“အချစ်သည်ခလေးကြောင့်ဖြစ်သည်”
“ဟင်.... ဒါက ဘယ်လဲ”
luggageကို ဆွဲကာ အပေါ်ထပ်မှ ဆင်းလာတဲ့ ဖူးပွင့်အား ဧည့်ခန်းထဲ၌ ထိုင်နေတဲ့ ကြီးနန်းက မေးလိုက်သည်။
“ပြန်တော့မလို့..... ရန်ကုန်က ဖုန်းလှမ်းဆက်နေပြီ”
“အော်.... ဒါဆို ဖြည်းဖြည်းပြန်ကြနော်”
ဖူးပွင့် ဘာမှဆက်မပြောတော့ဘဲ ဒေါ်နန်းခင်ခင်အား မျက်စောင်းတစ်ချက်ထိုးကာ ထွက်လာခဲ့လိုက်တော့သည်။
“ဟို.... အခင်ရေ ငါတောင်းပန်တယ်နော်.... သမီးက စိတ်သိပ်မကြည်နေလို့ပါ”
“ရပါတယ်.... အေးဆေးပြန်နော်”
“အေအေ"
ဒေါ်သဇင်ဖြူလဲ အားနာနာနှင့်သာ ထိုအိမ်ကြီးထဲမှ ထွက်လာလိုက်တော့သည်။
ဟွန်း.... ဒေါ်နန်းခင်ခင် အန်တီ့အကြံကို ဖပွင့်တို့မသိဘူးများ ထင်နေတာလား.... စောင့်ကြည့်ထားလိုက်ပါ အန်တီ့ညီမ ဒေါ်နန်းဝေဝေကို ဒီကိုပို့လိုက်ပြီး အန်တီတို့ မိသားစုကို နှောင့်ယှက်ပြမယ်။
နန်းဝေဝေဆိုသူမှာ ဒေါ်နန်းခင်ခင်ရဲ့ ညီမပေ။
ငယ်ငယ်ကတည်းက မိဘတွေရဲ့ ဂရုစိုက်မှု အချစ်တွေကို အစ်မဖြစ်သူနန်းခင်ခင်တစ်ယောက်ထဲ အပိုင်ရခဲ့တာကြောင့် အစ်မဖြစ်သူ နန်းခင်ခင်ကို သေလောင်အောင်မုန်းနေသူဖြစ်သည်။
ညီအစ်မနှစ်ယောက်ရှိတာ သိရက်နဲ့ ပိုင်ဆိုင်မှုရဲ့ လေးပုံတစ်ပုံလောက်သာ ရခဲ့တာကြောင့် အစ်မဖြစ်သူအား ပို၍ မုန်းနေလေသည်။
ဘယ်လောက်မုန်းလဲဆိုရင် သတ်ပစ်ဖို့တောင် ဝန်မလေးတဲ့ထိကို မုန်းသည်။
“ကလင် ကလင်....."
”ဟယ်လို.... နန်းဝေဝေပြောနေပါတယ်”
“အန်တီနန်းဝေဝေ.... သမီးပါ ဖူးပွင့်သဇင်”
“ဟင်.... ထူးထူးဆန်းဆန်းပါလား.... ပြောပါအုံး အန်တီ့တူနဲ့ အဆင်ပြေသွားလို့လား.... အဆင်ပြေရင်လဲ အန်တီ့ကို တစ်ဝက်ခွဲပေးဖို့ မမေ့နဲ့အုံးနော်”
စိတ်ညစ်နေရပါတယ်ဆိုမှ တစ်ဖက်မှ အလိုက်မသိပြောလာတဲ့ စကားများကြောင့် ဖူးပွင့် ဒေါသထွက်လာတော့သည်။
“ကျစ်.... အန်တီကလဲ တစ်မျိုး”
“ဘာဖြစ်လို့လဲ သမီးရဲ့ အန်တီ့တူနဲ့ အဆင်မပြေဘူးလား”
“ဟုတ်တယ်..... သမီးတို့အချစ်ရေးမှာ နှောင့်ယှက်နေတဲ့လူရှိတယ်”
“ပထမဆုံးတစ်ယောက် အစိုင်းကို ဘာတွေနဲ့မြူဆွယ်လိုက်လဲ မသိပါဘူး အစိုင်းက အဲ့ ၁၈နှင့် ကလေးမကို သဲသဲစွဲဖြစ်နေတာ”
“သားစိုင်းက ၁၈နှစ်ကလေးမတွေကိုကြိုက်တာလား”
“၁၈နှစ်ကလေးမတွေမဟုတ်ပါဘူး..... အဲ့ကလေးမတစ်ယောက်ထဲကိုဘဲ ချစ်နေတာ.... နောက်ပြီး ကြီးကြီးနန်းကလဲ အဲ့ကလေးမဘက်ကဘဲ.... အခုတောင် အဲ့ကလေးမနဲ့ အစိုင်းနဲ့ကို စေ့စပ်ပေးတော့မှာတဲ့”
“ဘာ.... သားစိုင်းကို သမီးကဘဲ ရသင့်တာ မဟုတ်လား.... အခုက မဖြစ်ဘူး.... ဒီကိစ္စကို အန်တီဖြေရှင်းပေးမယ် စိတ်ချ”
“တစ်ကယ်ပေါ့..... သားစိုင်းက သမီးဖူးပွင့်ကလွှဲလို့ ဘယ်သူမှမပိုင်ဆိုငါစေရဘူး....ဒါပေမယ့် သမီးနဲ့သားစိုင်း အဆင်ပြေသွားရင် အန်တီ့ကို မမေ့ရဘူးနော်”
“မမေ့ပါဘူး....”
“ဟုတ်ပါပြီ.... ဒါဆို အန်တီမနက်ဖြန် ကလောကိုသွားတော့မယ်.... သမီးကိုတော့ လာမတွေ့တော့ဘူနော်”
“ရပါတယ် အန်တီရဲ့”
“အွန်းပါ... ဒါဆို အန်တီဖုန်းချပြီ”
“ဟုတ်....”
တစ်ဖက်မှ ဖုန်းချလိုက်သည်နှင့် ဖူးပွင့်လဲ ချပစ်လိုက်တော့သည်။
အဟွန်း.... ဒေါ်နန်းခင်ခင် စောင့်ကြည့်လိုက်ပေါ့ ဖူးပွင့်တို့ကို လှည့်စားချင်တာ။
နန်းခင်ခင် နန်းခင်ခင်.... အခုချိန်ထိ အသိမရှိသေးတဲ့သူပါလား.... ကိုယ့်သားကိုယ်တောင် မိန်းမကောင်းကောင်းမရှာပေးနိုင်ဘဲ ဆရာလာလုပ်ချင်တာ.... ကောင်းကောင်းကြီးတွေ့ကြသေးတာပေါ့။
##################
“ဦးဟန်.... ပြန်ပေးလို့”
“မပေးဘူး”
“ပြန်ပေးပါဆိုကွာ.... အမြန်ပေး”
“မပေးဘူး.... ကိုယ်မေးတာကို ဖြေလေ.... ဒါဘယ်သူပေးထားတယလဲ”
လက်ထဲက ဆွဲကြိုးလေးအား ကိုင်ကာ ဟန်စိုင်းမေးလိုက်သည်။
“မပြောဘူး....”
“မပြောရင် ပြန်မပေးဘူး”
ခခ စိတ်တိုလာတာကြောင့် ဟန်စိုင်းအား လိုက်မဖမ်းတော့ဘဲ လက်လေးပိုက်ကာ မတ်တပ်လေးရပ်နေလိုက်သည်။
“ဦးဟန် နောက်ဆုံးတစ်ခေါက်ပြောမယ်နော်.... ပြန်ပေးမှာလား မပေးဘူးလား”
“ဒါဆို ကိုယ်မေးတာ ဖြေလေ ဒီဆွဲကြိုးကဘယ်ကောင်လေးပေးထားတာလဲလို့”
“ဘယ်ကောင်လေးမှ မဟုတ်ဘူး... အဲ့ဒါ အမေကိုယ်တိုင်ပေးထားတာ”
ကြီးနန်းဖြစ်သူဝင်ပြောလိုက်မှ ခခ မျက်ခုံးလေးပင့်ပြကာ ဟန်စိုင်းလက်ထဲမှ ဆွဲကြိုးလေးအား လှမ်းယူလိုက်တော့သည်။
“ဒါများ အစောကတည်းက အမေပေးထားတာလို့ ပြောပါလား”
“မပြောချင်လို့ အမြင်ကတ်လို့....”
“ဟာ.... ဒီကလေးမလေးကတော့လေ”
ကြီးနန်း သူတို့ဘေးမှ ရပ်ကြည့်နေရာမှ ခခနားသို့ လျှောက်လာလိုက်သည်။
“သမီးခခ”
“ရှင်....”
“သမီး သားကို အဖြေမပေးသေးဘူးလား”
ထိုမေးခွန်းကြောင့် ခခရှက်သွားကာ လည်ပင်းလေးအား ပွတ်နေလိုက်သည်။
“မပေးသေးဘူး အမေရေ.... အမေ့ရဲ့အနာဂတ်ချွေးမကို ကူပြောပေးအုံး”
“ဟာ... ဦးဟန်”
ဟန်စိုင်း သူမအား ဂရုမစိုက် အမေဖြစ်သူကိုသာ အပူကပ်နေသည်။
“ကူပြောပေးအုံး အမေ”
“သမီးက ဘာဖြစ်လို့ သားကိုသဘောမကျရတာလဲ”
“ဟို.... သဘောမကျတာ မဟုတ်ပါဘူး”
“ဒါဆိုဘာလဲ.... မချစ်နိုင်လို့လား”
“မချစ်နိုင်တာလဲ မဟုတ်ဘူး.... မချစ်ရဲတာ”
“ဘာလို့ မချစ်ရဲရတာလဲ အရှင်းလေးရဲ့.... ကိုယ်ကကိုက်စားမှာလဲ မဟုတ်”
“ကိုက်စားမှာ မဟုတ်ပေမယ့်....”
“လက်ခံပေးပါ သမီးရယ်.... သားက ဘယ်မိန်းကလနဲ့မှ အရောဝင်ဖူးတာ မဟုတ်ဘူး.... ဘယ်မိန်းကလေးမျလဲ ချစ်ဖူးတာ မဟုတ်ဘူး.... သမီးကဘဲ သူ့ရဲ့ အချစ်ဦးနဲ့အချစ်ဆုံးဘဲ”
လက်လေးကိုင်ကာ ပြောလာတဲ့ ကြီးနန်းကြောင့် ခခဘာပြန်ပြောရမှန်းတောင်မသိတော့ပေ။
သူမလဲ ဦးဟန်ကို ချစ်ပါသည်။
ချစ်ရဲ့သားနဲ့ကို ချစ်တယ်လို့ မပြောကဲဘဲ မူနေခြင်းသာ။
“အရှင်းလေး.... တစ်ခုခုပြန်ပြောအုံးလေ”
“ဘာပြောရမှာလဲ”
“ချစ်လားလို့”
ကြီးနန်းဘက်သို့ လှည့်ကြည့်လိုက်တော့ တောင်းဆိုနေသည့်ပုံဖြင့် သူမအား ကြည့်လာခဲ့သည်။
“သမီးပေးမဲ့အဖြေက သားလိုချင်တဲ့ အဖြေဘဲဖြစ်မယ်လို့ ကြီးနန်းမျှော်လင့်ပါတယ်.....”
ကြီးနန်း ပြောပြီးသည်နှင့် ခြံထဲသို့ ထွက်သွားလိုက်တော့သည်။
“ကိုယ်သိပါတယ်..... အရှင်းလေး ကိုယ့်ကို မချစ်နိုင်ဘူးဆိုတာ.... ကိုယ်အတင်းကြီးမတောင်းဆိုတော့ပါဘူး....”
“ခခဘက်ကဘာပြောလိုက်လို့ ဦးဟန်က ခခ မချစ်နိုင်ဘူးဆိုတာ သိရတာလဲ”
“မသိဘူးလေ ကိုယ်ဘယ်လောက်ပြောပြော အရှင်းလေးက ငြင်းနေတာကို”
“မိန်းကလေးဆိုမှတော့ ဒီလောက်တော့ မူရမှာပေါ့”
“ဒါဆိုအခုကော ဆက်မူနေအုံးမှာလား”
“မမူတော့ဘူ”
“ဒါဆိုရင်....”
“ဟုတ်တယ် ဟုတ်တယ်.... ဦးဟန်ကို ချစ်တယ်”
“ဟား.... ပျော်လိုက်တာကွာ....”
ဟန်စိုင်းပြောရင်းဖြင့် သယမကိုယ်လေးအား လေထဲသို့ မြှောက်ချီလိုက်သည်။
“ဘာလုပ်တာတုန်း ဦးဟန်ရဲ့ အောက်ချပေးအုံး”
“အဟွန်း.... ပျော်လို့ပါ ခလေးရာ”
“ဟွန့်.... အခုမှ အဖြေပေးလိုက်တာရှိသေး အခေါ်ဝေါ်တွေက ပြောင်းကုန်ပြီ”
“ကိုယ်ဒီနာမ်စားလေးကို ခေါ်ချင်နေတာ ကြာလှပြီ ခလေးက ကိုယ့်ကိုခွင့်မပြုလို့”
“အခုကော ခွင့်ပြုလို့လား”
“အခုကတော့ ခွင့်မပြုလဲ ခေါ်မှာဘဲ.... ဒါနဲ့ ခလေးကော ကိုယ့်ကို ဦးဟန် ဦးဟန်လို့ မခေါ်ပါနဲ့လား”
“ဒါဆိုဘယ်လို ခေါ်ရမှာလဲ”
“အနောက်က ဟန်ကိုဖြုတ်လိုက် အရှေ့ကတစ်လုံးဘဲခေါ်”
“အမ်.... ဟန်ကိုဖြုတ်ဆိုတော့ ဦး.... ဦးပေါ့ ဟုတ်လား”
“ဒါပေါ့.... ဒါမှမဟုတ်... ခလေးက ကိုယ့်ကို daddy လို့ခေါ်ချင်တာလား”
“မခေါ်ချင်ဘူး.... ဘယ်လိုမှမခေါ်ချင်ဘူး”
“တစ်ခုတော့ခေါ်ရမယ်..... ဘယ်ဟာခေါ်ချင်လဲ"
“ဘယ်ဟာမှမခေါ်ချင်ဘူး”
“မခေါ်ရင်မသွားရဘူး”
ဟန်စိုင်းပြောရင်းဖြင့် လှေးကားထိပ်နားမှ ပိတ်ရပ်လိုက်သည်။
“ဟွန့်..... လူကိုအနိုင်ကျင့်တယ်”
“အနိုင်ကျင့်တာ မဟုတ်ပါဘူး....နောက်ဆိုလည်း ခေါ်ရမှာဘဲဟာကို”
“ဦး.... ဟုတ်ပြီလား”
“နောက်တစ်ခေါက်လောက် မကြားလိုက်လို့”
ဟန်စိုင်း လက်လေးနောက်ပစ် ခါးလေးကုန်းလိုက်ကာ သူမမျက်နှာနားဆီကပ်လာပြီး နားထောင်ဖို့ပြင်လိုက်သည်။
“ဦးလို့....”
“ဗျာ....”
“အဟွန်း.... ရပြီနော်.... ခခသွားတော့မယ်”
“ဟုတ်ကဲ့ပါဗျ...."
ခခ ပြုံးစိပြုံးစိနှင့် ထိုနေရာလေးမှ ထွက်လာခဲ့လိုက်တော့သည်။
ဟန်စိုင်းမှာတော့ လှေကားတစ်ထစ်ချင်းဆီ ဆင်းသွားတဲ့ သူမလေးအား ပြုံးကာ ကြည့်နေလေသည်။
ခဏကြာတော့ ဟန်စိုင်း ကမ္ပဏီသွားရတော့မည်မို့ အဝတ်အစားလဲကာ အောက်သို့ ဆင်းလာခဲ့လိုက်သည်။
“အမေ ကျွန်တော်ကမ္ပဏီသွားတော့မယ်”
“ဟုတ်ပါပြီ.... ကားကိုဖြည်းဖြည်းမောင်း”
“ဟုတ်”
ဟန်စိုင်း အမေဖြစ်သူအား နှုတ်ဆက်ပြီး ဘေးနားမှ တီဗွီထိုင်ကြည့်နေတဲ့ ချစ်ရသူလေးအား တစ်ချက်ကြည့်လိုက်သည်။
“ခလေး..."
“ဟာ... ဦးဟန် ကြီးနန်းအရှေ့မှာ ဘယ်လိုတွေ ခေါ်နေတာလဲ”
“ရပါတယ်.... အမေက မကြားသလိုဘဲ ဟန်ဆောင်ပေးလိုက်မယ်"
ပြောပြီးသည်နှင့် ဒေါ်နန်းခင်ခင် အပေါ်သို့ တက်သွားတော့သည်။
“ဦးဟန်နော်.... ကြီးနန်းရှေ့ဆို စကားပြောဆင်ခြင်ပါ”
“ဟုတ်ပါပြီဗျာ.... ကဲ အခုလောလောဆယ်တော့ ကိုယ့်ကို အနမ်းပေး”
“ဘာဆိုင်လို့လဲ”
“ကိုယ်ကမ္ပဏီသွားတော့မှာလေ”
“သွားလေ....”
“သွားတော့မှာမို့ အနမ်းပေး”
“မပေးဘူး”
“ခလေးကွာ အဲ့လိုမဆိုးပါနဲ့.... ”
“ဆိုးမှာဘဲ....”
“တစ်ခြားနေရာမှာဘဲ ဆိုးပါဒီနေရာမှာတော့ မဆိုးရဘူး”
ခခ ဟန်စိုင်းပါးလေးနှစ်ဖက်အား ရုတ်တရက်ကိုင်လိုက်သည်။
ထို့နောက် နဖူးလေးဆီသို့ အနမ်းပေးလိုက်သည်။
“အဟွန်း.... ချစ်လိုက်တာဗျာ”
ဟန်စိုင်း သူမကိုယ်လေးအား တင်းနေအောင် ဖက်ထားလိုက်သည်။
“သွားတော့မှာဆို"
“ဟုတ်တယ်လေ”
“သွားတော့လေ”
“အွန်းပါ.... ကိုယ့်ကို အရှေ့ထိ လိုက်ပို့”
“ဒါဆို ချီပေး”
ခခ ဆိုဖာပေါ်ထိုင်နေရာမှ လက်လေးနှစ်ဖက်ကို မြှောက်ကာ ချီပေးဖို့ ပြောလိုက်သည်။
“အဟွန်း.... ချီပေးဆိုချီပရမှာပေါ့....”
ဟန်စိုင်း သူမတင်လေးကနေမကာ ချီပြီး ခေါ်လာခဲ့သည်။
ခခကတော့ ဟန်စိုင်းလည်တိုင်လေးကို ဖက်ထားသည်။
“မိုးမခရှင်းဆိုတဲ့ ခလေးမလေးကလဲ ချွှဲတက်သားဘဲ....”
“လူကို မချွှဲတက်ဘူးထင်နေတာလား”
“ဒါပေါ့.... အမြဲတမ်းပွစိပွစိလုပ်နေတက်တဲ့ ဒီအဖွားကြီးပေါက်စလေးက ချွှဲတက်မယ်လို့ ဘယ်ထင်ပါ့မလဲ”
“ဟွန့်.... လူက မချွှဲချင်လို့သာ ချွှဲလိုက်လို့ကတော့ ရုံးပတေ သီးတောင် အရှုံးပေးရလိမ့်မယ်”
“အဟား.... ဟုတ်ပါပြီဗျာ.... ရောက်ပြီ”
ဟန်စိုင်း သူမကိုယ်လေးအား တံခါးပေါက်အရှေ့သို့ ချပေးလိုက်သည်။
“ကိုယ်သွားပြီနော်”
“ဟုတ်.... အလုပ်ပြီးတာနဲ့ စောစောပြန်လာနော်”
“ဟုတ်ကဲ့ပါဗျ”
ဟန်စိုင်း ကားပေါ်တက်လိုက်ပြီး ကားမှန်ကို ချကာ သူမကို နှုတ်ဆက်လိုက်သည်။
“ဦး....”
“ပြောလေ ခလေး”
ခခ ကားထဲရှိ ဟန်စိုင်းနားလေးသို့ သွားလိုက်ပြီး သူ့နားလေးဆီကပ်ကာ
“ချစ်တယ် ဦး.... မွ....”
ခခ ဟန်စိုင်း ပါးလေးဆီသို့ အနမ်းတစ်ပွင့် ပေးလိုက်ကာ လက်လေးပြပြီး နှုတ်ဆက်လိုက်သည်။
“အဟွန်း...."
ဟန်စိုင်းမှာတော့ သူမလေးလုပ်ရပ်ကြောင့် မျက်လုံးများမှေးသွားသည်အထိ ပြုံးလိုက်သည်။
ထို့နောက် ဟန်စိုင်း ခခအား လက်လေးပြန်ပြလိုက်ပြီး ထွက်လာခဲ့လိုက်တော့သည်။
############
“ဟယ်လို.... အေ ဟိတ်ကောင်တွေ မင်းတို့ဘယ်အချိန်လာမှာလဲ”
“........”
“အေ.... ငါအခုရောက်တော့မှာ အမြန်လာခဲ့ကြတော့”
“........”
ဘုန်းသျှံ ဖုန်းချလိုက်ပြီး စီးလာတဲ့ ပြိုင်ကားအနက်လေးအား ကော်ဖီဆိုင်ရှေ့ ကားပါကင်သို့ ထိုးရပ်လိုက်သည်။
ဆေးကျောင်းတက်ရတော့မှာမို့ မနေ့ကဘဲ ရန်ကုန်သို့ ထွက်လာခဲ့သည်။
ဒီနေ့တော့ ရောက်တုန်းလေး သူငယ်ချင်းတွေစုပြီးမုန့်စားဖို့အတွက် စားသောက်ဆိုင်လေးသို့ ထွက်လာခဲ့လိုက်သည်။
ခခအပါအဝင် အကြည့်တွေနှင့်လူကိုအမြဲ ဖမ်းစားနေတက်တဲ့ မိန်းကလေးကိုပါ နှုတ်ဆက်ချင်ပေမယ့် အခြေအနေတွေအရ မနှုတ်ဆက်လိုက်ရဘဲ ထွက်လာခဲ့ရတာကြောင့် ရင်ထဲဟာတာတာဖြစ်နေမိသည်။
ကားပေါ်မှ ဆင်းကာ ဘေးသို့ တစ်ချက်ဝေ့ကြည့်လိုက်စဉ် လူတစ်ယောက်ကြောင့် ဘုန်းသျှံ စွံ့အသွားတော့သည်။
ချိတ်အပြာဝမ်းဆက်နှင့် ဆံပင်တွေကိုချထားကာ ကားပေါ်မှ ဆင်းလာသည့်သူမ။
“ဒါ ဒါ ဟိုမိန်းကလေးဘဲ”
ဘုန်းသျှံ ပြောလဲပြော သူမအား စိုက်ကြည့်နေသည်။
သူမကတော့ ကျော့ကျော့မော့မော့နှင့် ကော်ဖီဆိုင်နဲ့ မျက်စောင်းထိုး ပါတိတ်ဆိုင်ထဲသို့ ဝင်သွားတော့သည်။
ဘုန်းသျှံလဲ သူမဝင်သွားသည့် ထိုပါတိတ်ဆိုင်သို့ လိုက်ဝင်လိုက်သည်။
“မင်္ဂလာပါ အစ်ကို ဘာအလိုရှိလို့ပါလဲ”
ဆိုင်ထဲဝင်ဝင်ချင်း ကောင်မလေးနှစ်ယောက်မှ သူ့အား နှုတ်ဆက်လာသည်။
“ဟို.... ဒီဆိုင်မှာလေ ချိတ်အပြာဝမ်းဆက်နဲ့ ဆံပင်ကကျောလယ်လောက်ရှိတဲ့ မိန်းကလေးကိုများ တွေ့မိသေးလားလို့”
ထိုကောင်မလေးနှစ်ယောက်မှာ ဘုန်းသျှံအပြောအား တစ်မျိုးထင်ကာ ပြုံးစိပြုံးစိလုပ်ကာ သူ့အားကြည့်လာခဲ့သည်။
“အော်..... အဲ့ဒါ မမဖူးပွင့်ကိုပြောဝာထင်တယ်”
“မမဖူးပွင့်ဆိုတာ”
“ဒီဆိုင်ပိုင်ရှင်ကိုပြောတာပါ..... နာမည်က သဇင်ဖူးပွင့်လေ.... နေ့တိုင်းအစ်ကို့လို အလုပ်ကိစ္စမရှိဘဲ မမဖူးပွင့်ကို လာကြောင်ဖို့ လုပ်တဲ့လူတိုင်းကို ပညာသားပါပါမောင်းထုတ်နေရတဲ့သူ..... မမဖူးပွင့်က အရမ်းချော အရမ်းလှလွန်းလို့ လာပိုးပန်းတဲ့သူတွေမှ အများကြီး”
ဘုန်းသျှံ ထိုကောင်မလေးတွေ အပြောအား သေချာနားထောင်နေသည်။
“အော်.... အဟွန်း.... သူ့ကိုတစ်ချက်လောက်သွားပြောပေးပါလား..... ထက်ဘုန်းသျှံလာနေတယ်လို့”
“ပြောပေးတာကပြောလို့ရပါတယ်.... အငြင်းခံရရင်တော့ မတက်နိုင်ဘူး”
“အဟက်.... စိတ်ချ မင်းတို့ရဲ့ မမဖူးပွင့်ကို အစ်ကိုကရအောင်ယူမှာ”
ဘုန်းသျှံအပြောကြောင့် ကောင်မလေးနှစ်ယောက်မှာ မျက်ခုံးလေးတွေပင့်ကာ ခေါင်းငုံ့ပြလိုက်သည်။
“ဒါဆို သွားပြောလိုက်အုံးမယ် ခဏစောင့်အုံးနော်”
“ကောင်းပါပြီ”
ကောင်မလေးနှစ်ယောက်ထဲမှ တစ်ယောက်က ဖူးပွင့်ရဲ့ သီးသန့်အခန်းထဲသို့ ဝင်လာခဲ့လိုက်သည်။
“ဒေါက် ဒေါက်.... မမဖူးပွင့်ဝင်ခဲ့မယ်နော်"
“အင်း...."
“ဘာကိစ္စရှိလို့လဲ”
“ထက်ဘုန်းသျှံက မမဖဖူးပွင့်နဲ့တွေ့ချင်လို့ပါတဲ့”
“ထက်ဘုန်းသျှံ”
နှုတ်ခမ်းဖျားမှ တိုးညှင်းစွာ ရွတ်လိုက်သည်။
ဦးနှောက်၌မမှတ်ထားပေမယ့် နှလုံးသားထဲမှာတော့ ထိုနာမည်လေးအား ရင်းနှီးနေသည်။
“အဲ့ဒါ ဝင်လာခိုင်းလိုက်ရမလား”
“အင်း... ဝင်ခိုင်းလိုက်”
ဝင်ခိုင်းလိုက်ဆိုသည်နှင့် ထိုကောင်မလေး မျက်နှာမှာ ဝင်းကနဲဖြစ်သွားတော့သည်။
ဦးနှောက် မဝင်ဖို့ အသိပေးနေပေမယ့် နှလုံးသားရဲ့ ဆန္ဒကိုတော့ သူမမငြင်နိုင်ခဲ့ပါ။
ဒါကြောင့် နှလုံးသားရဲ့ဆန္ဒအတိုင်း သူ့အား ဝင်ခဲ့ဖို့ ပြောလိုက်တော့သည်။
“အစ်ကိုရေ အစ်ကိုကတော့ ကံကောင်းပြီ မမဖူးပွင့်က ဝင်လာခဲ့တဲ့”
ဘုန်းသျှံ ထိုကောင်မလေးစကားကြောင့် ပျော်သွားကာ အထဲသို့ ပြုံးပြုံးကြီးဖြင့် ဝင်သွားလိုက်သည်။
“ဟယ်လို.... အစ်မသဇင်ဖူးပွင့်”
“ဘာကိစ်စလဲ”
“အစ်မကို တွေ့ချင်လို့”
“ကိစ္စမရှိရင် ပြန်လို့ရပြီ”
စားပွဲပေါ်က စာရွက်စာတမ်းတွေသာ ဂရုတစိုက်ကြည့်ပြီး သူ့အား ဂရုမစိုက်ကာ ပြောလာတာကြောင့် ဘုန်းသျှံ စိတ်ထဲ အနည်းငယ်ခုသွားရသည်။
“ကျွန်တော့ကို တစ်ချက်တောင် မကြည့်တော့ဘူလား”
ထိုအချိန်မှ ခေါင်းကိုမော့လာကာ သူ့မျက်လုံးတည့်တည့်သို့ မျက်တောင်မခက်တမ်းစိုက်ကြည့်လိုက်သည့် ဖူးပွင့်။
ဘုန်းသျှံ အစကတော့ သူ့အကြည့်များကို ခံနိုင်ပေမယ့် အချိန်အနည်းငယ်ကြာတော့ နှလုံးခုန်နှုန်းများက မြင့်တက်လာသဖြင့် သူ့ဘက်ကဘဲ စပြီးအကြည့်လွှဲလိုက်ရသည်။
“အဟက်.... အကြည့်ချင်းတောင်မဆုံရဲတာ လူကိုလာကြည့်ခိုင်းနေသေးတယ်”
“ဘာ.... ခင်ဗျား”
“ရှူး.... ဒီမှာ မင်းနဲ့တို့ နှစ်ယောက်ထဲ ရှိတာ အသံကိုတိုးတိုးပြော တို့ကြားတယ်”
သူမအပြောတွေကြောင့် ဘုန်းသျှံ စိတ်ထဲ မကျေမနပ်ဖြစ်ကာ မျက်မှောင်ကြီးကြုတ်လျက်ဖြင့် သူမနားသို့ ကပ်လာလိုက်သည်။
“ကျွန်တော် ခင်ဗျားကို ရအောင်ယူမှာ”
“ဟွန်း.... မင်းဘဲတို့ကိုအရင်ယူမှာလား တို့ကဘဲ မင်းကိုအရင်ယူလိုက်ရမှာလား ချာတိတ်”
နီဆွေးဆွေးနှုတ်ခမ်းများက အနည်းငယ်တွန့်သွားကာ ဘုန်းသျှံအား ပြုံးပြလိုက်သည်။
ဘုန်းသျှံ မိန်းကလေး တစ်ယောက်ကိုတောင် အနိုင်မပြောနိုင်သဖြင့် ကိုယ့်ကိုကိုယ် အားမလိုအားမရဖြင့် မျက်မှောင်ကြီးကြုတ်လျက် ထွက်လာလိုက်တော့သည်။
“ချာတိတ်ရယ် မင်းကငယ်ပါသေးတယ် တို့နဲ့ကစားရမယ့်အရွယ်မဟုတ်ဘူး”
ဘုန်းသျှံထွက်သွားခါနီး ကြားလိုက်ရတဲ့ စကားကြောင့် သူ ဖူးပွင့်ဘက်သို့ ပြန်လှည့်လာခဲ့လိုက်သည်။
“ဒါဆို စိန်လိုက်လေ ဒီနေ့က စပြီး ခင်ဗျားကို ကျွန်တော်ရအောင်လိုက်မယ် ခင်ဗျားစောင့်ကြည့်ထားလိုက်.... ကျွန်တော်က ခင်ဗျားကို အရမ်းချစ်တာ ဒါကြောင့် ကျွန်တော်သိပ်ချစ်ရတဲ့ ခင်ဗျားကို ထက်ဘူန်းသျှံဆိုတဲ့ ကျွန်တော်ကဘဲ ပိုင်ဆိုင်စေရမယ်..... သဇင်ဖူးပွင့်ဆိုတဲ့ အမျိုးသမီးကို ထက်ဘုန်းသျှံအပိုင်ဘဲ.... ဘာလို့ဆို ကျွန်တော်က ခင်ဗျားလို မာနကြီးတဲ့မိန်းကလေးကိုမှ ချစ်မိလို့ဘဲ..... တစ်နေ့ကြရင် ခင်ဗျားမာနတွေကို ရိုက်ချိုးပြီး ကျွန်တော့ရင်ခွင်ထဲမှာ မှေးစက်စေရမယ်”
ပြောပြီးသည်နှင့် ဘုန်းသျှံ ထွက်လာလိုက်တော့သည်။
ဖူးပွင့်တစ်ယောက်ကတော့ သူ့ရဲ့စကားတွေကြောင့် ရင်ထဲတစ်မျိုးလေးဖြစ်ကာ ခနကပြုံးနေတဲ့အပြုံးလေးတွေက ရုတ်တရက်ပျောက်သွားတော့သည်။
သူ့ပြောပုံက အတည်ပေါက်ကြီးမို့ သူမနည်းနည်းတော့လန့်မိသည်။
ဘယ်လိုနေနေပါ။ အချစ်ကသူမအတွက် အဲ့လောက်ထိ အရေးမပါတာမို့လို့ ဖူးပွင့် ထိုစကားများအား စိတ်ထဲမထားပေ။
ဟူးးးး
လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး လုပ်စရာရှိတာဆက်လုပ်နေလိုက်တော့သည်။
########
“တီ တီ”
“ဦးပြန်ရောက်ပြီဘဲ”
ခခ ခြံရှေသို့ အပြေးလေးဖြင့် ထွက်လာလိုက်သည်။
“ဦး.... ပြန်ရောက်ပြီလား”
“ပြန်ရောက်ပြီဗျ.... ဒါနဲ့ အမေကော”
“ကြီးနန်း အပေါ်မှာ ဘုရားရှိခိုးနေတယ်”
“အော်....”
“ဦး ဗိုက်ဆာပြီလား”
“ဗိုက်တော့မဆာသေးဘူး.... ခလေးရဲ့အနမ်းကိုဘဲဆာတာ”
“ဟာ.... ဦးနော်”
“မနော်ပါနဲ့..... ကိုယ့်ကို အနမ်းပေးပါအုံး.... ဒီတစ်ခါတော့ နဖူးတွေ ပါးတွေမရဘူးနော် နှုတ်ခမ်းကိုဘဲ ပေးရမယ်”
နှုတ်ခမ်းလေးကို လက်ညိုးထိုးကာ ပြောလာတာကြောင့် ခခ ဟန်စိုင်းအား မျက်စောင်းလေးထိုးလိုက်သည်။
“အဲ့လိုလေးမလုပ်ပါနဲ့.... ကိုယ်အသဲအရမ်းယားလို့”
“အသဲယားရင် အသဲကို ကုတ်လိုက်ပေါ့”
“ဟာ.... ခလေးလေးကကွာ လူကိုဘယ်လိုတွေ ပြောနေတာတုန်း.... နမ်းမှာလား မနမ်းဘူးလား”
“ကြီးနန်း ဆင်းလာရင် ဘယ်လိုလုပ်မလဲ”
“မဆင်းလာစေရဘူး.... လုပ်ပါ တစ်ခါဘဲနမ်းရမှာကို”
“အာ.... ဟုတ်ပြီဟုတ်ပြီ တစ်ခါဘဲနော်”
“အွန်း...”
ခေါင်းလေးငုံ့ပြကာ မျက်နှာငယ်လေးနဲ့ပြောလာတဲ့ ဟန်စိုင်းအား ခခ သူ့ရဲ့နှုတ်ခမ်းတွေဆီသို့ အနမ်းတစ်ပွင့်ချွေလိုက်သည်။
သူမဘက်က တစ်ခါဘဲ နမ်းလိုက်ပေမယ့် ဟန်စိုင်းကတော့ လူလည်ကျကာ သူမနှုတ်ခမ်းလေးအား အမိအရဖြင့် အချိန်ကြာမြှင့်စွာ အနမ်းပေးနေလိုက်သည်။
“အဟမွး... အဟမွး”
အနောက်မှ ချောင်းဟန့်သံကြောင့် ဟန်စိုင်း သူမအား အနမ်းပေးနေတာတေွကို ရပ်လိုက်ပြီး လှည့်ကြည့်လိုက်သည်။
“ဟင်.... အမေ”
“ကြီးနန်း.... ဒါကြောင့် ဦးကိုပြောပါတယ်.... ကြီးနန်းလာရင် ဘယ်လိုလုပ်မလဲလို့”
ခခ ဟန်စိုင်းအား တိုးတိုးလေးဖြင့် ပြောလိုက်သည်။
“ညစာစားကြမယ်”
“ဟုတ်”
ဒီလိုနဲ့ သုံးယောက်သား ညစာစားလိုက်ကြသည်။
“သမီး...”
“ရှင်...."
“သားကို နွားနို့သွားပို့ပေးလိုက်ပါ”
“ဟိုလေ.... ကြီးနန်းသွားပို့ပေးလို့မရဘူးလားဟင်”
“မရဘူး.... ကြီးနန်း အိပ်ချင်ပြီ အရင်သွားအိပ်တော့မယ်”
ပြောပြီးသည်နှင့် ကြီးနန်း အပေါ်သို့ တက်သွားတော့သည်။
ဟူးးး
ခခကတော့ လေပူတစ်ချက်မှုတ်ကာ မသွားချင်သွားချင်ဖြင့် ဟန်စိုင်းအခန်းဆီသို့ ထွက်လာခဲ့လိုက်သည်။
“ဒေါက် ဒေါက်.... ဦး ခခပါ”
ဟန်စိုင်း ခခဆိုတာကြောင့် သူကိုယ်တိုင် တံခါးလေးအား ဖွင့်ပေးလိုက်သည်။
“ဝင်ပါ...”
“ရော့.... နွားနို့လာပို့ပေးတာ”
တံခါးပေါက်နားကနေ မတ်တပ်လေးရပ်ကာ ပြောနေတဲ့သူမအား ဟန်စိုင်း အထဲဝင်ဖို့ပြောလိုက်သည်။
“အထဲဝင်ခဲ့လေ”
“ကိုယ်မကိုက်စားပါဘူး.... ခလေးရယ်”
“ပြောလို့မရဘူးလေ”
“အဲ့လိုလေးတွေ လုပ်နေမှ ကိုယ်က ပိုတောင် ကိုက်စားချင်လာပြီ”
“ဦးဟန်နော်.... မကဲနဲ့”
ခခ နွားနို့ခွက်လေးအား ဟန်စိုင်းအိပ်ရာဘေးသို့ ချပေးလိုက်ပြီး သွားဖို့ ပြင်လိုက်စဉ် ကုတင်ပေါ်၌ ထိုင်နေတဲ့ ဟန်စိုင်ူ ခခကိုယ်လေးအား သူ့ပေါင်ပေါ်သို့ ဆွဲချလိုက်သည်။
“ဟ.... ဦး ဘာလုပ်တာလဲ”
“ဘာမှမလုပ်ဘူး”
“ခခအိပ်ချင်ပြီ သွားတော့မယ်”
“ချစ်တယ် ခလေးရယ်.... ကိုယ်လေ ခလေးကို ပြောပြလို့မရအောင်ကို ချစ်တာ”
“သိပါတယ်... အခုလောလောဆယ်တော့ လူကိုလွှတ်အုံး..... အိပ်ချင်ပြီ သွားအိပ်တော့မယ်”
“ဟုတ်ပါပြီ”
မှ.....
ဟန်စိုင်း သူမကိုယ်လေးအား လွှတ်ပေးလိုက်ပြီး သူမပါးမို့မို့ပေါ်သို့ အနမ်းတစ်ပွင့် ပေးလိုက်သည်။
“ဟွန့်....”
ခခကတော့ ဟန်စိုင်းအား မျက်စောင်းလေးထိုးကာ ထွက်လာခဲ့လိုက်တော့သည်။
ဟန်စိုင်းဘဝက အခုမှ ပိုပြီးပြည့်စုံသွားတော့သည်။
ချစ်ရတဲ့သူ နှစ်ယောက်လုံးက အနားမှာ ရှိနေတာကြောင့် သူအတိုင်းမသိဝမ်းသာမိပါသည်။
14680✍︎
ဒီအပိုင်းလေးတော့ roထားလိုက်အုံးမယ်။
နောက်အပိုင်းတော့ မroနိုင်တော့ပါ။
အချိန်ပေးပြီး စောင့်ဖတ်ပေးတဲ့ အတွက် ကျေးဇူးအများကြီး တင်ပါတယ်။♡︎♥︎
စိတ်ကူးရင် ဝတ္ထုမို့အမှားပါရင် ခွင့်လွှတ်ပါ။
ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏