“အချစ်သည်ခလေးကြောင့်ဖြစ်သည်”
တီတီ.....တီ.....
ကားဟွန်းကိုဆွဲကာ အချိန်ကြာကြာတီးနေတဲ့ ခြံရှေ့မှ ကားကြောင့် ဟန်စိုင်းတို့အိမ်သားအားလုံးနိုးလာခဲ့ကြသည်။
“တောက်.... ဘယ်သူလဲကွာ မနက်၄နာရီခွဲဘဲရှိသေးတာကို”
ဟန်စိုင်း အိပ်ရာမှ ထလိုက်ပြီး ဝရံတာသို့ ထွက်ကာ ခြံရှေ့တံခါးပေါက်အား ကြည့်လိုက်သည်။
မီးရောင်အောက်မှ ဝိုးတိုးဝါးတားပေါ်နေတဲ့ ကားအဖြူ။
ကားအဖြူနဲ့ ဘယ်သူပါလိမ့်။
ဟန်စိုင်း အခန်းထဲမှ ထွက်လာလိုက်ပြီး အိမ်အောက်သို့ ဆင်းလာလိုက်သည်။
“ဦး.... အရှေ့က ဘယ်သူလဲဟင်”
အခန်းထဲမှ အိပ်ချင်မူးတူးဖြင့် ထွက်လာကာ မေးလိုက်သည့်ခခ။
“ကိုယ်လဲမသိဘူး.... မနက်အစောကြီးရှိသေးတာကို ကျွတ်..... စိတ်ညစ်လိုက်တာ”
“ခခ သွားဖွင့်လိုက်ရမလား”
“ဟာ..... ဘယ်လိုလုပ်ဖြစ်မှာလဲ မနက်အစောကြီးလာတာဆိုတော့ လူဆိုလား လူကောင်းလားကမသိ..... နေပါ ကိုယ်သွားဖွင့်လိုက်မယ်”
“ဟုတ်”
ဟန်စိုင်း တံခါးသော့လေးကိုင်ကာ ခြံရှေ့သို့ ထွက်လာခဲ့လိုက်သည်။
“နောက်ဆုံးတော့ ထွက်လာပြီပေါ့..... အန်တီကတော့ စောင့်လိုက်ရတာကို ကြာလှပြီ”
“ဒါနဲ့ ခင်ဗျားက ဘယ်သူလဲ”
ဟန်စိုင်း တစ်ဖက်မှ လက်ပြကာ နှုတ်ဆက်နေသည့် ထိုသူအား မေးလိုက်သည်။
“မင့်အဒေါ်လေ နန်းခင်ခင်ရဲ့ညီမ နန်းဝေဝေလေ”
ထိုလူစကားကြောင့် ဟန်စိုင်းမျက်လုံးများ ပြူးသွားသည်။
နန်းဝေဝေဆိုတာ နာမည်သာ ကြားဖူးပြီး လူကိုတော့ ၁၀နှစ်သားအရွယ်တုန်းက တစ်ခါပင်တွေ့ဖူးသည်။
နှစ်တွေအများကြီးပျောက်ကွယ် သွားခဲ့တဲ့ အမေ့ရဲ့ညီမက ဘယ်လိုလုပ် သူ့ခြံရှေ့ကို ရောက်နေရတာလဲ။
“မင့်အဒေါ်ကိုအထဲမဝင်ခိုင်းတော့ဘူလား သားစိုင်း”
နန်းဝေဝေအပြောကြောင့် ဟန်စိုင်းလဲ ခြံတံခါးလေးအား ဖွင့်ပေးလိုက်တော့သည်။
“မနက်အစောကြီး ဘာကိစ္စပါလိမ့်....”
ဟန်စိုင်း ခြံတံခါးအား ပြန်ပိတ်လိုက်ပြီး ထိုကားနားသို့ လျှောက်လာခဲ့လိုက်သည်။
နန်းဝေဝေ အိမ်ရှေ့ တံခါးဝနားမှာပင် ကားကိုရပ်လိုက်ပြီးဆင်းလာခဲ့လိုက်သည်။
“ဟင်.... နန်းဝေဝေ”
နန်းခင်ခင် နှစ်ပေါင်းများစွာ ပျောက်ဆုံးသွားခဲ့တဲ့ ညီမဖြစ်သူအား ရုတ်တရက်တွေ့လိုက်ရသဖြင့် မျက်လုံးမျက်စံများပြူးကာ အံ့ဩသွားတော့သည်။
“အဟွန်း.... တွေ့ရတာဝမ်းသာပါတယ် အစ်မနန်းခင်ခင်”
ဒေါ်နန်းခင်ခင် ဘာမှပြန်မပြောနိုင်ဘဲ အံ့ဩစွာဖြင့်သာ ရပ်ကြည့်နေမိသည်။
နန်းဝေဝေ အစ်မဖြစ်သူအား ကြည့်ပြီးသည့်နောက် ဘေးနားမှ ကြောင်လျက်သားနှင့်ရပ်ကြည့်နေတဲ့ ခခဘက်သို့ အကြည့်ပြန်ရောက်သွားတော့သည်။
“မင်းက.... ၁၈နှစ်ကလေးမဆိုတာလား”
ခခ ဘာမှပြန်မပြောဘဲ ဒီတိုင်းသာရပ်ကြည့်နေမိသည်။
“အဟွန့်.... မင်းကတော့ ငါ့ကိုစိမ်းနေမှာပေါ့.... ငါက ဒေါ်နန်းဝေဝေပါ.... ဒေါ်နန်းခင်ခင်ရဲ့ တစ်ဦးတည်းသောညီမပေါ့.... စိုင်းဦးဟန်ရဲ့ အဒေါ်ပါ”
ခခ သူ့အားလက်ကမ်းပေးလာတာကြောင့် သူမလဲ လက်ပြန်ကမ်းပေးကာ နှစ်ယောက်သား နှုတ်ဆက်လိုက်ကြသည်။
“ဘာကိစ္စရှိလို့လဲ နန်းဝေ”
အတက်နိုင်ဆုံး စိတ်ကိုအေးအေးထားကာ ပြောလိုက်ပေမယ့် စိုးရိမ်စိတ်က ထိန်းချုပ်မရကာ အသံများက တုန်ရီသွားတော့သည်။
ဒါကို ရိပ်မိသွားတဲ့ ညီမဖြစ်သူကတော့ မဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်။
“သားစိုင်းရဲ့ သတို့သမီးလောင်းကို လာကြည့်တာပါ.... စိတ်ချပါ ဒီတစ်ခေါက်ပြန်လာတာ ဘယ်သူ့ကိုမှ အနှောင့်အယှက်မပေးပါဘူး.... သားစိုင်းရဲ့ မင်္ဂလာပွဲကို ကောင်းကောင်းချီးမြှင့်ပြီးရင် ပြန်မှာပါ”
ဒေါ်နန်းခင်ခင် သူမစကားများအား မယုံပေ။
နန်းဝေဝေဆိုသည်မှာ ရည်ရွယ်ချက်မရှိဘဲ ဘယ်နေရာ ဘယ်အလုပ်ကိုမှ မလုပ်တက်မှန်း ဒေါ်နန်းခင်ခင်သိသည်။
သူမ ဒီအထိလိုက်လာရတယ်ဆိုတာ ရည်ရွယ်ချက်တစ်ခုခုတော့ရှိကိုရှိသည်။
“သား.... အမေနားချင်တယ် အိမ်ထဲလိုက်ပို့ပေးပါ”
“ဟုတ်”
ဟန်စိုင်း အလျင်အမြန်ပင် အမေဖြစ်သူအား တွဲလိုက်ပြီး အိမ်ထဲဆီ ခေါ်သွားလိုက်သည်။
ကြီးနန်းနဲ့ဟန်စိုင်း အထဲဝင်သွားတော့ ခခနှင့် ဒေါ်နန်းဝေဝေသာ အပြင်၌ ကျန်ခဲ့တော့သည်။
ခခ ကြီးနန်းနောက် လိုက်သွားဖို့ပြင်လိုက်စဉ် အနောက်မှ ဒေါ်နန်းဝေဝေမှ တားလိုက်သည်။
“နေအုံး ကလေးမ.... ”
ဒေါ်နန်းဝေဝေကြောင့် ခခ လှည့်ထွက်ဖို့ ပြင်လိုက်ရာမှ ရပ်လိုက်ပြီး သူမဘက်သို့ လှည့်လာခဲ့သည်။
“ဘာကိစ္စရှိလို့လဲ”
“ပြောစရာရှိတယ်.... မင်း သားစိုင်းနဲ့ ဝေးဝေးနေပေးပါ အန်တီက စကားကိုနှစ်ခါမပြောတက်ဘူး.... တစ်ခါသတိပေးလို့ မမှတ်ရင် ပါးစပ်နဲ့မပြောတော့ဘူ.... နားလည်မှာပါ အန်တီ့ကိုခွင့်ပြုအုံး”
ဒေါ်နန်းဝေဝေပြောပြီးသည်နှင့် အထဲသို့ ဝင်လာခဲ့လိုက်သည်။
“ကျွတ်.... တစ်ယောက်ပြီးတော့ နောက်တစ်ယောက်... စိတ်ပျက်စရာဘဲ အမေဖြစ်သူတောင် ဘာမှမပြောတာ အဒေါ်ဖြစ်သူက ဘာဖြစ်ချင်နေရတာလဲ.... စိုင်းဦးဟန်ကိုချစ်ဖို့ ဘာလို့ ဒီလောက်ခက်ခဲနေရတာလဲ”
ခခ ကိုယ့်ဘာသာကိုယ်ပြောလိုက်ပြီး အထဲသို့ ပြန်ဝင်လာခဲ့လိုက်သည်။
“သားစိုင်း.... အခန်းလွတ်ရှိတယ်မလား”
“ဟုတ် ရှိပါတယ်... လှေကားတက်ပြီး ဘယ်ဘက်ကအခန်းမှာ”
“ကောင်းပြီ.... ဒါဆိုအန်တီ သွားနားပြီ”
ဒေါ်နန်းဝေဝေ အစ်မဖြစ်သူအား တစ်ချက်မျှပင် မကြည့်ကာ အပေါ်သို့ တက်သွားတော့သည်။
“အမေ့.... သူက အမေ့ညီမအရင်းဟုတ်ရဲ့လား”
“ဟုတ်တယ်..... ကိစ္စတစ်ချို့ကြောင့် အထင်အမြင်လွှဲမှားနေတာ”
“အော်.... အွန်းပါ.... ဒါနဲ့ အမေပြန်အိပ်အုံးမလား”
“မအိပ်တော့ပါဘူး.... ခဏနေမိုးလင်းတော့မှာဘဲလေ မဟုတ်လား”
“ဟုတ်.... ဒါဆို ငါးနာရီလဲထိုးပြီဆိုတော့ သားလဲ ကမ္ပဏီသွားဖို့ ပြင်တော့မယ်.... ဒီနေ့meetingရှိလိူ့ စောစောသွားရမှာ”
“ဟုတ်ပါပြီ....”
“ ခလေး”
“အွန်း....”
“အမေ့ကို ကြည့်ပေးအုံးနော်”
“ဟုတ်”
“ဒါဆိုကိုယ်သွားပြီ”
ဟန်စိုင်း သူမလေးအား နုတ်ဆက်ကာ အပေါ်သို့ထွက်လာလိုက်တော့သည်။
“ကြီးနန်းကို ရေတစ်ခွက်လောက်”
“ဟုတ် ကြီးနန်း”
ခခ ကြီးနန်းအား ရေတစ်ခွက်ခပ်ပေးလိုက်သည်။
“သမီး”
“ရှင်”
“သမီး... ခဏကအန်တီကို သတိထားနော် သူကကောင်းတာမဟုတ်ဘူး”
“ဟုတ်ကဲ့ပါ ကြီးနန်း”
“အေအေ”
ခဏကြာတော့ ဟန်စိုင်း အကုန်ပြင်ဆင်ပြီးကာ အပေါ်မှ ဆင်းလာခဲ့လိုက်သည်။
“သား သွားတော့မှာလား”
“ဟုတ်.... သွားတော့မှာ အမေ.... ဟိုရောက်မှဘဲ မနက်စာစားလိုက်တော့မယ်”
“ဟုတ်ပါပြီ”
“ခလေး ကိုယ်သွားပြီနော်”
“ဟုတ်....”
အမေ့နားမှာ အဖော်ပြုပေးနေတာကြောင့် အိမ်ရှေ့ထိ လိုက်မပို့ခိုင်းလိုက်တော့ပေ။
“သားနဲ့သမီး အဆင်ပြေပြီမလား”
“ဟုတ်”
“အဟွန်း.... ကောင်းတယ် ကောင်းတယ်....”
ခခကတော့ ကြီးနန်းအား ရှက်ပြုံးလေးပြုံးပြလိုက်သည်။
###############
တီ တီ.....
“မသဇင်ဖူးပွင့် ခဏထွက်လာခဲ့အုံး”
ခြံရှေ့၌ ကားဟွန်းတီးကာ အော်ခေါ်နေတဲ့ ဘုန်းသျှံကြောင့် ဖူးပွင့်တစ်ယောက် ပြာပြာသလဲနှင့် ခြံရှေ့သို့ ထွက်လာခဲ့လိုက်သည်။
“မင်း.... ဘာလို့ ငါ့ခြံရှေ့မှာ အော်ကြီးဟစ်ကျယ်နဲ့ ခေါ်နေရတာလဲ”
“တွေ့ချင်လို့ပေါ့....”
“ကျွတ်.... ”
“ခင်ဗျားက ဘာမှမလိမ်းထားတာတောင် လှတယ်နော်”
ဘုန်းသျှံ ဖူးပွင့် မျက်နှာလေးအား စိုက်ကြည့်ကာ ပြောလိုက်သည်။
သူမမှာတော့ ဘုန်းသျှံရဲ့စကားတွေကြောင့် နှလုံးခုန်နှုန်းများက မူမှန်တော့ပေ။
မင်းဒီလိုတွေ ဆက်လုပ်နေရင် ငါရူးတော့မှာဘဲ ချာတိတ်ရယ်။
“မင်းကို တို့တစ်ခုပြောလိုက်မယ်”
“ဟုတ် ပြောပါဗျ”
“မင်းနဲ့ တို့နဲ့က မဖြစ်နိုင်ဘူး.... နောက်ပြီး အသက်လဲအရမ်းကွာတယ် ဘယ်လိုနေနေ မဖြစ်နိုင်ဘူး.... ဒါကြောင့် မင်းလက်လျော့လိုက်တော့”
“ကျွန်တော်ပြောပြီးပြီလေ ကျွန်တော်ခင်ဗျားကို ရအောင်လိုက်မှာလို့”
“ငါအရှုံးပေးတယ်”
“ဟင်....”
ဖူးပွင့်စကားကြောင့် ဘုန်းသျှံ အံဩသွားကာ ကြောင်လျက်သားနှင့် ကြည့်နေမိသည်။
သူမလို မာနခဲက လွယ်လွယ်နဲ့ အရှုံးပေးတက်တယ်ပေါ့။
ဖူးပွင့် တင်းမာထားတဲ့ မျက်နှာလေးမှာ ရုတ်တရက်ညိုးငယ်သွားတော့သည်။
သူမအရှုံးပေးလိုက်ရသည်မှာ ဘုန်းသျှံကို မထိခိုက်စေလိုသော စိတ်ကြောင့်ပေ။
ဖူးပွင့်အား ဘုန်းသျှံ စလိုက်ကတည်းက သူမ သူ့အကြောင်းအား အလုံးစုံကို သေချာစုံစမ်းခဲ့သည်။
ထက်ဘုန်းသျှံတို့မိသားစုဟာ ဟန်စိုင်းတို့နီးပါး ချမ်းသာကြသူတွေဖြစ်သည်။
ဒါကိုသိသွားတဲ့ အမေဖြစ်သူက သူမအား ဘုန်းသျှံရဲ့ အချစ်ကိုလက်ခံဖို့ မနေ့ကတည်းက မရပ်မနား ဆက်တိုက်နားချပြောဆိုနေသည်။
သို့ပေမယ့် ဖူးပွင့်ဘက်ကတော့ ပိုက်ဆံကြောင့်နဲ့ ဘုန်းသျှံရဲ့ အချစ်အားလက်မခံချင်ပါ။ ဘာမှမသိတဲ့ ထိုကောင်လေးအား သူမ မလှည့်စားချင်ပါ။
တစ်ကယ်လို့သာ နှစ်ယောက်လုံးချစ်ကြလို့ လက်ထပ်လိုက်ကြမည်ဆိုပါစို့။
ဒါဆို ဘုန်းသျှံတို့ဘက်ကဘဲ နစ်နာမည်။
ဖူးပွင့် သူမအမေ ပိုက်ဆံဘယ်လောက်မက်ကြောင်းသူမအသိပေ။
ဟန်စိုင်းနား ကပ်နေရသည်ဆိုမှာလဲ သူမအမေနဲ့ဒေါ်နန်းဝေဝေတို့ရဲ့ မြှောက်ပင့်မှုတွေကြောင့်ပေ။
“မသဇင်ဖူးပွင့်”
”ဟမ်...."
ဘုန်းသျှံရဲ့ ခေါ်သံကြောင့် ဖူးပွင့် တွေးလက်စအတွေးတွေအား ရပ်တန့်လိုက်ကာ သူ့အားမော့ကြည့်လိုက်သည်။
“မင်းမပြန်သေးဘူးလား”
“ပြန်မှာပါ.... ဒါပေမယ့် ခင်ဗျားဘက်က ကျွန်တော့ကို ပြန်ခိုင်းစေချင်ရင် တစ်ခုတော့ လုပ်ပေးရမယ်”
“ပြော....”
“ကျွန်တော်နဲ့ မျက်လုံးချင်းငါးမိနစ်ဆုံအောင် စိုက်ကြည့်ရမယ်.... ဘယ်လိုလဲ”
ဘုန်းသျှံစကားကြောင့် သူမစိတ်ထဲ စိုးရွှံ့မိသွားသည်။
မျက်လုံးချင်းဆုံတယ်ဆိုတာ ရင်ထဲမှာရှိတဲ့ စကားတွေကို တစ်နည်းအားဖြင့် မျက်လုံးက ပြောဆိုလိုက်ခြင်းပေ။
သူမ မဆုံနိုင်ပါ။
သူနဲ့ပတ်သက်ကြီး ရင်ထဲမှာ ခံစားချက်တွေရှိနေမှန်း ဘုန်းသျှံအား မသိစေလိုပါ။
“ဘယ်လိုလဲ.... စိုက်ကြည့်ရဲလား”
“မင်းနဲ့ အခုလိုတွေ လုပ်နေဖို့ ငါ့မှာ အချိန်မရှိဘူး”
“ဒါဆိုလဲ ကျွန်တော် ဒီမှာဘဲ တစ်ချိန်လုံး ထိုင်စောင့်နေမှာ”
“ကျွတ်....”
ဖူးပွင့် ကျွတ်တစ်ချက်သပ်လိုက်ပြီး ဘုန်းသျှံ မျက်လုံးများအား စိုက်ကြည့်လိုက်သည်။
အစပိုင်းမှာတော့ ဖူးပွင့် သူနဲ့မျက်လုံးချင်း စိုက်ကြည့်နိုင်ပေမယ့် တစ်မိနစ်ပြည့်ခါးနီးတော့ သူမနှလုံးခုန်နှုန်းတွေမှာ မြန်ဆန်လာတော့သည်။
“ချစ်တယ် မ”
“ဟင်....”
အလိုလိုမှ လူက နှလုံးခုန်တွေ မြန်နေပါတယ်ဆို။
သူကအခုလို ပြောလိုက်တော့ ဖူးပွင့် ထပ်ပြီး ဘုန်းသျှံမျက်လုံးတွေအား စိုက်မကြည့်နိုင်တော့ပေ။
“အဟွန်း....”
သူမနှလုံးခုန်တွေမြန်နေမှန်း ဘုန်းသျှံကောင်းကောင်းသိပါသည်။
သူမမျက်လုံးတွေထဲမှာလဲ သူ့ကိုသဘောကျနေတဲ့ အရိပ်အယောင်တွေရှိနေမှန်း သူရိပ်မိသည်။
ဒါကို ဘာလို့ လူကိုလိမ်ချင်နေရတာလဲ။
“ငါ့ဘက်ကဘဲ ထပ်ပြီး မင်းကို အရှုံးပေးတယ် ငါမင်းနဲ့ မျက်လုံးချင်း စိုက်မကြည့်ရဲဘူး”
ပြောပြီးသည်နှင့် ဖူးပွင့် ထိုနေရာလေးမှ လှည့်ထွက်လာခဲ့လိုက်သည်။
ဘုန်းသျှံကတော့ သူပြောချင်တာတွေ မေးချင်တာတွေ မမေးလိုက်ရတာကြောင့် စိတ်ထဲ မကျေမနပ်နှင့် ဖြစ်နေမိသည်။
ထို့နောက် သူမအခန်းရှိရာ ဝရံတာဆီသို့ ကြည့်လိုက်တော့ သူ့အား လက်ရမ်းပြကာ သွားဖို့အမူအယာနှင့် ပြောနေသည့် သူမ။
“အဟွန်း.... ခင်ဗျားကို အဲ့လိုလေးတွေကြောင့် ချစ်တာ”
ဘုန်းသျှံလဲ သူမအားတစ်ချက်ကြည့်လိုက်ပြီး ထွက်လာခဲ့လိုက်တော့သည်။
ဟူးးးး တော်ပါသေးတယ် အမေအိပ်ရာက မနိုးသေးလို့။
################
“ဘာ.... ဒါဆို ငါကမနက်ဖြန် ရန်ကုန်ကိုသွားရမှာပေါ့”
“ဟုတ်ပါတယ်.... ရှယ်ယာဝင်ထားတဲ့ သူတွေက ရန်ကုန်က ကမ္ပဏီမှာမို့ပါ”
“ကျွတ်.... သူ့တို့ကို ဒီလာခိုင်းလို့မရဘူးလား”
“ဟာ.... boss ကလဲ bossဒီကမ္ပဏီကို အခုမှ ဦးစီးလာတာလဲ မဟုတ်ဘဲနဲ့.... ရန်ကုန်ကရှယ်ယာဝင်တွေကို ဒီကိုလာခိုင်းရမယ်လို့”
“ဟူးးးး ထားလိုက်ပါတော့.... ဘယ်နှစ်ရက်လောက်ကြာမလဲ”
“တစ်ပတ်လောက်တော့ကြာမယ်ထင်တယ်.... ”
“တစ်ပတ်ကြီးတောင်လား”
“ဟုတ်တယ်လေ bossရဲ့”
“ထားလိုက်တော့ ထားလိုက်တော့..... ငါအခုပြန်တော့မယ် ရပြီမလား”
နာရီကို ကြည့်လိုက်တော့ ညနေ ၄နာရီတောင် ရှိသွားပြီ။
“bossသဘောလေ”
“ဒါဆို ငါသွားပြီ”
ဟန်စိုင်း ပြောရင်းဖြင့် စိတ်ညစ်ညစ်ဖြင့်သာ ထွက်လာခဲ့လိုက်တော့သည်။
“ကျွတ်.... ချစ်သူဖြစ်တာမှ ဘယ်နှစ်ရက်မှ မရှိသေးဘူး ခရီးကထွက်ရပြန်အုံးမယ်”
#################
တီ တီ.....
“သားပြန်လာပြီထင်တယ် သမီး”
“ဟုတ်လောက်မယ် ဒီနေ့စောသားဘဲ”
“သွားကြိုချေလေ သမီး”
“ဟုတ်”
ခခ ခြံရှေ့သို့ ထွက်လာလိုက်သည်။
“ဟင်..... ဦး မျက်နှာကြီးလဲ မကောင်းပါလား ဘာဖြစ်လာလို့လဲ”
ကားပေါ်မှ မျက်နှာကြီးမှုန်ကုပ်ကာ ဆင်းလာတဲ့ ဟန်စိုင်းကြောင့် ခခစိတ်ပူကာမေးလိုက်သည်။
“ကိုယ်နဲ့အခန်းထဲ လိုက်ခဲ့ ပြောပြမယ်”
“အပြင်မှာ ပြောလဲရတာဘဲလေ”
“မရဘူး.... ကိုယ်ဘာမှမလုပ်ပါဘူး စကားဘဲပြောမှာ”
“အွန်းပါ.... ခဏနေ လိုက်ခဲ့မယ်.... ကြီးနန်းကိုပြောခဲ့အုံးမယ် ”
“ဟုတ်ပါပြီဗျာ.... ကိုယ်လဲအမေ့ကို နှုတ်ဆက်ရအုံးမယ်”
နှစ်ယောက်သား ဧည့်ခန်းထဲ၌ ထိုင်နေတဲ့ ကြီးနန်းဆီသို့ လာခဲ့လိုက်ကြသည်။
“အမေ့ သားပြန်ရောက်ပြီ”
“ဒီနေ့တော့ စောတယ်နော်”
“ဟုတ်... ဟို အမေ့”
“အွန်း.... ပြောလေ သား”
“အမေ့ချွေးမလေးကို သားခဏခေါ်သွားလို့ ရလား”
“ဦး...."
ဟန်စိုင်း အပြောအဆိုကြောင့် ခခ မျက်မှောင်ကြီးကြုတ်ကာ ကြည့်လိုက်သည်။
“ရပါတယ်ရှင်... ခေါ်သွားပါ”
“ဟုတ်.... လာ သွားမယ် ခလေး”
ဟန်စိုင်း သူမလက်လေးအားဆွဲကာ သူ့အခန်းရှိရာအပေါ်ထပ်ဆီသို့ ခေါ်သွားလိုက်သည်။
“ဘာပြောမလို့လဲ”
စကားပြောမယ်ဆိုပြီး ခေါ်လာတာ အခုတော့ အခန်းထဲရောက်တာနဲ့ မွေ့ယာပေါ်ပစ်လဲကာ အိပ်နေတဲ့ ဟန်စိုင်းအား ခခ မျက်မှောင်လေးကြုတ်ကြည့်ကာ မေးလိုက်သည်။
“လာပါအုံး.... ထိုင်ပါအုံး ခလေးရယ်”
ခခဟန်စိုင်းနားသို့ တင်ပါးလွှဲကာ ဘေးတစောင်းထိုင်လိုက်သည်။
“ပြော”
ခခလဲ ဟန်စိုင်းနားထိုင်လိုက်ရော ဟန်စိုင်း အိပ်နေရာမှ ထလာလိုက်ပြီး သူမခါးလေးကိုဖက်ကာ သူမရင်ခွင်ထဲသို့ ကလေးတစ်ယောက်လိုတိုးဝင်လာခဲ့သည်။
“ဘာလုပ်တာတုန်း ဦးရဲ့.... ကလေးလဲမဟုတ်”
“ခလေးသိလား”
“ဘာကိုလဲ”
“ကိုယ့်ရဲ့ အတွင်းရေးမှူးက မကောင်းဘူး”
“ဘာလို့လဲ”
“ကိုယ့်ကို မနက်ဖြန်ရန်ကုန်ကို သွားခိုင်းတယ်”
“သွားခိုင်းတော့သွားလိုက်ပေါ့ ဦးရယ် ဘာခက်တာကြလို့”
“ကိုယ်မှ မသွားချင်တာ.... ခလေးဘဲ စဉ်းစားကြည့်လေ ကိုယ့်အတွင်းရေးမှူးလဲ သွားလို့ရတာဘဲကို သူကကိုယ့်ကိုမှ သွားခိုင်းရတယ်လို့.... ကိုယ်ဘယ်လောက် ဒေါသထွက်ရလဲ သိလား”
“ဟုတ်ပါပြီ.... ဒေါသကထွက်တိုင်းမကောင်းဘူး ဦးရဲ့ ဒေါသလဲမထွက်နဲ့တော့နော်.... ဒါနဲ့ ရန်ကုန်ကို ဘယ်နှစ်ရက်ကြာမှာလဲ”
“တစ်ပတ်”
“အွန်း.... အိမ်ကိုဘာမှ စိတ်မပူနဲ့နော် စိတ်ကိုဖြောင့်ဖြောင့်သွား.... ဟုတ်ပြီလား”
“ဟုတ်ပါပြီ.... ကိုယ့်ကို ဖုန်းဆက်ရမယ်နော်”
“စိတ်ချပါ အမြဲတမ်းဆက်မှာ”
“အဟွန်း....”
ဟန်စိုင်း သူမရင်ခွင်ထဲမှ ထွက်ကာ သူမကိုယ်လေးအား သူ့ရင်ခွင်ထဲသို့ ထည့်သွင်းဖက်ထားလိုက်သည်။
“ချစ်တယ် ခလေးရယ်....”
“ခခလဲ ဦးကိုချစ်ပါတယ်”
“ကိုယ်ကပိုချစ်တယ်”
“ဟုတ်ပါပြီ....”
“ကိုယ့်ကို ဒီတိုင်းလေး ဖက်ထားခွင့်ပေးပါလား”
“ပေးပါတယ်ရှင်.... ကြိုက်သလောက်ဖက်ထားပါ”
“အဟွန်း.....”
ဟန်စိုင်း ထိုညလေးတော့ ခခကိုယ်လေးအား အချိန်ကြာမြှင့်စွာ ဖက်ထားခဲ့သည်။
ဒီလိုနဲ့ နောက်တစ်နေ့မနက်ရောက်တော့ ဟန်စိုင်း ရန်ကုန်သို့ သွားရတော့မည်။
“သားသွားပြီနော်.... အမေ”
“ဟုတ်ပါပြီ.... ကားကိုဖြည်းဖြည်းမောင်းနော်”
“ဟုတ်.... ကိုယ်သွားပြီနော် ခလေးလေး”
“ဟုတ်”
“နှစ်ယောက်သား အေးအေးဆေးဆေးနှုတ်ဆက်ကြအုံး အမေသွားပြီ”
အနှောင့်အယှက်ဖြစ်နေမှာစိုး၍ ဒေါ်နန်းခင်ခင် ထိုနေရာလေးမှ ထွက်လာခဲ့လိုက်တော့သည်။
“ကားကို ဂရုစိုက်မောင်းနော်”
“ဟုတ်ကဲ့ပါဗျ.... ကိုယ်ကတော့ လွမ်းနေရတော့မယ် ထင်တယ်”
“တစ်ပတ်လေးဘဲဟာကို ဦးကလဲ”
“တစ်ပတ်လေးကလဲ ကိုယ့်အတွက်တော့ တစ်နှစ်လောက်ရှိတယ်”
“ပိုပြီ....”
“မပိုရပါဘူးဗျာ.... လာပါအုံး ကိုယ့်ဆီကို”
ခခ လက်လေးနှစ်ဖက်အား လှမ်းကာ ခေါ်နေတဲ့ ဟန်စိုင်း ရင်ခွင်ထဲသို့ ဝင်ကာ ဖက်ထားလိုက်သည်။
ဟန်စိုင်း သူမနဖူးလေးအား အပေါ်စီးမှ ငုံ့နမ်းလိုက်သည်။
“ကိုယ်ကသွားရတော့မှာဆိုတော့ ကိုယ့်ကို ဒီတိုင်းသွားခိုင်းတော့မှာလား”
ဟန်စိုင်း အပြောကြောင့် ခခ သူ့အားမျက်စောင်းလေးထိုးကာ နှုတ်ခမ်းလေးဆီသို့ အနမ်းပေးလိုက်သည်။
“ဟင်... ကိုယ် ခလေးကို နမ်းပေးဖို့ ပြောလို့လား”
“ဟာ.... ဦး.... တော်ပြီကွာ သွားပြီ”
လှည့်ထွက်သွားတော့မည့် သူမလေးအား ဟန်စိုင်း လက်ကလေးကနေဆွဲလိုက်ကာ သူ့ရင်ခွင်ထဲသို့ ပြန်ဖက်ထားလိုက်သည်။
“ကိုယ်ကစတာပါ ခလေးကလဲ စိတ်ကြီးဘဲ”
“လာမပြောနဲ့.... သွားတော့ နောက်ကျနေမယ်”
“ဟုတ်”
ဟန်စိုင်း ကားပေါ်သို့ မတက်ချင်တက်ချင်ဖြင့် တက်သွားလိုက်သည်။
ကားပေါ်ရောက်ပေမယ့်လဲ ကားစက်မနိုးသေးဘဲ ကားမှန်ချကာ ခခမျက်နှာလေးအား ငေးကြည့်နေသေးသည်။
“သွားတော့လေ ဦး”
“သွားမှာပါ”
“နောက်ကျနေမယ်.... အမြန်သွားတော့”
ဟန်စိုင်း သူမလေးအား လက်ပြကာ ထွက်လာခဲ့လိုက်တော့သည်။
“အဟွန်း.....”
ခခ ဟန်စိုင်းရဲ့ အပြုအမူလေးတွေအား ပြန်တွေးကာ ပြုံးနေလေသည်။
သူတို့က ဒီအဆင့်တောင် ရောက်နေပြီကို.... တွေ့ကြသေးတာပေါ့။
12036✍︎
ဒေါ်နန်းဝေဝေက ဖူးပွင့်တို့ ဒေါ်သဇင်ဖြူတို့ထက် ပိုဆိုးပါတယ်နော်။ သူကအတ္တလဲ ကြီးတဲ့သူပါ။
အချိန်ပေးပြီး စောင့်ဖတ်ပေးတဲ့ အတွက် ကျေးဇူးအများကြီး တင်ပါတယ်။♡︎♥︎
စိတ်ကူးရင် ဝတ္ထုမို့အမှားပါရင် ခွင့်လွှတ်ပါ။
ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏