book

Index 5

အပိုင်း (၅)

ကိုကို့မို့ ချစ်တာလို့ ☹

"အင်း.... အင့် အု အော့ ဝေါ့"

"ဟာ! ခခ"

"ဝေါ့ အော့ အီး.... အော့ အဟွတ် အဟွတ် ဟွတ် ဝေါ့"

ရေပြင်ညီ လေယာဥ်ဆိုက်ခံနီးတော့မှ အိပ်နေရာကရုပ်တရက်ထအန်ချလိုက်တဲ့ခခကြောင့် သူပြာရာခက်သွားပြီး အိပ်ပေးဖို့လည်းအချိန်မရ ရှာဖို့လည်းအချိန်မရသလို အစာလည်းမပါတာမို့ ကျောကိုသာပွတ်ပေးရင်း

"ရရဲ့လား ခခ... ဖြေးဖြေး ခနမော့ထား..."

"ဝေါ့ အော့ ဟင်း....."

ရေပြင်ညီ သူ့စကားမဆုံးခင်ပဲ ပြန်အန်ချလိုက်ကာ နောက်ကိုပြန်မှီနေတဲ့ခခကြောင့် သူပိုစိုးရိမ်နေမိသည်။ သူကိုက သတိမထားမိတာပါ။ လေယာဥ်ပထမဆုံးစီးဖူးတဲ့သူမလေးတွက် ခက်ခဲမယ်ဆိုတာ....

ခခ ဗိုက်ထဲမှာ ဘာမှမရှိတော့သလို ဟာသွားပြီမှ လူလည်းနုံးချိ့သွားပြီးမို့ နောက်ကို ပြန်မိချလိုက်ကာ ခဏကြာပြီးနောက်

"ဟင်!"

ရေပြင်ညီ ရုပ်တရက်မှေးနေရာက ထထိုင်ပြီး မျက်လုံးပြူးနဲ့ဘေးပတ်ဝန်းပျင်ကိုလိုက်ကြည့်နေတဲ့သူမလေးကြောင့်

"လေယာဥ်ဆင်းတော့မယ် ညိမ်ညိမ်နေ"

"ဟင်!"

ခခ ရုပ်တရက် သူမဘေးက ကိုကို့အသံကြားလိုက်တာမို့ သူမလှည့်ကြည့်လိုက်တယ်ဆို

"ဟင် ကိုကို....."

"မင်းသက်သာရဲ့လား.... သက်သာရင် ခဏညိမ်နေ လေယာဥ်ဆင်းနေပြီ တော်ကြာထက်အန်အုန်းမယ်"

"ဖက် ဖက်"

ရေပြင်ညီ သူပြောနေတာကို အသက်မဲ့သူလိုတောင်တင်းပြီး မျက်လုံးပြူးလေးနဲ့ကြည့်နေရာက ကိုယ့်ပါးကို ပုပ်ရိုက်နေတဲ့သူမလေးကြောင့် 

"ဟ့ ဘာလုပ်နေတာလည်း မနာဘူးလား ကျစ် သူများတွေကြည့်နေပြီ ညိမ်ညိမ်ထိုင်နေ နောက်မှ သေချာရှင်းပြမယ်"

ခခ အိမ်မက်လို့ထင်ထားပင်မယ့် သူမပါးလည်းနာသလို သူမရှေ့က ကိုကိုကလည်း တကယ်ကြီးစကားထပြောချလိုက်တာကြောင့်

"အားးးးးးးးးးးးးး!"

>>>>>>>>>>>>>>

"အီး..... မရဘူး မနေဘူး.. ခခပြန်မယ် သူများကို ဝိုင်းလိမ်ကြတယ် ဟီး....."

ရေပြင်ညီ လေယာဥ်ပေါ်ရော လေယာဥ်အောက်ရော တစ်လမ်းလုံးရော ခုငှားတဲ့အခန်းရောက်တဲ့ထိ ငိုလို့မဆုံးဂျီကျမဆုံးဖြစ်နေတဲ့ သူမလေးကြောင့် လူက စိတ်မရှည်တက်သူပီပီ။

"ကျစ် ငါလည်း လာခြင်လို့လာတယ်ထင်နေလား လေယာဥ်လက်မှတ်ဖိုးရှုံးမှာဆိုးလို့ ငိုမနေနဲ့ ကျက်သရေမရှိဘူး..."

"ဟင် ဘာကြီး... ကျက်သရေမရှိဘူး... ဟီး.... တွေ့လား... ခခကို ဒီမှာ သူကြီး ဆူခြင်းတိုင်ဆူ ပြောခြင်တိုင်းပြောလို့ရအောင် တမင်ခေါ်လာတာ ဒီကသိတယ်သိလား.. လူကိုငတုန်းထင်မနေနဲ့ ခုချက်ခြင်း မူပို့နဲ့ချစ်လွန်းကိုဖုန်းဆက်ပေး!"

"ဘာ! ဘာကိစ္စဖုန်းဆက်ပေးရမှာလည်း မဆက်ပေးနိုင်ဘူး အရေမရအဖက်မရတွေ အတက်ကောင်းတွေသင်ပေးတဲ့သူတွေနဲ့ ဘယ်တော့မှ မပေါင်းရဘူး.... လုံးဝဆက်မပေးဘူး.."

"မရဘူး ဆက်ဆိုဆက်နော်ကိုကို မီးသူတို့ကိုအရင်ကတည်းက ကတိပေးပြီးသား ဟန်းနီးမွန်းထွက်ရင် သူတို့ကိုပါခေါ်မယ်လို့ မီး မီးကတိမတည်ရင် သွားကျိုးမှာလို့.... ဟီး....."

ရေပြင်ညီ အသံဗြဲနဲ့ထငိုချလိုက်တဲ့ သူမလေးကြောင့် သူယောင်ယမ်းပြီး အပြင်ကိုတောင်လိုက်ကြည့်လိုက်မိသည်။ အတော်အသံပြဲတဲ့ကောင်မလေး တော်သေးတယ် အခန်းကအလုံမို့ 

"ငိုလည်း ဆက်ပေးမယ်မထင်နဲ့ လုံးဝမဆက်ပေးဘူး ဘာလည်းကွာ.. သူများလင်မယားဟန်းနီးမွန်းမှာ သက်သက် ဂလန့်တိုက်တာ ဘယ်လိုဟာမလေးတွေလည်းမသိဘူး..."

"မီး သူငယ်ချင်းတွေကို ဟာမလို့မပြောနဲ့နော် ကိုကိုမီးအပေါ်နိုင်ကျင့်တာတွေများနေပြီသိလား မီးသူငယ်ချင်းတွေကို အဲ့လိုလာမပြောနဲ့မကြိုက်ဘူး.."

"မကြိုက်လည်း မတက်နိုင်ဘူး ပြောခြင်လို့ပြောတယ်ကွာ မကျေနပ် ကြိုက်တဲ့သူတိုင်"

"ဟင့် အဟင့် အီး.... ကိုကို့!!!"

"ဘာလည်း စွတ်အော်မနေနဲ့ အလကားသက်သက် ဘာလည်း မဖြစ်နိုင်တာကို လာပြီး ပူဆာနေတယ်"

ရေပြင်ညီ ကိုယ့်အသက်က ဘယ်လောက်ဆိုတာတောင်မေ့လောက်အောင် ခခလေးနဲ့အပြိုင်ပြန်အော်နေမိတော့သည်။

"ဟင့် ကိုကို မဆက်ပေးရင် မီးဖွားဆီပြန်ရောက်ရင် မနေ့ညက ကိုကိုမီးကိုအနိုင်ကျင်တာတွေ တိုင်ပြောပစ်မယ် မီးကတမင် သူ့ကိုသနားလို့ မပြောတာကို ခုတော့ပြောပြစ်တော့မယ် မယုံကြည့်နေ"

"ဘာ!!! မင်း!.. ခခ!"

ရေပြင်ညီ သူထင်မှတ်မထားတဲ့ သူမလေးဆီကစကားကြောင့် သူလှုပ်လှုပ်ရှားဖြစ်သွားကာ

"မပြောရဘူး! ဒါလူကြီးတွေပြောစရာကိစ္စမဟုတ်ဘူး! ခခ လုံးဝမပြောရဘူးနော်! ကြားလား.."

"မကြားဘူး မူပိုတို့ကိုမခေါ်ပေးရင်တော့ မီးကတော့ပြောမှာပဲ"

ရေပြင်ညီ ဆူပုပ်ပုပ်လေးနဲ့ သူ့ကိုမျက်နှာလေးတောင် တမင်လွှဲပြောလိုက်တဲ့ သူမလေးကြောင့် သူစိတ်တွေရှုပ်ထွေးလာကာ..

"ကျစ် မဟုတ်တာကွာ.. ဘယ်ဟန်းနီးမွန်းမှာ အဖော်ခေါ်သွားတယ် ကြားဖူးလည်း ကျစ် ခခ မင်းကလေးဆန်နေတာတွေ တော်သင့်ပြီနော် ငါလိုက်ရောမယ်ထင်မနေနဲ့"

"မီး ကလေးဆန်နေတာမဟုတ် မီးက သူများမဟုတ်သလို သူများကလည်းမီးမဟုတ်ဘူး အဲ့ဒါကြောင့် သူများတွေလုပ်သလို မီးလိုက်မလုပ်နိုင်ဘူး မလိုက်ရောလည်းရတယ်လေ ဖွားဖုန်းတော့ဆက်မှာပါ အဲ့ကျ တစမခါတည်းပြောပြလိုက်မယ်"

ရေပြင်ညီ လင်မယားကြားကကိစ္စကို ဖွားကိုပြောပြမယ်ဆိုတဲ့အဖြစ်က တကယ်ရှက်ဖွယ်အတိပါ အပြင်မှာ ဖွားနဲ့တောင် တစ်နေ့နေလို့ စကားဆယ်ခွန်းပြည့်အောင် မပြောတဲ့သူက မိန်းကလေးကိစ္စကိုဝေလာဝေး အဲ့လိုဂုဏ်ထူးဆောင်လာခဲ့တဲ့သူက အဲ့အချိန်က ကိုယ်အဖြစ်ကိုသာ ပြောပြလိုက်ရင် တကယ်ရှက်ဖွယ်အတိ။ သို့သော် ငမွှေမလေးနှစ်​​ကောင်သာရောက်လာကြည့် ဒီကငရစ်မလေးနဲ့ဆို.....

"ကျစ်"

ရေပြင်ညီ နောက်ဆုံးအနေနဲ့ အိမ်မှာမျက်နှာမပြရဲမယ့်ကိစ္စကိုသာရွေးချယ်လိုက်ပြီး 

"Ok ဆက်ပေးမယ်..."

"ဟင် အား... ပျော်လိုက်တာ..."

"ဟေ့! နေအုန်း နေအုန်း ငါပြောတာနားထောင်အုန်း"

"ဟီး.. ဟုတ်ကိုကို အဟွန်း.."

ရေပြင်ညီ အမြင်ကပ်စရာကောင်းလောက်အောင် ပြောင်းလည်းလွယ်တဲ့ သူမလေးမျက်နှာကြောင့် သူမျက်နှာတည်တည်နဲ့

"မင်းပြောမယ့် ကိစ္စကို ဘယ်တော့မှ ဖွားတို့ကိုပြန်မပြောဘူးလို့ ငါ့ကိုကတိပေး"

"ဟင် ဟုတ် ဟုတ် ပေးတယ်သိလားကိုကို ဟီး..."

"နေအုန်း ရှိသေးတယ် ဟိုကောင်မလေးတွေလာရင် မင်းငါ့စကားကလွဲပြီး ဘယ်သူ့စကားမှနားထောင်မနေရဘူး"

"ဟင်"

ရေပြင် သူ့ကိုပြန်မဖြေပဲ နှုတ်ခမ်းလေးဆူသွားကာ ချက်ခြင်းတိပ်ဆိပ်သွားတဲ့သူမလေးကြောင့်

"ဘာလည်း နားမထောင်နိုင်ဘူးလား ဒါဆိုလည်း.."

"ဟင်! နေ နေပါအုန်း... ကိုကိုကလည်း... မီးက ချစ်လွန်းတို့လာရင်..."

"ဆက်ပြော"

"ဟို သူငယ်ချင်းတွေ အပျော်ခရီးထက်သလို..."

"ဘာ!! ဘာကွ ဒါမင်းနဲ့ငါနဲ့ဟန်းနီးမွန်းနော်..."

"ဟို ဟုတ် ဟုတ်ပါတယ် ဒါမယ့်လေ မီးက မူပိုတဲ့ချစ်လွန်းတို့နဲ့ ခုလိုခရီး..."

"တော် တော် ဖုန်းဆက်မပေးနိုင်တော့ဘူး"

"ဟင်! ဟင့်အင်း ဆက်ပေးပါ မီးကိုကိုစကားနားထောင်ပါ့မယ် တကယ်နားထောင်ပါ့မယ်နော်"

ရေပြင်ညီ သူ့လက်ကိုဆွဲပြီး အတင်းနားထောင်ပါ့မယ်ပြောနေတဲ့သူမလေးကို သေချာကြည့်လိုက်ပြီးမှ

"အွန်း.. ကတိတော့တည်ပါစေ"

"ဟုတ်"

ရေပြင်ညီ ဟုတ်အသံကဆူပုပ်ပုပ်နဲ့ ခက်တိုးတိုးအသံမို့ သူလှစ်ခနဲတော့ပြုံးလိုက်မိသည်။ တကယ့်အဆိုးမလေး ဟိုနှစ်ယောက်လာရင် ဘာတွေ့မွှေအုန်းမည်မသိ။ 

>>>>>>>>>>>>>

"ဟင်! ခခ! ခုချက်ခြင်းပြန်ချွတ်စမ်း! မင်းမရှက်ဖူးလား! ခုပြန်ချွတ်! ဒါတွေဘယ်ကရလာတာလည်း ဟမ်!"

ရေပြင်ညီ သူအပြင်ခဏထွက်ပြီး ပြန်လာတယ်ဆို beachwareလေးဝတ်ပြီး မှန်ရှေ့မှာ ကိုယ်တစ်ပတ်လှည့်နေတဲ့ခခကြောင့် သူဒေါသထွက်ထွက်နဲ့အော်ချလိုက်တာဖြစ်သည်။

ခခရုပ်တရက် ကိုကို့အသံကြောင့် ကိုယ်လေးတုန့်ခနဲဖြစ်သွားပြီးမှ အလိုမကျတဲ့မျက်နှာဆူပုပ်ပုပ်လေးနဲ့

"ဟင့်အင်း မချွတ်ဘူး မူပို့တို့နဲ့...."

ခခစကားမဆုံးလိုက်ခင်ပဲ

"တောက်! ခုသွားချွတ်လိုက် မင်းကိုယ်မင်းသိပ်လှနေတယ်ထင်နေလား ခခ ဟမ်! ခုလိုဝတ်မှလှတယ်ထင်ရင် သွား ခုအကုန်ချွတ်ခဲ့ ဘာမှမဝတ်ခဲ့နဲ့ သွား! သွားလို့ မင်းကိုပြောနေတယ်လေ!"

ခခ ရေပြင်ရဲ့ဒေါသတကြီးစကားတွေကြောင့် မျက်နှာလေးမဲ့ကျသွားကာ..

"အီး....... သိတယ်! သိတယ်! ခခက ကိုကို့ကျောင်းကမမတွေလောက်မလှတာ! မလှလည်း ခခပါသာဝတ်တာဘာဖြစ်လည်း ကိုကိုမကြည့်ခြင် မကြည့်နဲ့ ခခကို ကိုကိုမကြည့်လည်း ကြည့်မယ့်သူတစ်ပုံကြီး ခခကိုလိုခြင်လွန်းလို့ ခယနေတဲ့သူတွေတစ်ပုံကြီး ကိုကိုမကြိုက်ရင် မကြည့်နဲ့ ခခစိတ်ညစ်လာပြီသလား ကိုကို့ကိုပိုင်လိုက်ရလို့ပျော်ပင်ရမယ်ထင်ထားတာ ခုအဲ့ဒါတွေက တကယ်မဟုတ်ဘူး ခခခုမပြောရဘူးသိလား ခခလုပ်ခြင်တာတွေ မလုပ်ရဘူး ခခဝတ်ခြင်တာတွေမဝတ်ရဘူး ခခသွားခြင်တဲ့နေရာမသွားရဘူး ကြာတော့ ခခအရမ်းစိတ်ညစ်နေပြီသိလား.."

ရေပြင်ညီ ခခစကားကြောင့် သူမယုံကြည်နိုင်လောင်အောင် ကြည့်နေရင်း..

"ခခ... မင်းအဲ့လောက်တောင် ငါ့ကိုပိုင်ဆိုင်လိုက်ရလို့ အရမ်းစိတ်ညစ်နေရတယ်ဟုတ်လား..."

"ဟုတ်တယ် ခခ ဝတ်ခြင်တာလည်းမဝတ်ရဘူး သွားခြင်တာလည်းမသွားရဘူး နောက်ဆုံးတော့ ကိုကို သိပ်အတ္တကြီးတာကို ခခသိသွားသိလား.."

ရေပြင် သူရဲ့ချစ်တက်ကာစအချစ်တွေက သူမလေးတွက် အတ္တတွေတဲ့ ရေပြင်နာကျင်လွန်းပင်မယ့် မျက်နှာပျက်ယွင်းမသွားအောင်ထိန်းရင်း

"Ok အဟွန်း... ရပြီ ဒီလောက်ထိ မင်းရှင်းပြနေရတာ တကယ်ပင်ပန်းခဲ့မှာပဲ ok မင်းကြိုက်သလိုနေခခ မင်းနေခြင်သလိုနေ ဒီနေ့ကစပြီး ငါမင်းကို ဘာတားစီးပိတ်ပင်မျိုးမှုမှမလုပ်တော့ဘူး မင်းစိတ်ကြိုက်နေလို့ရပြီ ငါအပြင်သွားအုန်းမယ် ညနေပြန်မရောက်ရင် ဘုဘေးမှာ မင်းသူငယ်ချင်းတွေနဲ့သွားသာလိုက်"

"ဟင် ဒီညမီးနဲ့ကိုကို dinner.."

"ပြန်ရုပ်သိမ်းလိုက်မယ် သူတို့ပြင်ဆင်ပေးလည်း ပျော်ရွှင်စရာ dinnerဖြစ်လာမှာမဟုတ်လို့ ကိုယ် သွားပြီ"

ခခ ကိုကိုအခန်းပြင်ထွက်သွားသည်အထိ သူမနှုတ်ခမ်းတွေက တိပ်ဆိပ်နေဆဲပါ.. ထို့နောက်

"မီး မီးပြောလိုက်တာအရမ်းလွန်သွားပြီလား... အမှန်ဆို အမှန်ဆို မီး မီးစိတ်တိုမိသွားလို့ပါကိုကိုရယ်... ဟင့် မီး မီးကိုစိတ်မဆိုးပါနဲ့နော်... ဟင့် အဟင့် အီး......."

>>>>>>>>>>>>

ရေပြင် ကမ်းခြေမှာတစ်ယောက်ထဲထွက်ထိုင်နေကာ ပင်လယ်နံ့ကိုသယ်လာတဲ့ လေဖြူးဖြူးတို့ကိုရှူရှိုက်ရင်း ရင်ထဲကဒဏ်ရာတွေကို ဖြေသိပ်နေမိသည်။ 'ကိုကို့ကိုပိုင်လိုက်ရလို့ပျော်ပင်ရမယ်ထင်ထားတာ ခုအဲ့ဒါတွေက တကယ်မဟုတ်ဘူး' 'ခခလုပ်ခြင်တာတွေ မလုပ်ရဘူး ခခဝတ်ခြင်တာတွေမဝတ်ရဘူး ခခသွားခြင်တဲ့နေရာမသွားရဘူး ကြာတော့ ခခအရမ်းစိတ်ညစ်နေပြီသိလား..'

"ကျစ်"

ရေပြင်ညီ ပဲ့တင်ထက်နေတဲ့ သူမလေးရဲ့စကားတွေကြောင့် တွေးမိနေတဲ့စိတ်ကို အကြိမ်ကြိမ် သူစုပ်သက်နေမိသည်။ သူအချစ်ကိုစသိလိုက်ချိန်က လွန်ခဲ့တဲ့ညက ဒါဟာ ကျားမသဘာဝထိတွေ့မှုမှာသာယာတယ်လို့ခံယူလို့ရပင်မယ့် သူ သူမလေးကိုမြတ်နိုးလွန်းလို့ ရိုင်းခြင်နေတဲ့စိတ်အဆင်ကိုပြန်ထိန်းချုပ်ကာ သူစောင့်ထိန်းနေလိုက်တာဖြစ်သည်။ နောက် ဟန်းနီးမွန်းထွက်မှာမို့ သူသိပ်ပျော်နေခဲ့တယ် ဘာကြောင့်ဆို သူ သူမလေးရဲ့အချစ်တွေကို သိမ်းပိုက်မို့... သို့သော်....

"ကျစ်"

ရေပြင်ညီတစ်ယောက် အတွေးတို့ကြား စိတ်အစဥ်ကူးလူးနေပြီးနောက် ရင်ကွဲအင်္ကျီအဖြူကြား အေးဆက်လာတဲ့ သူ့ရင်ဘက်တွေကြောင့် သတိဝင်လာခြင်းနဲ့အတူ ကောင်းကင်က စုံလင်လှတယ်ကြယ်တွေကို တမေ့တမော မော့ကြည့်လိုက်ကာ လှိုင်းတွန့်ခက်ရေးရေးဆံပင်တို့ကို ပင့်သက်ရင်း ဘန်ဂလိုဘက်ပြန်လှည့်လာလိုက်သည်။ ညင့်နက်ရင် သူမလေးတစ်ယောက်ထဲ နေရဲ့မှာမဟုတ်လို့...

ခခ ကိုကိုထွက်သွားပြီး အတော်ကြာသည်အထိ ထိုင်ချထားဆဲနေရာမှ ငိုနေပင်မယ့် အသိဝင်လာချိန်မှာ အခန်းထဲမှာ ကိုယ်တစ်ယောက်ထဲဆိုတဲ့ခံသားချက်နဲ့အတူ ပင်လယ်viewကြည့်တဲ့ မှန်ချက်တွေကြားက ကလကာမပိတ်ရသေးတာမို့ အပြင်မြင်ကွင်းတွေတစ်ဆုံးတစ်စမြင်နေရတာမို့ သူမချက်ခြင်းမျက်နှာလွှဲကာ ကုတင်ပေါ်မှာတက်ထိုင်နေလိုက်သည်။ အချိန်တော်ကြာသည်အထိ ကိုကိုကရောက်မလာသေးတာမို့ သူမကိုထားသွားပြီဆိုသောအတွေးတို့နဲ့အတူ ညစာထွက်မစားမိလို့ သံစုံမြည်နေပြီဖြစ်တဲ့ဗိုက်ကြောင့် ဝမ်းနည်းစိတ်ပိုလာကာ ငိုရလွန်းလို့မို့အစ်နေတဲ့ မျက်လုံးအစ်အစ်လေးတွေကြား မျက်ရည်ပေါက်တို့ထက်မှန်ထွက်ကျလာမိသည်။ 'ကိုကို မီးကို တစ်ယောက်ထဲထားမသွားပါနဲ့'

ရေပြင်ညီ ဘန်ဂလိုနားရောက်တော့ viewကြည့်တဲ့မှန်တွေကို အခုထိမပိတ်ရသေးတာမို့ သူမျက်မှောင်ကျုံ့လိုက်မိသည်။ 'ဒီချိန်ထိ မပိတ်ပဲဘာလုပ်နေပါလိမ့်' ရေပြင် ဘန်ဂလိုထဲ ခက်သွက်သွက်ခြေလှမ်းတွေနဲ့ ဝင်သွားပြီး တံခါးဖွင့်လိုက်တယ်ဆို ကုတင်ထက်မှာ ညနေကဝတ်စုံနဲ့ပဲ ထိုင်နေဆဲသူမလေးကြောင့် ဘာလည်း ဘူဘေးကို ဒါနဲ့သွားစားတာလား... 

"ကျစ်"

ရေပြင်ညီ သူမလေးတွက်ဆို အမြဲ တွေးမိနေတဲ့ ကိုယ့်ကိုကိုယ်စုပ်သက်ကာ အခန်းထဲဝင်လာလိုက်သည်။

ခခ ရေပြင်ညီစုပ်သက်သံကြောင့် ဒူးပေါ်မျက်နှာအပ်နေရာကနေ မျက်နှာလေးမော့လာပြီး

"ဟင် ကိုကိုပြန်လာပြီလား..."

"........"

"......."

ခခ သူမမှာ ပျော်လွန်းလို့ အားရဝမ်းသာမေးလိုက်ပင်မယ့် ဖြေမလာတဲ့ကိုကို့မျက်နှာတင်းတင်းကြီးကြောင့် သူမကိုစိတ်ဆိုးမပြေသေးဘူးဆိုတာသေချာနေပြီမို့ သူမစကားဆက်မပြောရဲ့တော့ပဲ သံစုံမြည်နေတဲ့ ဗိုက်ကိုဖြည့်ဖို့ပဲ ဆုံးဖြတ်လိုက်သည်။

"အာ... အင်္ကျီလဲရအုန်းမယ်..."

ခခ သူမထလိုက်ပြီးမှ အေးခနဲခံစားချက်ကြောင့် သတိထားမိကာ အင်္ကျီခက်ပွပွမြန်မြန်လဲပြီး ရေခဲသေတ္တာဘက်ကို ပြေးထွက်လာလိုက်သည်။

ရေပြင်ညီ သူရေချိုးပြီ ပြန်ထွက်လာတယ်ဆို ကုတင်ခြေရင်းမှာ အသင့်စားမုန့်တွေနဲ့အအေးဗူးတွေအစုံချကာ အားပါးတရစားနေတဲ့သူမလေးကြောင့် သူထင်တာမှားလိုက်ပြီကိုသိလိုက်သည်။ ဘာလို့ ဘူဘေးထွက်မစားပါလိမ့်......

ခခစားသောက်ပြီးတယ်ဆို ခက်မြန်မြန်သိမ်ကာ ကုတင်ထက်မှာ ကျောပေးအိပ်နေပြီဖြစ်တဲ့ကိုကိုကြောင့် ဟိုဘက်မှာအိပ်ရင် ကိုကိုက တစ်ညလုံးကျောပေးထားမှာမို့ သူမမအိပ်ရဲပါ ထို့ကြောင့် တစ်ကိုယ်စာ နေရာလွတ်လေးရှိတဲ့ ကိုကိုမျက်နှာရှေ့နားမှာ ဝင်လှဲလိုက်ပြီး ကိုကို့ရင်ခွင်ထဲ တိုးဝင်အိပ်လိုက်သည်။ ဒီတစ်ခါ ကိုကိုမနိုးဘူးပဲ.....

ရေပြင်ညီ သူ့ရင်ခွင်ထဲ ကြောင်ပေါက်လေးလို အတင်းတိုးဝင်ကာ ဖတ်တွယ်ထားတဲ့သူမလေးကြောင့် သူညင်းဆန်ဖယ်ထုပ်ခြင်ပင်မယ့် လွန်ဆန်မရတဲ့နှလုံးသားကြောင့် သူညိမ်နေလိုက်မိသည်။ မင်းလေးကိုယ့်ကို ကစားနေတာလား ကလေး............

◾◾◾◾◾◾◾◾◾◾◾◾◾◾◾

ဒီချိန်ထိ စောင့်ဖတ်ပေးကြတဲ့ စာဖတ်သူတစ်ဦးခြင်းဆီကိုကျေးဇူးအထူးပါနော် အိပ်ချိန်ရောက်မှတင်ရလို့ တကယ်အားနာမိပါတယ်🙏❤

အားလုံးပဲ မင်္ဂလာညချမ်းလေးပါနော် အိမ်မက်လှလှလေးတွေပိုင်ဆိုင်နိုင်ကြပါစေနော်🙏❤

စာလုံးပေါင်းအမှားပါရင်ခွင့်လွှတ်ကြပါနော်

သည်းခံဖတ်ပေးကြတဲ့ သာဖတ်သူတစ်ဦးခြင်စီကို ကျေးဇူးအထူးပါရှင့်🙏

#မြူခိုးဝေဝေ

ကိုကို့မို့ ချစ်တာလို့ ☹

အပိုင်း (၅)

"အင်း.... အင့် အု အော့ ဝေါ့"

"ဟာ! ခခ"

"ဝေါ့ အော့ အီး.... အော့ အဟွတ် အဟွတ် ဟွတ် ဝေါ့"

ရေပြင်ညီ လေယာဉ်ဆိုက်ခံနီးတော့မှ အိပ်နေရာကရုပ်တရက်ထအန်ချလိုက်တဲ့ခခကြောင့် သူပြာရာခက်သွားပြီး အိပ်ပေးဖို့လည်းအချိန်မရ ရှာဖို့လည်းအချိန်မရသလို အစာလည်းမပါတာမို့ ကျောကိုသာပွတ်ပေးရင်း

"ရရဲ့လား ခခ... ဖြေးဖြေး ခနမော့ထား..."

"ဝေါ့ အော့ ဟင်း....."

ရေပြင်ညီ သူ့စကားမဆုံးခင်ပဲ ပြန်အန်ချလိုက်ကာ နောက်ကိုပြန်မှီနေတဲ့ခခကြောင့် သူပိုစိုးရိမ်နေမိသည်။ သူကိုက သတိမထားမိတာပါ။ လေယာဉ်ပထမဆုံးစီးဖူးတဲ့သူမလေးတွက် ခက်ခဲမယ်ဆိုတာ....

ခခ ဗိုက်ထဲမှာ ဘာမှမရှိတော့သလို ဟာသွားပြီမှ လူလည်းနုံးချိ့သွားပြီးမို့ နောက်ကို ပြန်မိချလိုက်ကာ ခဏကြာပြီးနောက်

"ဟင်!"

ရေပြင်ညီ ရုပ်တရက်မှေးနေရာက ထထိုင်ပြီး မျက်လုံးပြူးနဲ့ဘေးပတ်ဝန်းပျင်ကိုလိုက်ကြည့်နေတဲ့သူမလေးကြောင့်

"လေယာဉ်ဆင်းတော့မယ် ညိမ်ညိမ်နေ"

"ဟင်!"

ခခ ရုပ်တရက် သူမဘေးက ကိုကို့အသံကြားလိုက်တာမို့ သူမလှည့်ကြည့်လိုက်တယ်ဆို

"ဟင် ကိုကို....."

"မင်းသက်သာရဲ့လား.... သက်သာရင် ခဏညိမ်နေ လေယာဉ်ဆင်းနေပြီ တော်ကြာထက်အန်အုန်းမယ်"

"ဖက် ဖက်"

ရေပြင်ညီ သူပြောနေတာကို အသက်မဲ့သူလိုတောင်တင်းပြီး မျက်လုံးပြူးလေးနဲ့ကြည့်နေရာက ကိုယ့်ပါးကို ပုပ်ရိုက်နေတဲ့သူမလေးကြောင့် 

"ဟ့ ဘာလုပ်နေတာလည်း မနာဘူးလား ကျစ် သူများတွေကြည့်နေပြီ ညိမ်ညိမ်ထိုင်နေ နောက်မှ သေချာရှင်းပြမယ်"

ခခ အိမ်မက်လို့ထင်ထားပင်မယ့် သူမပါးလည်းနာသလို သူမရှေ့က ကိုကိုကလည်း တကယ်ကြီးစကားထပြောချလိုက်တာကြောင့်

"အားးးးးးးးးးးးးး!"

>>>>>>>>>>>>>>

"အီး..... မရဘူး မနေဘူး.. ခခပြန်မယ် သူများကို ဝိုင်းလိမ်ကြတယ် ဟီး....."

ရေပြင်ညီ လေယာဉ်ပေါ်ရော လေယာဉ်အောက်ရော တစ်လမ်းလုံးရော ခုငှားတဲ့အခန်းရောက်တဲ့ထိ ငိုလို့မဆုံးဂျီကျမဆုံးဖြစ်နေတဲ့ သူမလေးကြောင့် လူက စိတ်မရှည်တက်သူပီပီ။

"ကျစ် ငါလည်း လာခြင်လို့လာတယ်ထင်နေလား လေယာဉ်လက်မှတ်ဖိုးရှုံးမှာဆိုးလို့ ငိုမနေနဲ့ ကျက်သရေမရှိဘူး..."

"ဟင် ဘာကြီး... ကျက်သရေမရှိဘူး... ဟီး.... တွေ့လား... ခခကို ဒီမှာ သူကြီး ဆူခြင်းတိုင်ဆူ ပြောခြင်တိုင်းပြောလို့ရအောင် တမင်ခေါ်လာတာ ဒီကသိတယ်သိလား.. လူကိုငတုန်းထင်မနေနဲ့ ခုချက်ခြင်း မူပို့နဲ့ချစ်လွန်းကိုဖုန်းဆက်ပေး!"

"ဘာ! ဘာကိစ္စဖုန်းဆက်ပေးရမှာလည်း မဆက်ပေးနိုင်ဘူး အရေမရအဖက်မရတွေ အတက်ကောင်းတွေသင်ပေးတဲ့သူတွေနဲ့ ဘယ်တော့မှ မပေါင်းရဘူး.... လုံးဝဆက်မပေးဘူး.."

"မရဘူး ဆက်ဆိုဆက်နော်ကိုကို မီးသူတို့ကိုအရင်ကတည်းက ကတိပေးပြီးသား ဟန်းနီးမွန်းထွက်ရင် သူတို့ကိုပါခေါ်မယ်လို့ မီး မီးကတိမတည်ရင် သွားကျိုးမှာလို့.... ဟီး....."

ရေပြင်ညီ အသံဗြဲနဲ့ထငိုချလိုက်တဲ့ သူမလေးကြောင့် သူယောင်ယမ်းပြီး အပြင်ကိုတောင်လိုက်ကြည့်လိုက်မိသည်။ အတော်အသံပြဲတဲ့ကောင်မလေး တော်သေးတယ် အခန်းကအလုံမို့ 

"ငိုလည်း ဆက်ပေးမယ်မထင်နဲ့ လုံးဝမဆက်ပေးဘူး ဘာလည်းကွာ.. သူများလင်မယားဟန်းနီးမွန်းမှာ သက်သက် ဂလန့်တိုက်တာ ဘယ်လိုဟာမလေးတွေလည်းမသိဘူး..."

"မီး သူငယ်ချင်းတွေကို ဟာမလို့မပြောနဲ့နော် ကိုကိုမီးအပေါ်နိုင်ကျင့်တာတွေများနေပြီသိလား မီးသူငယ်ချင်းတွေကို အဲ့လိုလာမပြောနဲ့မကြိုက်ဘူး.."

"မကြိုက်လည်း မတက်နိုင်ဘူး ပြောခြင်လို့ပြောတယ်ကွာ မကျေနပ် ကြိုက်တဲ့သူတိုင်"

"ဟင့် အဟင့် အီး.... ကိုကို့!!!"

"ဘာလည်း စွတ်အော်မနေနဲ့ အလကားသက်သက် ဘာလည်း မဖြစ်နိုင်တာကို လာပြီး ပူဆာနေတယ်"

ရေပြင်ညီ ကိုယ့်အသက်က ဘယ်လောက်ဆိုတာတောင်မေ့လောက်အောင် ခခလေးနဲ့အပြိုင်ပြန်အော်နေမိတော့သည်။

"ဟင့် ကိုကို မဆက်ပေးရင် မီးဖွားဆီပြန်ရောက်ရင် မနေ့ညက ကိုကိုမီးကိုအနိုင်ကျင်တာတွေ တိုင်ပြောပစ်မယ် မီးကတမင် သူ့ကိုသနားလို့ မပြောတာကို ခုတော့ပြောပြစ်တော့မယ် မယုံကြည့်နေ"

"ဘာ!!! မင်း!.. ခခ!"

ရေပြင်ညီ သူထင်မှတ်မထားတဲ့ သူမလေးဆီကစကားကြောင့် သူလှုပ်လှုပ်ရှားဖြစ်သွားကာ

"မပြောရဘူး! ဒါလူကြီးတွေပြောစရာကိစ္စမဟုတ်ဘူး! ခခ လုံးဝမပြောရဘူးနော်! ကြားလား.."

"မကြားဘူး မူပိုတို့ကိုမခေါ်ပေးရင်တော့ မီးကတော့ပြောမှာပဲ"

ရေပြင်ညီ ဆူပုပ်ပုပ်လေးနဲ့ သူ့ကိုမျက်နှာလေးတောင် တမင်လွှဲပြောလိုက်တဲ့ သူမလေးကြောင့် သူစိတ်တွေရှုပ်ထွေးလာကာ..

"ကျစ် မဟုတ်တာကွာ.. ဘယ်ဟန်းနီးမွန်းမှာ အဖော်ခေါ်သွားတယ် ကြားဖူးလည်း ကျစ် ခခ မင်းကလေးဆန်နေတာတွေ တော်သင့်ပြီနော် ငါလိုက်ရောမယ်ထင်မနေနဲ့"

"မီး ကလေးဆန်နေတာမဟုတ် မီးက သူများမဟုတ်သလို သူများကလည်းမီးမဟုတ်ဘူး အဲ့ဒါကြောင့် သူများတွေလုပ်သလို မီးလိုက်မလုပ်နိုင်ဘူး မလိုက်ရောလည်းရတယ်လေ ဖွားဖုန်းတော့ဆက်မှာပါ အဲ့ကျ တစမခါတည်းပြောပြလိုက်မယ်"

ရေပြင်ညီ လင်မယားကြားကကိစ္စကို ဖွားကိုပြောပြမယ်ဆိုတဲ့အဖြစ်က တကယ်ရှက်ဖွယ်အတိပါ အပြင်မှာ ဖွားနဲ့တောင် တစ်နေ့နေလို့ စကားဆယ်ခွန်းပြည့်အောင် မပြောတဲ့သူက မိန်းကလေးကိစ္စကိုဝေလာဝေး အဲ့လိုဂုဏ်ထူးဆောင်လာခဲ့တဲ့သူက အဲ့အချိန်က ကိုယ်အဖြစ်ကိုသာ ပြောပြလိုက်ရင် တကယ်ရှက်ဖွယ်အတိ။ သို့သော် ငမွှေမလေးနှစ်ကောင်သာရောက်လာကြည့် ဒီကငရစ်မလေးနဲ့ဆို.....

"ကျစ်"

ရေပြင်ညီ နောက်ဆုံးအနေနဲ့ အိမ်မှာမျက်နှာမပြရဲမယ့်ကိစ္စကိုသာရွေးချယ်လိုက်ပြီး 

"Ok ဆက်ပေးမယ်..."

"ဟင် အား... ပျော်လိုက်တာ..."

"ဟေ့! နေအုန်း နေအုန်း ငါပြောတာနားထောင်အုန်း"

"ဟီး.. ဟုတ်ကိုကို အဟွန်း.."

ရေပြင်ညီ အမြင်ကပ်စရာကောင်းလောက်အောင် ပြောင်းလည်းလွယ်တဲ့ သူမလေးမျက်နှာကြောင့် သူမျက်နှာတည်တည်နဲ့

"မင်းပြောမယ့် ကိစ္စကို ဘယ်တော့မှ ဖွားတို့ကိုပြန်မပြောဘူးလို့ ငါ့ကိုကတိပေး"

"ဟင် ဟုတ် ဟုတ် ပေးတယ်သိလားကိုကို ဟီး..."

"နေအုန်း ရှိသေးတယ် ဟိုကောင်မလေးတွေလာရင် မင်းငါ့စကားကလွဲပြီး ဘယ်သူ့စကားမှနားထောင်မနေရဘူး"

"ဟင်"

ရေပြင် သူ့ကိုပြန်မဖြေပဲ နှုတ်ခမ်းလေးဆူသွားကာ ချက်ခြင်းတိပ်ဆိပ်သွားတဲ့သူမလေးကြောင့်

"ဘာလည်း နားမထောင်နိုင်ဘူးလား ဒါဆိုလည်း.."

"ဟင်! နေ နေပါအုန်း... ကိုကိုကလည်း... မီးက ချစ်လွန်းတို့လာရင်..."

"ဆက်ပြော"

"ဟို သူငယ်ချင်းတွေ အပျော်ခရီးထက်သလို..."

"ဘာ!! ဘာကွ ဒါမင်းနဲ့ငါနဲ့ဟန်းနီးမွန်းနော်..."

"ဟို ဟုတ် ဟုတ်ပါတယ် ဒါမယ့်လေ မီးက မူပိုတဲ့ချစ်လွန်းတို့နဲ့ ခုလိုခရီး..."

"တော် တော် ဖုန်းဆက်မပေးနိုင်တော့ဘူး"

"ဟင်! ဟင့်အင်း ဆက်ပေးပါ မီးကိုကိုစကားနားထောင်ပါ့မယ် တကယ်နားထောင်ပါ့မယ်နော်"

ရေပြင်ညီ သူ့လက်ကိုဆွဲပြီး အတင်းနားထောင်ပါ့မယ်ပြောနေတဲ့သူမလေးကို သေချာကြည့်လိုက်ပြီးမှ

"အွန်း.. ကတိတော့တည်ပါစေ"

"ဟုတ်"

ရေပြင်ညီ ဟုတ်အသံကဆူပုပ်ပုပ်နဲ့ ခက်တိုးတိုးအသံမို့ သူလှစ်ခနဲတော့ပြုံးလိုက်မိသည်။ တကယ့်အဆိုးမလေး ဟိုနှစ်ယောက်လာရင် ဘာတွေ့မွှေအုန်းမည်မသိ။ 

>>>>>>>>>>>>>

"ဟင်! ခခ! ခုချက်ခြင်းပြန်ချွတ်စမ်း! မင်းမရှက်ဖူးလား! ခုပြန်ချွတ်! ဒါတွေဘယ်ကရလာတာလည်း ဟမ်!"

ရေပြင်ညီ သူအပြင်ခဏထွက်ပြီး ပြန်လာတယ်ဆို beachwareလေးဝတ်ပြီး မှန်ရှေ့မှာ ကိုယ်တစ်ပတ်လှည့်နေတဲ့ခခကြောင့် သူဒေါသထွက်ထွက်နဲ့အော်ချလိုက်တာဖြစ်သည်။

ခခရုပ်တရက် ကိုကို့အသံကြောင့် ကိုယ်လေးတုန့်ခနဲဖြစ်သွားပြီးမှ အလိုမကျတဲ့မျက်နှာဆူပုပ်ပုပ်လေးနဲ့

"ဟင့်အင်း မချွတ်ဘူး မူပို့တို့နဲ့...."

ခခစကားမဆုံးလိုက်ခင်ပဲ

"တောက်! ခုသွားချွတ်လိုက် မင်းကိုယ်မင်းသိပ်လှနေတယ်ထင်နေလား ခခ ဟမ်! ခုလိုဝတ်မှလှတယ်ထင်ရင် သွား ခုအကုန်ချွတ်ခဲ့ ဘာမှမဝတ်ခဲ့နဲ့ သွား! သွားလို့ မင်းကိုပြောနေတယ်လေ!"

ခခ ရေပြင်ရဲ့ဒေါသတကြီးစကားတွေကြောင့် မျက်နှာလေးမဲ့ကျသွားကာ..

"အီး....... သိတယ်! သိတယ်! ခခက ကိုကို့ကျောင်းကမမတွေလောက်မလှတာ! မလှလည်း ခခပါသာဝတ်တာဘာဖြစ်လည်း ကိုကိုမကြည့်ခြင် မကြည့်နဲ့ ခခကို ကိုကိုမကြည့်လည်း ကြည့်မယ့်သူတစ်ပုံကြီး ခခကိုလိုခြင်လွန်းလို့ ခယနေတဲ့သူတွေတစ်ပုံကြီး ကိုကိုမကြိုက်ရင် မကြည့်နဲ့ ခခစိတ်ညစ်လာပြီသလား ကိုကို့ကိုပိုင်လိုက်ရလို့ပျော်ပင်ရမယ်ထင်ထားတာ ခုအဲ့ဒါတွေက တကယ်မဟုတ်ဘူး ခခခုမပြောရဘူးသိလား ခခလုပ်ခြင်တာတွေ မလုပ်ရဘူး ခခဝတ်ခြင်တာတွေမဝတ်ရဘူး ခခသွားခြင်တဲ့နေရာမသွားရဘူး ကြာတော့ ခခအရမ်းစိတ်ညစ်နေပြီသိလား.."

ရေပြင်ညီ ခခစကားကြောင့် သူမယုံကြည်နိုင်လောင်အောင် ကြည့်နေရင်း..

"ခခ... မင်းအဲ့လောက်တောင် ငါ့ကိုပိုင်ဆိုင်လိုက်ရလို့ အရမ်းစိတ်ညစ်နေရတယ်ဟုတ်လား..."

"ဟုတ်တယ် ခခ ဝတ်ခြင်တာလည်းမဝတ်ရဘူး သွားခြင်တာလည်းမသွားရဘူး နောက်ဆုံးတော့ ကိုကို သိပ်အတ္တကြီးတာကို ခခသိသွားသိလား.."

ရေပြင် သူရဲ့ချစ်တက်ကာစအချစ်တွေက သူမလေးတွက် အတ္တတွေတဲ့ ရေပြင်နာကျင်လွန်းပင်မယ့် မျက်နှာပျက်ယွင်းမသွားအောင်ထိန်းရင်း

"Ok အဟွန်း... ရပြီ ဒီလောက်ထိ မင်းရှင်းပြနေရတာ တကယ်ပင်ပန်းခဲ့မှာပဲ ok မင်းကြိုက်သလိုနေခခ မင်းနေခြင်သလိုနေ ဒီနေ့ကစပြီး ငါမင်းကို ဘာတားစီးပိတ်ပင်မျိုးမှုမှမလုပ်တော့ဘူး မင်းစိတ်ကြိုက်နေလို့ရပြီ ငါအပြင်သွားအုန်းမယ် ညနေပြန်မရောက်ရင် ဘုဘေးမှာ မင်းသူငယ်ချင်းတွေနဲ့သွားသာလိုက်"

"ဟင် ဒီညမီးနဲ့ကိုကို dinner.."

"ပြန်ရုပ်သိမ်းလိုက်မယ် သူတို့ပြင်ဆင်ပေးလည်း ပျော်ရွှင်စရာ dinnerဖြစ်လာမှာမဟုတ်လို့ ကိုယ် သွားပြီ"

ခခ ကိုကိုအခန်းပြင်ထွက်သွားသည်အထိ သူမနှုတ်ခမ်းတွေက တိပ်ဆိပ်နေဆဲပါ.. ထို့နောက်

"မီး မီးပြောလိုက်တာအရမ်းလွန်သွားပြီလား... အမှန်ဆို အမှန်ဆို မီး မီးစိတ်တိုမိသွားလို့ပါကိုကိုရယ်... ဟင့် မီး မီးကိုစိတ်မဆိုးပါနဲ့နော်... ဟင့် အဟင့် အီး......."

>>>>>>>>>>>>

ရေပြင် ကမ်းခြေမှာတစ်ယောက်ထဲထွက်ထိုင်နေကာ ပင်လယ်နံ့ကိုသယ်လာတဲ့ လေဖြူးဖြူးတို့ကိုရှူရှိုက်ရင်း ရင်ထဲကဒဏ်ရာတွေကို ဖြေသိပ်နေမိသည်။ 'ကိုကို့ကိုပိုင်လိုက်ရလို့ပျော်ပင်ရမယ်ထင်ထားတာ ခုအဲ့ဒါတွေက တကယ်မဟုတ်ဘူး' 'ခခလုပ်ခြင်တာတွေ မလုပ်ရဘူး ခခဝတ်ခြင်တာတွေမဝတ်ရဘူး ခခသွားခြင်တဲ့နေရာမသွားရဘူး ကြာတော့ ခခအရမ်းစိတ်ညစ်နေပြီသိလား..'

"ကျစ်"

ရေပြင်ညီ ပဲ့တင်ထက်နေတဲ့ သူမလေးရဲ့စကားတွေကြောင့် တွေးမိနေတဲ့စိတ်ကို အကြိမ်ကြိမ် သူစုပ်သက်နေမိသည်။ သူအချစ်ကိုစသိလိုက်ချိန်က လွန်ခဲ့တဲ့ညက ဒါဟာ ကျားမသဘာဝထိတွေ့မှုမှာသာယာတယ်လို့ခံယူလို့ရပင်မယ့် သူ သူမလေးကိုမြတ်နိုးလွန်းလို့ ရိုင်းခြင်နေတဲ့စိတ်အဆင်ကိုပြန်ထိန်းချုပ်ကာ သူစောင့်ထိန်းနေလိုက်တာဖြစ်သည်။ နောက် ဟန်းနီးမွန်းထွက်မှာမို့ သူသိပ်ပျော်နေခဲ့တယ် ဘာကြောင့်ဆို သူ သူမလေးရဲ့အချစ်တွေကို သိမ်းပိုက်မို့... သို့သော်....

"ကျစ်"

ရေပြင်ညီတစ်ယောက် အတွေးတို့ကြား စိတ်အစဉ်ကူးလူးနေပြီးနောက် ရင်ကွဲအင်္ကျီအဖြူကြား အေးဆက်လာတဲ့ သူ့ရင်ဘက်တွေကြောင့် သတိဝင်လာခြင်းနဲ့အတူ ကောင်းကင်က စုံလင်လှတယ်ကြယ်တွေကို တမေ့တမော မော့ကြည့်လိုက်ကာ လှိုင်းတွန့်ခက်ရေးရေးဆံပင်တို့ကို ပင့်သက်ရင်း ဘန်ဂလိုဘက်ပြန်လှည့်လာလိုက်သည်။ ညင့်နက်ရင် သူမလေးတစ်ယောက်ထဲ နေရဲ့မှာမဟုတ်လို့...

rate now: