book

Index 13

Part 13

“အချစ်သည်ခလေးကြောင့်ဖြစ်သည်”


“အစိုင်း.... ကျွန်မလဲ ညစာတစ်ခါတည်းဝင်စားလို့ရမလား”


“စားချင်စားလေ”


“အွန်း....”


ဒီလိုနဲ့ သုံးယောက်သား ညစာအတူစားလိုက်ကြသည်။

ဖူးပွင့်မှာတော့ ညစာလဲ အေး"ဆေး"မစားနိုင်ပေ။

သူတို့နှစ်ယောက်ကို အရိပ်တကြည့်ကြည့် ကြည့်နေမိသည်။

ဟန်စိုင်း ခခပန်းကန်ထဲသို့ ဟင်းတွေကို တစ်မျိုးပြီးတစ်မျိုး ထည့်ပေးနေသည်။


“တော်ပြီ ဦးဟန် မထည့်ပေးနဲ့တော့”


ခခ မျက်လုံးကြီးပြုတ်ထွက်မတက် ကြည့်နေတဲ့ ဖူးပွင့်ကြောင့် ဟင်းတွေထည့်ပေးနေတဲ့ ဟန်စိုင်းအားတားလိုက်သည်။

ထို့နောက် သူတို့သုံးယောက်လုံး ကိုယ့်ထမင်းကိုယ် စားနေလိုက်ကြသည်။

ခခကတော့ အားလုံးထက် ခပ်မြန်မြန်စားလိုက်ပြီး သူ့အခန်းထဲသို့ ဝင်သွားလိုက်တော့သည်။


မအိပ်ခင်စကားပြောပါအုံးမယ်ဆိုနေမှ သူကထွက်သွားပြန်ပြီ မနက်ဖြန်မှ အဝပြောအုံးမယ်။


ဟန်စိုင်းလဲ သူမထွက်သွားသည်နှင့် ထမင်းဝိုင်းမှ ထွက်သွားလိုက်တော့သည်။


တွေ့ကြတာပေါ့ ‌ကလေးမရေ။


ဖူးပွင့် ခခအခန်းလေးအားကြည့်ကာ ပြောလိုက်သည်။


“ဟူးးး ဒီနေ့အဆင်မပြေရင် မနက်ဖြန်အဆင်ပြေလာမယ်တဲ့..... ဟုတ်မှာပါ အဆင်ပြေအောင်ဘဲနေရမယ် မိုးမခရှင်းရေ နင့်မှာနေစရာဆိုလို့ ကြီးကြီးနန်းအိမ်ရယ် ဦးဟန်တို့ အိမ်ရယ်ဘဲရှိတယ် အဆင်မပြေချင်လဲ ပြေအောင်နေရမယ်...... နေပါအုံး ငါ့မှာ အစ်ကိုရှိသေးတယ်လေ..... ကျွတ်.... သူတို့နဲ့လဲ မနေချင်ပါဘူး ဟူးးးး အိပ်ရတော့မယ် မနက်ကြစောစောထရအုံးမှာ”


တစ်ယောက်ထဲစကားတွေပြောရင်းဖြင့် ခခအိပ်ရာဝင်လိုက်တော့သည်။


###############


နောက်တစ်နေ့မနက်


“တီ တီ.....”


“ဘယ်သူတွေပါလိမ့်”


ဟန်စိုင်း အိမ်ရှေ့က ကားသံကြောင့် မနက်စာစားနေရာမှ ထွက်လာခဲ့လိုက်ပြီး အိမ်ရှေ့တံခါးဝမှ ရပ်စောင့်နေလိုက်သည်။


“ဘယ်သူတွေလဲ ဦးဟန်”


“မသိဘူး.... မနက်စောစောစီးစီးဘယ်သူတွေပါလိမ့်”


ဟန်စိုင်းကော ခခပါ ခြံတံခါးကနေ တစ်လိမ့်လိမ့်ဝင်လာတဲ့ ကားဖြူလေးအား စိတ်ဝင်တစားကြည့်နေကြသည်။

ဖူးပွင့်ကတော့ သိနေသဖြင့် ထိုကားအား အထူးတလည်ကြည့်မနေပါ။


မကြာခင်မှာပင် ထိုကားဖြူလေး သူတို့အရှေ့သို့ ကန့်လန့်ရပ်လိုက်သည်။

ပထမဆုံး ကားပေါ်မှ ဆင်းလာသူက ဒေါ်နန်းခင်ခင်။


“အမေ”


“ကြီးကြီးနန်း”


နှစ်ယောက်သား ပါးစပ်အဟောင်းသားနှင့် လန့်သွားရသည်။


“ဘယ်လိုလုပ်....”


စကားပင် မဆုံးသေး နောက်ထပ် ကားပေါ်မှ ဒေါ်သဇင်ဖြူ တစ်လှည့်ပြန်ဆင်းလာခဲ့သည်။


“အန်တီဖြူ”


ခခကတော့ ထိုအန်တီအား မသိသဖြင့် ကြောင်လျက်သားနှင့် ရပ်ကြည့်နေမိသည်။

ထိုအန်တီက ကားပေါ်ကဆင်းဆင်းချင်း ခခနားတည့်တည့်မတ်မတ်လျှောက်လာခဲ့သည်။

ဘာလဲဟ။


“ဖျန်း.....”


“ဟင်..... အန်တီဖြူ”


ခခ သူ့မျက်နှာပေါ်သို့ ကျရောက်လာတဲ့ လက်ဝါးကြောင့် သူမလန့်လဲလန့်ရသလို ကြောင်လဲကြောင်သွားသည်။ သို့ပေမယ့် ကြောက်စိတ်များတော့မပါပေ။

အခုမှ ပထမဆုံးမြင်ဖူးတဲ့ အမည်မသိလူတစ်ယောက်ဆီက အခုလို ရုတ်တရက်အရိုင်ခံလိုက်ရတာကြောင့် သူမဒေါသအတော်ထွက်သွားရသည်။

ဘေးနားမှ အလုပ်သမားတွေကော ကြီးနန်းပါ ရှိနေသဖြင့် သူမငိုချင်စိတ်ကို မနည်းထိန်းလိုက်ပြီး ထိုအန်တီကြီးအား အကြည့်စူးစူးတစ်ချက်ကြည့်ကာ ခြံအနောက်သို့ ထွက်ပြေးလာခဲ့လိုက်သည်။


“အန်တီသဇင်ဖြူ ဘယ်လိုလုပ်လိုက်တာလဲ”


“မမြင်ဘူးလား သားစိုင်း ဘာအဆင့်မှမရှိတဲ့သူကဘဲ အန်တီ့သမီးကိုက ပါးရိုက်ချင်သေးတယ်”


“ဘာတွေပြောနေတာလဲ”


“ဒါနဲ့.... အန်တီမင်းကို ပြောထားမယ်နော် အဲ့အဆင့်မရှိတဲ့ သူ့အတွက်နဲ့ ဖူးပွင့်လေးကိုတော့ ဝမ်းမနည်းစေချင်ဘူး”


ဟန်စိုင်း ဒေါ်သဇင်ဖြူရဲ့စကားများအား နားမထောင်တော့ဘဲ ထွက်သွားဖို့အလုပ်။


“သား.... အမေနားချင်တယ် အမေ့ကိုအိမ်ထဲလိုက်ပို့ပေး”


“ဒေါ်မြိုင် အမေ့ကို အထဲလိုက်ပို့ပေးလိုက်ပါ”


ဟန်စိုင်းစိတ်တွေက ခခဆီသာ ရောက်နေသဖြင့် အမေ့အား ဒေါ်မြိုင်ကိုသာ လိုက်ပို့ခိုင်းလိုက်သည်။

သို့ပေမယ့်


“သားကို ပို့ခိုင်းတာ ဒေါ်မြိုင်ကို မဟုတ်ဘူး”


အမေဖြစ်သူရဲ့စကားကြောင့် ဟန်စိုင်း ကြောင်အအဖြင့်လှည့်လာခဲ့သည်။


“အမေပြောတာမကြားလို့လား.....”


“ကျွတ်....”


ဟန်စိုင်း ကျွတ်တစ်ချက်သာ သပ်လိုက်ပြီး စိတ်ညစ်ညစ်ဖြင့် သူ့အမေဆီ ပြန်လှည့်လာလိုက်ရသည်။


ခခ သူ့မျက်ရည်များကျနေသည်ကို တစ်ခြားသူတွေအား မမြင်ခိုင်းစေချင်။

ဒါကြောင့်ခြံအနောက်သို့ ထွက်ပြေးလာခဲ့တာ မထင်မှတ်တဲ့ မြင်ကွင်းလေးကြောင့် သူမငိုချင်စိတ်တွေ ပျောက်သွားတော့သည်။


နှင်းဆီပန်းခင်းကြီးနှင့်အတူ အနောက်ဘက်က တောင်တန်းများ။

ပန်းခင်းကြီးအလယ်မှာ သရက်ပင်ငယ်လေးတစ်ပင်ရှိပြီး ထိုသရက်ပင်ငယ်လေးအား ခုံတွေနှင့် ဝန်းရံထားသည်။

ဘယ်လောက်လှလိုက်ပါဘိ။

အရောင်အသွေးအစုံအလင်းနဲ့ ထိုနှင်းဆီပန်းခင်းဆီမှ တစ်ခါတစ်ခါ တိုက်ခတ်လာတဲ့ လေတွေကြား ရှူရိုက်မိလိုက်တဲ့ နှင်းဆီပန်းရနံ့က ခခစိတ်ကို ကြည်လင်အေးချမ်းသွားစေမိသည်။


“ဒီဘိုးတော် ခြောက်မှန်းခြောက်နေတော့တာလား မသိဘူး..... ခြံရှေ့မှာလဲ သဇင်ပန်းတွေအပြည့် ခြံနောက်မှာကြတော့လဲ နှင်းဆီပန်းခင်ကြီး..... ဘာလို့ဒီလိုတွေ စိုက်ထားတာပါလိမ့်”


ပြောရင်းဖြင့် သူမ နှင်းဆီပန်းတစ်ခင်းလုံးကို ဝေ့ကြည့်လိုက်သည်။


“သရက်ပင်”


အပင်သာ ငယ်သာ ‌သီးနေလိုက်တဲ့ သရက်သီးတွေမှ အပြွတ်လိုင်အခိုင်လိုက်ပင်။

သူဌေးအိမ်ဆိုတော့လဲ ခူးစားမည့်သူကမရှိ။

အလုပ်သမားတွေကလဲ မစားကြ။

အဲ့တော့ ဒါက ခခရဲ့အခွင့်အရေးပေ။


ခခ နှင်းဆီပန်းခင်းကို ဖြတ်လာလိုက်ပြီး သရက်ပင်လေးရှိရာဆီ အပြေးလေးသွားလိုက်သည်။


“ဝိုး....”


အဝေးတုန်းကမို့ သရက်ပင်က ငယ်တယ်ထင်ရပေမယ့် အနီးကပ်ကြည့်လိုက်တော့ ထိုသရက်ပင်က တော်တော်ကြီးသည်။

သို့ပေမယ့် ခုံတန်းလေးပေါ်ကနေ တက်မည်ဆိုလျှင် ထင်သလောက်မမြင့်တော့ပါ။

ဒါကြောင့် ‌ခုံတန်းလေးပေါ်မှ တစ်ဆင့် သရက်ပင် ဂွကြားသို့ တက်ထိုင်လိုက်သည်။

ထို့နောက် အဝါရောင်သန်းပြီး မှည့်နေပြီဖြစ်တဲ့ သရက်သီး တစ်လုံးအား ခူးကာ ပါးစပ်နဲ့ လက်နဲ့ကို အသုံးပြု ခွာလိုက်ပြီး တစ်ကိုက်စားလိုက်သည်။


“ကောင်းလိုက်တာ ချိုမွှေးနေတာဘဲ.... အဟီး....” 


တောင်တန်းတွေကိုကြည့်လိုက် နှင်ဆီပန်းခင်းကြီးကိုကြည့်လိုက်နှင့် သရက်သီးလေးစားကာ သဘာဝအလှကို သူမ တဝကြီးခံစားနေသည်။

ထိုအချိန် သူမရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးလိုက်တာက။


“အရှင်းလေး....”


“ဦးဟန်.....”


“အရှင်းလေး ဘယ်မှာလဲ ကိုယ် အန်တီဖြူအစားတောင်းပန်ပါတယ် ကိုယ်ပြောတာကြားရင် ကိုယ့်ဆီ ပြန်လာခဲ့ပါနော်”


“အဲ့လိုလေးပြောတိုင်း ငါ့ကိုစိတ်စိုးပြေသွားမယ် ထင်နေလား မသိဘူး.... ”


သူမ သစ်ပင်ပေါ်ကနေမှ ဟန်စိုင်းအား ကြည့်နေသည်။


“ကိုယ်တောင်းပန်တယ်လို့ ကိုယ့်အသံကြားရင် ပြန်လာခဲ့ပါ နောက်တစ်ခါအဲ့လိုမဖြစ်စေရပါဘူး”


သူဘယ်လောက် ပြောနေ‌ပြောနေ ခခမှာတော့ အစားမပျက်‌ပေ။


“သူတစ်ကယ်ထွက်သွားတာလား.... ဒါမှမဟုတ် သူ့အစ်ကိုလာခေါ်သွားပြီလား.... အဲ့လိုလုပ်လို့မရဘူးလေ”


ဟန်စိုင်း တစ်ခုခုကို ဆုံးရှုံးရတော့မည်ဆိုတဲ့ အသိကြောင့် မျက်ရည်များက ယောင်္ကျားတန်မဲ့ ကျလာခဲ့သည်။


“ဟင်..... အခုဟာက ဦးဟန် ငိုနေတာလား.... ဘာလို့လဲ ငါ့ကြောင့်လား”


“အရှင်းလေးရယ် ကိုယ်တစ်ကယ်တောင်းပန်ပါတယ် ပြန်လာခဲ့ပေးပါ..... ဟင့်...... ”


“ဟင်.... ဟုတ်တယ်ဟ”


ခခ သရက်သီးကို ကိုင်လျက်သားနှင့် ခုံတန်‌းပေါ်သို့ ဆင်းလိုက်သည်။


“ဟိတ်.... ဟိုလူကြီး”


“ဟင်.... အရှင်းလေး”


ဟန်စိုင်း အသံကြောင့် ခေါင်းတွေငုံ့ပြီးငိုနေရာမှ မေ့ာလာခဲ့ပြီး အရှင်းလေးအား ရှာလိုက်သည်။


“အရှင်းလေး....”


ဟန်စိုင်း ခုံလေးပေါ်၌ သရက်သီးစားရင်းဖြင့် ရပ်‌နေတဲ့ သူမလေးနား အပြေးလေးသွားလိုက်ပြီး ဖက်ထားလိုက်သည်။


“ဟင်....”


ခခ သူမခါးနားလေးသို့ တင်းနေအောင်ဖက်လာတဲ့ ဟန်စိုင်းကြောင့် လန့်သွားရသည်။

ခုံပေါ်တက်နေသဖြင့် ခခက ဟန်စိုင်းထက် ခေါင်းနှစ်လုံးစာလောက်ပိုရှည်နေသည်။

ဒါကြောင့်လဲ ဟန်စိုင်း သူမှီရာ သူမခါးလေးကိုဘဲ တင်းနေအောင်ဖက်ထားလိုက်သည်။


“ဦးဟန် ဘာဖြစ်နေတာလဲ လွှတ်အုံး ကြီးနန်းတို့မြင်သွားရင် တစ်မျိုးထင်သွားမယ်”


“မသိဘူး..... ဘာလို့လူကိုလန့်အောင်လုပ်ရတာလဲ”


“မလုပ်ပါဘူး”


“ဒါဆို ဘာလို့ ကိုယ်ခေါ်တာကို ပြန်မထူးရတာလဲ”


“ဒါက..... ဟို ခခ သရက်သီးစားနေလို့”


“ကိုယ်ဘယ်လောက်စိတ်ပူသွားရလဲသိလား”


“အွန်းပါ.... နောက်ဆိုအဲ့လိုဖြစ်အောင်မလုပ်တော့ဘူ..... ကလေးလဲ မဟုတ်ဘဲနဲ့ ဘာလို့ခဏက ငို‌ေနရတာလဲ ငိုရမဲ့သူက ဒီကလူပါ”


“မသိဘူး..... နောက်ဆို အဲ့လိုတွေမလုပ်ပါနဲ့နော် ကိုယ်တောင်းပန်ပါတယ်”


“အွန်းပါဆိုနေ မလုပ်တော့ဘူလို့ အခုတော့လွှတ်အုံး ခခဗိုက်တွေလဲ နာလာပြီ”


“အော်.... ဟုတ်သားဘဲ”


“ဘာလဲမသိဘူး လူကိုအသေလာဖက်ထားတာ ဒီက အစားတောင် မြိုမကျတော့ဘူ”


“အဟဲ.... ဆောရီး”


ကလေးတစ်ယောက်လို လာရီပြနေတဲ့ ဟန်စိုင်းအား ခခ အသည်းယားလာကာ သူ့ခေါင်းလေးအား ဖွပေးလိုက်သည်။

ဟန်စိုင်း သူမရဲ့ ထူးဆန်းတဲ့အပြုအမူကြောင့် ကြက်သေသေသွားသည်။


“ဟို.... ဆော ဆောရီး မှားသွားလို့”


ခခ သူ့အား စူးစိုက်ကြည့်လာတဲ့ ဟန်စိုင်းကြောင့် မနေတက်တော့ကာ ပြောမိပြောရာ ပြောထွက်မိသွားသည်။


“အဟွန်း..... မလိုပါဘူးဗျာ.....”


“ဟို.... ဒါဆို သွားစို့လေ ဒီမှာက အေးတယ်”


“ဟုတ်ပ... သွားမယ် လာ ကိုယ်ကူပေးမယ်”


ဟန်စိုင်း ခခခါးလေးဆီမှ ကိုင်လိုက်ပြီး အောက်သို့ချပေးလိုက်သည်။


“ပါးဘယ်လိုနေသေးလဲ”


“ဘယ်လိုမှမနေဘူး.... ဒါနဲ့ ဘာလို့ အဲ့အန်တီကြီးက ခခကို ဗလိုင်းကြီးလာရိုက်ရတာလဲ”


“ကိုယ်တောင်းပန်ပါတယ်”


“အဲ့အန်တီ တောင်းပန်ရမှာ”


“ဟုတ်တယ်.... နောက်တစ်ခါကိုယ် အဲ့အန်တီကို တောင်းပန်ခိုင်းလိုက်မယ်”


“ဟုတ်.... ဒါဆို အထဲဝင်ရအောင်”


နှစ်‌ယောက်သား ထိုနေရာလေးမှ ထွက်လာခဲ့လိုက်ကြသည်။


“သား ပြန်ရောက်ပြီပေါ့”


အိမ်ထဲဝင်ဝင်ချင်း အသံကြောင့် နှစ်ယောက်လုံး ဧည့်ခန်းစီသို့အကြည့် ရောက်သွားသည်။


“အမေ....”


“သား.... ဘာသွားလုပ်နေတာလဲ အမေဖြစ်သူကိုတောင် ပစ်သွားတာ”


“မဟုတ်ပါဘူး အ‌ရှင်းလေး ဘယ်ထွက်သွားတာလဲလို့ လိုက်ကြည့်တာပါ”


“အော်.... သမီးခခက အမေ့ထက်တောင် ပိုအရေးကြီးသွားပြီကို”


“အမေကလဲ ဘယ်လိုတွေပြောနေတာလဲ”


ဒေါ်နန်းခင်ခင် ဧည့်ခန်းထဲထိုင်နေရာမှ စိတ်ပျက်လက်ပျက်ပုံစံဖြင့် ထွက်လာခဲ့လိုက်တော့သည်။


ကြီးနန်းက ပြောင်းလဲသွားတာလား။


“အရှင်းလေး အရှင်းလေး....”


ခခကိုယ့်အတွေးနဲ့ကိုယ်မို့ ဘာမှကိုမကြားနိုင်ပါ။


“အရှင်းလေး.... ဘာတွေတွေးနေတာလဲ”


“ဟမ်.... ဟို ဘာမှမတွေးပါဘူး”


“ဒါဆိုလဲ သွားနားတော့လေ အရှင်းလေး စိတ်ကောလူကော ပင်ပန်းနေပြီ”


ဟန်စိုင်း သူမရဲ့ နွမ်းလျလျမျက်နှာလေးအား ကြည့်ကာ ပြောလိုက်သည်။


“ဟုတ်..... ဒါဆို ခခသွားပြီ”


“အဟွန်း..... ကောင်းပါပြီ”


နှစ်ယောက်လုံး အပြန်အလှန် နှုတ်ဆက်လိုက်ကြပြီး ကိုယ့်အခန်းကိုယ် ပြန်လာခဲ့လိုက်သည်။


ကြီးနန်းက ဘာဖြစ်သွားတာပါလိမ့်.... ငါ့ကို ကြည့်နေတဲ့ မျက်လုံးတွေက အရင်ကနဲ့မတူတော့ဘူ မတောက်ပတော့ဘူ သနားစိတ်လဲ မရှိတော့ဘူ.... ဘာလို့လဲ ဟိုအန်တီကြီးကြောင့်လား... ဒါမှမဟုတ် သဇင်ဖူးပွင့်ဆိုတဲ့ သူကြောင့်လား။


ခခ ‌ကြီးနန်းရဲ့ပြောင်းလဲမှုကို မယုံနိုင်ပေ။

ခဏက ကြည့်သွားသည့်အကြည့်တွေကိုလဲ သူမ မခံစားနိုင်ပါ။

ကိုယ့်အပေါ် အမြဲတမ်းကောင်းခဲ့တဲ့လူက အခုချိန်မှ အကြောင်းမဲ့သပ်သပ် ပြောင်းလဲသွားခဲ့ရင် သူမအလွန်ပင် ဝမ်းနည်းမိမည်။

သူမမှာက ခင်စရာ တွယ်တာစရာဆို၍ ဆယ်ယောက်ပင်မရှိ။

ဒါကြောင့် အဲ့ဆယ်ယောက်လောက်မရှိတဲ့ ခင်တွယ်စရာတွေကို အလွန်တန်ဖိုးထားသည်။ အခုတော့ ဒေါ်နန်းခင်ခင်ရဲ့ အပြုအမူကြောင့် သူမစိတ်ခုနေမိသည်။


“အမေကဘာဖြစ်ချင်နေတာလဲ..... ဘာလို့ အရှင်းလေးကို အရင်လိုမဆက်ဆံတော့တာလဲ ကြည်ြတဲ့အကြည့်တွေကလဲ အရမ်းသူစိမ်းဆန်လွန်းတယ်.... အရှင်းလေးကို သေချာဂရုစိုက်ရတော့မယ် အခုဆို အန္တရာယ်ပြုမဲ့သူက နောက်စတ်ယောက်ပြန်ပေါ်လာပြီ”


ဒေါ်သဇင်ဖြူအား ရည်ညွှန်း၍ ပြောဆိုခြင်းပေ။

သဇင်ဖြူဆိုတာလဲ သူ့ရဲ့အတိတ်က အကြောင်းအရာတွေကို ကြည့်လိုက်ရုံဖြင့် ဘယ်လောက်အဆိပ်ပြင်းတဲ့ မြွေဟောက်လဲဆိုတာ ဟန်စိုင်းတင်မဟုတ် သူတို့နဲ့ စီးပွားဖော် စီးပွားဖက် အကုန်သိသည်။

ဒါကြောင့် ပိုသတိထားရမည်။


##################


“ခခဘယ်ရောက်သွားတာပါလိမ့်”


ခဏက လှေကားလေးပေါ်ကနေ ခခအား လှမ်းကြည့်နေသည့် ဘုန်းသျှံတစ်ယောက် ရုတ်တရက်ပျောက်သွားတဲ့ ခခကြောင့် တစ်ဖက်ခြံတစ်ခြံလုံးကို လိုက်ကြည့်နေသည်။


“ဟိုထဲက ဘယ်သူပါလိမ့်”


ခြံထဲ၌ သစ်ခပန်းတွေကြား ထိုင်နေတဲ့ မိန်းကလေးတစ်ဦးအား ဘုန်းသျှံတွေ့လိုက်သည်။


“ခခကို ခြံထဲမှာ ပါးဂိုက်လိုက်တဲ့တစ်ယောက်နဲ့ တူလိုက်တာ”


နောက်ကျောက ကြည့်လျှင် သိပ်မတွေ့ရပေမယ့် သူမက တစ်ဖက်သို့ လှည့်လာသဖြင့် ဘုန်းသျှံ သူမမျက်နှာအား အသေအချာ တွေ့လိုက်တော့သည်။


နက်မှောင်နေတဲ့ မျက်ခုံးတန်းရှည်ရှည် စူးရှလွန်းတဲ့ အကြည့်တွေနဲ့ ဝန်းရံထားတဲ့ အညိုရောင် မျက်လုံး။ အမြဲတင်းတင်းစေ့ထားတဲ့ ထူထဲတဲ့ နှုတ်ခမ်းနှစ်လွှာ။ ခန္ဓာကိုယ်ကပိန်ပိန်ပါးပါး အရပ်က အခြားမိန်းကလေးတွေနဲ့ဆိုရင်တော့ ရှည်သည်ဟု ပြောရမည်။ အတော်အတန်ဖြူတဲ့ အသားအရည်ပေါ်မှ ကြက်သွေးရောင် ချိတ်ဝမ်းဆက်ကို ဝတ်ဆင်ထားတဲ့သူမ။ ခန္ဓာကိုယ် အချိုးကျတာကြောင့် သူမကိုကြည့်ရတာ ထိုမြန်မာဝတ်စုံတွေနှင့် အလွန်လိုက်သည်။

ကျောလယ်လောက်ရှိတဲ့ ဆံနွယ်တွေအား ရွှေအိုရောင် ဆိုးထားကာ ဖြန့်ကျတ်ထားသည်။

ဘယ်လောက်တောင် ကျက်သရေရှိပါဘိ။

ဘုန်းသျှံ သူမရဲ့ မျက်နှာအစိတ်အပိုင်း တစ်ခုချင်းစီကို လိုက်ကြည့်နေမိသည်။


“ဘာကြည့်နေတာလဲ”


“ဟင်....”


မျက်နှာထားတင် တင်းမာတာ မဟုတ်ဘဲ အသံကပါ ဩဇာအပြည့်ရှိတဲ့ အသံနှင့်မို့ ဘုန်းသျှံ ကြက်သီးမွှေးညှင်းတောင် ထသွားရသည်။

ခခအားပါးရိုက်သည့်ကိစ္စကို ပြဿနာရှာမည်ဟု တွေးထားသော်လဲ သူမရဲ့ စူးရှတဲ့ အကြည့်တွေနှင့်ဝန်းရံထားသည့် ထိုမျက်လုံးတွေကြောင့် ပြောစရာ စကားများပင် ပျောက်ကုန်တော့သည်။


“ဘာကြည့်တာလဲလို့ မင်းကိုပြောတာ မကြားဘူးလား”


“ဗျာ.... ဟို.... ဟို ဘာ ဘာမှမကြည့်ပါဘူး”


“စိတ်ညစ်စရာတွေဘဲ”


ပြောရင်းဖြင့် လှည့်ထွက်သွားတော့မည့်သူမအား ဘုန်းသျှံ တားလိုက်ပြီး ပါးရိုက်သည့်ကိစ္စအား မမေးရဲမေးရဲဖြင့် မေးလိုက်တော့သည်။


“ဒိမှာ....... မနေ့က ခခကို ဘာလို့ ပါးရိုက်လိုက်တာလဲ”


“အဟက်...."


အသံတွေ တုန်ရီစွာဖြင့် မမေးရဲမေးရဲ မေးလာတဲ့ ထိုကောင်လေးအား ဖူးပွင့်တို့ တစ်ချက်ရီလိုက်သည်။


“ဟင်....”


ပါးစပ်လေးအား သူ့လက်သွယ်သွယ်လေးဖြင့် အုပ်ကာ ရီလိုက်တဲ့ သူမကြောင့် ဘုန်းသျှံ ကြောင်လဲကြောင်သွားသလို ကြက်သေ သေသွားသည်။

ထို‌့နောက် ဘုန်းသျှံ လှေကားပေါ်မှ ဟန်ချက် မထိန်းနိုင်ကာ အောက်သို့ ကျသွားတော့သည်။


“အဟွန့်.... ငါ့ကို လာစချင်တယ်ပေါ့.....”

“ ဒီမှာ ကောင်လေး တို့က ချာတိတ်တွေနဲ့ ကစားရတာ စိတ်မဝင်စားဘူး”


တစ်ဖက်မှ ကောင်လေးအား အသံကိုကြားရအောင် ဖူးပွင့် ခပ်ကျယ်ကျယ် ပြောလိုက်သည်။


ဘုန်းသျှံမှာတော့ သူ့စကားများအား ကြားကာ မြက်ခင်းပြင်ပေါ်၌ ရင်ခုန်လျက်နှင့် ထိုင်နေမိသည်။


“ဘယ်လိုမိန်းမမျိုးလဲ”


ဘုန်းသျှံ သူမရီလိုက်တဲ့ အသံလေးနှင့် သူမပုံစံလေးအား ယခုချိန်ထိပင် မျက်စိက မထွက်နိုင်ပေ။


“စုန်းမလား နတ်သမီးလား”


တစ်ခါတည်းနှင့် အတွေးအားလုံးကို သိမ်းပိုက်သွားသည့် ထိုမိန်းကလေးက သေချာတာကတော့ ဘုန်းသျံရဲ့ အချစ်တွေကို ပြုစားတော့မည့် ကဝေပျိုမလေးပင်။


10870✍︎

အချိန်ပေးပြီး စောင့်‌ဖတ်ပေးတဲ့ အတွက် ကျေးဇူးအများကြီး တင်ပါတယ်။♡︎♥︎

စိတ်ကူးရင် ဝတ္ထုမို့အမှားပါရင် ခွင့်လွှတ်ပါ။

ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏


rate now: