“အချစ်သည်ခလေးကြောင့်ဖြစ်သည်”
“ကလင် ကလင်.....”
“ဟယ်လို.... ဘယ်သူလဲ”
“သားပါ အမေ”
“အော်.... သား ပြောလေ ဟိုရောက်ပြီလား”
“ဟုတ်”
“ဘယ်နှစ်နာရီလောက်ကရောက်တာလဲ”
“၆နာရီလောက်စ ရောက်တာ”
“အော်.... စောစောစီးစီးရောက်သွားတာဘဲ”
“ဟုတ်.....”
“ဒါနဲ့ သမီးခခလေးကော”
“ထမင်းစားပြီးလို့ အခန်းထဲဝင်သွားပြီ”
“အော်.....”
“ကျွန်တော် အမေ့ကို ပြောစရာရှိလို့”
“ပြောလေ သားရဲ့ ဘာပြောမလို့လဲ”
“ဟိုကလေးမလေ သူ့အမျိုးတစ်ယောက်ကို ပြန်တွေ့သွားပြီ”
“ဟယ်.... ရောက်တာမြှင့် တစ်ရက်တောင် မရှိသေးဘူး အမျိူးတွေကို ပြန်တွေ့တာဆိုတော့ အဲ့အမျိုးက ဘယ်သူပါလိမ့်”
“သားအိမ်မှာ အလုပ်လုပ်တဲ့ ဒေါ်ခင်မြိုင်”
“ဟမ်..... တစ်ကယ်ကြီးလား”
“ဟုတ်တယ် ဆွေမျိုးအရင်းကြီးတော့ မဟုတ်ပေမယ့် ဆွေမျိုးရင်းမခြား ခင်တဲ့သူတွေတဲ့”
“အေးကွယ်.... ကောင်းတာပေါ့..... အဲ့တော့ ခခကဘာတဲ့လဲ အဲ့ဒေါ်မို့င်နဲ့ အတူနေမှာတဲ့လား”
“ဒေါ်မြိုင်ကတော့ သူ့ကို စောင့်ရှောက်ပေးချင်လို့ သူနဲ့အတူနေဖို့ ပြောနေတာဘဲ.... ဒါပေမယ့် သူကတော့ အမေ့ကို စိတ်မချလို့ ထင်တယ် သိပ်မနေချင်ရှာဘူး.... အဲ့ဒါ.....”
“အင်း....”
“အမေကူပြောပေးမှ ရမယ်ထင်တယ်”
“ဒါပေါ့ ဒါပေါ့ အမေကူပြောပေးရမှာပေါ့..... အခု သမီးအိပ်သွားပြီလား”
“မအိပ်သေးဘူးထင်တယ်”
“ဒါဆို သမီးကို ဖုန်းသွားပေးလိုက် အမေပြောပေးမယ်”
“ဟုတ် ခဏနော် အမေ”
“အေးအေး”
ဟန်စိုင်း ဖုန်းလေးကိုင်ကာ အောက်ထပ်ရှိ သူမအခန်းရှိရာသို့ ဆင်းလာလိုက်သည်။
အခန်းရှေ့ရောက်တော့ ဟန်စိုင်း တံခါးမခေါက်ဘဲ ဝင်သွားလိုက်တော့သည်။
“ဟင်.... ရှင်..... သွား....”
တိုက်တိုက်ဆိုင်ဆိုင် သူမအဝတ်လဲမည့်အချိန်မှ သူအခန်းထဲသို့ ဝင်သွားလိုက်မိသည်။
“ဆောရီး ဆောရီး..... ဒီမှာ အမေက မင်းကိုဖုန်းေပြာချင်လို့တဲ့”
“အွန်း..... ပေးဖုန်း”
ဟန်စိုင်း သူမလက်ထဲသို့ ဖုန်းအား ကမ်းပေးလိုက်သည်။
“ဟယ်လို ကြီးကြီးနန်း”
“အေး.... သမီးခခ”
“ဟုတ်”
“ကြီးကြီးနန်း ပြောစရာရှိလို့”
“ဟုတ် ပြောလေ ကြီးကြီးနန်း”
“ဒေါ်မြိုင် သမီးကိုသူနဲ့အတူခေါ်ထားချင်တယ်ဆို”
“အင်း.... ဟုတ်တယ် ကြီးကြီးနန်း”
“သမီးကကော ဒေါ်မြိုင်နဲ့ အတူနေချင်လား”
“နေချပါတယ်..... ဒါပေမယ့်.....”
“ဒါပေမယ့်တွေ လုပ်မနေနဲ့ သမီးရဲ့ ..... သမီးမှာ ဆွေမျိုးအရင်းလိုခင်ရတာဆိုလို့ ဒေါ်မြိုင်တစ်ယောက်ဘဲ ရှိတော့တာလေ မဟုတ်လား”
“ဟုတ်”
“ဟိုကတောင် ဆွေမျိုးမတော်ဘဲ သမီးကို စောင့်ရှောက်ချင်ပါတယ်ဆို..... အဲ့တော့ သမီးက ဘာကိုငြင်းနေအုံးမှာလဲ”
“သမီး မငြင်းပါဘူး သမီးက ကြီးကြီးနန်းကို စိတ်ပူလို့ပါ သမမရှိတော့ ကြီးကြီးနန်းကို ဘယ်သူက သီချင်းဆိုပြမှာလဲ”
“ကြီးကြီးနန်း သီချင်းနားထောင်ချင်လာရင် သမီးလေးကို ဖုန်းဆက်လိုက်မှာပေါ့ကွယ်.... ဘာခက်တာမှတ်လို့”
“ဟုတ်...”
“ကြီးကြီးနန်းကို ဘာမှစိတ်မပူနဲ့နော်.... သမီးသာ ဒေါ်မြိုင်ကို သေချာဂရုစိုက်ပေး... လိုအပ်တာရှိရင် ကြီးကြီးနန်းကို ဖုန်းဆက် ဟုတ်ပြီလား”
“ဟုတ်”
“အဝတ်တွေ ဘာတွေက အကုန်ယူသွားရဲ့လား”
“မယူရသေးဘူး”
“ဒါဆို ကြီးကြီးနန်း ဒီကနေလူတစ်ယောက်ကို သမီးအဝတ်တွေ သွားပို့ပေးဖို့ လွှတ်လိုက်မယ်”
“ဟုတ်”
“အခုလောလောဆယ်တော့ ဝတ်စရာရှိတယ်မလား”
“ဟုတ် ရှိပါတယ်”
“ဟုတ်ပြီ.... ဒါဆို ကြီးကြီးနန်း ဖုန်းချတော့မယ် သမီးလဲအိပ်ချင်ရောပေါ့”
“ရပါတယ်”
“အင်းပါ……ကျန်းမာရေးဂရုစိုက်နော် အဲ့ဘက်ကရာသီဥတုက အေးတယ်.....နောက်ပြီး ပတ်ဝန်းကျင်လူတွေနဲ့လည်း အဆင်ပြေ တည့်အောင်ပေါင်းနော် လူမှုရေးကောင်းဖို့က အရေးကြီးဆုံးဘဲ ”
“ဟုတ်... ကြီးကြီးနန်းလဲ ကျန်းမာရေးဂရုစိုက်နော်”
“အေးပါကွယ် ဒါဆို ကြီးကြီး ဖုန်းချပြီနော်”
“ဟုတ်”
“မနက်ဖြန်သမီးအဝတ်တွေလာပို့ခိုက်းလိုက်မယ်”
“ဟုတ်”
“ဒါဆို ကြီးကြီး ဖုန်းချပြီ”
“ဟုတ်ကဲ့ ကြီးကြီး”
တစ်ဖက်မှ ဖုန်းချသွားသည့်နှင့် ခခလည်း ဟန်စိုင်းလက်ထဲသို့ သူ့ဖုန်းအား ချက်ချင်းပြန်ပေးလိုက်သည်။
“ရော့....”
“မင်းက ဒီနေ့ကစပြီး ဒီအိမ်ရဲ့ အလုပ်သမား ဖြစ်သွားပြီ အမေ့အိမ်မှာ မင်းဘယ်လိုအာဏာရခဲ့လဲ ငါမသိဘူး ဒါပေမယ့် ဒီအိမ်မှာတော့ အဲ့လို လာမလုပ်နဲ့ ဒီအိမ်မှာ အလုပ်သမား ၅ယောက်ဘဲရှိတယ် အားလုံးက မင့်ထက် အသက်ကြီးတဲ့ သူတွေဘဲ..... ဒါကြောင့် မင့်အာဏာတွေကို ဒီမှာလာထုတ်ဖို့တော့ မကြိုးစားနဲ့နော်.....”
“ဟွန့်....”
“နောက်ပြီး.... မင်းမနက်ဖြန်ကစပြီး မနက်၅နာရီ အိပ်ရာထရမယ်”
“ဘာ.... မစောလွန်းဘူးလား ကြီးကြီးနန်းအိမ်မှာတောင်....”
“အမေ့အိမ်မှာ မင်းဘယ်လိုနေခဲ့" အခု ဒါက ငါ့အိမ်.... ငါ့အိမ်မှာ မင်းနေမှာ ဖြစ်တဲ့အတွက် ငါအုပ်ချုပ်မှု ငါ့စည်းကမ်းအောက်မှာဘဲ နေရမယ်”
“ကျွတ်.... စိတ်ညစ်လိုက်တာ”
“မင်းလုပ်ရမဲ့ အလုပ်ကို ငါပြောပြမယ်.... မင်းမနက်၅နာရီထိုးတာနဲ့ အိပ်ရာက ထမယ် လုပ်စရာရှိတာလုပ်ပြီးရင် ခြံထဲမှာ အမှိုက်တစ်မိုက် သစ်ရွက်တစ်စမှ မကျန်အောင် မင်းတံမြက်စည်းလှဲရမယ်....”
“အဲ့လောက်ခြံ အကျယ်ကြီးကို ခခတစ်ယောက်ထဲ တံမြက်စည်းလှဲရမယ် ဟုတ်လား”
“ဟုတ်တယ်လေ ဘာဖြစ်လို့လဲ”
“အဲ့လောက်ခြံအကျယ်ကြီးကို ခခတစ်ယောက်ထဲ ဘယ်လိုလုပ်လဲနိုင်မှာလဲ”
“မင်းဟာမင်း လှဲချင်သလိုလှဲ ခြံထဲမှာ အမှိုက်မရှိဖို့က အရေးကြီးဆုံးဘဲ..... ဘယ်သူ့ကိုမှ ကူခိုင်းမယ် မတွေးနဲ့နော် မင်းတစ်ယောက်ထဲလုပ်ရမှာ.....”
ဟန်စိုင်း အပြောတွေအား ခခတစ်ယောက် မျက်နှာကြီး မှုန်ကုပ်လျက်ဖြင့် နားထောင်နေရသည်။
“နောက်ပြီး.....”
“ကျန်သေးတာလား”
“ကျန်သေးတယ် ဒုတိယထပ်နဲ့ တတိယထပ်ကို မင်းသန့်ရှင်းရေးလုပ်ရမယ်”
“ဘာ.....”
“တတိယထပ်က လူမနေတော့ အဲ့လောက်ထိ နညစ်ပတ်ပါဘူး ဖုန်လေး နည်းနည်းပါးပါး သုတ်ရုံဘဲ”
“ပြီးပြီလား”
“မပြီးသေးဘူး”
“ဘာကျန်သေးတာလဲ”
“ငါ့အခန်းကော သန့်ရှင်းရေးလုပ်ရမယ်..... ငါက မနက်၆နာရီဆို အိပ်ရာထပြီ..... အိပ်ရာထပြီးရင် ငါကရေတန်းချိုးတယ်..... မင်းက ငါရေချိုးနေတုန်း ငါကမ္ပဏီသွားရင် ဝတ်ဖို့ ဝတ်စုံတစ်စုံကို ငါ့ကုတင်ပေါ်အဆင့်သင့်ဖြစ်အောင် တင်ထားရမယ်..... ငါက ညနေ၄ခွဲဆို အိမ်ပြန်ပြီ အဲ့အချိန်ကြရင်တော့ တစ်ခြံလုံး လိုက်ပတ်ကြည့်မယ် အမှိုက်တစ်မိုက်တွေ့ရင်တော့ မင်းကိုအပြစ်ပေးမယ်”
“ဒါကတော့ ရှင်လွန်လွန်းတယ်လို့ မထင်ဘူးလား....”
“မလွန်လွန်းပါဘူး လိုတောင်လိုနေသေးတယ်”
“ဒီလောက်ခြံကျယ်ကြီးကို အမှိုက်တစ်မှိုက်မှ မကျန်အောင် သန့်ရှင်းရေးလုပ်ရမှာဆိုတာ ဘာ်လိုလုပ်ဖြစ်နိုင်မှာလဲ အနည်းနဲ့အများတော့ အမှိုက် နည်းနည်းပါးပါးတော့ ရှိမှာဘဲလေ”
“အဲ့ဒါ မင်းအပိုင်းလေ”
“ရှင့်ကို ကြီးကြီးနန်းနဲ့ တိုင်ပြောမယ်.... ပြီးတော့ ခခဒီမှာ မနေတော့ဘူ မနက်ဖြန် အဝတ်တွေလာပို့ရင် တစ်ခါတည်းလိုက်သွားမှာ”
“မင်းလုပ်ရဲရင် လုပ်ကြည့်လိုက်လေ မင်းအစ်ကို မိုးရန်ရှင်းခရဲ့ အသက်က မင်းလက်ထဲမှာနော် ကလေးမ”
“ဘာ.... မိုးရန်ရှင်းခ”
ထိုနာမည်ကို မကြားတာ ကြာခဲ့ပြီဖြစ်တဲ့အတွက် ရုတ်တရက်ကြားလိုက်ရတဲ့ ဆိုရင်ဖြင့် စိတ်ထဲ အလိုလို ဒေါသထွက်လာခဲ့ရသည်။
“သူ့ဘာသူ ဘာဖြစ်ဖြစ် ခခစိတ်မဝင်စားဘူး ခခမနက်ဖြန်ပြန်မယ်”
“သေချာစဉ်းစားနော်..... မင်းဒီမြို့က မဟုတ်ဘူး ဒီခြံအပြင်လေးကိုတောင် ထွက်ဖို့မစဉ်းစားလိုက်နဲ့..... မင်းထွက်ပြေးသွားတဲ့ အဲ့နေ့ မင်းအဒေါ် ဒေါ်မြိုင်နဲ့ မင်းအစ်ကို မိုးရန်ရှင်းတို့ရဲ့ အလောင်း မင်းအရှေ့ကို ရောက်လာစေရမယ်”
“ဘာလို့လဲ..... ကြီးကြီးနန်းအရှေ့မှာကြတော့ တစ်မျိုး ဒီမှာကြတော့ တစ်မျိုး.... ဘာခို့အဲ့လိုအမျိုးမျိုး လုပ်နေတာလဲ နောက်ပြီး ဘာလို့ ခခကိုမှလဲ ခခရှင့်ကို ဘာလုပ်ထားလို့လဲ”
“နောက်တော့ သိမှာပေါ့..... ငါသွားပြီ ငါပြောထားတာတွေ တစ်ခုမှ မမေ့နဲ့နော်”
ဟန်စိုင်းထွက်သွားလိုက်သည်နှင့် ခခတစ်ယောက် မျက်ရည်များဝဲတက်လာသည်။
“ဘာလို့လဲ.... ဒီလူနဲ့ ငါနဲ့ ဘာရန်ညိုးတွေ ရှိလို့လဲ ဘာလို့ ငါ့ကိုမှလဲ.....”
“ဂျိမ်း.... ဂလုန်း....”
သူမ တစ်ယောက်ထဲ စကားတွေပြောနေတုန်း ကြားလိုက်ရတဲ့ အသံကြောင့် သူမအနည်းငယ်ပျော်သွားကာ အခန်းပြတင်းပေါက်ဆီ ထွက်ကြည့်လိုက်သည်။
“မိုးရွာလာပြီ အဟွန်း.....”
သူမဆိုတာမိုးရေတွေကို အရမ်းမုန်းတဲ့ သူပါ။ ဒါပေမယ့် အခုတော့ မနက်ဖြန်မနက်ထိ မိုးရွာနေရင် ခြံထဲမှာ တံမြက်စည်းမလှဲရတော့ဘူ ဆိုတဲ့အသိနဲ့ စိတ်ထဲ အရူးတစ်ယောက်လို ပျော်နေမိသည်။
“ကောင်းတယ် များများရွာ.... ဟွန်း..... အရှင်ဘုရား ဟိုဘိုးတော်ကြီး အသက်ရှည်လို့ ကျန်းမားပါစေ..... ခင်ဗျားကို ဒီနေ့ကစပြီး ခခက အမြဲတမ်း မေတ္တာပို့ပေးမှာ စိတ်ချ..... ဟူးးးးး အခုတော့ အိပ်ရမယ် မနက်အစောကြီး ထရအုံးမယ် ”
သူမစိတ်ထဲ ဘာကိုမှ မတွေးတော့ဘဲ အိပ်ပစ်လိုက်သည်။
####################################
“ကလင် ကလင် ကလင်”
“ဟာ..... ကျွတ်....”
အိပ်ရာဘေးနား၌ အဆက်မပြက် မြည်နေတဲ့ နာရီနှိုးစက်လေးအား ထပိတ်လိုက်ကာ ခခတစ်ယောက် အိပ်ရာမှထလာခဲ့သည်။
“ဝါး.... ဟူးးးး ဘယ်လိုဝဋ်တွေပါလိမ့် ”
အိမ်ရာမှ အမြန်ထလိုက်ပြီး တီရှပ်အဝါလေးနှင့် ချည်သား ဘောင်းဘီ အနက်လေးကို ဝတ်ကာ မျက်နှာသစ်သွားတိုက်ပြီး ခြံထဲသို့ ထွက်လာခဲ့လိုက်သည်။
“ဘာလို့ မိုးကမရွာတော့တာပါလိမ့်”
မနက်၅နာရီဆိုတာ မှောင်နေသေးတာ ဖြစ်တဲ့ အတွက် ပတ်ဝန်းကျင်ကို သူမကောင်းကောင်းမမြင်ရပေ။ သို့ပေမယ့် ကောင်းကင်ထက်သို့ ကြည့်လိုက်တော့ နေရောင်ခြည် တစ်ချို့ကို တိမ်တွေကြားမှ အနည်းငယ် မြင်လိုက်ရသည်။
“သေလိုက်ပါတော့ မနက်ထိ မိုးရွာမယ်ထင်ထားတာ အခုတော့ နေတောင်ပြန်ပူတော့မယ့်ပုံဘဲ..... ကျွတ်.... အမှိုက်တွေကလဲအများကြီး”
မနေ့ညက မိုးရွာပြီးလေတိုက်ထားတဲ့ အရှိန်ကြောင့် သစ်ရွက်ခြောက်တွေမှာ အရင်ကထက် ပို၍များနေသည်။
“ဟိုဘိုးတော်ကတော့ တော်တော်ပျော်နေတော့မှာဘဲ..... ”
သူမပြောရင်းနဲ့ပင် အမှိုက်တွေ လိုက်ကောက်ဖို့ ပြင်လိုက်သည်။
အမှိုက်တွေ ကောက်နေရင်းဖြင့် မနေ့ညက ဟန်စိုင်း ပြောခဲ့သည့် စကားများကိုလဲ သူမစဉ်းစားနေသေးသည်။
နာရီဝက်လောက်အမှိုက်ကောက်ပြီးတော့ သူမအား ခေါ်လိုက်သည့် အသံကြောင့် လှည့်ကြည့်လိုက်သည်။
“ဟိုကလေးမ”
ဒါဟန်စိုင်း အသံမှန်း သူမတန်းသိပါသည်။ ဒါကြောင့်လဲ မှုန်ကုပ်ကုပ်ဖြင့် လှည့်ကြည့်လိုက်တော့ ဘယ်သူမှ ရှိမနေပေ။
“ဟင်.... ခဏကငါ့ကို ခေါ်လိုက်တယ်မဟုတ်လား”
“ဟိုကလေးမ ငါဒီမှာ”
ပတ်ပတ်လည်ကို လိုက်ရှာကြည့်နေပေမယ့် သူမမတွေ့ပေ။
“ငါအပေါ်ထပ်က ဝရံတာမှာ”
ထိုအချိန်မှ သူမ အပေါ်ထပ် ဝရံတာသို့ ကြည့်လိုက်သည်။
“ဟင်..... ရှင်”
အပေါ်ပိုင်း ဗလာကျင်းဖြင့် ဝရံတာကနေ သူမအား အော်ခေါ်နေတဲ့ ဟန်စိုင်း။
“ဘယ်နှစ်နာရီရှိနေပြီလဲ..... မင်းငါ့အတွက် အင်္ကျီထုတ်ပေးထားရမယ်ဆိုတာ မေ့သွားပြီလား”
“ဟင်..... ဟုတ်သားဘဲ..... လာပြီ လာပြီ”
သူမ ကောက်နေလက်စ အမှိုက်တွေအား အမှိုက်တောင်းလေးထဲသို့ ပစ်ထည့်လိုက်ပြီး အပြေးလေးဖြင့် အပေါ်ထပ်သို့ တက်လာခဲ့လိုက်သည်။
“ဒေါက် ဒေါက်.... ခခ ဝင်လာပြီ”
တံခါးလဲ ဖွင့်လိုက်ရော အိပ်ရာပေါ်၌ အပေါ်ပိုင်း ဗလာနှင့် ပြန်ထိုင်နေပြန်တဲ့ ဟန်စိုင်း။
“အား.... ရှင် ဘာလို့ ဘာမှ မဝတ်ထားတာလဲ”
“ငါကဘာသွားဝတ်ရမှာလဲ မင်းမှ အင်္ကျီ မထုတ်ထားတာ”
“အော်.... ဟုတ်သားဘဲ ဒါပေမယ့်လဲ ရှင်တစ်ခုခုတော့ ဝတ်ထားသင့်တာပေါ့”
“ဘာလို့လဲ”
“ဒီလိုကြီးက အမြင်မသင့်ဘူးလေ”
“အမြင့်သင့်တာ မသင့်တာ မင်းအပူပါလား”
“ဒါပေမယ့် ခခ မြင်နေရတယ်လေ”
“မကြည့်နဲ့ပေါ့”
“ကျွတ်.....”
“ဟိတ် ဟိတ်....”
“ဘာလဲ”
“သွား မင်လက်အရင်သွားဆေးအုံး ပြီးမှ ငါ့အင်္ကျီလာထုတ်”
“ဟွန်း.... လာတုန်းကဆေးခဲ့ပြီးသားပါ”
“ပြောင်လားမပြောင်လားမှ မသိနိုင်တာ.... နောက်တစ်ခါပြန်သွားဆေး”
သူစိတ်တိုတိုနှင့်သာ လက်ပြန်ဆေးလိုက်ပြီး ဟန်စိုင်းအတွက် ဝတ်စုံတစ်စုံ ထုတ်ပြီး သူ့အားပေးလိုက်သည်။
“ရော့ ပြီးပြီမလား”
“မပြီးသေးဘူး”
“ဘာလုပ်ရအုံးမှာလဲ”
“ငါ့ကို အင်္ကျီလာဝတ်ပေးအုံး”
“ဘာ.... ရှင်အင်္ကျီ လေးတောင် မဝတ်တက်ဘူးလား”
“မဝတ်တက်ဘူး ဒါကြောင့် လာဝတ်ပေး.....”
“မဝတ်ပေးဘူး....”
“ဘာပြောတယ် မဝတ်ပေးဘူး ဟုတ်လား ရတယ်လေ..... ဒေါ်မြိုင်ကို သွားပြောလိုက် အလုပ်ထွက်ဖို့ပြင်တော့”
“ဘာဆိုင်လို့လဲ”
“ငါပြောပြီးပြီလေ မင်းမမှတ်ထားဘူးထင်တယ်”
“အဲ့ဒါက ခခဒီခြံအပြင်ကနေ ထွက်ရင်လေ”
“ဒါဆို ငါအခုပြန်ပြောမယ်..... ငါခိုင်းတာ မှန်သမျှ ငြင်းဖို့ မစဉ်စားလိုက်နဲ့.... မင်းငြင်းလိုက်ပြီဆိုတာနဲ့ မင်းအဒေါ်ကို ဒီအိမ်မှာ ထပ်တွေ့ရမယ်မထင်နဲ့”
သူမ ဘာမှ ထပ်မပြောတော့ဘဲ ဟန်စိုင်းအား အင်္ကျီဝတ်ပေးဖို့ ပြင်လိုက်သည်။
“ကျွန်မ ရှင့်အရပ်မမှီဘူး အောက်နည်းနည်းငုံ့”
“မှီအောင်လုပ် ငါကတော့ မငုံ့ပေးနိုင်ဘူး”
“ရှင် ဘာလို့ ဒီလောက် ကပ်သီးကပ်သပ် နိုင်ရတာလဲ”
“မတက်နိုင်ဘူး ဒါက ငါ့အကျင့်ဖြစ်နေပြီ”
“ရတယ်လေ”
ခခ စိတ်မရှည်ကာ ဟန်စိုင်း ကုတင်ပေါ်သို့ တက်လိုက်ပြီး သူ့အား အင်္ကျီ ဝတ်ပေးလိုက်သည်။
မင်းကမလွယ်စိန်ဘဲ။
အင်္ကျီသာ ဝတ်ပြီးသွားတာ ကျယ်သီးက အခုချိန်ထိ မတပ်ရသေး။
“ဟို.... ကျယ်သီးကတော့ ကိုယ့်ဟာကို တပ်လိုက်တော့”
ဆိုကာ ခခအောက်ပြန်ဆင်းဖို့ ပြင်လိုက်စဉ် သူမလက်အား ဟန်စိုင်း ဆွဲလိုက်သည်။
“ဘာလို့လဲ ငါ့ကို မင်းစိုက်ကြည့်ဖို့ မပြောနဲ့ ထိတောင်မထိရဲဘူး ထင်တယ်”
“ဘယ်သူက မထိရဲလို့လဲ ရှင်ခန္ဓာကိုယ်ကြီးကို ရွှံလိူ့ မထိချင်လို့ မထိတာ ရှင်းပြီလား ဖယ်.... ကျွန်မ လက်ကိုလွှတ်”
“ဘာလုပ်မလို့လဲ”
“အင်္ကျီ ကျယ်သီး တွယ်ပေးမလို့လေ ရှင့်က ရှင့်ကိုယ်ရှင် သိပ်အထင်ကြီးနေတာ....”
ပြောရင်း ဆိုရင်း သူ့အင်္ကျီ ကျယ်သီးတွေအား ခပ်မြန်မြန်တွယ်ပေးလိုက်သည်။
“ပြီးပြီ အခုတော့ ကျွန်မသွားလို့ ရပြီမလား”
“အင်း.... အော်.... နေအုံး”
တံခါးလော့ကို ကိုင်နေတုန်း အနောက်မှ ခေါ်သံကြောင့် ခခ စိတ်ကိုမနည်း လျော့လိုက်ရပြီး လှည့်လာခဲ့လိုက်သည် ။
“ဘာပြန်ခိုင်းအုံးမှာလဲ”
“ခိုင်းမလို့ မဟုတ်ဘူး ပြောစရာရှိလိူ့”
“ပြော”
“မင်းငါ့ကို တစ်ရှင်ရှင်နဲ့ မခေါ်နဲ့”
“ဒါဆို ဘယ်လိုခေါ်ရမှာလဲ”
“သူဌေးလေး ဒါမှမဟုတ် သခင်လေးပေါ့”
“အဲ့မှာ အိမ်မက် မက်နေလိုက်”
“ဘာ....”
ပြောလဲပြီးရော တစ်ခါတဘ်း ထွက်သွားတဲ့ သူမကြောင့် ဟန်စိုင်း အတော် ဒေါသထွက်သွားရသည်။
“ကလေးမ မင်းတော့သေတော့မယ်”
ဟန်စိုင်းလဲ စိတ်ကို မနည်းပြန်လျော့လိုက်ရသည်။
စာဖတ်သူတစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။
ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏