“အချစ်သည်ခလေးကြောင့်ဖြစ်သည်”
“ဒေါက် ဒေါက်....”
“ဘယ်သူလဲ”
တစ်ဖက်မှ အသံဟိန်း"ဖြင့် ပြောလာတာကြောင့် ဖူးပွင့် လန့်သွားတော့သည်။
“ဟို.... ဟို....”
ဟန်စိုင်း စိတ်မရှည်တော့တာကြောင့် တံခါးကိုဖွင့်ပစ်လိုက်တော့သည်။
“မင်း.... ဘာကိစ္စရှိလို့လဲ”
“ဟိုလေ....”
ဟန်စိုင်းရဲ့ အကြည့်စူးစူးတွေအား မခံနိုင်တာကြောင့် ဖူးပွင့် ထိုနေရာလေးမှ ထွက်လာဖို့ ပြင်လိုက်သည်။
“နောက်တစ်ခါ ကိစ္စမရှိရင် ငါ့အခန်းရှေ့ကို မလာပါနဲ့.... မင်းနဲ့ငါအရင်က ဘယ်လိုပတ်သက်လဲတော့မသိဘူး ဒါပေမယ့် အခုက ငါမင်းကိုမမှတ်မိတော့ဘူ.... ဒါကြောင့် ငါနဲ့ ဖြစ်နိုင်ရင်လေ ဝေးဝေးမှာနေပေးပါ”
ဟန်စိုင်းပြောလဲပြီးရော တစ်ဖက်မိန်းကလေး မျက်နှာသို့ ကြည့်လိုက်သည်။
စိတ်စိုးသွားသည့်အလား မျက်နှာကြီးမှာ မှုန်ကုပ်လို့နေနေသည်။
သို့ပေမယ့်လဲ သူမတက်နိုင်ပါ။
အန္တရာယ်ဆိုတာ ကြိုကာကွယ်ရမယ်လေ မဟုတ်လား။ အမေတို့လွှတ်လိုက်တာနဲ့ လူကောင်းဖြစ်ချင်မှဖြစ်မည်။ ဒါကြောင့် သူမအား သေချာစောင့်ကြည့်ရမည်။
ဖူးပွင့် စိတ်စိုးစိုးနှင့် ထိုနေရာမှ ထွင်လာခဲ့လိုက်သည်။
“ဦးဟန် ဘာဖြစ်တာလဲ”
အင်္ကျီတွေခေါက်နေရာမှ မေးလာတဲ့ သူမလေးအား ဘာမှပြန်မပြောဘဲ ပြုံးသာပြုံးပြလိုက်သည်။
“ဘာလဲဟ..... ဘယဖြစ်တာလဲလို့ ဦးဟန်”
“ဘာမှမဖြစ်ပါဘူး..... မင်းကတော်တော် စပ်စုတာဘဲ”
“မဟုတ်ပါဘူး ဒီတိုင်းသိချင်လို့ကို”
“ဟုတ်ပါပြီ..... ခဏက သဇင်ဖူးပွင့်လာတာ”
“ဒါနဲ့ သူက ဘယ်သူလဲဟင်.... ဦးဟန်ရဲ့ ချစ်သူလား”
“ဟာ... ဘယ်ကသာ ကိုယ့်ချစ်သူဖြစ်ရမှာလဲ..... သူဘယ်သူလဲတောင် ကိုယ်မသိဘူး..... အမေတို့လွှတ်လိုက်လို့သာ လက်ခံထားရတာ”
“အော်..... ဒါနဲ့ ခခအလုပ်ပြီးပြီမလား”
သူမအပြောကြောင့် အခန်းတစ်ခန်းလုံးကို ဝေ့ကြည့်လိုက်သည်။
အဝတ်တွေအားလုံးကို အသေအချာ ခေါက်ပေးထားပြီး အိပ်ရာခင်းကိုလဲ သေချာပြင်ပေးထားသည်။
တစ်ခန်းလုံးကို သူမ သေချာ သန့်ရှင်းရေးလုပ်ပေးထားသည်။
“အဟွန်း.... အရှင်းလေးကို ဆုချရတော့မယ်”
“ဟင်.... တစ်ကယ်လား”
“တစ်ကယ်ပေါ့”
“အဟီး.... ဘာဆုချမှာလဲဟင်”
“ဘာလိုချင်လဲ”
“ဆုချမှာပါဆို ဘာလိုချင်လဲလာမေးနေတော့ အဲ့ဆုကို ခခက ဘယ်လိုလုပ်ရင်ခုန်တော့မှာလဲ”
“ဒါပေါ့ ဒါပေါ့..... ဒါဆို ဆုကို သေချာပြင်ထားလိုက်ပါ့မယ် မတက်ဖြန်မှ တိတ်တိတ်လေးပေးတော့မယ်”
“ဟုတ် ဟုတ်”
ဂုတ်ထောက်ဆံပင်လေးတွေအား ခါရမ်းသွားအောင် ခေါင်းကို အသွင်သွင်ငုံ့ပြနေသည့် သူမလေးဟာ အပြစ်ကင်းစင်ပြီး အတော်လေးကို ချစ်ဖို့ကောင်းသည်။
ဒီလောက်ချစ်ဖို့ ကောင်းပြီး ဘာမှကိုမသိတဲ့ အပြစ်ကင်းစင်တဲ့ ကလေးမလေးမှာလဲ အတိတ်ဆိုးတွေက ရှိခဲ့တာဘဲလား။
“ဦးဟန်”
အတွေးလွန်နေတုန်း အရှေ့မှ လက်လေးပြကာ ခေါ်လာတဲ့ သူမလေးကြောင့် တွေးလက်စအတွေးတွေကို ရပ်တန့်ပစ်လိုက်ရသည်။
“အွန်း.... ပြောလေ”
“ဟိုလေ.... ခခကိုလေ....”
စကားကို ဆက်မပြောဘဲ ရပ်နေသည့် ထိုကလေးမလေးအား ဟန်စိုင်းစိတ်မရှည်လာတော့ပေ။
“ပြောပါ ဘာပြောချင်တာလဲ”
“ဟို..... ခြံထဲက သဇင်ပန်းလေးလေ....”
“အွန်း.... အဲ့ဒါဘာဖြစ်လဲ”
“တစ်ခတ်လောက်ခူးချင်တယ်”
“အဟက်... ”
အဲ့ဒါလေးပြောဖို့ကို မဝံ့မရဲဖြစ်နေတဲ့ သူမလေးအား ဟန်စိုင်း ရီချင်စိတ်တွေကို မထိန်းနိုင်ကာ ရီပစ်လိုက်တော့သည်။
“ဘာရီတာလဲ ဒီက ခွင့်တောင်းနေတာလေ..... ဦးဟန်က သဇင်ပန်းတွေကို ပိုးမွေးသလို သယုသယပြုစုထားတာဆိုတော့ ဒီက ခွင့်တောင်းရတာလေ”
“ဟုတ်ပါပြီဗျာ.... ခူးစေ ခူးစေ တစ်ခတ်တင်မဟုတ်ဘူး ကြိုက်သလောက်ခူး ဟုတ်ပြီလား”
“အများကြီးမခူးပါဘူး တစ်ခတ်ဘဲခူးမှာပါ.... အဲ့သဇင်ပန်းတွေက အဲ့လောက်ဈေးကြီးတာကို”
“ရပါတယ် ကြိုက်သလောက်ခူးပါ”
“အွန်းပါ.... ပြီးမှ တစ်ခြံလုံးခူးပစ်လိုက်မှ”
“ခူးကြည့်ပေါ့....”
“ခူးလိုက်ရင် ဘာလုပ်မှာလဲ အသစ်ပြန်စိုက်မှာလား”
“မစိုက်ပါဘူး.... အဲ့ခူးမယ်ဆိုပြီး ပြောတဲ့သူကို ခူးတဲ့လက်ကိုရော ပြောတဲ့ပါးစပ်ကိုကော အပြစ်ပေးပစ်လိုက်မှာ”
“ဟင်.....”
ဟန်စိုင်း အပြောကြောင့် ခခမျက်နှာလေးပူထူလာကာ နီရဲလာသည်။
ဒါကိုသိတဲ့ ဟန်စိုင်းက
“အဟွန်း.... တစ်မျိုးမတွေးနဲ့နော် ကိုယ်ပြောတာက အဲ့ပါးစပ်ရယ် လက်ရယ်ကို တိတ်နဲ့ကပ်ထားမှာလို့”
“ဒီကလဲ ဘာပြောလို့လဲ.... ”
“ကိုယ်လဲ.....”
“ဟာ... တော်ပြီကွာ သွားပြီ”
ပြောရင်းဖြင့် အပြေးလေးထွက်သွားတဲ့ ကလေးမအား ဟန်စိုင်း ပြုံးလျက်သားနှင့်ကြည့်နေမိသည်။
“ဟွန့်.... ဘယ်လိုလူပါလိမ့် ဟိုပြောဒီပြောနဲ့.... လူကိုအရုပ်မြန်းထင်နေလားမသိဘူး”
ခခ ပွစိပွစိနှင့် ခြံထဲသို့ ဆင်းလာခဲ့လိုက်သည်။
“အဟွန်း..... ဒီနေ့မှ သဇင်ပန်းတွေက ပိုပွင့်နေသလိုဘဲ.... ဘာလို့များ ဒီလောက်ဈေးကြီးတဲ့ပန်းကို အများကြီးစိုက်ထားတာပါလိမ့်”
တွေးလဲတွေးရင် ပန်းတွေကိုလဲ ရှောက်ပတ်ကြည့်နေလိုက်သည်။
“ဝိုး.... ဒီတစ်ခတ်ကလှလိုက်တာ”
ဘယ်အပွင့်နဲ့မှ မတူဘဲ ထူးထူးခြားခြား အပွင့်ကြီးကြီးနှင့်ပွင့်နေသည့် ထိုပန်းခတ်လေးအား ခခခူးဖို့ပြင်လိုက်စဉ်။
“မင်းအဲ့ဒါဘာလုပ်တာလဲ”
“ဟင်.....”
အနောက်ပါးဆီမှ အသံကြောင့် ပန်းခတ်လေးအား ခူးဖို့ကိုင်ထားတဲ့ ခခလက်တွေ ရက်တန့်သွားပြီး လှည့်ကြည့်လိုက်သည်။
သဇင်ဖူးပွင့်။
“ဟို.... ဘာကိစ္စရှိလို့လဲဟင်”
“မင်းအဲ့ဒါဘာလုပ်တာလဲ”
ပန်းခူးဖို့ပြင်နေတာကို မြင်ရဲ့သားနဲ့ ပြန်လာမေးနေတော့ ခခစိတ်ထဲအနည်းငယ်ခုသွားသည်။
ကန်းနေလားလို့မေးလိုက်ရင်လဲ လွန်ရာကြသွားတာမို့ ဘာမှထပ်မပြောဘဲ ဒီတိုင်းရပ်နေလိုက်သည်။
တစ်ဖက်မှ ကိုယ့်မေးတဲ့မေးခွန်းအား မဖြေတဲ့အပြင် မကြားသလို ရပ်ကြည့်နေတဲ့ သူမကြောင့် ဖူးပွင့်တို့ အတော်ဒေါသထွက်သွားတော့သည်။
“မင်းကို မေးနေတာမမြင်ဘူးလား”
မေးကတည်းက လေသံကခပ်မာမာမို့ ခခစိတ်တိုလာသည်။
“ပန်းခူးမလို့လေ မမြင်ဖူးလား”
အသံကို အတက်နိုင်ဆုံး ချိုသာအောင် ပြောလိုက်ပေမယ့် တစ်ဖက်ကတော့ သူ့ကိုရွှဲ့သည်အထိနှင့် မျက်နှာကြီးမှာ မှုန်ကုပ်သွားပြီး
“ဖျန်း.....”
“ဟင်.....”
ခခပါးပေါ်သို့ ဖူးပွင့်ရဲ့ လက်ကျရောက်သွားသည်။
ငယ်ငယ်ကတည်းက ယောင်္ကျားအားနှင့် ပါးရိုက်ခံဖူးသည်မို့ မိန်းကလေးအားနှင့် ရိုက်လိုက်သည်လောက်က သူမအတွက် ဘယ်လောက်မှ မနာကျင်ရပါ။
သို့ပေမယ့် ငယ်ငယ်တုန်းက ရိုက်ခံရတာက မစဉ်းစားမဆင်ခြင်ခဲ့လို့။
အခုဟာက ဗလိုင်းကြီးလာရိုက်သဖြင့် ခခတူ့ ဒေါသအထွတ်အထိပ်သို့ ရောက်သွားတော့သည်။
ခခ သူမပါးအား ပြန်ရိုက်ဖို့ ပြင်လိုက်စဉ် အနောက်ပါးဆီမှ အသံကြောင့် သူ့လက်များ ပြန်ရုတ်သိမ်းသွားတော့သည်။
“သဇင်ဖူးပွင့်”
စူးရှပြတ်သားတဲ့အသံရဲ့ နောက်ကွယ်မှာ ဒေါသသံပါနေသဖြင့် ထိုအသံပိုင်ရှင်အား ဘယ်သူဘယ်ဝါဆိုတာ တန်းသိနိုင်သည်။
“ဦးဟန်”
“အစိုင်း”
“ဘာလုပ်တာလဲ မင်းကိုဘယ်သူက ပါးရိုက်ခွင့်ပေးထားတာလဲ”
“ဟို.... ဒါက သူ သူ.... ကျွန်မကို မခန့်လေးစားလုပ်တာ”
လက်ညိုးငေါက်ငေါက်ထိုးကာ ပြောလာတဲ့ သူမကြောင့် ခခဒေါသတဖန်ပြန်ထွက်လာရသည်။
“ဒီကမ္ဘာပေါ်မှာ ခခရိုသေလေးစားရတဲ့သူက ငါးယောက်ဘဲရှိတယ်..... ပထမဆုံးက အမေ ပြီးရင် အဖိုး ပြီးရင် ကြီးနန်း ပြီးရင် ဒေါ်မြိုင် နောက်ဆုံးက....ဦးဟန်”
ဟန်စိုင်း သူ့နာမည်လေးပါလာသဖြင့် ရင်ထဲတွင် အလှိုက်မသိ ပျော်သွားတော့သည်။
နောက်ဆုံးနေရာဆိုပေမယ့် သူပျော်ပါသည်။
“အဲ့လူတွေကလွှဲလို့ ဘယ်သူ့ကိုမှ မရိုသေပေးနိုင်သလို လေးလဲမလေးစားနိုင်ဘူး.... အဓိက ကခင်များဆိုပိုဝေးသေး”
ဟန်စိုင်းရှိနေသဖြင့် ဖူးပွင့် အံကြိတ်လျက်သာ ငြိမ်ခံနေရသည်။
မင်းမှတ်ထားအုံးပေါ့။
စိတ်ထဲမှ ကြိမ်းကာ ထွက်သွားတော့မည့်အလုပ် ဟန်စိုင်းတားလိုက်သည်။
“မင်းကို ငါကြိုပြောထားမယ် သူများအိမ်မှာနေရင် အေးအေးဆေးဆေးနေ ဇယားတွေသိပ်မရှုပ်ပါနဲ့..... အမေ့အသိမကလို့ အမေ့အမေ ငါ့အဖွားဖြစ်နေရင်တောင် ဂရုမစိုက်ဘူးနော်.... နောက်နေ့ကစပြီး သူမကငါတစ်ယောက်ဘဲ ခိုင်းရတာမို့ မင်းခိုင်းစရာမလိုသလို ဒီနေ့လို အဖြစ်အပျက်မျိုး နောက်တစ်ခါထပ်ဖြစ်ခဲ့ရင် အဲ့နေ့ မင်းသေပြီသာ ပြင်ထား..... ဒါပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်ဖြစ်ပါစေ”
“တောက်.....”
သူမလဲ ဒေါသမထိန်းနိုင်တော့သည့်အဆုံး တောက်တစ်ချက်သာ ခေါက်လိုက်ပြီး ထွက်လာခဲ့လိုက်တော့သည်။
“ဘယ်လိုနေလဲ.... အရမ်းနာနေလား”
“ဟွန့်.....”
ဟန်စိုင်း သူ့အားမျက်စောင်းလေးထိုးကာ လှည့်ထွက်သွားတဲ့ သူမကြောင့် ကြောင်သွားရသည်။
“အရှင်းလေး နေအုံးလေ....”
သူမနောက်သို့ ဟန်စိုင်း အပြေးလေးဖြင့် လိုက်သွားတော့သည်။
###############################
“အစိုင်းဘာလို့ ဒီလောက်ပြောင်းလဲသွားရတာလဲ အဟွန့်.... ဟိုကောင်မကြောင့်ဘဲနေမှာပေါ့..... တွေ့ကြသေးတာပေါ့”
ဖူးပွင့် မိခင်ဖြစ်သူအား ဖုန်းဆက်လိုက်သည်။
ဒူ ဒူ.....
“ဟယ်လို”
“ဟယ်လို အမေ့”
“အင်း.... ပြောလေ သမီး အဆင်ပြေရဲ့လား”
“အဟင့်..... မပြေဘူး အစိုင်း အိမ်မှာ အလုပ်လုပ်တဲ့ အိမ်ဖော် သမီးပါးကိုရိုက်လိုက်တယ် သိလား”
“ဟေ..... ဘာတွေတုန်း သမီးက သူ့ကိုဘာလုပ်လိုက်လို့တုန်း”
“သူက သမီး အစိုင်းနားမှာအရမ်းကပ်လို့တဲ့ အဲ့ဒါ ခြံထဲမှာ ခေါ်ပြီး သမီးပါးကိုရိုက်တယ်....”
“သားစိုင်းကကော ဘာမှမပြောဘူးလား”
“အဲ့အိမ်ဖော်မက အစိုင်းကို ဘာဆေးတွေသုံးပေးထားလဲမှ မသိတာ ဟိုက သူမှသူဖြစ်နေတာ အဟင့်....”
“သမီးရယ် မငိုပါနဲ့..... ဘယ်လိုတွေဘဲဖြစ်နေဖြစ်နေ တစ်ချိန်ကြရင် သားစိုင်းနဲ့သမီးနဲ့က လက်ထပ်ရမှာဘဲ..... ဘာမှစိတ်မပူနဲ့ သမီး အမေမနက်ဖြန် ကလောကို လာခဲ့မယ် ဟုတ်ပြီလား”
“ဟင်.... တစ်ကယ်ပြောတာလား အမေ”
“တစ်ကယ်ပေါ့ သမီးရဲ့ အခင့်ကိုပါ ရအောင်ခေါ်ခဲ့ပေးမယ်”
“ဟုတ် ဟုတ်.... ဒါဆိုသမီးဖုန်းချပြီနော်”
“ဟုတ်ပါပြီ”
မိခင်ဖြစ်သူဖုန်းချသွားသည်နှင့် ဖူးပွင့် အပျော်ကြီးပျော်နေတော့သည်။
“တွေ့ကြသေးတာပေါ့”
##########
“အရှင်းလေး အရှင်းလေးလို့”
“ဘာလဲ”
“ကိုယ်ဆေးလိမ်းပေးမယ်”
“မလိုဘူး”
“ဟာ.... ဘာလို့လဲ”
“ဆေးလိမ်းပေးစရာမလိုဘူး.... ခင်ဗျားကြီးမိန်းမကိုဘဲ နောက်တစ်ခါ လူကိုအရင်ရန်လာမစဖို့ ပြောထားပေးပါ..... တောက်တစ်ခါဆို ခခတစ်ကယ်သည်းခံမှာမဟုတ်ဘူး ပြန်ရိုက်မှာ”
“အွန်းပါ.... သူနောက်တစ်ခါမလုပ်ရဲတော့ပါဘူး..... ဒါနဲ့လေ သူက ကိုယ့်မိန်းမ မဟုတ်ပါဘူး”
“မသိဘူး.... အခုလောလောဆယ် ဆေးသွားလိမ်းအုံးမယ်”
“ရပါတယ် ကိုယ့်ဟာကို လိမ်းတက်တယ်”
“ကိုယ်လိမ်းပေးပါ့မယ် ကိုယ့်ကြောင့်ဖြစ်တဲ့ဟာကို”
“မဆိုင်ပါဘူး.... ကဲပါ ကိုယ့်ဟာကိုဘဲ လိမ်းလိုက်တော့မယ် သွားပြီ”
ခခ ဆေးဘူးတစ်ချို့အား ယူခဲ့လိုက်ပြီး သူ့အခန်းထဲသို့ ဝင်သွားလိုက်တော့သည်။
“အား.... နာလိုက်တာ ဘယ်လို မိန်းမလဲမသိဘူး.... သူများပါးနုနုလေးကို ကျစ်....”
သူမ ပါးပေါ်က လက်ဝါးရာကြီးအားကြည့်ကာ ဒေါသလဲထွက်ရသလို ဝမ်းလဲနည်းမိသည်။
“ဘယ်အချိန်မှ ထိန်းချုပ်မှု အချုပ်အနှောင်တွေကနေ ကင်းမှာလဲ ဘာလို့ လူတိုင်းက ငါ့ကိုမုန်းနေကြရတာလဲ..... ဝဋ်တွေက ကျေသွားပြီမဟုတ်လား ဘာလို့လဲ အဟင့်.....”
သူမပြောရင်းဖြင့် မထိန်းနိုင်တော့ဘဲ ငိုချမိလိုက်တော့သည်။
ကိုယ်တောင်းပန်ပါတယ် ခလေးရယ်။
ဟန်စိုင်းလဲ စိတ်မကောင်း"ဖြင့် အပေါ်သို့တက်လာခဲ့လိုက်တော့သည်။
####
“ဒေါက် ဒေါက်.....”
နေ့လယ်က ကိစ္စပြီးတော့ အခန်းထဲဝင်သွားတာ အခု ညနေ၅နာရီခွဲနေပြီ မထွက်လာသေးသဖြင့် ဟန်စိုင်း စိတ်ပူကာ သူမအခန်းရှေ့သို့ ရောက်လာပြီး တံခါးခေါက်လိုက်သည်။
“အရှင်းလေး ကိုယ်ပါ”
“အွန်း..... အခုထွက်လာခဲ့မယ်”
အင်္ကျီလက်ပြတ်လေးဝတ်ထားတာမို့ အပေါ်ဖုံး လက်ရှည်လေးတစ်ထည်ကောက်ဝတ်လိုက်ပြီး ထွက်လာခဲ့လိုက်သည်။
“ဘာတွေ လုပ်နေတာလဲ ငါးနာရီကြီးတောင် ပျောက်သွားတာ”
“အိပ်နေတာ”
“လာ....”
“ဘယ်သွားမလို့လဲ”
“ထမင်းစားမယ်”
“ခခ မဆာဘူး တစ်ကယ်မဆာဘူး”
“ဟုတ်လို့လား”
“ဟာ.... တစ်ကယ်ပါဆို”
“ပြီးတာဘဲ ဒါဆိုစိတ်ပြေလက်ပျောက်ဇာတ်ကားကြည့်မလား”
“အွန်း အွန်း ကြည့်မယ်”
“ဧည့်ခန်းမှာစောင့်နေ ကိုယ်လာခဲ့မယ်”
ခခ ဧည့်ခန်းထဲမှာ စောင့်နေလိုက်ပြီး ဟန်စိုင်းကတော့ မုန့်ထုပ်လေးတွေယူကာ ပြန်လာခဲ့လိုက်သည်။
“ဘာကားကြည့်ချင်လဲ အရှင်းလေး”
“လာတဲ့ကားကြည့်မယ်လေ တီဗွီဖွင့်ကြည့်လိုက်ပေါ့”
“ဟုတ်ပြီ”
ဟန်စိုင်း တီဗွီဖွင့်ကြည့်လိုက်တော့ အင်္ဂလိပ်ကတွေသာ လာနေသည်။
“ကြည့်မလား”
“မြန်မာစာတောင်ကောင်းကောင်းမရပါဘူးဆို အင်္ဂလိပ်စာဆို ဘယ်လိုသွားနားထောင်ပြီးကြည့်ရမှာလဲ”
“ဟုတ်သားဘဲ မြန်မာစာတန်းကလဲ မထိုးဘူး..... ကိုယ်နားလည်တယ် ကိုယ်ဘာသာပြန်ပေးမယ်လေ ကြည့်မှာလား”
“သေချာပြန်ပေးရမယ်နော်”
“ဟုတ်ပါပြီ”
ဒီလိုနဲ့ ခခကဇာတ်ကားကြည့် ဟန်စိုင်းကတော့ အသံကိုသေချာနားထောင်ကာ ဘာသာပြန်ပေးနေသည်။
ဇာတ်ကားက အသက်ကွာခြားမှုကြောင့် မင်းသမီးမိဘတွေဘက်မှ သဘောမသည့်ကားပေ။
“ဖျန်း.....”
ဇာတ်ကားထဲက ပါးရိုက်လိုက်သည့်အခန်းက ထိုကားကို ကြည့်နေသူအား အရိုက်ခံလိုက်ရသလိုပင်။
ခခပါးလေးမှ ကြိမ်းတက်သွားသည်။
“အမယ်လေး..... မစာမနာ ရိုက်လိုက်တာကလဲ ကြောက်စရာကြီး”
“ဟုတ်ပ.... ကိုယ်ကတော့အဲ့လိုအဖြစ်မခံဘူး”
“အပြင်မှာ အဲ့လိုဖြစ်လာမယ်ဆိုရင် ဦးဟန်လဲ ဦးဟန်အမေကို မတားနိုင်ပါဘူး”
“မတားပါဘူး..... အဲ့လိုကိစ္စတွေဖြစ်မလာခင် ကိုယ့်ချစ်ရတဲ့သူကို ခိုးပြေးလိုက်မှာ”
“အဟွန်း.... အကြံကြီးက”
“ဘာလို့လဲ”
“ဘာလို့မှမဟုတ်ပါဘူး.... ကဲပါ ဟိုမှာ ဇာတ်ကားက ကျော်ကုန်ပြီ”
“ဟုတ်သားဘဲ”
ဟန်စိုင်း တစ်ဖန် သူမအတွက် ဘာသာပြန် ပြန်ပေးရသည်။
“ဘာလာလုပ်တာလဲ.... အိမ်ထဲမှာ အမေရှိတယ် နှစ်ယောက်လုံးမိသွားရင် ဒီတစ်ခါ အသတ်ခံရမှာတဲ့”
“အမြန်ပြန်တော့လေ မင်းသားရယ် ဟိုကသိသွားရင်တော့ မလွယ်ဘူး”
“ဟုတ်ပ”
ဇာတ်ကားထဲတွင် မင်းသားဖြစ်သူက မင်းသမစကားများအား နားမထောင်ဘဲ သူမနှုတ်ခမ်းတွေဆီသို့ နမ်းပစ်လိုက်တော့သည်။
“ဟင်....”
အင်္ဂလိပ်ကားဖြစ်သဖြင့် ပွင့်လင်းမှုက နမ်းနေသည်ကိုပင် အသေးစိတ်ရိုက်ပြထားလေသည်။
kiss scene တွေကြည့်ဖို့မပြောနဲ့ ပါးလေးကိုင်တာ ဖက်တာတောင် သိပ်မမြင်ဖူးမတွေ့ဖူးသည့် ထိုကောင်မလေးက kiss sceneအခန်းလဲရောက်ရော လန့်သွားကာ မျက်လုံးနှစ်ဖက်ကို သူ့လက်တွေနှင့် အုပ်ပစ်လိုက်သည်။
“အဟွန်း....”
ဒါကို သိတဲ့ ဟန်စိုင်းကတော့ သူမအား သဘောကျကာ ရီနေတော့သည်။
တစ်ကယ့် innocentလေး။
“မျက်လုံးတွေ ဖွင့်ပါအုံး kiss sceneကပြီးသွားပါပြီ”
ထိုအချိန်မှ ခခ သူ့လက်ဖဝါးလေးတွေအား ဖြည်းဖြည်းချင်းချလိုက်သည်။
ဟူးးးးး
“နောက်ဆို အိမ်မလာခဲ့နဲ့တဲ့ တွေ့နေကြ လမ်းထောင့်နားမှာ တွေ့ကြမယ်တဲ့.....
Ok ကောင်းပြီတဲ့...... I love you ကိုယ်မင်းကိုချစ်တယ်”
“ဟင်.....”
မျက်လုံးကို စူးစိုက်ကာ ကြည့်ပြီးပြောလာတာကြောင့် ခခတို့ ရင်ခုန်သံတွေ မူမမှန်တော့ပေ။
အချိန်အတော်အတန်ကြာ စိုက်ကြည့်နေတဲ့ သူ့အကြည့်တွေအား မခံနိုင်တော့တာကြောင့် ခခဘက်ကဘဲ အရင်အကြည့်လွှဲလိုက်သည်။
“အဟွန်း..... I love you too.....ကျွန်မလဲရှင့်ကိုချစ်တယ်တဲ့”
ထို့နောက် ဟန်စိုင်း တီဗွီလေးအား ပိတ်ပစ်လိုက်တော့သည်။
နောက်ပိုင်းအခန်းတွေက +တွေပါလာပြီမို့ အသက်ပြည့်ပြီဖြစ်တဲ့သူမအတွက်တော့ ကြည့်ဖို့ လုံးဝမဖြစ်တာကြောင့် ပိတ်ပစ်လိုက်တော့သည်။
“ဟင်.... ဘာလို့ပိတ်လိုက်တာလဲ”
“နောက်အခန်းတွေက မကောင်းတော့ဘူ အရှင်းလေးကြည့်ဖို့ အဆင်မပြေတော့တာမို့”
“အော်..... ဟုတ် ဟုတ်”
“ဒါဆို ကိုယ်တို့ညစာသွားစားရအောင်”
“ဟုတ်”
နှစ်ယောက်သား ဇာတ်ကားကြည့်နေသည်ကို စောင့်ကြည့်နေတဲ့ ဖူးပွင့်ကတော့ အခုမီးဖိုခန်းထဲဝင်သွားသဖြင့် သူလဲလိုက်ဝင်ဖို့ပြင်လိုက်တော့သည်။
10970✍︎
အချိန်ပေးပြီး စောင့်ဖတ်ပေးတဲ့ အတွက် ကျေးဇူးအများကြီး တင်ပါတယ်။♡︎♥︎
စိတ်ကူးရင် ဝတ္ထုမို့အမှားပါရင် ခွင့်လွှတ်ပါ။
ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏