“အချစ်သည်ခလေးကြောင့်ဖြစ်သည်”
တိန်.....
ဖုန်းထဲမှ စာဝင်သံကြောင့် ဖူးပွင့် သူ့ဖုန်းအား ဖွင့်ကြည့်လိုက်သည်။
ဆိုင်ရှေ့မှာ ခင်ဗျားရဲ့ဝန်ထမ်းမလေးတွေ ကျွန်တော့ကို အထဲမဝင်ခိုင်းဘူး အဲ့ဒါ ခင်ဗျား ကျွန်တော့ကိုလာတွေ့
“ကျွတ်”
ဖူးပွင့် ဘယ်တုန်းကထဲက လက်ခံလိုက်မိတဲ့ ဘုန်းသျှံအကောင့်အား ကြည့်ကာ ဒေါသထွက်နေလေသည်။
တိန်...
မလာသေးဘူးလား
“ဟာ... ဒီကောင်လေးနဲ့တော့”
ဖူးပွင့် ဖုန်းလေးအား ကိုင်ကာ ဆိုင်ရှေ့သို့ ထွက်လာခဲ့လိုက်သည်။
“မမဖူးပွင့် ဒီမှာ.....”
“ငါ့ကိစ္စ ငါဖြေရှင်းလိုက်မယ်”
ထိုကောင်မလေးတွေမှာလည်း ဖူးပွင့်အပြောကြောင့် ဆိုင်ထဲသို့ ပြန်ဝင်သွားလိုက်ကြသည်။
“ဘာကိစ်စလဲ”
“ခင်ဗျားမျက်နှာလေးမြင်ချင်လို့”
“ကျွတ်...."
ဖူးပွင့် မျက်စောင်းလေးတစ်ချက်ထိုးကာ ထွက်လာဖို့အပြင် အနောက်မှ ဘုန်းသျှံ တားလိုက်သည်။
“ဘာလုပ်တာလဲ ငါ့လက်ကိုလွှတ် ေဘးမှာလူတွေရှိတာ မမြင်ဘူးလား ”
“မမြင်ဘူး.... ကျွန်တော့မျက်လုံးထဲမှာ ခင်ဗျားတစ်ယောက်ထဲကိုဘဲ မြင်တာ”
“ကျွတ်.... ငါ့မှာ အချိန်မရှိဘူး... အဲ့တော့ ပြောစရာရှိတာအမြန်ပြော”
“ဟုတ်ပါပြီ.... ကျွန်တော်ပြောမှာကို သေချာနားထောင်ပေးပါ..... ခင်ဗျား ကျွန်တော့ကို မူမနေပါနဲ့....”
“ဘာ....”
“မဘာပါနဲ့.... ကျွန်တော် ခင်ဗျားမျက်လုံးတွေကို ကြည့်တာနဲ့ သိပါတယ် ခင်ဗျား ကျွန်တော့ကို မချစ်ရင်တောင် ကြိုက်နေပြီမလား”
“မင်းကိုယ့်ကိုယ်ကို သိပ်အထင်ကြီးတာဘဲ”
“မကြီးပါဘူး.... ကျွန်တော်က အမှန်ကိုပြောပြတာ.... နောက်ပြီး ကျွန်တော်ပြောချင်တာက ကျွန်တော်ခင်ဗျားကို ရှာကျွေးနိုင်တယ်လို့ အိမ်ကသဘောမတူမှာကို စိုးမရိမ်စေချင်ဘူး.... ”
“မင်း....”
ဖူးပွင့် ဒေါသအလွန်ထွက်ကာ ဆိုင်ထဲသို့ ပြန်ဝင်လာခဲ့လိုက်တော့သည်။
တောက်.... ငါ့ကိုများ ယောင်္ကျားလုပ်တာ ထိုင်စားမဲ့မိန်းမမျိုးထင်နေလားမသိဘူး....။
ကျွတ်.... စကပြောတာမှားသွားပြီထင်တယ်.... အထင်တွေတော့လွှဲကုန်ပါပြီ။
ဘုန်းသျှံမှာတော့ သူ့အပြောတွေအား ပြန်တွေးရင်းဖြင့် နောင်တရနေသည်။
ဒီလိုတွေလုပ်မှ ခင်ဗျား ကျွန်တော့ကိုပိုမုန်းသွားမှာလား။
##################
ဟန်စိုင်းရန်ကုန်သွားပြီး ပထမတစ်ရက်မြောက်နေ့
အရာအားလုံးဟာ သူ့ဟာနှင့်သူ ပုံမှန်အတိုင်းပေ။
ကြီးနန်းလဲ သူ့ဟာနှင့်သူ စားစရာရှိတာစား လုပ်စရာရှိတာလုပ်နှင့် ပုံမှန်အတိုင်းပေ။
ခခလဲ ထိုနည်းတူပေ။
လုပ်စရာရှိတာလုပ်နှင့် ပုံမှန်ပေ။
သို့ပေမယ့် ပုံမှန်မဟုတ်သူကတော့ ခခနောက်ကို အရိပ်လို လိုက်ကာ ကြည့်နေတက်တဲ့ ဒေါ်နန်းဝေဝေဆိုသူပင်။
အချိန်တိုင်း သူမကို မျက်စိဒေါက်ထောက် လိုက်ကြည့်နေသည်။
သူမနှင့် ဆုံလိုက်တိုင်းလဲ ဦးနဲ့ ဝေးဝေးနေဖို့ အကြိမ်ကြိမ်အခါခါပြောသည်။
သို့ပေမယ့် သူမပထမတစ်ရက်မှာတော့ ဂရုမစိုက်ခဲ့ပါ။
နောက်တစ်ရက်တော့ ဂရုမစိုက်လို့ မရတော့ပေ။
ဟန်စိုင်းရန်ကုန်သွားပြီး ဒုတိယမြောက်နေ့
ညနေခင်း ဟန်စိုင်းအား ဖုန်းခေါ်ဖို့ ခြံထဲသို့ ခခဆင်းလာခဲ့သည်။
ဒါလဲဘဲ ထုံးစမ်အတိုင်း အနောက်မှ ဒေါ်နန်းဝေဝေလိုက်ခဲ့ပြန်သည်။
“ဘယ်သူနဲ့ ဖုန်းပြောမလို့လဲ”
သိရဲ့သားနဲ့လာမေးနေတဲ့ ဒေါ်နန်းဝေဝေအား ခခအလွန်ပင်အမြင်ကတ်ရသည်။
“ဦးဟန်”
ဦးလို့ တစ်လုံးတည်းသုံးလိုက်ရင် မကောင်းတာကြောင့် ဦးဟန်ဟုသာ ပြောလိုက်ရသည်။
“ဘာကိစ်စလဲ”
လူကို လေသံမာမာနှင့် မေးလာတာကြောင့် ခခတို့ ဒေါသအနည်းငယ်ထွက်လာရသည်။
သို့ပေမယ့် စိတ်ကို အတက်နိုင်ဆုံးလျော့ကာ အကောင်းဆုံးဖြေလိုက်ဖို့ ပြင်လိုက်သည်။
“ဦးက.... အာ မဟုတ်သေးဘူး ဦးဟန်က သူ့ကိုဖုန်းဆက်ဖို့ မှာထားလို့”
“မဆက်နဲ့”
“ဘာလို့လဲ”
“ငါကမဆက်နဲ့ဆို မဆက်နဲ့ပေါ့ မင်းကဘာကို အတွန့်တက်ချင်နေရတာလဲ”
အမေဖြစ်တဲ့ ကြီးနန်းတောင် သူတို့အား သဘောတူတာကို အခုက ဘာမဟုတ်တဲ့ အဒေါ်ဖြစ်သူကြောင့် ခခ မျက်ခုံးများ တွန့်ကွေးသွားတော့သည်။
“ငါ့ကို အဲ့အကြည့်နဲ့ လာမကြည့်နဲ့ ငါပြောပြီးပြီဘဲ သားစိုင်းနဲ့ အဆက်သွယ်ဖြတ်ရင်ဖြတ် ဒါမှမဟုတ် မင်းကို ငါကိုယ်တိုင် အဆက်အသွယ် ဖြတ်ပေးရမှာလား အိမ်တစ်အိမ်ရဲ့ အစေခံက အစေခံလို ကျွန်လိုဘဲ နေရတယ်”
ခခ ထိန်းချုပ်ထားတဲ့ ဒေါသများက သူမရဲ့ စကားတွေေကြာင့် ပေါက်ကွဲထွက်လာတော့သည်။
“ဒီမှာ.... ခခဘာသာ ခခ အစေခံဖြစ်ဖြစ် ဘာဘဲဖြစ်ဖြစ် အန်တီနဲ့ မဆိုင်ဘူးထင်တယ်နော်.... အန်တီက သူများကိစ္စကို တအားလျှာရှည်ချင်တာဘဲ”
“ဘာ....”
“အန်တီသိအောင် ခခတစ်ခုပြောလိုက်မယ်.... အမေဖြစ်တဲ့ ကြီးနန်းတောင် ခခတို့ကို သဘောတူသေးတာဘဲ အန်တီ့လို ဒီအိမ်မှာ ဘောင်မဝင်တဲ့သူရဲ့ ဆန္ဒကိုတော့ ခခက ထည့်တွက်မှာ မဟုတ်ဘူး.... ဒါကြောင့် အန်တီ့ဘက်က အရင်လက်လျော့လိုက်ပါ”
ဒေါ်နန်းဝေဝေ သူ့အား ပြန်ပြောလာတဲ့ ထိုကောင်မလေးကြောင့် အသားများ ဆတ်ဆတ်တုန်ကာ ဒေါသများ အလွန်ပင် ထွက်လာရတော့သည်။
ခခကတော့ ပြောပြီးသည်နှင့် ထိုနေရာလေးမှ ထွက်လာခဲ့လိုက်သည်။
“တောက်.... မင်း စောင့်ကြည့်ထားလိုက်စမ်းပါ.... ငါကဘယ်လောက်အဆိပ်ပြင်းလဲဆိုတာ မင်းမနက်ဖြန်သိစေရမယ်.... ဒေါ်နန်းဝေဝေဆိုတဲ့သူက ရည်ရွယ်ချက်မရှိဘဲ ဘာအလုပ်ကိုမှ မလုပ်ဘူး..... အခုလဲ မင်းကိုသတိပေးရဲ့သားနဲ့ မင်းဘက်ကမှ လက်မလျော့နိုင်တာ အဲ့တော့ ငါလဲလုပ်သင့်တာ လုပ်ရတော့ပေါ့..... ဟွန်း.... ဒေါ်နန်းခင်ခင်ကိုတော့ ကြိုတောင်းပန်ပါတယ်....”
##################
ဟန်စိုင်းရန်ကုန်သွားပြီး တတိယမြောက်နေ့
ညနေခင်းအချိန်
မနေ့က ဒေါ်နန်းဝေဝေပြောခဲ့သည်များအား ခခခေါင်းထဲ သိပ်မထည့်ထားပါ။
ဒါကလဲ သူမ ဒေါ်နန်းဝေဝေအကြောင်း ကောင်းကောင်းမသိသေးလို့ပေ။
တစ်ကယ်လို့ သူမသာ ဒေါ်နန်းဝေဝေဘယ်လောက်အဆိပ်ပြင်းမှန်းသိခဲ့ရင် အခုလို အေးအေးဆေးဆေး ကြီးနန်းနဲ့ စကားတွေပြောရင်း နေနိုင်ပါ့အုံးမလား။
မနေ့က ငါးခြောက်ဖုတ်ဆီစမ်းလေးနှင့် တမာရွက် အတို့မြှုပ်လေးစားထားတာကြောင့် ကြီးနန်းတို့ သွေးတိုးကာ အိပ်ရာကပင် မထနိုင်ပေ။
ညနေခင်းမှောင်ရီပျိုးစအချိန်တော့ ဆရာဝန်ခေါ်ကာ ဆေးထိုးလိုက်သဖြင့် အနည်းငယ်ကောင်းသွားတော့သည်။
“သမီးခခ”
“ရှင်.....ပြောလေ ကြီးနန်း ဘာလိုချင်လဲ ဗိုက်ဆာလို့လား”
“မဟုတ်ဘူး.... ကြီးနန်း ခြံထဲဆင်းလမ်းလျှောက်ချင်လို့”
“ဟမ်.... ၆နာရီတောင်ထိုးနေပြီလေ ကြီးနန်းရဲ့ မနက်ဖြန်မှ လျှောက်ပါလား.....”
“ကြီးနန်း အခန်းထဲမှာ နေရတာပျင်းလာပြီ သမီးရဲ့”
“ကြီးနန်းက အခုမှ အိပ်ရာက ထနိုင်တာလေ.... လှေကားတွေကို ဘယ်လိုဆင်းမှာတုန်း ကြီးနန်းရဲ့”
“သမီးက ကြီးနန်းကို တွဲကူပေါ့ လုပ်ပါသမီးရယ် ကြီးနန်း ခြံထဲက သဇင်ပန်းအနံ့လေးတွေကို လွမ်းလွန်းလို့ပါ”
မျက်နှာငယ်လေးဖြင့် တောင်းဆိုလာတာကြောင့် ခခလေပူတစ်ချက်ကိုမှုတ်ထုတ်ကာ ကြီးနန်းအား တွဲထူပေးလိုက်သည်။
“အဟွန်း.... သမီးလေးက လိမ်မာလိုက်တာ”
“ဖြည်းဖြည်းနော် ကြီးနန်း”
“ဟုတ်”
လုပ်ချင်တာလုပ်ရတော့မည်ဆိုသဖြင့် ပြုံးပျော်နေတဲ့ ကြီးနန်းက ကလေးလေးတစ်ယောက်လိုပင်။
ကြီးနန်းပျော်နေတာမြင်တော့ သူမလဲ ပျော်ရပါသည်။
ကြီးနန်းကို ဦးရဲ့ အမေဖြစ်တာကြောင့်မို့ဆိုပြီး ချစ်ခဲ့ရတာမဟုတ်ပေ။
ကြီးနန်းက သူမအား အမေတစ်ယောက်လို ဂရုစိုက်ပေးခဲ့တာကြောင့် ခခလဲ ကြီးနန်းအား သူမအမေအရင်းတစ်ယောက်လို အလွန်ပင်ချစ်ရသည်။
နှစ်ယောက်သား ပြုံးရွှင်စွာဖြင့် ထွက်လာပုံအား တိတ်တစိတ်ချောင်းကြည့်နေသူကတော့
“အဟွန်း....”
လှေကားထစ်တွေအား ဆင်းဖို့ကူပေးနေတဲ့ ခခနားသို့ ရုတ်တရက်တိတ်တစိတ်ရောက်လာသူက ဒေါ်နန်းဝေဝေပေ။
ဒေါ်နန်းဝေဝေ ခခအား အနောက်မှ တွန်းပစ်လိုက်တော့သည်။
“ဟင်....”
ကြီးနန်းလှေကားတစ်ထစ်ဆင်းပြီးမှ ခခက ပြန်ဆင်းတာမို့ ကြီးနန်းက သူမထက် လှေကားတစ်ထစ်ပိုဆင်းနေသည်။
ဒါကို အနောက်မှ ခခအားတွန်းလိုက်တာကြောင့် ကြီးနန်းအား ထိန်းထားတဲ့ သူမလက်တွေက ကြီးနန်းကို မထိန်းထားနိုင်တော့ဘဲ အနောက်မှ ဝင်တိုက်မိကာ ကြီးနန်းအား တွန်းချလိုက်သလို ဖြစ်သွားတော့သည်။
“ကြီးနန်း”
လှေကားတွေ တစ်ထစ်ချင်းဆီမှ လိမ့်ကျသွားတဲ့ ကြီးနန်းအား ခခအော်ခေါ်လိုက်ပြီး အပြေးလေးသွားလိုက်သည်။
“ကြီးနန်း ထပါအုံး”
ကြီးနန်းခေါင်းလေးအား မထူလိုက်တော့ ကြီးနန်းရဲ့ ခေါင်းနှင့်အတူ သွေးစများက သူမလက်သို့ ပါလာခဲ့သည်။
“ဟင်.... သွေး....”
ခခ အပေါ်ထပ်သို့ ကြည့်လိုက်တော့ မည်သူမှ မရှိတော့ပေ။
“တောက်....”
ဒေါ်နန်းဝေဝေလက်ချက်မှန်းသိနေတဲ့ ခခ ဒေါသအလွန်ထွက်လာကာ သွားသတ်ပစ်လိုက်ချင်ပေမယ့် ကြီးနန်းက ပိုအရေးကြီးတာမို့ ဆရာဝန်ဆီအား ဖုန်းခေါ်ဖို့ သူမပြင်လိုက်သည်။
ဒွီ....
“ဟယ်လို.....”
“ဟယ်လို....ဒေါက်တာ အဟင့်.... ကြီးနန်းကိုကယ်ပါအုံး ဒေါက်တာရယ်”
“ကြီးနန်းက ဘာဖြစ်လို့လဲ”
“လှေကားပေါ်က ပြုတ်ကျသွားလို့”
“ဟင်.... ဘာမှစိတ်မပူနဲ့နော် ဒေါက်တာ အခုချက်ချင်းလာခဲ့မယ်”
“ဟုတ်”
တစ်ဖက်မှ ဖုန်းချသွားသည်နှင့် ခခ ကြီးနန်းအနား ပြန်လာခဲ့လိုက်သည်။
“ကြီးနန်း ခခခေါ်တာ ကြားလားဟင် ထပါအုံးကြီးနန်း.... ဟင့်.... ကြီးနန်း”
ခခ ကြီးနန်းအား သူ့ရင်ခွင်ထဲသို့ ထည့်ကာ အားရပါးရငိုကြွေးနေတော့သည်။
ဒါကို ငေးကြည့်နေမိသူကတော့ ဧည့်ခန်းထဲမှ သန့်ရှင်းရေးလုပ်ရင်း ဒေါ်နန်းခင်ခင် ဆင်းလာသည်ကို မြင်တာကြောင့် သွားကူပေးဖို့ အလုပ် အနောက်မှ ဒေါ်နန်းဝေဝေတွန်းချလိုက်သည်ကို မြင်လိုက်ရသည့် ဒေါ်မြိုင်ပေ။
အလုံးစုံကို အသေအချာ မြင်လိုက်ပေမယ့် ဒေါ်နန်းဝေဝေ ဟန်အမူအယာနှင့် သတ်ပစ်မည့်ပုံစံ လုပ်ပြလာတာကြောင့် သူ့မှာလဲ ကြောက်ကြောက်နှင့် သွားမကူခဲ့ပေ။
ခဏကြာတော့ ဒေါက်တာလဲ ရောက်လာခဲ့ပြီ။
ထိုအချိန်မှ ဒေါ်မြိုင်လဲဒေါက်တာနှင့်အတူ အပေါ်သို့ တက်လာခဲ့သည်။
“ဟင်.... မမခင်”
“အဟင့်.... ဒေါက်တာ ကြီးနန်းကို ကယ်ပါအုံး.... ခေါ်လို့မရတော့ဘူ"
ထိုဒေါက်တာလဲ ကြီးနန်းရဲ့ ဦးခေါင်းတဝိုက်သို့ ကြည့်လိုက်သည်။
လှေကားပေါ်မှ အရှိန်နှင့်ပြုတ်ကျလာကာ အောက်ရောက်တော့ ကြွေပြားနှင့် နောက်စေ့တည့်တည့်ကို ဆောင့်မိလိုက်ကာ ဒေါ်နန်းခင်ခင် အစောကတည်းကပင် အသက်မရှိတော့ပေ။
“ဘယ်လိုပြောရမလဲ.... ဒေါ်နန်းခင်ခင် အစောကတည်းက အသက်မရှိတော့ဘူ”
“ဘာ.... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.... ကြီးနန်းက ခခနဲ့ခြံထဲဆင်းမလို့လေ ဒါကြောင့် ဆင်းလာတာကို လှေကားပေါ်ကပြုတ်ကျရုံနဲ့ အသက်မရှိစရာလား..... ဒေါက်တာ သေချာ မစမ်းသပ်ပေးဘဲနဲ့ ရှောက်မပြောပါနဲ့”
ခခ မျက်ရည်တို့အား မကျဆင်းအောင် ထိန်းထားရင်း ကြောင်လျက်သွားနှင့် ပြောနေလေသည်။
“ဒေါက်တာတောင်းပန်ပါတယ် ဒေါ်နန်းခင်ခင်က နောက်စေ့တည့်တည့်ကို ကြွေပြားနဲ့ဆောင့်မိတာကြောင့် အသက်ကလုံးဝပြန်မရှင်လာနိုင်တော့ပါဘူး”
“ဟင့်အင်း.... မဟုတ်ဘူး.... ဒေါ်မြိုင် ဒီဒေါက်တာ ရှောက်ပြောနေတာမလား ဒေါ်မြိုင် ဟုတ်တယ်မလား ဒီဒေါက်တာ ရှောက်ပြောနေတာမလားလို့”
“သမီးရယ် စိတ်ထိန်းပါအုံး”
“ကြီးနန်း... ထပါအုံး ကြီးနန်းကို ဒေါက်တာက အသက်မရှိတော့ဘူတဲ့... ကြီးနန်းက ခခနဲ့အတူ သဇင်ပန်းရုံထဲကို သွားရအုံးမှာလေ မဟုတ်လား ထပြီးပြောပြလိုက်အုံးလေ ကြီးနန်း.... ကြီးနန်း ထပါအုံး အဟင့်.... ကြီးနန်းဘဲ နေပြည်တော်တုန်းက ပြောတယ်လေ ကြီးနန်းက ခခနဲ့အတူ အကြာကြီး နေသွားမှာဆို.... ကြီးနန်းက ကျန်းမာရေးအရမ်းကောင်းတဲ့သူဆို အသက်ရာချီပြီးနေမှာဆို ကြီးနန်း..... ဟင့်... ထအုံးလေ ကြီးနန်းရဲ့”
ခခ ကြီးနန်းအား ကြည့်ကာ ရှိုက်ကြီးတငင် ငိုယိုနေတော့သည်။
“ကျွတ်..... ဒီလောက်ထိ ဖြစ်မယ်လို့ မထင်ခဲ့ဘူး.... ဒုက္ခပါဘဲ...."
ဒေါ်နန်းဝေဝေ အပေါ်ထပ်မှနေ၍ သူ့လုပ်ရပ်အား သူပြန်စဉ်းစားကာ ခေါင်းတွေပင်ရှုပ်လာခဲ့သည်။
ဒီလောက်ထိ ဖြစ်သွားမည်လို့ သူမ မထင်ခဲ့ပါ။
အခုတော့ ဘယ်လိုမှ မတက်နိုင်တော့ပေ။
နောက်တစ်နေ့မနက်
အဖြစ်အပျက်တွေက မြန်ဆန်လွန်းလှသည်။
မနေ့ည ကြီးနန်းဆုံးပြီးလို့ နှစ်နာရီလောက်ကြာတော့ ဟန်စိုင်းအား အသိပေးဖို့ ဖုန်းဆက်ခဲ့သည်။
အခုချိန်ဆို ဟန်စိုင်းလဲ ဒီကို ပြန်လာနေလောက်ပြီ။
“သမီးခခ တစ်ခုခုလာစားပါအုံးလား”
မနေ့ညကတည်းက အခု မနက်၉နာရီထိုးနေပြီ ဘာတစ်ခုမှ မစားသေးသဖြင့် ဒေါ်မြိုင်စိတ်ပူကာ မေးလိုက်သည်။
“ဟင့်အင်း.... ခခဘာမှမစားချင်ဘူး.... ကြီးနန်းကိုဘဲ အသက်ပြန်ရှင်လာအောင် လုပ်ပေးပါလားဟင် ဒါဆို ခခ ဘာမှမစားလို့ ငတ်သေသွားလဲ ရတယ်.... လုပ်ပါ ဒေါ်မြိုင် ခခကို ကူညီပါအုံး”
ခခ ကြီးနန်းရဲ့ ရုပ်အလောင်းရှေ့၌ ကြီးနန်းမျက်နှာလေးအား ကြည့်ကာ ငိုရင်းဖြင့် ပြောနေလေသည်။
ခဏကြာတော့ ဟန်စိုင်းရောက်လာခဲ့သည်။
“အမေ.... အဟင့်....”
ဟန်စိုင်းအိမ်ထဲဝင်ဝင်ချင်း မြင်လိုက်ရတာကြောင့် ရင်ထဲ အောင့်သက်သက်ဖြစ်ကာ မျက်ရည်များက အတားအဆီးမဲ့ ပြိုဆင်းလာတော့သည်။
ဟန်စိုင်းခဏတာ ငိုင်နေပြီးနောက် ရုတ်တရက် ဒေါ်နန်းဝေဝေဘက်သို့ လှည့်ကြည့်လာခဲ့လိုက်သည်။
“ဒါခင်ဗျားလက်ချက်လား”
“ရူးနေလား.... ငါ့အစ်မအရင်းကြီးကို ငါကအခုလို လုပ်စရာလား”
“ဒါဆို ဘယ်သူ့လက်ချက်လဲ....”
“ဒါကတော့ မင်းဘေးနားကလူကို မေးကြည့်ရင်ပိုကောင်းမယ်”
ဟန်စိုင်း မျက်လုံးများရဲတက်ကာ အံကိုကြိတ်ပြီး ခခဘက်သို့ လှည့်လာခဲ့လိုက်သည်။
“ဒါဘယ်သူ့လက်ချက်လဲ.... အမေကဘယ်လိုလုပ် လှေကားပေါ်က ပြုတ်ကျသွားရတာလဲ”
ခခသူ့အား အကြည့်စူးစူးတို့ဖြင့်ကြည့်လာတဲ့ ဟန်စိုင်းကြောင့် သူမကိုယ်လေးမှာ ကျုံ့သွားရပြီး စိုးရိမ်စိတ်များက သူမဦးနှောက်တတ်ခုလုံးကို ကြီးစိုးသွားရသည်။
ဒီအဖြစ်အပျက်မှာ ခခနဲ့လဲ မကင်းပေ။
သို့ပေမယ့် ခခသာ အမှန်အတိုင်း အနောက်မှ တစ်ယောက်ယောက်က တွန်းလိုက်သည်ဟု ဆိုလိုက်လျှင် ဦးဟန်က ယုံနိုင်ပါ့မလား။
သူ့စိတ်ထဲတော့ လိမ်မည်ဟုသာ ထင်နေလိမ့်မည်။
“ကိုယ့်ကိုအမှန်တိုင်းပြောပါ.... အမေက ဘယ်လိုလုပ် လှေကားပေါ်က ပြုတ်ကျသွားရတာလဲ”
ခခဘာမှ မပြောနိုင်ဘဲ ဒီတိုင်းသာ ရပ်ကြည့်နေမိသည်။
“ကိုယ့်အစ်မအတွက် နောက်ဆုံးအနေနဲ့ အမှန်တရားတစ်ခုကို ပြောပြချင်တယ် သားစိုင်းခွင့်ပြုနိုင်လား”
ကြားထဲမှ ဝင်ကာ ပြောလာသည့် ဒေါ်နန်းဝေဝေကြောင့် ခခစိတ်ထဲ စိုးရိမ်မှုများက ပိုမိုပင်များလာခဲ့သည်။
သူမ ဟန်ဆောင်ကာ လိမ်ညာစကားတွေအား ပြောဆိုတော့မည်ဆိုတာ ခခစိတ်ထဲရိပ်မိသည်။
“ပြော....”
“တစ်ကယ်တော့ မမခင်ဆုံးသွားရတာက မင်းရဲ့ သိပ်ချစ်ရတဲ့ ဒီကလေးမကြောင့်ဘဲ”
ဟန်စိုင်း အလွန်အံ့ဩသွားကာ ခခဘက်သို့ လှည့်ကြည့်လိုက်သည်။
“မဟုတ်ဘူး.... ဒေါ်နန်းဝေဝေ ရှင်မလိမ်နဲ့ ကြီးနန်းဆုံးရတာ ခခကြောင့် မဟုတ်ဘူး”
“မယုံရင် ကြိုက်တဲ့သူကို မေးကြည့်လို့ရတယ်.... အဲ့မိန်းမ မမခင်ကို လှေကားပေါ်က တွန်းချလိုက်တာ အန်တီတင်မဟုတ်ဘူး ဒေါ်မြိုင်ပါမြင်တယ် ဟုတ်တယ်မလား ဒေါ်မြိုင်”
ဒေါ်မြိုင်ဘက်သို့ လှည့်ကာ မေးလာတဲ့ ဒေါ်နန်းဝေဝေကြောင့် ဒေါ်မြိုင်တစ်ယောက် အခက်တွေ့နေတော့သည်။
ဒေါ်နန်းဝေဝေ ဒေါ်မြိုင်အား အကြည့်စူးစူးတို့ဖြင့် ကြည့်လိုက်သည်။
“ဟုတ်လား.... ဒေါ်မြိုင် တွေ့လိုက်သေးလား”
“ဟမ်.... ဟို.... ဟုတ် ဟုတ်ပါတယ် ခခ မမခင်ကို လှေကားပေါ်က တွန်းချလိုက်တာပါ”
“ဒေါ်မြိုင်!..”
ခခ ဒေါ်မြိုင်အပြောကြောင့် အံဩကာ လန့်စွားရင်း ဒေါ်မြိုင်နာမည်အား အော်ခေါ်လိုက်သည်။
“ဟုတ်လား... မိုးမခရှင်း"
ဟန်စိုင်း ခခပုခုံးတွေအား ကျစ်နေအောင်ဆုပ်ကိုင်လိုက်ပြီး မေးလိုက်သည်။
“မ... မဟုတ်ဘူး.... ခခ ကြီးနန်းကို သတ်လိုက်တာ မဟုတ်ဘူး”
“မင်း.... ဘာကိုလိမ်ချင်နေသေးတာလဲ လှေကားပေါ်ကနေ မင်းမမခင်ကို တွန်းချလိုက်တာ ဒေါ်မြိုင်ကစ သိတာကို ဘာလိမ်ချင်နေသေးတာလဲ”
ခခ ဒေါ်နန်းဝေဝေရဲ့အပြောကြောင့် ဒေါသထွက်လာကာ သူမအနားသို့ သွားလိုက်သည်။
“ရှင်မဟုတ်တာကို မပြောနဲ့ အဲ့ကိစ္စ ရှင်တွန်းလိုက်လို့ ဖြစ်သွားတာလေ မဟုတ်လား”
“မင်းက ဘာကျုလိမ်ချင်နေသေးတာလဲ ဒေါ်မြိုင်တောင် မင်းတွန်းတယ်လို့ ပြောနေတာဘဲလေ မဟုတ်လား”
ခခ ခေါင်းတွေရမ်းခါကာ မဟုတ်ဘူးဟု ဆိုနေလေသည်။
“မင်း သူများတွေကို ပြဿနာလိုက်ရှာမနေနဲ့ လာ.... ငါ့နောက်လိုက်ခဲ့”
ဟန်စိုင်း ခခလက်အားအတင်းဆွဲကာ ခြံထဲသို့ ခေါ်လာခဲ့လိုက်သည်။
“ကိုယ့်ကို အမှန်အတိုင်းပြောပါ ခလေးက အမေလှေကားပေါ်ကတွန်းချလိုက်တာဆို ဟုတ်လား”
“ခခပြောတော့ကော ဦးကယုံမှာမို့လား”
အခုလိုပြောပြန်တော့ ဟန်စိုင်း ခခအား အလွယ်တကူမယုံချင်ပြန်ပေ။
အဒေါ်ဖြစ်သူ ဒေါ်မြိုင်ကစ သူမသတ်လိုက်ကြောင်းပြောနေတာကြောင့် ဟန်စိုင်း ခခစကားများအား ယုံဖို့ ခက်နေပြန်သည်။
“ဦး မယုံနိုင်ဘူးမလား....”
“ဘာလို့ အမေ့ကိုအခုလိုလုပ်ရတာလဲ... အမေက မင်းအပေါ်မကောင်းခဲ့လို့လား”
“မဟုတ်ဘူး....”
“ဒေါ်မြိုင်တောင် ပြောနေမှတော့ အမေအခုလိုဖြစ်ရတာ မင်းကြောင့်ပေါ့"
“မဟုတ်ဘူး.... ခခရှင်းပြတာ နားထောင်မယ်မလား”
ဟန်စိုင်း ဘာမှပြန်မပြောဘဲ ဒီတိုင်းသာ ရပ်နေသည်။
“ဟုတ်တယ်.... ဦးထင်သလိုဘဲ.... ကြီးနန်းကို ခခလှေကားပေါ်ကတွန်းမိသွားတယ် ဒါကေမယ့်.....”
“တော်ပြီ.... ငါ့အရှေ့ကနေ အခုချက်ချင်းထွက်သွားပေးပါ”
“ခဏလေး... ခခရှင်းပြပါရစေအုံး”
“ထွက်သွားတော့လို့.... ငါမင်းကို သတ်မိလိမ့်မယ်နော် မိုးမခရှင်း.... ဒါကြောင့် ငါ့အရှေ့ကနေ အခုချက်ချင်းထွက်သွားပေးပါ”
“အွန်း.... ထွက်သွားဆိုထွက်သွားပေးရမှာပေါ့.... ဒါပေမယ့် ခခတစ်ခုပြောခဲ့မယ်.... အမှန်တရားကိုသိသွားတဲ့တစ်နေ့ကြရင် ခခကိုဘယ်တော့မှပြန်လိုက်မရှာပါနဲ့....”
ခခကျဆင်းလာတဲ့ မျက်ရည်များအား လက်ခုံဖြင့်သုတ်ပစ်လိုက်ပြီး ကြီးနန်းရဲ့ရုပ်အလောင်းရှိရာဆီ ထွက်လာခဲ့လိုက်သည်။
ဟန်စိုင်း သူမလေးအား တစ်ချက်ကြည့်လိုက်ပြီး ကောင်းကင်သို့ မော့်ကာကြည့်နေလေသည်။
ဒေါ်နန်းဝေဝေဘဲ ပြောသည်ဆိုရင်တော့ သူမယုံပါ။
အခုဟာက ဒေါ်မြိုင်ကစပြောတာကြောင့် ဟန်စိုင်းစိတ်ထဲ အနည်းငယ်ခုသွားရသည်။
တောင်းပန်ပါတယ်.... ကိုယ်အမှန်အတိုင်းသိတဲ့တစ်နေ့ မင်းမလိုက်ရှာနဲ့ဆိုရင်တောင် ကိုယ်ရအောင်လိုက်ရှာပြီး စိတ်ကျေနပ်တဲ့အထိ ကိုယ်တောင်းပန်ပါမယ် အခုလောလောဆယ် ဒီကနေမင်းထွက်သွားမှ ကျေနပ်တဲ့သူက သပ်သပ်ရှိနေလို့ပါ။
သူသိပ်ချစ်ရတဲ့ မိဘနှစ်ပါးလုံးကို ဆုံးရှုံးလိုက်ရပြီ။
နောက်ထပ် သူအရမ်းချစ်ရတဲ့ မိုးမခရှင်းကိုတော့ သူထပ်ပြီး အဆုံးရှုံးမခံချင်တော့ပါ။
ခခ သူ့အဝတ်ထုတ်လေးကိုင်ကာ မိုးရန်ရှင်းခပေးခဲ့တဲ့ ဖုန်းနံပါတ်လေးနဲ့လိပ်စာကတ်လေးအား ယူပြီး ဒေါ်မြိုင်ဘက်သို့ အကြည့်စူးစူးဖြင့်ကြည့်လိုက်ပြီး ထိုအိမ်ကြီးထဲမှ ထွက်လာခဲ့လိုက်တော့သည်။
13038✍︎
အချိန်ပေးပြီး စောင့်ဖတ်ပေးတဲ့ အတွက် ကျေးဇူးအများကြီး တင်ပါတယ်။♡︎♥︎
စိတ်ကူးရင် ဝတ္ထုမို့အမှားပါရင် ခွင့်လွှတ်ပါ။
ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏