book

Index 2

(Part 2)

“အချစ်သည် ခလေးကြောင့် ဖြစ်သည်”



”သမီး ခခရေ ပြီးပြီလား”


“လာပြီ ကြီးကြီးနန်း”


ဒူးဖုံး ဂါဝန်ဖြူလေးကို ဝတ်ကာ အိမ်အပေါ်ထပ်မှ ပြေးဆင်းလာခဲ့တဲ့ သူမအား ဟန်စိုင်းတို့ တစ်ယောက် အကြောင်းမဲ့ ငေးကြည့်နေမိသည်။


“သမီး အဝတ်အစားတွေကော”


“ကားပေါ်တင်လိုက်ပြီ ကြီးကြီးနန်း”


“လမ်းခရီး ချောမွေ့ပါစေ လိုအပ်တာရှိရင် သမီးကိုကြီးကို ပြောနော်”


“ဟုတ်”


“အဲ့မှာ သမီးပျော် သလောက်နေနော် ကြီးကြီးနန်းကို ဘာမှမစိုးရိမ်နဲ့ ပျော်သလောက်သာ နေခဲ့”


“ဟုတ်ကဲ့”


“ဒါဆိုသွားပြီနော် အမေ”


“အေးကွယ် ဖြည်းဖြည်းသွားနော်”


“ဟုတ်”


“သွားပြီ”


နှစ်ယောက်လုံး လက်ပြနှုတ်ဆက်ကာ အိမ်ကြီးထဲမှ ထွက်လာခဲ့လိုက်ကြသည်။


“ဝါး.... အစောကြီး ထထားရတာ တစ်ရေးလောက် အိပ်အုံးမယ်နော် ရတယ်မလား”


ခခ ဟန်စိုင်းဘက်သို့ လှည့်ကာ ပြောလိုက်ပေမယ့် ဟန်စိုင်းမှာတော့ မကြားချင်ယောင် ဆောင်နေသဖြင့် ခခတို့တစ်ယောက် ဒေါသထွက်သွားသည်။


“နားများလေးနေလား မသိဘူး ကျစ်.... နေပစေတော့ ကိုယ့် ကိုယ့်ဟာကိုဘဲ အိပ်တော့မယ်”


ဆိုကာ ကားတံခါးနားလေးသို့ မှီဖို့ ပြင်လိုက်စဉ်။


“အဟွန်း....”


ဟန်စိုင်းတတစ်ယောက် မဲ့ပြုံးပြုံးကာ ကားအား ကတ္တရာလမ်းပေါ်မောင်းနေရာမှ ဘေးကျောက်ခဲ‌တွေ ချိုင့်တွေရှိရာသို့ ထိုးဆင်းလိုက်သည်။


“အမယ်လေး အမေ့ရေ..... ဒီမှာ ဒီမှာ”


ဟန်စိုင်း သူ့အပြော‌အား မကြားသလိုသာ ဟန်ဆောင်နေလိုက်သည်။


“ဒီမှာ ဟိတ်လူ ဦးလေး”


“ငါ့ကို ဘယ်လိုခေါ်လိုက်တယ်”


“ဦးလေး”


“ငါ့ရုပ်က အဲ့လောက်အသက်ကြီးတဲ့ ရုပ်ပေါက်နေလို့လား”


“အင်း.... ဟုတ်တယ်”


“မင်း....”


“ကဲပါ မင်းတွေဘာတွေ လုပ်မနေနဲ့ ကားကို ကတ္တရာလမ်းပေါ်‌ပြန်မောင်းပေး”


“ငါက မင်းစကားကို ဘာလို့ နားထောင်ရမှာလဲ”


“လုပ်ပါ ဦးလေးရယ် ခခ ဒီနေ့အစောကြီးထခဲ့ရလို့ ခဏလောက်အိပ်ပါရစေနော်”


မျက်နှာငယ်လေးနှင့် လာတောင်းဆိုနေတဲ့ သူမကြောင့် ဟန်စိုင်းတို့ ကားကို ကတ္တရာလမ်းပေါ်သို့ ပြန်တင်မောင်းလိုက်သည်။


“မင်းတောင်းဆိုခို့တော့ မဟုတ်ဘူးနော် ကားကိုခဏကအတိုင်းမောင်းနေရင် ကားဘီးတစ်ခုခုဖြစ်သွားမှာစိုးလို့....”


“အော်.... ဟုတ်”


ဟွန်း.... မျက်နှာငယ်လေးနဲ့ တောင်းဆိုတာမို့လို့ ဒဲ့ပြောလဲ ရတာကို လာပြီးတော့ ကားဘီးတွေ ဘာတွေ အကြောင်းပြနေတယ်။


ခခ ဟန်စိုင်း မကြားအောင် စိတ်ထဲမှ ပြောနေမိသည်။

ခဏကြာတော့ သူမလဲ အိပ်ငိုက်နေပြီဖြစ်၍ ကားမှန်လေးအား မှီကာ အိပ်ပျော်သွားတော့သည်။


နေပြည်တော်မှ ထွက်လာတဲ့ ကားဟာဆိုရင် ညနေစောင်း၆နာရီအချိန်တွင် ကလောမြို့သို့ ရောက်လာခဲ့သည်။


တောင်တန်းဒေသဖြစ်သဖြင့် လေးအေးအေးလေးက ကားထဲရှိ အိပ်မောကျနေတဲ့ ခခရဲ့ မျက်နှာပြင်လေးသို့ ဖြတ်သန်းသွားသည်။


အအေးဓာတ်ကို အနည်းငယ် ခံစားလိုက်ရတဲ့ သူမကတော့ ချက်ချင်းဆိုသလို အိပ်နေရာမှ နိုးလာခဲ့သည်။


“ဝါး.... ဘယ်ရောက်ပြီလဲ”


“မျက်လုံးပါရင် ဖွင့်ကြည့်”


“ဟွန့်.... ကြီးကြီးနန်းရှေ့မှာကြတော့ တစ်မျိုး ကွယ်ရာမှာကြတော့ တစ်မျိုး အမျိုးမျိုးပြောင်းလဲနေတဲ့ အဘိုကြီး”


“ဘာပြောတယ်”


ဘေးနားမှ ရုပ်တည်ကြီးနှင့် ထိုင်နေသည့် ဟန်စိုင်းအား မကြားအောင် အသံအနည်းငယ် တိုးကာ ပြောလိုက်ပေမယ့် နားပါးလွန်းတဲ့ ဟန်စိုင်းကတော့ အဘိုးကြီး ဆိုသည်နှင့် အတော်ဒေါသထွက်ကာ ထအော်ပေးလိုက်သည်။


“ဟို..... ဘာ ဘာမှမပြောပါဘူး”


“အဟင်း.... မင်းကတော့နော် သေတော့မယ်”


“ဟွန့်.... ကြောက်မနေဘူး”


“ဘာပြောတယ်....”


“ဘာမှ မပြောပါဘူး အဟီး....”


နေအုံးပေါ့ ကလေးမ ‌ရောက်တာနဲ့ မင်းတော့ သေဖို့သာပြင်။


စိတ်ထဲ ကြုံးဝါးကာ ကားကို ခပ်မြန်မြန်မောင်းခဲ့ရာ ကလောမြို့ သူ၏အိမ်ရှိရာသို့ ရောက်လာခဲ့တော့သည်။


“ဝိုး....”


နေပြည်တော်ကခြံထက် အဆပေါင်းများစွာ ကျယ်ပြီး ခြံထဲဝင်လိုက်သည်နှင့် ချက်ချင်းဆိုသလို ရလာတဲ့ သဇင်ပန်းရနဲ့ကြောင့် ပင်ပန်းလာရတာတွေ အားလုံးက ထိုခြံထဲဝင်ရုံနှင့် ပျောက်ကွယ်သွားတော့သည်။ ခြံထဲမှ ပန်းအပြည့်စိုက်ထားကာ သစ်ပင်မြင့်ကြီးတွေဖြင့် ဖုံးအုပ်ထားတာကြောင့် ရုတ်တရက်ကြည့်လိုက်ရင် တောထဲရောက်သွားသလိုပင်။

သစ်ပင်မြင့်တွေ ပန်းခြံကြီးကို ဖြတ်မောင်းလာပြီးနောက်မှာတော့ ဝါးတစ်ပိုင်းအုတ်တစ်ပိုင်းလေးဖြင့် သပ်ရပ်စွာ ဆောက်ထားတဲ့ သုံးထပ်တိုက်လေးကို မြင်တွေ့လိုက်ရသည်။

ညနေမှောင်ရီစချိန်မို့ တစ်အိမ်လုံးမှာ မီးအရောင်ကြောင့် လင်းထိန်နေလေသည်။


“လှလိုက်တာ”


“ဆင်း....”


ကားတံခါးဖွင့်လိုက်သည်ဆိုသည်နှင့် မီးရောင်ကြောင့် အရောင်ဟပ်နေတဲ့ ကြွေပြား‌ကြီးတွေကြောင့် သူမခြေထောက်ပင် မချနိုင်ဖြစ်နေရသည်။


“လှလိုက်တာ နေပြည်တော်က အိမ်နဲ့ တစ်ခြားစီပါလား”


“အဲ့တိုင်းဘဲ နေနေတော့မှာလား မဆင်းလာတော့ဘူလား”


“ရှန်.... ဟုတ် ဟုတ် ဆင်းလာပြီ”


ကြောင်တောင်တောင်လေးနှင့် ပတ်ဝန်းကျင်တစ်ခုလုံးကို စူးစိုက်ကြည့်ကာ ဟန်စိုင်းနောက်မှ လိုက်လာခဲ့လိုက်သည်။


“မင်း.... ဘာလို့လိုက်လာတာလဲ”


“ဟမ်.... မလိုက်လာလို့ ခခက အပြင်မှာ ထိုင်စောင့်နေရမှာလား”


“မင်းအဝတ်ထုတ်တွေ မသယ်တော့ဘူလား”


“သယ်မှာလေ”


“အဲ့ဒါဆို သွားလေ”


“ခဏနေအုံးလေ”


“ဘာကို ခဏလဲ....”


“ဟယ်...... သူဌေးလေး ပြန်လာပြီပေါ့”


“ဟုတ် ဒေါ်မြိုင်”


“ဒီတစ်ခါကော ခဏဘဲလား”


“ခဏမဟုတ်တော့ပါဘူး အပြီးပြန်လာတာ”


“ကောင်းလိုက်တာ ဒါနဲ့ သူလေးက”


ခခကို လက်ညိုးထိုးပြီး ပြောလာတဲ့ ဒေါ်မြိုင်ဆိုသူအား ခခတစ်ယောက် စူးစိုက်ကြည့်နေမိသည်။


“ဘယ်သူမှမဟုတ်ပါဘူး အမေ့အိမ်ကနေ ခိုင်းဖို့အတွက် ခေါ်လာတာ”


“အော်.... ဒေါ်မြိုင်လဲ သက်သာတာပေါ့ ကောင်းတယ်ကောင်းတယ်”


“ဟုတ်..... ဟိတ် ဟိတ် မင်းအဝတ်တွေသွားသယ်အုံး.....”


ကိုယ်ကသာ အရှေ့ကနေ အရူးတစ်ယောက်လို ခေါ်နေသည်။ တစ်ဖက်က သူမကတော့ သူ့ကိုပင် ဂရုမစိုက်နိုင်အောင် ဒေါ်မြိုင်ဆိုသူအား စူးစိုက်ကြည့်‌ပြန်သည်။


“ဟိတ်.... မင်း‌ကိုငါခေါ်နေတာမကြားဘူးလား”


“ဖယ်စမ်းပါ....”


သူခေါ်တာကို မထူးသည့်အပြင် သူ့ကိုပါဘေးဖယ်ခိုင်းပြီး ဒေါ်မြိုင်ရှိရာဆီသို့ ဦးတည်သွားတဲ့ သူမကြောင့် ဟန်စိုင်းတို့ အတော်တင်းသွားရသည်။


“ဟို.... အန်တီ့နာမည်က”


“ဒေါ်ခင်မြိုင်”


“ရှန်....”


ရုတ်တရက် မျက်လုံးတွေ ပြူးကျယ်ကာ လန့်ဖျတ်သွားတဲ့ သူမကြောင့် ဟန်စိုင်းကော ဒေါ်မြိုင်ပါ ကြောင်သွားသည်။


“ဘာဖြစ်လို့လဲ သမီး”


“အန်တီမြိုင် သ... သ... သမီးကို မှတ်မိသေးလား”


“ဟို.... ဘယ်သူလဲ သမီးက”


“ဦးအောင်ခနိုင်ရဲ့ မြေးလေ မှတ်မိလားဟင်”


“ဦးအောင်ခနိုင် ဦးအောင်ခနိုင် ကြားဖူးသလိုဘဲ”


“******ရွာကလေ အဲ့ရွာကလေ မီးခြစ်စံလုပ်တဲ့ ဖိုးအောင်ခ ဆိုတာလေ မှတ်မိလားဟင်”


“အော်..... မှတ်မိပြီ မှတ်မိပြီ အန်တီတို့ရွာရဲ့ မီးအိမ်လေး”


“အဟွန်း.... ”


မီးအိမ်လေးဆိုသည့် နာမည်ကြောင့် ခခ ရင်ထဲ အနည်းငယ် ဝမ်းနည်းသွားရသည်။

တစ်ချိန်က ရွာရဲ့ မီးအိမ်လေးဆိုတဲ့ သူမရဲ့ အဘိုးက ဆုံးပါးသွားတာ ကြာပြီ ဖြစ်ပေမယ့် ယခုအချိန်ထိ မှတ်မိနေသေးတဲ့ သူရှိနေတာကြောင့် သူမ ဝမ်းလဲနည်းသလို ဝမ်းလဲသာနေမိသည်။


“ဒါနဲ့ သမီးက”


“မီးအိမ်လေးရဲ့ မြေး မိုးမခရှင်းလေ”


“ဟမ်.... သမီးက ဖိုးအောင်ခရဲ့ မြေလား”


“ဟုတ်”


“အမယ်လေး..... မတွေ့တာတောင် ဘယ်လောက်တောင် ကြာနေခဲ့ပြီလဲကွယ် တစ်ကယ့်ကို ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါလား ဒါနဲ့ သမီးက ၁၀နှစ်ကတည်းက ရွာကနေထွက်သွားတာ မဟုတ်လား”


“ဟုတ်ပါတယ် ကံတရားကဘဲ သမီးဘက် မျက်နှာသာ ပေးခဲ့လို့လား မသိဘူး ဒီက ဦးလေးကြီးရဲ့ အမေက သမီးကို သူ့အိမ်မှာ အလုပ်လုပ်ဖို့ ခေါ်သွားလို့”


“တော်ပါသေးတယ် သမီးရယ် သမီးထွက်သွားတုန်းကဆို ၁၀နှစ်လေးနဲ့ ဘာသွားလုပ်စာမှာလဲ မကောင်းတဲ့ လူတွေနဲ့ တွေ့သွားမှဖြစ်လို့ စိတ်ပူနေတာ တော်သေးတာပေါ့ကွယ် ကြီးလာမှ ပိုချောလာတယ်နော် သမီးက”


“အဟီး.... ကျေးဇူးပါ အန်တီမြိုင်ရယ် သမီး အခုချိန်ထိ ရွာကဘယ်သူနဲ့မှ မတွေ့မိဘူး အန်တီမြိုင်နဲ့ ပထမဆုံးတွေ့တာဘဲ ဒါတောင် တော်ပါသေးတယ် အန်တီမြိုင် အဖိုးကို မှတ်မိနေလို့..... အဟွန်း..... ဒီနေ့ကစပြီး သမီးမှာ အဖော်ရှိသွားပြီ”


“ဒါပေါ့ကွယ် ကဲကဲ.... ကားပေါ်မှာ အဝတ်ထုတ်တွေ မချရသေးဘူးမလား”


“ဟုတ်”


“လာ အန်တီမြိုင် သမီးကို ချကူမယ်”


“ဟုတ်”


“ဒါဆို သူဌေးလေး ခွင့်ပြုအုံးနော်”


“ခဏလေး ဒေါ်မြိုင်”


“ဟုတ်”


“ကားပေါ်က အဝတ်တွေ သူတစ်ယောက်တည်း ချပါစေ ဒေါ်မြိုင်က ညစာစားဖို့ အတွက် ပြင်ပေးပါ ကျွန်တော် ဗိုက်ဆာပြီ”


“ဟုတ် ဟုတ်..... ဒါဆို သမီးဘဲ အရက်သွားချနှင့်လိုက်နော်”


“ဟုတ် ရပါတယ်”


ခခလဲ စိတ်ကြည်နေသဖြင့် ဒေါ်မြိုင်အား ပြုံးပြလိုက်ပြီး ကားရှိရာဆီသို့ ထွက်လာခဲ့လိုက်သည်။


“ဟူး..... ချရမဲ့ ပစ္စည်းတွေကလဲ အများကြီး ပြောတော့ စိတ်ပြေလက်ပျောက်ဖြစ်အောင်မို့တဲ့ အခုကြတော့ သူ့အဝတ်တွေပါ ချရတော့မယ်..... သည်းခံစမ်း ခခရေ”


သူမရဲ့ လက်ရှည် ဂါဝန်လေးအား ပင့်တင်လိုက်ပြီး ကားပေါ်မှ အဝတ်အိတ်တွေနှင့် ပစ္စည်းများအား မနိုင်မနင်းနှင့် ချလိုက်ပြီး အပေါ်ထပ်ရှိ သူ့အခန်းဆီသို့ သွပို့ရန်ပြင်လိုက်သည်။


ထိုမြင်ကွင်းအား အားရနှစ်သက်စွာ ကြည့်နေသူကတော့ သူမလေးအား မသနားတဲ့အပြင် ပိုပြီးမုန်းလာတော့သည်။


“ဒီကိစ္စမှာ မင်းပါလား မပါလားတော့မသိဘူး ဒါပေမယ့် အခုလောလောဆယ်တော့ ဒီကိစ္စရဲ့ ဓားစာခံက မင်းဖြစ်နေတော့လဲ ငါမသနားပေးနိုင်ဘူး ဆောရီးဘဲ ကလေးမ”


တစ်ယောက်ထဲ ပြောနေတုန်း။


“ဒေါက် ဒေါက် ......”


ဒေါ်မြိုင် လာခေါ်တာအထင်နဲ့ အခန်းတံခါးအား ဆွဲဖွင့်လိုက်ရာ ကိုယ်ပေါ်ပြုတ်ကျလာတဲ့ အရာတစ်ခုကြောင့် ဟန်စိုင်း လန့်သွားရသည်။


ရေချိုးပြီးကာစ အပေါ်ပိုင်းဗလာကျင်းနဲ့မို့ သူ့ရင်ဘက်ပေါ်သို့ ပြုတ်ကျလာသည့် အရာက ဘာဖြစ်မည်ဆိုတာ သူတန်းသိနေသည်။


ဒါကြောင့်လဲ မသိမသာနှင့် သူ့ရင်ဘက်ပေါ်ပြုတ်ကျလာသည့်အရာအား တင်းကျပ်အောင် ဖက်ပစ်လိုက်သည်။


“အား..... ရှင်ဘာလုပ်တာလဲ ခခကိုလွှတ်”


“ဘာလဲ.... ဘာတွေလာပြောနေတာလဲ”


“ဟင်.... အရက်နံ့”


အမြင်ကတ်တာကြောင့် ဟန်စိုင်း အရက်မူးနေသည့်ဟန်ဖြင့် မသိသလို နေလိုက်သည်။


“ဒီမှာ ဒီမှာ ခခက ဖက်လုံးမဟုတ်ဘူး အခုချက်ချင်းလွှတ်ပေး”


“ဖတ်လို့ ကောင်းလိုက်တာကွာ ဒီဖက်လုံးက”


ဟန်စိုင်း အမြင်ကတ်ကတ်ဖြင့် သူမဆံပင်တွေအား မသိမသာ ဆွဲပေးလိုက်သည်။


“အား..... ရှင်တမင်သပ်သပ် ကျွန်မဆံပင်ကို လာဆွဲပေးနေတာလား နာတယ် အန်တီမြိုင် အန်တီမြိုင်ရေ......”


သူမရဲ့ စူးရှတဲ့ အသံကြောင့် ဒေါ်မြိုင်လဲ အိမ်အပေါ်ထပ်သို့ အပြေးလေး တက်လာခဲ့သည်။


“ဟင်..... သမီး”


အခန်းရှေ့လဲရောက်ရော နှစ်ယောက်သား ရန်‌ဖြစ်နေကြသည့်အတိုင်း ဟန်စိုင်းက ခခဆံ‌ပင်တွေအား ဆွဲထားပေးသည်။


“အန်တီမြိုင်ရေ ကူပါအုံး သမီးဆံပင်တွေက ရှိသေးရဲ့လားမရှိဘူး အား..... ”


“အော် အေးအေး”


ဒေါ်မြိုင်လဲ ဟန်စိုင်းရဲ့ လက်တွေအား မရမကဖယ်ပေးလိုက်ပြီး ခခကို အရင်ဆုံး ထခိုင်းလိုက်သည်။


“အဟင့်.... ဆံပင်တွေတော့ အဲ့အဘိုးကြီး ဆွဲပစ်တာနဲ့ အကုန်ကျွတ်ကုန်ပြီ ထင်ပါတယ် အန်တီမြိုင်ရယ်”


“ကဲပါ ငိုမနေပါနဲ့ လာအန်တီကို လာကူအုံး သူဌေးလေးကို အိပ်ရာပေါ် မတင်ရအောင်”


“ဒီတစ်ခါလဲ သမီးဆံပင်တွေကို မဆွဲလောက်ပါဘူးနော်”


“မဆွဲတော့ပါဘူးကွယ်..... လာလာ အန်တီ့ကို ကူအုံး”


“ဟုတ် ဟုတ်”


သူမ မျက်နှာလေး ညိုးငယ်စွာဖြင့် ဟန်စိုင်းအား ကုတင်ပေါ်တင်ပေးဖို့ ကူညီပေးလိုက်သည်။


“ရပြီ.... သူဌေးလေး အရက်တွေသောက်ထားတာထင်တယ်”


ဝရံတာနားက စားပွဲလေးကို ကြည့်ကာ ဒေါ်မြိုင် ပြောလိုက်သည်။


“ဟုတ်မှာ အဲ့ဒါကြောင့် သမီးဆံပင်တွေကို အားမနာတမ်း ဆွဲစုတ်ပေးနေတာလေ ဘယ်လိုလူပါလိမ့် မူးရင် ဆံပင်ဆွဲရတယ်လို့.....”


“ခွင့်လွှတ်လိုက်ပါ သမီးရယ် လာလာ အန်တီတို့ အပြင်ထွက်ရအောင် သူဌေးလေး သူ့ဟာသူ နားပါစေအုံး”


“ဟုတ် ဒီအဝတ်အိတ်တွေကကော”


“ဗီရိုနားမှာ ကပ်ထားပေးလိုက်”


“ဟုတ်”


မနိုင်မနင်းသည်ခဲ့ရတဲ့ အဝတ်အိတ်တွေအား ဗီရိုနားသို့ ကပ်ပေးထားလိုက်ပြီး စိတ်တိုတိုနှင့် အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။


“အဟွန်း..... အားရလိုက်တာ ဒီကလေးမက ဆံပင်လေးတစ်မွှေးနှစ်‌ေမွှး ကျွတ်တာကို ငိုနေရတယ်လို့ နောက်ဆို အဲ့ဆံပင်မွှေးတွေ အကုန်လုံး ဆွဲနုတ်ပေးထားပစ်လိုက်အုံးမယ်...... ဒါအစဘဲရှိသေးတာနော် ကလေးမရယ် ဒါတောင် တိုက်ဆိုင်သွားလို့ နောက် မင်းပိုဆိုးမယ် ပြင်ထားလိုက်”


တစ်ယောက်ထဲ ပီတိဖြာစွာဖြင့် ဟန်စိုင်းတစ်ယောက် အိပ်ရာထက်၌ ပြုံးနေလေသည်။


“ဗိုက်ပြည့်သွားပြီ”


အဝတ်အိတ်တွေ တစ်ခုပြီးတစ်ခုသယ်ခဲ့ရတာကြောင့် မောမောပန်းပန်းဖြင့် ခခတို့ ညစာကို အားရပါးရ စားပစ်လိုက်သည်။


“၇နာရီတောင်ခွဲပြီ အန်တီ မြိုင်အိပ်‌တော့မှာလား”


“မအိပ်သေးပါဘူး သမီးရယ် အန်တီ သမီးနဲ့ စကားပြောချင်လို့”


“ဟုတ်”


“ခြံထဲ ဆင်းရအောင်”


ဒီလိုနဲ့ နှစ်ယောက်သား စကားပြောဖို့ ခြံထဲသို့ ဆင်းလာခဲ့လိုက်သည်။

ခြံထဲဆင်းသွားတဲ့ နှစ်ယောက်အား ဟန်စိုင်းမြင်လိုက်သည်နှင့် အနောက်မှ တိတ်တစိတ် လိုက်လာခဲ့လိုက်သည်။


“ဘာပြောမလို့လဲ အန်တီမြိုင်”


“အန်တီလေ သမီးကို ပြန်တွေ့တော့ အရမ်းဝမ်းသာမိတာဘဲကွယ် သမီးနောက်ဆုံး သမီးအဘိုးဆုံးလို့ သမီးတို့ ငှားနေတဲ့အိမ်ကနေ ထွက်သွားရတော့ အန်တီလဲသမီးကို ခေါ်ထားချင်ပါတယ် ဒါပေမယ့်လဲ အန်တီအခြေအနေလဲ သမီးသိတာဘဲ”


“သမီးနားလည်ပါတယ် အန်တီရယ် ဒါတွေကို ဘာလို့အခုမှ ပြောနေရတာလဲ”


“သမီးအဘိုး မဆုံးခင်တုန်းက အန်တီ့ကို မှာထားခဲ့တယ်”


“ဘာမှာခဲ့တာလဲဟင်”


“သမီးကို စောင့်ရှောက်ဖို့ပေါ့ ဘယ်လိုနေရာ ဘယ်လိုအချိန်ဘဲ ရောက်ရောက် သူ့မြေးလေးကို အန်တီနဲ့ဘဲ စိတ်ချတာမို့ အန်တီကို စောင့်ရှောက်ဖို့ မှာခဲ့တာ”

“ဒါကြောင့်လေ အန်တီလဲ စောင့်ရှောက်ပေးမယ်ဆိုပြီး ကတိတည်ခဲ့ပေးတာ အခုတော့ အဲ့ကတိကို မတည်နိုင်ခဲ့ဘူး ဒါပေမယ့် အခုချိန်မှာ‌ သမီးအဘိုးအပေါ် တက်နိုင်သလောက်လေး ကတိတည်နိုင်ပေးချင်တယ်..... သမီးအဖိုးပေါ်မှာ အန်တီ့ ကျေးဇူးကြွေးတွေ အများကြီးရှိနေတယ်လေ...... ဒါကြောင့် သမီး ဒီမှာဘဲ အန်တီနဲ့ အတူတူနေပါလားဟင်”


“မဖြစ်ဘူး အန်တီ”


“ဘာလို့လဲ”


“ဟို......”


တောင်းပန်ပါတယ် အန်တီရယ် တစ်ခြားကြောင့်တော့ မဟုတ်ပါဘူး တစ်ခါတစ်ခါ စိတ်ဖောက်ဖောက်လာတက်တဲ့ ဟိုလူကို သမီး မသိစိတ်ထဲက အရမ်းကြောက်နေလို့ပါ။


“ဘာလို့မနေချင်တာလဲ”


တစ်ယောက်ထဲ စိတ်ထဲ ရေရွှတ်နေရင် အနောက်ပါးဆီမှ အသံကြောင့် လှည့်ကြည့်လိုက်သည်။


“ဟင်....”


“မင်းအန်တီက မင်းကို စောင့်ရှောက်ချင်လို့ သူနဲ့အနီးဆုံးကို ခေါ်ထားချင်တာလေ မဟုတ်လား.... အဲ့ဒါကို ဘာလို့ မင်းက မနေချင်ဘူး ငြင်းနေရတာလဲ”


“ဟို.....”


“ဟိုမနေနဲ့ ငါ့အမေ့ကို ဖုန်းဆက်လိုက်မယ် မိုးမခရှင်းက သူ့ဆွေမျိုးကို ပြန်တွေ့သွားလို့ အမေတို့ဆီ ပြန်မလာနိုင်တော့ဘူလို့”


“ဟမ်..... မဟုတ်သေးဘူးလေ”


“အဲ့လိုဘဲ ပြောလိုက်မယ် အဆင်ပြေတယ်မလား ဒေါ်မြိုင်”


“အမ်..... အဆင်ပြေပါတယ် ဒါပေမယ့်....”


“ဒါပေမယ့်တွေ လုပ်မနေပါနဲ့ ဒေါ်မြိုင်က အခုဆို သူ့အုပ်ထိန်းသူ ဖြစ်သွားပြီလေ အဲ့တော့ သူ့ကိစ္စက ဒေါ်မြိုင်ကိစ္စ သူသာတစ်ခုခုဖြစ်ရင် တမလွန်က သူ့အဖိုးက ဒေါ်မြိုင့်ကို မကျေမနပ်ဖြစ်နေအုံးမယ်”


“လျှောက်မပြောနဲ့ ခခရဲ့ အဖိုးမှာ အဲ့လိုစိတ်မရှိဘူး”


“ပြောလို့မရဘူးလေ ကဲပါ..... ကျွန်တော်လဗိုရ်ဆာပြီ ဒေါ်မြိုင် ညစာပြင်ပေးပါတော့”


“အော်..... ဟုတ် ဟုတ် ဒါဆို..... အန်တီသွားပြီနော်”


“ဟုတ်”


ဟန်စိုင်းကော ဒေါ်မြိုင်ကော ထွက်သွားသည်နှင့် ခခတစ်ယောက် မြင်ခင်းပြင်ပေါ်၌ စိတ်ပျက်လက်ပျက်ဖြင့် ထိုင်ချလိုက်သည်။


“ငါကဘယ်လိုလုပ် ဒီအိမ်ကြီးထဲမှာ နေရမှာလဲ ဘယ်လိုလုပ် အန်တီမြိုင်နဲ့ လာတွေ့ရတာလဲ ဘာလို့ အဲ့အဘိုးကြီးအိမ်မှာ နေရမှာလဲ ဟာ..... စိတ်ညစ်လိုက်တာ...... နောက်ဆို အဲ့မကျေနပ်တဲ့ မျက်လုံးတွေနဲ့ နေ့တိုင်း ရင်ဆိုင်ရတော့မှာလား..... ဒီမှာ မနေချင်ဘူး....တစ်ယောက်ယောက် လာကူညီကြပါအုံး”


စိတ်ညစ်ညစ်ဖြင့် ဆံပင်တွေအား ဖွလိုက်ရာ ဟန်စိုင်းဆွဲထားတဲ့ အရှိန်ကြောင့် တဖန်နာကျင်မှုကို ပြန်ခံစားလိုက်ရပြန်သည်။


“အား..... ဒီဆံပင်တွေကလဲ နာလိုက်တာ ဒီဘိုးတော် ဒီ‌ဘိုးတော် ငါ့ကို ဒုက္ခအတော်ပေးတယ် ကြီးကြီးနန်းနဲ့ တိုင်ပြောရမယ်”


တစ်ယောက်ထဲ အရူးကြီးတစ်ယောက်လို ပြောနေပေမယ့် ဘယ်သူမှ မကြားနိုင်ပါ။


ဒီကလေးမကို ဒီအိမ်မှာ ခေါ်ထားဖို့အတွက် အဲ့လောက်လွယ်မှန်းငါမသိခဲ့မိဘူး။


ဟန်စိုင်းတစ်ယောက် ညစာစားရင်းဖြင့် တွေးနေလေသည်။


“အော်...... ဟို အဲ့ကလေးမကို ဧည့်ခန်းဘက အခန်းမှာ နေခိုင်းလိုက်ပါ”


“ဟုတ်”


မင်းကတော့ နေတိုင်း စိတ်ညစ်ဖို့သာ ပြင်ထားတော့။


စာဖတ်သူတစ်ယောက်ချင်းသီတိုင်းကို ကျေးဇူးတင်ပါတယ် ။

ဝါသနာအရရေးတာမို့အမှားပါရင် ခွင့်လွှတ်ပါ။🙏


rate now: