book

Index 45

(ဇာတ်သိမ်းပိုင်း)

ကိုကို့မို့ ချစ်တာလို့ ☹


၃နှစ်ခန့်ကြာပြီးနောက်....


"ကျေးဇူးပါ အန်ကယ် ခုလို ကျွန်တော့်ကို ကျမ်းပြုစုလို့ရအောင် ဆေးပင်တွေပို့ပေးလို့"


"......"


"အဟွန်း.. ကျွန်တော်ကပြောရမှာပါဗျာ... ဒါနဲ့ မိဖွန် အာ မေ့တော့မလို့ ရတီတစ်ယောက်ရော ဘာတွေလုပ်နေတုန်း..."


"........."


"အာ သိပ်ကောင်းတယ် အန်ကယ် အတန်းပညာမရှိပင်မယ့် အခုခေတ်မှာ စာဖတ်တက်ရုံနဲ့ သင်တန်းတွေ တက်လို့ရတဲ့ နေရာတွေ တစ်ပုံကြီးပဲဆိုတော့ ရတီလေးအတွက် အဆင်ပြေးတယပေါ့"


"....."


"အာ အဟွန်း ဟုတ်ကဲ့ ကျွန်တော် ကူညီနိုင်တာ ရှိရင်လည်း ကူညီပါ့မယ်ဗျာ အဟွန်း.... ဟုတ်ကဲ့ ကျွန်တော်တို့လည်း ပြည်ဦးလွင်ကို လာလယ်ပါအုန်းမယ် သားက နည်းနည်းငယ်သေးတော့ ဇနီးက သိပ်အပြင် ပေးမထွက်လို့ပါ"


"......."


"အာ... ဟုတ်ကဲ့ ကျေးဇူးပါဗျာ.. ဟုတ်ကဲ့ အဲ့ဆိုဒါဘဲနော် အန်ကယ်တင်"


ဦးငထီးတစ်ယောက် တောထဲက ပြန်ရောက်ပြီးကတည်းက  မိန်းမရှိစဥ်က နေခဲ့တဲ့ သူတို့အိမ်လေးကိုပဲ ပြန်ပြုပြင်ပြီးနေနေကာ လက်ရှိ သူတက်မြောက်တဲ့ အပင်သုတေသနအလုပ်ကိုပဲ ဆက်လုပ်နေကာ လက်ငုပ်လက်ရင်း ရွှေတိုရွှေဆလေးတွေနဲ့ လုပ်ငန်းအသေးစားလေးတွေလည်း လက်လှမ်းမှီသလောက် လုပ်နေတာမို့ အတော်လေးတော့ ချောင်လည်လာပြီလို့ ပြောရမည်ဖြစ်သည်။


"ဟူး...."


ရေပြင် အတွေးတို့ကို ရှင်းထုပ်ခြင်းနဲ့အတူ ဦးငထီးပို့ပေးတဲ့ ဆေးပင်တစ်ချို့ကို ကျမ်းပြုစုနေလိုက်သည်။ အတော်ကြာအောင် ခုံမှာထိုင်ပြီး အချိန်ပေးလိုက်တယ်ဆို ကျမ်းကအတော်ခရီးရောက်သွာပြီမို့ အပြီးသက်ဖို့ နောက်တစ်ကြိမ်ပြန်စစ်မို့ စာအုပ်ဖွင့်လိုက်ချိန်


"ဖေ့! ဖေ့! ချစ် ချစ်"


ရေပြင် ကျမ်းပြုစုနေရင်း စာပွဲပေါ်တက်ပြီး မွှေခြင်နေတာကြောင့် သူ့ကို ချစ်ကြောင်း မပိတပီလေး လာပြောနေတဲ့ သားဖြစ်သူကြောင့် သူတင်းခံထားသမျှအချစ်တွေ အရည်ပျော်ကျကာ စာအုပ်ကို ပိတ်လိုက်ပြီး ဘေးနားကို ကြည်လိုက်တော့ မျက်လုံးဝိုင်းလေးနဲ့ သူ့ကိုကြည့်နေတာမို့ အားပါပါ ကောက်ပွေ့လိုက်ခြင်းနဲ့အတူ...


"ဂါးးးးးးးး ဖေ့အသည်းကို ကြွေအောင်လုပ်တဲ့ ကောင်စုပ်လေး လာခဲ့ ဝူးးးး ရွှတ် ခိ ခ် ဖေ့! ဘူးဘူးဘူး.. ချချ ဖေ့ ဖေ့ ရုပ်နဲ့ ဘူး.. အား... ခိခ် ရုပ်နဲ့ရို့.. အား.. ခိခ်"


ရေပြင် ဗိုက်ပူပူလေးကို လေပေါ်မြှောက်လိုက် သူနှုတ်ခမ်းနဲ့ကပ်လိုက် ကလိထိုးနေတာကြောင့် ကော့ထိုးရယ်မောရင်း မလုပ်ဖို့​ပြောနေတဲ့ သားဖြစ်သူကြောင့် သူပိုလုပ်နေမိသည်။


ခခ ရေချိုးနေရင်း ကြားနေရတဲ့ ရယ်သံတွေကြောင့် သိပ်မကြာခင်မှာ သားငိုသံကြားရတော့မယ်ဆိုတာကို သူမကြိုသိကာ သက်ပျင်းချလိုက်မိသည်။ သိပ်မကြာပါဘူး....


"ရုပ်နဲ့ ရုပ်နဲ့ ကျားချရေးဟုတ်ဝူး... ရုပ်နဲ့လို့... အီးးးးးဟီးးးးးး ဝူးးးးးးး ဟီးးးးးးးးးးး ရုပ်နဲ့လို့......"


"ကိုကိုရေ!......"


ရေပြင် သားငိုတယ်ဆိုတာနဲ့ ရေချိုးခန်းထဲက ကြားလိုက်ရတဲ့ သတိပေးသံကြောင့် မိုးပေါ်ပျံနေတဲ့ သားကို အောက်ကိုချလိုက်ခြင်းနဲ့အတူ ရင်ခွင်ထဲ ပိုက်လိုက်ပြီး


"ရူး...... ဖေကြီးက ချစ်လို့စတာလေကွာ... မင်းအဲ့လိုကြီးငိုတော့ မေမေ ဖေကြီးကိုဆူမှာပေါ့ကွ"


"ကျူပါစေ ကျားကြိုက်ဝူးရို့ ပေ့ကျိုကျောကျားပဲ ကျားကရေးဟုတ်ဝူး...."


ရေပြင် သူပြောနေတာကို မပိတပီပြန်ပြောနေတဲ့ လူကြီးအရမ်းဖြစ်ခြင်နေတဲ့ သားဖြစ်သူကြောင့် စခြင်လာတာကြောင့် ကိုယ်လုံး လုံးလုံးကို ဖျစ်လိုက်ပြီး 


"မင်းက ဘယ်လိုလုပ် လူကြီးဖြစ်အုန်းမှာလည်းကွ လူကြီးဖြစ်တယ်ဆိုတာ ကောင်မချောချောလေးရှိလာမှ လူကြီးဖြစ်တာကွ"


"အရည်"


သူ့အမေတိုင်း တစ်ခုခုဆို အတည် အတည်နဲ့ ပြောတက်တဲ့ သားဖြစ်သူကြောင့် သူမှာ အချစ်ပိုနေသောအကြည့်တွေနဲ့ကြည့်လိုက်ပြီး


"အတည်ပေါ့ကွ ကောင်မချောချောလေးနဲ့ ရည်စားဖြစ်ရင် မင်းလူကြီးဖြစ်ပြီပဲ ဟုတ်ပြီလား.. ခု မင်းက ရည်းစားမရှိသေးတော့ လူကြီးမဖြစ်သေးဘူး ကလေးပဲ ရှိသေးတယ် ဖေပြောတာ နားလည်လား..."


"..............."


ရေပြင် သူပြောတဲ့စကားကို အတော်ကြာသည်အထိမဖြေပဲ ခက်တွေတွေလေး စဥ်းစားသလိုလုပ်ပြီးမှ


"ဒါချို ကျားက ရည်းချားချိမှပေါ့ ဟုတ်ရား ဖေ့"


"အဟား... ဟုတ်ပါတယ်ဆိုကွာ.... မင်းကလည်း...."


"အတည်ရားဟင်"


"အတည်ကွာ အတည် ဟုတ်ပြီလား..."


"ခိခ် ဟုတ်"


"ကလစ် ကိုကို ရေချိုးလိုရပြီနော် ခခပြီးပြီ"


ရေပြင် သားနဲ့ဆော့နေရင်း နောက်က ကလေးသံကြောင့် သားဖြစ်သူ နားနားကပ်လိုက်ကာ


"သား ဖေကြီးပြောတာတွေကို ဖေကြီးကို လုံးဝပြန်မပြောရဘူးနော် ကြားလားသား..."


ရေပြင် သူပြောတာကို အခုကတည်းက အမေချစ်သားက မသိသလို မျက်လုံးလေး ကလည်းကလည်လုပ်ပြနေတာကြောင့်


"ဟျောင် ကတိပေးကွာ.. မပြောဘူးလို ပေးပါကွာ နော် ဖေချစ်သားလေး နော်"


"ဟွင့်အင်း... ကတိချိုတာ မတည်နိုင်ရင် မပေးရဝူးတဲ့ မေမေကျောထားတယ်"


အရေးထဲ သွေးစည်းနေတဲ့သားဖြစ်သူကြောင့် သူ စိတ်အတော်လေသွားကာ မရ ရအောင် စည်းရုံမို့လုပ်တုန်း သူ့ပေါ်ကနေ အောက်ကို ကော့ချလိုက်ခြင်းနဲ့အတူ


"မေ့ ဖေ့က ရေချိုးခြင်ဖူးနဲ့ ချူတယ် ချုတိ ဘာမှ မရုပ်သေးဖူး..."


ခခ စကားတပ်လွန်းတဲ့သားဖြစ်သူကြောင့် အချိန်ပြည့်သွားပြီဖြစ်တဲ့ သုံးမိနစ်maskလေးကိုခွာလိုက်ခြင်းနဲ့အတူ..


"အဟွန်း... ကိုကိုရေ သားသားတောင်ပြောနေပြီ ရေသွားချိုတော့လေကွာ... နောက်ကျရင် မူပိုစိတ်ဆိုးနေလိမ့်မယ် နော် အော် မေ့တော့မို့ ကားလက်ဖွဲ့ကိစ္စ သေချာစီစဥ်ပြီးသွားပြီလားဟင် သေချာလုပ်နော်ကိုကို ခခ အမှားမခံခြင်ဘူး..."


"အင်း... အင်းပါ ဒါဆို ကိုကို ရေမြန်မြန်ချိုးလိုက်မယ်.. ဟင်းဟင်းနော် ဟင်းဟင်း.."


ရေပြင် မအင်းခြင်ပဲ အင်းလိုက်ရကာ သူ့ကလေးအောက်ကနေ သူ့ကို မေးလေးငေါ့ပြီး သွားဆိုတဲ့ပုံလေးနဲ့ အမူအယာလုပ်ပြနေတဲ့ သကောင့်သားကို တဟင်းဟင်းနဲ့ ကြိမ်းလိုက်မိသည်။


ခခ သူမစကားကို တဟင်းဟင်းနဲ့ ပြန်ဖြေတဲ့ ကိုကိုကြောင့် ဆက်ခနဲ ကိုကို့ဘက်လှည့်လိုက်ခြင်းနဲ့အတူ


"ကိုကို ဘာဖြစ်လို့လည်း ချမ်းလို့လားဟင် အဖျားရှိနေလို့လား..."


ရေပြင် သားဖြစ်သူကို ကြိမ်းနေတုန်း တက်ခနဲလှည့်လာခြင်းနဲ့အတူ သူမလေးအမေးကြောင့် သူပြုံးပြလိုက်ပြီး


"အဟွန်း... နည်းနည်းပါ မဖျားတော့မဖျားပါဘူး ဒါမယ့် မင်္ဂလာဆောင်သွားမှာဆိုတော့ ရေမချိုးလို့တော့ ဘယ်ဖြစ်မလည်း အဟွန်း.."


"ခိ အဲ့ဒါလည်း ဟုတ်တာပဲနော်..."


"အဟွန်း... အင်း... အာ သား ဖေကြီးနဲ့ တစ်ခါတည်း ရေလိုက်ချိုးပါလာကွာ ဟင် တို့သားဖ တူတူချိုးမယ်လေကွာ နော်"


ရေပြင် သူပြောလိုက်တယ်ဆို ချာချာလည်အောင် ခေါင်းလေးယမ်းပြီး သူ့အမေဘက်လှည့်ကာ သနားစရာရုပ်လေးနဲ့ 


"မေ့ ကျားအေးရို့ ရေမချိုးချင်ဘူး.... ဟို ကျားနေမကောင်းချင်ဘူးချလား...."


ခခ ရေမချိုးချင်လို့ ဉာဏ်များနေတာသိပင်မယ့် သူမကိုယ်တိုင်လည်း ရာသီဥတုအေးတော့ မနက်စောစော သားကိုရေမချိုးပေးခြင်တာနဲ့ပဲ ပါးဖောင်းဖောင်းလေးကို ဖျစ်လိုက်ပြီး..


"အမလေး.. မေ့မေ့ဥခဲလေး... မချိုးချင်ရင် မချိုးရပါဘူးရှင် ဟုတ်ပြီလား..."


"ခိခ် မေ့ကိုချစ်ချုံး..."


"အဟွန်း မေမေကလည်း သားသားကို အသည်းပေါက်အောင် ချစ်ပါသတဲ့ရှင် ရွှတ် ရွှတ်"


ရေပြင် သူ့ရှေ့မှာ အမြင်ကပ်စရာကောင်းအောင် ချစ်ပြနေတဲ့ သားမိနှစ်ယောက်ကြောင့် ပြုံးလိုက်ပြီး ရေချိုးဖို့ပဲပြင်ဆင်လိုက်တော့သည်။


တံခွန်ပြင် အဖေဖြစ်သူ ရေချိုးခန်းထဲဝင်သွားတာနဲ့ အမေဖြစ်သူကို လက်ကုပ်လိုက်ခြင်းနဲ့အတူ


"မေ့! မေ့!"


ခခ အိုင်းလိုင်နာဆွဲခံနည်း သားဖြစ်သူလက်ကိုကိုင်လိုက်တာကြောင့် စိတ်ထဲက ကံကောင်းလို့ဆိုပြီး သက်ပျင်းချလိုက်ခြင်းနဲ့အတူ


"ရှင် ရှင့် ပြောတော်မူပါရှင်"


"ခိခ် မေ့!"


"ရှင်....."


"ရူကြီး ချစ်ချင်ရင် ကျားကျားက ရည်ချားထားရမှာချို ဟုတ်လား မေ့"


ခခ သားသားစကားကြောင့် နားကြားများ မှားသွားလားဆိုပြီး ဆွဲလက်စ အိုင်းလိုင်နာကိုပင် လက်ကချလိုက်


"ဘယ်လို သားသား ဒါ သားသားကို ဘယ်သူပြောတာလည်း ပြော ဘာလည်း ကယ်လေးပြောတာလား..."


ခခ ဒီလိုပေါက်ကရဆို အိမ်မှာရည်စားပလူပြန်အောင်ထားတက်တဲ့ မင်းခက်ထန်ပဲဆိုတာ သေချာနေပြီမို့ မေးလိုက်ခြင်းဖြစ်သည်။ သို့သော်.....


"ဟွင့်အင်း.. ကယ်ရေး ဟုတ်ဝူး.. ဖေ့ကျောတာ "


"ဟမ်! ဘယ်လို..."


ရေပြင်အတော်ကြာအောင် ရေချိုးပြီး စိတ်ကျေနပ်ပြီးဆိုတော့မှ ရေချိုးခန်းတံခါးဖွင့်လိုက်တယ်ဆို တွေ့လိုက်ရတဲ့ မျက်နှာလေးကြောင့်


"ဟ့! ကျစ် လန့်လိုက်တာကလေးရာ.... ဘာလည်း ကိုကိုရေချိုးတာကြာလို့ စောင့်နေတာလား.. အဟွန်း... စိုးရိမ်တယ်ပေါ့"


"ကိုကို့! ရှင်ကြီး သားသားကို ဘာတွေ​ပြောထားတာလည်း..."


"ဟင်! ဟမ်!"


ရေပြင် ခုမှ သတိရသွားသလိုရှိကာ သကောင့်သားလေးကိုကြည့်တော့ မသိသလိုကုတင်ပေါ်တက်စော့နေလေရဲ့


"အဟွန်း... ဟိုလေ...."


"တော်! ရှင်ကြီး ငယ်ငယ်က ရည်စားမထားဖူးဘူးဆိုတာကို ခခလုံးဝမယုံတော့ဘူး... အလကား.. ယောက်ျားတွေများ လျှာရိုးမရှိတိုင်း လိုက်ပြောနေတယ် ရလည်းရပြီးရော..."


"ရပြီးတော့လည်း ကိုကိုပိုချစ်ရပါတယ်ကွာ... ရပြီးတော့လည်း တခြားဘယ်သူ့ကိုမှ မျက်စောင်းမထိုးသလို မရခင်ကလည်း မျက်စောင်းမထိုးခဲ့ပါဘူးကွာ နော်"


"အို ရှင်ကြီးစကားကို အယုံအကြည်မရှိတော့ဘူး ဟိုမှာ suitထုပ်ပေးထားတယ် ကိုယ့်ပါသာဝတ်ပြီး ထွက်ခဲ့ သားသားနဲ့ ကျွန်မ အောက်ကစောင့်နေမယ်"


ရေပြင် ပြောပြီးတယ်ဆို သားကိုချီပြီး ဆင်းသွားတဲ့ ကလေးကြောင့် ပါးစပ်ဖွာမိတဲ့ ကိုယ်ကိုယ်ကိုသာ အပစ်တင်နေမိသည်။


"မှတ်ပြီလားရေပြင် မင်းတော့ ညစာငပ်ပြီမှတ် ဟွန်း....."


>>>>>>>>>>>>>>>>>


"ခုဆိုရင်ဖြင့် သတိုးသမီး မမူပိုရှင်၏ဖခင်မှ သတိုးသမီး မမူပိုရှင်ကို သတိုးသားဖြစ်သူ မောင် ခန့်ထည်ဝါဆီသို့ သက်ဆုံးတိုင်အပ်နှံမယ့် အစီအစဥ်ပဲ ဖြစ်တယ်ခင်ဗျာ အဲ့ဒိတွက်ကြောင့် ဦးခင်မောင်ယဥ်ခင်ဗျာ... သမီးဖြစ်သူကို အပ်နှံဖို့ ခေါ်ဆောင်လာပါရန် ရိုသေလေးစားစွာ ဖိတ်ခေါ်အပ်ပါတယ် ခင်ဗျာ....."


"ဖြောင်း... ဖြောင်း.... ဖြောင်း.........."


ခန့်ထည်ဝါ တံခါးချက်ရဲ့ နောက်ကွယ်က သူမလေးထွက်အလာကို စောင့်ရင်း ရင်တုန်လွန်းလို့ ပြုပ်ထွက်မတက် ဖြစ်နေတဲ့ သူ့နှလုံးသားကို ပြန်ဖိထားရင်း 


"ဟူး......"


"ဝိုးးးးးး! ရှီ ဖြောင်း! ဖြောင်း! ဖြောင်း!...."


မူပို သီချင်းသံနဲ့အတူ သူမရှေ့က တံခါးချက်ကြီး ပွင့်သွားတယ်ဆို လှပ်ခနဲဖြစ်သွားတဲ့ ရင်အစုံက ပြောမပြတက်အောင် တုန်လှုပ်နေမိသည်။ လျှောက်လှမ်းရဲ့ အဆုံးမှာ ကိုကြီးရှိနေမယ်ဆိုတဲ့အသိက သူမအကြည့်တွေကို ပန်းတွေနဲ့ ပြည့်နှက်နေတဲ့ လျှောက်လမ်းမှာသာ ထားလိုက်မိသည်။


ခန့်ထည်ဝါ ပါးစပ်က ဟာကနဲ့ဖြစ်လောက်အောင်ထိ သူ့မျက်လုံးထဲမြင်လိုက်ရတဲ့ နှင်းလုံးလေး...။ အဖြူရောင်တွေ ပုံကျနေအောင် ကြီးလွန်းတဲ့ ဂါဝန်ကြီးကြားထဲက သေးသွယ်နေတဲ့ ကိုယ်လုံးလေးက မစွန့်မပို့ထွက်နေသည်အလား... သူ့မြင်ကွင်းထဲမှာပင် မရှင်းခြင်တော့...။ တရွေ့ရွေ့ သူရှိတဲ့ အရပ်ကိုတိုးလျှောက်လာတိုင်း ခြေလှမ်းတိုင်းကြားမှာ သူ့ရင်ခုန်သံတွေ ကုဋေတစ်သိန်းလောက်ဖြစ်သွားသလိုပင်။ ပွင့်ဖက်တွေ ဝေ့ဝိုက်သွားတိုင်း သူ့ရဲ့အဖြူရောင်နက်သမီးလေးက အရင်ကလို သူ့ကိုတီတီတာတာ ဆိုးနွဲ့တက်တဲ့ ကလေးလေးလို့မဟုတ်တဲ့ အိန္ဒြေကြီးသူလေးမပါ လျှောက်လာတဲ့ လမ်းတစ်လျှောက်က သူ့အတွက် ကြာ့မင့်နေသလိုပင်။


ဦးခင်မောင်ယဥ် လျှောက်လမ်းတို့ဆုံးသွားသည်နှင့် မျက်ရည်ကြည်တို့ ဝေ့ဝါးနေတဲ့ သူမျက်လုံးကို မျက်တောင်တို့ဖြင့် ပုပ်ခက်လိုက်ကာ သူ့လက်ကို ချိတ်ထားတဲ့ အေးဆက်ဆက်ဖြစ်နေတဲ့ သမီးဖြစ်သူလက်ကလေးကို အနွေးထွေးဆုံး ဆုပ်ကိုင်လိုက်ပြီး မျက်နှာခြင်းဆိုင်လှည့်လိုက်ကာ.... 


"ဖေဖေက အမြဲတမ်းသမီးအတွက် လိုတရအိမ်တစ်လုံးဆိုတာ မမေ့ပါနဲ့သမီး...."


ချစ်လွန်း သူမကို တင်းကြပ်စွာ ပွေ့ဖက်ထားရင်း တုန်ရီနေတဲ့ ဖေဖေ့အသံကို ကြားလိုက်ရတယ်ဆို သူမကိုယ်တိုင်လည်း မျက်ရည်တွေကျကာ ဖေ့ဖေ့ကို အသံတိပ် ခေါင်းငြိမ့်ပြနေမိသည်။


ဦးခင်မောင်ရင် ကြာမြင့်စွာ သမီးကိုခက်တင်းတင်းပွေ့ဖက်ပြီးမှ ခန့်ထည်ဝါလက်ကို သူကိုယ်တိုင်လှမ်းယူလိုက်ပြီး သမီးဖြစ်သူလက်ကို ထည့်ပေးလိုက်ကာ...


"ငါ့သမီးလက်ကို ဘယ်လိုအချိန်မျိုးမျာဖြစ်ဖြစ် မင်းမလွှတ်လိုက်ပါနဲ့ ဒါက အဖေတစ်ယောက်ရဲ့ အတ္တအနေနဲ့ မင်းနားလည်ပေးပါ..."


ခန့်ထည်ဝါလည်း သူ့လက်ထဲက ချစ်လွန်းလက်လေးကို အနွေးထွေးဆုံး ဆုပ်ကိုင်လိုက်ကာ..


"ကျွန်တော့် အသက်နဲ့ရင်းပြီး ကတိပေးပါတယ် အန်ကယ်..."


"အဟွန်း...."


ဦးခင်မောင်ယဥ် မျက်ရည်တွေကြားက ပြုံးလိုက်ရင် နှစ်ယောက်လုံးကို ခက်တင်းတင်း ပွေ့ဖက်လိုက်တယ်ဆို အခန်းအနားမှာရှိတဲ့ လူကုန် မက်တပ်ထရပ်ခြင်းနဲ့အတူ...


"ဝေးးးးးးး ဖြောင်း....ဖြောင်း.......ဖြောင်း..... ဖြောင်း....."


"ဟင့် ကိုကို ခခသမီးလေးမလိုခြင်တော့ဘူးသိလား ရွှတ်"


ရေပြင်တစ်ယောက် လက်ခုပ်တီးနေရင်း သူ့ကို မျက်ရည်အရွှဲသားနဲ့ စကားလာပြောတဲ့ ဇနီးဖြစ်သူကြောင့် ပြာယာခက်သွားကာ...


"ကလေး.... ဘာဖြစ်လို့လည်း... ဘာလို့ငိုတာလည်း..... ဘယ်နားက နာလို့လည်း ဟင်"


"ဟင့်အင်း... ခခ ဟင့် ခခ သမီးလေးမလိုခြင်တော့ဘူးသိလား ဟင့် ခခ ဟင့် ခခသမီးလေးကို အဲ့လိုကြီးလာရင် သူများကို ဟင့် ရွှတ် ပေး ပေးလိုက်ရရင် ခခရင်ကွဲမှာ သိလား.... အီး....."


"အဟား... ကလေးရာ..... ဒါက လွန်ဆန်လို့မရတဲ့ သဘာဝတစ်ခုပဲလေကွာ..... အတောင်စုံလာရင် အပျံသင်တက်ကြတာ သဘာဝပဲလေကွာ..."


"ဟင့်အင်း မသင်ရပါဘူး ခခက ခခကလေးလေးတွေကို ခခနားက ထွက်မသွားရအောင် ခခရင်ခွင်ထဲမှာပဲ ဖွက်ထားခြင်တာ ဟင့် ဘယ်သူမှမပေးခြင်ဘူး ဟင့် အဟင့်"


ရေပြင် ရင့်ကြပ်ဖို့ လိုသေးတဲ့ သားသားမေမေကို တစ်ချိန်ကျ ရှင်းပြဖို့ ချန်ထားခဲ့ကာသက်ပျင်းအရှည်ကြီးချရင်း ထွေးပွေ့ထားလိုက်မိသည်။ 'မိဘဆိုတဲ့ စကားလုံးအောက်မှာ ပေးဆပ်မှုတွေ အရမ်းကြီးတယ်ကလေး...'


"အ့! အ့! အဟင့် အင်း.... အကို... အကိုမဟော်........ ဟင့် အင်း... ကျွတ် ကျွတ်"


မဟော် ဆင်မြင့်ထက်က ယောက်ဖလောင်းကြီးကို ငေးနေတုန်း သူ့ခါးထက်က အင်္ကျီစကို ကုပ်ခြစ်ခေါ်လိုက်တဲ့ ချစ်လွန်းကြောင့် သူလှည့်ကြည့် လိုက်တယ်တို ရုပ်သေကြိုးပျက်ဖြစ်နေတဲ့ ချစ်လွန်းကြောင့်


"ဟာ! ချစ်........ မွေး... မွေးခြင်နေပြီလား...... ခ... ခဏလေး... ခဏလေး... ကိုယ် ကားသွားထုပ်လိုက်မယ်... ဟင်!"


မဟော် သူပြေးထဖို့လုပ်လိုက်တယ်ဆို သူခါးစပ်က အင်္ကျီစကို တင်းနေအောင်စုပ်ထားတာ လုံးဝမလွတ်တမ်းပင်။ မဟော် ခုမှသေချာကြည့်မိသည် ဂုတ်ဆက်လေးတွေကအစ လက်တွေပဆုံး ခြွေးစီးတို့နဲ့ ပြည့်နက်နေကာ သူစုပ်သက်လိုက်မိသည်။ ဒီပုံအတိုင်ဆို သူမလေးဗိုက်နာနေတာ အတော်ကြာလောက်ပြီဖြစ်သည်။ ဒါကို သူဘာလို့အစောကတည်းက မသိရတာလည်း... မဟော် ကိုယ်ကိုယ် အပြစ်တင်လိုက်ခြင်းနဲ့အတူ


"ချစ် ကိုယ့်ကို ခဏလွှတ်အုန်း ခဏလေးပဲ ကိုယ်ကားသွားထုပ်လိုက်အုန်းမယ် ခဏလေး...."


"ဟင့် ဟင့်အင်း... ချစ်... ချစ်လွန်းကြောက်တယ်... အ့ ချစ်လွန်းနားမှာပဲနေပါ... ဟင်း...."


မဟော် အတော်ကို အနာပြနေပြီဆိုတာသိလိုက်တာမို့ သူမထူးဆတာ့မယ့်တူတူ သူမလေးကို ကောက်ပွေ့ပြီးပြေးထွက်လာလိုက်မိသည်။ 


တစ်ဝိုင်းထဲအတူထိုင်နေတဲ့ ခခတို့လည်း ဆင်ပေါ်အငေးကောင်းနေတာနဲ့ မဟော်ချစ်လွန်းကို ပွေ့ပြေးသွားတော့မှ သူမတို့လည်း သတိထားမိကာ


"ဟယ်! ကိုကို ချစ်လွန်းဘာဖြစ်လို့လည်းမသိဘူး လုပ်ပါအုန်း.... ချစ်လွန်း!"


ခခ ရေပြင်ကိုပြောလည်းပြော သူမကိုယ်တိုင်လည်းပြေးထွက်လိုက်သွားမိသည်။ 


ခခ ကားပါကင်ဘက်ကို ဦးတည်နေတဲ့ မဟော်ကို မှီအောက်အပြေးလိုက်ကာ


"ကိုမဟော်! ကိုမဟော်! အဲ့ဘက်ကို မသွားနဲ့တော့ ဒီမှာရော့ ဒီကားနဲ့သာ သွားလိုကတော့် မြန်မြန် ဟိုမှာ ချစ်လွန်း ရေတွေမွေးနေပြီ မြန်မြန်လုပ်!"


မဟော်လည်း ချစ်လွန်းကို ပွေ့ပြီး ဇောနဲ့ပြေးနေရာက ခခလှမ်းအော်မှ သတိထားမိကာ ဘာတွေမှန်းမသိ သူ့အောက်ပိုင်းတစ်လျှောက် စိုရွှဲလို့ပင်။ 


ခခ ချစ်လွန်းကို ပွေ့ထားရတဲ့ မဟော်ကြောင့် သူမကိုယ်တိုင်ပဲ မူပိုတို့ကို လက်ဖွဲ့ဖို့ စီစဥ်ထားတဲ့ ကားပေါ်ပြေးတက်လိုက်ခြင်းနဲ့အတူ


"ကိုမဟော် ချစ်လွန်းကို သက်သောင့်သက်သာဖြစ်အောင် နောက်ခန်းမှာ နှစ်ယောက်ထိုင်လိုက် ခခကားမောင်းမယ်"


မဟော်လည်း ချစ်လွန်းကိုကြည့်ပြီး ပူထူနေတာကြောင့် ခခအပြောကို ခေါင်းငြိမ့်လက်ခံရင် နောက်ခန်းမှာပဲ ခက်မြန်မြန်ဝင်ထိုင်လိုက်တော့သည်။


ရေပြင် သားကိုချီရက်နဲ့ သူခခကို အမှီလိုက်လိုက်ပင်မယ့် သူအပြင်ဘက်ကိုရောက်တယ်ဆို ခခ ကားမောင်သွားတာကို မြင်လိုက်တယ်ဆို


"ဟာ! သွားပြီ..... ကျစ်"


ထိုချိန် ခန့်ထည်ဝါနဲ့မူပိုတို့လည်း ဝတ်စုံကြီးဆတွနဲ့ ကို့ရို့ကားယား ပြေးလာကာ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ရေပြင်ကိုကြည့်လိုက်ပြီး


"ကိုရေပြင် ချစ်လွန်းတို့ဘာဖြစ်သွားလို့လည်းဗျ"


"ကျစ် ချစ်လွန်းတို့က ဘာမှမဖြစ်ဘူး ခု ကျစ် ခုကားမောင်းသွားတဲ့ခခက ဒါ ပထမဆုံးကားမောင်းခြင်းပဲ"


"ဟင်!"


"ဟာ.... မူပို! မူပို! မူပို! ကျစ် လုပ်ကြပါအုန်း... မူပို မူပို!"


ရေပြင့် စကားကြားလိုက်တယ်ဆို မူပိုတစ်ယောက် မေ့မျောသွားတာကြောင့် မင်္ဂလာဆောင်မှာ သတိုသမီးမူးလဲတယ်ဆိုတဲ့ အဖြစ်က ဟွန်းလေး တကြော်ကြော် ဖြစ်သွားရတော့သည်။


>>>>>>>>>>>>>>>>>


"ဟားးးးးဟားးးးးဟားးးးး ခခရာ နင်လုပ်ချလိုက်ရင်တော့လေ တကယ် တလွဲစိန် တော်သေးတာပေါ့ ချစ်လွန်းဘာမှမဖြစ်ပဲ ဆေးရုံရောက်လို့"


"အင်းလေ မူပိုဆို အကိုရေပြင်စကားကြားတယ်ဆို မျက်လုံးကိုပြာသွားတာပဲ ဘာမှတောင်မကြားနိုင်တော့ဘူးသိလား... နင်တော်တော်ဆိုးတယ် အဟွန်း..."


"ဟဲ့ မူပိုမ ငါအဲ့လိုလုပ်ပေးလို့လည်း ဒီလိုချစ်စရာကောင်းတဲ့ မီးမီးလေး မွေးနိုင်တာလေ ဟုတ်တယ်မှတ်လား မီးလေး... ဟမ် နော်မီးလေး.. ဟယ် ကိုကို ခခကို ရယ်ပြတယ်ကြည့်စမ်း.. အား... ချစ်လိုက်တာ... ချစ်လွန်း...နင်နဲ့ငါ ခမည်းခမက်တော်လိုက်ကြမလား..."


"ဟေ့! ဟေ့! ခုမှ ငါ့သမီးက လူ့လောကထဲရောက်တာလေ ဘယ်လိုချွေးမရွေးနေတာလည်း... သဘောမတူဘူး.. ဘယ်သူနဲ့မှကို သဘောမတူနိုင်ဘူး ကြီးလာရင် သီလရှင်ဝတ်ပေးပြစ်မှာ..."


"ဟားးးဟားးးးဟားးးးး မဟော်ကွာ... မင်းအတော်တရားကျဖို့ကောင်းတဲ့ကောင်"


ခခအပြောကို ရှူရှူရှားရှားထဖြစ်တဲ့ အခုမှအသစ်စက်စက်အဖေဖြစ်ထားတဲ့ မဟော်ကြောင့် ဝါးလုံးကွဲအောင် ရယ်လိုက်ကြချိန်


"ဖေ့! ဖေ့! ဖေ့!"


ရေပြင် သူရင်ဘက်က အင်္ကျီလေးကို ဆွဲပြီး အတင်းခေါ်နေတဲ့ သားဖြစ်သူကြောင့် သူကြည့်လိုက်တယ်ဆို


"လှ! လှ!"


ရေပြင် သူကြည်လိုက်တယ်ဆို အနှီးထုပ်လေးထဲက ကလေးလေးကို လက်ညိုးထိုးပြပြီး ​ပြောနေတဲ့ သားဖြစ်သူကြောင့်


"အဟွန်း... ညီမလေးလေသားရဲ့ ညီမလေးကိုချစ်လို့လား..."


"ခိခ် ချစ် ချစ် ခိ ကြိုက် ကြိုက် ကျောင်မရေး... ခိခ်"


"ဟေ! ဘယ်လို..."


"ကြိုက် ကြိုက် ကြားကြိုက် ကြိုက်"


"ဟားးးးးဟားးးးးးးးဟားးးးးး ရေပြင်ရေ မင်းသားကတော့ တကယ် မလွယ်ချောတဲ့အကောင်ပဲဟေ့ ဟားးးဟားးးဟားးးး"


"ခိခ် ချချ "


တံခွန်ပြင်လေးအပါအဝင် သီးသန့်ခန်းလေးတစ်ခုလုံး ဝက်ဝက်ကွဲရယ်မောနေသလောက် မဟော်ကတော့ ရှူတည်တည်နဲ့ တံခွန်ပြင်လေးကိုသာ မကြည်မသာ ကြည့်နေတော့သည်။


◾◾◾◾◾◾◾◾◾◾◾◾◾◾◾


ကဲ ခုတော့ အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားခဲ့ပါပြီ။ အခက်အခဲတွေကြားက ပြီးဆုံးအောင်ရေးနိင်လို့လည်း ကိုယ့်ကိုယ်ကိုကျေးဇူးအများကြီး တင်နေမိတယ်။ နောက်ပြီး အဆက်ဆက် အပျက်ပျက်နဲ့ကြားက အားပေးနေကြတဲ့ ရေနိုင်အောင် အားတွေဖြည့်ပေးလေ့ရှိတဲ့ စာဖတ်သူလေးတွေကိုလည်း ပြောမပြတက်အောင်ကျေးဇူးတင်ပါတယ်။ ဒီဝတ္ထုကို ပြီးအေယင်တောင်ရေးပါ့မလားဆိုပြီး ယုံကြည်မှုတွေ နည်းသွားအောင်ထိ ကျွန်မလုပ်မိခဲ့တယ်။ အားနာလွန်းလို့ စာတစ်ပိုဒ်ပြီးတိုင်း အကျောရှည်တက်တဲ့ကျွန်မ ခုဆို လေးစားလျှက်စာကလွဲရင် မရေးတက်တော့ဘူး။ ဒီဝတ္ထုလေးကို တစ်နှစ်ကျော်ကြာအောင် အခက်အခဲတွေကြားက ရေးလိုက်ရတယ်။ ဒီဝတ္ထုရေးနေတဲ့ကာလအတွင်းမှာ ကောင်းတဲ့အမှတ်တရတွေနဲ့အတူ မကောင်းတဲ့အမှတ်တရတွေ များစွာရှိလိုက်တယ်။ ဒီဝတ္ထုရေးပြီး သိပ်မကြာခင် အာဏာသိမ်းသွားတယ် နောက် လိုင်းတွေဖြတ်တယ် နောက် အဖိုးကို ကျွန်မဘဝထဲကနေ ထာဝရခွဲထုပ်သွားတယ်။ သိပ်မကြဘူး ကိုဗစ်တတိယလှိုင်းမှာ အမေ့ကို သေမတက် အသက်လုခဲ့ရတာ ခုချိန်ထိ ဆေးခန်းနဲ့အိမ် ပြေးနေရတုန်း။ ဒီအတော်အတွင်းမှာ သူငယ်ချင်းတစ်ချို့ရဲ့ ဒဏ်ရယ် ပတ်ဝန်ကျင်ရယ် အားလုံးက ကျွန်မအတွက် ကံဆိုးတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့တယ်။ ဒါမယ့် ကျွန်မအရွယ်ရောက်ဖို့အတွက် လုံလောက်တဲ့ ရင့်ကြပ်မှုတွေ ပေးခဲတယ်။ မွန်းကြပ်မှုတွေအတွက် ထွက်ပေါက်ပေးနိုင်တဲ့ မိတ်ဆွေတွေ တွေ့ခဲ့တယ်။ ခရီးထွက်ခဲ့တယ် မွန်းကြပ်မှုအတွက် ဒါဟာ ဘဝမှာ ပထမဆုံးခရီးဝေတစ်ခုဖြစ်ခဲ့သလို စာပြန်ရေးနိုင်ဖို့ ခွန့်အားတစ်ခုဖြစ်ခဲ့ပါတယ်။


ကဲ အကျောရှည်လွန်းတဲ့ ကျွန်မ ပြောခြင်တာတွေလည်း ပြောပြီးပြီဆိုတော့ ဇာတ်ကောင်တွေရဲ့ အမှတ်တရတွေနဲ့ ဒီဝတ္ထုလေးကိ အမြဲအမှတ်ရပေးပါလို့ လောဘကြီးကြီးနဲ့ မေတ္တာရပ်ခံလိုက်ပါပြီရှင်😁 အမှန်ဆို တစ်ပုဒ်လုံး အချိုတွေပဲ ပေးမို့ပါ။ နောက်ပိုင်း ဘယ်တွေရောက်ကုန်မှန်းမသိတဲ့ ဇာတ်အချိုးက ကျွနိမစိတ်မခြေအနေကြောင့်ပါလို့ပြောခြင်ပါတယ်ရှင်😁 အဲ့အတွက်လည်း တောင်းပန်ပါတယ်။ ပေါ့ပျက်ပြီး အနှစ်သာရ သိပ်မရှိပင်မယ့် ကျွန်ရင်ထဲ စိတ်ကူးထဲကထွက်လာပြီး တစ်နေ့တာရဲ့ အချိန်တစ်ဝက်လောက်ပေးထားရတဲ့ စာပိုဒ်လေးတွေမို့ ကျွန်မအသည်းအသက်လေးတွေပါရှင့်။


နောက်ဆုံးအနေနဲ့ နိုင်ငံရေးမကောင်းတဲ့ကြားက ပိုးမသက်နိုင်လို့ အခြေအနေလေးကြည့်ပြီး နောက်ဇာတ်လမ်းလေးတွေ ရေးခြင်ပါသေးတယ်ရှင်❤


စာဖတ်သူများကို အစဥ်လေးစားလျှက်


#မြူခိုးဝေဝေ


rate now: