“အချစ်သည်ခလေးကြောင့်ဖြစ်သည်”
“တိန်တောင် တိန်တောင်”
“သား အိမ်ရှေ့မှာ ဘယ်သူလဲ မသိဘူး သွားချေအုံး”
“ဟုတ်”
ဘုန်းသျှံ ဘဲလ်တီးသံကြောင့် ခြံရှေ့သို့ ထွက်လာလိုက်သည်။
“အော်..... ဘယ်သူလဲလို့ ဘာကိစ္စရှိလို့လဲ”
“မင်း အရှင်းလေးနဲ့ အပြင်သွားဖို့ပြောထားတယ်မလား”
“အင်း”
“အခုသွားမယ် အဲ့ဒါ မင်းကို ပြင်ထားဖို့ လာပြောတာ”
“ဒါနဲ့ အရှင်းလေးကော”
ဘုန်းသျှံ အသုံးပြုလိုက်တဲ့ အရှင်းလေးဆိုသည့် နာမ်စားလေးကြောင့် ဟန်စိုင်း မျက်မှောင်ကြီးကြုတ်ကာ ဘုန်းသျှံအား ကြည့်လိုက်သည်။
“ဟို.... ဒါဆို ကျွန်တော်သွားပြီ”
ဘုန်းသျှံ ဟန်စိုင်းဒေါသထွက်သွားသည်ကို သိသဖြင့် အိမ်ထဲသို့ အမြန်ဝင်လာခဲ့လိုက်သည်။
“သူနဲ့လဲ ဘာမှမဆိုင်ဘဲ နာမည်လေးခေါ်တာကို ဒေါသကလာထွက်နေသေးတယ်.....”
ဒီလိုနဲ့ ဘုန်းသျှံ အိမ်အပေါ်ထပ် သူ့အခန်းရှိရာဆီ တက်သွားလိုက်တော့သည်။
“ဘာဝတ်ရင်ကောင်းမလဲ ပထမဆုံး ဒိတ်မှာဆိုတော့ သန့်သန့်လေးဝတ်သွားရမယ်”
ဘုန်းသျှံ အဝတ်ဗီရိုထဲရှိ အင်္ကျီပေါင်းများစွာထဲမှ shirtလက်ရှည် စိမ်းပုတ်ရောင်ကို ကျားဝတ် စတိုင်ပန် အနက်နဲ့ တွဲဝတ်ဖို့ အလုပ် သူတစ်ခုခုကို သတိရမိသွားသည်။
“ခဏက ဟိုလူလဲ shirtစိမ်းပုတ်နဲ့ စတိုင်ပန်ဝတ်ထားတာဘဲ ကျစ်..... တစ်ခြားဟာ ပြောင်းဝတ်ရမယ်”
ဘုန်းသျှံ T-shirtအနက်လေးအား ဝတ်နေရင်း အခန်းပြတင်းပေါက်ကနေ တစ်ဖက်ခြံသို့ ကြည့်လိုက်သည်။
“မိုးမခရှင်းဘဲ”
hoodieအဖြူကို ဂျင်းအပွလေးနှင့် တွဲဝတ်ထားတဲ့သူမ။
“ဟုတ်ပြီ hoodieဝတ်ရမယ်”
T-shirtနဲ့ဂျင်းပွနဲ့ဘဲ ဝတ်ဖို့ ပြင်ထားပေမယ့် သူမလေးက hoodieအဖြူလေးဝတ်ထားတာကို တွေ့လိုက်သဖြင့် ဘုန်းသျှံ hoodieအဖြူလေးနဲ့ ဂျင်းအပွ အနက်လေးအား တွဲဝတ်လိုက်သည်။
“အဟွန်း.... ဘာလို့ ဒီလောက်ချောနေရတာလဲ ထက်ဘုန်းသျှံရာ”
ဘုန်းသျှံ ကိုယ့်ပုံစံလေးအား မှန်ထဲပြန်ကြည့်ကာ ပြုံးရင်းဖြင့် ပြောလိုက်သည်။ ထို့နောက် boot အဖြူလေးကို စီးပြီး ယူစရာရှိတာ ယူကာ တစ်ဖက်ခြံသို့ ထွက်လာခဲ့လိုက်သည်။
ခခ ဘုန်းသျှံကို မြင်သည်နှင့် ခြံတံခါးအား အပြေးလေးဖွင့်ပေးလိုက်သည်။
“ကိုထက် အထဲလာလေ”
“ဟုတ်”
ဘုန်းသျှံနှင့် ခခ အတူလျှောက်လာသည်ကို ဟန်စိုင်း မျက်မှောင်ကြီးကြုတ်ကာ ကြည့်နေမိသည်။
ဘာလဲဟ နှစ်ယောက်က ဘာလို့ဝတ်ထားတာ အတူတူဖြစ်နေတာလဲ အင်္ကျီကော ဘောင်းဘီကော ဖိနပ်ကစ အတူတူဘဲ..... အရှင်းလေးက ဘယ်တုန်းက အဲ့လိုမျိုး အဝတ်အစားရှိသွားတာလဲ ဂါဝန်တွေဘဲ ရှိတာမဟုတ်လား။
ဟန်စိုင်း တစ်ယောက်ထဲ တွေးရင်းဖြင့် သူတို့နှစ်ယောက်အား ကြည့်နေမိသည်။
“ဦးဟန် ဘာတွေ ဒီလောက်ကြည့်နေတာလဲ”
“ဟမ်.... ဟို.... အရှင်းလေး ဘယ်တုန်းက ဒီအဝတ်အစားတွေရှိသွားတာလဲ”
“အော်..... ဒါတွေလား ဒါတွေက ကြီးနန်း ဝယ်ပေးထားတာ ခခပြောပါတယ် မလိုချင်ဘူးလို့ ဈေးကြီးတယ်ဆိုလဲ အတင်းဝယ်ပေးလို့.....”
“အင်း... သွားမယ်”
“ဟုတ်”
ဟန်စိုင်း ကားအနောက်ခန်းသို့ တက်ထိုင်တော့မည့် ခခအား အရှေ့သို့ လာထိုင်ရန် ပြောလိုက်သည်။
“အရှင်းလေး အရှေ့မှာ လာထိုင်”
“ဟုတ်”
ခခအား အရှေ့သို့ ခေါ်လိုက်သဖြင့် ဘုန်းသျှံတစ်ယောက် မျက်နှာကြီးမှာ မှုန်ကုပ်သွားရသည်။
“အဟွန့်....”
ဟန်စိုင်း ဘုန်းသျှံအား မဲ့ပြုံးတစ်ချက်ပြုံးပြလိုက်သည်။
ဒီလိုနဲ့ သူတို့ မနက်စာစားဖို့ စားသောက်ဆိုင်တစ်ဆိုင်သို့ ကားကိုရပ်လိုက်သည်။
“လာ ခခ”
ကားရပ်လိုက်သည်နှင့် ကားနောက်ခန်း၌ ထိုင်နေတဲ့ ဘုန်းသျှံ ချက်ချင်းဆင်းလာပြီး ခခအား ကားတံခါးဖွင့်ပေးကာ လက်လှမ်းခေါ်လိုက်သည်။
ခခလဲ အားနာနာဖြင့် ဘုန်းသျှံလက်အား ကိုင်လိုက်သည်။
“ကျစ်....”
ဟန်စိုင်း ဒေါသထွက်ထွက်နှင့် ကားပေါ်မှဆင်းလိုက်ပြီး သူတို့အနောက်မှ လိုက်လာလိုက်သည်။
“မသိရင် ငါက သူတို့ရဲ့ ဒရိုင်ဘာကြနေတာဘဲ..... မဟုတ်သေးပါဘူး ငါရုပ်ရည်နဲ့ ဘယ်လိုလုပ် ဒရိုင်ဘာနဲ့ တူနိုင်မှာလဲ”
“ဦးဟန် ဘာလုပ်နေတာလဲ လာလေ”
ဟန်စိုင်း သူတို့အနောက်မှာ ရပ်ကာ တွေးနေတုန်း ခခရဲ့ ခေါ်သံကြောင့် တွေးလက်စတွေကို ဖျက်ကာ လိုက်လာလိုက်သည်။
“ဦး.... ဟိုအရှေ့က ဦးလေးကြီး”
ဟန်စိုင်းလှည့်မကြည့်ချင်ပေမယ့် သူလှည့်မကြည့်မချင်း တစ်ဦးဦးခေါ်နေတဲ့ ထိုကောင်မလေးကြောင့် သက်ပြင်းရှည်တစ်ချက်ချကာ လှည့်ကြည့်လိုက်ရသည် ။
“ဦးလေးကြီး ဒီမှာ ခဏက ကားပေါ်ကအဆင်း လေးကြီး ဘောင်းဘီအိတ်ကတ်ထဲက ကျသွားတဲ့ဟာ”
businessကတ်။
ခဏက ဒေါသထွက်ထွက်နှင့် ကားပေါ်ကဆင်းလိုက်တာကြောင့် ဘယ်အချိန်ကတည်းကစ ကားခုံပေါ်ကျနေလဲ မသိတဲ့ businessကတ်က ကားအပြင်ကျသို့ ဘယ်လိုကျသွားလဲတောင် သူမသိလိုက်ပါ။
“အွန်း.... ကျေးဇူးဘဲ”
ဟန်စိုင်း ထိုမိန်းကလေးလက်ထဲမှ businessကတ်အား ပြန်ယူလိုက်ပြီး ထွက်လာလိုက်သည်။
“ကျစ်..... ဘယ်လိုဟာပါလိမ့် ငါ့ကို ဘယ်နေရာကြည့်ပြီး ဦးလေးကြီးလို့ ခေါ်ရတာလဲ..... တော်ပါသေးရဲ့ ကုတ်မဝတ်ဘဲ shirtဘဲဝတ်ခဲ့လို့ ကမ္ပဏီ သွားတဲ့ပုံစံမျိုးသာဆို အဘိုးလို့များ ခေါ်မလားမသိဘူး”
ကိုယ့်ပုံကိုယ် ဆိုင်မှန်တံခါးလေးအား ကြည့်ကာ ပြောလိုက်သည်။
“ဒါနဲ့ ဟိုနှစ်ယောက်က ဘယ်ပျောက်သွားတာပါလိမ့်”
ဟန်စိုင်း ခခနဲ့ ဘုန်းသျှံအား လိုက်ရှာနေမိသည်။
“ဟင်..... ဦးဟန်ကော”
“ဒီမှာ ဒီမှာ လူကိုတောင်မေ့ပြီး အရမ်းပျော်နေတာပေါ့”
“ဟို.... အဲ့လို မဟုတ်ပါဘူး”
“လူတစ်ယောက်လုံးကြီးကို မေ့သွားတဲ့ အရှင်းကို အိမ်ရောက်ရင် အပြစ်ပေးရမယ်.....”
ပြောပြီးသည်နှင့် ထွက်သွားတဲ့ ဟန်စိုင်းအား ခခကြောင်လျက်သားနှင့် ကြည့်နေမိသည်။
“ဘယ်လိုလုပ်ကြမလဲ”
“ခခလိုက်သွားလိုက်အုံးမယ်နော် ကိုထက်”
“အင်းအင်း”
ခခလဲ ထွက်လာရော ကားပေါ်တက်တော့မည့် ဟန်စိုင်းအား အမြန်သွားတားလိုက်သည်။
“ဦးဟန် ဘာလုပ်တာလဲ”
“ဘာလို့လဲ”
“ဘာလို့လဲက ခခမေးရမှာ ဦးဟန်ဘဲ လိုက်မယ်ပြောပြီး အခုကြတော့ မနက်စာတောင်မစရသေးဘ ပြန်တော့မလို့လား”
“ဟုတ်တယ်လေ ကိုယ်က အပယ်ခံလိုဖြစ်နေတာလေ.... ကိုယ်လိုက်မလာလဲ နှစ်ယောက်သား ဖြစ်နေတာဘဲကို အဲ့တော့ ပြန်လိုက်တာဘဲ ကောင်းတယ်လေ မဟုတ်လား”
ကလေးတစ်ယောက်လို လက်လေးပိုက်ကာ မျက်လုံးကလည်ကလည်ဖြင့် ပြောနေတဲ့ ဟန်စိုင်းအား ခခကြည့်ကာ မရီဘဲမနေနိုင်တော့ပေ။
“အဟွန်း....”
“ဘာရီတာလဲ”
“ကလေးလဲ မဟုတ်ဘဲနဲ့ ဘာလို့အဲ့လိုတွေ လုပ်နေရတာလဲ..... ကဲပါ မနက်စာလေးတော့ စားလိုက်ရအောင်နော် ပြီးမှ အိမ်ပြန်မယ်”
ခခအတင်းဆွဲခေါ်နေသဖြင့်သူမလိုက်ချင်လဲ လိုက်သွားလိုက်ရတော့သည်။
########################
“ဟိုနားက အဒေါ်”
ခေါ်သံကြောင့် ဒေါ်မြိုင် လှည့်ကြည့်လိုက်သည်။
“အော်..... သမီးဘာခိုင်းစရာရှိလို့လဲ”
“အစိုင်း ဘယ်သွားတာလဲ”
“ဒေါ်မြိုင်လဲမသိဘူးရော သမီး”
“ဒါနဲ့ ခဏက ကလေးမက ဘယ်သူလဲ....”
“သမီးခခလား”
ခခတွေ ဘာတွေ သူမသိချင်ပါ။ သူမ သိချင်တာက အဲ့ကလေးမနဲ့ ဟန်စိုင်းရဲ့ ပတ်သက်မှု။
ဘာလို့ အစိုင်းက အဲ့ကလေးမကို မြင်တာနဲ့ ပြာယာခက်သွားရတာလဲ။
“အဲ့ကလေးမလေးက ဒေါ်မြိုင်ရဲ့ တူမလေးပါ.... နေပြည်တော်က သူဌေးလေးအမေအိမ်မှာ အလုပ်လုပ်ပြီး ဒီကို ပြောင်းလာတာပါ”
“ဘာကိစ္စနဲ့ ပြောင်းလာတာလဲ”
“ဒေါ်မြိုင်မှာက တူမလေးတစ်ယောက်တည်း ရှိတော့တာမို့.... အနားကို ခေါ်ထားတာပါ”
သဇင်ဖူးပွင့် ဘာမှ ထပ်မပြောတော့ဘဲ ခြံထဲသို့ ထွက်လာလိုက်သည်။
အဲ့ကလေးမကို ကြည့်တဲ့ အစိုင်းအကြည့်တွေက မရိုးသားဘူး.... အစိုင်း ဘာတွေ တွေးနေတာပါလိမ့် မရဘူးနော်.... တို့အခုပြန်လာတာ အစိုင်းကို ရအောင်ယူဖို့ဘဲ ငယ်ငယ်က ပေးခဲ့တဲ့ ကတိကို အစိုင်းတည်မှရမယ်။
“တီ တီ.....”
ခြံရှေ့က ကားဟွန်းတီးသံကြောင့် ဖူးပွင့် တွေးလက်စအတွေးတွေကို ဘေးချိတ်ကာ ခြံထဲမှ ထွက်လာခဲ့လိုက်သည်။
“ဟင်.... အစိုင်း ပြန်လာပြီဘဲ”
ဟန်စိုင်း ကားရပ်လိုက်သည်နှင့် ကားတံခါးနားမှ အသင့်ရပ်စောင့်နေတဲ့ ဖူးပွင့်ကြောင့် စိတ်အနည်းငယ် ညစ်သွားရသည်။
ဘုန်းသျှံနဲ့ အရှင်းလေးတို့ကတော့ ကားပေါ်မှ ဆင်းသွားပြီ။သူကတော့ ကားတံခါး၌ ရပ်နေတဲ့ သူမကြောင့် ကားပေါ်ကပင်မဆင်းချင် ဖြစ်နေမိသည်။
“ဦးဟန် ဆင်းလေ ဘာလုပ်နေတာလဲ”
“အွန်း....”
ဟန်စိုင်း ခခဆင်းသွားသည့် ကားတံခါးဘက်သို့ ကူးလားကာ ထိုနေရာမှသာ ဆင်းလိုက်သည်။
ဟန်စိုင်းရဲ့ အပြုအမူကြောင့် ဖူးပွင့် ဒေါထွက်သွားတော့သည်။
“ဟို.... ကျွန်တော် ပြန်ပြီနော်”
“ပြန်သင့်တာ ကြာပြီ”
“ဦးဟန်”
ဟန်စိုင်းရဲ့ ဘုကလန့်အပြောကြောင့် ခခ ကိုထက်အား အားနာသွားကာ ဟန်စိုင်းအား တားလိုက်သည်။
“ဘာလို့လဲ.... ခဏကတည်းကစ သူ့အိမ်ကိုဝင်ပို့ထားခဲ့ရမှာ”
“ဦးဟန် ဘယ်လိုတွေပြောနေတာလဲ ကိုထက်ကို အားနာစရာကြီး”
“ဆရာဝန်လောင်းကြီးက အဲ့လောက်စကားကို စိတ်ထဲထားမယ်မထင်ပါဘူးနော်”
ဟတ်စိုင်း အပြောတွေကြောင့် ဘုန်းသျှံ သက်ပြင်းချရင်းသာ ဖြေသိမ့်နေမိသည်။
“လာ ကိုယ်တို့သွားမယ်”
“ဘယ်သွားမှာလဲ”
“အပြစ်ပေးမလို့”
ဟန်စိုင်း ဘာကိုမှ မကြည့် ဂရုမစိုက်ဘဲ ခခလက်အား အတင်းဆွဲကာ အိမ်ထဲသို့ ခေါ်သွားတော့သည်။
ကျန်ခဲ့သူနှစ်ယောင်မှာတောဘ တအံ့တဩနှင့် ရပ်သာကြည့်နေမိသည်။
ဖူးပွင့် မနေနိုင်တော့ကာ ဟနိုင်းတို့နောက် လိုက်သွားတော့သည်။
ဘုန်းသျှံလဲ လိုက်ချင်ပေမယ့် အိမ်ရှင်က သူ့အိမ်အရိပ်လေးနင်းတာတောင် အသည်းအသန်ဖြစ်နေတာ။ အခုလိုသာ သူ့ခွင့်ပြုချက်မရှိဘဲ အိမ်ထဲဝင်လို့ကတော့ သတ်တောင်သတ်ပစ်လိုက်လေမလား။
အမျိုးမျိုး တွေးကာ ဘုန်းသျှံလဲ သူ့အိမ်သို့ ပြန်လာလိုက်တော့သည်။
ဟန်စိုင်း ခခအား သူ့အခန်းဆီသို့ ခေါ်လာခဲ့လိုက်သည်။
“ဘာလုပ်မလို့လဲ ဦးဟန်.... ခခလက်ကိုလဲ လွှတ်အုံး နာနေပြီ”
“ဟင်.... ဆောရီး ကိုယ်တောင်းပန်ပါတယ် ကိုယ်စိတ်လောသွားတယ်”
စပ်ဖြဲဖြဲနဲ့ ကိုယ့်လုပ်ရပ်ကို ပြန်တောင်းပန်နေတဲ့ ဟန်စိုင်းက အမြင်ကတ်စရာအတိပေ။
“ဒါနဲ့ ဒီကိုဘာလုပ်ဖို့”
“အပြစ်ပေးမလို့”
“အပြစ်ပေးမယ်ဆို ဘာလို့ အခန်းထဲခေါ်လာတာလဲ”
“အခန်းသန့်ရှင်းရေးမလုပ်ရတာ ကြာလို့ အခန်းသန့်ရှင်းရေးလုပ်ခိုင်းမလို့”
“အော်.... ဒါဆို အပြင်ထွက်နေလေ”
“မထွက်ပါဘူး ဟိုနားကနေ ထိုင်ပြီး စောင့်နေမှာ အလုပ်ကို သေချာလုပ်နော်”
ဟန်စိုင်း ပြောပြီးသည်နှင့် ဝရံတာဘက်စို့ ထွက်လာခဲ့လိုက်သည်။
“အဟွန်း..... သေချယလုပ်နော် ကလေးမ”
ဟန်စိုင်း နောက်သလိုနှင့် ပြောလိုက်သည်ကို ခခက မျက်စောင်းလေးထိုးပြလိုက်သည်။
သူတို့အခန်းထဲမှာ ဘာလုပ်နေတာပါလိမ့်....။
ဘာတွေလဲ နှစ်ယောက်က ဘယ်လို ပတ်သက်နေတာလဲ။
စာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်။
ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏