book

Index 17

Part 17

“အချစ်သည်ခလေးကြောင့်ဖြစ်သည်”


“ဒေါက် ဒေါက်.....”


“ဟင်....”


အခန်းရှေ့မှ တံခါးခေါက်သံကြောင့် ခခမျက်နှာလေူမှာ ဝင်းကနဲဖြစ်သွားရသည်။

ခခ ရေချိုးခန်းထဲ၌ ထိုင်နေရာမှ ထလာလိုက်ပြီး မေ့လဲနေတဲ့ ဟန်စိုင်းအားကျော်ကာ အခန်းတံခါးပေါက်ဆီသို့ လာခဲ့လိုက်သည်။


“ဒေါက် ဒေါက်..... ကြီးနန်း ကြားလားဟင်”


‌“အေးအေး.... ကြားတယ် သမီး”


“ကြီးနန်း ကယ်ပါအုံး.... အခန်းတံခါးက ဖွင့်လို့မရတော့ဘူ”


“ဟမ်.... ကြီးနန်း အပြင်ကနေ ဖွင့်ကြည့်ပေးမယ်”


“ဟုတ် ဟုတ်”


ခခ တစ်ဖက်မှ ကြီးနန်းပြောသံကိုလဲ နားထောင်ရ ဟန်စိုင်း ရုတ်တရက်ထဖောက်လာမှာကိုလဲ ကြောက်နှင့် သူမမှာ ဗြာများနေသည်။


“မရဘူး သမီးရေ တံခါးက လုံးဝဖွင့်လို့မရတော့ဘူ”


“ဟမ်.... ဘယ်လိုလုပ်ရမှာလဲ ကြီးနန်း....”


“သားကော သမီး”


“ဦး ဦးဟန် မေ့လဲနေတယ်”


“ဟင်.... မေ့လဲတယ်”


“ဟို.... ဦးဟန် ဆေးမိထားတာထင်တယ် ဒါကြောင့် ခခ ဦးဟန်ကို ရေနဲ့ပတ်လိုက်တာ.... အဲ့ဒါ မေ့လဲသွားတော့တာဘဲ”


“ဆေးမိတယ်”


ကြီးနန်း သားဖြစ်သူဆေးမိတာကို မယုံနိုင်ပေ။

ဆေးကဘယ်လိုလုက်မိရမှာလဲ ဘယ်သူ့လက်ချက်ကြောင့်မို့ သားကဆေးမိရမှာလဲ။


“ဒါနဲ့.... အခုသားအခြေအနေက"


“ခဏကလို လူကို ဆွဲလမ်းရမ်းလမ်းတော့ မလုပ်တော့ဘူ မေ့လဲနေပြီမို့”


“အွန်းပါ.... ဒါနဲ့ သမီးကော အဆင်ပြေလား”


“ဟုတ် အဆင်ပြေပါတယ်”


“အဆင်ပြေရင် ပြီးတာပါဘဲကွယ်.... မနက်မိုးလင်းထိ သားအခန်းထဲမှာဘဲ ခဏနေလိုက်အုံးနော် ကြီးနန်းမနက်မှ သော့ပြင်တဲ့သူကို ခေါ်လိုက်မယ်”


“ဟုတ်....”


“ဘာမှ အားမငယ်နဲ့ ဒီကိစ္စကို ကြီးနန်းအကောင်းဆုံးဖြေရှင်းပေးမယ်.... ခဏဘဲနေလိုက်ပါ”


ခခ အသံလေးညိုးငယ်စွာဖြင့် ပြောလိုက်သည်ကို ကြီးနန်းရိပ်မိသွားသည်ထင်ပါရဲ့။ ကြီးနန်း ခခအား အားပေးစကားများပြောလာသည်။


“ဟုတ်”


“ဒါဆို ကြီးနန်းသွားပြီ.... ကြီးနန်း အာမခံတယ် သားက ဆေးမိထားတဲ့အချိန်ဘဲ စိတ်မမှန်တာ ဟိုလိုဆို ဘယ်မိန်းကလေးကိုမှ အသားမပြောနဲ့ ဆံပင်မွှေးလေးတောင် မထိဘူး”


“အွန်းပါ"


ဦးဟန်နှင့်ခခ နှစ်ယောက်ထဲ တစ်ခန်းထဲနေနေရမည်ကို ခခစိတ်ထဲ ခုနေမိသည်။

နောက်ပြီး ခဏကအဖြစ်အပျက်မျိုး ပြန်ဖြစ်လာမှာကိုလဲ သူမ မလိုလားပေ။

ဘယ်လိုမှမဖြစ်နိုင်တဲ့ အခြေအနေမို့ သည်းခံလိုက်အုံး မိုးမခရှင်းရေ။

ခခ ကိုယ့်ဟာကိုယ် အပေးစကားပြောပြီး ဟန်စိုင်းနားသို့ လျှောက်လာခဲ့လိုက်သည်။


“ဒီတစ်ခါတော့ နိုးမှရတော့မယ် ဘာလို့ ဒီလောက်ထိ မေ့လဲနေနိုင်ရတာလဲ”


ခခပြောရင်းဖြင့် ဟန်စိုင်းကိုယ်လေးအား လှုပ်နိုးဖို့ပြင်လိုက်သည်။


“ဟင်....”


အပေါ်ပိုင်း ဗလာကျင်းမို့ ခခ သူ့ရဲ့ ဝမ်းဗိုက်က six packsတွေနှင့် ရင်အုပ်ကျယ်ကြီးအား ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။


“အဟွန်း...."


ဟန်စိုင်း ခဏကတည်းက နိုးနေပြီဖြစ်သည်။

သို့ပေမယ့် ခခအား အသိမပေးပေ။

ဘာလို့ဆို သူမကိုစချလို့ပေ။


ဟန်စိုင်း သူ့လက်မောင်းတွေဆီသို့ နိုးဖို့ ဖြည်းဖြည်းချင်းထိလာတဲ့ ခခအား သူမလက်တွေဆီကနေ သူမကိုယ်လုံးလေးအား သူ့ရင်ခွင်ကျာ်ကြီးဆီသို့ ဆွဲထည့်လိုက်သည်။


“အား.... ရှင်အခုချိန်ထိ ဆေးမပြေသေးတာလား”


ခခ မျက်လုံးကို စုံမှိတ်ကာ ဟန်စိုင်းရင်ခွင်အား အားရပါးရထုပစ်လိုက်တော့သည်။

သို့ပေမယ့် ဟန်စိုင်း သူမလက်တွေအား အမိအရဖမ်းဆုပ်လိုက်သဖြင့် ခခတို့ ဟန်စိုင်းရင်ခွင်အား ဆက်ထုလို့မရတော့ပေ။


“ဦးဟန်.... ဘာလုပ်တာလဲ လွှတ်”


“အဟွန်း....”


“ဦးဟန်.... ဦးဟန် ဆေးပြေသွားပြီဆိုတာ ခခသိတယ်နော်....”


ဟန်စိုင်း သူမလေးပြောတာအား ဂရုမစိုက် ဖက်သာဖက်ထားဆဲပင်။


“ဦးဟန်.... ခခ စိတ်တိုလာပြီနော်.... အမြန်လွှတ်... အော်လိုက်မှာနော်”


အော်လိုက်မည်ဆိုသည့် အချိန်မှ ဟန်စိုင်း ခခအား လွှတ်ပေးလိုက်တော့သည်။


“အော်တော့မအော်နဲ့နော်”


“ဟွန့်.... ကြီးနန်းပြောတော့ သူ့သားက ဆေးမိနေတုန်းဘဲ စိတ်မမှန်တာတဲ့ အခုကြတော့.....”


“အခုကြတော့ ဘာဖြစ်လို့လဲ”


“ဘာဖြစ်ရမှာလဲ.... လူကို အတင်းဖက်နေတာလေ”


“မတော်တဆ ဖက်မိတာပါ အရှင်းလေးကလဲ.... အော် ဒါနဲ့ ကိုယ်ကဘယ်လိုလုပ် ရေချိုးခန်းရှေ့ရောက်နေတာလဲ နောက်ပြီး ကိုယ့်အင်္ကျီကကော.... ဟင် မဟုတ်မှ အရှင်းလေး”


ဟန်စိုင်း သူ့ရင်အုံနှစ်ဖက်အား လက်ဖြင့်အုပ်လိုက်ကာ ခခအား ကြောက်နေသောမျက်လုံးများဖြင့် ကြည့်လိုက်သည်။


“အောင်မှာ.... လူကိုများ ဦးဟန်ကို မဟုတ်တာလုပ်ဖို့မပြောနဲ့ အသားတောင်မထိဘူး.... နောက်ပြီး ကမ္ဘာပေါ်မှာလေ ဦးဟန်တစ်ယောက်ထဲရှိတော့မယ်ဆိုရင်တောင်လေ ခခတို့က မယူဘူး.... ”


“ဟာ.... ဒါတော့ များသွားပြီကွာ”


“လာမပြောနဲ့.... အခုလောလောဆယ် အင်္ကျီလေးအမြန်ဝတ်လိုက်ပါလား”


”ဘာလို့လဲ...."


“အအေးမိနေမှာမို့”


မျက်လုံးလေးတွေကို လက်ဖြင့်ကာကာ ပြောလာတဲ့ သူမလေးက အလွန်ချစ်ဖို့ကောင်းသည်။


ဟန်စိုင်း ပြန့်ကျယ်နေတဲ့ သူ့အင်္ကျီအားကြည့်ကာ ဘာဖြစ်ထားတာလဲဟု စဉ်းစားနေမိသည်။


ဗီရိုထဲမှ shirtတစ်ထည်အား ထုတ်ကာ ဝတ်လိုက်ပြီး သူ့သိချင်သည့် အကြောင်းအရင်းအား သိရဖို့အတွက် ခခအားမေးဖို့ ပြင်လိုက်သည်။


“အရှင်းလေး”


“အွန်း....”


“ခဏကဘာဖြစ်သွားတာလဲ”


“ဦးဟန် တစ်ကယ်မမှတ်မိတာလား”


“ဟုတ်တယ်..... ကိုယ် အရှင်းလေးတံခါးဖွင့်မရလို့ဆိုပြီး တံခါးလာကူဖွင့်ပေးတဲ့အထိဘဲ မှတ်မိတယ်.... နောက်ပြီး ဘာဖြစ်သွားတာလဲ ကိုယ်ကကော ဘာလို့ ရေချိုးခန်းရှေ့ အဝတ်ဗလာနဲ့ ရောက်နေတာလဲ”


“ဒါက.... ဟို.... ခခအိပ်ချင်ပြီ.... ခဏက ကြီးနန်းပြောတာ ကြားတယ်မလား”


“ကြားတယ်လေ”


“ဒါဆို ဒီည ခခ ဦးဟန်အခန်းထဲမှာနေရမှာ..... အဲ့တော့ ခခ ဘယ်မှာ အိပ်ရမှာလဲ”


“ကိုယ့်အိပ်ရာပေါ်အိပ်လေ”


သူ့အိပ်ရာအား လက်ညိုးထိုးပြလာတဲ့ ဟန်စိုင်းကြောင့် ခခလန့်သွားရသည်။


“ဘယ်ဖြစ်မလဲ ဦးဟန် အိပ်ရအုံးမယ်လေ မဟုတ်လား”


“ကုတင်ကအဲ့လောင်ကြီးတာ အတူတူအိပ်မယ်လေ”


“ဦးဟန်နော်.... လာမနောက်နဲ့"


“မနောက်ပါဘူး.... ကိုယ်အတည်ပြောတာ”


“တော်ပြီကွာ.... စောင်အပိုတစ်ထည်ရှိလား”


“ဗီရိုထဲမှာရှိတယ် ဘာလုပ်မလို့လဲ”


“ဘယ်ဗီရိုလဲ”


“ဘာလုပ်မလို့လဲဆိုတာအရင်ပြော”


“မပြောဘူး....”


“မပြောရင် မသွားရဘူး”


ဟန်စိုင်း ခခအရှေ့မှ ပိတ်ရပ်လိုက်သည်။


“ဖယ်လို့ ဦးဟန်”


“မဖယ်ဘူး.... စောင်က ဘာလုပ်မလို့လဲ”


“ဘာလုပ်လုပ်ပေါ့”


ခခ ဟန်စိုင်းကိုယ်လေးအား ဘေးသို့ တွန်းလိုက်ပြီး ဗီရိုနှစ်ခုရှိရာ၌ ဘယ်ဘက်ဗီရိုဆီသို့ လာခဲ့လိုက်သည်။

ထို့နောက် ထိုဗီရိုလေးအား ဖွင့်လိုက်စဉ် အထဲထဲက အင်္ကျီလေးကြောင့် သူမအံဩသွားရသည်။


ခခအား ကူညီတုန်းက ဟန်စိုင်းပေးခဲ့တဲ့ ဖလန်ကွက်အင်္ကျီလေးအား သူ့အား ပြန်ပေးခဲ့သည်။

ခခစိတ်ထဲ သူမပြန်ပေးလိုက်သည့် ထိုအင်္ကျီလေးအား ဟန်စိုင်း အခုလို ဘူးအကြည်လေးနှင့် အသေအချာသိမ်းထားမည်ဟု သူမမထင်ခဲ့ပေ။

သို့ပေမယ့် ဟန်စိုင်း ကတော့ ထိုအင်္ကျီလေးကို ရရချင်း ဘူးအကြည်လေးရှာကာ အသေအချာသိမ်းထားခဲ့သည်။


“ဦးဟန်... ဒီအင်္ကျီကို ဦးဟန်ပစ်လိုက်ပြီ မဟုတ်လား”


“ဘာလို့ပစ်ရမှာလဲ..... ဒီအင်္ကျီလေးက ကိုယ်နဲ့အရှင်းလေးနဲ့ကို ပထမဆုံးတွေ့ဆုံခွင့်ပေးခဲ့တာမို့ မပစ်ရက်ပါဘူး”


သူမမှာ ဘာမှပြန်မပြောနိုင်ဘဲ ကြောင်တောင်တောင်နှင့်ပင် ရပ်ကြည့်နေမိသည်။


“ကိုယ်က အရှင်းလေးကို အဲ့အချိန်ကတည်းက ချစ်နေခဲ့တာ.... အရှင်းလေးကသာ ကိုယ့်အချစ်ကို လက်မခံနိုင်တာ”


“လက်မခံပါဘူး.... ခခပြောပြီးပြီဘဲဟာကို ဦးဟန်နဲ့ ခခက မဖြစ်နိုင်ဘူးလေ”


“ဖြစ်နိုင်ပါတယ်.... အရှင်းလေးက မဖြစ်ချင်နေတာ”


ဟုတ်ပါတယ်။ ခခဘက်က ဦးဟန်ကိုချစ်ဖို့ အဆင်သင့်မဖြစ်သေးဘူး။ ဦးဟန်ကို မယုံရဲဘူး။


“အရှင်းလေး....”


“အွန်း ပြောလေ”


“ကိုယ့်ကိုနည်းနည်းမှ မစဉ်းစားပေးတော့ဘူလား”


“စဉ်းစားပေးပါမယ်....”


ခခပြောပြီးသည်နှင့် ထိုဗီရိုထဲမှ စောင်တစ်ထည်ယူလိုက်ပြီး ကုတင်ဘေးအောက်နားသို့ ခင်းလိုက်သည်။

ထို့နောက် အိပ်ရာပေါ်မှ နှစ်လုံးထပ်ရက်ရှိနေတဲ့ ခေါင်းအုံးမှ ခေါင်းအုံးတစ်လုံးယူလိုက်ပြီး ခဏက ခင်းထားတဲ့ စောင်လေးပေါ်သို့ ပစ်တင်လိုက်သည်။


“ဟုတ်ပြီ..... ခခအိပ်ပြီ”


အခန်းထဲမှာက ဆိုဖာအစား ခုံသေးသေးလေးတွေသာ ထားထားသဖြင့် သူမအခုလို ကြွေပြားပေါ် စောင်ခင်းပြီးသာ အိပ်လိုက်ဖို့ပြင်လိုက်သည်။


“နေအုံး... မအိပ်နဲ့”


“ဟာ.... ဘာလို့လဲ”


“အပေါ်မှာတက်အိပ် အောက်က ကြွေပြားနဲ့ အေးတယ်”


“ရတယ်.... ဘာမှမဖြစ်ဘူး”


“ကိုယ်နှစ်ခါ မပြောဘူးနော်.... အမြန်တက်ခဲ့ နောက်တစ်ခါဆိုရင် ကိုယ်လက်ပါတော့မှာ”


“ဟာ....”


“မဟာနဲ့.... အမြန်တက်လာခဲ့”


“ဒါဆို ဦးဟန်က ဘယ်မှာအိပ်မှာလဲ”


“ကြားထဲမှာ ဖက်လုံးခြားထားမှာဘဲလေ မဟုတ်လား”


ခခ အိပ်ရာလေးအား တစ်ချက်ကြည့်လိုက်သည်။

ကြားထဲ၌ ဖက်လုံးကတော့ ခြားထားပါသည်။

သို့ပေမယ့် သူမ မအိပ်ရဲပေ။

ခဏကလို ဦးဟန် စိတ်ဖောက်လာမည်ကို စိုးရိမ်နေမိသည်။


“အမြန်လာနော်.... ကိုယ်စိတ်မရှည်တော့ဘူ”


ဟန်စိုင်း ပြောရင်းဖြင့် အိပ်ရာပေါ်မှ ဆင်းဖို့ပြင်လိုက်သည်။ ထိုအခါမှ ခခ ပြာပြာသလဲ ခေါင်းအုံးလေးယူကာ အိပ်ရာပေါ်သို့ တက်လာခဲ့လိုက်သည်။


“အဟွန်း.... ဒီလိုမှပေါ့”


ဟန်စိုင်းကတော့ ပြုံးပြလိုက်ပေမယ့် သူမလေးမှာတော့ ဟန်စိုင်းအား မျက်စောင်းလေးထိုးလိုက်သည်။


“သူများကို အနိုင်ကျင့်တယ် ဟွန့်....”


သူမ မျက်စောင်းလေး နောက်တစ်ချက်ထိုးလိုက်ပြီး တစ်ဖက်သို့ လှည့်ကာ အိပ်လိုက်သည်။


“ဟ.... ဒီခလေးလေးကတော့လေ”


ခခ သူ့အား ခလေးဟုခေါ်လိုက်သည်ကို ကြားပေမယ့် မကြားသလိုပင် ဟန်ဆောင်ကာ မျက်လုံးကို အတင်းမှိတ်ကာ အိက်ပျော်အောင်အိပ်ပစ်လိုက်တော့သည်။


“အဟွန်း....” 


ကိုယ်ခလေးကို အရမ်းချစ်နေမိပြီ အဆုံးရှုံးမခံနိုင်တော့ဘူ။ ကိုယ့်ကို တစ်ယောက်ထဲ ပစ်မထားခဲ့ဖို့ ကိုယ်မျှော်လင့်ပါတယ်။ 

ချစ်တယ် ခလေးရယ်။


#######


“ဘယ်လိုလုပ်ကြမလဲ အမေ”


“စိတ်အေးအေးထားပါ သူတို့ဘာမှ မဖြစ်လောက်ပါဘူး”


ဖူးပွင့် အခန်းထဲ၌ ဟန်စိုင်းနှင့်ခခတို့အကြောင်းအား စဉ်းစားကာ အိပ်မရဖြစ်နေသည်။

ကိုယ်ကိုတိုင် အသေအချာ စီစဉ်ထားတဲ့ အစီအစဉ်က အခုလို လွှဲချောသွားသဖြင့် သူမကြီးနန်းအား ဒေါသအလွန်ထွက်နေမိသည်။


ဘယ်သူကများ အခန်းတံခါးကို အခုလိုဖြစ်အောင်လုပ်လိုက်ရတာလဲ။


“သမီးအိပ်‌တော့.... မနက်ကြရင် အမေတို့ စောစောထပြီး သော့ပြင်စရာကို ခေါ်ကြတာပေါ့”


“ဟုတ်”


ဖူးပွင့်စိဆ်ထဲ မတင်းမကျနှင့်သာ အိပ်ပျော်အောင်အိပ်လိုက်ရသည်။


####################


“ဂျလောက်.....”


“ပွင့်ပြီ.... ကျေးဇူးပါကွယ်”


ကြီးနန်း မနက်စောစောစီးစီး သော့ပြင်ဆရာအား ခေါ်ကာ ဟန်စိုင်းတို့ အခန်းတံခါးပေါက်အား ပြင်ခိုင်းလိုက်သည်။


“ဒါဆို ကျွန်တော် သွားပြီနော်”


“ကောင်းပါပြီ”


ဖူးပွင့် အခန်းထဲမှ ဖြစ်ပျက်နေမည့်ပုံအား စိတ်ဝင်စားကာ အခန်းထဲသို့ အားလုံးထက်အရင် ဝင်သွားလိုက်သည်။


“ဟင်....”


အိပ်ရာပေါ်၌ အပေါ်ပိုင်းဗလာကျင်းဖြစ်နေသည့် ဟန်စိုင်းကြောင့် ဖူးပွင့်တစ်ယောက် လန့်သွားတော့သည်။


“ဒါ ဒါက....”


ကြက်သေသေသွားတဲ့ သူမကြောင့် ကြီးနန်းနှင့် သဇင်ဖြူတို့ပါ အခန်းထဲသို့ အလျင်အမြန်ဝင်လာလိုက်ကြသည်။


“ဟင်....”


“သား.... စိုင်းဦးဟန် ထစမ်း”


အပေါ်ပိုင်းဗလာဖြစ်နေတဲ့ သားဖြစ်သူအား ဒေါ်နန်းခင်ခင် မျက်မှောင်ကြီးကြုတ်လျက်ဖြင့် လှုပ်နိုးလိုက်သည်။


“ဟင်.... အမေ”


“မင်း ကိုယ့်ကိုကိုယ်ပြန်ကြည့်စမ်း”


ဟန်စိုင်း သူ့အမေအပြောကြောင့် ကိုယ့်ကိုကိုယ် ပြန်ကြည့်လိုက်သည်။


“ဟင်.... ငါဘယ်လိုလုပ်”


မနေ့ညကမှ ရှပ်အသစ်တစ်ထည် ထပ်ဝတ်ထားတာ အခုတော့ အပေါ်ပိုင်းဗလာနှင့်မို့ သူလန့်သွားရသည်။

ဟန်စိုင်း မနေ့ညကအဖြစ်အပျက်အား အသေအချာပြန်စဉ်းစားကြည့်လိုက်သည်။

မနေ့ညက ခခအေးနေတာမို့ သူမကို စောင်ထပ်ခြုံပေးလိုက်ပြီး သူကတော့ ပူနေတာကြောင့် အပေါ်ရှပ်ကို ချွတ်အိပ်လိုက်သည်။

မနက်မှပြန်ဝတ်မည်ဟု လုပ်ထားသော်လည်း အခုတော့ အချိန်မမှီတော့ပေ။

ကြီးနန်း တစ်မျိုးထင်သွားပြီ။


“ဟင်.... ဦးဟန် ဘယ်လိုလုပ်”


ခခနိုးနိုးချင်း အပေါ်ပိုင်းဗလာနှင့် သူ့အားမြင်လိုက်ရသဖြင့် သူမမျက်လုံးများပြူးကျယ်ကာ လန့်သွားတော့သည်။


မျက်မှောင်ကြီးကြုတ်ကာ ကြည့်နေတဲ့ အမေဖြစ်သူကြောင့် ဟန်စိုင်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်သွားတော့သည်။


“ဟို.... အမေ့ သားရှင်းပြပါရစေ”


“ဘာမှမရှင်းပြနဲ့.... မင်းတို့ကလွန်သွားပြီ”


“သားကိုရှင်းပြခွင့်ပြုပါအုံး အမေရယ်”


“ဘာမှ မရှင်းပြနဲ့တော့... မင်းတို့ကို ကြည့်တာနဲ့ ဘယ်လိုအခြေအနေထိ ရောက်သွားပြီလဲ ဆိုတာ အမေသိသွားပြီ”


“ဟာ.... ကျွတ် ဒုက္ခပါဘဲကွာ”


တစ်ယောက်က အောက်မှာ အိပ်နေရင်တောင် ရှင်းပြဖို့ လွယ်သေးသည်။ အခုဟာက နှစ်ယောက်လုံး တစ်ကုတင်ပေါ်မှာ ပိုဆိုးတာက ယောင်္ကျားသားဖြစ်တဲ့ ကိုယ်က အပေါ်ပိုင်းဗလာနှင့်မို့ အမေတို့ တစ်မျိုးထင်ချင်လဲ ထင်နိုင်ပါသည်။


“ဟို.... အခုဟာက ကြီးနန်းထင်သလို မဟုတ်ပါဘူး ဟန်က....”


“ကြီးနန်း ဘယ်သူ့ရဲ့ ရှင်းပြတာမှ နားမထောင်ချင်ဘူး.... အဲ့တော့ အခုလုပ်စရာရှိတာ လုပ်ရတော့မယ်.... ပတ်ဝန်းကျင်ကသာ သိသွားရင် မိန်းကလေးဘက်က မကောင်းဘူး.... အဲ‌့တော့ ရပ်ကွက်လူကြီးခေါ်ပြီး စေ့စပ်ဖို့ စီစဉ်ပါ သားစိုင်း”


“ဗျာ....”


“ဟင်....”


“ကြီးကြီးနန်း သူတို့ရှင်းပြတာကို သေချာနားထောင်သင့်တယ်နော်”


“ဘာကို နားထောင်ရမှာလဲ သမီးရယ် ဒီအခြေအနေထိတောင် ဖြစ်နေပြီကို သားဘက်က အပြည့်အဝ တာဝန်ယူရမှာပေါ့ မဟုတ်လား”


“ဒါပေမယ့်....”


“တော်ပြီ သမီး.... ဒီကိစ္စကို သားစိုင်းကို အမေ တာဝန်ပေးလိုက်ပြီ မနက်ဖြန် သားနဲ့ သမီးခခ စေ့စပ်မယ်”


“ဟို.... ကြီးနန်း....”


နန်းခင်ခင် ခခစကား မဆုံးခင်ဘဲ အခန်းထဲမှ ထွက်လာလိုက်တော့သည်။


“တောက်....”


ဖူးပွင့် ဒေါသထွက်ထွက်နှင့် အခန်းထဲမှ ချက်ချင်းပင်ထွက်လာလိုက်သည်။


သူဝို့သားအမိထွက်သွားသည်နှင့် ဒေါ်နန်းခင်ခင် အခန်းထဲသို့ ချက်ချင်းပြန်ဝင်လာခဲ့သည်။


“ဟင်... အမေ”


“ကြီးနန်း”


“ရှူး.... သားနဲ့သမီးကို အမေပြောစရာရှိတယ်”


“ဟုတ်”


“ဒီကိစ္စမှာ သားတို့မမှားခဲ့မှန်း အမေသိတယ်”


“ဒါဆို ဘာလို့ အခုလို လုပ်ရတာလဲ အမေ”


“ဒါက မင်းအဖေထားခဲ့တဲ့ ဒီကမ္ပဏီကြီးကို မပျက်စီးစေချင်လို့....”


ဟန်စိုင်း သူ့အမေအပြောအား နားမလည်သော မျက်လုံးများနှင့် ကြောင်ကြည့်နေသည်။


“ဒီလို.... သူတို့သားအမိက သားကို အမိအရဖမ်းပြီး အမေတို့ပိုင်ဆိုင်သမျှကို လိုချင်နေကြတာ.... နောက်ပြီး နွားနို့ထဲ ဆေးခတ်လိုက်တာ ဘယ်သူလဲ သိလား”


“မသိဘူး”


“ဖူးပွင့်သဇင်”


“ဟင်....”


“ဒါတွေကြောင့်မို့ သူတို့အရှေ့မှာ အမေဟန်ဆောင်ပြောလိုက်ရတာ”


“အော်.... တော်ပါသေးတယ် သမီးက တစ်ကယ်ထင်နေတာ”


“အဟွန်း.... အခုတော့ ရှင်းသွားကြပြီမလား”


“ဟုတ်”


“ဒါဆို အမေသွားပြီ”


ဒေါ်နန်းခင်ခင် အခန်းထဲမှ တိတ်တစိတ်ထွက်ခွာ‌သွားတော့သည်။

ခခမှာလဲ အခုမှပင် အပူလုံးကြီးကျသွားတော့သည်။


တစ်ဖက်မှာတော့


“သမီး နေအုံး”


ဖူးပွင့် သူ့အခန်းထဲသို့ ဝင်သွားလိုက်ပြီး luggageအားယူလိုက်ပြီး ဗီရိုထဲမှ အဝတ်အစားများအား ထုတ်ကာ ထည့်လိုက်သည်။


“သမီးဘာလုပ်မလို့လဲ”


“ဒီကနေ ထွက်သွားမလို့”


“ဘာလို့လဲ သမီးဘဲ သားစိုင်းကို ရအောင်ယူမှာဆို”


“ဟုတ်တယ်.... ယူမှာ တစ်ကယ်လို့ အစိုင်းကို သမီးမရခဲ့ရင်တောင် ဟိုမိန်းမတော့ လုံးဝမရစေရဘူး”


“အဲ့တော့ ဘယ်လိုလုပ်မှာလဲ.... သမီးက ဒီတိုင်းအလျော့ပေးလိုက်တော့မှာလား” 


“ဟင့်အင်း.... ဒီကိစ္စကို တာဝန်ယူပေးနိုင်တာဆိုလို့ တစ်ယောက်ဘဲရှိတယ်”


“ဘယ်သူလဲ သမီး”


“ဒေါ်နန်းဝေဝေ”


10821✍︎

အချိန်ပေးပြီး စောင့်‌ဖတ်ပေးတဲ့ အတွက် ကျေးဇူးအများကြီး တင်ပါတယ်။♡︎♥︎

စိတ်ကူးရင် ဝတ္ထုမို့အမှားပါရင် ခွင့်လွှတ်ပါ။

ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏


rate now: