book

Index 1

(Part 1)

အချစ်သည်ခလေးကြောင့်ဖြစ်သည်


“တီ တီ....”


“သမီးရေ သမီးကိုကြီးပြန်လာပြီထင်တယ်”


“ဟုတ်..... လာပြီ ကြီးကြီးနန်း”


“အေးအေး.....”


ကြီးကြီးနန်းကသာ ကိုကြီးကိုကြီး ပြောနေတာ ခခတစ်ယောက်ကတော့ ထိုကိုကြီးဆိုသည့် သူအား ဓာတ်ပုံထဲသာ မြင်ဖူး၍ နာမည်တောင်မသိပေ။


လာပြီဆိုတော့လဲ သွားကြိုရတော့မှာပေါ့။


ခခတို့တစ်ယောက် စားလက်စ ထမင်းပန်းကန်လေးအား ချထားလိုက်ကာ အိမ်ရှေ့သို့ ထွက်လာခဲ့လိုက်သည်။


“အမယ်လေး.... ငါ့သားလေးက ချောလာလိုက်တာ အရပ်တွေကလည်း အရှည်ကြီးဖြစ်လို့ အသားတွေကလဲ ဖြူစွတ်နေတာဘဲကွယ်”


“အမေနဲ့တူလို့ပေါ့ ပိုပိုပြီး ချောလာတာ”


“အဟွန်း..... ဟုတ်တာပေါ့”


သားအမိနှစ်ယောက် ပျော်ရွှင်နေပုံကို ခခတစ်ယောက် ဘေးနားလေးမှ ငေးကြည့်နေမိသည်။


“အော်.... သမီး ရောက်နေပြီလား”


“ဟုတ်”


“အမေ သူက...."


“သူက ခခလေ အမေကားတိုက်မှုဖြစ်ခါနီး ဒီသမီးလေးက အမေ့ကို ကယ်လိုက်လို့ပေါ့.... မဟုတ်ရင် အမေ့ကို ဒီအချိန် ဒီနေရာမှာ တွေ့ရမှာတောင် မဟုတ်ဘူး”


“ကားတိုက်မှု ဟုတ်လား အမေ"


“ဟုတ်တယ် အဲ့နေ့က အမေလမ်းလျှောက်ထွက်တာလေ..... အဲ့အချိန်မှာ ကားတစ်စီးက အမေ့ဆီကို တည့်တည့်မောင်းချလာတာဘဲ..... တော်သေးတာပေါ့ ဒီသမီးလေးခခက အမေ့ကို ကယ်ပေးလိုက်လို့..... ဒါကြောင့် ကျေးဇူးဆပ်တဲ့‌အနေနဲ့ သူလေးလဲ အလုပ်မရှိ နေစရာလဲမရှိဘဲ လျှောက်သွားနေရတာဆိုတော့ အမေကသနားလို့ အိမ်မှာ ခိုင်းစရာရှိတာလေးတွေ ခိုင်းရအောင် ခေါ်ထားလိုက်တာ”


“အော်..... သူ့နာမည်က ဘာတဲ့လဲဟင်”


“သမီး....”


“ရှန်.....”


“သမီး ကိုကြီးကို မိတ်ဆက်လိုက်အုံးလေ”


“အော်.... ဟုတ်”

“ဟို.... ခခနာမည်က....”


ခခဘက်သို့ အပြုံးချိုချိုလေးနှင့် လှည့်ကြည့်လာတဲ့ ထိုလူသားကြောင့် ခခတစ်ယောက် ဘာပြောရမှန်းတောင် မသိတော့ပေ။


“ဟို.... ခခ.... နာမည်က.....”


“ကလင် ကလင်.....”


ထိုအချိန် ရုတ်တရက်ဆိုသလို စိုင်းဦးဟန်ဆီသို့ ဖုန်းတစ်ခေါ် ဝင်လာခဲ့သည်။


“ခဏနော်....”


ဟန်စိုင်း အမေဖြစ်သူနှင့် ခခအား လက်လေးပြလိုက်ပြီး ဖုန်းပြောဖို့ ခြံထဲသို့ ဆင်းသွားလိုက်သည်။


“ဟယ်လို.....”


“ဟယ်လို..... ဘော့စ်”


“အင်း..... ပြော ဘာဖြစ်လို့လဲ”


“ကျွန်တော်တို့ဘက်မှာ ပြဿနာနည်းနည်းတက်နေလို့......”


“ပြဿနာ..... ဘာဖြစ်လို့လဲ”


“မိုးရန်ရှင်းခ ပြဿနာလာရှာလို့”


“ဘာ....”


ဟန်စိုင်းဆီမှ ထွက်ပေါ်လာတဲ့ ထိုအာမေဋိတ်အသံက ခြံထဲရှိ လူများအား လန့်သွားစေသည်။


“သူ့ညီမ မိုးမခရှင်းကို ကျွန်တော်တို့က မကျေနပ်လို့ ဖမ်းထားတယ်တဲ့”


“ဘာ..... အဟွန်း..... ငါနောက်တစ်ပါတ် ကလောကို လာခဲ့မယ် နောက်ပြီး သူ့ညီမ မိုးမခရှင်းဆိုတဲ့သူကိုလည်း မင်းတို့ ရှာထားကြ ကြားလား”


“ဟုတ်"


ဟန်စိုင်း စိတ်တိုတိုနှင့်သာ ဖုန်းအားချပစ်လိုက်သည်။


“သား ဘာဖြစ်တာလဲ”


“ဗျာ.... ဘာမှမဖြစ်ပါဘူး အမေရဲ့ လာ ကျွန်တော်တို့ အထဲဝင်ရအောင်”


“အေးပါ ဘာမှမဖြစ်ရင် ပြီးသာဘဲ အမေက သားခဏက အော်လိုက်လို့လေ ဘာများဖြစ်တာလဲလို့”


“ဘာမှမဖြစ်ပါဘူး လာပါဗျာ”


သားအမိနှစ်ယောက် စကားပြောရင်းဖြင့် အိမ်ထဲသို့ ဝင်သွားလိုက်ကြသည်။


“သမီး ခခ”


“ရှန်....”


“သမီး ကိုကြီးအတွက် အအေးလေး ယူခဲ့ပါကွယ်”


“ဟုတ် ကြီးကြီးနန်း”


ခခ ဧည့်ခန်းထဲမှာ ရပ်နေရာမှ အအေးဖျော်ဖို့ မီးဖိုခန်းထဲဆီ အပြေးလေးဝင်သွားလိုက်သည်။


“အဟွန်း..... ဒီကလေးမလေးက ချစ်စရာလေးနော် အမေ”


“ဟုတ်ပ.... ချစ်စရာလေး အမေက ဖြစ်နိုင်ရင် အမေ့သမီးအရင်းလေးတောင် ဖြစ်ခိုင်းစေချင်တာ အင်း.... ဒါပေမယ့်လဲ သမီးအရင်းဖြစ်လို့မရတော့ ချွေးမတော်ရင် ကောင်းမလားလို့ ”


စသလိုလိုနှင့် ‌မျက်နှာကြီးပြုံးကာ ပြောလာတဲ့ မိခင်ဖြစ်သူကြောင့် စိုင်းဦးဟန်တစ်ယောက် ခြေမကိုင်မိလက်မကိုင်မိ ဖြစ်သွားတော့သည်။


“ဟာ.... အမေကလဲ ကလေးကို”


“ဘာလဲ..... ရှက်နေတာလား”


“မ.... မဟုတ်ပါဘူး ဘယ်သူက ရှက်လို့လဲ”


“မသိပါဘူး မျက်နှာတွေကရဲလာတာဆိုတော့ ရှက်များရှက်သွားတာလားလို့”


“ဟာ.... အမေကလဲဗျာ”


“အဟွန်း..... အမေကစတာပါ သားရယ် ဟော.... ဟိုမှာ သမီးလေးတောင် လာပြီ....”


မီးဖိုခန်းထဲမှ အအေးခွက်လေးကိုင်ကာ ထွက်လာတဲ့ သူမအား ဒေါ်နန်းခင်ခင်တစ်ယောက် သူ့ဘေးနားလေးအား လာထိုင်ဖို့ လက်ပုတ်ပြလိုက်သည်။


“လာ ထိုင်သမီး”


“ဟုတ်”


“သမီး ကိုကြီးကို မိတ်ဆက်လိုက်အုံးလေ”


“ဟုတ်....”


“ခခနာမည်က မိုးမခရှင်းပါ”


“ဟမ်.... ဘာ....”


ရုတ်တရက်ထလာကာ မျက်မှောင်ကြီးကြုတ်သွားတဲ့ ဟန်စိုင်းကြောင့် မိခင်ဖြစ်သူကော ခခပါ လန့်သွားရသည်။


“ဘာဖြစ်တာလဲ သားရဲ့”


“ဗျာ..... ဟို ဘာမှမဖြစ်ပါဘူး”


“ဒါဆို ဘာလို့ အလန့်တကြား အော်လိုက်ရတာလဲ”


“ဟို.... ခြင် ခြင်ကိုက်လိုက်လို့ ဟုတ်တယ် ဟုတ်တယ် ခြင်ကိုက်လိုက်လို့ အဟွန်း.... ကျွန်တော် အပေါ်တက်ပြီနော် အမေ နားချင်ပြီ”


“အေအေ....”


မျက်မှောင်ကြီးကြုတ်လျက် အပေါ်သို့ တက်သွားတဲ့ သားဖြစ်သူကို မိခင်ဖြစ်သူ ဒေါ်နန်းခင်ခင်တစ်ယောက် စိုးရိမ်နေမိသည်။


“ဘာဖြစ်သွားတာလဲ မသိဘူးနော် ကြီးကြီးနန်း”


“ဟုတ်ပ ဘာတွေများ စိတ်ရှုပ်စရာရှိနေလဲမသိဘူး.... ကဲပါ သမီးထမင်းပြီးအောင်မစားရသေးဘူးမလား သွားစားချေလေ”


“ဟုတ်”


‌“ခဏလေး သမီး”


“ရှန်”


“ရော့ ဒီအအေးခွက်လေး သမီးကိုကြီးအခန်းကို သွားပို့ပေးပါအုံး”


“ဟုတ် ပေး သမီးသွားပို့လိုက်မယ်”


“အင်းအင်း ရော့”


ခခတစ်ယောက် အအေးခွက်လေးအား ကိုင်ကာ အိမ်အပေါ်ထပ် ဟန်စိုင်းရှိရာသို့ တက်လာခဲ့လိုက်သည်။


“ဒေါက် ဒေါက်.....”


“ဘယ်သူလဲ”


“ခခပါ ”


“ဘာကိစ်စလဲ”


“အအေးခွက်လာပို့တာပါ”


“ပြန်ယူသွားလိုက် ငါမသောက်ချင်ဘူး”


“ဟုတ်”


ကိုယ့်ဘက်က ချို"သာ"ပြောသလောက် တစ်ဖက် လေသံမာ"နှင့်မို့ ခခတို့တစ်ယောက်‌လဲ စိတ်မရှည်ကာ အခန်းရှေ့မှ ထွက်လာခဲ့လိုက်သည်။


“နိုင်ငံခြားပြန်ဆိုပြီး ဖင်ခေါင်းလာကျယ်ချင်နေတာ ဘာမှက ဟုတ်တာ မဟုတ်ဘူး အလကား အဘိုးကြီးကမြန်း..... အို ငါဘာတွေပြောနေတာလဲ ခဏ‌ကတောင် အဲ့လူကြီး ငါ့ကိုစကားအကောင်းပြောနေသေးတာဘဲ ကျေးဇူးရှင်ရဲ့ သားကို ဘာတွေလျှောက်ပြောနေတာပါလိမ့်..... စကားပြောဆင်ခြင်စမ်း ခခရေ..... ”


“နောက်ဆုံးတော့ ရှာတွေ့ပြီပေါ့ ဘယ်လိုလုပ်ရမလဲ ငါတစ်ဘက်ခါဆို ရှမ်းပြည် ပြန်ရတော့မှာ ဒီကလေးမကို ဘယ်လိုခေါ်သွားရမလဲ စဉ်းစားစမ်း”


ဟန်စိုင်းတစ်ယောက်မှာ မိုးမခရှင်းဆိုသည့်သူမကို တွေ့လိုက်ရသည့်အတွက် ဝမ်းလဲသာသလို ဒေါသလဲ ထွက်နေမိသည်။


#############################


“ကြီးကြီးနန်း ကြီးကြီးနန်းရေ”


“ကြီးနန်းခြံထဲမှာ သမီးရဲ့ ဘာကိစ္စရှိလို့လဲ”


“ကြီးကြီးနန်းသိလား”


“ဘာကိုလဲ”


“ဟိုဖက်ခြံမှာလေ ခွေးအကြီးကြီးတွေ ရောရ်လာပြီ”


“ဟမ်.... ခွေးအကြီးကြီး ဘာကြီးတုန်း သမီးရဲ့”


“ခွေးတွေလေ အကြီးကြီးတွေ ခခအရပ်တစ်ရပ်စာလောက်ရှိတဲ့ ခွေးကြီးတွေ အခုရောက်လာပြီ”


“အဲ့ဒါဘာဖြစ်လဲ အိမ်လုံတာပေါ့”


“ဟို.... ခခ.... အဲ့အိမ်က သရက်သီးတွေသွားခူးစားလို့ မရတော့ဘူလေ”


“အော်.... သမီးရယ် ဒါလေးမြန်း ဝယ်စာပေါ့”


“ကြီးနန်းမသိဘူး သရက်သီးဆိုတာ ဝယ်စားရတာထက် သစ်ပင်ပေါ်မှာ လတ်လတ်ဆက်ဆက် ခူးစားရတာက ပိုအရသာရှိတာ ကြီးနန်းရဲ့”


“အဟွန်း.....”


လက်မကြီး တစ်ထောင်ထောင်နှင့် မြက်ခင်းပြင်ပေါ်ထိုင်ကာ အားရပါးရ ပြောနေတဲ့ သူမလေးကို ဟန်စိုင်း တစ်ယောက် ဝရံတာမှ ထိုင်ကြည့်ကာ ပြုံးနေလေသည်။


”ဒီလောက် အပြစ်ကင်းစင်တဲ့ ကလေးမနဲ့ အဖေဆုံးမှုနဲ့က ဆိုင်ပါ့မလား..... ဘယ်လိုဖြစ်ဖြစ် ဒီကလေးမကတော့ သေချာပါတယ် အပြစ်ကင်းစင်ချက်ယောင်‌ ေဆာင်‌ ေနတာလဲ ဖြစ်နိုင်တာဘဲ....”


တစ်ယောက်ထဲ စဉ်းစားရင်း"ဖြင့် စိတ်ရှုပ်လာကာ ဖုန်း screenပေါ်က မိသားစုလိုက် ရိုက်ထားတဲ့ပုံလေးအား ဖွင့်ကြည့်လိုက်သည်။

သူ့အတွက်တော့ ယခုချိန်ထိ မိသားစုပုံလေးကြည့်လိုက်ရရင် စိတ်ရှုပ်စရာ စိတ်ညစ်စရာအားလုံးက ပျောက်ကွယ်သွားတက်သည်။


“သမီးခခ”


“ရှန် ကြီးကြီးနန်း”


“ညနေတောင်စောင်းနေပြီ သမီးကိုကြီးကို ညစာစားဖို့ သွားခေါ်လိုက်တော့”


“ဟုတ် ကြီးကြီးနန်း ဒါဆို ကြီးကြီးနန်း စားဖို့အတွက်ကော တစ်ခါတည်း ပြင်ခိုင်းထားလိုက်မယ်”


“ဟုတ်ပါပြီ”


ခခ ထိုင်နေရာမှ ထလိုက်ပြီး ဟန်စိုင်းအခန်းဆီသို့ လျှောက်လာလိုက်သည်။


“တံခါးမခေါက်ချင်လဲခေါက်ရပြန်အုံးမယ် ဟူးးးး”


“ဒေါက် ဒေါက်”


“ခခပါ ညနေစာစားဖို့ ကြီးကြီးနန်း လာခေါ်ခိုင်းလို့ လာခေါ်တာပါ”


“ဆင်းလာခဲ့မယ်”


“ဟွန့်.... စကားပြောတာကိုက လေသံမာမာနဲ့ ဘယ်လိုဟာပါလိမ့် မနက်တုန်းကတောင် ဟုတ်သေးတယ်”


ဒီတစ်ခေါက်လဲ ပွစိပွစိနှင့်သာ အပေါ်ထပ်မှ ဆင်းလာခဲ့လိုက်သည်။


“သမီး ဆင်းလာပြီတဲ့လား”


“ဟုတ် ဆင်းလာခဲ့မယ်တဲ့”


‌“အေအေ ဒါနဲ့ သမီးလဲ တစ်ခါတည်း ဝင်စားလိုက်တော့လေ”


“ရပါပြီ ကြီးကြီးနန်းရဲ့ ခဏနေမှ ဦးဝင်တို့ ကြီးယဉ်တဲ့နဲ့ စားလိုက်တော့မယ်”


“ဝင်စားလိုက်ပါ ဦး ပြောစရာလေးရှိလို့”


အနောက်ပါးစီမှ အသံကြောင့် ထမင်းစားခန်းထဲရှိ လူတွေအားလုံး လှည့်ကြည့်လိုက်သည်။


“အမယ်လေး”


ရုတ်တရက် အနောက်လှည့်လိုက်ရော ဟန်စိုင်းနှင့် တိုက်မိသွားသဖြင့် ခခတစ်ယောက် လဲကျတော့မလို ဖြစ်သွားသည်။


“ဆောရီးပါ”


ညစာစားမှာကို တိုက်ပုံ ပုဆိုးဝတ်ထားတဲ့ ဟန်စိုင်းကို ကြည့်ကာ ခခ အံ့ဩနေမိသည်။


ဒီလိုတွေဝတ်ထားတာ ဘုရားသွားမလို့များလား ဒါမှမဟုတ် ရူးနေတာများလား ။


ခခ တစ်ယောက် စိတ်ထဲ ကောက်ချက်ချနေမိသည်။


“လာ လာ ထိုင်ကြ ညစာစားကြရအောင်”


“ဟုတ်”


“သမီးကော လာထိုင်နော်”


“ဟုတ်”


သူမလဲ အားနာနာနှင့် ဝင်ထိုင်လိုက်သည်။

တစ်ကယ်ဆို သူမက ဒီအိမ်နှင့် ဘာမှမဆိုင်သဖြင့် ဝင်ထိုင်ရမှာ မဝင့်မရဲဖြစ်နေမိသည်။


“ဟို.... အမေ သားပြောစရာတစ်ခုရှိတယ်”


“အင်း ပြောလေသား ဘာပြောမှာလဲ”


“ဟို.... သား မနက်ဖြန် ပြန်တော့မယ်”


“ဟေ.... ဘာလို့လဲ သားရဲ့ ရောက်တာမှ တစ်ရက်တောင်မပြည့်သေးဘူးလေ”


“အရေးကြီးကိစ္စပေါ်လာလို့ပါ အမေရယ်”


“အေးပေါ့ကွယ် အလုပ်ကိစ္စဆိုတော့လဲ ကြာကြာနေလို့ မဖြစ်ဘူးလေ ဒါနဲ့ ဘယ်ချိန်သွားမှာလဲ”


“မနင်အစောပိုင်းလောက်သွားရမယ် ထင်တယ် ဒါမှ ဟိုကို မိုးမချုပ်ခင် ရောက်မှာ”


“ဒါပေါ့”


“ဟို... နောက်ပြီး ကျွန်တော်အမေ့ကို တောင်းဆိုစရာရှိတယ်”


“ဘာတောင်းဆိုမလို့လဲ”


“ဟိုလေ.... ဟို... ဟို....”


“အော် တစ်ဟိုဟိုနဲ့ ပြောမှာသာ ပြောစမ်းပါ”


“သားပြန်ရင်လဲ သူ့ကိုပါ ခေါ်သွားချင်လို့”


“ဟမ်....”


“ဘာ.... မလိုက်ဘူးနော်”


“ချက်ချင်းကြီး မငြင်းပါနဲ့ ဘာလို့ လိုက်ခိုင်းစေချင်လဲဆိုတာ အကျိုးအကြောင်းလေးလဲ မေးပါဦး”


“ရတယ် မမေးတော့ဘူ မလိုက်ဘူး”


“နေပါအုံး သားက ဘာလို့ သမီးကို ခေါ်သွားချင်ရတာလဲ”


“ဟိုလေ.... ရှမ်းပြည်က အိမ်မှာက ဒေါ်မြိုင်တစ်ယောက်ထဲရှိတာ အဲ့တော့ ဒေါ်မြိုင်အဖော်ရအောင်မို့လေ”


“လိုလို့လား သားရယ်”


“လိုတာပေါ့ အမေရဲ့ သူသာ သားနဲ့ဟိုကိုလိုက်ခဲ့ရင် သူဆွေမျိုးတွေကို ပြန်ရှာရင် ရှာလို့ရမှာပေါ့”


“သူ့ဆွေမျိုးတွေက ဟိုမှာရှိတယ်ဆိုတာ သားကဘယ်လိုသိတာလဲ”


“တစ်ခြားမဟုတ်ပါဘူး သူရုပ်က အသားဖြူဖြူ စကားနဲနဲဝဲတယ်ဆိုတော့ ရှမ်းလူမျိုးထင်လို့လေ ဟုတ်တယ်မလား”


“ဟုတ်တာတော့ ဟုတ်ပါတယ်”


“ဒါဆိုလိုက်မယ်မလား”


“သား.... ဘာလို့ သမီးခခကိုမှ ဒီလောက်ခေါ်ချင်နေရတာလဲ တစ်ခြားလူတွေထည့်ပေးလိုက်မယ်လေ”


“မရဘူး အမေရဲ့ သူမှဖြစ်မှာ”


“ဘာလို့လဲ”


“အိမ်မှာ လက်တိုလက်စခိုင်းဖို့အတွက်”


“ဒါဆို တစ်ခြားလူကိုထည့်ပေးလိုက်မယ် သမီးကတော့ မဖြစ်ဘူးလေ သားရဲ့ သူကငယ်သေးတယ် နောက်ပြီး အိမ်တစ်အိမ်မှာ ဆွေမျိုးမတော် ဘာမတော်နဲ့ တစ်အိမ်ထဲမှာ အတူတူနေမယ်ဆိုတော့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ သားရဲ့”


“ကျွန်တော်က သူ့ကို ညီမလေး အရင်းတစ်ယောက်လို သဘောထားပြီး စောင့်ရှောက်မှာပါ.... နောက်ပြီး သူလဲ ဒီအိမ်ကြီးထဲမှာဘဲ နေရတော့ပျင်းမှာပေါ့ အပျင်းပြေ ခရီးထွက်သလို သဘောထားပြီး ခေါ်သွားလိုက်မယ်လေ ဟိုမှာ သူပျင်းရင်လဲ ပြန်ပို့လိုက်မယ်လေ”


“အေ..... အဲ့လိုဆိုတော့လဲ ဟုတ်သားဘဲ သမီးဒီအိမ်ကြီးထဲမှယဘဲ နေနေရတာ ငြီးငွေ့မှာပေါ့ စိတ်ပြေလက်ပျောက် လိုက်သွားကြည့်ပါလား ဟိုမှာ ပျင်းရင် ပြန်လာခဲ့ပေါ့..... သမီး ကိုကြီးက လူကောင်းပါကွယ် သမီးကို ဘာမှ မလုပ်ဘူး မစိုးရိမ်နဲ့ ခရီးထွက်တယ်လို့ဘဲ သဘောထားပြီး လိုက်သွားကြည့်”


“မဖြစ်ဘူးထင်တယ်နော်”


“ဘာကို မဖြစ်မှာလဲ ဦးက မကောင်းတဲ့သူ မဟုတ်ပါဘူး ဒီက ကလေးမကို စောင့်ရှောက်ပေးမှာပါ”


ချိုသာလွန်းနေတာကြောင့် ခခ စိတ်ထဲ မယုံသင်ကာဖြစ်နေမိသည်။


“လိုက်သွားလိုက်နော် သမီး”


“ဟုတ် တစ်ပတ်လောက်ဘဲ လိုက်သွားလိုရ်လဲရတယ်မလား ကြီးကြီးနန်း”


“ရတာပေါ့ သမီးရဲ့”


“ဟုတ် ဟုတ်”


“ကဲ ကဲ ထမင်းဆက်စားကြတော့”


ခခကတော့ အတွေးလွန်ကာ မပျော်နိုင်ပေမယ့် ဟန်စိုင်းမှာတော့ သူ့အကြံအစည်အောင်မြင်လို့ စိတ်ထဲ ကြိတ်ပျော်နေမိသည်။


အဟွန်း..... နောက်နေ့ကစပြီး မင်းတော့ သေဖို့သာ ပြင်ထားပေတော့။


စိတ်ထဲ တစ်ယောက်ထဲ ကြုံးဝါးကာ ဟန်စိုင်းတို့ အပျော်ကြီး ပျော်နေမိသည်။


ရှမ်းပြည်ရောက်မှ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။

နောက်အပိုဒ်ရေးမှ ဖတ်တော့။


စာဖတ်သူတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။

ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏


rate now: