“အချစ်သည်ခလေးကြောင့်ဖြစ်သည်”
“ဦး..... လာလေ”
ဟန်စိုင်းအား သွားတန်းလေးတွေ ပေါ်အောင် ရီပြပြီး လက်လေးလှမ်းဆွဲကာ နေကြာခင်းတွေဆီ ခေါ်ဆောင်သွားတဲ့သူမ။
ဟန်စိုင်းလဲ သူမခေါ်ရာနောက်တော့ ပြုံးပြုံးကြီးနှင့် လိုက်နေမိသည်။
“အဟွန်း.....”
“boss boss ထပါအုံး”
“ဟမ်..... အင်း.....”
ရုတ်တရက် ပုခုံးကို ကိုင်ကာ လှုပ်နိုးလာတဲ့ မင်းသန့်ကြောင့် ဟန်စိုင်းရဲ့ ကြည်နူးစရာ အိမ်မက်လေးက ထိုနေရာမှာပင် ပျက်စီးသွားတော့သည်။
“boss”
“ဘာလဲ”
“ဘာအိမ်မက်တွေ မက်နေတာမို့ ဒီလောက်ပြုံးနေရတာလဲ”
“ဘယ်မှာပြုံးလို့လဲ”
“ခဏကလေ သွားတောင်မစိနိုင်ဘူး ပြုံးနေတာ”
“ဟမ်.... ငါအဲ့လောက်တောင် ပြုံးနေလိုက်တာလား”
“ဟုတ်တယ်..... ဘာအိမ်မက်တွေ မက်လို့လဲဟင်”
“ဘာမှမဟုတ်ပါဘူး ဒီတိုင်းဘဲ”
“bossမရိုးဘူးနော်”
“မင်းသေချင်တာလား မင်းခန့်”
“ဗျာ.... မဟုတ်ပါဘူး ကျွန်တော်က အမှန်ကို ပြောပြတာလေ”
“မင်းထပ်ပြောနေရင် ငါတစ်ကယ်လုပ်မိတော့မှာနော်”
“bossနော်..... ဒီက အားနည်းတယ် အနိုင်ကျင့်မယ် မကြံနဲ့”
“မင်း.... ကဲဟာ”
ဖျန်း......
နွှဲ့နှောင်းနှောင်းဖြင့် ပြောလာတဲ့ မင်းသန့်အား ဟန်စိုင်း စိတ်မရှည်ကာ လက်မောင်းသို့ အားပြင်း"ဖြင့် ရိုက်ပစ်လိုက်သည်။
“အား.... နာတယ်ဗျ”
“သေလေ”
“ဟွန့်....”
“မင်း..... ကျွတ်..... ထားတော့ ငါမေးစရာရှိတယ်”
“ဟုတ်”
“ဟိုတစ်လောက ပြဿနာလာရှာတဲ့ မိုးရန်ရှင်းခ ဘယ်ပျောက်သွားပြီလဲ”
“နယ်စပ်ဘက် သွားတယ်လို့တော့ ပြောတာဘဲ ဟုတ်လားတော့ ကျွန်တော်လဲ မသိဘူး”
“အင်း.....”
“ဘာဖြစ်လို့လဲ”
“သူ့ညီမ အခုငါ့အိမ်မှာ”
“ဟမ်.....”
“ဟုတ်တယ် ငါတမင်ခေါ်ထားတာ”
“ဘာလို့ခေါ်တာလဲ”
“ဘာဖြစ်ရမှာလဲ သူ့အစ်ကိုကြောင့်ပေါ့ဟ”
“သူ့အစ်ကိုက သူ့အစ်ကို သူ့ညီမက သူ့ညီမလေ..... နောက်ပြီး မိုးရန်ရှင်းခမှာ ညီမရှိတယ်လို့ မကြားမိပါဘူး”
“ဟမ်.... မင်းဘဲ ဟိုတစ်လောက ပြောတော့ သူ့ညီမက မိုးမခရှင်းဆို”
“အဲ့ဒါ ကျွန်တော်ပြောတာ မဟုတ်ဘူး”
“အဲ့ဒါဆို အဲ့နေ့က ငါ့ကို ဘယ်သူဖုန်းဆက်လာတာလဲ”
“မင်းခန့်လေ ကျွန်တော့်ညီ”
“အော်..... အဲ့ကောင်က သိလို့လား”
“မသေချာပါဘူး သူ့လိုလူက ဆေးထက် ဘာကိုမှ ဂရုစိုက်တာမှ မဟုတ်တာ အခုကိစ္စကလဲ သူရှောက်ပြောတာဘဲ နေမှာ.... စိတ်ချပါ ကျွန်တော် သေချာအောင် ပြန်စုံစမ်းပေးမယ်”
“အေးကွာ.... မင်းကိုဘဲ ငါအားကိုးရတော့မှာဘဲ သေချာအောင်တော့ စုံစမ်းနော်”
“ဟုတ်ကဲ့ပါ..... အော်... ဒါနဲ့ ကျွန်တော်နေ့လယ်က တွေ့ခဲ့တဲ့ ကောင်မလေးက ဘယ်သူလဲဟင်”
“မိုးမခရှင်းလေ မင့်ညီပြောတဲ့ မိုးရန်ရှင်းခရဲ့ ညီမဆိုတာ”
“ဟင်.... ဟုတ်လား”
“အင်း”
“ချစ်စရာလေးနော်.... ပါးဖောင်းဖောင်းလေးနဲ့ လုံးဝ ကျွန်တော့ typeဘဲ”
မင်းသန့်မပြောအား ဟန်စိုင်း မျက်မှောင်ကြီးကြုတ်ကာ လက်ပိုက်လျက် ကြည့်ေနလိုက်သည်။
“ဟို.... ဘာဖြစ်လို့လဲဟင် boss”
“တစ်ခြားလူနဲ့ ရှုပ်ချင်ရှုပ် သူနဲ့တော့ ရှုပ်ဖို့ မစဉ်းစားနဲ့”
“ဘာလို့လဲ”
“သူကငါ့အပိုင်..... မဟုတ်သေးဘူး..... ဟို..... သူ..... သူက ငါတို့ရန်ဘက်ရဲ့ ညီမလေ မဟုတ်ဘူးလား”
“ဘာဆိုင်လို့လဲ အဲ့ဒါက bossရဲ့ ရန်ဘက်လေ ကျွန်တော့ရန်ဘက်မှ မဟုတ်တာ..... နောက်ပြီး ဒီကိစ္စက သူ့အစ်ကိုကိစ္စလေ သူနဲ့မှ မဆိုင်တာ”
“မင်းကငါ့ကို အခုလိုတွေ လာပြောနေတာ မင်းသေချင်တော့တာလား”
“မသေချင်ပါဘူး မသေခင် မိုးမခလေးကို ယူရအုံးမှာ”
ဟန်စိုင်း မျက်နှာကြီးများ နီရဲလာကာ ဒေါသထွက်လာတော့သည်။
“မင်းတစ်ကယ်သေချင်တော့တာ ထင်တယ်”
ပါးစပ်ကလဲ ပြောရင်း လက်သီးကို ကျစ်ကျစ်စုပ်ကာ မင်းသန့်နား လျှောက်လာခဲ့လိုက်သည်။
“ဟို.... ကျွန်တော် ကျွန်တော် ပြေးပြီ”
ပါးစပ်ထက် လက်ကပိုမြန်တာကို သိတဲ့ မင်းသန့်ကတော့ ဟန်စိုင်း သူ့အနားမရောက်လာသေးခင် ထွက်ပြေးလိုက်ရတော့သည်။
“မင်း နောက်တစ်ခါ အဲ့ကလေးမနဲ့ ပတ်သက်တဲ့ အကြောင်းပြောကြည့် ငါမင်းကို တစ်ကယ် သတ်ပစ်မှာ တောက်..... ဘယ်လို ကောင်လဲမသိဘူး”
ဟန်စိုင်း စိတ်တိုတိုနှင့် ကားသော့အား ယူကာ အိမ်သို့ ပြန်လာခဲ့လိုက်သည်။
တစ်လမ်းလုံးလည်း အတွေးပေါင်းစုံဖြင့် လူမှာ ရူးချင်သလို ဖြစ်နေသည်။
ဟိုတွေးဒီတွေးဖြင့် မောင်းလာခဲ့တာ မကြာခင်မှာပင် သူ့အိမ်ရှေ့သို့ ရောက်လာခဲ့သည်။
“တီ တီ....”
ကားသံကြားသည်နှင့် ခြံစောင့်ဦးအောင်နိုင် ခြံတံခါးအား အမြန်လာဖွင့်ပေးလိုက်သည်။
ဟန်စိုင်းလဲ ခြံဝင်းထဲသို့ ဝင်လာတုန်း ပန်းရုံထဲမှ ခခအားတွေ့လိုက်သည်။
“ဟင်..... သူက အဲ့မှာ ဘာလုပ်နေတာပါလိမ့်”
ကားကို အိမ်ကြီးရှေ့၌ ရပ်ထားလိုက်ပြီး သဇင်ပန်းရုံတွေဆီ လျှောက်လာခဲ့လိုက်သည်။
“ဟိုကလေးမ.....”
“ဟင်....”
အနောက်မှ ခေါ်သံကြောင့် ခခတစ်ယောက် လန့်သွားရသည်။
“ဘာလုပ်နေတာလဲ”
“မနက်က အမှိုက်တွေ လှဲပြီးသွားလို့ ကြုံးနေတာ ခြံအနောက်မှာ မီးသွားရှို့မလို့”
“ဘယ်သူခိုင်းတာလဲ”
“ဘယ်သူခိုင်းရမှာလဲ ရှင်ဘဲပေါ့.... ရှင်ပြောထားတယ်လေ ငါပြန်လာတာနဲ့ အမှိုက်တစ်မှိုက်မှ မမြင်ချင်ဘူးဆို..... ဒါကြောင့် အမြန်လုပ်နေရတာလေ..... ဘာလဲ မပြီးလို့ အပြစ်ပေးချင်သေးတာလား”
“မင်းဟာလေ ကန့်လန့်လုပ်ဖို့ဆို နှစ်ယောက်မရှိဘူး..... ငါပြောတာက မင်းနေကောင်းမှလေ”
“အခုကကော ခခဘာဖြစ်နေလို့လဲ”
“ဘာဖြစ်ရမှာလဲ မင်းနေမကောင်းဘူးလေ”
“ဘယ်မှာ မကောင်းလို့လဲ မူးလဲသွားရုံဘဲ”
“မင်း အခုပြန်မူးလဲသွားရင် ဘယ်လိုလုပ်မလဲ”
“သေသွားလဲ အေးတာဘဲလေ ရှင်လဲ ပျော်နေမှာပေါ့ မဟုတ်လား”
“မင်း.... ကျွတ် ထားလိုက်တော့.... ငါမင်းကို ပြောထားမယ်နော်.... ငါ့ကိုတစ်ရှင်ရှင်နဲ့ လာမခေါ်နဲ့ ငါကမင်းနဲ့ရွယ်တူ မဟုတ်ဘူး.... ငါမင်းထက် ၁၃နှစ်လောက်ကြီးတယ်”
“အော်.... ဟုတ်ကဲ့ပါ အဘ”
“မင်း.... ငါ့ကိုလာမရွှဲ့နဲ့နော်”
“အော်.... ရွှဲ့သလို ဖြစ်သွားတာလား ဆောရီးဆောရီး ခခ တစ်ကယ်တောင်းပန်တယ်နော် ဦးလေး”
“ဒီတစ်ခါ ပိုဆိုးသွားပြီ မင်း ငါအပြစ်ပေးတာကို ခံချင်နေတာလား”
“ရှင့်သဘောဘဲလေ.... အယ် မှားလို့ ဦးလေး သဘောဘဲ”
“မင်း.....”
လက်ညိုးငှောက်ငှောက်ထိုးကာ တစ်မင်းမင်းလုပ်နေတဲ့ ဟန်စိုင်းအား ခခစိတ်မရှည်ကာ...
“အရှေ့ကနေ ကားယားကားယား လုပ်မနေနဲ့ အမှိုက်တောင်းနဲ့ ကောက်ထုလိုက်မှာ”
“ဘာ.....”
ပြောပြီးသည်နှင့် ပြေးထွက်သွားတဲ့ သူမအား ဟန်စိုင်းအလွှတ်မပေးပါ။
အနောက်မှ အပြေးလေးဖြင့် လိုက်သွားကာ သူမလက်အား ဆွဲလှည့်လိုက်သည်။
“နေအုံး”
“ဘာလဲ..... အမှိုက်တောင်းနဲ့ ကောက်ထုမယ် ပြောလိုက်လို့ ခခကို အပြစ်ပေးမလို့လား”
“ဟုတ်တယ်..... ဒါပေမယ့် ဒီနေ့တော့ မဟုတ်ဘူး မနက်ဖြန်မှ ဒီနေ့ကတော့ မင်းနားလိုက်တော့ အမှိုက်တွေလဲ သွားမပစ်နေနဲ့”
“ဟွန်း..... အဘိုးကြီးက စာနာတက်သားဘဲ”
“စာနာလွန်းလို့မဟုတ်ဘူး မင်းသေသွားရင် အသုဘချဖို့ အပိုငွေ ကုန်နေမှာစိုးလို့”
“ပါးစပ်ပုတ်တဲ့ ဦးလေးကြီး”
“ငါ့ကို အဲ့လိုမျိုးတွေ မခေါ်နဲ့လို့ ပြောထားတာ မင်းနားမလည်ဘူးလား”
“ဒါဆိုဘယ်လိုခေါ်ရမှာလဲ..... အမ်..... ဦးလေးနာမည်ကဘာလဲ”
“စိုင်းဦးဟန်”
“ဟ ဒါဆိုသိပြီ.....”
“ဘာကိုလဲ”
“ဦးလေးကို ဘယ်လိုခေါ်ရမလဲဆိုတာ”
“ဘယ်လိုခေါ်မှာလဲ”
“ဦးဟန်....”
ဖြေးညှင်သာစွာ ခေါ်လာတဲ့ ထိုအသံကြောင့် ဟန်စိုင်းရင်ထဲ အမည်မသိ လှိုင်းလေးတစ်ချို့ လှုတ်ခတ်သွားတော့သည်။
မျက်နှာထက်၌ ပြုံးရိပ်လေးသန်းသွားသည်ကို မြင်လိုက်တဲ့ ခခတစ်ယောက် ဟန်စိုင်းကို စဖို့ပြင်လိုက်သည်။
“ဦးဟန်..... ကြိုက်လား..... ဒါမှမဟုတ် ဦး.... လို့ခေါ်ရမှာလား.... ”
ချိုသာတဲ့ အသံလေးနှင့် ဆွဲငင်စွာ ခေါ်လိုက်တဲ့ သူမကြောင့် ဟန်စိုင်း ရင်ထဲ ကလိကလိနှင့် ဗြောင်ဆန်သွားတော့သည်။
“ဦး....”
မပြုံးဖို့ အတန်တန်ထိန်းထားပေးမယ့် သူမရဲ့ နောက်ထပ်တစ်ခါ ထပ်ခေါ်လာတဲ့ အသံကြောင့် မပြုံးဘဲ မနေနိုင်တော့ကာ ပါးချိုင့်လေး နစ်ဝင်သွားသည်အထိ ပြုံးပစ်လိုက်တော့သည်။
“ပြောတော့ လက်စားချေဖို့ဆို အခုဟာက....”
ဘာ်ကနေ ဘယ်လို ရောက်လာမှန်းမသိတဲ့ မင်းသန့်အား ဟန်စိုင်း ဒေါသအလွန်ပင်ထွက်သွားရသည်။
“မင်း.... ဘယ်ကနေ ဘယ်လိုရောက်လာတာလဲ”
“ဒီမှာလေ bossရဲ့ဖုန်း မေ့ကျန်ခဲ့လို့”
“ပေး.... သွားလို့ရပြီ”
“သွားမှာပါ bossကလဲ စိတ်ကြီးဘဲ”
“မင်း နာချင်တော့တာ ထင်တယ်”
“မနာချင်ပါဘူး.... အခုသွားတော့မှာပါ သွားပြီနော် ညီမလေး”
“ရှင်... အော် ဟုတ်”
“မင်း.... အမြန်သွားပါတော့ဆို”
ဟန်စိုင်း စိတ်မရှည်ကာ မင်းသန့်အား ကန့်ပစ်လိုက်တော့သည်။
“အား.... boss သိပ်ရက်စက်တယ်”
မျက်နှာကြီးဆူပုတ်ကာ ထွက်သွားတဲ့ မင်းသန့်အား ခခတစ်ယောက် ပါးချိုင့်နှစ်ဖက်လုံး နစ်ဝင်သွားအောင် ရီနေလေသည်။
“ဘာရီနေတာလဲ မင်းလဲ အထဲမဝင်သေးဘူးလား ငါကိုယ်တိုင် လိုက်ပို့ရမှာလား”
“ရှင်.... ခခ အခုဝင်တော့မှာပါ”
“ဒါဆိုလဲ အမြန်ဝင်”
“အွန်း.... ဝင်မှာ”
သူ့အား အော်ငှောက်ကာ မျက်စောင်းလေးထိုးလျက် ထွက်သွားတဲ့ သူမအား ယခုတစ်ခါတော့ ဟန်စိုင်း စိတ်မစိုးရက်ဘဲ ရင်ထဲ ပီတိဖြစ်နေမိသည်။
“ဦးဟန်....ဦး အဟွန်း.... ပေါက်ပေါက်ရှာရှာ ကလေးမကတော့လေ”
မင်းကို ဒီတစ်နေ့တော့ အလွှတ်ပေးထားရမယ် မနက်ဖြန်တော့.....
သူတွေးသလို ဖြစ်လာမည်ကို စိုးရိမ်ကာ ဟန်စိုင်း မနက်ဖြန်အတွက် ဆက်မစဉ်းစားတော့ဘဲ အိမ်ထဲသို့ ဝင်သွားလိုက်တော့သည်။
“ဒေါ်မြိုင်”
“ဟုတ် သူဌေးလေး”
“ဘာခိုင်းမလို့လဲ သူဌေးလေး”
“ဟိုကလေးမ ဘာစားပြီးသွားပြီလဲ”
“ဘာမှမစားသေးဘူး”
“မနက်စာကောလေ”
“ဟုတ်တယ် မနက်ကနေ အခုထိ ဘာမှကို မစားသေးဘူး”
“ဒေါ်မြိုင်က ခေါ်မကျွေးဘူးလား”
“ကျွေးပါတယ် မစားချင်ဘူးဘဲ အတင်းငြင်းနေလို့”
“ကျစ်..... ဒီကလေးမကတော့လေ”
“အခု ဒေါ်မြိုင် ခေါ်ကျွေးလိုက်ပါ့မယ်”
“ရပြီ ကျွန်တော်ဘဲ ကျွေးလိုက်မယ် ဒေါ်မြိုင် ပြင်ပေးလိုက်”
“ဟုတ်.... ဟုတ်”
ဒေါ်မြိုင်မီးဖိုခန်းထဲမှ ထမင်းနှင့်ဟင်းအား ခူးခပ်ကာ ထည့်ပေးလိုက်ပြီး ဟန်စိုင်းဆီသို့ ယူလာပေးလိုက်သည်။
“ဒီမှာပါ သူဌေးလေး”
“ဟုတ်.... ရေ ရေကော ထည့်ပေးအုံးလေ”
“အော်.... မေ့နေတာ ဒီမှာ ဒီမှာ”
ရေဘူးတစ်ဘူးနှင့် ဖန်ခွက်တစ်ခွက်ပါ ထည့်ပေးလိုက်မှ ဟန်စိုင်းလဲ ခခအခန်းသို့ ဝင်သွားနိုင်တော့သည်။
သူတံခါးလဲ ဖွင့်လိုက်ရော အိပ်ရာပေါ်၌ အိပ်ပျော်နေတဲ့ သူမအား တွေ့လိုက်သည်။
သူမ အိပ်ရာနား လျှောက်သွားလိုက်ပြီး နိုးစက်နာရီလေးအား တစ်ချက်ကြည့်လိုက်သည်။
“၅နာရီ မနက်ကတည်းကစ အခုချိန်ထိ ဘယ်လိုများ အစားမစားဘဲ နေနိုင်ရတာလဲ”
“ဟိတ်.... ကလေးမ ထအုံး”
သူမ ပုခုံးလေးအား လှုပ်နိုးလိုက်မှ သူမလဲ နိုးလာတော့သည်။
“ဘာလဲ ဘာခိုင်းစရာ ရှိသေးလို့လဲ”
“ထမင်းစားမယ် ထ”
“မဆာဘူး”
“ထဆိုထ စားမယ်”
“မဆာပါဘူးဆို”
“ငါနှစ်ခါ မပြောချင်ဘူးနော်.... မငိးငါ့အကြောင်း သိမှာပါ”
သိပါတယ် ရှင်က မရက်စက်တက်ဘဲနဲ့ ရက်စက်ချင်ယောင်ဆောင်နေတဲ့သူ။
သူမ စိတ်ထဲနေ ပြောရင်း နှုတ်ခမ်းကြီးအား မဲ့ပစ်လိုက်သည်။
“စားမှာလား မစားဘူးလား ဒါနောက်ဆုံးမေးတာဘဲ”
သူမ တစ်ကယ်လဲ ဗိုက်အရမ်းဆာနေပြီ ဖြစ်တာကြောင့် မူမနေတော့ဘဲ ခေါင်းငြိမ့်ပြလိုက်သည်။
“ပေး....”
ထမင်းပန်းကလေးလေးအား သူမလက်ထဲသို့ ထည့်ပေးလိုက်သည်။ ခခလဲ ဗိုက်ဆာဆာနှင့် စားလိုက်တာ ခဏလေးနဲ့ပင် အကုန်ကုန်သွားတော့သည်။
“ရော့ရေသောက်အုံး”
သူမဆီသို့ လှမ်းပေးလာတဲ့ ရေခွက်လေးအား သူမမယူရဲဖြစ်နေသည်။
“ရော့ယူလေ ဘာကြောင်ကြည့်နေတာလဲ”
“ဟမ်.... ဟို အဆိပ်တွေ ဘာတွေတော့ မခတ်ထားပါဘူးနော်”
“ငါ သူတစ်ပါးအပေါ် အဆိပ်ခတ်သတ်လောက် ရောက်အောင်ထိ မရက်စက်ဘူး”
“ပြီးတာဘဲ”
ခခလဲ သူ့လက်ထဲ ရေခွက်လေးအား ယူကာ မော့သောက်လိုက်တော့သည်။
“ဆေးကော ဘယ်မှာလဲ”
“ဒီမှာ”
ဟန်စိုင်း သူမလှမ်းပေးလာတဲ့ ဆေးတွေအား သေချာ ကြည့်ကာ ညနေပိုင်းသောက်ရမည့် ဆေးကို အသေအချာ ခွဲပေး၍ သူမလက်ထဲသို့ ထည့်ပေးလိုက်သည်။
“ရော့ သောက်လိုက်”
ဆေးလုံး ခြောက်လုံးအား တစ်ပြိုင်နက် သောက်လိုက်တဲ့ ခခကြောင့် ဟန်စိုင်း အံ့ဩသွားရသည်။
“မင်း အဲ့ဆေးလုံး ခြောက်လုံး လုံးကို တစ်ခါတည်း သောက်နိုင်တယ်ပေါ့”
“ဒါပေါ့... ခခတို့က ငယ်ငယ်ကဆို ဒီထက်များတဲ့ ဆေးဆွေတောင် သောက်ခဲ့ဖူးသေးတယ်.... ဒီလောက်ကတော့ အပျော့ဘဲ”
“အေးပါ.... ဒါဆိုလဲ အိပ်တော့ ငါသွားပြီ”
“အင်း....”
ဟွန်း.... ဒီလူကြီးကလဲ လူတစ်မျိုး လူကို အော်လိုက် ငှောက်လိုက်နဲ့ အခုကြပြန်တော့လဲ သူမဟုတ်တဲ့ အတိုင်းဘဲ ဂရုစိုက်ပေးနေတာကိုမှ မျက်နှာအမျိုးမျိုးနဲ့ အဘိုးကြီး။
ဒီနေ့တော့ စာနည်း"တိုသွားဆယ်ဗျာ တောင်းပန်ပါတယ်။
စာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်။
ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏