“အချစ်သည်ခလေးကြောင့်ဖြစ်သည်”
ကလင် ကလင်.....📱
“ဟယ်လို....”
“သား အမေပါ”
“ဟုတ် ပြောလေ အမေ ဘာကိစ္စရှိလို့လဲ”
“သမီးသဇင်ဖူးပွင့်ကို မှတ်မိလား”
“မမှတ်မိဘူး အမေ ဘယ်သူလဲ”
“ငယ်ငယ်တုန်းက အမေတို့အိမ်ဘေးကပ်ရပ်မှာ နေသွားတဲ့ အမေ့သူငယ်ချင်းတွေလေ..... ဒါဆို အန်တီဖြူကိုကော မှတ်မိလား သဇင်ဖြူလေ”
“အန်တီ သဇင်ဖြူကိုတော့ မှတ်မိတယ် သဇင်ဖူးပွင့်ကိုတော့ မမှတ်မိဘူး”
“သူ့သမီးလေ သားထက် ၃နှစ်လား ၄နှစ်လားမသိဘူး ငယ်တယ်လေ”
“နာမည်တော့ ကြားဖူးတယ် ရုပ်ကတော့ မမှတ်မိတော့ဘူ”
“ကဲပါ မမှတ်မိရင်လဲ ထားတော့”
“ဒါနဲ့ အမေကဘာလို့ သားကို ဒါတွေလာမေးနေတာလဲ”
“ဘာလို့လဲဆိုတော့ မနက်ဖြန် သမီးသဇင်ဖူးပွင့် သားနေတဲ့ ကလောဆီလာမလို့တဲ့ အဲ့ဒါ...…”
“ဟာ..... အမေကလဲ သားတောင်မမှတ်မိတော့တဲ့ မိန်းကလေးတစ်ယောက်ကို ဘယ်လိုလုပ် အိမ်မှာနေခိုင်းရမှာလဲ အမေရဲ့”
“အော် သားကလဲ.... သဇင်ဖူးပွင့်လေးကို သားမြင်ပြီးရင် မှတ်မိသွားမှာပါ”
“ဒါပေမယ့်”
“ဒါပေမယ့်တွေ လုပ်မနေနဲ့တော့ မနက်ဖြန် အဖူးလေး သားဆီလာလိမ့်မယ် အိပ်ဖို့အခန်းပြင်ပေးထားလိုက်အုံး ဒါဘဲ.....”
တစ်ခါမှ အခုလို တဇွတ်ထိုးမလုပ်ဖူးတဲ့ အမေက အခုတော့ သူတောင်မမှတ်မိတော့တဲ့ သဇင်ဖူးပွင့်ဆိုတဲ့သူမကြောင့် သားဖြစ်သူကို စကားတစ်ခွန်းတည်း ပြက်ပြက်ပြောသွားခဲ့သဖြက့် ဟန်စိုင်း သဇင်ဖူးပွင့်အား ဒေါသထွက်သွားရသည်။
“ကျစ်.... အရှုပ်ထုပ်တွေက လာပြန်တော့မယ်”
ဟန်စိုင်း စိတ်ညစ်ညစ်ဖြင့်သာ ဝရံတာသို့ ထွက်လာခဲ့လိုက်သည်။
“ဟိတ်.... ကလေးမလေး”
“ဟင်....”
ခခ သဇင်ပန်းတွေအား ရေလောင်းနေရာမှ အသံကြောင့်လှည့်ကြည့်လိုက်သည်။
သို့ပေမယ့် ထိုအသံပိုင်ရှင်အား မတွေ့ပေ။
“ဒီမှာ ဒီဘက်ဒီဘက်”
တွေ့ပါပြီ အုတ်တံတိုင်းအမြင့်ကြီးအား မနည်းတက်ကာ တစ်ဖက်ခြံကိုကြည့်နေတဲ့ ဆရာဝန်လောင်းလေး။
“ဟို.... အုတ်တံတိုင်းကအမြင့်ကြီး ဘယ်လိုတက်လာတာလဲ”
“လှေကားနဲ့ပေါ့....”
“ဘာလို့ တက်လာတာလဲ”
“ကလေးမကို တွေ့ချင်လို့ပေါ့.... ဒါကြောင့် အသက်စွန့်ပြီး လှေကားပေါ်ကနေ ကလေးမ ခြံထဲဆင်းအလာကို စောင့်နေရတာ”
“ပြုတ်ကျသေလိူ့ကတော့ ခခကြောင့်ဖြစ်နေအုံးမယ် အမြန်ဆင်းလိုက်ပါတော့”
“မဆင်းပါဘူး ကလေးမနဲ့ စကားပြောချင်လို့မှ အသက်စွန့်ထားရတာကို မဆင်းဘူး”
“ဒုက္ခပါဘဲ..... ဒါနဲ့ ဆရာကဘာပြောမလို့လဲ”
“ဟ.... ကိုယ့်ကိုဘယ်လိုခေါ်လိုက်တယ်”
“ဆရာလေ ဆရာဝန်မို့လို့ ဆရာလို့ခေါ်တာလေ ”
“ကိုယ်ကဆရာဝန်မဖြစ်သေးပါဘူး ဒါကြောင့် အစ်ကိုလို့ ခေါ်ချင်ခေါ် ဒါမှမဟုတ် ကိုယ့်နာမည်က ဘုန်းထက်သျှံ ကိုထက်လို့ခေါ်ပေါ့”
“အင်း.....”
“ဒါနဲ့ ကလေးမနာမည်ကကော”
“မိုးမခရှင်း.....”
“ဒါဆို အရှင်းလေးပေါ့”
“အဲ့လိုမခေါ်ပါနဲ့.... ခခမကြိုက်ဘူး တစ်ခြားဟာ ပြောင်းခေါ်ပေးပါ”
“ဟို.... ကိုယ်တောင်းပန်ပါတယ် မသိလို့ပါနော်”
“အင်းပါ..... မနေ့က ခခကိုကုပေးလို့ ကျေးဇူးပါနော်”
“ပါးစပ်ကနေဘဲ ကျေးဇူးတင်တော့မှာလား”
“ဒါဆို ခခက ကိုထက်ကို ဘာလုပ်ပေးရမှာလဲ”
“အဟွန်း.....”
သူမ အသုံးပြုလိုက်တဲ့ ကိုထက်ဆိုတဲ့ နာမ်စားလေးကြောင့် ဘုန်းသျှံ တစ်ချက်ရီလိုက်သည်။
“ပြောလေ ဘာလုပ်ပေးရမှာလဲ”
“မနက်ဖြန် မုန့်သွားစားမှာ လိုက်ခဲ့”
“ဟို.... အဲ့ဒါတော့ မဖြစ်ဘူး”
“ဘာလို့လဲ”
“ဦးဟန်မလွှတ်လောက်ဘူး”
ဟန်စိုင်း သူတို့နှစ်ယောက် စကားပြောနေတာအား အချိန်အတော်ကြာ ဝရံတာမှ ရပ်ကြည့်နေခဲ့သည်။
အချိန်အေတာ်ကြာသည်အထိ သူတို့စကားပြော မရပ်သဖြင့် ဟန်စိုင်း ဒေါသထွက်လာပြီး အောက်သို့ ဆင်းလာလိုက်သည်။
“ဦးဟန်.... အော်.... ဒါနဲ့ မနေ့က ခခဘေးမှာ ရပ်နေတဲ့ အဲ့လူက”
“သူက....”
“မင်းအပူပါလား”
အနောက်ပါးဆီမှ အသံကြောင့် ခခကော ဘုန်းသျှံပါ လန့်သွားရသည်။
“ဟင်.... ဦးဟန်”
“အရှင်းလေး.... ဘာလုပ်နေတာလဲ မသိတဲ့သူနဲ့ စကားမပြောပါနဲ့ဆို လာ”
ဟန်စိုင်း ခခကိုယ်လေးအား ပွေ့ချီလိုက်ပြီး ပြောလိုက်သည်။
“အဟင်း.... သတိထား”
ဟန်စိုင်း ဘုန်းသျှံဘက်သို့လှည့်ကာ သူမကိုယ်လေးအားပွေ့လျက်နှင့် ပြောလိုက်သည်။
“ဘာလားဟ..... သူတို့နှစ်ယောက်က.... မိုးမခရှင်းက ငါအရှင်းလေး ခေါ်မယ်ဆိုတော့ မခေါ်ခိုင်းဘူး အဲ့ကောင်ကိုကြခေါ်ခိုင်းတယ်..... ငါထင်သလိုများလား”
ဘုန်းသျှံ သူ့အတွေးများနဲ့သူ စိတ်ရှုပ်နေတော့သည်။
“ဒီမှာ ဒီမှာ.... ဘာလို့ခခကို ပွေ့လာတာလဲ ခခမှာ ခြေထောက်ပါပါတယ် ကိုယ့်ဟာကို လမ်းလျှောက်တက်တယ်”
“သိတယ်လေ.... အဲ့ခြေထောက်ပါနေလို့ ဒီကအခု စိတ်မအေးရတော့ဘူ.... အဲ့ခြေထောက်တွေ ချိုးပစ်လို့ရရင်ကောင်းမှာဘဲ”
ဟန်စိုင်းရဲ့ အပြောကြောင့် ခခ လန့်သွားရသည်။
သူမ မျက်လုံးလေးများပြူးသွားသည်ကို သတိထားမိတဲ့ ဟန်စိုင်း သူမအား ပြုံးပြလိုက်ပြီး
“ဟို.... ကိုယ်က စတာပါ တစ်ကယ်မလုပ်ဘူး”
“ဟို..... ဒါနဲ့”
“ဘာဖြစ်လို့လဲ ဘာပြောချင်တာလဲ ပြောလေ”
“ဟို....”
“ကဲပါ ပြောစရာရှိတာကို ပြော ဘာမှအားမနာနဲ့”
“ဟို... မနက်ဖြန် အပြင်လျှောက်လည်ထွက်လို့ရမလား”
“တစ်ယောက်ထဲလား”
“မဟုတ်ဘူး”
“ဒါဆိုဘယ်သူနဲ့လဲ ”
“ထက်ဘုန်းသျှံနဲ့ စိုင်းဦးဟန်နဲ့”
“စိုင်းဦးဟန်က ဟုတ်ပါပြီ ထက်ဘုန်းသျှံက ဘယ်ကပါလာတာလဲ”
“အဓိက ကထက်ဘုန်းသျှံဘဲလေ”
“ဟမ်..... ဘာလို့လဲ”
“ကိုထက်က ခခနေမကောင်းတုန်းက ကုပေးထားတာလေ ဒါကြောင့် မနက်ဖြန် မုန့်အတူတူလိုက်စားပေးမလို့”
“ဒီလိုမှန်းသိရင် ဆေးမှတ်မှီရဲ့သားနဲ့ ဆေးကျောင်းတက်ခဲ့မှာပေါ့ မဖြစ်စလောက်လေး ကုပေးလိုက်တာကိုများ ကိုထက် ကိုထက်နဲ့ကို ဖြစ်နေတော့တာဘဲ”
ဟန်စိုင်း ခခမကြားအောင် တိုးတိုးလေးပြောလိုက်သည်။
“ဘာတွေ ပွစိပွစိနဲ့ ပြောနေတာလဲ”
“ဘာမှမဟုတ်ဘူး”
“ဒါနဲ့ မနက်ဖြန် လိုက်မှာလား”
“မလိုက်ဘူး အရှင်းလေးလည်း မသွားရဘူး”
“သွားမှာဘဲ နောက်ပြီး ခခကနု အရှင်းလေးလို့ လာမခေါ်နဲ့ မကြိုက်ဘူး”
“ဘာလို့မကြိုက်တာလဲ”
“အဲ့နာမည်က အတိတ်ကဖြစ်ရပ်ဆိုးတွေကို ပြန်မြင်ယောင်မိစေလို့”
“ကိုယ်အဲ့နာမည်ကို ခေါ်တာ ဘာလို့လဲ သိလား”
“ဘာလို့လဲ”
“အဲ့အတိတ်က ဖြစ်ရပ်တွေကို နာမည်လေးတစ်လုံးနဲ့ ဘာလို့ လိုက်ခံစားနေအုံးမှာလဲ.... နောက်ဆို အဲ့နာမည်လေးခေါ်လိုက်တိုင်း နွေးထွေးနေစေရမယ်”
“ဘာလို့လဲ”
“ဘာလို့ဆို အဲ့နာမည် ခေါ်မဲ့သူက ကိုယ်မို့လို့လေ”
ခခ သူ့အပြောတွေအား နားမလည်စွာဖြင့် ကြောင်ကြည့်နေလိုက်သည်။
“အရှင်းလေးဆိုတဲ့ နာမည်ကို ကိုယ်ကလွှဲလို့ ဘယ်သူမှ မခေါ်ရဘူး နောက်ပြီး အဲ့နာမည်ကို ခေါ်လိုက်တိုင်း အတိတ်ကဖြစ်ရပ်ဆိုးထက် အနာဂတ်ရဲ့ ကြည်နူးမှုတွေကို ပိုခံစားမိစေရမယ် အဲ့လိုဖြစ်လာအောင် ကိုယ်လုပ်မှာ”
“ဘာတွေလာပြောနေတာလဲ အဘိုးကြီး.... မနက်ဖြန် သွားခိုင်းမှာလား မသွားခိုင်းဘူးလား ဒါဘဲပြော”
“ကိုယ်ကော လိုက်မယ်”
“ဒါဆို သုံးယောက်ပေါ့”
“သုံးယောက်ပေါ့.... ဘာလဲ ဟိုကောင်နဲ့ နှစ်ယောက်တည်းသွားချင်လို့လား”
“မသွားချင်ပါဘူး..... ဦးဟန်ကို ခဏကတည်းက ပြောပါတယ် လိုက်မှာလားလို့.... ဦးဟန်ဘဲ မူနေပြီးတော့”
“အခုတော့ မမူတော့ဘူ အရှင်းလေးကို ဟိုကောင်နဲ့ နှစ်ယောက်တည်း မသွားခိုင်းဘူး....”
“ကိုထက်က လူဆိုးမဟုတ်ပါဘူး”
“လူဆိုးမဟုတ်လို့ကို ကိုယ်က နှစ်ယောက်တည်း မသွားခိုင်းချင်တာ”
“ဟုတ်ပါပြီ..... နားလည်ပါပြီ အခုလောလောဆယ် ခခဗိုက်ဆာပြီ ထမင်းသွားစားတော့မယ်.... ဦးဟန်ကော စားတော့မလား”
“တော်ပြီ ကိုယ်သွားစရာရှိသေးတယ်..... နောက်နေ့မှ အတူတူစားမယ်”
“အိုကေ အိုကေ.... ဒါဆို ခခသွားပြီ”
လက်လေးပြကာ မီးဖိုခန်းထဲ ပြေးဝင်သွားတဲ့ သူမလေးအား ဟန်စိုင်း ပြုံးလျက်သားနှင့် လိုက်ကြည့်နေမိသည်။
“မင်းနဲ့မှ ချစ်တက်တော့တယ် အချစ်ကိုမင်းနဲ့မှ နားလည်တော့တယ် အရှင်းလေးရယ်”
##################################
“မေမေ သွားပြီနော်”
“အေးကွယ် ဖြည်းဖြည်းမောင်း”
“ဟုတ် အန်တီ သွားပြီ”
“ကောင်းပါပြီ သားရဲ့ လိပ်စာကတ်ပါပြီမလား သမီး”
“ဟုတ်..... ပါပြီ အန်တီ”
“အေးအေး ဒါဆို ဖြေးဖြေးမောင်း လမ်းခရီးသာယာပါစေကွယ်”
“ဟုတ်”
သဇင်ဖူးပွင့် အမေဖြစ်သူနဲ့ ဒေါ်နန်းခင်ခင်အား နှုတ်ဆက်လိုက်ပြီး ထွက်လာခဲ့လိုက်သည်။
#######
“ကလင် ကလင် ကလင်”
နိုးစက်သံကြောင့် ခခ အိပ်ရာမှ အမြန်ထလိုက်သည်။
၉နာရီ မုန့်သွားစားဖို့ လုပ်ထားသဖြင့် ဒီနေ့ အရင်နေ့တွေထက် ပိုပြီး စောစောထရသည်။
ခခ မျက်နှာသစ် သွားတိုက်ပြီး အဝတ်လဲကာ အခန်းပြင်ထွက်လိုက်တော့ တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် စိတ်ထဲ အနည်းငယ်ခုသွားရသည်။
ဟန်စိုင်း ကိုယ်အား မိန်းကလေးတစ်ယောက်က တင်းနေအောင် ဖက်ထားသည်။
“သမီးခခ လာအုံး ကြီးမြိုင်ကို။ အဝတ်တွေ လာကူသယ်ပေးအုံး”
ခခ ဒေါ်မြိုင် အပြောတွေအား မကြားပါ။ ထိုမြင်ကွင်းကိုသာ အကြောင်းမဲ့သပ်သပ် ငေးကြည့်နေမိသည်။
“ဟင် အရှင်းလေး ငါ့ကိုလွှတ်အုံး”
ဟန်စိုင်း ခခအား မြင်လိုက်သဖြင့် သဇင်ဖူးပွင့် ဖက်ထားတဲ့ လက်တွေအား ဖယ်ချပစ်လိုက်သည်။
“သမီးခခ”
ဒေါ်မြိုင် ဒုတိယအကြိမ် ထပ်ခေါ်လိုက်တဲ့ အသံကြောင့် ခခ အပြင်ဘက်ရှိ ဒေါ်မြိုင်အနား အပြေးသွားလိုက်သည်။
“ဟို..... ဘာခိုင်းမလို့လဲ ကြီးမြိုင်”
“ဒီမှာ အဝတ်တွေ ကူသယ်ပေးအုံး သမီးရဲ့ ဒေါ်မြိုင် မနိုင်တော့ဘူ”
“ဟုတ် ဟုတ်”
သူမ ကားပေါ်ရှိ အဝတ်ထုတ်တွေအား ချကာ မနိုင်မနင်းသယ်တော့မည့် အလုပ် ဟန်စိုင်း လာတားလိုက်သည်။
“ဒါတွေ အရှင်းလေး လုပ်စရာမလိုဘူး သွား.... ခဏနေ အပြင်သွားမယ် ပြောထားတာမလား သွားပြင်တော့”
“အစောကြီးဘဲ ရှိသေးတယ်လေ”
“စောစောစီးစီးသွားတော့ ပိုကောင်းတာပေါ့ မဟုတ်လား.... ခဏနေ ဟိုကောင်ကို ကိုယ်ခေါ်ထားလိုက်မယ် သွား ပြင်တော့နော်”
“အွန်း....”
ခခလဲ အဝတ်ထုတ်တွေအား ပြန်ချထားလိုက်ပြီး သူ့အခန်းရှိရာဆီသို့ ပြန်သွားလိုက်တော့သည်။
“ဒေါ်မြိုင် တစ်ခြားတစ်ယောက်ကို ခေါ်ခိုင်းလိုက်ပါ”
“ဟုတ်ကဲ့ပါ သူဌေးလေး”
ဟန်စိုင်း တစ်ဖက်ခြံသို့ မသွားချင်ပေမယ့် သူမကြောင့် အခုတော့ သွားရတော့မည်။
“ဟူးးးးး”
လေပူတစ်လျက်မှုတ်ထုတ်လိုက်ပြီး သွားတော့မည့် အလုပ် အနောက်ပါးဆီမှ ခေါ်သံကြောင့် သူအတော်စိတ်ပျက်သွားရသည်။
“အစိုင်း.... အဖူးလည်းလိုက်မယ်လေ ဘယ်သွားမလို့လဲ”
“ကျစ်.... ရေဝေးသွားမလို့ လိုက်မှာလား”
“ဟွန့်..... ဘယ်တုန်းက ဒီလောက်ထိ ရွှဲ့တက်သွားတာလဲ”
“ကျစ်..... ဘာတွေလဲကို မသိဘူး”
ဟန်စိုင်း စိတ်ညစ်ညစ်ဖြင့်သာ တစ်ဖက်ခြံသို့ ထွက်လာခဲ့လိုက်သည်။
စာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်။
ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏