book

Index 40

အပိုင်း (၄၀)

ကိုကို့မို့ ချစ်တာလို့


"အာ ဒါဆို ဦးငထီးက ဒီရွာဇာတိမဟုတ်ဘူးပေါ့"


"ဟုတ်တယ် ဦးလေးက ဒီရွာဇာတိမဟုတ်ဘူး ဦးလေးလည်း မင်းတို့လိုပဲ ဒီရွာကို လမ်းမှားပြီးရောက်လာတာကွ"


ဦးငထီးအပြောကို ရေပြင်ကခေါင်းငြိမ့်နားထောင်နေသလောက် မဟော်ကတော့ သိခြင်သူပီပီ


"ဟို စိတ်တော့မရှိနဲ့ဗျာ ဘယ်လိုလုပ်ဒီကိုရောက်တာလည်း သေချာပြောပြလို့ရမလားဗျ ဟို ဦးသမီးဆိုတဲ့ကောင်မလေးပါ ရှိနေတာဆိုတော့ အဟွန်း"


မဟော်အမေးကြောင့် ဦးငထီး ခက်ဆွေးဆွေးဖြင့် အဝေးတစ်နေရာကိုကြည့်ရင်း ခက်လေးလေးခေါင်းငြိမ့်နေကာ


"အွန်း.... ပြောရမယ်ဆိုရင်တော့ ဒီလိုကွ ဦးလေးမှာ တင်တင်နွယ်ဆိုတဲ့ စိတ်တူကိုယ်တူဇနီးရှိခဲ့တယ် နှစ်ယောက်လုံးက ရန်ကုန်ဇာတိတွေပေါ့ကွာ နောက်ပြီး ဦးဇနီးနဲ့ဦးနဲ့က ဇီဝသုတေသီတွေပေါ့ အွန်း... တစ်နေ့ သမီးလေး မွေးပြီး သိပ်မကြာဘူး ဦးဇနီးကသိပ်ခေါင်းမာတာကွ ဦးတို့နှစ်ယောက် စမ်းသက်ဖို့ ရှားပါးမျိုးစိပ်အပင်ကိုရှာဖို့ ဦးကိုတောင်းဆိုခဲ့တယ် ဦးလည်း သမီးကငယ်သေးတော့ နောက်မှရှာဖို့ဖျောင်းဖျပင်မယ့် ဘယ်လိုမှမရခဲ့ဘူး နောက်ဆုံး အသိတွေဆီကနေ တစ်စွန်းတစ်စကြားရတဲ့ ဒီတောကိုရောက်လာခဲ့တယ် ဆွေးမျိုးနီးဆက်မရှိတဲ့ဦးတို့လင်မယားက သမီးလေးကိုပါ ခေါ်လာလိုက်မိတယ် နောက်ဆုံး ဦးတို့ တောထဲမှာ လမ်းပျောက်ခဲ့တယ် ပါလာတဲ့ သံလိုက်အိမ်မြောင်အပါအဝင် စားသောက်စရာတွေပါထည့်ထားတဲ့အိတ်ကို မျောက်တွေသောင်းကြမ်းမှုနဲ့ ပျောက်သွားတော့ ပိုဆိုးတာပေါ့ကွာ... နောက်ပိုင်း အစားစာပျက်လက်ပြီး ဦးတို့လင်မယား နောက်ဆုံးချိန်ကိုရောက်လာတယ် သမီးလေးကို နောက်ဆုံးချိန်ထိ မထွက်နိုင်တော့တဲ့ နို့ရေကို တိုက်ပေးခဲ့တယ်ကွာ... တောက်! နောက်ပိုင်း ဦးမိန်းမ ဆုံးသွားခဲ့တယ်။ ကလေးမွေးထားတာ မကြာသေးတဲ့အပြင် ကလေးကပါနို့ဆွဲတော့ ပိုဆိုးတာပေါ့ကွာ။ အဲ့နောက်ပိုင်း ဦးနဲ့ဦးသမီးလေး တောထဲက ထွက်လို့ထွက်ရညှားရှောက်ခဲ့ရင်း ရေတပေါက်တောင်ရှာမတွေ့တဲ့အချိန်မှာ ဦးကိုယ်တိုင်လည်း နေရာမှာတင် မူးမေ့လဲခဲ့တယ်။ နောက်ပိုင်း ဦးသတိရလာချိန် ဒီရောက်နေတာပဲ။ မင်းတို့လိုလူတွေကို ဦးရှာနေခဲ့တာ ကြာပါပြီ ခုမှမင်းတို့နဲ့တွေ့ခွင့်ရခဲ့တာ"


ရေပြင် စိတ်ဝင်တစား နားထောင်နေရင်း ဦးငထီးရဲ့ ရှည်လျှားတဲ့စကားအဆုံး မျက်မှောင်ကျုံ့လိုက်ပြီး


"ဒါဆို ကျုပ်တို့အပြင် ဒီကိုရောက်တဲ့သူတွေရှိသေးတယ်ပေါ့ ဟုတ်လား အဲ့လိုဆိုလိုခြင်တာလား"


"အွန်း.... မင်းတို့ကငါအပါအဝင်ဒီကိုရောက်လာခဲ့တာ ၇ဖွဲ့မြောက်လူစိမ်းတွေပဲကွဲ့"


"ဗျာ! ကျွန်တော်တို့က ၇ဖွဲ့မြောက်! ဟင်! ဒါဆို ကျွန်တော်တို့ရှေ့က လူတွေရော ဘယ်..ဘယ်ရောက်သွားပြီလည်း..."


မဟော်ရဲ့ တုန်လှုပ်သံအဆုံး မျက်နှာမကောင်းစွာနဲ့ ထွက်ပေါ်လာတဲ့ ဦးငထီးအသံသည်။


"မရှိတော့ဘူး သူတို့အကုန်လုံး စတေးခံလိုက်ရပြီ"


"ဘာ!!!"


ဒီတစ်ခါအသံထွက်လာသူက ရေပြင်ကိုယ်တိုင်ပင်။ မဟော်ကတော့ အံ့သြလွန်းလို့ ပါးစပ်အဟောင်းသားနဲ့ စွန့်အ့နေလျှက်။ ခေါင်းထဲမှာလည်း အချက်ပေးသံတွေ တဝီဝီမြည်ဟီးနေသလိုပင်။


"ဟုတ်တယ် ငါနဲ့သမီးတောင် ဒီမှာသူတို့ကျန်းမာရေးမကောင်းရင် ကုပေးနေလို့ အသက်ရှင်ကျန်ခဲ့တာ သူတို့က သူတို့ပိုင်နက်ထဲကို လူစိမ်းဝင်တာဘယ်တော့မှ လက်သင့်မခံဘူး သူတို့ကိုးကွယ်နေတဲ့ သူတို့ကြီးမြတ်သူက ဒါကို အပြင်းအထန်ကန့်ကွက်ထားတာ"


"ဘာလို့လည်း.. ဘာလို့ သူတို့က စတေးခံလိုက်ရလည်း ဒါဆို ကျွန်တောတို့ကရော.."


"မင်းတို့မှာ ကလေးရှိနေတယ် အဲ့ကလေးကြောင့်"


ဦးငထီးအဖြေက တည်ငြိမ်နေတဲ့ရေပြင်စိတ်ကို ဂရက်ထသွားအောင် ဆွဲလှုပ်သလို ရေပြင် ရှူရှူရှားရှားဖြစ်သွားကာ


"ခွင့်မပြုနိုင်ဘူး ကျုပ်သားကိုချနင်းပြီး လွတ်မြောက်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး"


"မင်းသဘောပေါက်လွယ်သားပဲ ဟုတ်တယ် မင်းသားမှာ သူတို့လိုခြင်နေတဲ့ ကံကောင်းခြင်းတွေ ဆန်းကြယ်တဲ့နက္ခတ်တွေနဲ့ပြည့်စုံနေတယ် ဒီလိုပီးပြည့်စုံမှူကို နှစ်တစ်ရာမှတစ်ခါတောင်မတွေ့နိုင်ဘူးပြောတယ် သူတို့ မင်းကလေးကို စတေးကြလိမ့်မယ်..."


ဦးငထီးစကားအဆုံး ဒေါသထွက်လွန်းလို့ နီရဲနေတဲ့မျက်နှာနဲ့ မေးရိုးတို့ကျိုးကြေမတက်ကြိပ်ထားတဲ့ အံတို့နဲ့ ရေပြင် ဝုန်းခနဲ ထရပ်လိုက်ခြင်းနဲ့အတူ ကျစ်ကျစ်ပါအောင် စုပ်ထားတဲ့လက်သီးတို့က တစ်ဆက်ဆက်တုန်နေလျှက်


"တောက်! အဲ့အဘွားကြီးကဘာမို့လည်း! ကျွန်တော်ကိုင်တိုင်သွားသက်မယ်! လုပ်ခြင်းတိုင်လုပ်ရအောင် ကျွန်တော်တို့က သက်မဲ့တွေမဟုတ်ဘူး... တောက်"


"ဟာ! အကိုရေပြင်! ဘယ်သွားမို့လည်း! မသွားပါနဲ့ဗျာ! လာပါ! ဦးငထီးပြောတာကိုလည်း ဆုံးအောင် နားထောင်ပါအုန်း လာပါဗျာ ပြန်ထိုင် လာ!"


ပြောပြောဆိုဆို ခြံပြင်ကို ထွက်သွားဖို့လုပ်နေတဲ့ ရေပြင်ကြောင့် မဟော်မှာ အတင်းပြန်ဆွဲထားလိုက်သည်။


"စိတ်လျှော့လူလေး ဒီချိန်မှာ မင်းသွားလည်း အရေးနိမ့်ပြီးပြန်ခဲ့ရမှာပဲ အဲ့အတွက်ကြောင့် ငါတို့မင်းတို့အတွက် ဉာဏ်ကိုလွှာသုံးဖို့ပဲရှိတယ် ဒါက အကောင်းဆုံးနည်းလမ်းပဲ။ နောက်ပြီး ဦးလေးလည်း ဒီအတောအတွင်း ဆေးမြစ်ရှာသလိုလိုနဲ့ ထွက်ရမယ့်လမ်းတွေကို အမှတ်အသားလုပ်ထားတယ် ဦးဖြစ်နေတဲ့အခက်အခဲက ဦးနဲ့အတူ သေအတူရှင်အတူ ဒီကထွက်ပြေးဖို့ အဖော်လိုနေတာပဲ ဦးကအသက်ကြီးပြီလေ လမ်းခရီးကဝေးတော့ မတော်လို့ ဦးတစ်ခုခုဖြစ်သွားရင် ဦးသမီးကို စောင့်ရှောက်ပေးဖို့ လူကျန်ခဲ့စေခြင်လို့ပါ။ ဦးတို့ထွက်သွားပြီဆိုတာနဲ့ သူတို့လည်း အသေရရ အရှင်ရရ မြေလှန်ရှာကြမှာပဲ။ အဲ့အချိန်မှာ မင်းတို့လို ဖျပ်လက်တဲ့လူငယ်တွေလိုတယ် ဦးသိထားတဲ့ လမ်းတွေကို ဘယ်လိုပေါင်းစပ်ပြီး ဘယ်လိုသွားရင် အမြန်ရောက်နိုင်မလည်းဆိုတာ မင်းတို့ပဲသိနိုင်မယ်။ ဒီမှာ ဦးဆွဲထားတဲ့ မြေပုံ"


ရေပြင် သူ့ရှေ့ကိုချပေးလိုက်တဲ့ မြေပုံကို မဟော်ဘက်လည်းတိုးပေးလိုက်သည်။


"မြေပုံ ပုံစံအရဆို လမ်းတွေက အတော်ရှုပ်နေတယ်ဦး ဒီကြက်ခြေခက်ထားတာလေးတွေက ဘာအမှတ်အသားလည်းဗျ"


ဦးငထီးမဟော်အမေးကို ခေါင်းငြိမ့်လိုက်ခြင်နဲ့အတူ


"ဟုတ်တယ် အတော်တော့ရှုပ်တယ် ဦးဆို လမ်းရဲ့ သုံးပုံပုံ တစ်ပုံရှောက်ဖို့ကို အနည်းဆုံး တစ်ပတ်တိတိလောက်ကြာမယ်ထင်တယ် အတော်တော့ခရီးထောင့်တယ်ကွ ခုလောက်ဆို ဦးရှင်းခဲ့တဲ့လမ်းတွေတောင် ခြုံထူနေလောက်ပြီ တို့သွားဖို့တော့ခက်နေပြီ ဒါမယ့် လမ်းပျောက်မှာတေယ့မပူနဲ့ အဲ့မှာတွေ့လား ဦးကြက်ခြေခက်လေးတွေလုပ်ထားတာလေ အဲ့ဒါ ဦးလမ်းမှာအမှတ်အသား လုပ်ထားခဲ့တဲ့နေရာတွေပဲကွ"


ရေပြင်နဲ့မဟော် ဦးငထီးအပြောကို ခေါင်းငြိမ့်နားထောင်နေရင်း


"ဒါမယ့် ကျွန်တော်တို့ခရီးစဥ်မှာ မိန်းကလေးတွေပါနေတော့ ထင်သလောက်ခရီးတွင်မှာမဟုတ်ဘူး ခရီးပိုထောင့်ရင် နောက်ပိုင်း လမ်းခရီးအတွင်း ရိက္ခာတောင်ပျက်နိုင်တဲ့အခြေအနေရှိတယ်။"


"အဲ့ဒါတော့ဟုတ်တယ် ကျွန်တော်ကိုရေပြင်ပြောတာထောက်ခံတယ် ကျွန်တော်တို့လိုယောက်ျားရင့်မာကြီးတွေတောင် အဆင်မပြေနိုင်တဲ့ကိစ္စ ခခဆို ကိုယ်ဝန်နဲ့လေ အဆင်ပြေနိုင်ပါ့မလား..."


"ဒါမယ့် မသွားလို့မှမဖြစ်တာ ငါ့တူတို့ရာ မင်းတို့မထွက်သွားနိုင်ရင် မင်းတို့အသက်နဲ့ရင်းရမှာနော်"


ရေပြင် မဟော်စကားနဲ့ဦးငထီးစကားကို နားထောင်နေရင်း မြေပုံပေါ်လှုပ်ရှားနေတဲ့ သူ့လက်တွေ ရပ်တန့်သွားပြီး


"ဦးငထီး ဒီနှစ်လမ်းကြားက တြိဂံပုံလေးက ဘာကိုဆိုလိုတာလည်း"


"အော်... အဲ့ဒါ လှိုင်ဂူလိုအဝကြီးကကွ မြူတွေနဲ့ပြည့်နေတာ ဦးအဲ့အထဲ ဆက်သွားကြည့်ဖို့လုပ်သေးတယ် လေကြမ်းတွေအရမ်းတိုက်ပြီး ပတ်ဝန်းကျင်တောင်မမြင်ရဘူးကွ ဒါနဲ့ ဦးလည်း လှည့်ပြန်ခဲ့တာ"


ရေပြင် ဦးငထီးအပြောကို သေချာနားထောင်နေရင်း လမ်းတွေရဲ့အသွားအလာ မြေပုံအရကိုသေချာစူးစမ်းနေရင်း...


"သဘောပေါက်ပြီ ဒါကျွန်တော်တို့သွားရမယ့် တစ်ခုတည်းသောလမ်းပဲ ခင်ဗျားသေချာလား တခြားလမ်းတွေကိုသွားတာ တောပြင်ရောက်တယ်ဆိုတာ"


ဦးငထီး ရေပြင်ရဲ့ ခက်စူးစူးအကြည့်တွေနဲ့ တစ်ခုခုသေချာနေတဲ့ ရေပြင်အပြောတွေကြောင့် သူမလုံအလည်း ရေပြင်နဲ့မျင်လုံးခြင်းဆုံရာမှ ချက်ခြင်းလွှဲလိုက်ကာ


"ဟို.. ဦး.. ဦးလေး..."


"မရောက်ခဲ့ဘူးမဟုတ်လား..."


"ဟင်! မင်းဘယ်လိုသိ! ကျစ် ဦးလေးတောင်းပန်ပါတယ်ကွာ.. မင်းတို့ကိုညာမိလို့ အမှန်တိုင်းပြောရရင် ဦးလေး လမ်းအဆုံးကိုသေချာမသိသေးပါဘူး..."


"ဒါများဗျာ......"


"ဟို ဒါမယ့် ဦးလေးသွားနေတဲ့တစ်လမ်းကတော့ မဆုံးသေးပါဘူး သူကသေချာပေါက်"


"တွေ့မှာမဟုတ်ဘူး ထားလိုက်တော့ ကျေးဇူးပဲ ခင်ဗျားသာမကူညီရင် ကျွန်တော်တို့လည်း ဒီကနေ ထွက်နိုင်မှာမဟုတ်ဘူး ဘာပဲပြောပြော ခင်ဗျားကို ကျေးဇူးတင်တယ် တစ်ခုပဲ ခင်ဗျားနောက်ထပ် ကျွန်တော်တို့ကို ဘာအကြောင်းကိစ္စကြောင့်မှ ထက်မလိမ်ပါနဲ့ ကျွန်တော်တို့ ခင်ဗျားပေါ် ယုံကြည်ဖို့အတော်ခက်သွားပြီ"


"ဦး ဦးတောင်းပန်ပါတယ်ကွာ ဦးနောက်မညာတော့ပါဘူး ဦးကတိပေးပါတယ်။ နောက် နောက်ပြီး ငါ့တူတို့ သွားရင် ဦးတို့သားအဖကိုလည်းခေါ်ပါ ခေါ်ပါကွာ...နော်"


"ခေါ်မှာပါ ဒီကိစ္စတွက်တော့မပူပါနဲ့ အဓိကက တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိဖို့ပဲ"


"အေးပါကွာ... ဒါနဲ့ ဟို ဒီကမောင်ရင်က အဲ့လှိုင်ဂူက ထွက်ပေါက်ဆိုတာ ဘယ်လိုသိလည်း ဦးလေးလို ဒီမှာ နှစ်ကိုဆယ်နဲ့ချီနေနေတဲ့သူတောင် မရိပ်မိလို့ပါ"


"ထူးခြားနေလို့"


"ဟင် ဘယ်လို"


"ဟုတ်တယ် ကျွန်တော် သတိပြန်ရကတည်းက ဒီမှာရှိနေတဲ့အရာအားလုံးကို သင်္ကါမကင်းဖြစ်နေတာကြာပြီ ပြောရရင် ရုပ်တိမတန်ဘူးပေါ့"


"ဟေ ဟုတ်လား ဘာတွေများလည်းကွဲ့"


"ဒီမှာ စပါးစိုက်တဲ့သူမရှိပဲ ဆန်ရှိနေတယ် နောက် ဒီလို တောကြီးမျက်မဲထဲမှာ ချည်ထည်တွေရှိနေတယ် နောက် ပိုမယုံကြည်ဆုံးက ကြီးမြတ်သူဆိုတဲ့အဖွားကြီးပဲ အဲ့အဖွားကြီးက ခင်ဗျားတို့ဒီကိုစရောက်ကတည်းက ဒီအရွယ်ပဲဆို ဟုတ်လား"


"ဟေ မင်းဘယ်လိုသိလည်း"


"လွယ်ပါတယ် ဒီရွာမှာ ကလေးတွေရှိနေတာပဲဟာ"


ဦးငထီး ရေပြင်ပြာမှ တစ်ခုခုကို သဘောပေါက်သွားဟန်နဲ့..


"အွန်း မင်းပြောမှသတိထားမိတယ်ကွ ငါဒီရွာကိုရောက်တာ သမီးတစ်သက်ပဲရှိနေပြီ ငါစရောက်ကတည်းက အဲ့အရွယ်ပဲကွ နောက်ပြီး သူ့အသက်ကို ဘယ်သူမှအသိကျမသိကြဘူးကွ"


"အဟွန်း ဘယ်သူမှမသိတာတော့ မဖြစ်နိုင်ပါဘူး ခင်ဗျားသမီး ခု အိမ်မှာရှိလား.."


"ဟေ မရှိဘူးကွ ကြီးမြတ်သူဆီ... ဟာ"


ဦးငထီးရဲ့ ဟာဆိုတဲ့ ထိတ်လန့်ဟန်ကြီးအဆုံး ရေပြင် ခက်မဲ့မဲ့ပြုံးလိုက်ပြီး။


"အသုံးတော့ ဝင်လာမှာပါ"


◾◾◾◾◾◾◾◾◾◾◾◾◾◾◾


စာဖတ်သူများကို အစဥ်လေးစားလျှက်


#မြူခိုးဝေဝေ


rate now: