“အချစ်သည်ခလေးကြောင့်ဖြစ်သည်”
“ဆေးလဲလိမ်းပြီးပြီဆိုတော့ ခခကို ခွင့်ပြုပါအုံး”
“ကောင်းပါပြီ”
ခခ ထိုနေရာလေးမှ ထွက်လာစဉ် ဟန်စိုင်းနှင့် တွေ့လိုက်ရပြန်သည်။
မတွေ့ချင်မှ ပိုတွေ့နေရတယ်လို့။
ဟန်စိုင်း သူ့ဘေးနား၌ မသိသလိုနှင့် ဖြတ်သွားသည့်ခခအား သူမလက်ကလေးကို လှမ်းဆွဲလိုက်သည်။
“နေအုံး”
“ဘာကိစ္စရှိလို့လဲ”
“ပြောစရာရှိတယ် ခြံအနောက်မှာ စကားအေးအေးဆေးဆေးသွားပြောရအောင်”
“မပြောဘူး.....”
“ဟာ..... ဘာလို့လဲ အရှင်းလေးရဲ့”
“ဘာလို့မှ မဟုတ်ဘူး.... ခခမှာ ဦးဟန်နဲ့ စကားပြောဖို့ အချိန်မရှိဘူး”
ခခ ပြတ်ပြတ်သားသားသာ ပြောပြီး ထိုနေရာလေးမှ ထွင်လာဖို့ အပြင် ကြီးနန်းမှ လှမ်းခေါ်လိုက်သည်။
“သမီးခခ”
ဟူးးး ဦးဟန် ဦးဟန် လူကို တော်တော်နှောင့်ယှက်တယ်။
ခခ ကြီးနန်းရဲ့ အပြောကို ခံရတော့မည် အထင်နှင့် သက်ပြင်းတစ်ချက်ချကာ ပြန်လှည့်လာလိုက်သည်။
“ဟုတ်....”
“သားက ပြောစရာရှိတယ်လို့ ခေါ်နေတာကို ဘာလို့ မလိုက်ချင်ရတာတုန်း သမီးရဲ့”
“ဟမ်.... ဟို”
“မဟိုနေနဲ့ လိုက်သွားလိုက်ပါ”
ခခ ကြီးနန်းအား နားမလည်သော မျက်လုံးတို့နှင့် ကြည့်နေလေသည်။
“ဒါပေမယ့်....”
“ကြီးနန်း ခွင့်ပြုတယ်”
“ဟုတ်"
ခခ ကြီးနန်းရဲ့ ခွင့်ပြုချက်ရမှသာ ဟန်စိုင်းနောက် လိုက်သွားရဲတော့သည်။
ဟန်စိုင်း သူမလက်လေးအား ကိုင်ကာ နှင်းဆီပန်းခင်းတွေကြား ခေါ်သွားလိုက်ပြီး သရက်ပင်လအောင် ထိုင်ခုံ၌ နှစ်ယောက်သား အတူထိုင်လိုက်ကြသည်။
“ပြော..... ဘာပြောမလို့လဲ”
“ဘာလို့ မျက်နှာကြီးကို စူပုတ်နေရတာလဲ..... ပြုံးပြုံးလေးနေပါ”
“ဟီး.... ဟုတ်ပြီလား”
ခခ မျက်လုံးလေးပြူးကာ ရီပြလိုက်သည်။
“အဟွန်း..... ဒီကလေးမလေးကတော့လေ”
“ဘယ်က ကလေးမလဲ နာမည်ရှိတယ်”
“ဟုတ်သားဘဲ..... မိုးမခရှင်း.... အဖျားစွတ်ပြီးခေါ်ရင် သိပ်လှတဲ့နာမည်လေး..... ဥပမာ ခလေး”
“ဟင်....”
ခခ ဟန်စိုင်းရဲ့အပြောကြောင့် ကြောင်လဲကြောင်သွားသလို ရင်လဲအနည်းငယ် ခုန်မိသည်။
နောက်တစ်ခါလောက် ပြန်ခေါ်ခိုင်းစေချင်ပေမယ့် မဖြစ်နိုင်ပါ။
“ကြိုက်လား.... အဲ့နာမည် ခေါ်လို့ကောင်းတယ်နော် ခလေး”
ခခ မျက်နှာလေးတွေ ပူထူလာကာ နာလေးတွေမှာလဲ နီမြန်းလာသည်။
“မကြိုက်ဘူးလား....”
“မကြိုက်ဘူး.... မခေါ်နဲ့”
“မကြိုက်ရင် ပိုခေါ်မှာ ခလေး ခလေးရေ”
“ဦးဟန် မခေါ်နဲ့လို့.... မကြိုက်ပါဘူးဆို”
“ဘာလို့ မကြိုက်တာလဲ.... ဒီလောက်လှတဲ့ နာမည်ကို”
“အရင်တိုင်းဘဲ ပြန်ခေါ်”
“မခေါ်ချင်ပါဘူး.... အရှင်းလေးဆိုတာကြီးက ခေါ်ရတာ ရိုးနေပြီ.... အခု ခလေးလို့ ခေါ်မယ်”
“ခေါ်ရဲခေါ်ကြည့်လေ....”
“ဘာလုပ်မှာလဲ”
“ထွက်သွားမှာ”
ခခရဲ့ စကားကြောင့် ဟန်စိုင်း မျက်နှာလေးမှာ ညိုးသွားတော့သည်။
ငါပြောတာ မှားသွားပြီလား။
“ဦးဟန်.... ဟို.... ခခ တောင်းပန်ပါတယ် ခခကလေ ဒီတိုင်း နောက်လိုက်တာပါနော်.... တစ်ကယ်မထင်ပါနဲ့ ခခ တောင်းပန်ပါတယ်.....”
တောင်းပန်တာတောင် မျက်နှာကြီးမှာ။ညိုးနေသေးသဖြင့် ခခ ဘာလုပ်လို့ လာပ်ရမှန်းမသိတော့ပေ။
“ဦးဟန်လို့.... ခခ တောင်းပန်ပြီးပြီလေ ခခ မထွက်သွားပါဘူးဆို ခခ ခဏက နောက်လိုက်တာလို့”
“သိတယ်”
“ဟမ်.... သိတာကို ဘာလိူ့ အဲ့လိုမျိုးကြီး နေနေရတာလဲ”
“တမင်ချော့တာ ခံချင်လို့”
“ဟွန့်.... ဒီကတော့ တစ်ကယ် စိတ်ဆိုးသွားပြီ ထင်နေတာ.... သူကတော့ နောက်ကောင်းတုန်း”
နှုတ်ခမ်းလေးဆူကာ တစ်ဖက်သို့ လှည့်သွားတဲ့ သူမလေးက အလွန်ချစ်ဖို့ကောင်းသည်။
အသဲယားလွန်းလို့ တင်းနေအောင်ဖက်ထားပစ်လိုက်ချင်သည်။
“ဒီဘက်လှည့်ပါအုံး.....”
“သွားပါ.... အခုမှ လာခေါ်မနေနဲ့.... ပြောစရာရှိသေးလား မရှိတော့ရင် သွားတော့မယ်”
ပြောရင်းဖြင့် ထကာ ထွက်သွားတော့မည့် သူမအား ဟန်စိုင်း တားလိုက်သည်။
“နေပါအုံး ကိုယ်ပြောစရာရှိသေးတယ်”
“ရှိသေးရင်လဲ အမြန်ပြောလေ”
“အွန်း.....”
ဟန်စိုင်း ခခလက်လေးတွေအား ဆုပ်ကိုင်လိုက်သည်။
ခခကတော့ နားမလည်သော မျက်ဝန်းများဖြင့် သူ့အား ပြန်ကြည့်နေသည်။
“ကိုယ်.... ဒီစကားကိုပြောဖို့ အကြိမ်ကြိမ်စဉ်းစားခဲ့ပြီးပါပြီ..... ကိုယ် ဟိုးအရင်က အရှင်းလေးအပေါ်မှားခဲ့တာတွေအတွက် အနူးညွှတ်တောင်းပန်ပါတယ်.... ကိုယ်နားလည်ပါတယ် ကိုယ်နဲ့ အရှင်းလေးက အသက်တွေအရမ်းကွာမှန်း....”
ပြောစရာရှိတာမပြောဘဲ လက်လေးကိုင်ကာ မဲ့ရှုံ့မဲ့ရှုံ့လုပ်နေတဲ့ ဟန်စိုင်းအား ခခစိတ်မရှည်လာတော့ပေ။
ဘာတွေပြောမှာမို့ လက်တွေထိ အေးစက်နေရတာလဲ။
“ပြောစရာရှိတာ အမြန်ပြောပါ ဦးဟန်ရယ်.... ခဏနေ ခြံထဲမှာ ပန်းပင်တွေ ရေလောင်းရအုံးမယ်”
“အွန်းပါ.... ဟို.... ကိုယ်လေ အရှင်းလေးကို ချစ် ချစ် ချစ် ချစ် ချစ်တယ်”
ဒါလေးပြောဖို့ကို မနည်းအားယူနေရတဲ့ ဟန်စိုင်းအား ကြည့်ကာ ခခ ရီချပစ်လိုက်တော့သည်။
“အဟား.....”
“ဟင်.....”
ရငတ်တရက် အားရပါးရ ရီလာတဲ့ သူမလေးကြောင့် ဟန်စိုင်းကြောင်သွားတော့သည်။
“ဦးဟန်.... တော်ရုံနောက်တာဘဲ ကောင်းတယ်နော် အခုလိုကြီး လာမနောက်ပါနဲ့ ခခမကြိုက်ဘူး”
“ကိုယ့်ကို နောက်နေတယ်ထင်နေတာလား”
“ဟုတ်တယ်”
“ကိုယ်အတည်ပြောနေတာ အရှင်းလေးရဲ့ ”
ဟန်စိုင်း သူမ မျက်နှာလေးအား စိုက်ကြည့်လိုက်သည်။
“ကိုယ် အရှင်းလေးကို ချစ်တယ်.... ကိုယ်တောက်ာတ မဟုတ်ဘူး အရှင်းလေး အတည်ပြောနေတာ.... ကိုယ်အရှင်းလေးကို ချစ်တယ် ဒီတစ်ခါမှ မပြောလိုက်ရရင် ကိုယ်နောင်တရနေလိမ့်မယ်.....”
ခခ ဟန်စိုင်းစကားတွေကြောင့် ဘာပြန်ပြောလို့ပြောရမှန်း မသိတော့ပေ။ ရင်တွေလဲ အခုန်မြန်လာကာ ပါးလေးနှစ်ဖက်မှာလဲ နီမြန်း လာသည်။ ခဏတာ တိတ်ဆိတ်နေပြီးမှ ဟန်စိုင်းအား မော့ကြည့်လာသည်။
“ဦးဟန်နဲ့ခခနဲ့က အလုပ်ရှင်ရှင်နဲ့ အလုပ်သမားအဆင့်ဘဲ... အဲ့ထက် အဆင့်တက်လို့မရဘူး”
“မဟုတ်ဘူး..... အဆင့်ဆိုတာ တက်ချင်ရင်တက်လို့ရတာဘဲ”
“မဖြစ်ဘူး.... ဦးဟန်နဲ့ ခခနဲ့က လုံးဝမဖြစ်နိုင်ဘူး”
“ဘာလို့လဲ”
“ဘာလို့မှ မဟုတ်ဘူး”
“ဘာလို့လဲဆိုတာ အကြောင်းပြချက်ပေးလေ..... ဒါဆိုရင် ကိုယ်နောက်ဆုတ်ပေးမယ်”
အဲ့လိုဆိုပြန်တော့လည်း သူမမှာ အကြောင်းပြချက်ကမရှိ။
ဘယ်လိုလုပ်ရမလဲ ဦးဟန်ကို ဘယ်လိုငြင်းရမလဲ.... မချစ်ဘူးလို့ကလဲ မပြောချင်ဘူး။
“ဟို.... ”
“ဘာမှဟိုမနေနဲ့ အရှင်းလေးမှာ အကြောင်းပြချက်မရှိမှန်း ကိုယ်သိတယ်..... ဒါကြောင့် ကိုယ်ရှေ့ဆက်တိုးတော့မယ်..... အခုကိုယ် အရှင်းလေးကို ဖွင့်ပြောပြီးပြီဆိုတော့ ကိုယ် အရှင်းလေးကို တရားဝင်လိုက်လို့ရပြီ....”
“ကျွတ်.... ဦးဟန်နဲ့တော့ခက်ပြီ”
”အဟွန်း.... မခက်ရပါဘူးဗျာ.... ချစ်တယ်လို့ တစ်ခွန်းတည်းပြောလိုက်ရင် ပြီးသွားတဲ့ဟာကို”
“မပြီးဘူး”
“ဘာလို့လဲ”
“ဘာလို့မှမဟုတ်တော့ဘူ.... သွားတော့မယ်”
ခခ ဟန်စိုင်းလက်ေတွအား ပုတ်ချလိုက်ပြီး ထိုနေရာလေးမှ ပြေးထွက်လာခဲ့တော့သည်။
“အဟက်.... လူကို အကြောင်းပြချက်ကမပေးနိုင်ဘူး.... စိုင်းဦးဟန်က ဒီတိုင်းဘဲ လွှတ်ထားမယ် ထင်နေတာလား ခလေးရေ”
############
မိုးမခရှင်း!
“ကျွတ်...."
အသံစူးစူးနှင့်ခေါ်လိုက်သည့် အသံ။ ထိုအသံက သဇင်ဖူးပွင့် အသံပေ။
ဒါကြောင့်လဲ ခခ ကျွတ်တစ်ချက်သပ်လိုက်ပြီး အသံလာရာ ဧည့်ခန်းဆီသို့ ဝင်လာခဲ့လိုက်သည်။
“ဘာကိစ္စရှိလို့လဲ”
“ခဏက အစိုင်းနဲ့ ဘယ်သွားတာလဲ”
ေပြာနေပုံမှာ မာန်ပါပါနှင့်မို့ ခခ စိတ်တိုလာသည်။
“ဘယ်မှ မသွားဘူး.... ခြံအနောက်မှာ ပြောစရာရှိလို့တဲ့”
“အော်.... ဘာပြောစရာရှိလို့တဲ့လဲ”
“ခခ မမှတ်မိတော့လို့ ဦးဟန်ကို မေးကြည့်လိုက်နော်.... သွားပြီ”
ခခပြောပြီးသည်နှင့် သူ့အခန်းထဲသို့ ချက်ချင်းဝင်သွားတော့သည်။
“တောက်.... မင်း.....”
ခဏက သူမတွေ့လိုက်သည်မှာ ဟန်စိုင်းက ခခလက်ကို ကိုင်ထားသည်။ ဒါကြောင့်မို့ သူတို့နှစ်ယောက် စကားပြောနေကြသည်မှာ ရိုးရိုးသားသား မဟုတ်မှန်း သူမရိပ်မိသည်။
ငါဘာလို့ ဒီကလေးမကိုမှ အနိုင်မယူနိုင်ရတာလဲ.... အဟွန်း..... တွေ့ကြသေးတာပေါ့ ငါ့လက်နက်တွေကို ထုတ်သုံးသင့်ပြီ။
ဖူးပွင့် သူ့အကြံနဲ့သူ ကြိတ်ပြုံးကာ အပေါ်ထပ်သို့ အမေဖြစ်သူနှင့် တိုင်ပင်ရန်တက်လာခဲ့သည်။
“ဒေါက် ဒေါက်.... အမေ သမီးဝင်လာပြီ”
ဖူးပွင့် အခန်းထဲရောက်သည်နှင့် တံခါးအား လော့ချလိုက်သည်။
“ဘာပြောမလို့လဲ သမီးရဲ့”
“ဒီလို အမေရဲ့ .........”
“ကောင်းတာပေါ့..... ဒါဆို တစ်ခါတည်းနဲ့ ပြီးပြီ”
“ဟုတ်တယ်”
“အဟွန်း.....”
ဖူးပွင့် မဲ့ပြုံးတစ်ချက်ပြုံးကာ အပြင်ဘက် ဝရံတာဆီ ထွက်လာခဲ့လိုက်သည်။
ငါ့အစီအစဉ်တွေ အောင်မြင်ရမယ်။
###################
“အရှင်းလေး.... အရှင်းလေးလို့”
ခြံထဲက မီးတွေလိုက်ပိတ်နေတဲ့ ခခအား တွေ့လိုက်သဖြင့် ဟန်စိုင်း အနောက်မှ အပြေးလိုက်ကာ အော်ခေါ်နေမိသည်။
“ကျွတ်..... မတွေ့ချင်လို့မှ အမြန်ပြေးလာပါတယ်ဆို တွေ့ဖြစ်အောင်ကို တွေ့လိုက်သေးတယ်”
“အရှင်းလေး”
အမှောင်ထဲမှာ အော်ကြီးဟစ်ကျယ်နှင့် ဒီလူ လှည့်မကြည့်မချင် လိုက်ခေါ်နေသည့် ဟန်စိုင်းကြောင့် ခခ သက်ပြင်းရှည်တစ်ချက်ချကာ လှည့်ကြည့်လိုက်သည်။
အသံဗြဲကြီးနှင့် အော်ခေါ်နေတာကြောင့် သူများတွေ ကြားသွားမည်ကိုလဲ စိုးရိမ်ရသည်။
“ဘာလဲ.... ဘာလို့ လူကို အော်ခေါ်နေရတာလဲ”
“အရှင်းလေးမှ ကိုယ့်ခေါ်တာကို လှည့်မှ မကြည့်တာ.... အဲ့ဒါကြောင့် မကြားဖူးထင်လို့”
“မကြားတာ မဟုတ်ဘူး တမင်လှည့်မကြည့်တာ”
“ဟာ.... ဘယ်လိုတွေ ပြောနေတာတုန်း”
“သွားပါ ဦးဟန်ရာ မိုးတောင်ချုပ်နေပြီကို မအိပ်သေးဘူးလား”
“အိပ်တော့မှာပါ မအိပ်ခင်လေး အရှင်းလေး မျက်နှာ ကြည့်ချင်လို့”
ဒီလူနဲ့တော့ ခက်ပြီ အဲ့လိုတွေ ထပ်လုပ်နေရင် မမူနိုင်တော့ဘဲ ချစ်မိတော့မယ်။
“အရှင်းလေးလို့"
“ဘာလဲ....”
“ကိုယ့်ကို ဂွတ်နိုက်လို့ တစ်ခါလောက် ပြောကြည့်ပါလား”
မပြောရင် အိမ်ထဲဝင်မှာ မဟုတ်မှန်း သိနေသဖြင့် ပြောဖို့သာ ပြင်လိုက်ရတော့သည်။
“ဂွတ်နိုက် ဂွတ်နိုက် ဟုတ်ပြီလား”
“အဟွန်း.... ဟုတ်ပါပြီ.... ဂွတ်နိုက် အာဘွား ချစ်တယ်”
“ဟာ....ရှင်”
ခခ ဟန်စိုင်းအား ရိုက်ဖို့ ပြင်လိုက်ပေမယ့် ဟန်စိုင်းကတော့ ပြောပြီးသည်နှင့် ထွက်ပြေးသွားတော့သည်။
“ဟွန့်.... ဦးဟန် လူဆိုးကြီး”
ခခ နှုတ်ခမ်းလေးမဲ့ကာ တစ်ယောက်ထဲ ပြောနေလေသည်။ တဒုန်းဒုန်းနှင့် ခုန်မြည်နေတဲ့ သူ့ရင်ဘက်လေးကိုလဲ ပြန်စမ်းကြည့်နေသေးသည်။ ထို့နောက် ခခ ကိုယ့်အခန်းကိုယ် ပြန်လာခဲ့လိုက်တော့သည်။
နောက်တစ်နေ့မနက်....
“ေဒါ်မြိုင် ဒေါ်မြိုင်”
မီးဖိုခန်းထဲမှ မနက်စာအတွက် ပြင်ဆင်နေသည့် ဒေါ်မြိုင်အား ဟန်စိုင်း လှမ်းခေါ်လိုက်သည်။
“ဟုတ်..... ဘာကိစ္စရှိလို့လဲ သူဌေးလေး”
“အရှင်းလေးကော အရှင်းလေးကို မတွေ့မိဘူး.... ဘယ်သွားနေတာလဲ”
“အော်.... ခခလား ခခ ခဏက မမခင်နဲ့ ဈေးဝယ်သွားတယ်”
“ဟမ်....”
မနေ့က သူမလေးအကြောင်းတွေးရင်းဖြင့် နောက်ကျအိပ်မိသွားခဲ့တာ မနက်ကြပြန်တော့လဲ နောက်မှ အိပ်ရာထမိသည်။
ဒါကို အမေဖြစ်သူက ခခအား ခေါ်ထုတ်သွားသဖြင့် ဟန်စိုင်းစိတ်ထဲ ခုနေမိသည်။
“အိမ်မှာ ဒေါ်မြိုင်လဲ ရှိနေတာကို ဘာလို့ အရှင်းလေးကိုမှ ခေါ်သွား”
ပြောလို့မှ မဆုံးသေး ကားသံကြောင့် ဟန်စိုင်း ခြံရှေ့သို့ ထွက်လာခဲ့လိုက်သည်။
လာပါပြီ သူမျှော်နေတဲ့ အရှင်းလေး။
ဟန်စိုင်း ခခတို့ရှိရာ ထိုကားနားလေးသို့ လျှောက်လာခဲ့လိုက်သည်။
“အရှင်းလေး....”
“ဘာလဲ....”
“အမေ့”
“ပြော”
“အရှင်းလေးကို ဘာတွေပြောခဲ့သေးလဲဟင်”
“ဘာပြောခဲ့လို့လဲ ငါဘာမှမပြောပါဘူး”
“မသိဘူးလေ... အမေက ထူးထူးခြားခြား အရှင်းလေးကိုမှ ဈေးခေါ်သွားတာဆိုတော့”
“နေပြည်တော်မှာ နေတုန်းကလဲ အခုလိုဘဲ ခေါ်နေကြပါ.... ဘာမှမထူးခြားဘူး”
ခခကြားထဲမှ ဝင်ပြောလိုက်သည်။
“အွန်းပါ.... ကိုယ်သိပါတယ်”
“ကြီးနန်း သမီး ဒေါ်မြိုင်ကို သွားလုပ်ကူလိုက်အုံးမယ်”
“ကောင်းပါပြီ”
ခခ ဈေးခြင်းတောင်းလေးအား ဆွဲကာ မီးဖိုခန်းထဲသို့ ဝင်သွားတော့သည်။
“အမေ့”
“ဘာလဲ....”
“အရှင်းလေးကို ဘာလို့ဈေးခေါ်သွားတာလဲ”
“ဘာလို့ခေါ်ခေါ် မင့်အပူပါလား”
“ဟာ.... အမေကလဲ....”
“အမေကလဲ လုပ်မနေနဲ့ မင်းကိုပြေးရာရှိတယ် လာခဲ့”
“ဟုတ်”
ဟန်စိုင်း သူ့အမေခေါ်ရာ ခြံထဲသို့ လိုက်သွားလိုက်သည်။
“ပြောလေ”
“မင်း ခခကို ဘာတွေ ပြောလိုက်တာလဲ”
“ဗျာ.....”
“မဗျာနဲ့ အမေမေးတာဖြေ ဘာတွေပြောလိုက်တာလဲ”
“ဟို.... ဟိုလေ”
“ချစ်တယ်လို့ ပြောလိုက်တာမလား”
“ဟမ်....”
“ဟုတ်တယ်မလား”
“ဟုတ်”
“အဲ့တော့ ဟိုက လက်ခံလား”
“မခံဘူး.... သားနဲ့ သူနဲ့က မဖြစ်နိုင်ဘူးတဲ့ နောက်ပြီး အလုပ်ရှင်နဲ့ အလုပ်သမားအဆင့်ဘဲရှိတာတဲ့”
“ဟူးးး ထင်ပါတယ် ဒီလိုဘဲ ပြန်ပြောမယ်ဆိုတာ”
“အမေက ဘာလို့ မေးတာလဲ”
“ဘာလို့မှ မဟုတ်ပါဘူး ဒါနဲ့.... ဒီသဇင်ပန်းတွေက”
“အဖေကြိုက်လို့လေ အဲ့ဒါကြောင့် အများကြီးစိုက်ထားတာ”
“အဟွန်း.... မင်းအဖေတောင် အခုချိန် တမလွန်ကနေ အမေတို့ကို လှမ်းကြည့်နေမယ် ထင်တယ်”
“ကြည့်နေမှာပေါ့.... သားတို့ အဆင်ပြေလား မပြေလား အမြဲတမ်းစောင့်ကြည့်နေမှာ”
“အဟွန်း...."
ဒေါ်နန်းခင်ခင် သဇင်ပန်းတွေကို တစ်ချက်ကြည့် ကောင်းကင်ကို တစ်ချက်ကြည့်နှင့် ထွက်သွားတာ။စောလွန်းသည့် ယောင်္ကျားဖြစ်သူအကြောင်းအား တွေးနေမိသည်။
သူတို့နှင့် မလှမ်းမကမ်း၌ သူတို့စကားများကို ခိုးနားထောင်နေတဲ့သူမှာတော့။
မဖြစ်တော့ဘူ အစီအစဉ်ကို ဒီနေ့ညကနေ စရတော့မယ်။
9285✍︎
အချိန်ပေးပြီး စောင့်ဖတ်ပေးတဲ့ အတွက် ကျေးဇူးအများကြီး တင်ပါတယ်။♡︎♥︎
စိတ်ကူးရင် ဝတ္ထုမို့အမှားပါရင် ခွင့်လွှတ်ပါ။
ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏