“အချစ်သည်ခလေးကြောင့်ဖြစ်သည်”
“ဂျိမ်း.... ဂလုန်း....”
“ဟင်.... မိုးရွာတာလားဟ”
မိုးသံကြောင့် ဟန်စိုင်း အခန်းပြတင်းပေါက်ကနေ ဖွင့်ကြည့်လိုက်သည်။
လျှပ်စီးတွေ လတ်ကာ မိုးတွေခြိမ်းပြီး သည်းသည်းမဲမဲ ရွာနေတဲ့ မိုးကြောင့် ဟန်စိုင်း အတွေးထဲ ပေါ်လာတဲ့သူက
“ကလေးမ.....”
“သမီးခခက မိုးသံတွေ သည်းကြီးမဲကြီး ရွာနေမိုးသံကိုအရမ်းကြောက်တာ တစ်ခါတစ်လေ အကြောက်လွန်ပြီး အော်ငိုနေတာ”
ဟိုတစ်လောကမှ ဖုန်းဆက်ကာ သတိပေးထားတဲ့ အမေဖြစ်သူရဲ့ စကားများအား ပြန်ကြားကာ အိမ်အောက်ထပ် သူမအခန်းရှိရာဆီ အလျင်အမြန်ဆင်းလာခဲ့လိုက်သည်။
သူမအခန်းနားရောက်တော့ တံခါးကို အမြန်ဖွင့်လိုက်ချိန် ဟန်စိုင်းထင်ထားသလိုပင်
“ဟင်....”
သူမအခန်းထောင့်နားလေး၌ ထိုင်ကာ နားကိုလက်ဖြင့်အုပ်ထားပြီး မျက်လုံးများကို တင်းကျပ်အောင် မှိတ်ထားသည်။ ပါးစပ်ကလဲ “မလာနဲ့ မလာနဲ့” ဟု အခါခါပြောနေသေးသည်။
“ကလေးမ.....”
“မလာနဲ့ သွား သွား အဟင့်.... အင့်.... ”
“မိုးမခရှင်း.... ကိုယ်ပါ မျက်လုံးလေးဖွင့်ကြည့်ပါအုံး”
“သွား အရှင်းကို ဘာမှမလုပ်ပါနဲ့ တောင်းပန်ပါတယ် အဟင့်..... သွားကြပါ”
ကယောင်ကတမ်းဖြင့် ပြောနေတဲ့ သူမအား ဟန်စိုင်း သနားလဲသနားသလို သူမပြောလိုက်တဲ့ စကားများကိုလဲ ပြန်စဉ်းစား နေမိသည်။
“အရှင်း....”
“မခေါ်ပါနဲ့ ထွက်သွားကပါတော့....”
ဟန်စိုင်း သူမနားထိုင်လိုက်ကာ သူမကိုယ်လေးအား ဖက်ထားလိုက်သည်။
“ကိုယ်ရှိတယ်..... ဘာမှမဖြစ်တော့ဘူ မစိုးရိမ်နဲ့တော့”
သူမကိုယ်လေးအား နှစ်သိမ့်ေပးနေတော့.... တစ်ချိန်က သူ ယခုလို ကာကွယ်နှစ်သိမ့်ပေးခဲ့ဖူးသည့် ကလေးမလေးအား ပြန်သတိရသွားသည်။
အတိတ်သို့ တစ်ဖန်.....
“ဦးလေးကြီးက အရှင်းတို့ကို မုန့်ဖိုးပေးမှာဆို”
“ဒါပေါ့ ပေးမှာပေါ့ လာ.... ဦးတို့နောက် လိုက်ခဲ့”
“ဟုတ်”
ခွက်လေးတွေနှင့် ပိုက်ဆံလေးတွေ လိုက်တောင်းနေတဲ့ ၁၀နှစ်အရွယ် ကလေးမလေး သုံးယောက်အား အသက်၄၀နီးပါးရှိတဲ့ လူကြီးတစ်ေယာက်က ပိုက်ဆံလေးပြကာ သူ့နောက်လိုက်ဖို့ ခေါ်သွားလိုက်သည်။
မရိုးသားတဲ့ ထိုလုပ်ရပ်ကို ကြည့်နေတဲ့ ဟန်စိုင်းတစ်ယောက် စိတ်ဝင်စားကာ သူတို့နောက်သို့ တိတ်တစိတ် လိုက်လာခဲ့သည်။
ဟိုရောက်တော့ သူတွေ့လိုက်ရတာက
“အဟွန်း..... ကလေးမလေးတွေက ချစ်စရာလေးဘဲ”
“ဦးလေးကြီး ပိုက်ဆံပေးမယ်ဆို ပေးလေ”
“ပေးမှာပေါ့ ဒါပေမယ့် ဒီမှာ မဟုတ်ဘူး”
“ဘယ်ကို လိုက်ရအုံးမှာလဲ”
“ကားပေါ်”
“ပြီးတာဘဲ ဒါဆိုအမြန်သွားမယ် မိုးတွေက ရွာနေတာ ခဏနေ ပိုက်ဆံတွေက လိုက်တောင်းရအုံးမှာ”
“ဟုတ်ပါပြီ... အရင်ဆုံး ကလေးလေးတိူ့ သုံးယောက်ထဲက ဘယ်သူ့ကို အရင်ခေါ်ရင် ကောင်းမလဲ”
“အရှင်းကို အရင်ခေါ်”
“ကောင်းပြီလေ မင်းလေးက စကားသွက်သွက်နဲ့ဆိုတော့ ပြောဖို့တော့ ကောင်းမှာဘဲ”
“လာ....”
ထိုလူကြီး အရှင်းဆိုသည့် ကလေးမလေးရဲ့ လက်လေးအား ကိုင်ကာ ကားပေါ်သို့ ခေါ်သွားတော့သည်။
“အဟွန်း....”
ထိုလူလဲ ထိုကလေးမကို ကားပေါ်ပစ်တင်လိုက်ပြီး သူ့အဝတ်တွေအား ချွတ်ပစ်လိုက်သည်။
“ဟို.... ဦးလေးကြီး ဘာလုပ်နေတာလဲ ပိုက်ဆံပေးလေ”
“ဖြည်းဖြည်းပေါ့..... လာ ဦးပေါင်ပေါ်လာထိုင်”
“မထိုင်ဘူး ပိုက်ဆံပေး”
“အရင်လာထိုင်”
“မထိုင်ချင်ဘူးလို့ ပိုက်ဆံအမြန်ပေးပါဆို”
“မပေးဘူးကွာ”
“ဒါဆိုလဲ အရှင်းသွားပြီ”
ပြောရင်းဖြင့် ထွက်သွားတော့မဲ့ ထိုကလေးမရဲ့ လက်အား ဆွဲလိုက်သည်။
“လွှတ်....”
ထိုကလေးမလေး သူ့လက်အား ဆွဲထားတဲ့ ထိုလူကြီးအား လက်မောင်းနားသို့ ကိုက်ချပစ်လိုက်သည်။
“အား..... စောက်ကလေးကများ ဖျန်း”
အရက်အနည်းသောက်ထားသည့် ထိုလူကြီးက ကလေးမလေးပါးသို့ ဒေါသထွက်ထွက်နှင့် ရိုက်ချပစ်လိုက်သည်။
ကလေးမလဲ နှုတ်ခမ်းစနားက သွေးများအား သုတ်ကာ နာပျင်မှုကြောင့် အော်ငိုလိုက်သည်။
“မင့်စောက်ပါးစပ်ပေါက်ကို ပိတ်ထားစမ်းကလေးမ”
“အဟင့်...... အရှင်း တောင်းပန်ပါတယ် အရှင်းကို လွှတ်ပေးပါ”
“မလွှတ်ပေးဘူး”
ပြောရင်းဖြင့် ထိုလူကြီး အရှင်း အပေါ်ဝတ်အင်္ကျီအကွက်လေးအား ဆွဲဖြဲပစ်လိုက်သည်။
“အဟင့်..... သွား မလာနဲ့ တောင်းပန်ပါတယ် အရှင်းကို ဘာမှမလုပ်ပါနဲ့”
“အဟွန်း....”
ထိုလူ မဲ့ပြုံးတစ်ချက်ပြုံးကာ ထိုကလေးအပေါ်သို့ အုပ်မိုးလိုက်သည်။
“သွား.... မလာနဲ့ အဟင့်..... ကယ်ကြပါအုံး.... မလာနဲ့ ထွက်သွား”
“ဂျိမ်း..... ဂလုန်း.....”
မိုးတွေကလဲ အညိုးကြီးစွာနှင့် ကလေးမလေးအား ကြောက်စိတ်တွေပိုဝင်လာအောင် သည်းကြီးမဲကြီးရွာသွန်းနေသည်။ ကူရာမဲ့ ဖြစ်နေတဲ့ ထိုကလေးမလေး၏ စိတ်ထဲ ကြောက်စိတ်များက တိုးဝင်လာကာ ကိုယ်လေးကို ကျုံ့လိုက်ပြီး မျက်လုံးများအား တင်းကျပ်နေအောင် မှိတ်ထားပစ်လိုက်သည်။
“ခွမ်း.....”
“ဟင်....”
ရုတ်တရက်ဆိုသလို အနောက်မှ ကားမှန်အား ရိုက်ခွဲခြင်းကို ခံလိုက်ရသည်။
“မင်းဘာလုပ်တာလဲ..... အခုချက်ချင်းလွှတ်လိုက်”
ဟန်စိုင်း..... ကွဲနေတဲ့ ကားပြတင်းပေါက်ကနေ ကားတံခါးအား ဖွင့်လိုက်ပြီး ထိုလူကို ဆွဲထိုးလိုက်သည်။
“ခွပ်..... စောက်ရှက်မရှိတဲ့ကောင် ကိုယ့်သမီး အရွယ်ကိုများ လာစမ်း.... ခွပ်”
ဟန်စိုင်း.... ဒေါသထွက်ထွက်နှင့် ထိုလူအား အချက်ပေါင်းများသွာ ထိုးပစ်လိုက်သည်။
ထို့နောက် ကားထဲမှ ငိုသံလေးကြား လိုက်သဖြင့် ဆက်မထိုးတော့ဘဲ ကားထဲသို့ ဝင်လာခဲ့လိုက်သည်။
ထိုကလေးမလေးမှာ သူကားထဲရောက်လာတဲ့ အချိန်ထိ မျက်လုံးများအား မဖွင့်သေးပေ။
“ကလေး....”
“သွား.... မလာပါနဲ့”
နှင်ထုတ်နေတဲ့ ထိုကလေးမလေးအား ဟန်စိုင်း ပွေ့ဖက်ထားပေးလိုက်သည်။
“မျက်လုံးလေးဖွင့်ကြည့်ပါအုံး ဦးဦးကရဲပါ ခဏကလူကြီးကို ဦးဦးက အပြစ်ပေးလိုက်ပြီ”
ထိုအခါမှ ကလေးမလေးလဲ ဟန်စိုင်းရင်ခွင်ထဲမှ မျက်လုံးများ ဖွင့်ကာ ကြည့်လိုက်သည်။
မျက်ခုံးထူထူ အကြည့်စူးစူးတွေနှင့် နှုတ်ခမ်းလေး အနည်းငယ် တွန့်ရုံမျှ ပြုံးပြနေတဲ့ ထိုလူအား ရဲဟု မယုံနိုင်ပါ။
“ဟိုလူကြီးကို တစ်ကယ်အပြစ်ပေးလိုက်ပြီလား”
“ဟုတ်.... ပေးလိုက်ပါပြီဗျ”
ဟန်စိုင်းရဲ့ အပြောကြောင့် ထိုကလေးမလေးလဲ အနည်းငယ်ပြုံးလာခဲ့သည်။
“အဟွန်း...... အခု ဦးဦး ကလေးနားမှာ ရှိတယ် ဘာမှမစိုးရိမ်နဲ့တော့နော်”
“ဟုတ်”
ဟန်စိုင်း.... သူ့အပေါ်ဝတ် ရှပ်အကွက်လေးအား ချွတ်ကာ သူမပေါ်သို့ ထပ်ဝတ်ပေးလိုက်သည်။
“ဦးဦး နာမည်က စိုင်းဦးဟန်တဲ့ ကလေးလေး နာမည်က ဘာလဲဟင်”
“အရှင်းကို မေးတာလား”
“ဟုတ်ပါတယ်ဗျ”
“အရှင်းနာမည်က....”
“ကလင် ကလင်....”
ဟန်စိုင်း သူ့အိတ်ကပ်ထဲမှ ဖုန်းသံကြောင့် ဖုန်းကို အမြန်ယူလိုက်သည်။
“ဟယ်လို....”
"..............”
“အင်း..... ကောင်းပြီ ငါအခုအမြန်လာခဲ့မယ် အဲ့မှာဘဲ စောင့်နေကြ”
ဟန်စိုင်း ပြောပြီးသည်နှင့် ဖုန်းအား ချလိုက်ကာ ကြောင်ကြည့်နေတဲ့ ထိုကလေးမလေးဆီသို့ ပြန်လှည့်လာလိုက်သည်။
“ဦးဦး အခုအလုပ်ကိစ္စလေးပေါ်လာလို့ သွားရတော့မယ်”
“ဟုတ်....”
“ဦးဦး ရဲတွေကို ဖုန်းဆက်ခေါ်ထားတယ် သူတို့ လာလိမ့်.... ဟော.... ဟိုမှာ ပြောရင်းနဲ့တောင် ရောက်လာပြီ.... အဟွန်း.... သူတို့က ကလေးလေးတို့ကို မိဘမဲ့ ဂေယာဆီ ခေါ်သွားကြလိမ့်မယ် အဲ့မှာက ကလေးလေး အခုလို ပိုက်ဆံတွေ လိုက်တောင်းနေရတာထက် ပိုကောင်းတယ်”
“ဟုတ်”
“ဦးဦး သွားပြီ လိမ်လိမ်မာမာနေနော်”
ထိုကလေးမလေးမှာ ဟန်စိုင်းအား မခွဲချင်သော မျက်ဝန်းဝိုင်းလေးများဖြင့် ကြည့်နေလေသည်။
ဟန်စိုင်း ထိုကလေးမလေးအား နှုတ်ဆက်ပြီးကော ကားထဲမှထွက်ကာ ရဲတွေဆီ လာခဲ့လိုက်သည်။
“ဒီမှာပါ အဲ့ကလေးသုံးယောက်လုံးကို မိဘမဲ့ကျောင်းဆီ ပို့ပေးလိုက်ပါ.... ဒါက သူတို့အတွက် လိုအပ်တာသုံးဖို့ အလှူငွေ ဆယ်သိန်းပါ..... မိဘမဲ့ဂေယာက ဆရာမတွေကို သေချာလေးပြောပေးလိုက်ပါအုံး”
“ဟုတ် စိတ်ချပါ”
“အဲ့လူကိုလည်း ကောင်းကောင်းအပြစ်ပေး ပေးပါ”
“ဟုတ်ကဲ့ပါ”
“ဒါဆို ကျွန်တော်သွားတော့မယ် ကမ္ပဏီ ကိစ္စလေးတွေ ရှိသေးတာမို့”
“ကောင်းပါပြီ”
“ဦးဦး.....”
ဟန်စိုင်း ထွက်သွားတော့မည့် အလုပ် အလုပ် အနောက်မှ ခေါ်သံကြောင့် လှည့်ကြည့်လိုက်သည်။
“သမီးနာမည်က.....”
“ဂျိမ်း.....”
ဟန်စိုင်း မိုးသံကြောင့် ကလေးမလေးရဲ့ အပြောတွေအား နားမလည်လိုက်ပေမယ့် ခေါင်းငုံ့ပြီး ပြုံးပြလိုက်ကာ နှုတ်ဆက်လိုက်သည်။
“ဟွန့်.... မိုးသံကလဲ ငါ့နာမည် ပြောမဲ့ချိန်မှ ခြိမ်းလိုက်ရတယ်လို့.... ဦးဦးကြားကော ကြားသွားရဲ့လား မသိဘူး”
နှုတ်ခမ်းလေးစူကာ ရပ်နေတဲ့ ထိုကလေးမလေးအား ရဲတွေ လာခေါ်သွားကာ မိဘမဲ့ဂေယာသို့ ဟန်စိုင်းမှာထားသည့်အတိုင်း ပို့ပေးလိုက်ကြသည်။
####################################
“အဟင့်.....”
“မငိုနဲ့တော့ မငိုနဲ့တော့ ကိုယ်ရှိတယ်.....”
သူ့ရင်ခွင်ထဲ၌ ရှိုက်သံတစ်တင်းတင်းနှင့် ငိုနေတဲ့ ခခအား ဟန်စိုင်း ဘယ်လို ချော့ရမှန်းမသိတော့ပေ။
ထိုအချိန် သူသတိရလာတာက.....
သီချင်းဖြင့် ချော့သိပ်ဖို့ပင်။
နေမင်းကွယ် ညို့ရင်....
မိုးညအမှောင် ရိပ်ဝယ်
အို မေရယ် အနမ်းဝေဖြာမယ်.....
ကြယ်လေးတွေကိုရှက်ရင် ထွေ့ပိုက်လို့ ထားမယ်.....
ကြောက်စိတ်တွေ ဖယ်ထားကွယ်.....
(ရင်ခွင်မှာနွှဲ့ကာ အားကိုးတဲ့သူရယ်
နွေးနွေးထွေးထွေး ရင်ခုန်တယ်......)"
မှေးစက်နော် အသည်းဝယ် မောပန်းလိုနွမ်းရင်
ကိုယ်လေချော့ကာ သိပ်ပါ့မယ်....
အေ့ အေ့ အို.... အိုမေရယ် အိပ်တော့ကွယ်.....
သီချင်းတောင် မပြီးသေး အိပ်ပျော်သွားတဲ့ သူမလေးအား ဟန်စိုင်း ပွေ့ချီလိုက်ပြီး အိပ်ရာပေါ်သို့ တင်ပေးလိုက်သည်။
ငိုထားတာကြောင့် မျက်လုံးများက ဖောင်းအစ်နေပြီး မျက်ရည်စတစ်ချို့မှာလည်း မခြောက်သေးပေ။
“အရှင်း.....အရှင်း”
ဟန်စိုင်း ထိုနာမ်စားလေးအား အကြိမ်ကြိမ်ရွှတ်ဆိုကာ ခခအား စောင်ခြုံပေးလိုက်သည်။
“ကောင်းကောင်းအိပ်တော့.....”
သူမ ဆံပင်လေးတွေကို သပ်တင်ပေးလိုက်ပြီး ဟန်စိုင်း ထိုအခန်းထဲမှ ထွက်လာခဲ့လိုက်သည်။
“ဘာတွေပါလိမ့်..... ငါ့လုပ်ရက်တွေ မမှားလောက်ပါဘူး.... မိုးမခရှင်းက ဘယ်လိုလုပ် အရှင်းဆိုတဲ့ ကလေးမ ဖြစ်နိုင်မှာလဲ.... နာမည်တစ်လုံးလေး တူသွားတာနဲ့ သူဖြစ်ရောလား.... မဟုတ်ဘူး ငါအတွေးလွန်နေတာ....”
ဟန်စိုင်း သူ့ခေါင်းတွေအား ရမ်းလိုက်ပြီး အိမ်ပေါ်ထပ် သူ့အခန်းရှိရာဆီသို့ တက်လာခဲ့လိုက်သည်။
“ဟူးးးး”
လေပူတစ်ချက်အား မှုတ်ထုတ်လိုက်ပြီး သည်းကြီးမည်းကြီး ရွာသွန်းနေတဲ့ မိုးရေစက်တွေအား ကြည့်ကာ စီးကရက်တစ်လိပ်ကို သောက်နေလိုက်သည်။
“ဘယ်အညိုးတွေနဲ့များ ဒီလောက်ထိ ရွာနေရတာပါလိမ့် မိုးရယ်”
သူလဲ မိုးရာသီကို အလွန်းမုန်းပါသည်။
အထူးသဖြင့် အခုလို မိုးခြိမ်းသံတွေနဲ့ အားမနာတမ်း ရွာနေတဲ့ အချိန်တွေဆို ပို့လို့တောင်မုန်းသေး။
ထိုအချိန်တွေက ဟန်စိုင်းအတွက် အမှတ်တရဆိုးတွေကို ပြန်သတိရစေအောင် ပြုလုပ်ပေးလို့ပင်။
“အဖေ.....”
ဟုတ်ပါတယ်။ သူမိုးရွာတိုင်း မိုးရေထဲ၌ ရက်ရက်စက်စက် အသတ်ခံလိုက်ရတဲ့ သူ့ရဲ့အချစ်ရဆုံး သူ့အဖေပုံလေးကို ပြန်မြင်ယောင်မိလို့ပင်။ သူကတော့ ခခလို မိုးကို မကြောက်ဘဲ မိုးကို အလွန်ပင် မုန်းမိသည်။
“ကျွန်တော် အဖေအတွက် လက်စားချေပေးမယ် အဖေ အဖေတမလွန်ကနေ ကောင်းကောင်းစောင့်ကြည့်ထားပါ အဖေကို မကောင်းကြံခဲ့တဲ့ သူမှန်သမျှကို ကျွန်တော် လက်စားချေပစ်မှာ.....”
“ကလင် ကလင်.....”
ရုတ်တရက် ဖုန်းသံကြောင့် ဟန်စိုင်း တွေးလက်စကို ဖျောက်ကာ ဖုန်းကိုကိုင်လိုက်သည်။
“ဟယ်လို boss ကျွန်တော် မင်းသန့်ပါ”
“အင်း.... ပြော ဘာကိစ္စရှိလို့လဲ”
“ဟို..... အခု bossအိမ်မှာ ရောက်နေတဲ့ မိုးမခရှင်းကလေ မိုးရန်ရှင်းခရဲ့ ညီမအရင်းတဲ့”
“ဘာ....”
ထိုစကားကို ကြားလိုက်သည်နှင့် ဟန်စိုင်း ဒေါသအလွန်ထွက်သွားကာ လက်ထဲမှ သောက်လက်စ စီးကရက်အား ကြေမွှသွားသည်အထိ ဖိချေချိုးပစ်လိုက်သည်။
“တောက်.... ဒါကြောင့် ငါထင်ပါတယ် မခုတ်တက်သလို ဘာလိုလိုနဲ့ အဟွန်း.... ဟန်ဆောင်ကောင်းလွန်းတယ်ပေါ့”
“သူ့အစ်ကို ကိုပြောလိုက် မင်းသန့်.... သူ့ညီမ မိုးမခရှင်း ငါ့ဆီမှာလို့ သေချာပြောလိုက်နော်”
“ဟုတ်”
“ဒါဆို ငါဖုန်းချပြီ”
“ဟုတ်”
တစ်ဖက်မှ ဖုန်းချလိုက်သည်နှင့် ဟန်စိုင်းလဲ စီးကရက်တစ်လိပ်အား ပြန်ထုတ်ကာ သောက်နေလိုက်သည်။
“ဆောရီးဘဲ ကလေးမ မင်းနဲ့မဆိုင်လဲ မင်းဝင်ပါနေမှ ဖြစ်မှာမို့ပါ”
###################################
“တစ် တစ်...... တီ တီ.....”
နှိုးဆက်မှ ထွက်ပေါ်လာတဲ့ အသံအမျိုးမျိုးကြောင့် ခခ အိပ်ရာမှ အမြန် ထလိုက်သည်။
“ဒေါက် ဒေါက်.....”
“ဘယ်သူပါလိမ့်.....”
ခခ မြည်နေတဲ့ တံခါးပေါက်နား လေးဆီ သွားလိုက်ပြီး တံခါးအား ဆွဲဖွင့်ကြည့်လိုက်သည်။
“ဟင်.... ရှင်”
“ဒီနေ့ ခြံထဲက သဇင်ပန်းတွေကို ရေလောင်းပြီး ဆေးလိုက်ထည့် ဆေးဘယ်လိုထည့်ရမလဲ ဆိုတာ ဒေါ်မြိုင်သိတယ် မေးကြည့်လိုက်..... ခြံထဲမှာ အမှိုက်တွေ ပွနေတာဘဲ.... အဲ့ဒါတွေလဲ တစ်ခုမကျန်ပြောင်အောက် လှဲထား..... နောက်ပြီး ငါ့အခန်းထဲမှာ လျှော်ဖို့ ထုတ်ထားတဲ့ အဝတ်တွေ ရှိတယ်.... အဲ့ဒါတွေကို ပြောင်အောင် လျှော် စက်နဲ့မလျှော်နဲ့နော် မင်းလက်နဲ့ ကိုယ်တိုင်လျှော်..... ကြားလား”
“အင်း....”
မနေ့ညက ငိုထားတဲ့ အရှိန်ကြောင့် ခေါင်းတွေ မူးနေသဖြင့် “အင်း” ဟုသာ တစ်လုံးတည်း ဆိုလိုက်သည်။
“သေချာမှတ်ထားနော်..... သဇင်ပန်းတွေက ဈေးကြီးတယ် ငါတောင် မနည်းပျိုးထားရတာ အဲ့ဒါကို မင်းလုပ်လိုက်မှ ပျက်စီးသွားလို့ကတော့ ငါမင်းကို အလွှတ် မပေးဘူးမှတ်”
“အဲ့ဒါဆိုလဲ လုပ်ခိုင်း မနေနဲ့လေ”
“မင်း ငါ့ကို ပြန်ပြောပိုင်ခွင့် မရှိဘူး မိုး မ ခ ရှင်း”
နာမည်ကို တစ်လုံးချင်းဆီ ရွှတ်ဆိုကာ အကြည့်စူးစူးတို့ဖြင့် ကြည့်လာတဲ့ ဟန်စိုင်းကြောင့် ခခ ကြောက်စိတ်များဝင်လာခဲ့သည်။
“နောက်နေ့ကစပြီး မင်းငါ့ကို တစ်ခွန်းပြန်ပြောရင် မင်းညစာငတ်မယ်ဆိုတာ အမြဲမှတ်ထား”
ပြောပြီးသည်နှင့် ထွက်သွားတဲ့ ဟန်စိုင်းကြောင့် အနောက်မှ ကျန်ရစ်သူ ခခမှာတော့ မျက်ရည်စများ ဝဲတက်လာရသည်။
ဘာလို့.... အခုချိန်ထိ စိတ်ချမ်းချမ်းသာသာ မနေရသေးတာလဲ..... ဘယ်တော့မှ ဒီအချုပ်အနှောင်တွေကနေ အမြန်ဆုံးလွှတ်မြောက်မှာလဲ..... ဘာလို့လဲ ဘာလို့ ငါဘဲလဲ ဘာလို့ အမြဲသူများစကား နားထောင်ပြီး သူများအောက်မှာဘဲ နေနေရတာလဲ။
ခခ ရင်ထဲက စကားများအား စိတ်ထဲကနေဘဲ ဆိုလိုက်ကာ ငိုကြွေးနေမိသည်။
“တောင်းပန်ပါတယ်.....”
သူမငိုနေပုံလေးအား ကြည့်ကာ ဟန်စိုင်း စိတ်ထဲမှ ဆိုလိုက်လေသည်။
သီချင်းထဲမှာ မောင်နေရာမှာ ကိုယ်ဆိုတာ တစ်မင်ပြောင်းထည့်ထားတာပါ။
စိတ်ကူးရင် ဝတ္ထုမို့ အမှားပါခဲ့ရင် တောင်းပန်ပါတယ်။
စာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်။
ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏