book

Index 42

အပိုင်း (၄၂)

ကိုကို့မို့ ချစ်တာလို့ ☹


"တောက်တောက် ကိ ဖလပ်..ဖလပ် ဗျက်.... ဂီး.... ဖျောက် ဂျွတ်"


ညင့်နက်လာလေလေ တောသံတို့က ပိုကျယ်လောင်လာကာ တိုးမပေါက်အောင် ပိတ်မှောင်နေတဲ့ မြင်ကွင်းနဲ့အတူ အေးစိမ့်စိမ့် ညလေက တိပ်ဆိတ်မှုနဲ့ပေါင်းပြီး တော်ရုံလူအဖို့ သွေးပျက်ဖွယ်ရာပင်။ အခုဆို ရေပြင်အပါအဝင် သုံးယောက်သား တစ်ယောက်တစ်နေရာ ကင်းစောင့်ရင်း ခရီးပန်းလို့ ငိုက်မြည်းခြင်နေတဲ့ မျက်လုံးတို့ကို ပွတ်သက်ရင်းသာ သတိကြီးစွာ စောင့်ကြပ်နေရသည်။ 


ရေပြင် သူ့ပေါင်ကို ခေါင်းဦးပြီး အိပ်မောကျသွားတဲ့ သူမလေးကို ​သူတို့နဲ့ ခက်လှမ်းလှမ်းက ချစ်လွန်းတို့နားမှာ သေချာသွားသိပ်လိုက်ပြီး ငိုက်မြည်းနေတဲ့ မဟော်ထံ အကြည့်ရောက်သွားကာ သူပြုံးပြီး ခေါင်းခါလိုက်မိသည်။ သွားအိပ်ဆိုတော့လည်း ဦးငထီးလို လူကြီးတောင် မအိပ်ပဲစောင့်တာ ကျွန်တော်က အိပ်စရာလားပြောပြီး အခုဆို ဦးငထီးပုခုံးကို မှီပြီး အိပ်ပျော်နေတာ သိုးလို့ပင်။ ရေပြင် သူလှမ်းကြည့်နေတာကို ဦးငထီး သိသွားဟန်ရှိကာ သူ့ကိုမေးဆက်ပြီး သတိရှိဖို့ အရိပ်အခြေပြတာမို့ သူလည်း ခေါင်းငြိ့မ်လိုက်ကာ ပတ်ဝန်းကျင်ကိုသာ စောင့်ကြည့်နေမိသည်။


>>>>>>>>>>>>>>>>>>


"အွတ် ဝေါ့ ဟင်း.... ဟင်း......"


တဲအပြင်ကို ခြေလိုက်တိုင်း ပါးစပ်ထဲက သွေးပုပ်တွေက မနည်းမနော။ သူဒီလို ထွက်ဖို့ ကြိုးစားနေတာ အကြိမ်ပေါင်းမနည်းတော့ပေ။ ကြိုးစားလိုက်တိုင်း ဘယ်အရာက ဘယ်လို သူ့ကိုတားစည်းနေမှန်းမသိ သူ့ဝမ်းထဲက ကလီဆာတွေ ပျက်သက်ထွက်သွားသလို အူလိုက်သည်းလိုက် သွေးတွေသာ အန်နေမိသည်။ သူ့ကိုယ်သူ မဟန်တော့ဘူးဆိုတာသိပင်မယ့် သူ့အတွက် ဒီညက အဆုံးအဖြတ်မို့ သူမသွားလို့မရ။ ခုချိန်သေသွားမယ်ဆိုရင်တောင် သူ မကျွတ်လွတ်ပဲတော့မသေနိုင်ပါ။ မဟုတ်ရင် သူနောက်တဖန် ဒီနေရာမှာ ဒီပုံစံမျိုးနဲ့ မွေးဖွားလာရအုန်းမည်။ ကြီးမြတ်သူ သူ့ခေါင်းထဲ အတွေးပေါင်းစုံဝင်လာခိုက် ခေါင်းတို့ကို ပြုပ်ထွက်မတက် ခါရမ်းရင်း..


"ဟင်း... မရဘူး!!! ဘယ်သူမှ! ငါ့ကိုတားလို့မရစေရဘူး!!! မရစေရဘူးကွ!! ဟားးးဟားးးးးဟားးးး!!! ဝုန်း!!!!"


​တဟားဟားရယ်နေရင်း သူဝမ်းဗိုက်တွင်မှ နီကျင့်ကျင့် အရာတစ်ခုကို တဲရှေ့ကို ပစ်ပေါက်လိုက်တယ်ဆို တစ်ဖက်တွင်....


"အော့ အဟွတ် အဟွတ်"


"ဟယ် အကိုတော် အကိုတော် ရ....ရရဲ့လား... မေမီ လုပ်ပါအုန်း... အကိုတော်တစ်ခုခုဖြစ်လို့မရဘူး.. လုပ်ပါအုန်း မေမီရယ်......"


ဒေါ်မြင့်မဟော် အစီအရင်လုပ်နေရင်း ဗြုန်းကနည်းဆို သွေးတွေ ထအန်နေတဲ့ အကိုဖြစ်သူကြောင့် ကြောက်အား လန့်အားနဲ့ ဆွဲပဲဆွဲရမလို အန်တာကိုပဲ နှိပ်ပေးရမလိုဖြစ်နေကာ အယောင်ယောင်အမှားမှားနဲ့ သူမနဲ့အတူရှိနေတဲ့ ဒေါ်မေမီကိုသာ တတွတ်တွတ်ပြောနေမိသည်။


"မရတော့ဘူး... ငါမထိန်းထားနိုင်တော့ဘူး.... ပြေး...!.! ​မြန်မြန်ရောက်အောင် ပြေးကြတော့! မင်းတို့ မြန်မြန်ရောက်အောင်ပြေးကြတော့! အ့! အ့! အဟွတ် အွတ်"


"အမလေး.!.. အကိုတော်...!."


ရုပ်တရက် ကြမ်းပြင်ထက်ခွေကျသွားတဲ့ ဦးမဟော်အောင်ကို ဒေါ်မြင့်မဟော်အပါအဝင် အစီအရင်ကို စောင့်ကြည့်သူအကုန် ပြေးထူးလိုက်ကြတော့သည်။


>>>>>>>>>>>>>>>>


"ပြေး... ပြေး... အား......!"


"ဟ့!"


"ဘယ်သူလည်း!.. ဘယ်သူလည်း!"


"အာ.. အိပ်နေတာကို ဘယ်လည်းဟာ...."


မဟော်ရဲ့ ရှုပ်တရပ်အသံနပ်ကြီးကြောင့် ကင်စောင့်သူတွေရော အိပ်နေတဲ့ခခတို့အကုန် လန့်နိုးသွားပြီး တစ်ယောက်တစ်ခွန်း ငြီးငြူနေကြသည်။ ထိုချိန်ပဲ ရုပ်တရက်ဆိုသလို သစ်ရွက်ခြောက်တွေရောထွေးနေတဲ့ လေခက်ကြမ်းကြမ်း တိုက်လာတာမို့ ချမ်းလို့ ချုံထားတဲ့ အင်္ကျီတွေ ပါမသွားအောင် မနည်းစုကိုင် သိမ်းဆည်းနေရသည်။


ရေပြင် ပုံမှန်မဟုတ်တော့တဲ့ အခြေအနေတစ်ခုကို သိလိုက်ပြီမို့ 


"အခုချက်ချင်း အထုပ်တွေပြင်တော့ ချက်ချင်းခရီးထွက်မှရမယ် မြန်မြန်!"


ရေပြင်မျက်လုံးဖွင့်မရအောင်ထိ တိုက်နေတဲ့လေတွေကြား အားလုံးကြားအောင် အော်လိုက်တယ်ဆို တောင့်တောင့်ကြီး မျက်လုံးပြူးရက်ဖြစ်နေတဲ့ မဟော် ဆက်ခနဲ ခန္ဓာကိုယ်တုန်တက်သွားခြင်းနဲ့အတူ ရုပ်တရက် ထရပ်လိုက်တာဖြင့် လေကြောင့် နည်းနည်းတောင် ရ်ိုင်သွားရသည်။


"ဟုတ်တယ် မြန်မြန်သွားမှဖြစ်မယ်... ကျွန် ကျွန်တော်ကြားလိုက်တယ် ပြေး... ပြေးတော့တဲ့"


"ဟေ!!!"


ရေပြင် မဟော်အပြောကြောင့် အကုန်လုံး ကြောင်တောင်တောင်လေးတွေ ရပ်နေကြတာမို့ သူ စိတ်မရှည်သလို စုပ်သက်လိုက်ကာ....


"ကျစ် မြန်မြန်လုပ်ကြ! မဟုတ်ရင် အကုန်သေကုန်လိမ့်မယ်! မြန်မြန်လုပ်ကြ!"


ရေပြင်ပြောမှ အားလုံး ကပြာကယာအထုပ်ဆွဲသူကဆွဲ ဖိနပ်စီးသူကစီးနဲ့ အကုန်ရောက်ယပ်ခက်ကုန်ကာ....


"ကဲ သွားကြမယ် အတက်နိုင်ဆုံး မြန်အောင် ပြေးကြမယ် ဒီလေနဲ့ဆို ပုံမှန်ခြေလှမ်းတွေနဲ့ လှမ်းဖို့ခက်တယ် လေအတော်ကြမ်းနေပြီ မဟော်နဲ့ငါက လေကိုကာပြီး ရှေ့ကပြေးမယ် နောက်က မူပိုတို့ မိန်းကလေးသုံးယောက်လိုက် လိုက် အဲ့နောက်ကမှ သူတို့လေးယောက်ကို ဦးငထီးစောင့်ပြီး လိုက်ခဲ့ပေးပါ အတက်နိုင်ဆုံး အားကုန်ပြေးပေးကြပါ လာ ခခ ကိုကို့ကျောပိုးမယ်"


"ဟင်!"


ခခ ရုပ်တရပ်ဆိုသလို သူမရှေ့ ကျောပေးကုန်းလိုက်တဲ့ ကိုကိုကြောင့် သူမကြောင်စိစိလေးဖြစ်နေရာ....


"ကျစ် မြန်မြန်တက်! အချိန်မရှိဘူး!"


ခခ စိတ်မရှည်သလို ကိုကို့အသံခက်ကျယ်ကျယ်ကြားမှ သူမကိုကို့ကျောကို လှမ်းဖက်လိုက်မိသည်။


"အမလေး.."


"သေချာကိုင်ထား ကိုယ့်ကိုဖက်ထားတဲ့လက်တွေ ဘယ်တော့မလွတ်စေနဲ့ ကြားလား!"


ခခ  လေဆန်ကို ပြေးတက်နေရတဲ့ကြားက ကိုကိုအသံတွေကို သူမပြုံးနေရင်းမျက်ရည်ဝေ့နေတဲ့ မျက်လုံးတွေနဲ့ အသံမထွက်နိုင်ပဲ ခေါင်းကို တဆက်ဆက်ငြိမ့်နေကာ ကိုကိုလည်ပင်းကို တံတိုင်သဖွယ်ထွေးပွေ့ထားရင်း သူမခေါင်းကိုလည်း ကိုကို့ကျောမှာ ကပ်ကာ အသံတိပ် မျက်ရည်တွေကျနေမိသည်။ သူမတို့ ကျော်ဖြတ်နိုင်ပါ့မလား.....


ရေပြင် နောက်ကမိန်းကလေးတွေကို စောင့်ပြီး ထိန်းပြေးနေရင်း သူ့ကျောထက်က စိုစွတ်မှုကြောင့် မျက်ဝန်းတို့ကျဥ်းမြောင်းသွားကာ မေ့ကြောတို့ထောင်ထသွားသည်အထိ တင်းခနဲကြိပ်လိုက်ကာ


"ငိုစရာမလိုဘူးကလေး... ကိုကိုမင်းကို အစွမ်းကုန်ကာကွယ်ပေးမှာမို့... မငိုနဲ့တော့"


ခခ သူမပြုံးနေရင်း ခေါင်းကို တဆက်ဆက်ငြိမ့်နေမိသည်။ ကိုကို့ကို သေသွားသည့်တိုင်အောင်ချစ်နေမှာပါ.......


"အားးးးးး ဟားးးးးး သပွေီ အ့ နာတယျ အားးးးး"


ရေပြင်တို့ ပြေးနေရင်း နောက်က ချစ်လွန်းအသံကြောင့် အားလုံးရပ်လိုက်ပြီး


"ချစ်လွန်း... ဘာဖြစ်တာလည်း... ရရဲ့လား ဘယ်နားထိသွားတာလည်း..."


ချစ်လွန်း နားလွန်းလို့ အသံတောင်မထွက်နိုင်ပဲ ခြေထောက်ကို တင်းကြပ်စွာ စုပ်ကိုင်ထားရင်း..


"ဟားးးးး ခြေ...ခြေထောက် အ့ ကျိုး.. ကျိုးပြီထင်တယ် အ့ နားတယ် ဟင့် အီးးးးးးဟီးးးးးး"


"ဟာ... ကျစ် ဒုက္ခပါပဲ ဘာလို့ငိုတာလည်း ဒီနေရာမှာ လာနုနေလို့မရဘူး!  အရေးအကြောင်းဆို.... ကျစ် ထနိုင်လား ထနိုင်ရင်လည်း နည်းနည်းပါးပါးထိန်းပြီးပြေးရအောင် ဟိုက မိသွားလို့ အကုန်မသာပေါ်ကုန်တော့မယ် ကျစ်"


ချစ်လွန်း မှောင်မဲနေတာမို့ မမြင်ရတဲ့ ခြေထောက်က ဘယ်လိုတွေဖြစ်နေပြီမှန်းမသိ သူမမှာ နားလွန်းလို့ သေတော့မလိုပါပဲ...။ သူမလည်း မိန်းကလေးပဲ မိသွားလို့ အသက်ခံရမှာ သူ့ထက်ပိုကြောက်တာပေါ့။ ဒါကို စုပ်သက်အပြစ်ဆိုနေတဲ့ မဟော်ကြောင့် ဝမ်းနည်းအားငယ်စိတ်ပိုလာကာ မျက်ရည်တို့ကို ခက်ကြမ်းကြမ်း တွန်းတိုက်သုပ်ဖယ်ပြီး..


"သွားကြ... အားလုံးသွားကြတော့ ချစ်လွန်းကိုထားခဲ့လိုက်ကြပါ... ဟင့် ချစ်လွန်း... ချစ်လွန်း မပြေးနိုင်တော့ဘူးလို့ ဟီးးးးး ကိုကြီးရေ!..... ချစ်လွန်းကို လာကယ်ပါအုန်း..! ဟီးးဟီးးး"


ရေပြင် ထားခဲ့ဖို့ပြောပြီး အကြောက်လွန်ကာ ဂယောင်းဂတန်းတွေပြောနေတဲ့ ချစ်လွန်းကြောင့် သူဘေးနားက မဟော်ကို တံတောင်နဲ့ တွတ်လိုက်ပြီး


"ဟျောင်! မင်းချစ်လွန်းကို သယ်လာလိုက်တော့ ငါတို့သွားပြီ မြန်မြန်လိုက်ခဲ့နော် ကဲ! ဘာမှစိတ်မပူကြနဲ့တော့ မဟော်က ချစ်လွန်ကိုခေါ်လာခဲ့မယ်တဲ့ ငါတို့ခရီးဆက်ရအောင်"


"ဟင်"


"ဟာ! "


"ဒါဆို ချစ်လွန်း ငါသွားနှင့်ပြီနော် အကိုမဟော်ပြေးရင် ငါတို့ကို မှီပါတယ် သွားပြီနော်"


"ဟင်!"


ပြောပြောဆိုဆို ချာကနည်း လှည့်ထွက်သွားတဲ့ မူပိုနဲ့ ရေပြင်တို့ကြောင့် ချစ်လွန်းအပါအဝင် မဟော်ပါ ကြောင်စိစိနဲ့ကျန်နေခဲ့သည်။


"ကျစ်"


မဟော် သူ့မှာ အရှုပ်ထုပ်မနဲ့ ဟက်ကော့ကြီးကျန်နေခဲ့ကာ... ပြေးပဲလိုက်ရမလို ပြေးပဲ ထမ်းရမလိုလို မျောက်မီးကဲ ကိုင်ထားသလိုဖြစ်နေမိသည်။ နောက်ဆုံးတော့ ခုထိ သူ့အကိုကို တနေတဲ့သူမကိုပဲ သူကျောပိုးဖို့လုပ်ရတော့သည်။ နောက်ကျောမှာလွယ်ထားတဲ့ အိတ်တွေကို အကိုရေပြင်လိုပဲ ရင်ဘက်မှာ သိုင်းလိုက်ပြီး..


"လာ တက်"


ချစ်လွန်း သူမရှေ့ကျောပေးထိုင်ကာ တက်ဖို့ပြောနေတဲ့ မဟော်ကြောင့် တက်ရနိုးနိုး မတက်ရနိုးနိုး ချီတုန်ချတုန်ဖြစ်နေမိသည်။


"ဟ့! မြန်မြန်တက် ဟိုမှာ အတော်ရောက်သွားပြီ ဘာလည်း သေခြင်လို့လား..."


"ဟင်! ဟင့်အင်း..."


"အ့ ကျစ် လေးလိုက်တဲ့ကိုယ် ဘာတွေ အဲ့လောက်တောင်စားထားတာလည်း.."


ချစ်လွန်း သူမကိုချီပြီး လေဆန်ကို ဆန်တက်ပြေးနေတဲ့ကြားက မခံခြင်အောင် ပြောနေသေးတဲ့သူကြီးကြောင့် ဒေါသထွက်မိပင်မယ့် ပြန်တော့မပြောဖြစ်။ သူက ကိုယ့်ကျေးဇူးရှင်ပဲလေ....


ရေပြင်တို့ အတော်ကြာအောင် လေဆန်ကို ပြေးနေရတာမို့ လူတွေက အတော်ပန်းနေပြီဖြစ်သည်။ သူတို့လို ယောက်ျားရင့်မားကြီးတွေတောင်ပြိုင်းကျနေရင် မူပိုတို့မိဖွန်တို့ဆို ပိုဆိုးတာပေါ့ ဘယ်တုန်းကမှ စကားစမြည်းမပြောဖူးတဲ့ မိဖွန်နဲ့မူပို အခုဆို ဦးငထီးလက်ကြီးကို တစ်ယောက်တစ်ဖက်အားယူပြီးပြေးနေကြတာ တစ်ယောက်နဲ့တစ်ယောက် ဖေးမလို့ပင်။


"ဝူးးးးးးးးးးးးဝေါ.................... ရှဲ............"


"ဟင်"


"ဟာ"


"ဘာ... ဘာသံကြီးလည်း..."


အဆက်မပျက်တိုက်ခက်နေတဲ့ လေတွေကြား လေအဝေ့မှာ ယိန်းယိုင်သွားတဲ့ သစ်ပင်တွေက မသိလျှင် ကပ်ပြီးဆွဲချသွားတဲ့ လေဆင်နှံမောင်းလိုပင်။


"လူလေး!!! လူလေးတို့!!!! ပြေး....! ပြေးကြတော့! မရှော့နဲ့ တို့နား! တို့နားရောက်နေပြီဟေ့! အားးးးးးးးး!" "အဖ!!" "ဦးလေး"


ဦးငထီး စကားမဆုံးခင် ဆွဲအားတစ်ခုက ဦးငထီးကိုယ်ကြီးကို ဆွဲချစုပ်ယူချလိုက်တာမို့ ဦးငထီးဘေးနားက မိဖွန်နဲ့မူပို အော်လည်းအော် အားကုန် ဆွဲထားရင်း တရွတ်တိုက် ပါကုန်ကြသည်။


"ဟာ! ဦးငထီး!!!"


တရွတ် တရွတ် ပါပါသွားတဲ့ ဦးငထီးတို့ သုံးယောက်ကို ရေပြင်နဲ့မဟော် အားကုန်ပြေးလိုက်ပြီး ပြေးဆွဲလိုက်ကြကာ.....


"ဝူးးးဝူးးးးး ဝူးးးဝူးးး အ့ ကျစ် မဟော် မလွတ်စေနဲ့! ဝူးးးးဝူးးးးး တောင့်ခံထား.. အင်း...."


လေတိုက်ကြမ်းပုံ နားထဲကကို လေသံကို လေတွေဝင်နေသည့်အထိ ကြားနေရပြီး ရှေ့ကိုသည်းသည်းမဲမဲပင်မမြင်ရသည်အထိပင်။ 


"အ့ အင်း.... မူပို! မလွတ်လိုက်နဲ့နော်! အားတင်းထား! လုံးဝမလွှတ်လိုက်နဲ့နော်! အင်း....!"


ရေပြင်တို့အားလုံး သူတို့အားလုံးထဲမှာ အားအနည်းဆုံးဖြစ်တဲ့ မူပိုက ဦးငထီးခြေထောက်ကို ဆွဲထားရသူမို့ လွတ်သွားရင်ဆိုတဲ့အတွေးနဲ့ သူတို့အားလုံး စိတ်ပူနေရသည်။ 


မူပို လက်ကောက်ဝတ်တစ်ခုလုံးကျွတ်ထွက်သွားမတက် ခံစားချက်က အသည်းခိုက်မတက်နာနေရသည်။ 


"နာတယ်....."


မူပို မျက်ရည်စတွေ ပါးထက်တောင်မဆင်းလိုက်ရ လေနဲ့အတူ လွင့်ပါသွားပြီး စုံမှိတ်ထားတဲ့ မျက်လုံးတို့က သူမဘယ်လောက်နာကျင်နေတယ်ဆိုတာကို ပြနေသည်။ ဟင်းအင်း.. မရတော့ဘူး... သူမဆက်ပြီး... ဆက်ပြီး....


"ဝှီ ဒုပျ! အားးးးးး!"


မဟော် ရေပြင်လက်ကိုဆွဲထားတဲ့ သူ့လက်တစ်ဖက်ကို လေအလျှင်နဲ့ဖြတ်ရိုက်ချသွားတဲ့ သစ်ကိုင်းကြောင့် အသံနက်နက်ကြီးထွက်လာရခြင်ဖြစ်သည်။အကြောပြိုင်ပြိုင်ထနေတဲ့လက်တို့ကြား သွေးစိမ်းရှင်ရှင်တို့ကလည်း မြင်မကောင်းပေ။ 


"မဟော်! ဝူးးးးးး ဟ့ ကျစ် ရရဲ့လား... ဘာဖြစ်တာလည်း ဟာ ဗျန်း ဝှစ် ကျစ် ရရဲ့လား..."


ရေပြင် သူ့ရှေ့ကိုရောက်လာတဲ့ မဲမဲဟူသမျှကို ဝေ့ဝိုက်ရှောင်ရင်း မဟော့်ကိုလှမ်းမေးနေရသည်။


"ဟင့်အင်း... မရ... မရတော့ဘူး... အားးးးးးးး"


"ဟာ! မလွှတ်နဲ့မူပို!!!!"


ထိုချိန် အားလုံးအားကုန်ဆွဲလိုက်ကြကာ မဟော်လက်မှသွေးစက်အချို့ လေနဲ့အတူ လွင့်ပါသွားချိန်




တရကြမ်း တိုက်ခက်နေတဲ့ လေနီကြမ်းကြီးက ကျယ်လောင်တဲ့အသံနက်ကြီးတွေနဲ့အတူ အနောက်ဖက်ကို တွန့်ဆုပ် ဆွဲငင်သွားတာ မီးကို ရေနဲ့ဖြန်းလိုက်သလိုပင်။ ထိုချိန်  ကြိုးသီထားသလို လူတန်းကြီးဖြစ်နေတဲ့ ရေပြင်တို့သည်လည်း လွန်ကြိုးမှလွတ်ထွက်သွားသည့်အလား အတုန်းအရုန်း ပြုပ်ကျလျှက်.....


အားလုံး တိပ်ဆိတ်ငြိမ်သက်သွားချိန် မြေပြင်ထက်မှာ တစ်ယောက်တစ်နေရာဆီနဲ့ ဘယ်သူမှမလှုပ်မယှပ် ငြိမ်သက်ငြီးငြူနေလျှက်....


ထိုချိန်...


"ခခ..... ကလေး..... အ့ ကျစ် ဟင်း......."


ပထမဆုံး လှုပ်ရှားကြုံးထလာသူက ရေပြင်ပင်။ သူခုမှသတိထားမိသည်။ သူ ဦးငထီးဇောနဲ့ ကျောထက်က သူမလေးကို ချထားခဲ့တာ ဟုတ်တယ်.....


"ခခ!"


ရေပြင် လေဆွဲအားက ဘာဓာတ်တွေ ပါနေသည်မသိ သူ့တစ်ကိုယ်လုံးကအားတွေ ဘယ်ရောက်နေပြီမှန်မသိ ခြေထောက်တွေက ရိုင်တိုက်တိုင်ရယ်..။ ရေပြင် အလင်းရောင်ပျို့ပျို့ကြား အတင်းလိုက်ရှာလိုက်စဥ် မဟော် ခြေခြင်းဝတ်ကို မြဲမြံစွာကိုင်ထားတဲ့ မှုံဝါးဝါးပုံရိပ်လေး...။ ရေပြင် ခခဆိုတာ သေချာပြီဆိုတာနဲ့ ဝမ်းယားမှောက်ဖြစ်နေတဲ့ သူမလေးကို သူပြေးပွေ့လိုက်ကာ...


"ခခ! ကလေး...! ခခ! ကိုကိုဒီမှာလေ... ခခ! ခခ!"


စိုးရိမ်စိတ်တို့ ကြီးဆိုးနေတဲ့ ရေပြင် ပျော့ဖက်ဖက်ဖြစ်နေတဲ့ ခခကိုယ်လုံးလေးကို ကျုံးပွေ့ကာ အသက်ရှူမှားမတက်ခေါ်နေမိသည်။ အတော်ကြာသည်အထိ သူလှုပ်နိုးခေါ်တော့မှ ​ငြီးငြူဟန်လေး တစ်ဆတစ်ဆပေါ်ထွက်ခါပြီး..


"အင့် ဟင့် အင်း....."


ရေပြင် ခခအသံလေးနဲ့အတူ လှုပ်ရှားလားတဲ့သူခန္ဓာကိုယ်လေးကြောင့် သူမျက်ရည်အဝေ့သားနဲ့ကျုံးရယ်လိုက်ရင်း သူမလေးကို ထွေးဖက်ထားလိုက်မိသည်။


"ကျေးဇူး... ကျေးဇူးပါကလေး... မင်း.. မင်းတစ်ခုခုဖြစ်ပြီထင်နေခဲ့တာ.. ကျေးဇူးပါ ကိုကို့ပန်းလေးရယ်..."


ခခ ကိုယ်တိုင်လည်း ခန္ဓာကိုယ်ကမလှုပ်နိုင်အောင်ဖြစ်နေပင်မယ့် အသိစိတ်ဝင်နေပြီမို့ သူမလည်း ကိုကို့ရင်ခွင်တွင်းမှာ မျက်ရည်တို့ကြားက ပြုံးလိုက်မိသည်။ ထို့ချိန်....


"မူပို.... မူပို... မူပို! မူပို!"


"ဟင် အင် အင်း..."


"နင်အဆင်ပြေရဲ့လား... လာ ငါ့ကိုတွဲ"


"အင်း...."


မူပို သူမကို ဆွဲထူနေတဲ့ မိဖွန်ကို အားယူကြုံးထလိုက်ပြီး..


"နင့်အဖေရော... ဘယ်လိုလည်း..."


"အဖက အဆင်ပြေပါတယ် ဒါမယ့် လောလောဆယ်တော့ အနားယူနေတယ် အားကုန်သလိုဖြစ်နေတာထင်တယ်.."


"အင်းအင်း ဟို ချစ်.. ချစ်လွန်းရော.."


"ဟိုအကို သွားတယ် သူလည်းအဆင်ပြေမှာပါ"


"အင်းအင်း"


မူပို မိဖွန်ကိုယ်ကြီးကိုမှီပြီး မှေးနေမိသည်။ သူမတို့ ဒီလိုပုံစံမျိုးနဲ့ပဲ သေရတော့မှာလား.....


"အ့ ဖြေးဖြေး ဖြေးထူပါ....."


"ကျစ် မင်းလည်း အားလေးပါလေးသုံးအုန်းလေ ထ ဟိုမှာအကုန်အဆင်ပြေနေကြပြီ"


"အင်း... ဦးငထီးရော.."


မဟော် လူကြည့်တော့ မျက်လုံးဖွင့်ထားရတာတောင် အားအတော်ကုန်နေတဲ့ရုပ်နဲ့ တခြားလူကို မေးနေနိုင်သေးတယကြောင့် စိတ်ထဲ နည်းနည်းတော့ ကသိကအောင့်နိုင်သွားသည်။


"မင်းပါမင်းသာ ဂရုစိုက်ပါ ပြီးမှ ကိုကြီးရေဆိုပြီး အားကြီးနဲ့ငိုမနေနဲ့"


"ရှင်.! ဟင်း.... ရှင့်ကိုခုပြန်မပြောခြင်သေးဘူး ကျွန်မနေပြန်ကောင်းရင် တွေ့မယ်... ဟင်း..."


မဟော် ဒီလောက်ဖြစ်နေတာတောင် သူ့ကို ရန်ပြန်တွေ့ခြင်နေတဲ့သူမလေးကြောင့် သူပြုံးလိုက်မိသည်။


"ရှင် ရှင်စောဏကအော်လိုက်တယ် ဘာဖြစ်တာလည်း သက်သာရဲ့လား..လေတွေအရမ်းတိုက်နေတော့ ရှင့်ကိုလည်းလှမ်းကြည့်လို့မရလိုက်လို့"


"တရှင်ရှင်နဲ့ မင်းထက်ငါ အများကြီး ကြီးတယ်နော် မေးပေးလို့ကျေးဇူးပဲ ဘာမှမဖြစ်ဘူး မသကာ အရိုးကျိုးရုံပေါ့"


"ဟင်! အဲ့လောက်တောင် ချစ်လွန်း... ဟင်း.. ချစ်လွန်းကိုပြ"


"ထားလိုက်တော့ အဲ့လောက်မဟုတ်ဘူး လာ ခရီးဆက်ရအုန်းမှာ... ကျောပေါ်တက်"


"အားနာတယ်... ရှင့် အဲ အကိုမဟော်ကို"


"တော်သေးတာပေါ့ အားနာလို့ အဟွန်း.. ရတယ် လာပါ"


"ညီ!!!!"


"ဟင်!"


အားလုံး ကိုယ်အာရုံနဲ့ကိုယ်ဖြစ်နေကြချိန် လှိုင်ခက်ထံအသံကြောင့် အကုန်လုံး လှည့်ကြည့်လိုက်ကာ


"ကိုကြီး!!"


လှိုင်ခက်ထန်အပါအဝင် ရဲတပ်ဖွဲ့ နောက် ချစ်လွန်းအကို ခန့်ထည်ဝါ ၊ အားလုံးကို ရေပြင်တို့တွေ့လိုက်ချိန် သူတို့အတွက် နေမင်းကြီးအလားပင်




ခန့်ထည်ဝါ မဟော်ရင်ခွင်ထဲက အတင်းထထိုင်ပြီး သူ့ကိုလက်ကမ်းကာ ငိုချလိုက်တဲ့ ချစ်လွန်းကြောင့် သူကိုယ်တိုင်လည်း မျက်ရည်အပြည့်နဲ့ ပြေးဖက်ကာ...


"အသက်ရှင်နေပေးလို့ ကျေးဇူးပါညီမလေးရယ်"


"အီးးးးဟီးးးးး ဟီးးးးးးး"


လှိုင်ခက်ထန်လည်း ညီနဲ့ညီမလေးဆီ ပြေးပွေ့ကာ နှစ်ယောက်လုံးကို ပြေးဖက်ထားလိုက်မိသည်။ ကျန်တဲ့သူတွေလည်း မူပိုတို့ကို ပွေ့ထူပေးကာ ဦးငထီးကို ဆေးကုသမှုပြုလုပ်နေကြသည်။ ထိုချိန်..........


"ဟားးးးး!!!!းးဟားးး!!!!းးးးဟားးး!!!နင်တို့အားလုံးကို ဇီဝိန်ချုပ်ပြစ်မယ်ဟေ့!!!!"


"ဟင်!"


"ဟာ!"


◾◾◾◾◾◾◾◾◾◾◾◾◾◾◾


စာဖတ်သူများကို အစဥ်လေးစားလျှက်


#မြူခိုးဝေဝေ


rate now: