ကိုကို့မို့ ချစ်တာလို့ ☹
"ဒီဆေးရေကို အားလုံးကိုတိုက်လိုက်။ ခြောက်ခြားစရာ ဒီလိုအဖြစ်ဆိုးကြီးတွေကို ကလေးတွေ ဘယ်တော့မှ မခြောက်လှန့်နိုင်တော့ဘူး..."
"ကျွန်တော်မသောက်ဘူး...."
"ဟင်! သား...."
ဒေါ်မေမီ ရုပ်တရက်ရောက်လာတဲ့ သားဖြစ်သူကြောင့် သူမကြောင်အသွားကာ
"သား.... သားဘယ်လိုလုပ်..."
"ကျွန်တော် အဲ့ဆေးရည်ကို မသောက်နိုင်ဘူးမာမီ ခခကိုလည်း တိုက်ဖို့မကြိုးစားပါနဲ့"
"သား...."
"ကျွန်တော် ထက်မပြောဘူးမာမီ ခခကို အဲ့ဆေးရည်တိုက်ဖို့ ကျွန်တော်ခွင့်မပြုနိုင်ဘူး"
"ဟို သားရယ်....."
"မင်းက အဲ့ကလေးကို တစ်သက်လုံး မပျော်မရွှင်နဲ့ ဖြတ်သန်းသွားစေခြင်လို့လား..."
ရေပြင် ရုပ်တရက်ဆိုသလို ထပြောလာတဲ့ ဝတ်ဖြူစင်ကြယ်နဲ့လူကြီးကြောင့် သူမျက်မှောင်ကြုံ့လိုက်ပြီး...
"ဘာကို မပျော်ရွှင်ရမှာလည်း... ခခက အဲ့လောက်ပျော့ညံ့တဲ့ ကလေးမဟုတ်ဘူး..."
"အဟွန်း အဲ့မိန်းကလေးတစ်ဘဝလုံးကို အဲ့အဖြစ်အပျက်တွေက အတိပ်ဆိုးတစ်ခုလို ဝါးမျိုသွားမယ်ဆိုရင်ရော"
"အဟွန်း အဲ့လိုဖြစ်ခဲ့မယ်ဆိုရင်လည်း အဲ့အတောအတွင်းဖြစ်ပျက်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ ကောင်းတဲ့အမှတ်တရတွေက ပြန်ပြီးအနိုင်ယူသွားမှာပါ ဒါကြောင့် ကျွန်တော် ခခရဲ့မှတ်ဉာဏ်တွေကို ဘယ်တော့မှ ဖျောက်ပစ်မှာမဟုတ်ဘူး..."
ဦးမဟော်အောင် အတော်ကြာသည်အထိ ထိုလူငယ်ရဲ့ စူးရဲတဲ့မျက်ဝန်တွေကို ကြည့်နေရင်း ချက်ခြင်းဆိုသလိုလွှဲဖယ်လိုက်ကာ ပြုံးလိုက်ပြီး
"အွန်း.. မင်းကခေါင်းကျောသိပ်မာတာပဲကွ မင်းသဘောပါ ငါအတင်းမတိုက်တွန်းပါဘူး.."
"ခုလို ကျွန်တော့်ဆန္ဒကို လိုက်လျောပေးလို့ ကျေးဇူးပါအဘ"
"အဟွန်း မလိုပါဘူးကွာ... မင်းတို့အနာဂါတ်က ငါတို့ကြိုမမြင်နိုင်တာတွေရှိနေနိုင်တာပဲ ရတယ် ဒါမယ့် တစ်ခုတော့မင်းကို သတိပေးလိုက်မယ် မင်းအဲ့လိုခေါင်းကျောမာတာတွေက တစ်နေ့ မင်းထက်ခေါင်းကျောမာတဲ့ တစ်ဦးတစ်ယောက်နဲ့တွေ့လိုက်မယ် အဲ့ကျ မင်းဘယ်လိုဖြစ်မလည်းဆိုတာ ငါကြိုမြင်ခြင်သေးတယ် အဟွန်း..."
ရေပြင် ဦးမဟော်အောင်အပြောကို အပြုံးနဲ့လက်ခံလိုက်ရင်း...
"အဲ့လိုလူဆိုတာလည်း တခြားသူထက် ကျွန်တော့် အသည်းအသက်ပဲဖြစ်ဖို့များပါတယ် အဲ့လိုဆိုရင်တော့ ကျွန်တော်ကျေကျေနပ်နပ်ကြီး ခံယူလိုက်မှာပါ"
ရေပြင့်အပြောကို ဦးမဟော်အောင် သဘောအကျကြီးကျကာ ခေါင်းတွေငြိမ့်နေပြီး
"အဟွန်း... ဟုတ်လောက်မှာပါ...."
"ဒါဆို ကျွန်တော် သွားလိုက်ပါအုန်းမယ်"
ပြောပြီးတယ်ဆို ထွက်သွားတဲ့ရေပြင်ကြောင့် ဒေါ်မေမီ ဦးမဟော်အောင်ကို အထိပ်တလန့် လှမ်းကြည့်လိုက်ကာ...
"ဟို ဆရာ....."
ဦးမဟော်အောင် သူ့စကားကို ဟန့်တားသလို လုပ်လိုက်တဲ့ ရေပြင့်အမေကြောင့် သူလက်ကာပြလိုက်ပြီး
"ရတယ် ကံကြမ္မာက အလှည့်အပြောင်းတွေနဲ့ သူ့အချိန်အခါအတိုင်းဖြစ်လာမှာမို့ စိတ်မပူပါနဲ့... အရာအားလုံးကို သူ့အတိုင်းနေသားတကျထားလိုက်ပါ.... သူ့ပါသူကျော်လွှားသွားလိုက်မယ်..."
"ဟို... သမီးလေးက အရမ်းနုနယ်တယ်ဆရာ.. သူဖြတ်သန်းခဲ့တဲ့ ပျော်ရွှင်စရာအတိပ်မှာ ဒီအဖြစ်ဆိုးကြီးကို ရှိမနေစေခြင်ဘူး..."
"တစ်ခါတစ်လေမှာ သားသမီးကို ကောင်းတာတွေပဲ ပေးခြင်းလွန်းတဲ့ မိဘတွေကြောင့် သားသမီးတွေ ဒုက္ခပိုရောက်တက်တယ်မေမီ"
ဒေါ်မေမီ ဆရာကြီးအပြောကြောင့် သူမထက်ထွန့်မတက်နေတော့ပဲ သက်ပြင်းရှည်ကြီးသာ ချလိုက်မိတော့သည်။ မိခင်တစ်ယောက်ဖြစ်တဲ့ သူမအနေနဲ့ သားသမီးတွေကို ကောင်းတာတွေပဲ ပေးခြင်းတာတော့ သူမအမှားတော့ မဟုတ်ဘူးထင်ပါရဲ့.....
>>>>>>>>>>>>>>>>>
"ပန်းလေး... ဒါလေးတော့ကုန်အောင်စားလိုက်ပါ ညီမလေးရယ် နော် တော်ကြာ ရေပြင် ညီမလေးကို ဆူနေအုန်းမယ်လေ နော် သောက်လိုက်ပါ"
ခခ သူမနေပြန်ကောင်နေတာကြာနေပါပြီ ဒါကိုအချိန်ပြည့် သီးစုံစွတ်ပြုပ်ပဲ လာကျွေးနေတာကြောင့် သူမဒီနေ့တော့ ခေါင်းမြီခြုံနေလိုက်တာဖြစ်သည်။ ဒါကိုပဲ မရမက အတင်းတိုက်နေတာကြောင့် သူမစောင်ခြုံထဲကပဲ မျက်နှာလေးရှုံ့မဲ့ပြီး
"ဟင့်အင်း အဲ့ဒါကြီးမသောက်ခြင်ဘူးလို့ အနံ့ရရင်ကို အန်ခြင်လာတာ ဟင့် ခခမသောက်ခြင်ဘူး ခခနေကောင်းနေပြီ သူကြီးဆူရင် သူကြီးကိုပဲ သောက်ခိုင်းလိုက်တော့"
"ခခ ဘာတွေဂျစ်တိုက်နေတာလည်း မင်းကို ကောင်းစေခြင်လို့တိုက်နေတာ သောက်လိုက်"
ခခ မမကို အသနားခံသလို ခေါင်းလေးထွက်ပြီးပြောရုံရှိသေး ရုပ်တရက်ဆိုသလို အခန်းထဲရောက်လာတဲ့ ကိုကိုကြောင့် ချက်ခြင်းဆိုသလို ခေါင်းမြီးပြန်ခြုံလိုက်ကာ
"ဟင့်အင်း မသောက်ဘူး! နေတိုင်းဘယ်သူက ဒါကြီးကိုပဲ သောက်ခြင်မှာလည်းလို့ ကောင်းနေပြီဆိုလည်းမရဘူး ဟင့် သူများကို ကိုယ်ခြင်းမစာကြဘူး... မကျင့်မကောင်းတဲ့သူတွေ အီးးးး သွား! သွားကြ! မမလည်းမကောင်းဘူး ကိုကိုလည်းမကောင်းဘူး ခခအခန်းထဲက ထွက်သွားကြ အီးးးးးး ဖွားရေ.............!"
ရေပြင် စောင်ခြုံထဲက အတင်းအော်ငိုကာ စစ်ကူတောင် တောင်းလိုက်သေးတဲ့ သူမလေးကြောင့် သူ ပြုံးလိုက်မိပြီး ဗေဒါလက်ထဲက ပန်ကန်ကိုယူလိုက်ကာ
"ကိုကြီးခေါ်နေတယ်"
ဗေဒါ ကိုကိုကြီးခေါ်တယ်ဆိုတာကြောင့် ရေပြင့်လက်ထဲ ပန်ကန်ထည့်လိုက်ကာ ခုထိခေါင်းမြီခြုံထားတဲ့ခခကိုတစ်ချက်ကြည့်ပြီး ခက်သုတ်သုတ်ထွက်လာခဲ့လိုက်သည်။
ခခ အတော်ကြာသည်အထိ အခန်းထဲက အသံမကြားရတာကြောင့် ခေါင်းထက်မှစောင်ကို မျက်လုံးလေးပေါ်ရုံ မသိမသာလေး ဖော်ကြည့်လိုက်တယ်ဆို
"ဟင်! ဟင့်အင်း.. လွှတ်! ဟင့် လွှတ်လို့! ခခအဲ့ဒါကြီးမသောက်ဘူးနော်! လွှတ်လို့ ဟင့်!"
ရေပြင် သူဆွဲထားတဲ့ စောင်စကို အသည်းအသန်ပြန်ဆွဲက အတင်းအော်ဟစ်ရုန်းကန်နေတဲ့သူမလေးကြောင့် ဗိုက်ထဲက ကလေးတစ်ခုခုဖြစ်သွားမှာ စိုးရိမ်တာနဲ့ စောင်ကို စောင့်ဆွဲခွာလိုက်ခြင်းနဲ့အတူ သူမလေးကို အတင်းထွေးဖက်ထားလိုက်ကာ
"မေမေလေးက အတော်ဆိုးနေတယ်ပေါ့ဟုတ်လား.. မေမေဒီလောက်ဆိုးနေရင် ဗိုက်ထဲ ကလေးလေးဆို ကိုယ်ဘယ်လိုထိန်းရမလည်းတောင်မသိတော့ဘူး..."
ခခ သူမကို ကိုကို့အပြောကြောင့် ရင်ခွင်ထဲကနေ မျက်စောင်းလေးချည်ပြီး
"ထိန်းမရလည်း မထိန်းနဲ့ပေါ့လို့ ဟွန့် ဘာလည်း ရှင်ကြီးကအခုကတည်းက ခခနဲ့ကလေးလေးကို ညိုငြင်နေတာလားပြော...."
ရေပြင် သူ့ကို စူပုပ်ပုပ်လေးနဲ့ပြောနေတဲ့ သူမလေးကြောင့် သူအသည်းယားစွာ....
"အွန့် ဟင်!"
ခခ ရုပ်တရက် သူမနှုတ်ခမ်းထက်ကို ကျရောက်လာတဲ့ ကိုကို့နှုတ်ခမ်းတွေကြောင့် မျက်လုံးလေးဝိုင်းသွားကာ
"ကိုကို...."
"အဟွန်း... အဲ့ဒါ စွာခြင်အုန်းလေ ကိုယ့်ကိုအသည်းယားအောင် လုပ်နေမှတော့ ကိုယ်ဘယ်လိုငြိမ်နေလို့ရတော့မှာလည်း... ဟွန်"
ခခ ကြောင်အနေရာက သူမကို ပြုံးတုန်းတုန်းနဲ့ မေးငေါ့မေးလိုက်တဲ့ကိုကိုကြောင့် သူမအသိဝင်လာကာ တရဆက်ဆိုသလို ထုရိုက်လာတဲ့ လက်သီးဆုပ်လေးတွေနဲ့အတူ
"အင်! အင်! ဘာလုပ်တာလည်းလို့! သူများကိုလည်း ခွင့်မတောင်းပဲနဲ့ ဟင့် သူများကိုလာပြီးအခွင့်အရေးယူသွားတယ် အင် ဘုတ်! ဘုတ်!"
"အဟက်! ခွင့်တောင်းနေရင် ကလေးက ကိုကို့ကိုခွင့်ပေးမှာလားပြော ပြွတ်!"
"ဟာ!"
ခခ ပြောပြီးတယ်ဆို သူမနှုတ်ခမ်းထက် ထက်ရောက်လာတဲ့ ကိုကို့နှုတ်ခမ်းကြောင့် မျက်နှာလေး ရဲတွတ်ကာ သူကြီးရင်ခွင်ထဲ ခေါင်းတိုးဝင်ပုန်းရင်း
"ကိုကို့! ရှင်ကြီးဘယ်လိုဖြစ်နေလည်းလို့ ခုမှ ရှက်ကျောပျက်နေတဲ့လူကြီးကျနေတာပဲ ဗိုက်ထဲမှာ ကလေးလေးရှိတယ် မရှက်ဘူးလား"
"အဟား အရင်တုန်းကတော့ ကိုယ့်ကိုချစ်လာအောင် အမျိုးမျိုးလုပ်ပြီးတော့ တကယ်ချစ်လာမှ နမ်းတာလေးတောင်မကြည်ဖြူခြင်တော့ဘူးလား"
"ဟင့်အင်း ခခချစ်တာ အဲ့လိုတွေချစ်တာမဟုတ်ဘူး ကိုကို့ကို သန့်သန့်လေးချစ်တာပါနော်"
"ဒါဆို ကိုကိုကတော့ သန့်သန့်လေးချစ်တာမဟုတ်ဘူးပေါ့"
"ဟုတ်တယ်လေ ခုပဲကြည့်လေ သူများဆီက ခွင့်မတောင်းဘာမတောင်းနဲ့ ဟွန့်"
"အဟွန်း ချစ်လာတဲ့ချိန် သူ့ပါသူဖြစ်လာတဲ့တုန့်ပြန်မှုလေ အချိန်အခါရယ်လို့တော့ရှိမလား ပိစိရ"
"ဟာ လုပ်ပြန်ပြီ ပိစိ အဲ့နာမည်ကြီးမကြိုက်ပါဘူးဆို"
" ပိစိလေးမို့ ပိစိခေါ်တာလေ ဘာလည်းမကြိုက်ဘူးလား ပိစိရ"
ခခ မပြောနဲ့ဆို ပိုပြောနေတဲ့ ကိုကိုကြောင့် သူမကိုကို့ကို အသည်းယားလာကာ ကုတ်ဆွဲမို့ လုပ်လိုက်တယ်ဆို
"ဒေါက်! ဒေါက်! ခခရေ ချစ်လွန်းဆီသွားမယ်လေ"
"ဟင်! မူပို အေးအေး! တအောင့်လေးသိလား..!. ကိုကိုဖယ်.. ခခ အဝတ်စားလည်းရအုန်းမယ်"
ရေပြင် အခန်းရှေ့ကို အော်ပြောပြီး သူ့ရင်ခွင်ထဲက ရုန်းထွက်ဖို့ လုပ်နေတဲ့ သူမလေးကြောင့် အလိုမကျတဲ့မျက်လုံးတွေနဲ့ကြည့်နေလိုက်ပြီး ခက်တင်းတင်းပိုဖက်ထားလိုက်မိသည်။
ခခ ဟိုကစောင့်နေပါတယ်ဆိုကာမှ ပိုပြီးတင်းကြပ်သလိုခံစားရတာကြောင့် မျက်လုံးလေးဝင့်ခနဲတက်သွားခြင်းနဲ့အတူ
"ကိုကို့ ဘယ်လိုဖြစ်နေတာလည်း ဖယ်! လွှတ်..လို့... ဟိုမှာစောင့်နေပြီ ချစ်လွန်းဆီသွားမို့ ချစ်လွန်းခြေထောက်ဒီနေ့ပတ်တီးဖြေမှာတဲ့ အဲ့ဒါ အားပေးစကားသွားပြောမို့ ဖယ် လွှတ်"
"ဘယ်သူကသွားခိုင်းလို့လည်း... မသွားရဘူး"
"ကိုကို့!"
ရေပြင် သူ့ကိုတွန်းထိုးရုန်းကန်နေတာကြောင့် သူစခြင်လာတာတဲ့ ပြောလိုက်ခြင်းပင် ဒါကို ဒေါသတကြီးထအော်တဲ့သူမလေးကြောင့် သူ အသည်းယားစွာ...
"အဲ့လောက်သွားခြင်နေရင် လာခဲ့ ရွှတ် ရွှတ်"
"ဟင့်အင်း ကိုကို့! "
"ရွှတ်"
" ခိ ချ ကိုကို့းးးးးး!းးးးး"
ခခ ပြောပြောဆိုဆို သူမမျက်နှာအနှံ့ မိုးရွာသလိုရောက်ချလာတဲ့ ကိုကို့အနမ်းတွေကြောင့် သူမရှောင်ပုန်းတွန်းထုပ်ရင်း ကြာလာတော့ နမ်းနေရာကနေ လည်တိုင်းတွေကြားထိ သူ့နှုတ်ခမ်မွှေးစစတွေနဲ့ အတင်းပွတ်တိုက်နေတာကြောင့် သူမဘယ်လိုမှမနေနိုင်တော့ပဲ ရယ်မောခြင်းအတိနဲ့သာ ကိုကို့ကို အရှုံးပေးလိုက်ရသည်။
>>>>>>>>>>>>>>>>>>>
"ညီမလေး စိတ်အေးအေးထားသိလား doctorကပြောတယ် အမာရွတ်တောင်မကျန်ဘူးတဲ့ စိတ်အေးအေးထားသိလား"
မဟော် ဒီစကားပဲတစ်တွတ်တွတ်ပြောနေတဲ့ ခန့်ထည်ဝါကို အလိုမကျစွာကြည့်လိုက်မိသည်။ ပတ်တီးဖြေရမယ့်သူက သူပါသူနေရင်အကောင်း သူပြောနေတာနဲ့ ဟိုက ပိုကြောက်နေပြီဖြစ်သည်။
"ညီမလေး....."
"ကျစ် မင်းအပြင်ထွက်နေလိုက်တော့ခန့်ထည်"
ခန့်ထည် သူစကားမဆုံးခင်ပဲ ကြားဖြတ်ပြောလိုက်တဲ့ မဟော်ကို ဘုကြည့် ကြည့်လိုက်ပြီး
"ဘာလို့ထွက်ရမှာလည်းကွ မင်းထွက်ခြင်ထွက်ပါလား.."
"အေး ထွက်သင့်နေတာမင်း အပ်နဲ့ထွင်းရမယ့်နေရာကို ပုဆိန်နဲ့ပေါက်နေရသလိုပြောနေတာနဲ့တင် မင်းညီမ အကြောက်လွန်ပြီ သေတော့မယ် ကျစ် အထူအပါးလည်း နားမလည်ဘူး"
"ဟျောင်"
"တော်ပြီ ဟိုမှာဖြေနေပြီ"
အနိုင်ပိုင်ပြီးပြောသွားတဲ့ မဟော်ကြောင့် ခန့်ထည်ဝါမှာ အောင့်သည်းအောင့်သက်နဲ့ပဲ သူ့ဒေါသတွေကို မျောချလိုက်ရတော့သည်။
"မင်းနဲ့နောက်မှတွေ့မယ်"
"အခုတွေ့လည်းရတယ်ဟျောင်"
"မင်း"
"ကိုကြီး...."
ချစ်လွန်း အစကတော့ သူ့ပါသူပြီးသွားမယ်ဆိုပြီး နေနေပင်မယ့် ကြာလာတော့ ပတ်တီးဖြေပေးနေတဲ့doctorကို အားနာလာတာကြောင့် သူမအော်လိုက်ရခြင်းဖြစ်သည်။
ချစ်လွန်း ဟန့်သလို ခက်ကြိပ်ကြိပ်ခေါ်လိုက်မှပဲ ခန့်ထည်ဝါနဲ့မဟော် ဘေးတိုက်ပြန်ရပ်လိုက်ပြီး ရှူတည်တည်သာ နေနေလိုက်တော့သည်။
ခခတို့မူပိုတို့ တစ်ယောက်ကလည်း ကဲကဲ တစ်ယောက်ကလည်း သဲသဲနဲ့ ဖြစ်နေတာကြောင့် သူမတို့ကြိပ်ပြုံးနေမိသည်။
"ပတ်တီးဖြေပြီးပြီဆိုတော့ နောက်နေ့ ဆေးရုံကိုလာခဲ့လိုက်နော်သမီး ဆရာမကြည့်သလောက်တော့ ဘာမှမဖြစ်တော့ပါဘူး ဒါမယ့် သေချာအောင်တော့ ဓာတ်မှန်ရိုက်ကြည့်ရမယ်သိလား.."
"ဟုတ်ကဲ့ ကျေးဇူးပါ Doctor ချစ်လွန်း မနက်လာခဲ့ပါ့မယ်"
"အွန်း ဒါဆိုဆရာမပြန်ပြီနော် အော် ပြောဖို့ကျန်သေးတယ် ခြေထောက်ကောင်းသွားပြီဆိုပြီး ခြေထောက်ကို ပြင်းပြင်းထန်ထန်တွေ အလုပ်မပေးနဲ့အုန်းနော် တော်ကြာ ဒဏ်ဖြစ်မှာဆိုးရတယ်"
"ဟုတ်ကဲ့ ဒါဆို ကိုကြီး Doctorကို ပြန်လိုက်ပို့လိုက်တော့လေ"
"Doctor ဒီဘက်ခဗျ"
ခခနဲ့မူပို Doctorပြန်သွားပြီဆိုတာနဲ့ ချစ်လွန်းကုတင်ပေါ်အကုန်ပြေးတက်ကြကာ
"အဟွန်း ချစ်လွန်း ဒါဆို ငါတို့ နောက်တစ်ပတ်sunday shoppingထွက်ရအောင်နော်"
မူပို ပြောလုံးဆို့နေတဲ့ မျက်နှာလေးနဲ့ ပြောလိုက်တယ်ဆို မူပိုစကားဆုံးတဲ့ထိ စူးရဲစွာ ကြည့်နေတဲ့ မဟော်အလိုမကျစွာဖြင့်
"ကျစ် ဘယ်သူမှမသွားရဘူး ခုပဲdoctorပြောသွားတယ်လေ ခြေထောက်ကို သိပ်ပြီးအလုပ်လုပ်ခိုင်းလို့မရသေးဘူးတဲ့ မင်တို့လည်း သွားဖို့မကြံနဲ့ မူပို နင့်ကို အန်တီအေးနဲ့တိုင်လိုက်ရမလား လူမမာကို အနားမပေးတဲ့အပြင် အပြင်ထွက်ဖို့ပါခေါ်နေတယ်လို့"
မဟော်အပြောကို နှုတ်ခမ်းလေးဆူပြီး နားထောင်နေတဲ့မူပို အလိုမကျစွာ ခခကို လက်တို့လိုက်ပြီး
"ချစ်လွန်း ငါတို့ပြန်တော့မယ်သိလား ကျောင်းတက်ဖို့ကိစ္စ နောက်နေ့မှငါတို့လာတိုင်ပင်မယ့် ခုလောလောဆယ်တော့ နင့်အခန်းထဲမှာ ဂြိုလ်သားကြီးရောက်နေလို့ ပြန်ပြီသိလား!"
"ဘာ! ဟေ့! ဟေ့! အာ.... တောက်! စေတနာကို စေတနာမှန်းမသိတဲ့ကောင်မလေးတွေ ကျစ်"
မဟော် ပြောပြီးတယ်ဆို နှစ်ယောက်သားပြေးထွက်သွားတဲ့ကောင်မလေးနှစ်ယောက်ကြောင့် သူမှာ စုပ်တသက်သက်နဲ့ကျန်နေခဲ့ကာ ကုတင်ဘက်ကို မျက်လုံးရောက်သွားတယ်ဆို သူ့ကို မျက်ထောက်နီလေးနဲ့ကြည့်နေတဲ့သူမလေးကြောင့် သူစုပ်သက်လိုက်ကာ
"ကျစ် မင်းကိုစေတနာနဲ့မို့ လိုက်ပြောနေတာ ကိုယ်ပြောတာဘာမှားနေလို့လည်း..."
"မမှားပါဘူး ချစ်လွန်းတို့ပဲမှားတာ အဲ့အတွက်ကြောင့် ရှင်အပြင်ထွက်လို့ရပြီ"
"ဟမ် ဘာဆိုင်လို့လည်း..."
"ဆိုင်တယ် မိန်းကလေးတစ်ယောက်ရှိနေတဲ့ အခန်းထဲမှာ ယောက်ျားလေးတစ်ယောက်အနေနဲ့ ရှိမနေသင့်ဘူးလေ"
"ဒါမယ့် ကိုယ်က စေ့စပ်ထားတဲ့သူလေ"
"စေ့စပ်ရုံမကလို့ဘာကြီးပဲဖြစ်ဖြစ် သွား အပြင်ထွက် ရှင်ကြီးကိုမမြင်ခြင်ဘူး"
"ကျစ် ချစ်လွန်း...."
"သွားဆို သွားလိုက်တော့နော်..."
"Ok ok သွားပြီ သွားပြီ ဒါနဲ့ မနက်ဖြန်ဖွားလာလိုက်မယ်သိလား.."
"ရှင်မသွားသေးဘူးလား.. "
"သွားပြီ သွားပြီ အဟွန်း..."
"အဟွန်း..."
ချစ်လွန်း မဟော်ထွက်သွားမှ မဟော်ဖြစ်သွားတဲ့ ပုံစံကိုကြည့်ပြီး ရယ်လိုက်မိသည်။ တောထဲက ပြန်ရောက်ပြီး သူမဆေးရုံတင်ရကတည်းက သူမမှ သူမသည်းသည်းလှုပ်ဖြစ်သွားတဲ့သူကြီး ချစ်တယ်လို့လည်း သူမကို ခုထိမပြောသေးပဲ ကိုကြီးဆီမှာ သူ့အဖွားနဲ့လာတောင်းတယ်တဲ့ ကိုကြီးအစက အင်တင်တင်ပင်မယ့် သူ့အဖွားက အိမ်ကိုချောင်းပေါက်မတက်လာနေတာကြောင့် ငြင်းစရာမရှိတဲ့အဆုံး သူမတို့စေ့စပ်ခဲ့သည်ပေါ့။
"ခိ"
ချစ်လွန်း သူမပါးလေးနှစ်ဖက်ကို သူမဘာသာကိုင်ပြီး မျက်လုံးတွေပိတ်သွားသည်အထိရယ်လိုက်မိသည်။
ဆိုးရွာတဲ့အတိပ်တွေရဲ့နောက်ကွယ်မယ် ပြီးပြည့်စုံတဲ့ ကံကြမ္မာရှိနေတယ်ဆိုတာ တကယ်ပဲလား.....
◾◾◾◾◾◾◾◾◾◾◾◾◾◾◾
စာဖတ်သူများကို အစဥ်လေးစားလျှက်
#မြူခိုးဝေဝေ