book

Index 16

Part 16

“အချစ်သည်ခလေးကြောင့်ဖြစ်သည်”



“ကလင် ကလင်.....”


“ဟယ်လို....”


“Bossလား”


“အင်း.... ဟုတ်တယ် ပြော ဘာကိစ္စလဲ”


“Boss ကမ္ပဏီမလာတာ တစ်ပတ်တောင်ရှိနေပြီနော်”


“အဲ့တော့”


“အဲ့တော့ ဒီနေ့တစ်ရက်လောက်လာခဲ့ပါအုံးလို့.... ဟိုဘက်ကမ္ပဏီနဲ့ meetingရှိတယ်”


“အင်း..... လာခဲ့မယ် ဒါဘဲမလား ငါဖုန်းချပြီ”


“ဟုတ်”


ဟန်စိုင်း ဖုန်းပြောပြီးသည်နှင့် မီးဖိုခန်းထဲသို့ တန်းဝင်လာခဲ့သည်။


“သမီး ကန်စွန်းရွက်က တင်ပြီးပြီလား”


“ဟုတ် တင်ပြီးပြီ ကြော်လိုက်ရုံဘဲ”


မီးဖိုခန်းထဲ ဝင်ဝင်ချင်း ကြားလိုက်ရတဲ့ အသံကြောင့် ဟန်စိုင်း ပြုံးသွားရသည်။

အနာဂတ်ချွေးမလေးနဲ့ ယောက္ခမနဲ့ ‌တည့်နေကြတာပေါ့ အဟွန်း.....။


“အမေ့ ဘာတွေချက်နေတာလဲ.....”


“ကန်စွန်းရွက်ကြော်နေတာ....”


“ဘာလို့ အမေကိုယ်တိုင်လုပ်နေရတာလဲ.... ဒေါ်မြိုင်ကော”


“ဒီနေ့ အမေကိုယ်တိုင်ဟင်းချက်ချင်လို့ ဒေါ်မြိုင်ကို အိမ်သန့်ရှင်းရေးဘဲ လုပ်ခိုင်းထားလိုက်တာ”


“အော်..... သားကော လုပ်ကူပေးရအုံးမလား”


“အမယ်လေး... မလိုပါဘူးကွယ် ဒီနေ့ ကမ္ပဏီသွားမှာမလား”


“ဟုတ်”


“သွားပြင်တော့ သွားသွား”


“ဟုတ်”


ဟန်စိုင်း မသွားချင် သွားချင်ဖြင့် အပေါ်သို့ တက်လာခဲ့လိုက်သည်။


“မွှေးနေတာဘဲ....”


ဖူးပွင့် အိမ်ပေါ်ထပ်မှ ဆင်းဆင်းချင်း မီးဖိုခန်းထဲမှ အနံ့လေးကြောင့် မီးဖိုခန်းဆီ ဝင်လာခဲ့လိုက်သည်။


‌“အော် ကြီးကြီးနန်း..... ကိုယ်တိုင်ဟင်းချက်နေတာလား”


“အင်း....”


“ဖူးပွင့် ဘာလုပ်ကူပေးရအုံးမလဲဟင်”


“ရပါပြီ.... သမီးခခကူလုပ်ပေးလို့ အားလုံးပြီးပြီ”


သမီးခခဆိုသည့်နာမ်စားကြောင့် ဖူးပွင့် မျက်မှောင်ကြီးကြုတ်သွားရသည်။

ဒါနဲ့ဘဲ ခြံထဲသို့ ထွက်လာခဲ့လိုက်တော့သည်။


ခြံထဲရောက်တော့ တစ်ဖက်ခြံမှ သီချင်းညည်းသံကို ကြားလိုက်ရသည်။


အရွယ်ကွာလွန်းတဲ့ မိန်းကလေးတစ်ယောက်ကို ချစ်မိတာ အပြစ်မရှိတာမို့ 

အချိန်အကြာကြီးစွဲလမ်းတဲ့ ကျွန်တော့ရင်ထဲ ဝင်ပြီးကြည့်ပါအုံး

 အရွယ်ငယ်သေးတဲ့ ကျွန်တော့ရဲ့ အသဲနှလုံးကို ဘာကြောင့် မထိတထိလာလုပ်

 မရဲ့အပြုံးကြောင့် ဟတ်ဘိတွေ ထိန်းချုပ်မရပါ အရမ်းသိသာဆုံး

Let's go ကျွန်တော် နေချင်ပါတယ် ဒီရင်ခွင်ထဲ ကလေးလေးတစ်ယောက်လို 

အပေါ်ယံ ဟန်ဆောင် အကြင်နာမပါတဲ့ အချစ်စစ်မို့ (အခြားမရှိဘူး)

ကျွန်တော့ရဲ့ အချစ်ကို ယုံကြည်စမ်းပါ မမရယ် 

ကျွန်တော့လောက် ချစ်တဲ့သူရှာကြည့် မရူးသွားမယ် ဟေး... အဲ့ဒါ မတ်မတ်

ချစ်စနိုးနဲ့ခေါ်မယ် မတ်မတ်

အရမ်းကို ချစ်ဖို့ ကောင်းတဲ့ မတ်မတ်

မအတွက် ကျွန်တော့ရဲ့ အချစ်တွေက လတ်ဆတ်

ချစ်စနိုးနဲ့ခေါ်မယ် မတ်မတ်.....


“ကျွတ်.... ဘာတွေ လာဆိုနေလဲ မသိဘူး”


“ဟေ့.... မတ်မတ်”


အုတ်တံတိုင်းလေးပေါ်မှ မေးလေးထောက်ကာ ခေါ်လာတဲ့ ဘုန်းသျှံ ဖူးပွင့် ဒေါသထွက်ကာ မျက်မှောင်ကြီးကြုတ်လျက်ဖြင့် လှည့်ကြည့်လာခဲ့သည်။


“အဟွန်း.... ကျွန်တော် သီချင်းဆိုတာကို ခိုးနားထောင်နေတယ်ပေါ့”


“ဘယ်သူကခိုးနားထောင်နေလို့လဲ....”


“မတ်မတ်လေ”


“ငါ့ကို အဲ့လိုလာမခေါ်နဲ့"


“မခေါ်ခိုင်းစေချင်ရင် နာမည်ပြောပြလေ”


“တောက်.... ဘယ်လိုဟာလဲ မသိဘူး”


ဖူးပွင့် ပြောရင်းဖြင့် ထိုနေရာလေးမှ ထွက်လာဖို့ ပြင်လိုက်သည်။


“မတ်မတ် ကျွန်တော့နာမည်က ထက်ဘုန်းသျှံနော်”


ဖူးပွင့် မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး အိမ်ထဲသို့ ပြန်ဝင်လာခဲ့လိုက်သည်။


“အဟွန်း.... အဲ့မျက်စောင်းလေးကိုဘဲ ကြွေနေပါတယ်ဆိုမှ သူက ခဏခဏ မျက်စောင်းဘဲ လာထိုးနေတယ်”


ဘုန်းသျှံ ဖူးပွင့် အိမ်ထဲဝင်သွားသည်အထိ လိုက်ကြည့်နေမိသည်။


“တောက်.... ဘယ်လိုကောင်လဲ မသိဘူး.... လူကို ဘယ်သူ့ခွင့်ပြုချက်နဲ့ ဘာနာမည်တွေ လာခေါ်နေလဲ မသိဘူး”


“ဘာဖြစ်လာတာလဲ သမီးရဲ့”


ပွစိပွစိပြောကာ အိမ်ထဲဝင်လာတဲ့ သမီးဖြစ်သူကြောင့် ဒေါ်သဇင်ဖြူ မနေနိုင်ကာ ထမေးလိုက်သည်။


“ဘာမှမဟုတ်ပါဘူး အမေ‌ရယ်..... ဟိုဘက်ခြံက ကလေးပါ”


“အဲ့ကလေးက ဘာဖြစ်တာလဲ”


“ဘာမှမဖြစ်ပါဘူး.... ဟို.... အမေ့”


“အင်း.... ပြောလေ သမီး”


“အစီအစဉ်ဘယ်လိုလဲ”


“အဆင်ပြေတယ် သမီး”


“အဟွန့်.....”

တွေ့ကြပြီပေါ့။


#####################


“ဒါဆို သားသွားပြီနော် အမေ.... အပြန်ကနောက်ကျလောက်တယ်”


“အေးပါ.... အလုပ်ပြီးမှ ဖြည်းဖြည်းပြန်လာ ကြားလား”


“ဟုတ်”


“ကိုယ်သွားပြီနော် အရှင်းလေး.... အိမ်မှာ ကောင်းကောင်းနေခဲ့”


ခခ ဟန်စိုင်းအား မျက်မှောင်ကြီးကြုတ်လျက်ဖြင့် ကြည့်လိုက်သည်။


“အဟွန်း.... ဒီအကြည့်လေးကိုဘဲ ကြွေပြီး ချစ်နေတာ”


“ဦးဟန်”


ကြီးနန်း ရှိနေတာကိုမှ အခုလိုပြောလာတာကြောင့် ခခ သတိပေးအသံဖြင့် ဦးဟန်အား အော်လိုက်သည်။


“မကြားသလိုဘဲ နေလိုက်ပါ့မယ်”


ကြီးနန်း ပြောပြီးသည်နှင့် အိမ်ထဲသို့ ပြန်ဝင်သွားလိုက်သည်။


“ဦးဟန်.... နောက်ဆို စကားပြော ဆင်ခြင်ပါ”


“ဘာလို့လဲ”


လက်လေးနောက်ပစ်ကာ ပြုံးပြုံးလေးနှင့် ပြောလာတဲ့ ဦးဟန်က စိတ်ရှိလက်ရှိ ရိုက်ပစ်ချင်စရာ ကောင်းလှသည်။


“ကြီးနန်း ရှိနေတာကို မမြင်ဘူးလား”


“ဘာမှမဖြစ်ပါဘူး.... ကိုယ် အရှင်းလေးကို ချစ်နေမှန်း အမေသိပြီးသားဘဲဟာ”


ဒီအကြောင်းကတော့ ခခကိုယ်တိုင် ကြီးနန်းအား မနက်ဈေးသွားတုန်းက ပြောပြထားသဖြင့် အံဩစရာတော့ မရှိပေ။


“သိပြီးရင်လဲလေ.... နောက်ဆို ကြီးနန်းအရှေ့မှာ အဲ့လိုတွေ မပြောပါနဲ့”


“ဟုတ်ကဲ့ပါဗျာ.... နောက်ဆို နှစ်ယောက်တည်းရှိတဲ့ချိန်မှ အဝပြောတော့မယ် ဟုတ်ပြီလား”


“ဟာ.... ပြောလေကဲလေပါလား စိုင်း ဦး ဟန်”


နာမည်အား တစ်လုံးချင်းစီ ခေါ်ကာ ပြောလိုက်သဖြင့် ဟန်စိုင်း သဘောမကျကာ မျက်မှောင်ကြီးကြုတ်သွားရသည်။


“အရှင်းလေးကွာ.... ကိုယ့်ကို ဘယ်လိုတွေခေါ်နေတာလဲ”


“လူလို ခေါ်နေတာလေ”


“တော်ပြီကွာ အရှင်းလေးနဲ့က စကားပြောမကောင်းဘူး..... မပြောတော့ဘူ”


မျက်နှာလေးညိုးကာ ကားပေါ်တက်သွားတဲ့ ဟန်စိုင်းကြောင့် ခခ ဘာလုပ်ရမှန်းမသိ ဖြစ်သွားတော့သည်။


“ဟာ.... စိတ်စိုးသွားတာလား”

“ဦးဟန် ခဏ ခဏ ခဏ”


ကားတံခါးလေးအား မပိတ်မှီ ခခ ဟန်စိုင်းအား အမြန်တားလိုက်သည်။


“ဘာလဲ...”


“ဟို.... ညနေ စောစောပြန်လာနော်.... ဦးဟန် ကြိုက်တဲ့ ဟင်းတွေ ခခ ချက်ထားမယ်.... နော် စောစောပြန်ခဲ့နော်”


အချိုသာဆုံးအသံနှင့် အလှဆုံးပြုံးပြကာ ပြောလာတဲ့ သူမလေးကြောင့် ဟန်စိုင်းရဲ့ ကောကါ်နေတဲ့ စိတ်တွေမှာ ချက်ချင်းပြန်ဖြောင့်သွားတော့သည်။


“အဟွန်း..... ဟုတ်..... ဒါဆို ကိုယ်သွားပြီ”


သူမလေး ခေါင်းအား ဖွဖွလေးပွတ်ပေးလိုက်ပြီး ထွက်လာခဲ့လိုက်တော့သည်။


ခခ ဟန်စိုင်းကားလေး ခြံအပြင်ဘက် ထွက်သွားသည်အထိ လိုက်ကြည့်နေမိသည်။


ဟူးးးး ညနေထိ ခင်ဗျားကြီး ပြန်လာတာကို မျှော်နေရတော့မယ်။


ခခ သက်ပြင်းရှည် တစ်ချက်သာ ချလိုက်ပြီး အိမ်ထဲသို့ ပြန်ဝင်သွားလိုက်တော့သည်။


ခြံထဲသန့်ရှင်းရေးလုပ် အိမ်ထဲသန့်ရှင်းရေးလုပ်နှင့် အချိန်တွေကုန်သွားတာ ညနေ ၃နာရီသို့ ရောက်လာခဲ့သည်။


ဦးဟန်က ဘယ်ချိန်မှ ပြန်လာမှာပါလိမ့်။

ဟန်စိုင်းကို မျှော်ရလွန်းလို့ ပင်ပန်းတာက တစ်ကြောင်း အိမ်အလုပ်တွေ လုပ်ထားလို့ ပင်ပန်းတာက တစ်ကြောင်းနှင့် သူမ အခန်းထဲဝင်ကာ တစ်ရေးအိပ်လိုက်သည်။


##################


“မင်းသန့် အလုပ်တွေက မပြီးသေးဘူးလား”


မနက်ကတည်းက လက်မှတ်ထိုးနေရတဲ့ ဖိုင်တွေ အခုနေ့လယ် ၃နာရီရှိနေပြီ။ ဒါတောင် မပြီးသေးသဖြင့် ဟန်စိုင်း ဒေါသထွက်လာတော့သည်။


“ဘယ်ပြီးမလဲ bossရဲ့ bossကမ္ပဏီမလာတာ တစ်ပတ်တောင်ရှိနေပြီလေ.... အဲ့တော့ အလုပ်တွေက များမှာပေါ့”


“ကျွတ်...."


ဟန်စိုင်း ကျွတ်တစ်ချက်သာ သပ်လိုက်ပြီး အလုပ်တွေအား ဆက်လုပ်နေလိုက်သည်။


############


“ဦးဟန် ဘာလုပ်တာလဲ ခခကိုလွှတ်”


“ကိုယ်အရှင်းလေးကို အရမ်းတွေချစ်ချင်နေပြီ”


ပြောရင်းဖြင့် ကုတင်‌ပေါ်သို့ ခခကိုယ်လေးအား ပစ်တင်လိုက်သည်။

ထို့နောက် ဦးဟန် သူ့ရှပ်အင်္ကျီလေးအား ချွတ်ပစ်လိုက်ပြီး ခခကိုယ်ပေါ်သို့ အုပ်မိုးလာခဲ့သည်။


“ဦးဟန်..... ဖယ်ပါ"


လက်သေးသေးနှင့် တွန်းဖယ်လာသည့် သူမအား ဟန်စိုင်း သူမလက်‌နှစ်ဖက်ကို သူ့လက်တစ်ဖက်တည်းနှင့် စုကိုင်လိုက်ပြီး အပေါ်သို့ မြှောက်လိုက်သည်။

ဟန်စိုင်း တဖြည်းဖြည်းနှင့် သူမမျက်နှာလေးဆီ ငုံ့လာခဲ့သည်။ ထို့နောက် ဟန်စိုင်း ခခအား နမ်းဖို့ပြင်လိုက်စဉ်


“အား.... ဖယ်ပေး.... ဟင်....”


စုံလိုက်မှိတ်ထားတဲ့ မျက်လုံးတွေအား ဖွင့်ကြည့်လိုက်တော့ 


“နေ့ခင်းကြောင်တောင်ကြီး ငါအိပ်မက် မက်နေတာဘဲ..... ဟူး..... တော်ပါသေးတယ် အိပ်မက်ဖြစ်နေလို့ မဟုတ်လို့ကတော့.....”


အိပ်မက်အကြောင်း ပြန်တွေးရင်း သူမကိုယ်လေးပင် ကြက်သီး‌ေမွှးပင်ထလာရသည်။


“ဘယ်နှစ်နာရီရှိပြီလဲ”


ခခ အိပ်ရာဘေးနားမှ နာရီလေးအား ကြည့်လိုက်သည်။


“ညနေ၆နာရီ....ငါ ၃နာရီတောင် အိပ်လိုက်တာဘဲ.... ဒါနဲ့ ဦးဟန်က မလာသေးတာလား”


ခခ အခန်းအပြင်ထွက်ပြီး လိုက်ရှာလိုက်သည်။


“သမီးခခ ဘာတွေလိုက်ရှာနေတာလဲ”


“ဟင်....”


သူခိုး လူမိသလို ခခ ခန္ဓာကိုယ်လေးမှာ တုန်သွားရသည်။


“ခြံရှေ့ကြီးမှာ ဘာထွက်လုပ်နေတာလဲ”


“ရှန်.... ဟို.... ဟိုလေ”


“ကဲပါ.... သားခဏက ဖုန်းဆက်တယ်”


“ဟင်.... ဘာတဲ့လဲဟင် ကြီးနန်း”


မျက်လုံးလေးပြူးကာ သိချင်စောနှင့် ပြောလာတဲ့ ခခရဲ့ အမူအရာလေးကြောင့် ကြီးနန်းပြုံးလိုက်သည်။ထိုအချိန်မှ ခခ မျက်လုံးလေးကလဲကလဲဖြင့်


“ဟို.... သမီးက ဒီတိုင်းမေးကြည့်ရုံပါ”


“အဟွန်း.... ဟုတ်ပါပြီ.... သားက ည၇ခွဲ ၈နာရီလောက်မှ ပြန်ရောက်မယ်တဲ့”


“အော်.... အွန်းပါ”


“သားက သမီးကို ညနေစာစားဖို့ ‌မှာလိုက်တယ်.... နောက်ပြီး သူ့ကိုစောင့်မနေနဲ့တဲ့ သူကနောက်ကျအုံးမှာတဲ့”


“လူကိုများ စောင့်မနေနဲ့လေး ဘာလေးနဲ့.... သူ့ကိုလဲ ဘယ်သူကစောင့်နေတာကြလို့....”


“အဟွန်း.... ကဲပါ အိမ်ရောက်မှ သားကို သေချာဆူတော့ အခုတော့ ကြီးနန်းတို့ ညနေစာသွားစားစို့”


“ဟုတ်"


ဒီလိုနဲ့ သဇင်ဖြူတို့ သားအမိနှင့် ကြီးနန်းတို့ ညနေစာကိုစားလိုက်ကြသည်။


“သမီး ပန်းကန်တွေကို ဒေါ်မြိုင်‌ဆေးလိမ့်မယ် သမီးက သားပြန်လာရင် သောက်ဖို့ နွားနို့ကျိုလိုက်တော့”


“ဟုတ်"


ခခ နွားနို့ကျိုနေသည်ကို ဖူးပွင့်တစ်ယောက် ချောင်းကြည့်နေသည်။


သူ့စီစဉ်ထားသည်က ခဏနေ ဟန်စိုင်းပြန်လာရင် သူကိုယ်တိုင် နွားနို့သွားပို့ပြီး နွားနို့ထဲကို ဟန်စိုင်းစိတ်တွေ မူမမှန်ဖြစ်သွားအောင် ဆေးထည့်လိုက်မည်ပေါ့။ ဒါဆို သူလဲနွားနို့သောက်ပြီးတာနဲ့ သူ့စိတ်တွေကြွလာပြီး ဖူးပွင့်နဲ့ အမှားလုပ်မိသွားမည်ဟု သူမတွေးနေမိသည်။ ဒါဆို တစ်ခါတည်းနဲ့ အရာအားလုံးက ပြီးဆုံးသွားမည်။ သို့ပေမယ့် အစီအစဉ်က သူတွေးထားသလို ဖြစ်မလာပေ။


“တီတီ....”


ကားဟွန်းတီးသံကြောင့် ခခ ဖန်ခွက်ထဲသို့ နွားနို့တွေ ထည့်နေရာမှ အိမ်ရှေ့သို့ အပြေးလေးထွက်လာခဲ့သည်။


ဟန်စိုင်း စူပုပ်နေတဲ့ သူမလေးကိုလဲ မြင်ရော ပင်ပန်းမျှ အဂာအားလုံးကို လေ‌ထဲလွှင့်သွားသလို ပျောက်သွားတော့သည်။


“အရှင်းလေး”


“ဘာလဲ”


“ဘာလို့ နှုတ်ခမ်းကြီးက စူပုပ်နေရတာလဲ.... ပြုံးပါအုံး”


“မပြုံးဘူး.... ဘာလို့ နောက်ကျမှ ပြန်လာရတာလဲ.... ကြီးနန်းတောင် ဘုရားရှိုခိုးနေပြီ”


“ကိုယ်လဲ နောက်ကျမှ မပြန်ချင်ပါဘူး.... ဒါပေမယ့် လက်မှတ်ထိုးစရာ ဖိုင်တွေက များနေလို့”


“ခခက တစ်ခြားကြောင့် ပြောတာမဟုတ်ပါဘူး.... ညကြီးမိုးချုပ်ဆိုတော့ တစ်ခုခုဖြစ်မှာစိုးလို့”


“စိတ်ပူတယ်ပေါ့”


“မပူပါဘူး.... ကြီးနန်းအစား ပြောပေးတာ”


“ပူတယ်ဆိုပူတယ်ပေါ့.... ဘာကိုဟန်ဆောင်နေတာလဲ....”


“ဟာ....”


“မဟာပါနဲ့.... ခဏကဆို ကားဟွန်းတီးသံကြားတာနဲ့ ပြေးထွက်လာတာမြန်း.... အနောက်ကနေ ကျားလိုက်လို့ ပြေးနေတာ ကြနေတာဘဲ ”


“ဟာ.... တော်ပြီကွာ မပြောတော့ဘူ.... ဘာစားပြီးပြီလဲ”


“ဘာမှမစားရသေးဘူး.... အရှင်းလေးဘဲ ညနေကြရင် ဦးဟန်ကြိုက်တဲ့ဟင်းတွေ ချက်ပေးထားမယ်ဆို”


“အွန်းပေါ့.... ချက်ထားရတာပေါ့.... ဒါဆို အခုစားတော့မှာလား”


“ဟုတ်.... စားတော့ပါမယ်”


ခခကဘဲ အရှေ့ကနေ ဦးဆောင်ကာ ထွက်လာခဲ့လိုက်သည်။

ထို့နောက် မီးဖိုခန်းထဲ ဝင်လိုက်ရော ခဏက တစ်ဝက်လောက်ဘဲ ထည့်ထားတဲ့ နွားနို့က အပြည့်ဖြစ်နေသည်။ 


ဘယ်သူထည့်သွားတာပါလိမ့်။


သူမ ကြီးနန်းထည့်သွားသည်ဟုဘဲ စိတ်ထဲထင်ကာ ဟန်စိုင်းစားဖို့ ထမင်းပြင်ပေးလိုက်သည်။


“ရော့.... အခုတော့ ညစာစားလိုက်အုံး ခဏနေမှ ခခ နွားနို့လာပို့ပေးမယ်”


“ဟုတ်ပါပြီ”


ဟန်စိုင်း ညစာကို အားရပါးရစားနေပုံအား ခခ ပြုံးလျက်သားနှင့် ထိုင်ကြည့်နေမိသည်။


“ကောင်းလား”


“ကောင်းတာပေါ့.... ကလေးမလေးက ဒါတွေလဲ ချက်တက်တာဘဲလား”


“ဘာလို့ မချက်တက်ရမှာလဲ.... ငယ်ငယ်ကတည်းက ဟိုနကပ်နေ ဒီနားကပ်နေနဲ့ နေခဲ့ရတာ.... သူများဟင်းချက်ပေး ချက်ပေးခဲ့ရတာ.... ဒီလောက်ဟင်းလေးလောက်ကတော့ ခခအတွက် ပါးပါး‌ေလးဘဲ”


“အဟား.... ဟုတ်ပါပြီ‌ဗျာ”


ခဏကြာတော့ ဟန်စိုင်းလဲ ညစာစားပြီးပြီမို့ ခခ ပန်းကန်လေးတွေအား သိမ်းလိုက်သည်။

ဟန်စိုင်းကတော့ ညစာစပြီးသည်နှင့် အပေါ်ထပ်သို့ တက်သွားတော့သည်။

ဟန်စိုင်း ညစာစားနေသည်ကို ချောင်းကြည့်နေတဲ့ ဖူးပွင့်ကတော့ ဟန်စိုင်း ညစာစားပြီးသည်နှင့် မီးဖိုခန်းဆီ ဝင်လာခဲ့လိုက်သည်။


“ဟို.... မင်းအဲ့ပန်းကန်တွေ ဆေးနေတာဆိုတော့ ငါ အစိုင်းကို နွားနို့သွားပို့ပေးလိုက်မယ်”


“အွန်း.....”


ဖူးပွင့်နွားနို့သွားပို့ဖို့ ပြင်လိုက်စဉ် တိုက်တိာက်ဆိုင်ဆိုင် ကြီးနန်းရောက်လာခဲ့သည်။


“ဟင်..... ကြီးနန်း”


“သမီးခခ ပန်းကန်တွေ ဆေးပြီးပြီလား”


“ဟုတ်.... ဆေးပြီးပါပြီ ကြီးနန်း ဘာခိုင်းမလို့လဲဟင်”


“ဘာမှတော့ မဟုတ်ပါဘူး.....ဖူးပွင့်”


“ဟုတ် ကြီးကြီးနန်း”


“သမီးက လက်ဝတ်ရတနာတွေ စုရတာ ဝါသနာပါတယ်မလား.....”


“ဟုတ်... ပါတာပေါ့ ကြီးကြီးနန်းရဲ့”


“ဒါဆို ကြီးနန်းကိုလေ လည်ဆွဲလှလှလေးတစ်ခုလောက် ရှာပေးပါလား”


“ရတာပေါ့ ကြီးကြီးနန်းရဲ့..... နောက်နေ့ကြတော့ ရှာပေးမယ်နော်”


“မရဘူးသမီးရဲ့... အခုရှာပေးမှရမှာ"


“ဟို... အခုက”


“အခုက ဘာဖြစ်လို့လဲ သားကို နွားနို့သွားပို့မလို့လား..... ”


“ဟုတ်”


“သမီးခခကို သွားပို့ခိုင်းလို့ရတာဘဲ....”


ကြီးနန်းစကားကြောင့် ဖူးပွင့် ပြာပြာသလဲ ဖြစ်သွားရသည်။


“ဟို... မဖြစ်ဘူး”


“ဘာကိုမဖြစ်ရမှာလဲ.... ကဲပါ လာသွားရအောင်”


ကြီးနန်းပြောရင်းဖြင့် ဖူးပွင့်လက်ထဲမှ နွားနို့ခွက်လေးအား ခခလက်ထဲသို့ ထည့်ပေးလိုက်ပြီး သူမလက်ကို အတင်းဆွဲကာ ခေါ်သွားတော့သည်။


“ကျွတ်.... အဲ့လူကြီးအခန်းထဲ မသွားချင်ပါဘူး ဆိုနေမှ ကြီးနန်းကတော့လေ”


သူမမသွားချင်လဲ သွားရတော့မည်ဖြစ်တာကြောင့် လေပူတစ်ချက်မှုတ်ထုပ်ကာ အပေါ်သို့ တက်လာခဲ့လိုက်တော့သည်။

အောက်ထပ်မှာတော့ စိုးရိမ်စိတ်တွေနှင့် ကျန်ရစ်ခဲ့သည့် သားအမိ။


“ဒေါက် ဒေါက်....”


ဟန်စိုင်း တံခါးခေါက်သံကြောင့် အိပ်ရာပေါ်လဲနေရာမှ ထလာခဲ့လိုက်သည်။

တံခါးဖွင့်ပေးလိုက်တော့ ကုပ်ကုပ်လေးနှင့် ရပ်နေတဲ့သူမ။


“အဟွန်း....”


ခဏက မောမောနှင့် အိမ်ပြန်လာတာမို့ သူမပုံစံလေးအား သေချာမကြည့်မိပေ။

အမေ့လုံချည်လေးအား ဝတ်ကာ အပေါ်ဖုံးလက်ရှည် ဖလန်ကွက်လေးကို တွဲဝတ်ထားတဲ့သူမက ပုံတုန်းတုန်းကြီးဖြစ်နေပေမယ့် တစ်မျိုးလေးကြည့်လို့ကောင်းနေသည်။


“ဘာကြည့်နေတာလဲ.... ရော့ နွားနို့လာပို့တာ”


“အိပ်ရာဘေးမှာ ချပေး”


“ဘာလို့လဲ.... ကိုယ့်ဟာကို ယူသွားလိုက်တော့လေ”


“မရဘူး.... အရှင်းလေး အထဲထိလာမပို့ရင် ကိုယ်မသောက်ဘူး”


စိုင်းဦးဟန်ဆိုသည်မှာ လူကိုတစ်မျိုးမဟုတ် တစ်မျိုး လူကို စကားနှင့်လိုက်လိုက်ချုပ်သည်။


“ကျွတ်....”


ခခ မပို့ရင်လဲ မဖြစ်တော့တာကြောင့် အထဲထိပို့ပေးလိုက်သည်။


########


“ခဏနော်.... သမီးဖူးပွင့်....”


“ဟုတ်”


ကြီးနန်း အကြောင်းတစ်ခုခုကြောင့် အပေါ်ထပ်သို့ အလျင်အမြန်တက်လာခဲ့လိုက်သည်။


သဇင်ဖြူတို့သားအမိမှာတော့ စိုးရိမ်လွန်ကာ ဇောချွေးများပင် ထွက်နေလေသည်။


“ဦးဟန်..... ထားပြီးပြီဆိုတော့ ခခ သွားပြီ”


“ဟုတ်ပါပြီဗျ”


ခခ အခန်းတံခါးပေါက်အား ဖွင့်လိုက်ပေမယ့် တံခမှာ ပွင့်မသွားခဲ့ပေ။


“ဟင်.... တံခါးက ဘာဖြစ်တာလဲ”


နောက်တစ်ခါပြန်ဖွင့်ပေမယ့်လဲ ထိုတံခါးကတော့ မပွင့်ပေ။


“အရှင်းလေး ဒီနွားနို့ တော်တော်သောက်ကောင်းတယ်သိလား”


ဟန်စိုင်း နွားနို့သောက်နေရင်းဖြင့် သူမလေးအား ကြည့်ကာ ပြောလိုက်သည်။


“အွန်း.... ဦးဟန်”


“အွန်း.... ပြောလေ”


“တံခါးက ဘာဖြစ်တာလဲ မသိဘူး...”


“ဘာလို့လဲ”


“ဖွင့်လို့မရတော့ဘူ”


“ဟမ်.... တံခါးက ဖွင့်လို့မရဘူး”


ဟန်စိုင်း ခခနားအားသွားကာ တံခါးအား ဖွင့်ကြည့်လိုက်သည်။


“ဘာဖြစ်သွားတာပါလိမ့်..... မဟုတ်သေးဘူး ဒါအပြင်က တစ်ယောက်ယောက် ပိတ်သွားတာဘဲ နေမှာ”


“မဖြစ်နိုင်တာ ဘယ်သူကပိတ်မှာလဲ”


ခခ ပြောရင်းဖြင့် ဟန်စိုင်းဘက်သို့ လှည့်လိုက်တော့ သူမမြင်လိုက်ရတာက ဟန်စိုင်း လဲကျသွားသည်ကိုပေ။


“ဦးဟန် ဘာဖြစ်တာလဲ.... ဦးဟန်”


“ခေါင်းမူးတယ်”


“ဟင်.... ခဏလေး ခဏလေး ခခ ရေယူပေးမယ်”


ခခ အိပ်ရာဘေးနားမှ နွားနို့ခွက်လေးနှင့် အတူတင်ထားတဲ့ ရေဘူးလေးအား ယူဖို့ ထလိုက်စဉ် အောက်မှ ဟန်စိုင်းသူမလက်ကို ဆွဲလိုက်သည်။


“ဦးဟန်....”


ဟန်စိုင်း ထိုင်နေရာမှ ထလာလိုက်ပြီး သူမကိုယ်လေးကို ပွေ့ကာ မွေ့ယာပေါ်သို့ ပစ်တင်လိုက်သည်။


“ဟင်..... ဒါ ဒါ အိပ်မက်မက်နေတာလား”


ခခ သူ့ပါးနှစ်ဖက်ကို ရိုက်ကြည့်လိုက်သည်။


“အား..... နာတယ်ဟ အိပ်မက်မဟုတ်ဘူး.... ငါဘာလုပ်ရမလဲ”


သူမစဉ်းစားနေတုန်း ဟန်စိုင်း သူ့shirtအင်္ကျီကို ချွတ်ကာ သူမအပေါ်သို့ အုပ်မိုးလိုက်သည်။


“ဦးဟန် စိတ်ထိန်းပါအုံး.... မဖြစ်ဘူး”


ဟန်စိုင်း ဆေးအရှိန်ကြောင့် အသိစိတ်တွေလွတ်ကာ သူမနှုတ်ခမ်းလေးဆီသို့ စတင်နမ်းရှိုင်လိုက်တော့သည်။


“အွန့်.... ”


ခခ ဟန်စိုင်း ကိုယ်လေးအား သူ့လက်တွေနှင့် မရမက ဖယ်နေသည်။

ဟန်စိုင်းကတော့ သူမနှုတ်ခမ်းတွေဆီ အဝနမ်းပြီးတော့ သူမလည်တိုင်တွေဆီသို့ ဦးတည်လာခဲ့သည်။


“မရဘူး.... အဲ့လိုအဖြစ်မခံနိုင်ဘူး”


ခခ အိပ်ရာဘေးနားမှ ရေဘူးလေးအား ယူကာ ဟန်စိုင်း ခေါင်းပေါ်သို့ လောင်းချလိုက်သည်။

ရေမွန်သွားသည်ထင်ပါရဲ့။

ဟန်စိုင်း ဆက်မနမ်းတော့ဘဲ သူ့မျက်နှာပေါ်သို့ ကျလာတဲ့ ရေတွေအား သုတ်လိုက်သည်။

ထိုအချိန် အမိအရ ခခ အိပ်ရာပေါ်မှ အမြန်ထလိုက်ပြီး ဟန်စိုင်း shirtအင်္ကျီလေးအား ကောက်ယူလိုက်ကာ သူ့ခန္ဓာကိုယ်နှင့် လက်နှစ်ဖက်ကို အမြန်ချည်ပစ်လိုက်သည်။


“အဟား..... ငါ့ကိုများ ဘာထင်နေလဲ”


ဟန်စိုင်းစိတ်တွေမှာ မူမမှန်သေးသဖြင့် စိတ်တွေမှာ ကြွနေသေးသည်။

ဒါကြောင့် သူ့ခန္ဓာကိုယ်ကို ချည်ထားတဲ့ အင်္ကျီလေးအား မရမက ဆွဲဖြဲပစ်လိုက်သည်။


“ဟင်.... ”


ခခ ဟန်စိုင်းလုပ်ရပ်အား လန့်သွားကာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်သွားတော့သည်။

နောက်ဆုံး သူမတွေးမိလိုက်တာက။


“ရေချိုးခန်း ဟုတ်တယ် ရေချိုးခန်းထဲ ပြေးဝင်ရမယ်”


သူမ ရေချိုးခန်းထဲသို့ အလျင်အမြန်ပြေးဝင်သွားလိုက်သည်။

သို့ပေမယ့် သူမဟန်စိုင်း လက်ထဲမှ မလွှတ်ပါ။

ရေချိုးခန်းက တွန်းတံခါးမို့ လော့ချလို့မရပေ။


“ဘယ်လိုလုပ်ရမလဲ.... အသိစိတ်ပြန်ဝင်အောင် ဘယ်လိုလုပ်ရမလဲ”


ခခ ကြံမရသည့်အဆုံး ရေချိုးခန်းရှေ့ရောက်နေပြီ ဖြစ်တဲ့ ဟန်စိုင်းအား ရေဗန်းဖြင့် ပတ်ပစ်လိုက်တော့သည်။


ထိုအချိန်မှ ဟန်စိုင်း မျက်လုံးထဲသို့ ရေတွေ ဝင်သွားသဖြင့် အသိစိတ်အနည်းငယ် ပြန်ရလာခဲ့သည်။


“ဦးဟန်.... ခခလေ သေချာကြည့်ပါအုံး”


“ဟမ်.... ကျွတ်.... ခေါင်းအရမ်းမူးတယ်”


“ဒုက္ခဘဲ ဘယ်လိုလုပ်ရမှာလဲ.... တံခါးကဖွင့်လိုမရပါဘူးဆိုနေမှ ကျားစိတ်ပေါက်နေတဲ့သူနဲ့က တွေ့နေရနဲ့”


ခခ ဟန်စိုင်းအား ဒီတိုင်းသာ ရပ်ကြည့်နေမိသည်။

ခဏကြာတော့ ဟန်စိုင်း ရေချိုးခန်းအရှေ့၌ပင် လဲကျသွားတော့သည်။


13648✍︎

အချိန်ပေးပြီး စောင့်‌ဖတ်ပေးတဲ့ အတွက် ကျေးဇူးအများကြီး တင်ပါတယ်။♡︎♥︎

စိတ်ကူးရင် ဝတ္ထုမို့အမှားပါရင် ခွင့်လွှတ်ပါ။

ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏


rate now: