“အချစ်သည်ခလေးကြောင့်ဖြစ်သည်”
“ဘိုးတော်ကတော့လေ သေတော့မှာ..... ဟူးးး ငါ့စိတ်တွေ မနည်းလျော့ထားရတယ်”
ခခ ဟန်စိုင်းအား စိတ်ထဲ ကြိမ်းကာ မပြီးဆုံးနိုင်သေးတဲ့ အမှိုက်တွေကို ပြန်ကောက်ဖို့ ခြံထဲ ထွက်လာခဲ့လိုက်ပြန်သည်။
“ဒေါ်မြိုင်”
“သူဌေးလေး ဘာခိုင်းမလို့လဲ”
“ခြံအနောက် ဦးအောင်နိုင် တို့ လင်မယားနဲ့ ကိုအောင်သောင်းတို့ကို အိမ်ကြီးထဲလာဖို့ သွားပြောပေးပါ”
“ဟုတ်”
ဒေါ်မြိုင်လဲ ဟန်စိုင်း အပြောကြောင့် ခြံအနောက်ရှိ ဦးအောင်နိုင် တို့ လင်မယား အလုပ်သမားအား သွားခေါ်လိုက်သည်။
ဂွီ..........
“အလုပ်က ဘယ်လောက်မှ မလုပ်ရသေးဘူး ဗိုက်ကဆာလာပြီ..... ဒီအချိန်ကြီးသွားစားလို့ကတော့ ဟိုဘိုးတော်ကတော့ ငါ့ကိုဆူမှာ အသေအချာဘဲ”
အချိန်အခါမသိ ဆာလာတဲ့ ဗိုက်အား ခခ အပြစ်တင်နေမိသည်။
“ခဏသည်းခံ ဗိုက်လေးရေ ဒီဘက်ခြံကအမှိုက်တွေ ကောက်ပြီးရင် အပြည့်ဖြည့်ပေးမယ်”
သူမဗိုက်လေးအား ပွတ်လိုက်ပြီး အဆာဖြေကာ အမှိုက်တွေအား ဆက်ကောက်နေရပြန်သည်။
“သူဌေးလေး ဦးအောင်နိုင် တို့ ရောက်ပါပြီ”
“အင်း..... ဟို ကလေးမ”
သူ့အသံဟိန်း"ကြီးကြောင့် ခခ မှုန်ကုပ်ကုပ်ဖြင့် လှည့်ကြည့်လိုက်သည်။
“ဘာလဲ”
“ဒီကိုလာခဲ့အုံး”
သူ့ဆီလာခဲ့ဖို့ လက်လှမ်းခေါ်နေတာကြောင့် ခခလဲ မသွားချင်သွားခင်ဖြင့် သွားလိုက်ရသည်။
“ဘာခိုင်းအုံးမလို့လဲ”
“ခိုင်းမလို့ မဟုတ်ဘူး မိတ်ဆက်ပေးမလို့..... ဒါက ဦးအောင်နိုင် ဒီခြံတစ်ခြံလုံးကို သူကစောင့်ရှောက်ပေးတာ ဒါက ဦးအောင်နိုင် ရဲ့ ဇနီး ဒေါ်ဆွေဆွေလှိုင် သူကတော့ ခြံအနောက်က ပန်းရုံကို စောင့်ရှောက်ပေးတယ်..... နောက်ပြီး ဒါက ကိုအောင်သောင်း အိမ်ထဲမှာ လိုအပ်တာတွေနဲ့ ဦးအောင်နိုင်နဲ့အတူ ခြံကို စောင့်ရှောက်ပေးတဲ့သူ.....”
“အော်....”
“ဒါက မိုးမခရှင်းတဲ့ ဒီအိမ်ရဲ့ အလုပ်သမားအသစ်”
“ဟုတ်”
“ဒေါ်မြိုင်ရဲ့ တူမလေးနော် အားလုံး စောင့်ရှောက်ပေးအုံး”
ဒေါ်မြိုင်အပြောကြောင့် အားလုံးက သူမအား ပြုံးပြကာ နှုတ်ဆက်လိုက်ကြသည်။
“သမီးရောက်လာတော့ ဒေါ်မြိုင်ကတော့ သက်သာတော့မယ်”
ဒေါ်ဆွေဆွေလှိုင်ရဲ့ အပြောအား သူမ အပြုံးလေးဖြင့်သာ တုံ့ပြန်လိုက်သည်။
“နောက်ပြီး...... ဒေါ်လှိုင်....”
“ဟုတ်”
“နောက်နေ့ကစပြီ ခြံရှေ့ကို သန့်ရှင်းရေးလုပ်စရာ မလိုတော့ဘူနော်”
“ဟုတ် ဟုတ်”
“ဒေါ်မြိုင်လဲ သန့်ရှင်းရေးကို အောက်ထပ်ဘဲ လုပ်ရင်ရပြီနော်”
“ဟမ်.... ဘာလို့လဲ”
“ဒေါ်မြိုင်တူမ လုပ်မှာ”
“ခြံရှေ့ကိုကောလား”
“ဟုတ်တယ်”
“ဟို များမနေဘူးလား ဒေါ်မြိုင်ခွဲလုပ်ကူပေးလိုက်မယ်လေ”
“ရတယ် ဒေါ်မြိုင် ကျွန်တော် သူ့ကို လုပ်ခိုင်းစေချင်လို့..... နောက်ပြီး..... ဒီနေ့ကစပြီး သူမကို ခိုင်းတာမှန်သမျှ သွားလုပ်ကူတဲ့သူကို ကျွန်တော် အလုပ်မထုတ်ဘဲ အပြစ်ပေးမယ်”
“ဟုတ်”
အားလုံး ခေါင်းတစ်ငြိမ့်ငြိမ့်နှင့်သာ သူ့အပြောတွေအား လက်ခံနေကြသည်။
အသက်အားဖြင့် ၃၀လောက်သာရှိမည့် ထိုလူ၏အပြောတွေအား အသက်၅၀အရွယ်လောက်လူတွေက တစ်ခွန်းမှ ပြန်မပြောဘဲ လက်ခံနေသဖြင့် ခခအလွန်ပင် အံ့ဩနေမိသည်။
ဟန်စိုင်းအား ကြည့်ကာ သူမစိတ်ထဲ မှတ်ချက်ချမိလိုက်တာကတော့ “ဒီလူက ပိုက်ဆံရှိတိုင်း မောက်မာချင်နေတာ သူ့ထက်အဆင့်နိမ့်တဲ့ ငါတို့ကို လာနှိမ်ချင်နေတာ ခင်ဗျားကြီး ခခနဲ့ တွေ့ပြီသာမှတ်”
“ဟိုကလေးမ”
သူမလက်သီးကို ကျစ်ကျစ်ဆုပ်ကာ တစ်ယောက်ထဲ အံ့ကြိတ်နေတုန်း အနောက်ပါးမှ ခေါ်လိုက်တဲ့ အသံကြောင့် လန့်သွားရသည်။
“ဘာလဲ”
“မင်း..... မင်းကိုလဲ ငါပြောထားမယ် ငါ့ကို မခန့်လေးစား လာမလုပ်နဲ့နော် ငါအကြောင်း မင်းကောင်းကောင်းသိသွားစေရမယ်”
“ခခတို့ ဘဝမှာ ကြွက်ကလွှဲလို့ ဘာမှမကြောက်တက်ဘူး..... ဒါကြောင့် လူကို လာခြောက်ဖို့ မစဉ်းစားနဲ့”
သူမပြောပြီးသည်နှင့် ထိုနေရာလေးမှ ဟန်စိုင်းရဲ့ ခွင့်ပြုချက်မယူဘဲ ထွက်လာလိုက်သည်။
“ဟိတ်.... သမီး အော်.... ဒီသမီးလေးနဲ့တော့လေ”
ဒေါ်မြိုင်လဲ သူမနောက်သို့ လိုက်သွားဖို့ ပြင်လိုက်စဉ် ဟန်စိုင်းတားလိုက်သည်။
“နေ... ဒေါ်မြိုင် ကျွန်တော် သူ့ကိုအပြစ်ပေးလိုက်မယ်”
ဆိုကာ မျက်မှောင်ကြီးကြုတ်လျက်ဖြင့် အပေါ်သို့ တက်သွားတဲ့ ဟန်စိုင်းအား ဒေါ်မြိုင်ကြည့်ကာ ခခအတွက် စိတ်ပူနေရတော့သည်။
“ဟူးးး ငါ့နဲ့ တစ်ကယ်ဘဲ စိတ်ညစ်ပါတယ်”
ဒေါ်မြိုင်လဲ စိတ်ညစ်ညစ်နဲ့သာ မီးဖိုခန်းထဲသို့ ဝင်သွားလိုက်သည်။
ကျန်တဲ့သူတွေလဲ ကိုယ့်အလုပ်နဲ့ကို ရှိသေးတာမို့ ထွက်သွားလိုက်ကြသည်။
###################################
“ဒွီ..... ဟယ်လို”
“ဟယ်လို မင်းသန့်လား”
“ဟုတ် ပြောလေ boss ဘာကိစ္စရှိလို့လဲ”
“ငါ့ကို အခုချက်ချင်း တောကြွက် အကောင်နှစ်ဆယ်လာပို့ပေး”
“ဗျာ.... တောကြွက် ကျွန်တော် ဘယ်လိုသွားရှာရမှာလဲ boss”
“မင်းဟာမင်း ကြိုက်သလိုရှာခဲ့ နေ့လယ်မရောက်ခင် ငါ့ကိုလာပို့နိုင်ရင် ရပြီ”
ပြောပြီးသည်နှင့် ဖုန်းတန်းချသွားတဲ့ ဟန်စိုင်းကြောင့် အတွင်းရေးမှူး မင်းသန့်တစ်ယောက် တော်တော်စိတ်ညစ်သွားရသည်။
“မင်းတော့ သေဖို့ ပြင်ထားတော့ ကလေးမ”
ဟန်စိုင်း မဲ့ပြုံးတစ်ချက်ပြုံးကာ ခြံထဲ၌ တံမြတ်စည်းလှဲနေတဲ့ သူမအား ကြည့်နေသည်။
“မုန့်ပေါင်းရမယ် မုန့်ပေါင်းရမယ်”
“ဟင်.... မုန့်ပေါင်း”
ခြံရှေ့က ထွက်လာတဲ့ မုန့်ပေါင်းသည်ရဲ့ အသံကြောင့် ခခတစ်ယောက် ပျော်သွားကာ ခြံတံခါးဝသို့ အပြေးလေးလာခဲ့လိုက်သည်။
“ဒီမှာ အန်တီ မုန့်ပေါင်းသည်”
ခခရဲ့ ခေါ်သံကြောင့် ထိုမုန့်ပေါင်းသည်လဲ ခြံတံခါးဝနားသို့ လာရပ်လိုက်သည်။
“သမီး ဘာလိုချင်လို့လဲ”
“အန်တီ မုန့်ပေါင်းက ဘယ်လိုရောင်းတာလဲဟင်”
“နှစ်ရာဖိုး သုံးရာဖိုးရတယ် သမီးက ဘယ်လောက်ဖိုး လိုချင်တာလဲ”
“သမီးက တစ်ယောက်ထဲစားမှာဆိုတော့ သုံးရာဖိုးဘဲပေးပါတော့”
“ဟုတ်ပြီ”
“အန်တီ အမြန်လေး ထည့်ပေးပါနော်”
“အော် အေအေ”
ဟန်စိုင်း တွေ့သွားမည်ကို စိုးရိမ်တာကြောင့် ခခ မုန့်ပေါင်းလေးအား အမြန်ဝယ်နေရသည်။
သို့ပေမယ့် သူမကံဆိုးသည်ဘဲ ပြောရမလား။
ပိုက်ဆံရှင်းနေတုန်း အနောက်မှ ခေါ်သံကို ကြားလိုက်ရသည်။
“အဲ့မှာ ဘာရပ်လုပ်နေတာလဲ”
“ဟင်.....”
“ဒီမှာ သမီး ပိုက်ဆံအအမ်း”
“အော်.... ဟုတ် ဟုတ်”
“ဟိုအသည် နောက်နေ့ကစပြီး ဒီအိမ်ရှေ့ကို ထပ်မလာနဲ့ ထပ်လာတာတွေ့လို့ကတော့ ခင်ဗျား သေဖို့သာပြင်”
ရုပ်တည်ကြီးနှင့် ပြောလာတဲ့ ဟန်စိုင်းကြောင့် မုန့်ပေါင်းသည်မှာလဲ လန့်လန့်နှင့် အမြန်ထွက်လာခဲ့လိုက်သည်။
“မင်းငါ့အနောက် လိုက်ခဲ့”
“အလုပ်တွေမပြီးသေးဘူး”
“ငါနှစ်ခါ မပြောချင်ဘူး”
ခခလဲ သူ့စကားအား မကြားသလိုနှင့် ဒီတိုင်းသာ ရပ်နေလိုက်သည်။
“တောက်......”
ဟန်စိုင်း ခခကိုယ်အား ပွေ့ချီလိုက်သည်။
“ဟင်..... ဘာလုပ်တာလဲ ခခကိုချပေး”
“ငါက ပါးစပ်နဲ့ပြောလို့မရရင် လက်ပါပါတက်တယ်”
“ဘာဘဲပါပါ အခုချက်ချင်းခခကို အောက်ချပေး”
“မင်းခိုင်းတိုင်း ငါလုပ်ရအောင် ငါမင်းရဲ့ကျွန် မဟုတ်ဘူး”
“အောက်ချပေးလို့”
“မချပေးဘူး”
“အော်လိုက်မှာနော်”
“အော်လေ ဒီခြံမှာ ငါ့ခွင့်ပြုချက်မရဘဲ ဘာတစ်ခုမှ မလုပ်ရဘူး မင်းအော်လို့လဲ မင်းကို အောက်ချပေးလိုက်ဆိုပြီး ဘယ်သူမှ လာပြောမှာ မဟုတ်ဘူး”
“တောက်.....”
“အဟွန့်....”
သူမလဲ ပြောမရသည့်အဆုံး သူချီခေါ်လာရာ အပေါ်ဆုံးအထပ်သို့ ရောက်လာခဲ့သည်။
ထို့နောက် သူ့လက်ဗွေဖြင့် အခန်းကို ဖွင့်လိုက်ပြီး သူမအား အခန်းထဲသို့ ပစ်သွင်းလိုက်သည်။
“ဟိတ်.... ဟိတ်လူ ဒါကဘာလုပ်တာလဲ တံခါးပေါက်ပြန်ဖွင့်ပေး”
“မဖွင့်ဘူး.....”
“ခခ ဘာလုပ်လို့လဲ”
“ကိုယ့်အမှားကိုယ်သိ..... ခဏနေရင် မင်းအတွက် အဖော်လေးတွေ ခေါ်လာခဲ့မယ်”
ပြောပြီးသည်နှင့် ဟန်စိုင်း ထိုအခန်းရှေ့မှ ထွက်လာခဲ့လိုက်သည်။
ဒုန်း.... ဒုန်း.....
“တံခါးဖွင့်ပေး..... အခန်းက မှောင်မဲနေတာဘဲ ခခကြောက်တယ် အဟင့်..... ဖွင့်ပေးပါ ခခတောင်းပန်ပါတာ် တစ်ခြားအပြစ်ပေးပါ ဒီအခန်းကြီးထဲမှာ မပိတ်ပေးထားပါနဲ့ ခခတောင်းပန်ပါတယ် အဟင့်..... ”
သူမ ဘယ်လောက်ဘဲ ငိုယိုပြီးတောင်းပန်နေပါစေ။
ဟန်စိုင်းတစ်ယောက်ကတော့ မကြားပါ။
####################################
“တီ တီ.....”
အတွင်းရေးမှူးမင်းသန့် လာတာအထင်နဲ့ ဟန်စိုင်း ခြံရှေ့သို့ ထွက်လာခဲ့လိုက်သည်။
“မင်းသန့်လဲ မဟုတ်ဘူး ဘယ်သူပါလိမ့်....”
“ဘယ်သူလဲ”
“နေပြည်တော်က ကြီးနန်းလွှတ်လိုက်တာပါ”
“အော်.... အဝတ်ထုတ်လာပို့တာလား”
“ဟုတ်”
“အဲ့နားမှာ ချခဲ့လိုက်”
“ဟုတ်”
ကားဒရိုင်ဘာလဲ ကားနောက်ခန်းမှာ အဝတ်ထုတ်အား ချထားလိုက်ပြီး လက်ထဲမှ အထုပ်တစ်ထုပ်အား ဟန်စိုင်းအား ပေးရန် သူ့အနားသို့ လျှောက်လာခဲ့လိုက်သည်။
“ဘာကိစ္စရှိသေးလို့လဲ”
“ဒီဟာလေး ကြီးနန်းက ပေးခိုင်းလိုက်လို့”
ဟန်စိုင်းလဲ ထိုလူပေးတဲ့ အထုပ်အား ဖွင့်ကြည့်လိုက်သည်။
“ဟင်.... ဆေးကတ်တွေ”
“ဒါဆို ကျွန်တော်ပြန်ပြီနော်”
“အော်... အေအေ”
ဒရိုင်ဘာထွက်သွားသည်နှင့် ဟန်စိုင်း သူ့အမေအား ဖုန်းခေါ်လိုက်သည်။
“ဒွီ..... ဟယ်လို အမေလား”
“အေ ဟုတ်တယ်သား ဘာကိစ္စ”
“အမေပို့လိုက်တဲ့ ဆေးကတ်တွေက ဘာတွေလဲ”
“အော်.... အဲ့ဒါတွေက သမီးခခရဲ့ ဆေးတွေ”
“သူက ဒီလောက်ဆေးတွေ အများကြီး ဘာလုပ်ဖို့ သောက်တာလဲ”
“အဲ့ဒါ စိတ်ကျန်းမာရေးအတွက် သောက်ရတာ”
“ဟင်.... စိတ်ကျန်းမာရေး”
“ဟုတ်တယ် သူ့မှာက စိတ်ဓာတ်ကျလွယ်တဲ့ ရောဂါမျိုးရှိတယ် နောက်ပြီး အမှောင်တို့ မိုးသံတို့ မိုးရေတွေ အဲ့လိုမျိုးတွေကို ကြောက်တာလဲရှိတယ်..... အဲ့ဒါကလဲ ဆရာဝန်ပြောတာကတော့..... ဟယ်လို....”
အမှောင်ဆိုတာ ကြားလိုက်သည်နှင့် ဟန်စိုင်း သူ့အမေစကားတောင် ပြီးအောင်နားမထောင်တော့ဘဲ အပေါ်ထပ် သူမရှိရာစတိုခန်းဆီသို့ အပြေးလေး တက်လာခဲ့လိုက်သည်။
အခန်းရှေ့လဲ ရောက်ရော တံခါးပေါက်အား အမြန်ဖွင့်ကာ ဝင်သွားလိုက်တော့သည်။
တံခါးဖွင့်ဖွင့်ချင်း မီးခလုတ်အား ဖွင့်လိုက်သည်နှင့် သူမြင်လိုက်ရတာက ကြွေပြားပေါ်၌ မေ့လဲနေသည့် သူမ။
မျက်လုံးများမှာလဲ မို့အစ်နေကာ ငိုထားမှန်း သိသာပါသည်။
“ဟိတ် ဟိတ် ကလေးမ ထအုံးလေ ဟိတ်”
ခေါ်လို့မရသည့်အဆုံး သူမကို ပွေ့ချီလိုက်ပြီး အောက်ထပ်သို့ အမြန်ဆင်းလာခဲ့လိုက်သည်။
“ဒေါ်မြိုင် ဒေါ်မြိုင်”
“ဘာခိုင်းမလို့လဲ သူဌေးလေး”
“သွား အခုချက်ချင်း ဒေါက်တာကျော်စွာမိုးကို အိမ်လာခဲ့ဖို့ ဖုန်းဆက်လိုက်”
“ဟုတ် ဟုတ်”
ဟန်စိုင်း သူမကိုယ်လေးအား ချီကာ အခန်းဆီသို့ ဝင်လာခဲ့လိုက်သည်။
“ဟိတ် ကလေးမ သတိထားအုံးလေ”
သူဘယ်လောက်နိုးနိုး သူမကတော့ တုတ်တုတ်မျှ မလှုပ်ပေ။
“ကျွတ်..... ငါလုပ်တာ များသွားလို့လား.... သူတစ်ခုခုများဖြစ်သွားတာလား..... နေပါအုံး ဘာလို့ ငါက သူ့ကို စိတ်ပူနေရတာလဲ ဟူးးးးး”
ခဏကြာတော့ သူတို့ ခေါ်ထားတဲ့ ဒေါက်တာလဲ ရောက်လာခဲ့သည်။
“လူနာက ဘာဖြစ်တာလဲ မသိဘူ”
“အမှောင်ကြောက်တဲ့ ရောဂါရှိလို့ပါ”
“အမှောင်ကြောက်တာ”
“ဟုတ်..... နောက်ပြီး ဒီမှာ သူသောက်တဲ့ ဆေးတွေ”
ဒေါက်တာလဲ ဟန်စိုင်းပေးလာတဲ့ ဆေးတွေအား သေချာကြည့်လိုက်သည်။
“ဒါတွေက အားဆေးတွေနဲ့ စိတ်ကျန်းမာရေးအတွက် အနည်းငယ် ပေးထားတဲ့ ဆေးတွေဘဲ”
“သူ့အခြေအနေ စိုးရိမ်ရလား”
“စိုးရိမ်စရာတော့ မရှိပါဘူး ခဏလန့်ပြီး မေ့လဲသွားရုံဘဲ ခဏနေ ပြန်နိုးလာလိမ့်မယ်.....”
“ဟုတ်”
“ဒေါက်တာ ဆေးပေးထားလိုက်မယ် ဒီဆေးတွေကို မသောက်ခင် ဒေါက်တာပေးတဲ့ ဆေးကို အရင်သောက်ခိုင်းလိုက်နော်”
“ဟုတ်”
“ဒါဆို ဒေါက်တာလဲ ပြန်ပြီ”
“ဟုတ် ဒေါ်မြိုင် ဒေါက်တာကို လိုက်ပို့ပေးလိုက်ပါ”
“ဟုတ် ဟုတ်”
ဒေါ်မြိုင်တို့ ထွက်သွားမှ ဟန်စိုင်း သူမမျက်နှာလေးအား အသေအချာ စိုက်ကြည့်နေတော့သည်။
ရှည်လျားကော့တက်နဲ့ မျက်တောင် အညိုရောင်သမ်းနေတဲ့ မျက်ခုံး နှာတံချွန်ချွန်လေးနှင့် နှင်းဆီဖူးလေးလို နီငုံနေတဲ့ နှုတ်ခမ်းတစ်စုံ။
“ဟာ.... ငါဘာတွေ ရှောက်တွေးနေတာလဲ”
“ဘာတွေ တွေးနေလို့လဲ”
“ဟင်....”
အိပ်ရာပေါ်၌ မေ့လဲနေတဲ့ သူမက ရုတ်တရက်ဆိုသလို နိုးလာသဖြင့် ဟန်စိုင်း လန့်သွားရသည်။
ငါ့အသံများ ကျယ်သွားလို့လား။
“မင်း မင်းနိုးလာပြီပေါ့”
“နိုးလာလို့ စကားပြောနေတာပေါ့ မနိုးလာသေးရင် ရှင်နဲ့ ဘယ်လိုလုပ် စကားပြောနေမှာလဲ”
“မင်း.... အဟင်း..... ငါစိတ်တွေ မနည်းလျော့ထားရတယ် ”
“ဘာလို့ ရှင်က ခခအခန်းထဲ ရောက်နေတာလဲ.... ခိုင်းစရာရှိလို့လား”
“မင်း ဒီလောက်ဖြစ်နေတာ ငါက မင်းကို ဘာခိုင်းရအုံးမှာလဲ”
“ဒီလောက်က ခခတို့အတွက် အပျော့ပါနော် ဒီထက်မှောင်မဲတဲ့ အခန်းထဲမှာတောင် နေခဲ့ဖူးတယ်”
ပြောရင်းဖြင့် မျက်ရည်များ ကျလာတဲ့ သူမကြောင့် ဟန်စိုင်း ခြေမကိုင်မိ လက်မကိုင်မိဖြစ်သွားတော့သည်။
“ဟိတ် ဟိတ် မငိုနဲ့နော် ငါကငိုတာမကြိုက်ဘူး”
“ဘယ်သူက ငိုနေလို့လဲ မျက်ရည်ကျရုံဘဲ”
“မင်းကလေ အိပ်ရာပေါ်လှဲနေရလို့သာပေါ့ နောက်မို့ဆို ငါ့ကိုဘယ်လောက်တောင် ပြန်ပြောနေမလဲ မသိဘူး”
“ရှင် ဘာလို့ ခခကို အခုလိုလုပ်ရတာလဲ”
ရုတ်တရက်ဆိုသလို မေးလာတဲ့ ထိုမေးခွန်းအား ဖြေရန် ဟန်စိုင်းမှာ အဖြေမရှိပေ။
သူမရဲ့ ကတ်ကတ်လန်အောင် ပြန်ပြောတက်တဲ့ အကျင့်ကို အမြင်ကတ်လို့သာ အခုလိုလုပ်လိုက်ရသည်။ သူ့စိတ်ထဲတော့ တစ်စက်မျှ မပါပေ။
“ဖြေအုံးလေ”
“ဘာလို့မှ မဟုတ်ဘူး မင်းကို မုန်းလို့”
“မုန်းရင် ဘာလို့ ခခကို ရှင့်အိမ်ပေါ် ခေါ်တင်ထာေသးလဲ ကြီးကြီးနန်း ရှိတဲ့ နေပြည်တော်ကို ပြန်ပို့ပေးလေ”
“အဲ့လိုလဲ ပို့လို့ မဖြစ်ဘူး ငါမင်းနဲ့ ရှင်းစရာကိစ္စတွေ အများကြီးရှိသေးတယ်.... ဒါကြောင့် မင်း နောက်နေ့ကစပြီး ဘယ်တော့မှ နေပြည်တော်ကိုပြန်မဲ့ ကိစ္စ လာမပြောနဲ့”
“ရှင်က တစ်ကယ့်ကို ရက်စက်တဲ့သူ စာနာစိတ်မရှိတဲ့သူ ငွေရှိတယ်ဆိုပြီး ထင်ရာစိုင်းလုပ်ချင်နေတာ”
“အဲ့တော့”
“ကျွန်မလဲ ရှင့်ကို မုန်းတယ်”
“အဲ့ဒါ မင်းအပိုင်းဘဲ”
နှစ်ယောက်သား စကားပြောနေတုန်း အတွင်းရေးမှူး မင်းသန့် ရောက်လာခဲ့သည်။
“bossဒီမှာပါ”
အနောက်ကနေ ရုတ်တရက်ဝင်လာတဲ့ မင်းသန့်ကြောင့် ဟန်စိုင်းကော ခခကော လန့်သွားရသည်။
“ဟင်..... ကြွက်တွေ ဟိတ်လူ... အဲ့ဒါ ဘာလုပ်တာလဲ အဲ့ကြွက်တွေကို ခခရဲ့အရှေ့ကနေ အမြန်ယူသွားပေးပါ..... တောင်းပန်ပါတယ် ”
လက်အုပ်ချီကာ တောင်းပန်လာတဲ့ သူမကြောင့် ဟန်စိုင်း ထိုကြွက်တွေအား ပြန်ယူသွားဖို့ ပြောလိုက်သည်။
“အဲ့ကြွက်တွေ ပြန်ယူသွားတော့"
“ဗျာ....”
“ဘာဗျာ နေတာလဲ အဲ့ကြွက်တွေ အမြန်ယူသွားတော့လို့”
“ဟုတ် ဟုတ်”
ထိုကြွက်တွေ အပြင်ရောက်သွားမှ ခခလဲ အငိုတိတ်သွားတော့သည်။
သူက ဘာလို့ ကြွက်တွေကို အဲ့လောက်ထိ ကြောက်နေရတာလဲ။
“မင်းအနားယူလိုက်အုံး ငါသွားပြီ”
“အင်း.....”
သူမမျက်နှာလေးအား တစ်ချက်ကြည့်လိုက်ပြီး ဟန်စိုင်း အခန်းအပြင်သို့ ထွက်လာခဲ့လိုက်သည်။
“တောင်းပန်ပါတယ်.....”
လက်အုပ်ချီကာ တောင်းပန်လာတဲ့ သူမပုံရိပ်လေးက ဟန်စိုင်းကို စိတ်ခုစေနေမိသည်။
စာရေးရင်းအိပ်ပျော်သွားလို့ မနေ့က မတင်ပေးလိုက်ရဘူး။ တောင်းပန်ပါတယ်။
ဝါသနာအရရေးတာမို့ အမှားပါရင်ခွင့်လွှတ်ပါ။🙏
စာဖတ်သူတစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။