင်မပန်းနိုင် လိုက်ကောက်နေရသည်။


“အိမ်ထဲကို သစ်ရွက်ခြောက်တွေ ဝင်ကုန်ပြီ..... မင်းမမြင်ဘူးလား”


တံခါးဝနားမှ ရပ်ကာ ဒေါသ သံဖြင့် ခပ်ကျယ်ကျယ်ပြောလာတဲ့ ဟန်စိုင်းအား ခခ တစ်ချက်ကြည့်လိုက်သည်။


“တံခါးပေါက်ပိတ်ထားလိုက်လေ”


“ကျစ်..... မင်း”


“ဟွန့်..... ဘယ်လိုလူလဲ မသိဘူး ငါ့ကိုများ လာအော်နေသေးတယ်”


“စကားဒီလောက်များတာ..... သွား ဟိုနားက ရေပန်းနားမှာ သွားရပ်နေ”


“မကြားဘူးလား”


သူမဘာမှ ထပ်မပြောတော့ဘဲ ကားတွေစီကာ ထားထားတဲ့ နားက ရေပန်းလေးဆီ လျှောက်လာခဲ့လိုက်ပြီး နေပူထဲ၌ ရပ်နေလိုက်သည်။


ဒီနေ့မှ နေလုံးကြီးက ပိုပူနေသယောင်။ 

ခခတစ်ကိုယ်လုံးအား ရေချိုးထားသလိုပင် ချွေးများ တစ်ပေါက်ပေါက်ကြနေတော့သည်။


“သွားပါပြီ ငါ့အသားတွေတော့ မဲကုန်ပါပြီ”


ဟန်စိုင်း သူ့လက်ပတ်နာရီလေးအား တစ်ချက်ကြည့်လိုက်သည်။


“၁၅မိနစ်တောင် ရှိနေပြီ”


ခခ နေပူထဲ၌ အတော်ကြာအောင် ရပ်နေနိုင်သည်ကို ဟန်စိုင်း အတော်အံ့ဩမိသည်။


“ဘယ်လို ကလေးမပါလိမ့်.... အခါတိုင်းဆို တတ်ကတ်လန်အောင် ပြန်ပြောတော့မှာ အခုကြတော့ မိနစ်၂၀တောင် ရှိတော့မယ် မဖြစ်ဘူး”


“ဟိတ်.... ဟိုကလေးမ”


“ဘာလဲ....”


“လာအုံး”


ဟန်စိုင်း ခေါ်နေတာကြောင့် ခခလဲ မသွားချင်သွားချင်ဖြင့် သူ့အနားသွားလိုက်ရသည်။


“ဧည့်ခန်းထဲလိုက်ခဲ့”


“ကျစ်.... ဘာတွေ ခိုင်းပြန်အုံးမလဲ မသိဘူး”


ခခ မှုန်ကုပ်ကုပ်ဖြင့်သာ ဟန်စိုင်းနောက်သို့ လိုက်သွားလိုက်သည်။ ဟိုရောက်တော့


“ဒါတွေက”


“ဖိုင်တွဲတွေ ဒီဖိုင်အနီထဲကဟာတွေကို ဒီဖိုင်အပြာထဲကို ကူးထည့်”


“ဟို....”


“မဟိုနဲ့ အမြန်လုပ် ခဏနေရင် သွားပေးရမှာ”


ပြောပြီးသည်နှင့် ထွက်သွားတဲ့ ဟန်စိုင်းကြောင့် ခခတစ်ယောက် ရူးတော့မလိုပင်။


“ဘယ်လိုလုပ်ရမှာပါလိမ့်”


“ကလင် ကလင်....”


ဟန်စိုင်း ခြံထဲဆင်းတုန်း မြည့်လာတဲ့ ဖုန်းသံကြောင့် ချက်ချင်းကိုင်လိုက်သည်။


“ဟယ်လို.....”


“ဟယ်လို bossကျွန်တော် မင်းသန့်ပါ”


“အေ ပြော”


“ခဏနေကြရင် ဦးဝနထွန်းတို့ ကမ္ပဏီက အချက်အလက်တွေ လာယူမယ်တဲ့ အဲ့ဒါ အဲ့ဖိုင်တွေ bossကို ပေးထားတာ ဟုတ်လား မဟုတ်လား သေချာသိချင်လို့ပါ”


“ဟုတ်တယ် ငါ့ကို ပေးထားတာ”


“အဲ့ဒါတွေ ဦးဝနထွန်းတို့ကို ပေးဖို့အတွက် မိတ္တူကူးရအုံးမယ် မဟုတ်လား”


“ရပြီ မလိုတော့ဘူ ဟိုကလေးမကို ရေးခိုင်းထားတယ်”


“အဲ့လောက်အများကြီးကို ပြီးပါ့မလား boss”


“ပြီးပါတယ် ညနေမှ ကမ္ပဏီကို ပို့မှာလေ”


“အင်းပါ..... ကလေးမလေးတော့ လက်လေးတွေ ညောင်းနေတော့မှာဘဲ”


“မင်းသေချင်တာလား....”


“မသေချင်ပါဘူး”


“မသေချင်ရင် မင်းအဲ့ကလေးမနဲ့ ပတ်သက်ပြီး မဟုတ်တာတွေ လာမပြောနဲ့”


“ဘာလို့လဲဟင်”


“ကျစ်.... ဘယ်လိုကောင်လဲ မသိဘူး စကားများလိုက်တာ”


ဟန်စိုင်း စိတ်တိုတိုနှင့် ဖုန်းအားချပစ်လိုက်သည်။


ထို့နောက် သွားစရာရှိသေးသဖြင့် ကားမောင်းကာ ထွက်လာခဲ့လိုက်သည်။


2နာရီကြာသော်.....


“တီ တီ....”


ကားသံကြောင့် ခြံစောင့် ဦးလေး ကားတံခါးအား လာဖွင့်လိုက်သည်။


“အင်း..... ဒီအချိန်လောက်ဆို ဟိုကလေးမလဲ ကူးပြီးလောက်ပါပြီ”


ဟန်စိုင်း ဧည့်ခန်းထဲသို့ ဝင်လာရော စားပွဲပေါ်၌ မှောက်အိပ်‌နေတဲ့ သူမကေကာင့် ဟန်စိုင်း ဒေါသအလွန်ထွက်သွားရသည်။


“တောက်..... ဟိုကလေးမ ထစမ်း”


လက်ကို လှုပ်ကာ နိုးလာတဲ့ ဟန်စိုင်းကြောင့် ခခလဲ လန့်နိုးလာခဲ့သည်။


“မင်းကို ငါဘာပြောထားလဲ”


“ဟို..... ခခ”


“ဘာမှ မခနဲ့ လာ”


ဟန်စိုင်း ခဏနေ သွားပို့ရတော့မည့် ဖိုင်အား မပြီးသေးသဖြင့် ဒေါသအလွန်ထွက်ကာ ခခလက်မောင်းလေးအား ဆွဲလိုက်ပြီး ရေချိုးခန်းဆီ ဆွဲခေါ်လာလိုက်သည်။

ရေချိုးခန်းထဲလဲ ရောက်ရော သူမကိုယ်လေးအား ရေဗန်းအောက်၌ တွန်းပို့လိုက်ပြီး ရေဗန်းကို ဖွင့်ချလိုက်သည်။


“အရမ်းအိပ်ချင်နေတာမလား အခုကော အိပ်ချင်သေးလား”


သူမ လန့်သွားပြီး ဟန်စိုင်းအား တုန်ရီစွာဖြင့် ကြည့်လာခဲ့လိုက်သည်။


“ငါ့ကို မင်းတမင်ရွှဲ့နေတာလား ဟမ်..... ဖြေလေ”


သူ့အသံဟိန်းဟိန်းကြီးကြောင့် ခခ ကိုယ်လေး တုန်သွားရသည်။


“ဖြေလေ ငါ့ကို မင်းတမင်လုပ်နေတာမလား”


“အဟင့်...... ”

“ခခ... ခခမှ စာမရေးတက်တာ”


“ဟင်....”


ရှိုက်သံတစ်ချို့ဖြင့် ပြောလာတဲ့ သူမကြောင့်ဟန်စိုင်းရင်ထဲ သနားစိတ်များ ဝင်လာခဲ့သည်။


“မင်း..... တစ် တစ်ကယ်ပြောနေတာလား”


“အင်း.....”


ဟုတ်ပါ့မလား။


ဟန်စိုင်း အတွေးပေါင်းစုံနှင့် ဘာလုပ်ရမှန်းမသိ ဖြစ်သွားတော့သည်။

သူဘာလုပ်ရမှန်းမသိတော့သဖြင့် သူမကိုယ်လေးအား ပွေ့ချီလိုက်သည်။


“ဟို..... တောင်းပန်ပါတယ် ငါမသိလိုက်လို့”


သူမလေးမှာတော့ ဘာမှမပြောလာဘဲ ခေါင်းကိုသာ အတင်းငုံ့နေလေသည်။


“အဝတ်တွေလဲလိုက်နော် ‌ပြီးရင်နားလိုက်တော့”


ဟန်စိုင်း သူမအား အခန်းထဲ၌ ချပေးထားလိုက်ပြီး ထွက်လာခဲ့လိုက်သည်။


“ဟူးးးး ကလေးမရယ် မင်းကတစ်ကယ်စာမရေးတက်တာလား”


ဟန်စိုင်း သူမအနည်းငယ် ရေးထားတဲ့ ဖိုင်ထဲက စာလေးတွေကို ကြည့်လိုက်သည်။


မရေးတက် ရေးတက်ဖြင့် ရေးထားတဲ့ စာလုံးတွေက လုံးဝဖတ်လို့မရပေ။


“ငါအရမ်းမှားသွားပြီ”


“ခခမှ စာမရေးတက်တာ”


ခဏက သူမပြောခဲ့တဲ့ စကားတွေအား ပြန်ကြားကာ ဟန်စိုင်း မျက်ရည်များ ကျလာရသည်။


“ကျစ်.....”


ဟန်စိုင်း သူမလေးအား ပြန်တောင်းပန်ချင်တာနှင့် သူမအခန်းထဲသို့ အပြေးလေးဝင်လာခဲ့လိုက်သည်။


“ဟင်.....”


ရေစိုနေတဲ့ အဝတ်များနှင့် အခန်းထောင့်လေး၌ ထိုင်ကာ ငိုနေတဲ့ သူမကြောင့် ဟန်စိုင်းရဲ့ သနားစိတ်တွေက ပိုများလာခဲ့သည်။


ဟန်စိုင်း သူမနားလေး သွားလိုက်ပြီး ထိုင်ချလိုက်ကာ သူမကိုယ်လေးအား တင်းနေအောင် ဖတ်ထားလိုက်သည်။


“ကိုယ်တောင်းပန်ပါတယ်..... ကိုယ်မစဉ်းစားမိတာ တောင်းပန်ပါတယ်.....”


“အဟင့်......”


“မငိုပါနဲ့တော့..... ကိုယ်တစ်ကယ်တောင်းပန်ပါတယ် အဝတ်အစားတွေလဲတော့နော် ဖျားနေလိမ့် ”


တုပ်တုပ်မျှမလှုပ်ဘဲ ဒီတိုင်း ထိုင်နေတဲ့ သူမလေးကြောင့်။


“ကိုယ် ကိုယ်တိုဂ်လဲပေးရမှာလား”


ထိုအခုမှ ခခ အလျင်အမြန်ထလိုက်ပြီး ဗီရိုထဲမှ အဝတ်တစ်ချို့ကို ယူပြီး ရေချိုးခန်းထဲ ဝင်‌သွားတော့သည်။


“အဟွန်း..... ကိုယ်မင်းနဲ့ ပတ်သတ်တဲ့အကြောင်းတွေ အကုန်စုံစမ်းသင့်ပြီ မင်းက ရှင်းခနဲ့ ဘယ်လိုမှ ပတ်သတ်မှုမရှိလောက်ဘူး..... ကိုယ်သေချာစုံစမ်းပါ့မယ်”


စိတ်ကူးရင် ဝတ္ထုမို့ အမှားပါခဲ့ရင် တောင်းပန်ပါတယ်။

စာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်။

ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏


rate now: