“အချစ်သည်ခလေးကြောင့်ဖြစ်သည်”
“ကလင် ကလင်....”
“ဟယ်လို....”
“အစ်ကိုလား.... မိုးမခရှင်းပါ”
“ဟင်.... ညီမလေး.... ထူးထူးဆန်းဆန်းပါလား...”
“အွန်း.... ခခကို ဦးတို့.... မဟုတ်သေးဘူး စိုင်းဦးဟန်တို့ အိမ်လမ်းထိပ်မှာ လာကြိုပေးပါလား”
“အေအေ အစ်ကိုအခုချက်ချင်းလာခဲ့မယ်နော်.... ဒါနဲ့.... စိုင်းဦးဟန်နဲ့က ဘာဖြစ်လို့လဲ”
“အိမ်ရောက်တော့ ပြောပြပါမယ် အခုလောလောဆယ်အမြန်လာကြိုပေးပါ”
“ဟုတ်ပြီ ဟုတ်ပီု အစ်ကိုအခုချက်ချင်းလာပြီ”
ရှင်းခ သူကိုယ်တိုင်ကားကိုအမြန်မောင်းကာ ဟန်စိုင်းတို့အိမ်လမ်းထိပ်သို့ ထွက်လာခဲ့လိုက်သည်။
ခဏကြာတော့ လမ်းထိပ်သို့ ရောက်လာခဲ့သည်။
“ညီမလေး”
ခခ မှိုင်တိုင်တိုင်နှင့် ငုတ်တုတ်လေးထိုင်နေရာမှ အစ်ကိုဖြစ်သူအား မော့ကြည့်လိုက်သည်။
“ဟင်.... ငိုနေတာလား”
အခုလိုပြောလာမှ ခခပိုငိုလာတော့သည်။
ရှင်းခ ညီမဖြစ်သူနားအား အပြေးလေးသွားလိုက်ပြီး သူမကိုယ်လေးအား ပွေ့ဖက်ထားလိုက်သည်။
“ဘာလို့ငိုနေရတာလဲ ညီမလေးရယ်... မငိုနဲ့တော့နော် တိတ်တိတ်.... လာ အစ်ကိုတို့အိမ်ပြန်ရအောင်”
ရှင်းခ အဝတ်ထုတ်တွေအားကားပေါ်တင်လိုက်ပြီး ခခကိုပါခေါ်ကာ သူတို့အိမ်ရှိရာဆီသို့မောင်းလာခဲ့လိုက်သည်။
တစ်လမ်းလုံး စကားတစ်ခွန်းမှမပြောဘဲ ကားပြတင်းပေါက်ကနေ အပြင်သို့ ငေးကာ လိုက်ပါလာတဲ့ ညီမဖြစ်သူကြောင့် ရှင်းခစိတ်ပူနေရသည်။
အိမ်ရောက်ရင်တော့ မေးရမယ်။
###############
“သမီး သမီး သမီးသဇင်ဖူးပွင့်”
ရေချိုးနေတာကို အပြင်ကနေအသံကျယ်ကျယ်ဖြင့် လှမ်းခေါ်နေတဲ့ အမေဖြစ်သူကြောင့် ဖူးပွင့် စိတ်အနည်းငယ်ညစ်သွားရသည်။
“သမီးရေချိုးနေတယ် အမေရဲ့ ဘာကိစ္စရှိလို့လဲ”
“ဒါဆိုလဲ အမြန်ချိူး.... အမေအရေးကြီးပြောစရာရှိလို့”
“ဟုတ်”
ဖူးပွင့် ရေကိုအမြန်အဆန်ချိုးလိုက်ပြီး ခဏကြာတော့ ထွက်လာခဲ့လိုက်သည်။
“ပြောအမေ ဘာကိစ္စလဲ”
“ဒေါ်နန်းခင်ခင် ဆုံးပြီတဲ့”
“ဟင်.... ဘယ်လိုလုပ်”
“မနက်က နန်းဝေဝေအမေ့ကို ဖုန်းဆက်တယ်.... သားစိုင်းက သူ့အမေဆုံးသွားတာ ဟိုပလေးမကြောင့်ဆိုပြီး အထင်လွှဲနေတာ... တစ်ကယ်တော့ အဲ့တာနန်းဝေဝေကြောင့်တဲ့”
“ဟင်.... ဒါဆို ဒီကိစ္စအမှန်ကိုသာ အစိုင်းသိသွားရင် သမီးတို့ကိုလည်း ပြဿနာလာရှာမှာေပါ့”
“ဟုတ်တယ်..... နန်းဝေကသူတစ်ယောက်ထဲတော့ ခေါင်းခံမှာမဟုတ်ဘူး အမေတို့ကိုပါ ပြဿနာရှာမှာ”
“ဒါဆိုဘယ်လိုလုပ်ကြမလဲ”
ဒေါ်သဇင်ဖြူ ခဏတာငိုင်သွားပြီးနောက် ကိစ္စတစ်ခုအားသတိရမိသွားသည်။
“သမီး...”
“ရှင်”
“အမေ့မိတ်ဆွေတစ်ယောက်က သူ့သားနဲ့သမီးနဲ့ကို နေရာချထားပေးဖို့ပြောနေတယ် အဲ့ဒါ.....”
“ဟင့်အင်း..... သမီးသဘောမတူဘူးနော်”
“သဘောမတူလို့မရဘူး သမီး သူကအမေရိကမှာနေတာ.... သမီးသာ သူ့ကိုယူလိုက်ရင် သူဌေးကတော်လဲဖြစ်မယ် အမေရိကကိုလည်း အမေနဲ့အတူသွားရမယ်.... ဒါဆို ဒီကကိစ္စတွေအားလုံးကို အမေတို့ရှင်းစရာမလိုတော့ဘူ”
“ဘယ်လိုဘဲဖြစ်ဖြစ် မရဘူး သမီးလုံးဝသဘောမတူနိုင်ဘူး”
“ဘာလို့လဲ သမီးမှာချစ်ရမဲ့သူရှိနေပြီမို့လို့လား”
“မရှိဘူး...”
“ဒါဆို ဘာလို့သဘောမတူနိုင်ရတာလဲ”
“ဘယ်လိုဘဲနေနေ သမီးလုံးဝသဘောမတူနိုင်ဘူး”
ဖူးပွင့်ပြောပြီးသည်နှင့် အိမ်ထဲမှ ထွက်လာခဲ့လိုက်တော့သည်။
#############
“ဘာ.... ဒါဆိုရင် စိုင်းဦးဟန်က ညီမလေးကို အထင်လွှဲပြီး အခုလို သူ့အိမ်ကနေနှင်ချတာပေါ့”
“အွန်း.... အဟင့်.... အခုဆို ကြီးနန်းရဲ့ နောက်ဆုံးခရီးတောင်မလိုက်ပို့နိုင်တော့ဘူ”
“ဘာမှမဖြစ်ပါဘူး ညီမလေးရယ်”
သူမ အစ်ကိုဖြစ်သူမိုးရန်ရှင်းခရဲ့ ရင်ခွင်ထဲသို့ဝင်ကာ ငိုနေလေတော့သည်။
#######
“ကလင် ကလင်....”
“ထူးထူးဆန်းဆန်းပါလား အစ်သဇင်ဖူးပွင့်”
“စကားများမနေနဲ့ ပြောစရာရှိတယ် ဆိုင်ကိုလာခဲ့ပေး”
“အခုဟာက လူကိုလာဖို့အမိန့်ပေးနေတာလား ဒါမှမဟုတ် တောင်းဆိုတာလား”
“ကျွတ်....”
“တောင်းဆိုတာ တောင်းဆိုတာ ဟုတ်ပြီလား”
“အဟွန်း.... ဟုတ်”
ဘုန်းသျှံ ဖုန်းချပြီးသည်နှင့် ထွက်လာဖို့ ပြင်လိုက်သည်။
“ဟိတ်ကောင် ဘုန်းသျှံ ဘယ်သွားမလို့လဲ အတန်းတက်ရတော့မယ်လေ”
အခန်းထဲဝင်ခါနီး ထွက်သွားဖို့ပြင်နေတဲ့ ဘုန်းသျှံအား သူ့သူငယ်ချင်းတွေ တားလိုက်ကြသည်။
သို့ပေမယ့် သူဂရုမစိုက်။
ကားရှိရာဆီသို့သာ အပြေးလေးထွက်လာခဲ့လိုက်သည်။
ထို့နောက် ကားကို လီဗာအဆုံးထိတင်ကာ ကားကိုမောင်းထွက်လာခဲ့လိုက်သည်။
ခဏကြာတော့ သူဖူးပွင့်တို့ဆိုင်ရှေ့သို့ ရောက်လာခဲ့သည်။
ဘာတွေအရေးကြီးကိစ္စပြောမလို့ပါလိမ့် တံခါးဝကနေ ကြိုစောင့်နေတဲ့သူမ။
ဟင်... မြန်လိုက်တာ။
“ဘာတွေပြောမှာမို့ အခုလိုရပ်စောင့်နေရတာလဲ.... မဟုတ်မှ ကျွန်တော့အချစ်ကိုလက်ခံတော့မလို့လား”
“ကျွတ်.... ငါ့နောက်လိုက်ခဲ့”
ဘုန်းသျှံလဲ သူမခေါ်ရာ ကော်ဖီဆိုင်လေးသို့ လိုက်လာခဲ့လိုက်သည်။
ကော်ဖီဆိုင်က ဘေးကပ်ရက်မို့ လမ်းလျှောက်သာလာခဲ့လိုက်ကြသည်။
“ထိုင်.... ငါပြောတာကို အသေအချာနားထောင်ပေးပါ”
“ဟုတ်”
“ငါ့အိမ်က ငါ့ကိုအမေရိကမှာနေတဲ့ လူတစ်ယောက်နဲ့ စေ့စပ်ပေးတော့မှာ”
“ဟင်....”
ဘုန်းသျှံ သူမစကားကြောင့် ရင်ထဲ၌ဗြောင်းဆန်သွားတော့သည်။
တစ်ခုခုကို ဆုံးရှုံးရတော့မည်ဆိုတဲ့အသိက သူ့စိက်ကိုပို၍ပင် ကြောက်လန့်စေသည်။
“ဒါကို ခင်ဗျားက လက်ခံလိုက်လား”
“ဘာလို့လက်ခံရမှာလဲ တစ်ခါမှ မမြင်ဖူးမတွေ့ဖူးတဲ့သူကို ငါကအရူးမို့ လက်ခံရမှာလား”
“ဒါဆို လက်မခံလိုက်ဖူးပေါ့”
“အွန်းပေါ့”
“ဟူးးး တော်ပါသေးတယ်.... အော် ဒါနဲ့ ဒီကိစ္စကို ခင်ဗျားက ဘာလို့ကျွန်တော့ကိုလာပြောပြနေရတာလဲ”
ဘုန်းသျှံစကားကြောင့် ဖူးပွင့်ဘာပြန်ပြောရမှန်းမသိဖြစ်သွားရသည်။
“ဟို.... အဲ့ဒါက”
“အဟွန်း.... ကျွန်တော် တစ်ကယ်ပြောတာပါ ခင်ဗျားကို ကျွန်တော်တစ်ကယ်ချစ်တာ ကျွန်တော်လိမ်ပြောနေတာမဟုတ်ဘူး ခင်ဗျားကော ကျွန်တော့ကို ချစ်တယ်မလား”
ဖူးပွင့်ဘာမှပြန်မပြောဘဲ ဒီတိုင်းသာ ငုတ်တုတ်ထိုင်နေမိသည်။
“ကျွန်တော့အချစ်ကိုဘာလို့ လက်မခံနိုင်ရတာလဲ.... ကျွန်တော်ဟိုတစ်နေ့က ပြောခဲ့တာတွေအတွက် တောင်းပန်ပါတယ်.... အဲ့တုန်းက ပြောချင်တာက ကျွန်တော်ခင်ဗျားကို လုပ်ကျွေးနိုင်တယ်ဆိုတာက ခင်ဗျားကို ထိခိုက်စေလိုတဲ့အကြောင်းကြောင့် ပြောခဲ့တာ မဟုတ်ပါဘူး.... ကျွန်တြောလို ကျောင်းမပြီးသေးတဲ့သူကလဲ ခင်ဗျားကို လုပ်ကိုင်ကျွေးနိုင်တဲ့ အရည်အချင်းရှိတယ်ဆိုတာ သိခိုင်းစေချင်ရုံပါ”
“တစ်ကယ်လို့.... ငါ့ဘက်ကမင်းကိုချစ်တယ်ဆိုရင် မင်းကငါ့ကို လက်ထပ်ပေးနိုင်လား”
“ခင်ဗျားသဘောဘဲ ကျွန်တော့ဆန္ဒက ခင်ဗျားဆန္ဒဘဲ”
“ငါအိမ်ကစီစဉ်ပေးတဲ့သူကို လက်မထပ်ချင်ဘူး.... ဒါပေမယ့် ငါ့အမေက အတင်းစီစဉ်မှာ ငါသိတယ်”
“ဒါဆို.... ကျွန်တော့အိမ်လိုက်ခဲ့ပါလား”
”ရူးနေလား... အဲ့လိုဆိုရင် မင်းအိမ်ကငါ့ကို ဘယ်လိုထင်သွားမလဲ စဉ်းစားကြည့်အုံး”
“ကျွန်တော်စီစဉ်ထားတာရှိတယ်”
“ပြောကြည့်လေ”
“ခင်ဗျားကျွန်တော့ကိုချစ်လား... အဲ့ဒါအရင်ဖြေ”
“ငါတစ်ကယ်လို့ မင်းကိုမချစ်ဘူးဆိုရင် အခုလို ဒီမှာမင်းနဲ့ထိုင်ပြီး ငါ့ကိစ္စတွေကို လာပြောပြနေပါ့မလား”
“ဒါဆို ခင်ဗျားက ကျွန်တော့ကို ချစ်တယ်ပေါ့”
“မချစ်ဘူးလို့ ပြောရင်ကော မင်းကယုံမှာမို့လား”
“မယုံဘူး.... ခင်ဗျားမျက်ဝန်းတွေကနေ ချစ်တယ်ဆိုတာကို ပြောပြနေပြီးသား”
ဖူးပွင့် ဘာပြန်ပြောလို့ ပြောရမှန်းမသိတာနဲ့ ငုတ်တုတ်လေးသာ ထိုင်နေပြီး ဘုန်းသျှံအား အလှပဆုံးအပြုံးလေးကို ပြုံးပြလိုက်သည်။
“ငါအကူအညီလိုမှ မင်းကိုချစ်တယ်ဆိုပြီး ပြောသလိုဖြစ်နေပြီလား”
“မဖြစ်ပါဘူး....”
“မင်းငါ့ကိုစိတ်မစိုးဘူးလား”
“ဘာကို စိုးရမှာလဲ.... ခင်ဗျားအကူအညီလိုတဲ့အချိန် ကျွန်တော့ကို လာပြောပြတယ်ဆိုတာ အဲ့ဒါ ခင်ဗျားကျွန်တော့ကို အားကိုးလို့ပေါ့ ကျွန်တော့ဘက်က ပျော်တောင်ပျော်ရအုံးမှာ”
“အဟွန်း....”
“ဒါနဲ့ အခုကိစ္စကို ဘယ်လိုလုပ်ကြမလဲ”
“ငါလဲမစဉ်းစားတက်ဘူး”
“ကျွန်တော့ အစီအစဉ်ကို ပြောပြမယ်”
“အွန်း...”
“ဒီလို...**....*..*...*.*.**....”
တစ်ပတ်ခန့်ကြာပြီနောက်.....
အခုဆို အမေ့ရဲ့ ရက်လည်ဆွမ်းကျွေးလဲ ပြီးသွားပြီ။
အိမ်ကြီးထဲမှာလဲ အမေနဲ့ပတ်သပ်သမျှတစ်ခုမှ မရှိတော့ပေ။
အိမ်ကြီးထဲမှာ ဟန်စိုင်းတစ်ယောက်ထဲ အထီးကျန်စွာဖြင့် နေနေရပြီ။
ဒေါ်နန်းဝေဝေလဲ မနေ့ကမှ ရန်ကုန်သို့ပြန်သွားသည်။
“ဒေါ်မြိုင်!.....”
ကျယ်လောင် စူးရှတဲ့အသံ။
“လာ လာပါပြီ သူဌေးလေး”
“ခင်ဗျား.... မနေ့ကပြောတော့ အလုပ်ထွက်တော့မယ်ဆို ဘာလို့ထွက်မှာလဲ”
“ဟို...”
“ဒီအိမ်ကြမှာ ခင်ဗျား မနေ့တစ်နေ့ငမှ နေလာတာမဟုတ်ဘဲ.... အဲ့ဒါကို ဘာလို့အလုပ်ထွက်ချင်နေရတာလဲ..... ကျွန်တော့ကို အမှန်တိုင်းပြောပါ.... အမေဆုံးသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ခင်ဗျား တစမခုခုသိထားတယ်မလား”
“ဟို....”
တစ်ဟိုဟိုနှင့်လုပ်နေတဲ့ ဒေါ်မြိုင်ကြောင့် ဟန်စိုင်း စိတ်မရှည်လာကာ သူမလည်ပင်းသို့ ညစ်လိုက်သည်။
“ခင်ဗျား အသက်မသေချင်ရင် အမြန်ပြောနော်.... ကျွန်တော့ဒေါသကိုလာမဆွနဲ့”
ထိုအချိန်မှ ဒေါ်မြိုင် အသက်ရှူရကျပ်လာကာ ဟန်စိုင်းအား တစ်ခုခုပြောဖို့ ပြင်လိုက်သည်။
ဟန်စိုင်း သူ့လက်တွေအား ဖယ်လိုက်ကာ ဒေါ်မြိုင်အား အကြည့်စူးစူးနှင့် ကြည့်လိုက်သည်။
“ဒီကိစ္စကဒီလို.....***...*.*.*.*..**.**”
ဒေါ်မြိုင်အဖြစ်မှန်များအား ဟန်စိုင်းသို့ အကုန်ပြောပြလိုက်သည်။
“အဲ့တော့ ခင်ဗျားက ငွေသိန်း၂၀အတွက် ခင်ဗျားတူမကို လွှဲချခဲ့တာပေါ့”
“ဟုတ် ဟုတ်ပါတယ်”
“တောက်.... ခင်ဗျားလိုလူကို အဒေါ်တော်ထားရတာ မိုးမခရှင်း သိပ်ကံဆိုးတာဘဲ”
“အခု ဒေါ်မြိုင်ကိုယ့်အမှားကိုယ် ကောင်းကောင်းသိပါပြီ”
ဟန်စိုင်း ထိုနေရာမှ ချက်ချင်းထွက်လာခဲ့လိုက်ပြီး လူတစ်ဦးဆီသို့ ဖုန်းခေါ်လိုက်သည်။
ဒွီ....
“ဟယ်လို....”
“ဟယ်လို.... ယဉ်မေထိုက်ပြောနေပါတယ်”
“အစ်မ ကျွန်တော် စိုင်းဦးဟန်ပါ”
ယဉ်မေထိုက်ဆိုသူမှာ uniတုန်းက ဘုန်းသျှံရဲ့ စီနီယာအစ်မပေ။
“အော်... ငါ့မောင် ပြောလေ ဘာကိစ္စ”
“အစ်မ ကျွန်တော်အမှုဖွင့်ချင်လို့”
“ဘာဖြစ်လို့လဲ.... အမှုဖွင့်တာက သက်သေအထောက်အထားအစုံအလင်ရှိမှ ဖွင့်လို့ရမှာနော်”
“ရှိတယ်.... မျက်မြင်သက်သေရှိတယ်....”
“မျက်မြင်သက်သေရှိတော့ ပိုကောင်းတာပေါ့.... ဒါနဲ့ ဘာကိစ္စကို အမှုဖွင့်ချင်တာလဲ”
“ကျွန်တော့ အမေဆုံးသွားတဲ့ကိစ္စ”
“ဟင်....”
“ဟုတ်တယ်.... အဲ့ဒါလုပ်ကြံသူက မနေ့ညက ဒီကနေ ရန်ကုန်ကိုထွက်သွားလို့ ကျွန်တော့ကို ရှာကူပေးပါအုံး”
“ပြောလေ ဘယ်သူလဲ”
“ဒေါ်နန်းဝေဝေ အသက်က ၄၅ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးအသားဖြူဖြူနဲ့ အသက်၄၅လို့ မထင်ရဘူး”
“အိုကေ.... မနက်ဖြန်ဆိုတာနဲ့ အဲ့လူကို ဖမ်းပြီးပြီသာမှတ်ထားလိုက်တော့”
“ဟုတ်.... ကျေးဇူးအများကြီးတင်ပါတယ်အစ်မ”
“ရပါတယ်.... အမေ့အတွက်တော့ အစ်မလဲ စိတ်မကောင်းပါဘူး”
“ဟုတ်..... ဒါဆိုကျွန်တော်ဖုန်းချပြီနော်”
“ကောင်းပါပြီ”
ဖုန်းချပြီးသည်နှင့် ဟန်စိုင်းကားသော့ကိုင်ကာ တစ်နေရာသို့ ထွက်လာခဲ့သည်။
ဒေါ်နန်းခင်ခင်
အသက်-၅၇နှစ်
ဟူးးးး
အဖြစ်အပျက်များက မနေ့တစ်နေ့ကမှ ဖြစ်သွားသလိုပင်။
“သားဘဝမှာ ဘယ်သူမှမရှိတော့ဘူ သိလား အမေ မိုးမခရှင်းကလဲ သားကိုမုန်းသွားပြီထင်တယ်..... သားအရာအားလုံးအတွက် သူ့ကိုအရမ်းတောင်းပန်ချင်မိတယ်.... ဒါပေမယ့် သူမလေးက သားကို ခွင့်လွှတ်ပါ့မလား..... သားချစ်ရတဲ့ နောက်တစ်ယောက်ကိုတော့ သားမဆုံးရှုံးချင်ဘူးအမေ.... သားဘယ်လိုလုပ်သင့်လဲ သားသူ့ကို လိုက်ရှာသင့်လား.... သားကို ကူညီပါအုံး အမေရယ်.....သားသူ့ကိုလိုက်ရှာသင့်တယ်ဆိုရက် အချက်လေးပြပေးပါအမေ ”
ဟန်စိုင်းအသံမထွက်ဘဲ ငိုကြွေးကာ သူ့အမေရဲ့ အုတ်ဂူရှေ့၌ ဒူးထောက်ထိုင်ချလိုက်သည်။
ဝီး.....
“ဟင်.....”
ရုတ်တရက်ဆိုသလို လေစိမ်းများတိုက်လာခဲ့ပြီး အရာဝတ္ထုတစ်ခု ပြုတ်ကျသံကို သူကြားလိုက်ရသည်။
သူမော့ကြည့်လိုက်တော့ သူ့အမေရဲ့အုတ်ဂူပေါ်မှ ပန်းစည်းက သူ့အရှေ့တည့်တည့်သို့ ပြုတ်ကျလာခြင်းပေ။
“ကျေးဇူးပါ အမေ....”
ဟန်စိုင်း ထိုပန်းစည်းလေးအား ဂုတ်ဂူပေါ်သို့ ပြန်တင်ပေးထားလိုက်ပြီး ကန်တော့လိုက်ကာ ထိုနေရာလေးမှ ထွက်လာခဲ့လိုက်သည်။
“ကလင် ကလင်....”
“ဟယ်လို...."
“မိုးရန်ရှင်းခလား”
“ဟုတ်ပါတယ်.... ဒါနဲ့ အခုပြောနေတာဘယ်သူပါလဲ”
“စိုင်းဦးဟန်ပါ”
“မင်း.... အခုမှဘာလို့ဖုန်းဆက်တာလဲ”
”မိုးမခရှင်းရှိတယ်မလား”
“မရှိဘူး....”
“ငါ့ကိုမလိမ်ပါနဲ့.... ငါအကြောင်းစုံကိုသိပြီးပြီ”
“အဲ့တော့”
“ငါသူမလေးကို တောင်းပန်ချင်တယ်”
“ထွက်သွားခိုင်းတုန်းကလဲမင်းဘဲ အခုကြတော့လဲ ပြန်တောင်းပန်ချင်တယ်တဲ့.... ဟိုက မင်းတောင်းပန်တာကို လက်ခံမယ်ထင်နေလား”
“ငါ့မှာ အခုဘယ်သူမှမရှိတော့ဘူ.... ဒါကြောင့် သူ့ကိုမဆုံးရှုံးချင်ဘူးဟာ.... ငါတောင်းဆိုပါတယ် ရှင်းခရာ ငါ့ကိုကူညီပါ....”
ရှင်းခလဲ ဟန်စိုင်းခံစားနေရတာတွေကို ကိုယ်ချင်းစာပါသည်။
“ဟုတ်ပြီလေ.... ညီမလေး ငါ့အိမ်မှာ ရှိတယ် မင်းတွေ့ချင်ရင်လာတွေပေါ့.... ခေါ်လို့ရရင်လဲခေါ်သွားပေါ့....”
“တစ်ကယ်လား”
“အွန်း.... ဒါပေမယ့် သူလက်မခံရင်တော့ ငါလဲမတက်နိုင်ဘူးနော်”
“အေးပါဟာ.... ငါရအောင် ကြိုးစားပါ့မယ် ”
“အေးပါ.... ငါတစမခုပြောရအုံးမယ် ငါ့ညီမက စိတ်နာသွားပြီဆိုရင် တစ်ချက်လေးတောင်လှည့်ကြည့်တက်တဲ့သူမျိုး မဟုတ်ဘူးနော်”
“အင်းပါ”
“အေအေ.... ငါ့အိမ်ကလူတွေကို ပြောထားလိုက်မယ် မင်းလာရင်အထဲဝင်ခိုင်းဖို့”
“အင်း.... ကျေးဇူးအများကြီးတင်ပါတယ်”
“မလိုပါဘူး... ငါဘက်ကတောင် မင်းကိုကျေးဇူးပြန်တင်ရမှာ အရင်ကကိစ္စတွေကို မေ့ပေးလို့”
“ပြီးခဲ့တာတွေက ပြီးပါပြီ သေသွားတဲ့သူကို ပြန်ရှင်အောင်လုပ်လို့မှမရတာ”
“အင်းပါ.... ဒါဆိုငါဖုန်းချပြီ”
“အင်း”
တစ်ဖက်မှ ဖုန်းချလိုက်သည်နှင့် ဟန်စိုင်း ခခရှိရာဆီသို့ ကားကို တဟုန်ထိုးမောင်းလာခဲ့သည်။
ဟိုရောက်တော့ ခြံတံခါးက ဖွင့်ထားသည်။
ဟန်စိုင်းလဲ အထဲသို့ ဝင်လာခဲ့လိုက်ပြီး ဧည့်ခန်းထဲက အသံကြောင့် ဧည့်ခန်းသို့သာ ဝင်လာခဲ့လိုက်သည်။
ဧည့်ခန်းရောက်တော့ သူတွေ့လိုက်တာက
“ခလေး....”
“ဟင်...”
ခခအသံကြားကာဆီလှည့်ကြည့်လိုက်တော့ ဦးဟန်။
ဟန်စိုင်းကို မြင်ပြီးသည်နှင့် ခခ ထိုနေရာလေးမှ ထကာထွက်သွားဖို့အလုပ် ဟန်စိုင်း သူမလက်လေးအားကိုင်ကာ တားလိုက်သည်။
“ကျွန်မလက်ကိုလွှတ်”
အေးတိအေးစက်ဖြင့် ကျွန်မ ဟူသောနာမ်စားကိုသုံးကာ ဆိုလာတဲ့ သူမလေးကြောင့် ဟန်စိုင်းရင်ထဲ အောင့်သက်သက်ဖြစ်သွားရသည်။
မျက်ရည်များကလဲ ရုတ်ဆရက်ဆိုသလို ဝဲတက်လာသည်။
“ကိုယ်တောင်းပန်ပါတယ်.... ကိုယ်အနူးညွှတ်တောင်းပန်ပါတယ်”
“ကျွန်မဘာပြောခဲ့လဲ.... အမှန်တရားကိုသိတဲ့တစ်နေ့ ကျွန်မကို လိုက်မရှာနဲ့လို့ ပြောခဲ့တာ နားမလည်ဘူးလား”
“ဟုတ်တယ်... နားမလည်ဘူး.... ကိုယ်တစ်ကယ်အနူးညွှတ်တောင်းပန်ပါတယ် ကိုယ့်ကိုမစိမ်းကားပါနဲ့”
“ကျွန်မလက်ကိုလွှတ်ပေးပါ.... ”
“မလွှတ်ဘူး.... ကိုယ်တောင်းပန်တာကို လက်ခံပေးပါနော်”
“ထွက်သွားခိုင်းတုန်းကလဲ ရှင်ဘဲလေ မဟုတ်လား”
“အခုကိုယ် အမှန်းတရားအားလုံးကို သိသွားပါပြီ ကိုယ်အခုတစ်ကယ်နောင်တရနေပါပြီ ကိုယ့်မှာ ကိုယ်သိပ်ချစ်ရတဲ့ ကိုယ့်အဖေကိုကော အမေကိုကော ဆုံးရှုံးလိုက်ရပြီ.... နောက်ထပ်ကိုယ်သိပ်ချစ်ရတဲ့ ခလေးကိုတော့ ကိုယ်ထပ်မဆုံးရှုံးချင်တော့ဘူ”
“မဆုံးရှုံးချင်ရင် ရှင်အဲ့နေ့ကတည်းကစ သေချာစုံးစမ်းသင့်တာပေါ့.... မဟုတ်လား”
“ဟုတ်ပါတယ်.... ကိုယ်အခုတစ်ကယ်နောင်တရနေပါပြီ”
“ဦးလေမြတ်....”
ခခ ဧည့်ခန်းထိပ်မှ ရပ်စောင့်နေတဲ့ ဦးလေမြတ်ဆိုသူအား ခေါ်လိုက်သည်။
“ပြောပါ မမလေး ဘာခိုင်းမလို့လဲ”
“ဒီလူကို အိမ်ထဲကနေ ခေါ်သွားပေးပါ”
“ဟုတ်”
“ဟင်.... ခလေး အဲ့လိုမလုပ်ပါနဲ့.... ကိုယ်တစ်ကယ်တောင်းပန်ပါတယ် အချစ်ဆိုတဲ့အရာကို မိုးမခရှင်းဆိုတဲ့ ရှင်းစီမှာမှ ဖြစ်တည်လာခဲ့တာပါ ခလေးရာ ဒါကြောင့် ဦးကို မထားသွားပါနဲ့...... ”
ဟန်စိုင်း ဘယ်လောက်ပြောပြော ခခကတော့ တစ်ချက်မှပင်မကြည့်။
လူတစ်စု ဟန်စိုင်းကိုယ်အား အတင်းဆွဲကာ ခြံရှေ့သို့ ခေါ်လာခဲ့လိုက်သည်။
“ဦးလေးမြတ်.... ခြံတံခါးကို တစ်ခါတည်း သော့ခတ်ပြီး ပိတ်ထားလိုက်ပါ”
တံခါးဝဆီမှ ပြောသံကြောင့် ဦးလေးမြတ်ဆိုသူလဲ ဟန်စိုင်းကို အပြင်ထုတ်ပြီးသည်နှင့် တံခါးကိုသော့ခတ်ကာ ပိတ်ပစ်လိုက်တော့သည်။
ဟန်စိုင်းကတော့ တံခါးဝဆီကနေ သူ့ရဲ့ချစ်ရသူလေးအား ကြည့်နေလေသည်။
“မင်းကကိုယ့်ကို စိန်ခေါ်တယ်ပေါ့.... ရတယ်လေ ကိုယ်ကလဲ မင်းကိုဘယ်လောက်ထိချစ်လဲဆိုတာငို သက်သေပြပြမယ်.... မင်းခွင့်မလွှတ်မချင်း ဒီအိမ်ရှေ့ကနေ ခြေတစ်ဖဝါးမှမခွာဘူး”
ဟန်စိုင်း တံခါးပေါက်ဘေး အုတ်ခုံလေးပေါ်သို့ တက်ထိုင်နေလိုက်သည်။
###############
ကလင် ကလင်.....
“ဟယ်လို....”
“ဟယ်လို မ မောင်လမ်းထိပ်ရောက်ပြီ ထွက်လာခဲ့တော့”
“ဟုတ်ပြီ ဟုတ်ပြီ”
ဖူးပွင့်တို့ နောက်ဆုံးကြံမရသည့်အဆုံး ဘုန်းသျှံနှင့် ခိုးပြေးဖို့ကို သဘောတူလိုက်ရသည်။
ဘာပကာသနမှမပါဘဲ အခုလိုခိုးပြေးရတာက သူမအမေကို အသိပေးပြီး လူသိရှင်ကြားလက်ထပ်ရတာထက် အများကြီးပိုကောင်းသည်ဟု သူမစိတ်ထဲထင်သည်။
ဖူးပွင့် အဝတ်ထုတ်လေးကိုင်ကာ စာတစ်စောင်ကို သူမအိပ်ရာပေါ်သို့ ထားခဲ့လိုက်ပြီး အိမ်ထဲမှ တိတ်တစိတ်ခိုးထွက်လာတော့သည်။
ခဏကြာတော့ လမ်းထိပ်မှ ကားတစ်စီးကိုတွေ့လိုက်ရသည်။
“မောင်"
“ဟင်.... မရောက်လာပြီလား”
“ဟုတ်”
“ဒါဆိုကားပေါ်တက်”
“ဟုတ်.... မောင်သေချာစဉ်းစားပြီးပြီလား ဆေးကျောင်းမတက်တော့ဘူဆိုတာ”
“အွန်း.... မနဲ့အတူရှိဖို့က ပိုအရေးကြီးတယ် နောက်ပြီးမောင်က ဆေးပညာကို သိပ်စိတ်မဝင်စားဘူး အဖေအတင်းတက်ခိုင်းလို့တက်ခဲ့ရတာ ”
“ဟုတ်ပါပြီ.... ဒါဆို ေမာင့်အဖိုးရှိတဲ့ ကချင်ပြည်နယ်သွားကြတာပေါ့”
“ဒါပေါ့.... အဟွန်း.... ချစ်တယ်မ”
“ကျွန်မလဲ ထပ်တူချစ်ပါတယ် မောင်.....”
တစ်ခြားသူတွေအတွက်တော့ ငွေကအချစ်ထက်ပိုအရေးကြီးနေပါလိမ့်မည်။
သို့ပေမယ့် သူမအတွက်တော့ အခုချိန်မှာ ငွေထက် မောင်နဲ့အတူမခွဲတမ်း နေရဖို့က အရာအားလုံးထက် အရေးကြီးသွားပြီ။
အချစ်စစ်နဲ့တွေ့သွားတော့ အရာအားလုံးဟာ ပြောင်းလဲခဲ့ပါပြီ။
အနှောင်အဖွဲ့ ပကာသနတွေမရှိတဲ့ ကမ္ဘာမြေကြီးရဲ့ တစ်နေရာမှ မောင်နဲ့မ နှစ်ယောက်တစ်ကမ္ဘာတည်ပြီး လောကဓံကို ကြံ့ကြံ့ခိုင်ကာ နေသွားဖို့ သူမဘက်ကအဆင်သင့်ဖြစ်နေပါပြီ။
ချစ်တယ် မောင်......
တစ်ဖက်မှာအဆင်ပြေသွားပေမယ့် တစ်ဖက်မှာတော့ အဆင်မပြေပါ။
“ည၈နာရီထိုးနေပြီ အခုချိန်ထိ စိုင်းဦးဟန် မပြန်သေးဘူးနော် ညီမလေး”
”အဲ့တော့ ဘာလုပ်ရမှာလဲ သူနေနိုင်လို့ နေနေတာဘဲ နေပစေပေါ့”
“ဟူးးး ဒီညီမလေးနဲ့တော့ ခက်ပြီ”
ရှင်းခလဲ ဘယ်လိုမှ နားချလို့မရတာကြောင့် သူ့အခန်းဆီသာ ထွက်လာခဲ့လိုက်ရတော့သည်။
ဟန်စိုင်း မနက်ကတည်းက ထိုင်စောင့်နေရတာကြောင့် အခုချိန်ထိ ဘာတစ်ခုမှ မစားရသေးပေ။
ခန္ဓာကိုယ်မှာလည်း အားနည်းလာပြီ မူးတူးတူးနှင့် ဖြစ်လာသည်။
“သူမထွက်လာမချင်းစောင့်ရမယ်.... အားတင်းထား”
ညီမဖြစ်သူကတော့နေနိုင်ပေမယ့် ရှင်းခတို့ကတော့ မနေနိုင်တော့ကာ ယောက်ဖဖြစ်သူအား ကြည့်ဖို့ ခြံတံခါးဝသို့ ထွက်လာခဲ့လိုက်သည်။
“စိုင်းဦးဟန်.... အဆင်ပြေလား”
“အင်း”
ဟန်စိုင်း အားမရှိသဖြင့် အင်းဟု တစ်လုံးတည်းသာ ဖြေနိုင်တော့သည်။
“မဖြစ်ဘူး... မင်းဒီလိုဘဲနေနေရင် သေသွားအုံးမယ်”
“သေပစေ”
“ငါအိမ်ပြန်လိုက်ပို့ပေးမယ် ထ”
ရှင်းခ ထူးလိုက်ပေမယ့် ဟန်စိုင်းကတော့ ခေါင်းမာကာ အတင်းရုန်းပြီ ပြန်ထိုင်နေလိုက်သည်။
“ကျွတ်.... မင်းတို့နှစ်ယောက်နဲ့တော့ ခက်ပြီ.... မဖြစ်ဘူး....”
ရှင်းခ ညီမဖြစ်သူအား ပြန်ခေါ်ဖို့ အိမ်ထဲသို့ ပြန်ဝင်လာခဲ့လိုက်သည်။
“ညီမလေး.... ဟိုမှာ တစ်ချက်လောက်သွားကြည့်ပါအုံး..... နှုတ်ခမတွေက ဖြူဖက်ဖြူရော်နဲ့ သေတော့မဲ့သူကြနေတာဘဲ”
သူမစိတ်ထဲ စိုးရိမ်သွားပေမယ့် သူမခြေထောက်များမှာ ဟန်စိုင်းရှိရာဆီသို့ သွားဖို့ တနေလေသည်။
ခဏကြာတော့ မိုးတွေမှာ ရုတ်တရက်ရွာချလာတော့သည်။
အခုတစ်ခါတော့ သူမမသွားဘဲမနေနိုင်တော့ပါ။
မနက်ကတည်းက ထမင်းမစားရေမသောက်ဘဲ စောင့်နေတဲ့သူ အခုချိန် ဘယ်လိုအခြေအနေထိရောက်နေပြီလဲ ဆိုတာသူမသိနေပါသည်။
သူမ ရှင်းခအား ဘာတစ်ခုမှ မပြောဘဲ ခြံရှေ့သို့ အပြေးလေးထွက်လာခဲ့သည်။
ပါးစပ်မှလဲ ဟန်စိုင်းရဲ့ နာမည်လေးအား ထပ်ကာထပ်ကာ ရွှတ်နေလေသည်။
“ညီမလေး ထီးယူအုံးလေ”
သူမဘာမှကို ဂရုမစိုက်နိုင်တော့ပါ။
ခြံတံခါးအား ဖွင့်ကာ ဟန်စိုင်းနားလေးသို့ လျှောက်လာလိုက်သည်။
“ဦး.... ခခရောက်လာပြီ”
“ဟင်....”
ဟန်စိုင်း သူမလေးအသံကြောင့် မူးဝေနေတဲ့ မျက်လုံးများက ပွင့်သွားပြီ သူမကိုယ်လေးအား တင်းကျပ်နေအောင်ဖက်ထားပစ်လိုက်သည်။
“ကိုယ် ကိုယ် တောင်းပန်ပါတယ်.... ကိုယ့်ကို မထားခဲ့ပါနဲ့ ကိုယ့်မှာ ခလေးတစ်ယောက်ဘဲရှိတာ”
“မထားခဲ့ပါဘူး.... ဒီလောက်ချစ်ရတာကို ဒီလူက ဘာလို့ ဦးကို တစ်ယောက်ထဲ ထားရက်မှာလဲ”
“အဟွန်း....”
တစ်ခြားလူတွေနဲ့သာ သူမအဆက်အသွယ်ဖြတ်ကာ နေနိုင်မည်။
စိုင်းဦးဟန်ဆိုတဲ့ သူသိပ်ချစ်ရတဲ့သူကိုတော့ အဆက်အသွယ်လဲ မဖြတ်နိုင်သလို ထားလဲမထားခဲ့ရက်ပါ။
“ခခအခုလိုတွေ လုပ်နေတာကို ဦးက ခခကိုစိတ်မနာဘူးလား”
“နာစရာလား....ကိုယ်က ခလေးကို အရမ်းချစ်ရတာကို”
သူမဟန်စိုင်းရဲ့ စကားလေးကြောင့် ပျော်လွန်းကာ ငိုနေရတော့သည်။
“ဦးကို အရမ်းချစ်တယ်သိလား.... ပြောမပြတက်အောင်ချစ်တယ် အခုလိုပစ်ထားမိလို့ တောင်းပန်ပါတယ်”
“မလိုပါဘူး... ခလေးရာ ကိုယ့်ဘဝမှာ ခလေးရှိရင်အရာအားလုံးကပြည့်စုံသွားပြီ”
“အဟွန်း....”
ခခ ဟန်စိုင်းအား မိုးရေထဲ၌ပင် သူ့နှုတ်ခမ်းလေးဆီသို့ အချိန်ကြာမြှင့်စွာ အနမ်းပေးလိုက်သည်။
မိုးရေကိုကြောက်တဲ့သူမက အခုတော့ ချစ်ရသူအတွက်တဲ့ မိုးရေဆိုတာကို မကြောက်တက်တော့ပေ။
အချစ်က ခလေးနဲ့မှ ဖြစ်တည်ခဲ့တာမို့ ခလေးကို အရမ်းချစ်တယ်။
ခလေးနဲ့တွေ့မှ ပေးဆပ်တက်တဲ့သဘာဝကိုနားလည်နိုင်ခဲ့ပြီ။
ခလေးနဲ့တွေ့မှ အသက်ကိုစွန့်ဖို့လည်း မကြောက်တော့ပါ။
ခလေးနဲ့မှတွေ့မှ ချစ်တက်ရမှန်းလဲ သိခဲ့သည်။
ပေးဆပ်ခြင်း စွန့်လွှတ်ခြင်း ရယူခြင်း ပိုင်ဆိုင်ခြင်း အရာအားလုံးကို သိအောင်လုပ်ပေးခဲ့တဲ့ မိုးမခရှင်းဆိုတဲ့ ခလေးကို ကျေးဇူးအများကြီးတင်ပါတယ်။
ချစ်တယ် ခလေး......
♡︎♥︎♡︎♥︎♡︎♥︎♡︎♥︎♡︎♥︎♡︎♥︎♡︎♥︎♡︎♥︎♡︎♥︎♡︎♥︎♡︎♥︎♡︎♥︎♡︎♥︎♡︎♥︎♡︎♥︎
ပြီးပါပြီ။
16014✍︎
ဇာတ်သိမ်းပိုင်းကို စာဖတ်သူတွေထင်ထားသလိုမဖြစ်ခဲ့ရင်လဲ အနူးညွှတ်တောင်းပန်ပါတယ်။
ဇာတ်သိမ်းပိုင်က လိုအပ်ချက်တွေများနေခဲ့တာကြောင့် အနူးညွှတ်တောင်းပန်ပါတယ်။
အစကနေအဆုံးထိ စောင့်ဖတ်ပေးခဲ့ကြတဲ့ စာဖတ်သူတစ်ယောက်ချင်းစီကို ကျေးဇူးအများကြီးတင်ပါတယ်။♥︎
စိတ်ကူးရင် ဝတ္ထုမို့အမှားပါရင် ခွင့်လွှတ်ပါ။
ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏
နောက်ဝတ္ထုအသစ်နဲ့ လာခဲ့ပါမယ်။
𝑨𝑼𝑻𝑯𝑶𝑹-𝑺𝑶𝑰