book

Index 7

အပိုင်း (၇)

ကိုကို့မို့ ချစ်တာလို့ ☹


" မသေကောင်းမပျောက်ကောင်းမြေးမလေးရယ် ကံကြီးပေလို့ပေါ့"


"တီလေးက လူစွမ်းကောင်းလုပ်ခြင်တာကို ကိုယ့်ကြည့်တော့..... "


"ဟျောင်"


ရေပြင်ညီ မျက်နှာတည်တည်နဲ့ လှမ်းဟမ့်လိုက်တော့မှ မင်းခက်ထန် ညိမ်သွားပြီး


"ကျွန်တော်ပြောတာ မဟုတ်လို့လား...."


"မင်းခတ်ထန် နင်နော် ငါဒီလောက်ဖြစ်နေတာကို"


"တီလေးက..."


"ကဲကဲ တော်ကြတော့ တကယ့်ခွေးနဲ့ကြောင်"


"ကျွန်တော်ကကြောင်, မီးကကြောင်"


"အာ... တွေ့လား မီးပြောတိုင်းလိုက်ပြောနေတယ်ဖွား"


ဒေါ်ခေမာ သူမပြောနေရင်းနဲ့ ကုတင်ပေါ်က လူမမာကလည်း ပြန်ရန်တွေ့နေတာမို့ ပြောမရတဲ့အဆုံး


"ကဲ ဖြစ်ကြဟေ့ ဖြစ်ကြတော့ မြေး မြေးမလေးကို အသက်ကယ်ခဲ့တဲ့သူက ဘယ်သူလည်းကွဲ့ အခွင့်သင့်ရင် ကျေးဇူးပြန်ဆက်ရအောင်"


ရေပြင်ညီ ဖွားပြောလိုက်တယ်ဆို ဂျစ်ကန်ကန်နိုင်တဲ့ကောင်လေးကို ပြန်မြင်ယောင်လိုက်တာကြောင့် အလိုမကျစွာ မျက်မှောင်ကျုံ့လိုက်ပြီး


"ကျစ် ထားလိုက်ပါဖွားရာ လူပုံကဂျစ်ကန်ကန်နဲ့ မတက်သာလို့ကယ်လိုက်ရတဲ့ပုံပါ ဖွားတို့ သွားကျေးဇူးဆက်လည်း ဟိုကအဖက်လုပ်မယ့်ပုံမဟုတ်ဘူး.."


"အော်... ဒီကလေးနဲ့ လူတစ်ယောက်ကို အပြင်ပန်းကြည့်ပြီး အဲ့လိုမဆုံးဖြတ်ရဘူးကွဲ့ တစ်ဖက်သားတွက်မကောင်းဘူးလေ မြေးဆုံးစမ်းကြည့်လိုက် သတင်းရရင်ဖွားကိုပြော ဖွားသေချာလေးကျေးဇူးဆက်ခြင်လို့"


ရေပြင်ညီ သူဒီလောက်ပြောနေတာကို အတင်းကျေးဇူးဆက်ခြင်နေတဲ့ဖွားကြောင့် အလိုမကျမှုတို့နဲ့


"ကျစ် အဲ့လောက်ကျေးဇူးဆက်ခြင်နေရင်လည်း တပြင်လူသာရှာခိုင်းလိုက် ကျွန်တော်တော့ ရှာမပေးနိုင်ဘူး"


"ဟယ် ဒီကောင်လေး..."


ဒေါ်မေမီ မထင်ရင်မထင်သလို မယ်မယ်ကြီးကိုတောင် ပြန်ပြောတက်တဲ့ သားဖြစ်သူကြောင့် မျက်နှာပူပူနဲ့ပဲ


"ဟို ကန်တော့ ကန်တော့ပါ မယ်မယ်ကြီးရယ်.. သားက...."


"အဟွန်း... ရပါမေမီရယ်... မြေးဒီလောက်ဖြစ်နေပုံအရဆို ကောင်လေးက ရုပ်ရည်သန့်သန့်ထဲကပဲနေမယ် မြေးမလေးရော မှတ်မိလား..."


"ဟင့်အင်းဖွား..."


"အွန်း အွန်း ထားလိုက်ပါ နောက်အခွင့်သာမှပေါ့"


"ဟုတ်ကဲ့"


"အွန်း အွန်း ဖွားသွားပြီ မြေးမလေးလည်းနားအုန်း"


"ဟုတ်ကဲ့ဖွား..."


ခခ ဖွားတို့ပြန်သွားပြီး သူမတွေးနေမိတာက သူမကို ကယ်ခဲ့တဲ့သူကိုပင်


"ဘယ်သူများပါလိမ့်"


>>>>>>>>>>>>>>>>


"ဟျောင် ရေပြင် မင်းရဲ့ဟန်းနီးမွန်းဘယ်လိုမွန်းခဲ့ရလည်းက ပြန်ဝေမျှပါအုန်း အဟွန်း..."


"ကျစ် နေစမ်းပါကွာ..."


"အဟွန်း မင်းနဲ့ငါနှစ်ယောက်ထဲပါကွာ.. ပြောစမ်းပါ အတွေ့အကြုံလေး.."


"ကျစ် ဒါကျောင်းနော်စည်သူ"


"အဟွန်း... အေးပါကွာ.... အော် ဒါနဲ့ တို့ကျောင်းရဲ့ပါချုပ်မြေး ဒီနေ့ထိုင်းကရောက်တယ်တဲ့ကွ"


"သူထိုင်းကရောက်တာ ငါဘာလုပ်ပေးရမှာလည်း ကျစ် မင်း ကိုယ့်စာပွဲကိုယ်သွားလိုက်တော့ ငါဒီမှာ လုပ်စရာတွေရှိသေးတယ်"


"အေးပါကွာ... သွားမှာပါ ငါပြောခြင်တာလည်းပြောသွားပါရစေအုန်း... ဒီလိုကွာ.. သူမြန်မာပြည်ပြန်ရောက်လာတာက အကြောင်းမရှိဘူးကွ အကြောင်းရှိတာက နိုင်ငံခြားထိသွားထားပေးတာတောင် ကျောင်းပြန်မတက်တဲ့ဒီကောင်က အခုလိုလိုခြင်ခြင်နဲ့ ငါတို့ဆေးကျောင်းမှာတက်မှာတဲ့ကွ သူ့ဖွားကြီး တို့ပေါင်မုန့်ခြောက်ကြီးကတော့ ပျော်နေတာအတိုင်းထက်အလွန်ပေါ့ကွာ.. ကျောင်းထဲက ပါမောက္ခပေါက်စလေးတွေကိုလည်း သူ့မြေးအကြောင်းအမွှန်းတင်ထားတာလည်း မကြားခြင်မှ အဆုံးပဲဟေ့"


"ကျစ် သူ့အဖွားကျောင်း သူလာတက်တာဆန်းလားကွာ... အလကား အချိန်ကုန်ခံပြီးပြောနေတယ် ကျစ်"


"အဟွန်း အကြောင်းက ခုမှ စမှာကွ"


ရေပြင်ညီ ဆုံးပြီးထင်ထားပင်မယ့် ပေရှည်လွန်းတဲ့ စည်သူကြောင့်


"ဘုတ် မင်းတစ်ခါတည်းအဆုံးတဲ့ထိပြော ပြီးရင် ဒီစာပွဲကနေ သွားတော့ မဟုတ်ရင် ငါသွားမယ်"


စည်သူ ရေးနေတဲ့ လက်ကဘော့ပင်ပါချပြီး မျက်နှာထားတည်တည်နဲ့ပြောလိုက်တဲ့ ရေပြ်ငကြောင့် ရေပြင်အကြောင်းသိနေသူပီပီ


"အဟွမ်း အေး အေးပါကွ ဒီတစ်ခါပဲ အဟွန်း... အကြောင်းကကွ ဒါအတွင်းလူတွေပဲသိတာနော် မင်းတစ်ခြားလူးကိုပြန်ပြော..."


"ကျစ်"


"အာ.. sorry sorry ပြောပြီ ပြောပြီ ဒီကောင်က ဒီကျောင်းကိုလာတာ ကောင်မလေးတစ်ယောက်ကြောင့်တဲ့ကွ အထူးဆန်းနော်ဟျောင် သူလိုရုပ်ရှိရေရှံတစ်ယောက်က ကောင်မလေးတစ်ယောက်ကြောင့် ဒီကျောင်းကိုလာတယ်ဆိုတော့ ကောင်မလေးကအတော်ထူးလို့နေမယ်.."


"ကျစ် စည်သူ မင်းကိုငါပြောပေါင်းလည်းများပြီနော် မင်းမှာဆရာဆိုတဲ့ဂုဏ်ရှိတယ် အဲ့ဒါကိုထိန်းသိမ်းတဲ့အနေနဲ့ ကိုယ်စာပြန်သင်နေရတဲ့ ကျောင်းသားတွေအကြောင်းကို ပြန်ပြီး အပုတ်မချစေခြင်ဘူး အထူးသဖြင့် မင်းက ကျောင်းသားတွေကြားကို သတင်းအရင်ဖြန့်တဲ့သူမဖြစ်စေနဲ့ ဆရာကောင်းပီသပါစေ"


ဆေးတက္ကသိုလ်ရဲ့ BBCလို့ ဟွန်းလေးတစ်ကျော်ကျော်ရှိတဲ့ စည်သူတစ်ယောက် မိမိအားနည်းချက်ကို ထိသွားတာမို့ ရှက်ကိုးရှက်ကန်းနဲ့ပဲ


"အဟွန်း... အေး အေးပါကွာ... စိတ်ချပါ အဟွန်း.."


"အွန်း အတန်းချိန်ရှိလို့သွားပြီ"


"အေး အေး သွားသူငယ်ချင်း အဟွန်း..."


စည်သူတစ်ယောက် ရေပြင်အခန်းထဲကထွက်တယ်ဆိုတာနဲ့ 


"စေတနာနဲ့ ကျောင်းရဲ့ခေတ်နောက်ကျသူမဖြစ်ရအောင်ပြောပြရသေးတယ် တကယ့်ဂွကောင်"


ရေပြင် အသင်ပြကောင်းပြီး စာနေရာမှာပြောစရာမလိုပင်မယ့် ကျောင်းသားတွေနဲ့ရောလွန်းလို့ အရိုအသေတန်နေတာကြောင့် သူပြောလိုက်ခြင်းဖြစ်သည်။ သိုသော် ခေါက်ရိုးကျိုးနေသောအကျင့်က မပျောက်ဘူးဆိုတာလည်း သူသိနေလေရဲ့


"ဟဲ့ followersကသိန်းကျော်တယ်နော် အမ​လေး နာမည်ကလည်း မဟော်တဲ့ ငါတော့ ကြွေလွန်းလို့သေပါပြီဟယ်...."


"ဟဲ့ ကောင်မ ပြောတော့ ဆရာရေပြင်ညီဆို"


" ဟဲ့ ဆရာလည်းဆရာ ခုကောင်လေးလည်း.... ခိ ချောလိုက်တာဟယ်... ဒီမှာကြည့်ပါအုန်း အကြည့်တွေကို ဓာတ်ပုံမှာတောင် ဒီလောက်ညို့နိုင်ရင် အပြင်မှာတွေ့ရင် အမယ်လေး.. ကြက်သီးတောင်ထတယ်ဟယ်.."


"ကောင်မ တော်တော်ဖြစ်"


ရေပြင်ညီ အတန်းထဲဝင်မို့ပင်မယ့် မထင်ထားပဲနားထောင်မိသွားတဲ့စကားတွေကြောင့် သူ ဘာရယ်မဟုတ်ပဲ ရင်လေးသွားမိသည်။ ခခ ပထမနှစ်တက်ဖို့နီးလာပြီပဲ သေချာတာကတော့ ဆေးကျောင်းတက်ရမှာမို့ မာမီတို့က သူရှိတဲ့ကျောင်းပဲ ပို့အုန်းမှာပါ ဒီလိုမိန်းကလေးတွေလိုသာ ခခကိုတွေ့ကြည့် သူဘာလုပ်ပစ်မိမယ်မသိ။


"အဟမ်း!"


"ဟယ် ဆရာလာပြီ.... သိမ်း သိမ်း"


"ကောင်မ ခုနတုန်းကတော့ သူပဲအသည်းသန်"


"ဟဲ့ နင်ရောမပါဘူးလား.."


"နင်က ပိုဆိုးတာလေ"


ရေပြင်ညီ သူလာတာတောင် တီးတိုဖြစ်နေကြသေးတဲ့ ကောင်မလေးနှစ်ယောက်ကြောင့် သူမျက်မှောင်အလိုလိုကျုံ့သွားပြီး


"ဟေ့! မင်းတို့နှစ်ယောက်ရှေ့ထွက်ခဲ့ မနေ့က ပြထားတဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေနာမည်ထွက်ရေး"


"ဟို ဆ ဆရာ..."


"မရဘူးမဟုတ်လား... မရရင် သွား.. ဟိုနောက်ဆုံးတန်းမှာ ငါ့အချိန်မပြီးမချင်း မက်တက်စာသင်ရမယ်"


"ရှင်! ဟုတ် ဟုတ်ကဲ့ ဆရာ..."


ဖူးပွင်နဲ့ဇာခြည် ကြောက်ကြောက်နဲ့ လွယ်အိပ်လေးတွေပိုက်ပြီး နောက်ဆုံးတန်းကို လက်သုပ်သုပ်သွားတော့သည်။ လျှောက်နေစဥ်အတွင်းတော့


"ဖူးပွင့် မနေ့ကပြောတော့ ဒီနေ့မှ အသေးစိတ်ပြန်ရှင်းပြမှာဆို ဆရာကလည်း ဘာကြီးလည်းမသိဘူး.."


"ငါတို့ပြောနေတာကြားသွားလို့နေမှာပေါ့ဟာ.. ဆရာက အဲ့လိုပုံစံတွေမကြိုက်ဘူးလေ"


"အေးနော် ဆရာကလည်းဇီဇာကြောင်လိုက်"


"နည်းနည်းပါဟယ်..."


ရေပြင် သူပြောလိုက်တာတောင် ပူကပ်ပြီး တီးတိုးပြောသွားတဲ့ ကောင်မလေးတွေကိုကြည့်ပြီး သူသက်ပျင်းချလိုက်မိသည်။ ဒီခေတ်မိန်းကလေးတွေ တကယ်မလွယ်ချော...


>>>>>>>>>>>>>


ခခ သွားတိုက်ပြီးလို့ ညအိပ်ဝတ်စုံလဲပြီးတာနဲ့ စာကြည့်စာပွဲရှေ့မှာ အလုပ်ရှုပ်နေတဲ့ ကိုကိုကိုတစ်ချက်ကြည့်ပြီး အခွင့်ရေးရမယ့်အချိန်ကိုစောင့်နေမိသည်။ သူမသိခြင်တာ သိရမှအိပ်ပျော်မည်မို့...


"အဟမ်း အဟမ်း အဟွန်း.. အဟွန်း... အဟမ်း..."


"အံဆွဲ ဒုတိယထက်ထဲမှာ ဆေးတစ်လုံးယူသောက်လိုက် ရေကိုစောစောချိုးဖို့ပြောရင် ဘယ်တော့မှ နားမထားနဲ့"


ခခ သူမattentionယူခြင်လို့ ချောင်းတမင်ဟန့်ပြတာကို သူမကိုပါ အပြစ်ပါတင်လိုက်သေးတဲ့ ကိုကိုကြောင့် နှုတ်ခမ်းလေးအလိုလိုချွန်သွားပြီး ကုတင်နားကို စောင့်စောင့်အောင့်အောင့်နဲ့သွားကာ


"ဟွန့် သူများဆို ဟောက်ဖို့ပဲသိတယ်"


ရေပြင် သူ့ကိုမကြားတကြားလေးအပြစ်တင်ပြီး စောင်ခြုံလိုက်တဲ့သူမလေးကြောင့် ဆေးမသောက်ဖြစ်တော့မှာကိုသိနေတာမို့ စာကြည့်တန်းလန်းနဲ့ပဲ


"ဟေ့ ဆေးသောက်ပြီးမှအိပ်"


ခခ သူမစိတ်တိုလို့တောင်မပီးသေး နောက်ထပ်ကျရောက်လာတဲ့ အမိန့်ကြောင့် ဆက်ခနဲဆို စောင်ခေါင်းမြီးခြုံလိုက်ကာ အသံခက်တိုးတိုးဖြင့်


" ဘယ်တော့မှ မသောက်ဘူး... ဘလပ် ဘလပ် ဟွန့်" 


ရေပြင် စောင်ကျယ်ကျယ်ခြုံလိုက်သံကြောင့် သူပြုံးလိုက်မိသည်။ သူမလေး တကယ်မဖြစ်ဘူးဆိုတာသေချာသွားပြီမို့ တကယ်သာဖြစ်ကြည့် သူတိုက်စရာမလိုအောင် အကြောက်ကြီးလွန်းတဲ့သူမလေးက ဘယ်တော့မှ အတင်းတိုက်နေစရာမလိုပါ။ ဒါတစ်ခုတော့ သူချီးကျူးမိသည် မိန်းကလေးအများစု ဆေးသောက်ကြောက်ကျသလောက် သူမလေးကတော့ အပပါ။


"ကိုကို..... ကိုကိုတကယ်ကြီးအလုပ်ရှုပ်နေတာလားဟင်"


ရေပြင်ညီ စောနကအသံနဲ့ခြားနားစွာ တိုးရှရှအသံလေးကြောင့် တစ်ခုခု ပြောတော့မယ်ဆိုတာသိနေပြီမို့


"အွန်း.."


ခခ သူမမနေနိုင်လွန်းလို့ မေးလိုက်ပင်မယ့် ခက်ပျက်ပျက် အွန်းဆိုတဲ့အသံကြောင့် နှုတ်ခမ်းလေးအလိုမကျစွာဆူသွားပြီး


"ကိုကို့ အွန်းကြီးကလည်း..."


ရေပြင်ညီ ပြောခြင်တာမပြောပဲ ရစ်လွန်းနေတဲ့သူမလေးကြောင့် ဖတ်လက်စစာအုပ်ကို ချလိုက်ပြီး


"ကျစ် ပြောမှာပြောခခ စကားတွေရှည်ရင်ငါမ​ကြိုက်ဘူး..."


ခခတစ်ယောက် ရေပြင်ညီရုပ်အခြေအနေက ဘယ်လိုဖြစ်နေနေ သူမပြောဖို့ အခွင့်ရေးရလိုက်ပြီဆိုတာ သိလိုက်တာနဲ့ ​ကုတင်ထက်ကနေ ရေပြင်ညီခုံဘေးဘယ်လိုရောက်လာသည်မသိ


"ခိ ဟုတ် ဟုတ် အဟွန်း... ဟိုလေကိုကို ဟို မီးရေနစ်တုန်းကလေး မီးကို...."


"ကျစ် တော်တော့ခခ ဘာလို့အဲ့လောက်သိခြင်နေတာလည်း သိတော့လည်း မင်းလိုက်ရှာလို့ရတာမှမဟုတ်တာ ဟိုကခုဆို ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းမသိဘူး မင်းကဘယ်ထိလိုက်ပြီး ကျေးဇူးဆက်မို့လည်း... မင်း အချိန်တွေပိုနေရင် ရော့ ဒီစာအုပ်ယူသွား လိုက်ဖတ်ကြည့်နေ ဘုတ်!"


ခခ သူမကပြောရမလားမှတ်တယ် တရဆက်ဟောက်သွားပြီး စာအုပ်ထူကြီးသူမပေါ်ပစ်ချလိုက်တာကြောင့် စောင့်စောင့်အောင့်အောင့်နဲ့ စာအုပ်ကြီးကိုင်လိုက်ပြီး ကိုကို့စာပွဲခုံရှေ့ပြန်ချလိုက်ကာ


"ဘုတ်! မဖတ်ခြင်ဘူး ကိုယ့်ပါသာဖတ် ခခကအိပ်တော့မှာ... ဟင် အ့ ကိုကို့"


ခခ ပြောပြီးတယ်ဆို ထွက်သွားမို့လှည့်လိုက်တာနဲ့ လက်ကိုဆွဲခံလိုက်ရတာကြောင့် မျက်နှာလေးရှုံ့မဲ့သွားပြီး


"အ့ နာလိုက်တာ ကိုကိုကလည်း.. ဘာလို့အတင်းဆွဲလိုက်ရတာလည်းလို့"


ရေပြင်ညီ ခခပြောတော့မှ လက်ကိုလွှတ်ပေးလိက်ပြီး


"ရော့ ဒီထဲမှာ ပထမဆုံးနိဒါန်းနှစ်ရွက်ကိုဖတ်ခဲ့ ​သေချာမှတ်မိမှ အိပ်ရမယ်"


"ဟင် နိဒါန်းကြီး..."


"ကျစ် ဖတ်မှာသာ မဖတ်ရင် မအိပ်ရဘူးမှတ် ငါ့အကြောင်းသိတယ်နော် ခခ"


ခခ သူ့ကို မျက်နှာတည်တည်ကြီးနဲ့ပြောလိုက်တဲ့ ကိုကိုကြောင့် အလိုမကျတဲ့မျက်နှာလေးနဲ့


"ပေးပေး ဟွန့် ဖတ်မယ် ဖတ်မယ် အိပ်ရေးမဝလို့ မနက်သေသွားလည်း ရှင်ကြီးပဲ နာမည်ကြီးမှာသိလား.. မိန်းမငယ်ငယ်လေးယူထားပြီး ညဘက်တောင်ကောင်းကောင်းမအိပ်နိုင်အောင် နှိပ်ဆက်လွန်းသူဆိုပြီး သတင်းခေါင်းကြီးပိုင်းက ပါမှာ သိလား ဟွန့်"


ရေပြင်ညီ သူမလေးစကားကြောင့် ဘာရယ်မဟုတ်ပဲလှစ်ခနဲပြုံးလိုက်မိသည်။ ကိုယ်ပြောတဲ့အဓိပ္ပါယ်က ဘယ်ကိုသက်ရောက်သွားမယ်ဆိုတာတောင်မသိတဲ့ ကောင်မလေး...


"ကိုကိုရေ... မီးမျက်လုံးတွေညောင်းလာပြီသိလား...." "ကိုကို... မီးအိပ်ခြင်နေပြီလို့..." " ကိုကိုရေ... မီးတကယ်ကြီးမရတော့ဘူးလို့...." " ကိုကိုရေ... မီးနောက်ခါမပြောတော့ဘူးနော်.."" ကိုကို...." "ကိုကိုရေ🎶🎵 ခေါ်နေတာမကြားဘူးလား🎵🎶 ကိုကိုရေ🎶🎵 ချစ်လွန်းလို့နော်🎵🎶...." "ကိုကို...... မီးမရတော့ဘူး......"


".........."


"..........."


".........."


"........"


ရေပြင်ညီ ဆူညံညံအသံသေးသေးလေး အချိန်အတော်ကြာအောင်တိပ်ဆိပ်သွားပြီးနောက် သူဖတ်လက်စစာအုပ်ကိုသိမ်းလိုက်ပြီး သူမလေးကိုကြည့်လိုက်တယ်ဆို စာပွဲပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာ အသံပိစိလေးတောင် ထွက်နေလိုက်သေးသည်။ ရေပြင်ညီ ဒီလိုဖြစ်မှာကို သူထင်ပြီးသာမို့ သူပြုံးလိုက်ပြီး ခက်ဖွဖွပွေလိုက်တယ်ဆို


"ကိုကိုရေ.... နောက်မမေးတော့ဘူးနော်...."


ရေပြင်ညီ ယောင်နေတဲ့ပုံစံအရ နောင်ကျင်သွားပြီတိုတာသိလိုက်တာမို့ သူပြုံးလိုက်ကာ ကုတင်ထက် ခဖွဖွလေးချပေးလိုက်ပြီး သူပါတစ်ဖက်မှာ ဝင်လှဲလိုက်ကာ စောင်သေချာခြုံပေးပြီး ရင်ခွင်ထဲမှာ နွေးထွေးစွာဖက်ထားလိုက်သည်။ ညတိုင်းသူခြွေနေကြ နဖူးလေးထက်သို့ အနမ်းတစ်ပွင့်ခြွေရင်း...


"မင်းရဲ့ အတွေးထဲမှာတောင် ကိုယ်ပဲအမြဲရှိလြင်တာကလေး...."


ဒီနေ့ ရေပြင်အနမ်းတစ်ခု ထပ်တိုးသွားတာက သူဆွဲလိုက်လို့နာသွားတဲ့ လက်ကောက်ဝတ်လေးပင်။


>>>>>>>>>>>>


"မြေး!.. ဒါဘယ်အချိန်ရှိနေပြီလည်း... ဒါ မင်းသွားခဲ့တဲ့ နိုင်ငံတွေလိုမဟုတ်ဘူးနော်... ဖွားဂုဏ်ပုဒ်ကို ရှေးရှူ့တဲ့အနေနဲ့ အနေထိုင်ဆင်ခြင်ပါ"


မဟော် ဧည့်ခန်းကိုဖြတ်လိုက်တာနဲ့ ဖွားရဲ့စကားကြောင့် သူပြုံးလိုက်ပြီး


"အဟွန်း... ကျွန်တော်ဒီကိုလာတာ ဖွားရဲ့ ဂုဏ်ပုဒ်တွေကိုထိန်းသိမ်းဖို့မဟုတ်ဘူးလေ ကျွန်တော့်နစ်နာကြေးတွက် ကျွန်တော်လာယူတာ..."


ဒေါ်မြင့်မဟော် အမှတ်ကြီးလွန်းတဲ့ မြေးစကားကြောင့် သူမမျက်မှောင်ကျုံ့လိုက်ပြီး


"မြေးရဲ့ နစ်နာကြေးအတွက်နဲ့တော့ ဖွားကျောင်းကိုမြောင်းထဲဆွဲမချမိစေနဲ့မြေး ဖွားဒါပဲပြောခြင်တယ်"


"အဟွန်း... စိတ်ချပါဖွားရာ... ဖွားမြေးက ကိုယ့်အဖွားကျောင်းကို ဆွဲချရလောက်တဲ့ထိမရိုင်းသေးပါဘူး အဟွန်း..."


ဒေါ်မြင့်မဟော် သွေးအေးစွာပြောပြီး သူမရှေ့ကထွက်သွားတဲ့ မဟော်ကြောင့် သာမသက်ပျင်းရှည်ကြီးတစ်ချက်ချလိုက်မိသည်။


"ဒီကလေးစိတ်လည်း သူ့ဖေလို့ သိပ်အမှတ်ကြီးသကိုး..."


◾◾◾◾◾◾◾◾◾◾◾◾◾◾◾


ဇာတ်လမ်းအစက အေးအေးကြီးမို့ စိတ်မပျက်သွားကြပါနဲ့နော် တဖြေးဖြေး ပူနွေးလာမှာမို့ပါ season1ကိုမဖတ်ရသေးသူတွေရှိရင် ဖတ်ထားကြပါနော် season1က တစ်ချို့အကြောင်းအရာတွေပါမှာမို့ပါရှင့်☺❤


သည်းခံပြီး စောင့်မျှော်ဖတ်ပေးကြတဲ့ စာဖတ်သူတစ်ဦးခြင်းစီကိုကျေးဇူးအထူးပါရှင့်🙏


စာလုံးပေါင်းအမှားပါရင်လည်းခွင့်လွှတ်ပေးကြပါနော်🙏


စာဖတ်သူများကို အစဥ်လေးစားလျှက်


#မြူခိုးဝေဝေ


ကိုကို့မို့ ချစ်တာလို့ ☹


အပိုင်း (၆)


ပင်လယ်ကိုဖြတ်ကျော်လာတဲ့ လေးနုအေးအေးတို့က ဖြူလွှလွှကလကာတို့ကို တိုးဝှေ့တိုက်ခက်ရင်း...... အခန်းရဲ့ နေရာတစ်ခုသို့အရောက်


"ရှူး...... အဟွန်း..... လက်ဆက်လိုက်တဲ့အနံ့လေး....... ဟင်! "


ခခ နှာခေါင်းထဲသို့တိုးဝင်လာတဲ့ အနံ့တစ်ခုကြောင့် အိပ်နေရာက ဆက်ခနဲထထိုင်ကာ မျက်လုံးမဖွင့်သေးပဲ အနံ့လာရာဘက်ကို ရှူရှိုက်နေရင်း အနံ့ပိုပြင်းပြင်းလေးရလိုက်တာမို့ ဆက်ခနဲ မျက်လုံးဖွင့်လိုက်တယ်ဆို


"ဟင်! ကြက်ကြော်... အဟား... ပွတာပဲ"


ခခ ကုတင်အနီးက သူမသိပ်ကြိုက်တဲ ကြက်ကြောက်ပန်ကန်တွေ့လိုက်တာနဲ့ ကုတင်ထက်ကနေ ဘယ်လိုအမြန်နှုန်းနဲ့ဆင်းလိုက်သည်မသိ ပန်ကန်နားချက်ခြင်းရောက်သွားပြီး ကြက်ကြော်ကိုင်လိုက်တယ်ဆို


"အဟမ်!"


"ဟင်"


ခခ ကြက်ကြော်လေးကိုင်ကာရှိသေး သူမနောက်နားက အသံကြောင့် လက်လေးတုန့်သွားပြီး နောက်လှည့်ကြည့်လိုက်တယ်ဆို


"ဟင် ကိုကို..."


ရေပြင်ညီ ဟင်းခိုးသားနေတယ်ကြောင်လေးလို ကြက်ကြော်တုံးလေးကိုင်ကာ သူ့ကိုမြင်တယ်ဆို မျက်လုံးအဝိုင်းသားနဲ့သူမလေးကြောင့် သူတစ်ချက်သာကြည့်ပြီး စာပွဲမှာဝင်ထိုင်လိုက်သည်။


ခခ အခြေအနေအရဆို ဒီကြက်ကြော်က ကိုကိုကြောက်ထားပုံရသည်။ သို့သော် မျက်နှာအခြေအနေက ခက်တည်တည်ကြီးမို့ သူမမတောင်းရဲတာမို့ ကြက်ကြော်တုံးလေးပြန်ချကာ တတွေးလေးမျိုချလိုက်ပြီး


"ဟီး... ကိုကိုကြော်ထားတာလားဟင် ဒီမှာကြော်လို့ရတာပဲလား ဘာလို့ဘူဘေးကသွားမယူတာလည်းဟင်"


"မယူခြင်လို့"


ရေပြင်ညီ သူတမင်ပေါလိုက်တာဖြစ်သည်။ သူအိပ်ယာနိုးတယ်ဆို ရေခဲသေတ္တာထဲ စားစရာသွားရှာရင်း သားစိမ်းငါးစိမ်းတွေပါ ထည့်ပေးထားတာကြောင့် မီးဖိုးခန်းလေးရှိနေတာမို့ သူမလေးကို သတိရပြီး သူကြက်ကြော် ကြော်ပေးထားလိုက်တာဖြစ်သည်။ သို့သော်....


"ဟင်! ဒါဆို ဒါကမီးအတွက်...."


"ဟေ့! စည်းကမ်းမရှိ, စားခြင်ရင် မင်းပါသာသွားကြော်"


ခခ ကိုကို့အပြောကြောင့် ကြက်ကြော်ကိုလှမ်းနေတဲ့လက်လေးကရုတ်ခနဲဖြစ်သွားပြီး နှုတ်ခမ်းလေးဆူကာ


"ဟင့် ကိုကိုကလည်း မီးမှမကြော်တက်တာ..."


ရေပြင်ညီ ခေါင်းလေးငုံ့ပြီး ခြေချောင်းလေးတွေတစ်ခုနဲ့တစ်ခု ပွတ်တိုက်ကုတ်ကာ နှုတ်ခမ်းလေးဆူပြီ ပြောနေတဲ့သူမအသံတိုးလျှလျှလေးကြောင့် သူခက်တည်တည်တစ်ချက်ကြည့်လိုက်ပြီး ဘေးနားကအသင့်ထားထားတဲ့ ပန်ကန်တဲ့ ကြက်ကြော်နှစ်တုံးထည့်ပေးလိုက်ကာ


"နှစ်တုံးတော့ရမယ်"


ခခ မျက်နှာအောက်ရောက်လာတဲ့ ကြက်ကြော်တုံးကြီးနှစ်တုံးကြောင့် သူမျက်လုံးလေးလဲ့ခနဲဖြစ်သွားပြီး 


"ခိ ရတယ် ရတယ်ကိုကို ဟီး.... မီးက နှစ်တုံးနဲ့လည်းရတယ် ဟီး..."


'ရမှာပေါ့ ဒီလောက်အတုံးကြီးကြီးတွေကို' ရေပြင်ညီစိတ်ထဲမှ တီးတိုးရေရွတ်ရင်း သူ့ရှေ့က အားရပါးရစားနေတဲ့သူမလေးကို သေချာကြည့်နေမိသည်။ မျက်နှာတောင်မသစ်နိုင်ပဲ စားနေပုံက တကယ်ညစ်ပတ်မလေး ဆံပင်ရှည်တွေက အိပ်ရာထကာစမို့ ပွရောင်းရောင်းဖြစ်နေတာမို့ သူအမြင်မတော်လို့ သက်တင်ပေးခြင်ပင်မယ့် သူ့စိတ်တို့က ညင်ဆန်နေခဲ့သည်။ အိပ်ရာထစပင်မယ့် ကြည့်လဲ့နေတဲ့ ပါးဖောင်းဖောင်းဖွေးဖွေးလေးတွေက တကယ့်အသည်းယားစရာပါ။ ကြက်ကြော်တုန်းကို သည်းမည်းကြည့်နေတဲ့ မျက်တောင်ကော့ကော့လေးတွေက ကော့ညွှတ်ထူခဲနေပြီး ဆီအနည်းငယ်ပေးနေတဲ့ နှာခေါင်းထိပ်လုံးလုံးလေးက ဆွဲကိုက်ခြင်းစရာအတိ မာမီဝယ်ပေးထားတဲ့ ညအိပ်ဝတ်စုံအတွန့်လက်ဖောင်းလက်ရှည်ဝါအဝန်အဖြူလေးနဲ့က တကယ့် အရုပ်လေးတစ်ရုပ်လိုပါ။ သူဒီအရုပ်လေးကို တကယ်ရော ပိုင်ဆိုင်နေရပြီလား....


"ဒေါက် ဒေါက် ခခရေ!... ခခ!"


"ဟင်! ချစ်လွန်းတို့... လာပြီ! လာပြီ!... ခဏလေး!..."


ရေပြင်ညီ ရုပ်တရက်ဆိုသလို ဆူညံသွားတဲ့ အသံစာစာလေးတွေကြောင့် သူရဲ့လှပနေတဲ့ မနက်ခင်လေးသည်။


"ကျစ် တကယ့်အရှုပ်ထုပ်တွေ.."


"ကိုကို မီးချစ်လွန်းတို့နဲ့ ကမ်းခြေသွားအုန်းသိလား... ဟီး..."


ရေပြင် သူ့ကိုလာခွင့်တောင်းဖော်တော့ရသေးတဲ့သူမလေးကြောင့် မျက်နှာတည်တည်နဲ့ အကြည့်လွှဲနေကာ


"မင်းပါသာ ဘယ်သွားသွား ငါ့ကိုခွင့်တောင်းစရာမလိုဘူးလို့မနေ့ညကတည်းက မင်းကိုပြောပြီသား"


"ဟွန့် ကိုကိုကလည်း...."


"ခခရေ သွားမယ်လေဟာ... နေမြင့်ရင်မကောင်းဘူးနော်..."


ခခ ကိုကို့စကားကြောင့် စိတ်ထဲမကောင်းပင်မယ့် သူမကိုယ်တိုင်ကလည်းသွားခြင်နေတာမို့..


"မီး တစ်အောင့်လေးပဲသိလား လှိုင်းစီးခြင်လို့"


ရေပြင်ညီ ခခရဲ့ လှိုင်းစီးမယ်ဆိုတဲ့အသံကြားလိုက်တာနဲ့


"ဘာ!"


"ဟင် ဘာဖြစ်လို့လည်းကိုကို"


"ကျစ် ဘာမှမဟုတ်ဘူး မင်းပါသာ လုပ်ခြင်တာလုပ်"


"........"


ခခ မျက်နှာကြီးက တည်တင်းကာ အသံမာမာကြီးနဲ့ကိုကိုကြောင့် စိတ်ကမသွားခြင်တော့ပင်မယ့် ချစ်လွန်းတို့ပါနေတာမို့ သူမဘာမှပြောမနေတော့ပဲ အင်္ကျီလဲဖို့ပြင်လိုက်တော့သည်။ 


ရေပြင်ညီ သူဒီလောက်ပြောလို့မသွားမလားအောင်းမေ့တယ် အင်္ကျီတောင်ရွေးနေလိုက်တဲ့သူမလေးကြောင့် သူဒေါသတို့အထွပ်ထိပ်ရောက်နေပင်မယ့် ရှေ့က စားလက်စပန်ကန်တွေယူပြီး မီးဖိုခန်းဘက်ထွက်လာလိုက်သည်။တွေ့နေရင် ဘာလုပ်မိမယ်မသိတာမို့


"ဟာ ဒုက္ခပဲ အမြန်လိုခြင်ပါတယ်ဆို..... ဘယ်လိုလုပ်ရမလည်းမသိဘူး.. ဟင့် ချစ်လွန်းရေ.... မူပို..... လာပါအုန်း..."


"........."


ခခ သူမဝတ်မယ့်တီရှပ်လေးက နောက်ကြယ်သီးလေးနဲ့မို့ သူမဝတ်ပြီးမှအခက်တွေ့နေတာဖြစ်သည်။ ခခ အတော်ကြာအောင် အသံပြန်မကြားရတာမို့ ကိုကိုကရှိနေပင်မယ့်လည်း ခုလိုကြီးတော့ အကူညီမတောင်းခြင်တာမို့ သူမအသံကိုနည်းနည်းမြှင့်လိုက်ကာ


"ချစ်လွန်းရေ...!... မူပို...!..."


"ဟ့! ဘာလို့ဒီလောက်အသံဗြဲနဲ့အော်နေတာလည်း ဒီအခန်းက အသံလုံးတယ်ဆိုတာမင်းမသိဘူးလား ခေါ်ခြင်အပြင်ထွက်ခေါ်လိုက်"


ခခ ရုပ်တရက်ဝင်လာပြီး သူမနောက်ကျောဘက်မှာ ဒေါသတကြီးလာပြောနေတဲ့ ကိုကိုအသံကြောင့် သူမကျောပြင်ဖွေးဖွေးလေးကိုတောင် ဖုံးဖို့မေ့ရောနေပြီး ပါးစပ်အဟောင်းသားနဲ့ကြည့်နေမိပြီးမှ


"အား....!.... သွား!... သွား...! ဘုန်း! ဘုန်း! ဟေ့! ခခ မင်းနော်! သွား...! သွား...! နှာဘူးကြီး... သူများအင်္ကျီလဲနေတာကိုဝင်လာတယ်... သွား...! ဘာ!! မင်း! အ့!"


ခခ ရုပ်တရက်ဆိုသလို သူမလက်တွေ ချုပ်နှောင်လိုက်ပြီး နံရံမှာ ခက်ကြမ်းကြမ်ကပ်ခံလိုက်ရတာကြောင့် နာသွားတာမို့ မျက်နှာလေးမဲ့ရှုံနေတုန်း...


"ငါ့ကိုနှာဘူးဟုတ်လား..."


"ဟင် ကိုကို.."


ခခ သူမမျက်နှာလေးစောင်းနေတုန်း ရုပ်တရက် ကိုကိုအံကြိပ်သံနဲ့စကားကောင့် သူမမော့ကြည့်လိုက်တယ်ဆို သူမကြုံဖူးတဲ့မျက်လုံးကြီးတွေကြောင့် သူမကြောက်တကြား...


"ကို ကိုကို....."


"မင်း ငါ့ဂုဏ်သိက္ခာတွေကိုဆွဲချတာများပြီခခ.. ဒီတစ်ခါတော့ အပြောနဲ့အလုပ်နဲ့ညီအောင်..."


"ဟင်! ဟင့်အင်း ကို... အွန်း.... အွင်း..... အွန့် အွန်း.... ဘုပ် ဘုပ် ဘုပ် အွန်း... ဘုပ် အွင်း..... ဟင့် အဟင့် ဟီး....... ကိုကို့မုန်းတယ် ကိုကို့ကိုအဲ့လိုတွေ အနိုင်ယူလိုမုန်းတယ်... မုန်းတယ်သိလား.... ဟီး...."


"မုန်း! ကြိုက်သလောက်မုန်း... မင်းနောက်ခါငါ့ကိုအဲ့လိုထပ်ပြောကြည့် ဒီထက်ပိုဆိုသွားမယ် တောက်! ဒုန်း!"


ခခ သူမငြင်းဆန်ရှုန်းကန်နေပင်မယ့် နှုတ်ခမ်းတွေပူထူနေအောင် နမ်းရှိုက်ပြီးမှ လွှတ်ပေးကာ သူမကို ဒေါသတကြီးပြောပြီထွက်သွားတဲ့ကိုကိုကြောင့် သူမနေရာမှာတင်ထိုင်ချလိုက်ကာအစွမ်းကုန်ငိုချလိုက်မိသည်။  ကိုကိုအဲ့လိုတွေ လုပ်လို့ မုန်းခြင်နေတာ... မီး မီးကို တန်ဖိုးမထားလို့ မုန်းခြင်နေတာ.... မီးပိုင်ဆိုင်ခြင်တဲ့ ကိုကိုက ခုလိုကိုကိုမဟုတ်ဘူးကိုကို....


>>>>>>>>>>>>>


"ခခ နင်ကလည်းဟာ... ပြောတုန်းက လှိုင်းစီးမယ်ဆိုပြီးတော့ ခုကျ နင်ကမှိုင်နေတယ်"


ခခ သဲသောင်ပြင်ပေါ်ရောက်နေပင်မယ့် စိတ်တို့က ကိုကိုဆီမှာမို့ စိတ်တို့က မလန်းခြင်


"အွန်း နင်တို့ပဲစီးတော့ဟာ.... ငါမစီးခြင်တော့ဘူး.... နင်တို့စီးတာပဲကြည့်တော့မယ် အဟွန်း.."


ခခအပြောကို မူပိုရောချစ်လွန်းရော အလိုမကျပင်မယ့်လည်း...


"ဟွန့် မိန်းမနော်... မပြောခြင်ဘူး ဒီတစ်ခါတော့ အခွင့်ရေးပေးလိုက်မယ် နောက်ခါဆိုငါတို့နဲ့စီးရမယ်"


"အေးပါဟယ် နင်တို့ကလည်း..."


"အွန်း... သွားပြီ ငါတို့ခဏနေပြန်လာခဲ့မယ်"


"အွန်း...."


ခခ ချစ်လွန်းတို့ထွက်သွားပြီးတယ်ဆို ကမ်းခြေအလှကို မေ့မေ့ပျောက်ပျောက်ကြည့်နေမိတုန်း နေရာတစ်ခုအရောက်


"ဟင်! ဟယ်!"


>>>>>>>>>>>>>


ရေပြင်ညီ ဒေါသထွက်ထွက်နဲ့ အပြင်ထွက်လာပြီး အရမ်းလှတဲ့သဲသောင်ပြင်ထက်မှာ လမ်းလျှောက်နေသော်လည်း ခံစားချက်တို့က အဓိပ္ပါယ်မဲ့နေခဲ့ ရေပြင်ညီ သူမလေးရဲ့ မုန်းတယ်ဆိုတဲ့စကားသံတွေက နားထဲအထပ်ထပ်ပဲ့တင်ထပ်နေတာမို့ ဒေါသတို့က သဲသောင်ပြင်ထက်သို့


"ကျစ်"


ရေပြင်ညီ အလိုမကျမှုတို့ကြောင့် သဲတို့ကို ခြေထောက်နဲ့ ထိုးခက်မိနေတုန်း အကြည့်တို့က ကမ်းခြေအရောက် မျက်မှောင်တစ်ချက်ကျုံ့မိသွားသည်။ရေပြင်ညီ လူအုပ်နည်းနည်းရှဲတဲ့နေရာကိုအကြည့်အရောက် 


"ဟာ! ခခ!"


"လုပ်ကြပါအုန်းရှင် ခခ... ဟင့် အကိုရယ် လုပ်ပါအုန်း... ခခ..."


ရေပြင်ညီ လူအုပ်ကြားထဲ ပြေးဝင်သွားတယ်ဆို မြင်လိုက်ရတဲ့မြင်ခွင်ကြောင့်


"တောက်! ဖယ်စမ်း...!.."


"ဟာ!"


ရေပြင်ညီ ဘယ်သူဘယ်ဝါဆိုတာမသိပင်မယ့် သူမလေးကို ပွေ့ထားသူက ယောက်ကျားလေးဆိုတဲ့အသိကြောင့် သူတွန်းထုပ်လိုက်ကာ ခက်မြန်မြန်ပွေ့ယူပြီး လူအုပ်ကြားထဲကထွက်လာလိုက်သည်။ နောက်မှာဘာဖြစ်ကျန်နေခဲ့တယ်ဆိုတာတော့ ရေပြင်ညီသိမယ်မထင်။


မဟော် ရုပ်တရက်ဆိုသလို အားနဲ့တွန်းခံလိုက်ရတာကြောင့် လူလည်းနာသွားသလို ဘာလိုလိုဂျေဝင်ခံရတာက သူ့အတွက် ရှက်ဖို့အကောင်းဆုံးမို့ အမှတ်ကြီးလွန်းတဲ့ မဟော် အကြည့်တို့က ကြောက်မတ်ဖွယ်အတိ။


>>>>>>>>>>


"ဟို တောင်းပန်ပါတယ်ဆရာရယ်... သမီးတို့လည်း သောင်ပြင်မှာရှိနေမယ်ထင်လို့.... "


ရေပြင်ညီ drပြန်ပြီးသွားတာနဲ့ အခန်းဝကိုရောက်လာကြပြီး အတင်းတောင်းပန်နေတဲ့ချစ်လွန်းတို့ကြောင့် သူပြောခြင်စိတ်လည်းမရှိတာမို့


"နင်တို့အခန်းပြန်လို့ရပြီ"


"ဟို ဆရာရယ်...."


"ကျစ် ငါနှစ်ခါမပြောဘူး မူပို မနက်လက်မှတ်ဖြတ်ပြီးပြီး တစ်ခါတည်းပြန်လိုက်မှာလား..."


"ရှင် ဟုတ် ဟုတ်ကဲ့ဆရာ မူပိုတို့ပြန်လိုက်မှာပါ"


"အွန်း ဒါဆို စောစောအိပ်ကြတော့"


"ဟုတ် ဟုတ်ကဲ့ ဆရာ..."


မူပိုတို့ ရေပြင်ညီတံခါးပိတ်သွားတာနဲ့


"ဟဲ့ ဆရာက ခခကို သည်းသည်းလှုပ်နေတာပဲနော်..."


"အော်... ချစ်တာကိုဟဲ့"


"အော် ငါလည်းသိပါတယ်ဟယ်... ဆရာက ပိုလွန်းလို့ပြောတာ အသက်ကယ်ပေးတဲ့ ဟိုကောင်လေးချောချောကို တွန်းချလိုက်တာ ငါသေပြီတောင်မှတ်တာ"


"ဟဲ့ ဒီလောက်ကျားကိုးစီးစားမကုန်တဲ့ကိုယ်ကြီးက သေမလား မိပိုမနော်... မပြောခြင်ဘူး..."


"ဟီး... နင်ကလည်း ချောတာကိုဟဲ့ ငါတို့နဲ့ အသက်တူတူလောက်ထင်တယ်နော် ဟီး...."


"အော်... ပြောနေရင်းနဲ့ ဟိုက ဘယ်နိုင်ငံသားလည်းတောင်မသိဘူး နင်နော်.."


"အော်... ထိုင်းလေးဆိုတဲ့ ထိုင်းပေါ့ဟ့ ငါကအဆင်ပြေပါတယ်ဟ့"


"မိန်းမ ဆေးမမှီတော့ဘူး တော်တော်ဖြစ်"


"ခိ နည်းနည်းပါဟယ်...."


ရေပြင်ညီ တံခါးပိတ်ပြီးတယ်ဆို အခန်းဘက်သို့ခြေဦးအလှည့်


"ဖေ့ ဖေ့ ဟင့် ဖေ့ ဟင့် ဖေ့"


ရေပြင်ညီ သူမလေးအသံကြောင့် ခြေလှမ်းကျဲများနဲ့ ချက်ခြင်းဆိုသလိုရောက်သွားမိသည်။ ကုတင်ထက်က ချက်ခြင်းဆိုသလို မျက်နှာလေးချောင်ချသွားပြီ ကယောင်ကတန်း ငြီးနေတဲ့ သူမလေးကြောင့် သူ သူမလေးနားခက်ဖွဖွလှဲလိုက်ကာ နွေးထွေးစွာ ဖတ်ထားလိုက်မိသည်။ သူဖက်လိုက်တယ်ဆို ကိုယ်လုံးသေးသေးလေးက သူ့ရင်ခွင်ထဲ တိုးဝင်လာကာ


"ကိုကို....."


ရေပြင်ညီ ဒီတစ်ခါခခခေါ်လိုက်တဲ့နာမည်လေးကြောင့် သူပြုံးလိုက်ကာ သူမလေးကို ပိုပြီးထွေးပွေ့လိုက်မိသည်။ 


"မင်းကို ချစ်လွန်းလို့ မင်းရဲ့အရိပ်ကိုတောင် ကိုယ်မနာလိုတယ်ကလေး..."


◾◾◾◾◾◾◾◾◾◾◾◾◾◾◾


ကဲ မဟော်ဆိုတာ ပေါ်လာပြီနော်...


စာဖတ်သူများကို အစဉ်လေးစားလျှက်


#မြူခိုးဝေဝေ


rate now: