book

Index 14

Part 14

“အချစ်သည်ခလေးကြောင့်ဖြစ်သည်”


“မိုးမခရှင်း!”


ကြီးနန်းရဲ့ခေါ်သံ။

ကြီးနန်းဆိုတာ တစ်ခါမှ ခခနာမည်အား အပြည့်အစုံ မခေါ်ခဲ့ဖူးပေ။

ဒါကြောင့်လဲ ခခ ကြီးနန်းရှိရာ ဧည့်ခန်းဆီသွားရမှာ ကြောက်ရွှံ့နေမိသည်။ သို့ပေမယ့်လဲ မသွားလို့မဖြစ်။ ဒါနဲ့ဘဲ အိပ်ရာမှ ထကာ ထွက်လာခဲ့လိုက်သည်။


“ကြီးနန်း ခခကို ဘာခိုင်းစရာ ရှိလို့လဲမသိဘူး”


“ကြီးနန်း မေးတာကို အမှန်တိုင်းဖြေပါ”


ရုပ်တည်ကြီးနှင့် ပြောလာတဲ့ ကြီးနန်းက ဘာတွေမေးမှာမို့ ဘာတွေကို အမှန်တိုင်းဖြေခိုင်းစေချင်နေတာလဲ သူမအရမ်းသိချင်နေမိသည်။


“ဟုတ်.... ကြီးနန်း မေးသမျှ ခခ အမှန်တိုင်းဖြေမှာပါ”


“ကောင်းပြီ.... ဒါဆို ကြီးနန်းမေးမယ်”


“ဟုတ်”


“ဖူးပွင့်ကို သမီးပါးရိုက်လိုက်တယ်ဆို ဟုတ်လား”


“ရှင်..... ကြီးနန်းကို ဘယ်သူပြောလဲ”


“ကြီးနန်းကို မေးခွန်းပြန်မထုတ်နဲ့ ကြီးနန်းမေးတာကိုဘဲဖြေ”


“မိုးမခရှင်းဆိုတာ လူတိုင်းရဲ့ အောက်ဆုံးမှာဘဲ နေခဲ့ရသူပါ..... ဘယ်လိုလုပ် သူဌေးသမီး သဇင်ဖူးပွင့်ကို ဒီက အိမ်ဖော်ဖြစ်တဲ့ ခခက ဘာအကြောင်းနဲ့ ပါးရိုက်ရမှာလဲ..... ကြီးနန်း စဉ်းစားကြည့်ပါအုံး”


သူမပြောတာလဲ ဟုတ်သလိုလိုပင်။

သို့ပေမယ့် ပါးရိုက်ရသည့်အကြောင်းအရင်းက သားကြောင့်ဆိုရင်.....


“ကြီးနန်း နောက်တစ်ခုမေးစရာရှိသေးတယ်”


“ဟုတ်”


“သမီး သားကိုကြိုက်နေတာလား”


“ဘာ.....”


“ကြီးနန်းကို အမှန်အတိုင်းဖြေပေးပါ”


“ကောင်းပြီ..... ခခက ဦးဟန်ကို အစ်ကိုတစ်ယောက် ကိုယ့်ထက်အသက်ကြီးလို့ ဦးလေးတစ်ယောက်လို ရိုသေလေးစားရုံဘဲ..... ကျန်တာ ဘာစိတ်မှမရှိဘူး”


“သားအတွက်နဲ့ စိုးရိမ်စိတ်လေး ရင်ခုန်စိတ်လေးတောင် မရှိခဲ့ဖူးလား”


ဒိလောက်အနေနီးကပ်နေရတဲ့ မိန်းမသားတစ်ယောက်နဲ့ ယောင်္ကျားသားတစ်ယောက်ကြားမှာ ရင်ခုန်မှု မရှိခဲ့ဖူးလို့ ပြောရင် သူမလိမ်ရာကြမည်။

ရှိဖူးတယ်လို့ ပြောလိုက်ရင်လည်း ပြဿနာတွေက ပိုကြီးသွားမည်။ ဒါကြောင့် ဒီတစ်ခါတော့ ခခ လိမ်မှရတော့မည်။


“မရှိခဲ့ဖူး ဦးဟန်အတွက်နဲ့ တစ်ခါမှ ရင်မခုန်ခဲ့ဖူးဘူး”


မဖြစ်နိုင်တဲ့ အခြေအနေတွေမို့ လိမ်ပြောလိုက်ရတာ တောင်းပန်ပါတယ် ဦးဟန်။

ဒီတစ်ခေါက်တော့ ခွင့်လွှတ်ပါ ဦးဟန်။


“ဟုတ်ပြီလေ.... ဒါဆို ကြီးနန်းစိတ်ချပါပြီ.... ကြီးနန်း သမီးအပေါ်အထင်အမြင်မှားသွားတဲ့ အတွက်လည်း ကြီးနန်း တောင်းပန်ပါတယ်”


“ရပါတယ်.... ဘာပြောစရာရှိသေးလဲ”


“မရှိတော့ပါဘူး”


“ဒါဆို ခခကို ခွင့်ပြုပါအူံး”


“ကောင်းပါပြီ”


ခခဧည့်ခန်းထဲမှ ထွက်အလာ လှေကားဆင်းအနားမှ ရပ်နေသည့် ဟန်စိုင်းအား တွေ့လိုက်ရသည်။

သူမ ဟန်စိုင်းအား တစ်ချက်ဘဲကြည့်လိုက်ပြီး သူ့အခန်းသို့ ပြန်ဝင်သွားလိုက်သည်။


ဟန်စိုင်းမှာတော့ ခဏကကြားလိုက်ရသည့် စကားတွေအား မယုံနိုင်ပေ။

ငါ့အတွက်နဲ့ တစ်ခါမှ ရင်မခုန်ခဲ့ဖူးတဲ့လား။ ရတယ် အရှင်းလေး မင်းကိုယ့်မခုန်ခဲ့ဖူးရင် ကိုယ်ကရင်ခုန်အောင် လုပ်မှာမို့ မင်းကိုယ့်ကို ဘယ်လိုမှ ရှောင်ပြေးလို့မရဘူး။


အဟင့်..... တောင်းပန်ပါတယ် ဦးဟန်.... ခခ ဦးဟန်အပေါ် ဒီထက် စိတ်မယိုင်ခင် စိမ်းကားမှ ဖြစ်တော့မယ်။


#########


“သမီး ဖူးပွင့်”


“ပြောလေ အမေ ဘာကိစ္စရှိလို့လဲ”


“သမီးကို ဟိုကောင်မလေးက ပါးရိုက်လိုက်တာလား ဒါမှမဟုတ်....”


“ဟုတ်တယ်.... သမီးကဘဲ သူ့ကိုပါးရိုက်လိုက်တာ”


“ဟမ်....."


သမီးဖြစ်သူ စကားကြောင့် ဒေါ်သဇင်ဖြူလန့်သွားရသည်။


“ဘာလို့ သမီးအမေ့ကို လိမ်ရတာလဲ”


“သမီးသူ့ကို ကြည့်လို့မရဘူး..... အစိုင်းကို သူကြည့်နေတဲ့အကြည့်တွေက မရိသားဘူး”


“ဘယ်လိုဘဲဖြစ်နေဖြစ်နေ သမီးအခုလို အမေ့ကိုတော့ မလိမ်သင့်ဘူး..... တစ်ကယ်လို့ နန်းခင်ခင်သာ သိသွားရင် ဘယ်လိုလုပ်ကြမလဲ”


“မသိဘူး.... အစိုင်းဆိုတာ ဖူးပွင့်အပိုင်ဘဲ.... စိုင်းဦးဟန်ကို သဇင်ဖူးပွင့်ကလွှဲလို့ ဘယ်သူမှ မပိုင်စေရဘူး”


“ကျွတ်..... ဟူးးးး”


သူမအေမမှာလဲ စိတ်ပျက်လက်ပျက်နှင့်သာ ဝရံတာဘက်သို့ ထွက်လာခဲ့လိုက်တော့သည်။


“အဟွန်း..... အဖြူတို့ သားအမိတွေက ဒီလိုလား”


######


“ဒေါ်မြိုင် အရှင်းလေးကို ညနေစာစားဖို့ သွားခေါ်ပေးပါ”


“ဟုတ်”


ဟန်စိုင်းရဲ့ အပြောကြောင့် ဒေါ်မြိုင် ခခအခန်းဆီသို့ လျှောက်လာခဲ့လိုက်သည်။


“ဒေါက် ဒေါက်..... သမီး ခခ ညနေစာစားမယ်တဲ့ သူဌေးလေးက ခေါ်ခိုင်းလိုက်တယ်”


“မဆာသေးဘူး ဒေါ်မြိုင် ခဏနေမှ စားတော့မယ်လို့”


“အေ‌းအေး.....”


ဒေါ်မြိုင် ထမင်းစားခန်းဆီပြန်လာတော့ ဟန်စိုင်း သူမျှော်လင့်ထားတဲ့ အရှင်းလေးက လိုက်မလာသဖြင့် စိတ်တိုသွားတော့သည်။


“အရှင်းလေးကော”


“မဆာသေးလို့တဲ့ ခဏနေမှ လာစားလိုက်မယ်တဲ့”


“ကျွတ်....”


ဟန်စိုင်း ဒေါ်မြိုင်အ‌ဖြေအား သဘောမကျကာ ကျွတ်တစ်ချက်သပ်လိုက်သည်။


“သူမပါတော့လဲ ဘာဖြစ်လဲ အစိုင်းရယ် ဖူးပွင့်တို့ဘဲ စားကြတာပေါ့”


“မရဘူး”


ဟန်စိုင်း သူကိုယ်တိုင် ခခအား သွားခေါ်ဖို့ ထလိုက်စဉ်။


“ပြန်ထိုင် အမေတို့ ထမင်းစားမယ်”


အမေဖြစ်သူရဲ့ တစ်ချက်လွှတ်အမိန့်ကြောင့် ဟန်စိုင်း ပြန်ထိုင်ရမလို ခခကိုဘဲ သွား‌ခေါ်ရမလို တွေဝေနေမိသည်။ ထို့နောက် သူဆုံးဖြတ်ချက်ချလိုက်တာက ခခကိုသွားခေါ်ဖို့ပေ။


“အရှင်းလေးကို သွားခေါ်လိုက်အုံးမယ်”


“မခေါ်နဲ့တော့.... သူကိုမှ ဗိုက်မဆာလို့ ထွက်မလာတာလေ..... နောက်ပြီး သူက ဒီအိမ်ရဲ့ အိမ်အကူအဖြစ် သားခေါ်သွားတဲ့လူနော်.... အိမ်အကူဆိုတာကို မမေ့နဲ့သား”


အမေ့စကားတွေက လူကို သတိပေးနေ‌သယောင် ဘူကို စူးစိုက်ကြည့်ကာ ပြောနေလေသည်။

ဒါကို သဘောကျတဲ့ သအမိနှစ်ယောက်ကတော့ အပြုံးမပျက် ဟန်စိုင်းအား လှည့်ကြည့်လာသည်။


ဟန်စိုင်း စိတ်ညစ်ညစ်နှင့်သာ ထိုစားပွဲဝိုင်းလေးမှ ထွက်သွားလိုက်တော့သည်။


ဒေါ်နန်းခင်ခင်လဲ ဟန်စိုင်းအကြောင်းကို သိနေသဖြင့် ဘာမှဆက်ပြော‌မနေတော့ဘဲ စားစရာရှိတာဆက်စားနေလိုက်သည်။

ဟိုသားအမိနှစ်ယောက်ကတော့ ဟန်စိုင်းထွက်သွားသည်ကို မကျေနပ်သည့်ပုံပင်။ သဇင်ဖူးပွင့်မှာ ပိုးစိုးသည်။ ဟန်စိုင်း ထွက်သွားပြီးရော မျက်နှာကြီးမှာ မှုန်ကုပ်လျက်။


ဒီလိုနဲ့ သူတို့သုံးယောက်ဘဲ ညနေစာကိုစားလိုက်ကြသည်။


“ဟူးးးး ဒီအချိန်လောက်ဆိုရင်တော့ ဦးဟန်တို့ ညနေစာစားပြီးလောက်ပြီ ထင်တယ်”


သူမ ဟန်စိုင်းတို့ ညနေစာစားပြီးပြီအထင်နှင့် မီးဖိုခန်းထဲသို့ ထွက်လာလိုက်သည်။


“ဟူးးး အခုမှဘဲ စိတ်အေးအေးစားရတော့မယ်”


ဆိုကာ ထမင်းခူးနေစဉ် အနောက်မှ အသံတစ်ခုကို ကြားလိုက်ရသည်။


“ကိုယ့်အတွက်လဲ ခူးပေး”


ကိုယ်ဆိုတဲ့ အသုံးအနှုန်းကြောင့် ဘယ်သူဘယ်ဝါမှန်း သူမတန်းသိသည်။


“ဦးဟန် စားပြီးပြီမဟုတ်လား”


“အရှင်းလေးကို စောသ့်နေတာလေ”


“ကျွတ်”


“ဘာတွေ ကျွတ်သပ်နေတာလဲ.... အရှင်းလေးက ကိုယ်နဲ့ ထမင်းအတူတူမစာစချင်လို့လား”


“ဟုတ်တယ် မစားချင်ဘူး”


ဟန်စိုင်း ရင်ထဲအောင့်သက်သက်ဖြစ်သွားပေမယ့် သူဟန်မပြတ်အောင် ပြန်ထိန်းလိုက်သည်။


“ရတယ် အရှင်းလေး မစားချင်လဲ ကိုယ်စားချင်တယ် ကိုယ့်ကို ထမင်းခူးပေးပါ”


ခခ ပန်းကန်ပြားတစ်ချက်ယူလိုက်ပြီး မျက်နှာကြီးစူပုတ်လျက်ဖြင့် ခူးပေးလိုက်သည်။


“အဟွန်း.....”


မင်းကိုယ့်ကို ရှောင်လေ ကိုယ်ကပိုကပ်လေဘဲ ခလေးရယ်။


ခခ ဟန်စိုင်းအား စိတ်မရှည်သလိုနှင့်ကြည့်ကာ ထမင်းပန်းကန်အား ချပေးလိုက်သည်။


ခခကတော့ ကိုယ်ထမင်းကို စားနေပေမယ့် ဟန်စိုင်းကတော့ မစားနိုင်ပါ။ သူအရှေ့တည့်တည့်၌ ခေါင်းလေးငုံ့ပြီး ထမင်းကိုသာ အာရုံစိုက်စားနေတဲ့ သူမလေးအား မျက်တောင်မခတ်တမ်းလိုက်ကြည့်နေသည်။


“ကျွတ်.... ဦးဟန် ဘာလို့ ခခကို ဒီလောက်ကြည့်နေရတာလဲ”


“ချစ်စရာကောင်းလို့”


ရုပ်တည်ကြီးနှင့် ပြောလာတဲ့ ဦးဟန်ရဲ့စကားတွေက လူကိုမြှောက်ပင့်ပြောတာမျိုး မဟုတ်ဘဲ အတည်ပေါက်ပြောနေမှန်း ခခသိပါသည်။

ရင်ခုန်လို့ မဖြစ်ဘူး။


“ဟူးးး ဦးဟန် ကိုယ့်ဟာကို ထမင်းအေးအေးဆေးဆေးစားလို့ မရဘူးလား”


“မရဘူး”


“ဒါဆို ခခ ထမင်းပန်းကန်ကို အခန်းထဲယူပြီး သွားစားလိုက်မယ်”


“မလုပ်ပါနဲ့ ကိုယ်ကစတာ.... ဒီမှာဘဲ ထိုင်စားနော်”


“ဒါဆို ခခကို ဆက်မကြည့်နဲ့"


“ဟုတ်ကဲ့ပါ ဆက်မကြည့်တော့ပါဘူးဗျ....”


“အွန်း....”


သူတို့နှစ်ယောက် ထမင်းစားနေသည်ကို တိတ်တစိတ် ခိုးကြည့်နေသူက.....


အဟွန်း..... အချစ်နဲ့တွေ့ပြီထင်တယ်။


########


“စားလဲပြီးပြီဆိုတော့ ပန်းကန်ဆေးရမယ်..... ဦးဟန် စားပြီရင် ထားခဲ့လိုက်”


“ရပါတယ်..... ကိုယ့်ဟာကိုဆေးလိုက်မယ်..... အရှင်းလေးသာ ပန်းကန်ကိုထားခဲ့”


”ဘာလုပ်မို့လို့လဲ”


“ကိုယ်ဆေးပေးမယ်”


“ဟာ.... လူကို ငရဲရအောင် လာလုပ်နေပြီ”


“မလုပ်ပါဘူး..... ကိုယ်က စိတ်ပါလို့ ဆေးပေးချင်လို့လေ”


“တော်ပါပြီ..... ကိုယ့်ဟာကို ဆေးလိုက်မယ်”


“ပေးပါဆို”


ပန်းကန်ဆေးစင်နား၌ ရောက်နေပြီဖြစ်တဲ့ ခခအား ဟန်စိုင်း ဘေးသို့ ‌ဖယ်ခိုင်းလိုက်ပြီး သူမလက်ထဲက ပန်းကန်အား ဆွဲယူလိုက်သည်။


“ခလွမ်း....”


ခခကလဲ ပန်းကန်ကို အတင်းဆွဲထားတာကြောင့် ဟန်စိုင်းက ပြန်ဆွဲလိုက်တော့ နှစ်ယောက်လုံး အရှိန်မထိန်းနိုင်ကာ လဲကျသွားတော့သည်။ တစ်ပြိုင်နက်တည်း ပန်းကန်လေးပါ ကွဲကျသွားတော့သည်။


ကြွေပြားနှင့်ခင်းထားသည်မို့ အောက်သို့ လဲကျသွားတဲ့ ခခအား ကြွေပြားတွေနှင့် မခိုက်မိအောင် ဟန်စိုင်း အချိန်မှီ ဖမ်းလိုက်သည်။


ခခ သူ့အား စိုက်ကြည့်နေတဲ့ ဟန်စိုင်းကြောင့် အခုတစ်ခါတော့ အရင်ကနဲ့မတူဘဲ ရင်ခုန်သံများမှာ မူမမှန်တော့ဘဲ ကျယ်လောင်လာပြီး ‌အပေါ်၌ အုပ်မိုးနေတဲ့ ဟန်စိုင်း ကြားသွားမည်ကိုပင် စိုးရိမ်လာရသည်။

နောင်ဆုံး သူမမနေတက်တော့တာကြောင့် ဟန်စိုင်း လက်ကို လွှတ်ပေးဖို့ သတိပေးလိုက်ရတော့သည်။


“ဦးဟန်.... ခခကို လွှတ်ပေးအုံး”


“ဟမ်.... အဟွန်း....”


ဟန်စိုင်း ပါးလေးနှစ်ဖက်လုံး နီမြန်းလာတဲ့ သူမလေးအား ကြည့်ကာ တစ်ချက်ပြုံးလိုက်သည်။


“အဟမ်း....”


ချောင်းဟန့်သံကြောင့် ခခကော ဟန်စိုင်းပါ လှည့်ကြည့်လိုက်ကြသည်။


“ဟင်.... ကြီးနန်း”


“အမေ”


ဟန်စိုင်း ကယောင်ကတမ်းနှင့် ခခအားဖက်ထားရာမှ လွှတ်လိုက်မိသည်။


“အာ....”


ခခ ‌ကြွေပြားပေါ်သို့ ဖင်ထိုင်လျက်သားလေးကျသွားတော့သည်။ ကျသွားရုံတင် မဟုတ်ဘဲ သူမလက်ကလေးပါ ပန်းကန်ကွဲစလေးနှင့် ခြစ်မိသွားသဖြင့် လက်ဖုဝါးလေးမှာ ပေါက်ပြဲသွားသည်။


“ဟင်.... အရှင်းလေး ကိုယ်တောင်းပန်ပါတယ်.....”


ဟန်စိုင်း သူမကိုယ်လေးအား ထူပေးဖို့ ပြင်လိုက်စဉ်


“ရတယ်.... ကိုယ့်ဟာကို ထတက်တယ်”


ခခ ပြောရင်းဖြင့် ကျန်လက်တစ်ဖက်အား အားယူကာ ထလိုက်သည်။


“ခခ”


“ရှန်....”


“ကြီးနန်းနောက်လိုက်ခဲ့”


“ဟုတ်”


“အမေ့.... အရှင်းလေးလက်က ဒဏ်ရာ ရထားတယ်လေ”


ဒေါ်နန်းခင်ခင် သားဖြစ်သူ စကားအား နားမထောင်ဘဲ ခြံရှေ့သို့ ထွက်လာခဲ့လိုက်သည်။

ခခလဲ ကြီးနန်းနောက်မှ လိုက်သွားလိုက်သည်။


“ဟာ.... အမေ အရှင်းလေးကို ဘာတွေ ပြန်ပြောအုံးမလို့လဲ မသိဘူး..... လိုက်သွားရမယ်”


ဟန်စိုင်း လိုက်သွားဖို့ ပြင်လိုက်စဉ် လှေကားထစ်တွေဆီမှ ခေါ်သံကို ကြားလိုက်ရသည်။


“အစိုင်း....”


“ကျွတ်....”


##########


“ကြီးနန်း....”


“အင်း"


“ကြီးနန်း ခခကို စကားအရင်‌မပြောခင် ခခအရင်ပြောစရာတစ်ခုရှိတယ်”


‌“ပြောလေ”


“ဦးဟန်ကို ပြောပေးပါ.... ခခစီဘဲ လိုက်ကပ်မနေနဲ့လို့.... အခုဆို ကြီးနန်းတို့အထင်လွှဲမှာစိုးလို့ ဝေးဝေးကရှောင်နေတာကို ဦးဟန်က ခခနားလိုက်လိုက်ကပ်နေတယ်”


“အဲ့ဒါတော့ ကြီးနန်းမတက်နိုင်ဘူး....”


“ဘာလို့လဲ.... ကြီးနန်းဘဲ ခခကို ဦးဟန်နဲ့ ဝေးဝေးနေခိုင်းစေချင်တာမဟုတ်လား”


“မဟုတ်ပါဘူး.... သားသာ သမီးနောက်ဘဲ လိုက်ကပ်နေချင်တယ်ဆိုလဲ သူ့သဘောဘဲလေ ကြီးနန်းမှ တားလို့မရတာ”


“မဟုတ်သေးဘူးလေ”


“တော်တော့သမီး..... သားဘာသာ သားလုပ်ချင်ရာလုပ်ပစေ.... သူလဲ အရွယ်ရောက်နေပြီ ကြီးနန်းမှာ တားပိုင်ခွင့်မရှိဘူး.....”


ဟူးး


ခခ စိတ်ပျက်လက်ပျက်သာ သက်ပြင်းတစ်ချက်ချလိုက်မိသည်။


“အခုလောလောဆယ် သမီးလက်က သွေးတွေအရမ်းထွက်နေတယ်”


“ရတယ်.... ခခဘာသာခခ လိမ်းလိုက်မယ်”


“ကြီးနန်းမှာ ပတ်တီးရယ် ဆေးဘူးရယ် ပါလာတယ် ဒီမှာလာထိုင်”


ကြီးနန်းဘေးနား၌ လာထိုင်ဖိူ့ လက်ပုတ်ပြနေပေမယ့် ခခမထိုင်လိုက်ဘဲ မြက်ခင်းပြင်ပေါ်၌သာ ထိုင်လိုက်သည်။


“အဟွန်း....”


ကြီးနန်း နေပြည်တော်မှာနေချိန် ခခနဲ့အတူရှိစဉ်က အချိန်ကို ပြန်သတိရသွားကာ ပြုံးမိလိုက်သည်။


“သမီးလက်ပေး”


ခခ သွေးထွက်နေတဲ့ သူ့လက်လအား ကြီးနန်းဆီသို့ လှမ်းပေးလိုက်သည်။

ကြီးနန်း သူမလက်ဒဏ်ရာလေးအား ဂရုတစိုက်နှင့် ဆေးလိမ်းကာ ပတ်တီးလေးနှင့် စီးပေးလိုက်သည်။


”ဒါနဲ့ ကြီးနန်း ခခကို ဘာလို့ခေါ်လိုက်တာလဲ ပြောစရာရှိလို့လား”


“မရှိပါဘူး.... သမီးလက်က ဒဏ်ရာကို ဆေးထည့်ပေးချင်လို့”


“ဟမ်....”


ခခထင်ထားမိတာက ကြီးနန်းက ပြောင်းလဲသွားခဲ့ပြီ။ အရင်ကလို သူ့ကို ဂရုမစိုက်တော့ဘူဟု ထင်ထားခဲ့သော်လည်း အခု ကြီးနန်းရဲ့ စပားကြောင့် သူမကြောင်သွားရသည်။ 

အရင်ကလို သမီးလေးတစ်ယောက်လို မဆက်ဆံပေးနိုင်တော့ဘူဟု ထင်ခဲ့သော်လည်း အခု ကြီးနန်းရဲ့ အပြုအမူကြောင့် ခခရင်ထဲ နွေးထွေးသွားရသလို ပျော်လဲပျော်နေမိသည်။


“အဟွန်း..... ဘာများလဲလို့ ဆေးထည့်ပေးဖို့ကို ခြံထဲထိ ခေါ်သွားရတယ်လို့ အမေကတော့လေ”


ဟန်စိုင်းကတော့ သူတို့နှင့် မလှမ်းမကမကနေ ကြည့်ကာ ပြုံးနေလေသည်။


“တောက်.... ခင် ဘာတွေကြံနေလဲမသိဘူး.... အမေတို့ နန်းခင်ခင်ကို လျှော့တွက်လို့မရတော့ဘူ”


ထိုမြင်ကွင်းအား သဘောမကျကာ မျက်မှောင်ကြုတ်လျက် ကြည့်နေသူက သဇင်ဖြူတို့ သားအမိပေ။


ဘုန်းသျှံတစ်ယောက်ကတော့ လသာဆောင်ပေါ်မှ သဇင်ဖူးပွင့်အား ကြည့်နေလေသည်။

မျက်မှောင်ကြီးကြုတ်နေရင်တောင် တော်တော်ကြည့်ကောင်းတဲ့ မိန်းမဘဲ။

ဟာ.... ငါကလဲ ဘာတွေ ရှောက်တွေးနေတာလဲ။


ဘုန်းသျှံ လသာဆောင်ပေါ်မှ ဆင်းဖို့ အလုပ် ဖူးပွင့်နှင့် မထင်မှတ်ဘဲ မျက်လုံးချင်းဆုံသွားမိတော့သည်။


“ကျွတ်.....”


ဖူးပွင့် ကျွတ်တစ်ချက်သပ်ကာ ဘုန်းသျှံအား မျင်စောင်းလထိုးလိုက်ပြီး အခန်းထဲသို့ ပြန်ဝင်လာလိုက်သည်။


“ဟ.... ဘာလဲ ဗလိုင်းကြီး လူကို မျက်စောင်းထိုးသွားတယ် ငါဘာလုပ်လိုက်လို့လဲ”


ဘာန်းသျှံ တစ်ဖက်ခြံက ဝရံတာဆီ ပြန်ကြည့်လိုက်ပေမယ့် သူမက မရှိတော့ပေ။

ဒီအဘွားကြီးကတော့လေ တော်တော်မာနကြီးတယ်။


9894✍︎

အချိန်ပေးပြီး စောင့်‌ဖတ်ပေးတဲ့ အတွက် ကျေးဇူးအများကြီး တင်ပါတယ်။♡︎♥︎

စိတ်ကူးရင် ဝတ္ထုမို့အမှားပါရင် ခွင့်လွှတ်ပါ။

ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏


rate now: