book

Index 41

အပိုင်း (၄၁)

ကိုကို့မို့ ချစ်တာလို့ ☹


"မိဖွန် မင်းဘာလို့ ဒီနေ့တစ်မျိုးဖြစ်နေတာလည်း ဘာလည်း ဟိုကောင်ကိုစိတ်ရိုင်သွားတာလား"


မိဖွန်း ကြီးမြတ်သူလို့ အများကသိထားတဲ့ အဖွားကြီးသည် ယခုဆို သူမရှေ့မှာ အဝတ်ဗ​လာနဲ့ ယောက်ျားရင့်မာကြီးပင်။ မိဖွန် ကြီးမြတ်သူကို တစ်ချက်ဝေ့ကြည့်ပြီး အပြီးသက်ကြယ်သီးကို တက်လိုက်ကာ..


"အဲ့လိုမဟုတ်ပါဘူး မိဖွန် နေသိပ်မကောင်းသလိုဖြစ်နေလို့ပါ နောက်ပြီး သူက မိဖွန်ကို အနားတောင်အကပ်မခံဘူးလေ"


"တောက်! နင် ငါပေးတဲ့ ဆေးရည်နဲ့မလုပ်ဘူးလား"


"မိဖွန် အဲ့ဆေးရည်နဲ့ဖျားယောင်းဖို့လုပ်ပါသေးတယ် ဟို... ဒါမယ့်....."


"မရခဲ့ဘူးဆိုပါတော့ တောက်! မကြာတော့ပါဘူး အဲ့ဗိုက်ထဲက ကလေးမွေးပြီးရင် အဲ့ကောင်ကို ငါလက်နဲ့ ကိုယ်တိုင် ဘိုးဘေးတွေရှေ့မှာ စတေးပြမယ် တောက်! နင်လည်း ​ေ-ာက်သုံးမကျဘူး သွား! အဲ့ကောင်နဲ့ ကလေးရအောင်ကြိုးစား ဒါမှမဟုတ်ရင် နင့်ကိုလည်း အရှင်မထားဘူး ကြားလား!"


"ဟုတ်... ဟုတ်ကဲ့"


မိဖွန် ချက်ခြင်းဆိုသလို အဖွားကြီးသဏ္ဍန်ပြောင်းသွားကာ ဒေါသတကြီး သူမကို ကြိမ်းမောင်းနေတဲ့ ကြီးမြတ်သူကြောင့် သူမခေါင်းကို ကြမ်းပြင်နဲ့ ထိမတက်ငုံ့ထားရင်း တရွတ်တိုက်နောက်ပြန့်ရွေ့နေတဲ့ သူမကိုယ်ခန္ဓာက တုန်တုန်ချိ့ချိ့ဖြင့်..


"ဒေါက်! ခွပ်! ဝုန်း! ခွမ်း!"


သူထင်ထားတာ အောင်မြင်လောက်ပြီပေါ့ ခုတော့ အထိတောင်မခံဘူးတဲ့...


"တောက်!"


တောက်ခေါက်သံ နက်နက်ကြီးအဆုံး အလင်းရောင်ဖျာကျနေတဲ့ တဲလေးထဲ အမှောင်ထုတွေဖုံးလွှမ်းသွားကာ တဲတစ်ခုလို မဟူရာချောက်ကြီးအလား မဲမှောင်သွားတော့သည်။ ကြီးမြတ်သူ ရဲ့မျက်လုံးတွေက အမှောင်ထဲမှ ပတ္တ​မြားရောင် မျက်လုံးကြီးနှစ်လုံးက အခိုးအငွေ့တို့ကြား ရဲရဲနီနေလျှက်...


"မဖြစ်ဘူး.... ဟုတ်တယ် မဖြစ်ဘူး...."


အမှောင်ထုတွေ ဖုံးလွှမ်းနေတဲ့ တဲလေးထဲ တုန်ချိနေတဲ့ ဦးခေါင်းကို မညီညာတဲ့ ဆံပင်ဖြူတွေ ရှုပ်ယှက်ခက်သွားသည်အထိ ခါရမ်းရင်း.... 

'မဖြစ်ဘူး ဟုတ်တယ် ဒီပုံအတိုင်းဆို ဒီကောင်အနားကို ဟိုမိန်းမ ဘယ်လိုမှကပ်နိုင်မှာမဟုတ်ဘူး သူကြိုမြင်နေတယ် သူတို့ဗိုက်ထဲက ကလေးကလည်း အတည်တကျတည်မြဲနိုင်မယ်ဆိုတာ သူကိုယ်တိုင်တောင် ကြိုမမြင်နိုင်ဘူး.... ဒါကြောင့် ဟိုမိန်းမကို အရံထားထားရတာဖြစ်သည်။ အဓိကက ဟိုကောင်ရဲ့အသွေးအသားဖြစ်ဖို့ပဲ..အမှန်ဆို ကောင်းခြင်းတွေနဲ့ပြည့်နေတာ ကလေးဆိုပင်မယ့် တကယ်တန်း ဘိုးဘေးတွေ ရွေးချယ်ပို့ပေးခဲ့တဲ့ သူက ဟိုကောင်ပင်။ သူဒီတောကနေလွတ်မြောက်ဖို့ ဝဋ်ကြွေးတွေ ကုန်ဆုံးဖို့ အနှစ်နှစ်အလလစောင့်လာခဲ့ရတာ ဒီအခွင့်အရေးကို သူဆုံးရှုံးလို့မဖြစ်ပေ။ သူခံစားနေရတဲ့ ဝဋ်ကြွေးတွေကနေ လွတ်မြောက်ဖို့ သူ့နေရာကို ပေးခဲ့ဖို့က ဒီကောင်... နောက်ပြီး ဒီကောင်ရဲ့ အသွေးအသားတွေဆိုရင် ရပြီ သူလွတ်မြောက်ပြီ သူ့ထက်လွယ်တာတောင် ဒီလောက်မလွယ်ကူပေ။ သူသိတာပေါ့ သူ့ပိုင်နက်မှာ ဘယ်သူတွေ ဘယ်လိုကြံစည်နေတယ်ဆိုတာ..... မရဘူး.. ဘယ်သူမှ ထွက်သွားခွင့်မပေးနိုင်ဘူး... ထွက်သွားခြင်ရင် အသေထွက်ပဲ သူခွင့်ပြုနိုင်မယ် ဟုတ်တယ် အသေထွက် ဟုတ်တယ် အသေထွက်ပဲရမယ်......'


"ဟားးးးးဟားးးးး ဟားးးးးဟားးးးးး ဟားးးဟားးးဟားးးးးးး"


>>>>>>>>>>>>>>>>>>>>>>>>


"အ့ အ့ အ့အ့ အ့ ဖလှမ်း ဖလှမ်း ဖလှမ်းဖလှမ်း.... ဖလပ်"


"ဟာ! လူလေး အခြေအနေမကောင်းတော့ဘူး... တစ်တောလုံးက ကျီးတွေ လန့်ကုန်ပြီ ထူးခြားတာတစ်ခုခုတော့ဖြစ်တော့မယ်.... တို့အစီအစဥ်ကို အမြန် စလုပ်မှဖြစ်မယ် ကြာရင်မကောင်းတော့ဘူး"


ရေပြင် အတောင်တွေ ကျွတ်သွားသည်အထိ အလန့်တကြား ထပြန်ကုန်ကြတဲ့ ကျီးတွေကြောင့် ပတ်ဝန်းကျင်ကို စူးစမ်းနေမိသည်။ သူကိုယ်တိုင်လည်း မကောင်းတဲ့ အငွေ့အသက်ကို ခံစားရသလိုပဲ။


""မြေးးးးးးးးး အမြန်ဆုံးထွက်ခဲ့တော့!""


"ဟင်! အဘ အဘလား...."


မဟော် နားနား ကပ်ခေါ်လိုက်သလို အဘရဲ့အသံကြောင့် သူအယောင်ယောင်အမှားမှား ပါးစပ်ကထွက်မိသည်အထိပင်။


ရေပြင် ရောက်ယပ်ခက်နေတဲ့ မျက်လုံးတွေနဲ့ အဘလို့ခေါ်နေတဲ့ မဟော်ကြောင့် သူမျက်မှောင်ကျုံ့လိုက်ပြီး


"မဟော် ဘာဖြစ်တာလည်း..."


မဟော် ခက်သြသြဖြစ်နေတဲ့ ရေပြင်အသံကြားမှ သူ လက်ရှိအခြေအနေကို သတိရလာပြီး


"အဘ! ကျွန်တော့်အဘသံကြားလိုက်လို့ ဟုတ်တယ် အဘအသံမှအဘအသံဗျ"


"မင်းနားကြားမှာတာနေမှာပါကွ ဦးလေးတော့မကြားမိဘူး..."


မဟော် ဦးငထီးအပြောကို ခေါင်းခါငြင်းရင်း...


"မဟုတ်ဘူး.. ကျွန်တော်သေချာ ကြားလိုက်တယ် အဘအသံမှအဘအသံစစ်စ် နောက်ပြီး အဘပြောတာက အမြန်ထွက်လာခဲ့တော့တဲ့!"


"ဟေ!"


မဟော်စကားကြောင့် ဦးငထီး ဟေကနည်းဆိုသလို မျက်လုံးပြူးသွားခြင်နဲ့အတူ တောင်စဥ်ရေမရ သိခြင်စောနဲ့ စကားလုံးတို့ တန်းစီထွက်လာခဲ့သည်။


"မင်း... မင်းအဘက ဘယ်သူလည်းကွ သူက အကြားအမြင်တွေ ဘာတွေရတဲ့ ပုဂ္ဂိုလ်မျိုးလား.."


"အဲ့ဒါတော့ ကျွန်တော်လည်းမသိဘူး ကျွန်တော်... ကျွန်တော်အဘကိုတောင် သုံးခါလောက်ပဲမြင်ဖူးတယ် ဟို အဘက ကျွန်တော်တို့မျိုးရိုးရဲ့ အရှင်သခင်ပါ ဖွားပြောတာတော့ အဘက ဂူအောင်ကျင့်ရင် တစ်ခါတစ်လေ နှစ်ကိုဆယ်နဲ့ချီတက်တယ်တဲ့"


"ဟေ ဒါဆို မင်းတို့မျိုးရိုက အနွယ်တော်တွေပေါ့ မင်းအဘက တစ်ခုခုစွမ်းတာတော့ရှိမယ်ကွ မင်းဒုက္ခရောက်တာသိနေလို့ဖြစ်မယ်"


"ကျစ် မသိပါဘူးဗျာ ကျွန်တော်ကြားလိုက်တာကတော့ အဘအသံဆိုတာသေချာတယ် အဘအသံက တစ်ခါကြားဖူးရင် တစ်သက်လုံးစွဲနေမယ့်အသံမျိုးဗျ"


"အွန်း.. သေချာနေပြီ ငါတို့ အန္တရာယ် တစ်ခုခုနဲ့ ကြုံရတော့မယ်ဆိုတာ"


"ဒါဆို ကျွန်တော်တို့ ပြန်အုန်းမယ် ဒီနေ့ နေမဝင်ခင် တောစပ်မှာဆုံမယ် တစ်ခါတည်းအပြည့်အစုံထည့်ခဲ့ပါ"


"အေးအေး ဦးသေချာစီစဥ်ထားလိုက်ပါ့မယ်"


"ခဏ!"


မဟော် ဦးငထီးတဲကို ကျောခိုင်းပြီးတော့မှ ရေပြင်ရဲ့ ခဏဆိုတဲ့အသံကြောင့် ပြန်လှည့်ကြည့်လိုက်တယ်ဆို ရေပြင် ဦးငထီးကို မျက်လုံးခြင်းဆုံအောင်သေချာကြည့်လိုက်ပြီး


"ခင်ဗျားသမီးကို သေချာမှခေါ်ခဲ့ မဟုတ်ရင် အကုန်ဒုက္ခရောက်ကုန်လိုက်မယ် ကျွန်တော်ထင်တယ် အခုတောင် ကျွန်တော်တို့ စီစဥ်နေတာ ဟိုအဖွားကြီးသိနေလောက်ပြီ"


ရေပြင့်စကားကြောင့် ဦးငထီး ထိပ်ထိပ်ဖြားဖြားဖြစ်သွားကာ


"အေး.. အေးပါကွာ.. သမီးက ငါပြောရင်ရပါတယ် မင်းတို့သာ မိန်းကလေးတွေကို သေချာနားချကြအုန်း မိဖွန်က ဒီမြေမှာကြီးတော့ အဆင်ပြေသေးတယ် ဟိုကမိန်းကလေးတွေက နုနုနယ်နယ်ရယ်"


"ရပါတယ် ကျွန်တော်တို့ ကြည့်စီစဥ်လိုက်မယ် ဒါဆို သွားပြီ"


"အေး... အေးအေး"


ဦးငထီးလည်း ရေပြင်တို့ ထွက်သွားတယ်ဆိုတာနဲ့ လိုအပ်မယ့် ပစ္စည်းပစ္စရာအကုန်စုထုပ်နေတော့သည်။


မဟော် တဲကိုမရောက်ခင် သူ စိတ်ထဲသိခြင်နေတဲ့ အကြောင်းအရာကို မမေးရရင် မနေနိုင်မယ့်တူတူ မေးတော့မယ်ဆိုတဲ့ စိတ်နဲ့ ပါးစပ်ဟ့လိုက်တယ်ဆို...


"ကိုရေပြင် ဟိုကောင်မလေးကိစ္စ......."


"ငါ အဲ့တဲကို ရှေ့နှစ်ရက်လောက်က ရောက်ခဲ့တယ်"


"ဟာ ဟို... ဟိုအဖွားကြီး.. အဖွားကြီးဆိုတဲ့သူဆီလား.."


"အေးလေ မင်းတို့မှ လိုက်မပို့တာ ဒီရွာက ကလေးတွေ အကူအညီနဲ့ ရောက်ခဲ့တာ နောက်ပြီး မင်းမသိသေးတာရှိသေးတယ်..."


"ဟမ် ရှိသေးတာလား.."


"အဟွန်း အဲ့ကိစ္စ ဦးငထီးလည်း သိပုံရတယ် အဲ့ဒါမို့ သူ့သမီးကိုသူ စိတ်မချဖြစ်နေတာလေ ဒါမယ့် စိတ်မကောင်းစရာက သူ့သမီးက သူထင်သလို အပျိုမဟုတ်တော့ဘူးလေ"


"ဟာ! ကိုရေပြင်.. ကျစ် ဦးငထီးကြားမှဗျာ.. ကျွတ် ကျွန်တော်တို့ ပြေးပေါက်မှားနေမယ်"


"အဟွန်း.. ငါကိုယ်တိုင်မြင်ခဲ့တာ မင်းတို့​ပြောတဲ့ အဖွားကြီးဆိုတဲ့သူက မိန်းမယောက်ျား တစ်လှည့်ဆီပြောင်းနိုင်တယ်"


"ဗျာ!"


ရေပြင် အပြောတွေအောက်မှာ မဟော်တစ်ယောက် အံ့သြပြီးရင်း အံ့သြနေရတော့သည်။


"ဒါဆို.. ဟိုကောင်မလေးက..."


"ဟုတ်တယ် အဲ့လူ လက်သက်မွေးထားတာ ပုံစံအရဆိုရင်တော့ ကောင်မလေးက မလွန်စံနိုင်လို့ထင်ပါတယ် ထားလိုက်ပါ ဒါသူတို့ကိစ္စ အဓိကက ဒီညငါတို့ အန္ဒရာယ်ကင်းကင်းနဲ့ တောထဲရောက်သွားဖို့ပဲ ဒါမှ ငါတို့ခြုံတွေရဲ့ အကူအညီရနိုင်မှာ"


"အွန်း ဟုတ်တယ် ကိုရေပြင်ပြောပုံအရဆို ဒီအဖွားကြီး ကျွန်တော်တို့နောက်ကို အနှေးနဲ့အမြန် လိုက်လာမှာပဲ တောထဲဆိုတော့ ရှင်းနေတဲ့ နေရာထက်ဆိုင်ရင် အဆင်ပိုပြေတာပေါ့"


"ဟုတ်တယ် နောက်တစ်ခုရှိသေးတယ် အဲ့လူက အလင်းဒဏ်ကိုမခံနိုင်ဘူး ဒါကြောင့် ငါတို့ ခု စီစဥ်နေတာကို သူထွက်မလာနိုင်တာပေါ့"


"အွန်း ဖြစ်နိုင်လောက်တယ် ဒါကြောင့် နေ့ဘက်တွေ အပြင်မထွက်တာဖြစ်မယ်"


"အွန်း ဟုတ်လောက်တယ် ဒီနေ့ မိုးမချုပ်ခင် တောထဲရောက်အောင် ဝင်ကြမယ် လာ ငါတို့မှာအချိန်သိပ်မရှိတော့ဘူး.."


"ဟုတ် အကိုရေပြင်"


မဟော် ခုဆို ရေပြင့်ကို အကိုတစ်ယောက်လို အားထားနေရပြီဖြစ်သည်။ အရေကြုံလာတော့လည်း အကိုရေပြင်အပေါ်မှာ အရင်က ထားရှိထားတဲ့ မကောင်းတဲ့ခံစားချက်တွေကို ဖယ်ရှားလိုက်နိုင်ပြီပေါ့။ မဟော် ခက်မြန်မြန်လျှောက်ရင်းပဲ ရေပြင်ကို ကြည့်ပြီး ပြုံးလိုက်မိသည်။


>>>>>>>>>>>>>>>>>>>


မဟော်စံအိမ်ရဲ့ ဝင်းထိန်နေအောင် ကြည်ညိုဖို့ကောင်းတဲ့ ဘုရားတွေမြောက်များစွာ ရှိနေတဲ့ ဘုရားခန်းတစ်ခုထဲတွင် ရောက်ရှိနေကြသည့် လူအချို့ကမနည်းလှ


"မင်းတို့ အဲ့ကိုသွားဖို့ ဆုံးဖြတ်လိုက်တာသေချာသွားပြီဆိုရင် ဒီအဆောင်လေးကို ကိုယ်နဲ့မကွာ ဆောင်သွားကြ ဘယ်လိုအန္တရာယ်လာလာ တားဆီးနိုင်လိုက်မယ်"


လှိုင်းခက်ထန် သိပ်မယုံကြည်ခြင်ပင်မယ့် မာမီက ယူလိုက်ဆိုတဲ့ သဘောနဲ့ မျက်ဆပစ်ပြတာကြောင့် သူ တရိုတသေလှမ်းယူလိုက်ပြီး


"ဟုတ်ကဲ့ ကျွန်တော်ကိုယ်နဲ့မကွာစောင်ထားပါ့မယ်"


"အွန်း.. ဒါက အပိုယူသွား.. ကံကောင်းရင်တော့ လူ၇ယောက်နဲ့ဆုံရလိမ့်မယ် အကယ်၍ဆုံဖြစ်ခဲ့ရင် မင်းတို့နဲ့ တွေ့တယ်ဆိုတာနဲ့ ဒီအဆောင်ကြိုးတွေကို သူတို့ဘက်မှာ ချည်ပေးလိုက်ပါ မမေ့နဲ့နော် ချည်ပေးဖို့လုံးဝမမေ့နဲ့ နောက်ပြီး ပျောက်ရှတာမျိုးလည်း မဖြစ်ပါစေနဲ့"


"ဟုတ်ကဲ့"


"အွန်း ရပြီ ဘေအန္တရာယ်အပေါင်းမှ ကင်ဝေးကြပါစေကွယ်..."


လှိုင်းခက်ထန်တို့ မိသားစုအပါအဝင် ချစ်လွန်းအကိုခန့်ထည်ဝါနဲ့ မူပိုမိဘတွေပါမကျန် ဒေါ်မြင့်မဟော်ကိုယ်တိုင် ဆုကိုတောင်းခံရင်း ဘုရားခန်းထဲက ထွက်လာခဲ့ကြသည်။ ကိုယ်စီမှာ အပူသောကတွေနဲ့ပေါ့...


လှိုင်းခက်ထန်တို့အိမ်မှာ လူပြန်စုကြပြီး ရဲမှူး တပ်ဖွဲ့ပါ မကျန် ချစ်လွန်းအကို ကလည်းလိုက်မှာဖြစ်သည်။ အားလုံးကိုယ်စီလက်မှာ အနီရောင် အဆောင်ကြိုးတွေ စည်းလျှက်...


>>>>>>>>>>>>>>>>>


"ကိုကို ခခတို့အဆင်ပြေမှာပါနော်....."


ရေပြင် ခက်သုပ်သုပ်လျှောက်နေရင် ငိုသံစွတ်နေတဲ့ သူမလေးစကားကြောင့် သူ တွဲလျှောက်နေရာကနေ ခက်အေးအေးဖြစ်နေတဲ့ သူမလေးလက်လေးကို ခက်တင်းတင်းဆုပ်ကိုင်လိုက်ကာ...


"ကိုကိုရှိနေသရွေ့ ကိုကိုကလေးလေးနဲ့ကလေး ဘာမှမဖြစ်စေရဘူး ကိုကိုအသက်နဲ့ရင်းပြီး လောင်းရဲတယ် ဟုတ်ပြီလား.."


"ဟင့်! ကိုကို့စကားကြီးက ဘယ်လိုကြီးလည်း... နောက် အသက်တွေပါမယ့်စကား လုံးဝမပြောနဲ့ ကြားလား.."


"အဟွန်း ဟုတ်ပါပြီကွာ.. ကလေး မလျှောက်နိုင်တော့ရင်ပြောနော် ကိုကို ကုန်းပိုးမယ်..."


"ဟင့်အင်း ရတယ် ခခလျှောက်နိုင်ပါတယ် ကိုကိုက အထုပ်တွေလည်း သယ်ရသေးတဲ့ဟာ..."


ခခတို့မိန်းကလေးသုံးယောက်အတွက် လိုအပ်မယ့်ပစ္စည်အထုပ်မှန်သမျှကို ယောက်ျားလေးရယ် ဘာရယ် တွေးမနေကြတော့ပဲ ရေပြင်နဲ့မဟော်က အကုန်ထမ်းပိုးသယ်ပေးကြသည်။ ဦးငထီးတို့သားအဖကတော့ စရောက်ကတည်းက သိမ်းထားဟန်ရှိတဲ့ ကျောပိုးအိပ်တစ်လုံးနဲ့မို့အတော်အဆင်ပြေနေကြသည်။ ခုဆို ရှေ့ဆုံးက ဦးငထီးတို့သားအဖက တစ်တွဲ၊ သူတို့နောက်က ချစ်လွန်းနဲ့မူပို၊ နောက် မဟော်၊ နောက် သူနဲ့ခခက တစ်တွဲ တွဲပြီးလျှောက်နေရသည်။ 


ခရီးအတော်ထောင့်လာတာ့ မိုလည်းဆုံးဆုံးချုပ်နေပြီဖြစ်သည်။ လမ်းလျှောက်ရင်း သူနဲ့မဟော်က တစ်တွဲဖြစ်သွားပြီး မနိုင်စိန်သုံးယောက်က တစ်တွဲဖြစ်သွားလေရဲ့။ ခြင်လိုလို ဘာကောင်တွေ ကိုက်လို့ကိုက်မှန်းမသိကိုက်နေမှုကလည်း အတော်ခံရခက်သည်။ အဆိုးဆုံးက ချစ်လွန်းတို့သုံးယောက်ပင်။ ဟိုမိန်းကလေးကတော့ ကိုက်သွားလည်း ကြိပ်ခံလိုက်တဲ့ပုံပင်။ ခခတို့ကတော့ ဒီလိုမဟုတ်...


"အ့ ဟင့် ကိုက်ပြန်ပြီဟာ စိတ်ညစ်တယ် ဟိုအဖွားကြီးလိုက်လာမှာကြောက်ရတာတစ်မျိုး သူတို့ကိုက်နေတာက တစ်မျိုးစိတ်ညစ်တယ််"


ခခက ပြောလည်းပြော ကိုက်သွားတဲ့ လက်ကို မျက်နှာလေးရှုံ့မဲ့ပြီး တဗျင်းဗျင်းကုပ်နေတော့သည်။ ခခနည်းတူ ချစ်လွန်းနဲ့မူပိုလည်း အကုပ်စိန်တွေဖြစ်နေတော့သည်။


မဟော် သူတို့မှာသာ အထုပ်နဲ့မို့ ကိုက်သွားရင်တောင် ကုပ်မရ သက်ချမရ ဖြစ်နေရတဲ့ဘဝတွေပါ။ ဒါကို ကဲကဲပိုနေတဲ့ သုံးယောက်ကြောင့် ရေပြင့်ကို မျက်စပြလိုက်ပြီး


"မျောက်လွှဲကျော်တွေကျနေတာပဲ"


"အဟက် မင်းကတော့ကွာ... ဟိုသုံးယောက်ကြားသွားမှဖြင့်"


"ကြားပါစေ ကျွန်တော်တို့က သူတို့အထုပ် အလေးကြီးတွေသယ်ထားရတာဗျ အစကသိပ်မလေးပင်မယ့် အခုတော်တော်ထိနေပြီ ကျစ်"


ရေပြင် မဟော်ပြောတာလည်း ဟုတ်နေတာပဲမို့ ပြုံးလိုက်ပြီး ခက်ဝါးဝါးမြင်နေရတဲ့ ပတ်ဝန်းကျင်ကို စူးစမ်းလိုက်ပြီးမှ


"ဒါဆို ဒီနားမှာနားလိုက်ရအောင် ဒီနားက အဆင်ပြေလောက်တယ် ဆူးတွေလည်းသိပ်မရှိဘူး အဆင်ပြေလောက်တယ်"


မဟော် ရေပြင်ရဲ့ နားမယ်ဆိုတဲ့စကားကြောင့် မျက်လုံးအရောင်ပင် လက်ခနဲဖြစ်သွားမိသည်အထိ ပျော်သွားရသည်။ 


"ဒါဆို ကျွန်တော် သူတို့ကိုပြောလိုက်တော့မယ်နော်"


"ပြောမနေနဲ့ အကိုမဟော်ပြောနေတာတွေ ချစ်လွန်းတို့အကုန်ကြားရတယ် ဟွန့် အတင်းကို တုပ်နေလိုက်တာများ မိန်းမကြီးကျနေတာပဲ မပူပါနဲ့ ဒီတစ်ခါပြန်လျှောက်ရင် မူပိုနဲ့ချစ်လွန်း သယ်မှာပါ ဟွန့်"


မဟော် သူ့ကိုတည့်တည့်ကြည့်ပြောပြီး နှာခေါင်းရှုံ့ဟိုဘက်လှည့်သွားတဲ့ ချစ်လွန်းကြောင့် ကြိပ်မနိုင်ခဲမရဖြစ်ကာ


"ဟာ! တွေ့လား.. တွေ့လားကိုရေပြင် တောက်! တော်တော်စေတနာထားဖို့ကောင်းတဲ့မိန်းမတွေ"


"အမလေး သူ့စေတနာကြီး လိုခြင်လွန်းလို့"


"အဟေး.. ကြိုက်တယ်လေ ဒီကလည်း ရော့ဒီမှာ နင့်အထုပ် ကိုယ့်အထုပ်ကိုယ်သယ်"


ရေပြင် စနောက်နေရာက တကယ်ကြီးထဖြစ်ရြတဲ့ ချစ်လွန်းနဲ့ မဟော်ကြောင့် သူဗျာများသွားကာ


"ဟာ မဟုတ်တာမဟော်ရာ.. ပေးပေး ငါပဲသယ်လိုက်မယ်"


ရေပြင်ကပြောလည်းပြော မဟော်လက်ထဲက အထုပ်ကို ဆွဲယူလိုက်တာမို့ ချစ်လွန်း အမိအရ အထုပ်ကိုလှမ်းဆွဲလိုက်ပြီး


"မဟုတ်တာ ရတယ် အကိုရေပြင် ချစ်လွန်းပါသာ သယ်မယ် သူ့ကို မိန်းမလိုမိန်းမရ မဟုတ်ဘူး ဟွန့်"


"ဟာ! မင်း! တောက်! ဟာကွာ... ငါလုပ်ရင်သေတော့မယ်.."


"အောင်းမား ထိရဲထိကြည့်လိုက်လေ ထိကြည့်လိုက်စမ်းပါ ချစ်လွန်းတဲ့ တစ်လွန်းပဲရှိတယ် ဟွန့်"


"မင်းနော်... မိန်းကလေးဖြစ်နေလို့"


"မိန်းကလေးဖြစ်တော့ဘာဖြစ်လည်း.."


"ဟာ....မင်း..."


"ကဲကဲ တော်သင့်ပြီ ဒီချိန်မှာ အသက်ကိုဉာဏ်စောင့်ရမယ့်အချိန်နော် ဒီလိုမျိုး စည်းလုံးဖို့နေနေသာသာ ရန်ဖြစ်နေကြရင် အဖွဲ့တစ်ခုက ပျိုလဲဖို့အဆင်သင့်ဖြစ်နေပြီ တော်ကြတော့ ငါတို့ဒီနားမှာပဲနားမယ် ဦးငထီး အဆင်ပြေတယ်မဟုတ်လား.."


ရေပြင် သူလှမ်းပြောလိုက်တယ်ဆို ခက်လှမ်းလှမ်းကဦးငထီးတို့သားအဖပြန်လှည့်လာကာ 


"အေး အဆင်ပြေလောက်ပါတယ် နားကြတာပေါ့ကွာ"


"ဟုတ် ဒါဆိုလည်း နားကြတာပေါ့ လာလာ မင်းတို့ မိန်းကလေးလေးယောက် ဒီနားက လေအကွယ်မှာနေ ညကအခုမအေးသေးပင်မယ့် တောထဲဆိုတော့ ညင့်နက်လေပိုအေးလေပဲ လေအကွယ်မှာ မင်းတို့နေရာယူလိုက်"


"အဲ့ဒါတော့ဟုတ်တယ် ဦးလေးကတော့ မနားတော့ပါဘူးကွယ် ဦးလေးစောင့်ကြည့်ပေးပါ့မယ် မင်းတို့နားခြင်နားကြ"


ဦးငထီးအပြောကို မဟော်အထုပ်တွေ ချနေရင်း...


"မဟုတ်တာဗျာ.. တူတူစောင့်ကြတာပေါ့ ကျွန်တော်တို့ သုံးယောက် မဟုတ်ဘူးလား.."


"တစ်ညလုံးဆို အဆင်မပြေလောက်ဘူးကွ ခွဲစောင့်ကြတာပေါ့ အစောပိုင်းကို ဦးလေးတာဝန်ယူလိုက်မယ် ငါ့တူတို့အိပ်ကြ"


"အာ မဟုတ်တာ ဦးလေးတစ်ယောက်တည်းဘယ်ဖြစ်မလည်း ဦးလေးနဲ့မဟော်နဲ့တွဲလိုက် ဒီလိုလုပ် ဒီအစောပိုင်းကို ဦးလေးနဲ့မဟော်စောင့်လိုက် ညင့်နက်လာရင် ကျွန်တော်ထစောင့်မယ် ပြောမယ့်သာပြောတာ ကျွန်တော်လည်း အိပ်မပျော်လောက်ပါဘူး"


ရေပြင်အပြောကို ဦးငထီးနဲ့မဟော် ခေါင်းငြိမ်လက်ခံရင်း တစ်ယောက်တစ်နေရာ ကင်းခွဲစောင့်ဖို့ထသွားလိုက်ကြသည်။ လောလောဆယ် ရေပြင် ဦးငထီးတို့ကို မကြည့်နိုင်ပဲ သူ့နောက်မကျတကျမှာ မျက်နှာငယ်လေးနဲ့ စောင့်နေတဲ့ သူမလေးဆီသို့.....


"ကိုကို... ခခအိပ်လို့မပျော်ဘူး..."


"နောက်အဆင်ပြေသွားမှာပါ.. လာ ကိုကို့ဆီ"


ရေပြင် ခခကို သူ့ရင်ခွင်ထဲတိုးဖက်လိုက်ရင်း သူ့မျက်လုံးအစုံကတော့ စွန်ရဲအလား ပတ်ဝန်းကျင်ဆီကို ဖြန့်ကျဲလျှက်....


◾◾◾◾◾◾◾◾◾◾◾◾◾◾◾


စာဖတ်သူများကို အစဥ်လေးစားလျှက်


#မြူခိုးဝေဝေ


rate now: