book

Index 43

အပိုင်း (၄၃)

ကိုကို့မို့ ချစ်တာလို့ ☹


လှိုင်ခက်ထန်လည်း ညီနဲ့ညီမလေးဆီ ပြေးပွေ့ကာ နှစ်ယောက်လုံးကို ပြေးဖက်ထားလိုက်မိသည်။ ကျန်တဲ့သူတွေလည်း မူပိုတို့ကို ပွေ့ထူပေးကာ ဦးငထီးကို ဆေးကုသမှုပြုလုပ်နေကြသည်။ ထိုချိန်..........


"ဟားးးးး!!!!းးဟားးး!!!!းးးးဟားးး!!!နင်တို့အားလုံးကို ဇီဝိန်ချုပ်ပြစ်မယ်ဟေ့!!!!"


"ဟင်!"


"ဟာ!"


ဘယ်ကဘယ်လိုထွက်လာမှန်းမသိတဲ့ အသံနက်ကြီး အရပ်၈မျက်နှာမှာ ပဲ့တင်ထက်နေလျှက် တည်ငြိမ်နေတဲ့ သစ်ရွက်အချို့တို့ လှုပ်ယမ်းတိုးဝေ့လာကာ သူတိုအရပ်ဆီ လေဆန်တိုက်ခက်လာတဲ့ လေသဲ့သဲ့ကြောင့် စိမ့်နေတဲ့ မသိုးမသန့် လေထုကို ခံစားလိုက်ရသည်။


အခြေအနေကို သိလိုက်ပြီဖြစ်တဲ့ ရေပြင်တို့အဖွဲ့က ချက်ခြင်း ကြုံးထကြကာ..


"ပြေး... ပြေးကြ! လိုက်လာပြီ ပြေးမှရမယ်!"


ရေပြင်ရဲ့ သွေးရူးသွေးတန်းစကားရပ်နဲ့အတူ မဟော်တို့ရဲ့ ပြေးဖို့အသင့်ဖြစ်နေတဲ့ပုံစံတွေကြောင့် လှိုင်းခက်ထန် အတော်အတန်နားလည်သွားကာ..


"ခဏ ခဏနေအုန်း! ဒီမှာ ဒီအဆောင်လက်ပတ်တွေကို လူတိုင်းဝတ်ထားလိုက် ဒါက အကာအကွယ်ပေးလိုက်မယ် လာ မြန်မြန်ဝတ်ထားလိုက်ကြ"


လှိုင်းခက်ထန်ပြောလည်းပြော သူကိုယ်တိုင်ပဲ အဆောင်လက်ဖွဲ့တွေကို လိုက်ဝတ်ပေးလိုက်မိသည်။ ဝတ်ပေးနေရင်း.. နောက်ဆုံးနှစ်ယောက်အလိုကျမှ...


"ဟင်! အဆောင်တစ်ခုက ဘယ်ရောက်သွားတာလည်း.."


လှိုင်းခက်ထန်အပြောကြောင့် ဘေးနားက ခန့်ထည့်ဝါပါ အနားရောက်လာပြီး


"သေချာကြည့်အုန်းအကို ၇ခုသေချာပေးလိုက်တာပါ နှစ်ခုထပ်များချည်ပေးမိလား..."


"ကျစ် မဟုတ်တာ ငါသေချာချည်ပေးနေတာကို ကျစ် အဲ့ဒါမှ ဒုက္ခပဲကွာ.... တစ်ယောက်ကလိုနေပြီ"


ချစ်လွန်း ဒီပုံစံအတိုင်းဆို သူမနဲ့အကိုမဟော် နှစ်ယောက်ထဲက တစ်ယောက်သာ ဒီအဆောင်လက်ဖွဲ့ကိုဝတ်ရမှာသေချာနေသည်။ သေချာတာတစ်ခုက အကိုမဟော်ကတော့ သူမနဲ့ပြိုင်ပြီး ယူမှာမဟုတ်ပေ။ ထို့ကြောင့် သူမ.....


"ဟို... ရပါတယ် ချစ်လွန်းမဝတ်တော့ဘူး အကိုမဟော်ကိုပဲ ပေးဝတ်လိုက်ပါ ချစ်လွန်းအဲ့ဒါတွေ အယုံအကြည်သိပ်မရှိလို့ အဟွန်း"


ချစ်လွန်းအပြောမကြောင့် မဟော် ဆက်ခနဲ ချစ်လွန်းကိုကြည့်လိုက်မိသည်။ ချစ်လွန်း မျက်မှောင်ကြုံ့နဲ့ သူမကိုကြည့်နေတဲ့ အကိုမဟော်ကြောင့် သူမပြုံးပြလိုက်ပြီး..


"အဟွန်း... ဟုတ်တယ် ချစ်လွန်းက အဲ့ဒါတွေ အယုံအကြည်မရှိဘူး ချစ်လွန်းဘုရားတရားမြဲနေတာပဲဟာ သူဘာလုပ်နိုင်မှာလည်း နောက်ပြီး ကိုကြီးရှိနေတာပဲဟာ နော် ကိုကြီး ဟီး"


ခန့်ထည်ဝါ ညီမဖြစ်သူအပြောကြောင့် စုပ်သက်လိုက်ခြင်းနဲ့အတူ


"ကျစ် မဟုတ်တာ... ဘာလို့မဝတ်ရမှာလည်း လာ ဝတ်ရမယ်"


ချစ်လွန်းပြောပြောဆိုဆို အကိုလှိုင်းခက်ထန်လက်ထဲက လက်ဖွဲ့ကြိုးကိုယူပြီး သူမလက်ကို ဝတ်ပေးနေတဲ့ ကိုကြီးကြောင့် သူမရုန်းသလို လက်လေးတွန့်လိုက်ပြီး


"ဟင့်အင်း ညီမလေးဝတ်ထားရင် အကိုမဟော်မဝတ်ရပဲနေမှာပေါ့ ဟင့်အင်း မဝတ်ဘူး ညီမလေးမှာ အကိုမဟော်အပေါ်ကို ကျေးတေတွေ အများကြီးရှိတယ်ကိုကြီး ဟင့်အင်း မဝတ်ဘူးလို့"


ခန့်ထည်ဝါ ဝတ်လို့ပင်မရအောင် အတင်းရုန်းနေတဲ့ ညီမဖြစ်သူကြောင့် ခက်တင်းတင်းဆွဲကိုင်လိုက်တယ်ဆို သူ့ကို ဂျစ်ကန်ကန်ကြည့်လာတဲ့ ချစ်လွန်းကြောင့် သူပြုံးလိုက်ပြီး


"အဟွန်း အဆိုးမလေး ဘယ်သူက မဟော်ကို အဆောင်ကြိုးမဝတ်ပေးဘူးပြောလို့လည်း ဒီမှာတွေ့လား.. ကိုကြီးကြိုးကို မဟော်ကိုပေးလိုက်မယ်လေ ဟုတ်ပြီလား.."


"ဟင်!"


"ဟာ! မဟုတ်တာ ခန့်ထည် ငါအဲ့ဒါတွေမလိုဘူး ငါ့ကိုယ်ငါ ကာကွယ်နိုင်တယ် မင်းသာဝတ်ထား ငါ့အထင် ငါ့သွေးက အလုပ်ဖြစ်တယ်ထင်တယ် ငါ့ကို သူမထိနိုင်ပါဘူး"


မဟော်စကားကြောင့် ဒီကိစ္စတွေမှာ ဝင်မပါဘူးလို့ ဆုံးဖြတ် ရေပြင် အလိုမကျစွာ မျက်မှောင်ကျုံ့လိုက်ပြီး


"ကျစ် အထင်နဲ့စွတ်လုပ်မနေနဲ့ ဝတ်မှာသာဝတ်လိုက် ဒါအသက်တွေ ဟင်းရွက်ကန်စွန်းရွက်တွေမဟုတ်ဘူး ကိုခန့်ထည်ဝါက တကယ်လို့ အန္တရာယ်ကြုံရင်တောင် သူ့ကိုယ်သူကာကွယ်ဖို့ အင်အားရှိသေးတယ်။ မင်းကိုယ်မင်းပြန်ကြည့် လမ်းတောင် ဖြောင့်အောင်လျှောက်နိုင်သေးလို့လား.."


ရေပြင်စကားကြောင့် မဟော် ခက်မဲ့မဲ့ရယ်လိုက်ပြီး


"အဟက်! မင်းကငါ့ကိုအတော်အထင်သေးတာကိုကွ အဟွန်း... ထားပါ ငါ့ကိုယ်ငါ ကာကွယ်နိုင်လို့မဝတ်ဘူးပြောနေတာ ဝတ်ထားလိုက် ခန့်ထည် ငါမလိုဘူး"


"မလိုလည်း ပြီးတာပဲ နောက်မှ မင်းသေပြီဆိုတဲ့အသံ မကြားခြင်ဘူး ခခ လေပိုကြမ်းလာပြီ သွားရအောင်"


မဟော် ခခကိုပွေ့ပြီး ခေါ်သွားတဲ့ ရေပြင့်နောက်ကျောကို ကြည့်ပြီးသူပြုံးလိုက်မိသည်။ စေတနာနဲ့ ပြောနေမှန်းသိပင်မယ့် သူပြောနေတာတွေကလည်း တကယ့်အမှန်တွေပဲမို့ မလိုအပ်ပဲ ခန့်ထည်ကို ဥပါဒ်မဖြစ်စေခြင်ပါ။


"ဟျောင့် ရရဲ့လား မင်းလက်မှာလည်း ဒဏ်ရာကြီးနဲ့ ကျစ် ဝတ်ထားလိုက်စမ်းပါကွာ... ငါကအဆင်ပြေပါတယ်.."


"ဘာကိုအဆင်ပြေတာလည်း မင်းမေလင်က ရုပ်ရှင်ကားထဲက သရဲမမဟုတ်ဘူးကွ လက်ရုံးနဲ့ယှဥ်လို့မရတာတွေရှိတယ် ကျစ် သွားပါကွာ.. မင်းညီမကိုသာ သယ်သွားလိုက် တစ်လမ်းလုံး ငါသယ်လာရတာ ခါးချိ့တော့မယ်"


မဟော်အရွှန်းထဖောက်တော့မှပဲ ခန့်ထည်ဝါရယ်နိုင်ပြီး


"အဟား အေးပါကွာ.. ငါ့ညီမကို သယ်လာပေးလို့ ဒါမယ့် ငါ့ညီမက သိပ်မလေးပါဘူးကွ အဟက်"


"လေးလားမလေးလား မင်းကျောပိုးကြည့်ရင်သိလိုက်မယ်ဟျောင် ဟိုမှာ သူ့အတင်းပြောမှန်းသိလို့ ငါ့ကိုပေစောင်းစောင်းနဲ့ကြည့်နေပြီ အဟက် ဟေ့! အဲ့ကနေကြည့်မနေနဲ့ မကျေနပ်ရင် တည့်လာရှင်း"


ချစ်လွန်း ကျေးဇူးရှင်မို့ ဒီလောက်ထိသည်းခံနေတာကို ယောင့်တက်ခြင်တဲ့ သူကြီးကြောင့်မျက်စောင်းသာ ကြိပ်ထိုးနေမိသည်။ သည်းခံချစ်လွန်း... သည်းခံ...


"ဟေ့! မဟော်က မဝတ်လည်းအဆင်ပြေတယ်ဆို ခရီးရှေ့ဆက်ရအောင် လေအတော်ကြမ်းလာပြီကွ"


ရဲမှူးဦးထင်လင်းစကားကြောင့် အားလုံးစကားစပျက်သွားကာ ခက်သုပ်သုပ်ခရီဆက်နေရသည်။ သူတစ်ခုကံကောင်းတာက ဒီတစ်ခါလေတိုက်တာက နောက်ကလိုက်နေသလိုတိုက်နေတာမို့ ပြေးရတာ သိပ်အားစိုက်စရာတော့မလိုတော့ပေ။ လေတွန်းအားက ပိုကြမ်းလာတာနဲ့အလျှောက် ပြေးနေတဲ့ခြေထောက်တို့ကို ဖြတ်တိုက်သွားပုံက ခွေကျလုမတက်ပင်။ သစ်ရွက်အချို့နဲ့အတူ သစ်ကိုင်းသစ်လက်တွေက လေထက်က ဓားသွားတွေအလားပေ။


"ဟီးဟီး....ဟီးဟီး.....ဟီးဟီးးးးးးးးးးးးးးးးးးးးးး းးးးးးး"


"ဟာ!"


နား နားကဖျက်သွားလိုက်သလို ခက်ဝေးဝေးရောက်သွားတဲ့ ရယ်သံခက်ကြိပ်ကြိပ်ကြောင့် အားလုံးဟာခနဲဆိုသလို အားကုန်ပိုပြေးနေရသည်။


"မြန်မြန်ပြေးကြဟေ့ ဟိုမှာ ဂူပေါက်ရောက်တော့မယ် မြန်မြန်!"


"ဟားးးးးးးးဟားးးးးးဟားးးးးဟားးးးးးးးဟားးးဟားးးးးးးး"


အသံနက်နက်ရယ်သံကြီးက သူတို့ခေါင်းထက်ကနေ ကွေ့ပတ်ရယ်နေသလိုပင်။ 


"ပြေးထားကြဟေ့! သူငါတို့နားကပ်မရမှန်းသိလို့ လှန့်နေတာ သူဘာမှမလုပ်နိုင်ဘူး! ဗြောင်း!!! ဟာ!! ဝေါးးး!!!" "ဦးထင်လင်း!!! ရှောင်လိုက်!!!!""ဝုန်း!!!!"


ဦးထင်လင်းတစ်ယောက် သူစကားမဆုံးခင်ပဲ သူပြေးလမ်းဘေးက အပင်ကြီးတစ်ပင် ထက်ပိုင်းပျက်ကျတာကြောင့် လှိုင်းခက်ထန်အော်သံတို့က ဆူညံသွားလျှက်....


"ဟားးးဟားးးး ဟားးးးဟားးးဟားးးး ဟားးးးဟားးးးဟားးး!"


ဦးထင်လင်းလည်းရှောင်လိုက်နိုင်ပြီမို့ အားလုံးအရှိန်မပျက် အားကုန်ပြေးနေကြချိန် လှောင်ရယ်သံသိမ့်သိမ့်ကြီး ထွက်ပေါ်လာပြန်၏။


ခန့်ထည်ဝါ သူတို့မှာ ကျားကိုးစီးစားမကုန်တဲ့ အားတွေရှိတဲ့ ယောက်ျားရင့်မာကြီးတွေတန်မဲ့ ပြေးနေရတဲ့အဖြစ်ကိုကြည့်ပြီး မခံသည့်မခံသာဖြင့်


"ဟာကွာ! တောက်! ​ေ-စာက်သဲပေါက်လိုက်တာကွာ... ဟင်း ဟူး.."


"ဟျောင့် လုပ်မနေနဲ့.... ဟူး.. မြန်မြန်ပြေး! မင်းမေလင် အပေါ်မှာတွေ့လား...."


ခန့်ထည်ဝါ ပြေးနေရင်း မဟော်အပြောကြောင့် အပေါ်မော့ကြည့်လိုက်တယ်ဆို သူတို့ကို အပေါ်စီးက စီးမိုးကြည့်ရယ်နေတဲ့ အပေါ်ပိုင်းတဖြတ်နဲ့ ဘာကြီးမှန်းမသိတဲ့အကောင်ကြီး။ လေပေါ်တွင် အကြီးတန်စွာ ဝေ့ဝိုက်လွင့်ခွာနေတဲ့ ဆန်ပင်ဖြူတွေနဲ့ ရယ်နေတဲ့ပါးစပ်က သွားပင်မတွေ့ အမှောင်အတိဖြစ်နေလျှက်။ တွန့်လိမ်နေတဲ့ မျက်နှာက ဘယ်ဟာကိုပါး ဘယ်ဟာကို မေ့စေ့ပြောရမှန်းတောင်မသိပေ။ လက်ကားယားကြီးနဲ့ အငွေ့တလူလူဖြစ်နေတဲ့ သူ့အောက်ပိုင်းက လေပေါ်မှာဝေ့ဝဲလို့။ နောက်ပြီး ဟုတ်တယ် ရုပ်ကလည်း တစ်မျိုးပြီးတစ်မျိုးပြောင်းနေတာ....


"ကျစ်"


ခန့်ထည်ဝါ ဆက်ကြည့်ဖို့တောင် သတ္တိမရှိတော့တာမို့ စုပ်သက်ခေါင်းခါရင်း အားကုန်စွတ်ပြေးနေမိသည်။


"ဝှီ! ဟာ! ရေပြင်! ဒုပ်! အ့! ကိုကို!"


လှိုင်းခက်ထန် သူအော်လိုက်တယ်ဆို ခခကို ငဲ့လိုက်ဟန်ရှိကာ ငုံ့ရှောင်လိုက်တာကြောင့် ခေါင်းထက်မှာ သွေးချင်းချင်းနီလို့ပင်။


ခခ တစ်ချက်သာ လည်ထွက်သွားပင်မယ့် ချက်ချင်းပြန်မက်ကာ သွေးတွေနဲ့ ပြေးနေတဲ့ကိုကို့ကြောင့် သူမကိုကို့ကိုယ်ကြီးကို ခက်တင်းတင်းဖက်လိုက်ခြင်းနဲ့အတူ


"အီးးးးဟီးးးးးးး ကိုကို့ကိုမလုပျပါနဲ့! ဟီးးးးးးးး ခခကိုကို့ကိုခမျြးသာပေးပါ! ဟီးးးး ဟီးးးးး"


ရေပြင် နားထဲကိုလေတွေ တဝူးဝူးဝင်နေသလို မိုက်ခနဲပြာခနဲဖြစ်သွားတဲ့ခေါင်းကို ခါထုပ်ထုပ်နေရပင်မယ့် သူမလေးငိုသံကိုတော့ ကြားနေရသေးသည်။ 


"မ... မငိုနဲ့... ကိုကို... ကျစ်... ကိုကိုဘာမှမဖြစ်ဘူး မငိုနဲ့"


ခခ ဘာမှသာမဖြစ်တာ သူမကိုသယ်ထားတဲ့ကိုယ်ကြီးက ရိုင်ရိုင်သွားတာ သူမအသိပဲဟာ။ ကိုကိုလူလိမ်ကြီး။


"ဟာ... ဟို... ဟိုမှာ တွေ့ပြီဟေ့ လှိုင်! လှိုင်ဂူကြီး..."


"အစ်! အင့်! အစ်! အစ်!"


"ဟင်! အကိုမဟော်!!!"


ရဲမှူးဦးထင်လင်အပြောကြောင့် အားလုံး ပြေးဝင်လိုက်ကြချိန် မဟော် နောက်ကနေ သူ့လည်ပင်းကို ဆွဲညှစ်ဆွဲယူခံလိုက်ရတာကြောင့် အနားမှာရှိတဲ့ အပင်ကို ဆွဲမိဆွဲရာ လှမ်းဆွဲဟန့်တားထားရင်း ခြေထောက်တို့က မြေကြီးနဲ့မထိတော့...


ချစ်လွန်း အကိုမဟော် ပါသွားတယ်ဆိုတာသိလိုက်တာနဲ့ ခန့်ထည်ကိုယ်ပေါ်က ပြေးဆင်းကာ အဆစ်လွဲနေတဲ့ ခြေထောက်တစ်ဖက်ဆွဲနဲ့ပဲ တရွတ်တိုက် အကိုမဟော်ခြေထောက်ကို ခုန်အုပ်ဆုပ်ကိုင်လိုက်မိသည်။ ထိုချိန်မှ မဟော်ပါသွားတာကို သိလိုက်ကြတဲ့ ရေပြင်တို့လည်း ပြေးထွက်လာကာ


"မဟော်!" "ချစ်လွန်း!"


"ဘဝတိုင်းအသေစားသေပေးနေတာတောင်!!! နင်ကသေပေးခြင်သေးတယ်ပေါ့! ဟုတ်လား! သေရမယ်! ရော့! ဖြောင်း!! ဂျွတ်! ဝုန်း! အ့!"


ရေပြင်တို့အနားမရောက်ခင်ပဲ လျှပ်တပြတ်ဆိုသလို ကျိုးကျလာတဲ့ အပင်ကြီးတစ်ပင်သည်.....


"ညီမလေးးးးးးးးးးးး!!!!"


မဟော် ရုပ်တရက်ဆိုသလို လှုပ်ရှားရှန်းကန်နေတဲ့ သူ့ခြေထောက်တွေ ငြိမ်သက်သွားပြီး ကြာမြင့်စွာ ဆွဲယူညစ်ခံထားရတဲ့ လည်ပင်ကြောင့် ပါးစပ်မှသွေးအလိပ်လိပ်ထွက်လာသည့်တိုင်အောင် ထိုအခြင်းအရာမှာ သူအားရုံမရောက်နေခဲ့။ သူ့အာရုံတို့ကား ဖမ်းစားနေသည်က သူခြေထောက်မှာ မြဲမြန်လျှက်ရှိနေတဲ့ လက်တစ်ဖက်မှလွဲ၍ ခန္ဓာကိုယ်တစ်ခုလုံးနစ်မြုပ်လုမတက် ဖိပိတ်ခံထားရတဲ့ ခန္ဓာကိုယ်တစ်ခု.......။ မဟော် ပြူးကျယ်နေတဲ့ မျက်ဝန်းအစုံမှ မျက်ရည်တို့တစ်ပေါက်ခြင်းကျလာကာ သူ့ကမ္ဘာတစ်ခုလုံး ရုပ်ချဥ်းငြိမ်းသက်သွားသလိုပင်.....။ မဟော် သူ့ခြေရင်းတွင် သူ့ခြေထောက်ကို ဆွဲသူကဆွဲ အပင်ကြီးအောက်က ခန္ဓာကိုယ်ကိုလည်း ဆွဲထုပ်သူတွေက ဆွဲထုပ်နဲ့ လေအဟုန်ကြားမှာလှုပ်ရှားနေသည်က သူမြင်သာမြင်၍ သူ့နားတွေက မကြားနိုင်ခဲ့.....။ ဝိုင်းမနေမှုကြောင့် သစ်ပင်တဖြေးဖြေး ​ကြွသွားချိန် ပေါ်လာတဲ့မျက်နှာလေးကြောင့်....


"ခစျြလှနျးးးးးးးးးးးးးးးးး!!!"


လေကြမ်းတွေကြားက သူအသံနက်ကြီးက ပဲ့တင်ထက်ကာ ထိုချိန် သူ့ကို မျက်ရည်တွေ ဝေ့နေတဲ့ မျက်ဝန်းတွေနဲ့ ဆွဲဆွဲငင်ငင်ကြည့်နေကာ သွေးအလိမ့်လိမ့် မျက်နှာ ဖွေးဖွေးလေးက အပြုံးလေးတစ်ခုဖြစ်ထွန်းသွားချိန်...


"ဂါးးးးးးးးးးးးးးးးးးးးးးးးးးးးးးဇှိ အစျ ဝူးးးးးးးးးး းးးးဂါးးးးးးးးးးးးးးးးးးး!!!"


မဟော် ရုပ်တရက် သူ့အသံနက်ကြီးနဲ့အတူ သူ့လက်သူ တစ်ဖက်ကစုပ်ကိုင်ထားတဲ့ သစ်ကိုင်နဲ့ ထိုးစိုက်လိုက်ကာ သူ့လည်ပင်မှာရှိနေတဲ့ အငွေ့မဲမဲအရာကြီးကို မလွတ်တန်း ထက်ဆုပ်ကိုင်လိုက်တယ်ဆို ဝမ်းခေါင်းသံအော်သံကြီးနဲ့အတူ လွတ်ထွက်သွားလျှင် လေပေါ်လွင့်တက်နေတဲ့သူ ခန္ဓာကိုယ်သည်လည်း...


"ဝုန်း!!!ဘုတ်!!!အ့!"


"မဟော်!!!"


ရေပြင်တို့ အပေါ်မှာ အမှောင်ငွေ့တွေနဲ့ မဟော်ဘာဖြစ်နေမှန်းမသိပင်မယ့် ကျောချမ်းဖွယ် အော်သံကြီးအဆုံး လုံးထွေးပြုပ်ကျလာတဲ့ မဟော်ကိုယ်ကြီးနဲ့အတူ အခိုးအငွေ့ထွေအားလုံး တဖြေးဖြေး လွင့်စင်ပျောက်ကွယ်သွားတော့သည်။


မဟော် သူသေမတက်ခံစားနေရတာသူသိပါတယ်... ဒါမယ့် ဒါမယ့် သူအသိရှိသေးတယ်.. ဟုတ်တယ် ငါအသိရှိသေးတယ်... ချစ်လွန်း... ချစ်လွန်း ဘာဖြစ်သွားပြီလည်း.... မဟော် ဝေ့ဝါးနေတဲ့ မြင်ကွင်းကို သည်းကွဲအောင် ကြည့်လိုက်ချိန် သွေးသံတရဲရဲနဲ့ချစ်လွန်း..။ သူ့ကိုကြည့်နေတဲ့ မျက်ဝန်းတွေက လွမ်းလွမ်းဆွေးဆွေးနဲ့ မျက်ရည်အဝေ့သား....


"ချစ်... ချစ်လွန်း......"


"ဟာ! မဟော်! မဟော်! "


ရေပြင်တစ်ယောက် ကြုံးခေါ်နေပင်မယ့် ရေပြင်တစ်ယောက်ကတော့ လောကကြီးနဲ့ အဆက်အသွယ်ပျက်သွားခဲ့ပြီဖြစ်သည်။


>>>>>>>>>>>>>>>>>>>>>>>


"ဒီဆေးရေကို အားလုံးကိုတိုက်လိုက်။ ခြောက်ခြားစရာ ဒီလိုအဖြစ်ဆိုးကြီးတွေကို ကလေးတွေ ဘယ်တော့မှ မခြောက်လှန့်နိုင်တော့ဘူး..."


"ကျွန်တော်မသောက်ဘူး...."


"ဟင်! သား...."


◾◾◾◾◾◾◾◾◾◾◾◾◾◾◾


စာဖတ်သူများကို အစဥ်လေးစားလျှက်


#မြူခိုးဝေဝေ


rate now: