ကိုကို့မို့ ချစ်တာလို့
"ကိုကို ဘာလို့အဲ့လောက်ကြာနေတာလည်း!"
ရေပြင် မီးမှိတ်ထားတာမို့ အိပ်နေပြီထင်ပင်မယ့် သူတဲထဲဝင်လိုက်တယ်ဆို စောင်ခေါင်းမြီးခြုံလေးနဲ့ ကြားလိုက်ရတဲ့သူမလေးအသံကြောင့် သူထိပ်ခနဲဖြစ်သွားမိသည်။ ပြီးမှ မျက်နှာပြန်တည်လိုက်ပြီး
"မအိပ်သေးဘူးလား ဘယ်ချိန်ရှိနေပြီလည်း"
ရေပြင်ပြောပြီးတယ်ဆို သူမလေးစကားရှည်နေမှာဆိုးတာကြောင့် တဲထဲခက်မြန်မြန်ဝင်လိုက်မိသည်။တဲထဲ မှောင်မဲနေတယ်ထင်ရပင်မယ့် လရောင်ခက်ရေးရေးဖြာကျနေတာမို့ အိပ်ယာနားက မီးဖိုဆီ ခက်စမ်းစမ်းခြေလှမ်းတွေနဲ့သွားလိုက်မိသည်။
"ကိုကို့ ခခဘာကိုပြောခြင်တယ်ဆိုတာ ကိုကိုသိပါတယ် ခုတလောကိုကိုနဲ့အကိုမဟော် ဘာတွေလုပ်နေကြတာလည်း နည်းနည်းပါးပါးခခတို့ကိုလည်း တိုင်ပင်ပါအုန်းလား ဘာမို့လို့ မပြောပြကြတာလည်း ဘာလည်း ခခတို့က အရေးမပါလို့လား"
"ဂျောက်! ဂျောက်! ချလပ်!"
ရေပြင် ကျောက်နှစ်ခုကို ခက်ကြိပ်ကြိပ်တီးခက်လိုက်ပြီး မီးမွှေးပြီးတယ်ဆို ခခဘက်လှည်မကြည့်ခင်မှာပဲ
"ဘာလို့အဲ့လောက်သိခြင်နေတာလည်း! တစ်ချို့အရာတွေက သိနေတက်နေတိုင်းမကောင်းဘူးဆိုတာနားလည်းလားခခ! ကိုယ်နဲ့မဟော် ဘာတွေပဲလုပ်နေ လုပ်နေ မင်းတို့အကုန်သိစရာမလိုဘူး အားလုံး မင်းတို့ကောင်းဖို့ဆိုတာပဲ သိနေဖို့လိုတာ.. ကျစ် ထားလိုက်တော့ အိပ်ရအောင် ဒီချိန်ကြီးဘာလို့မအိပ်သေးတာလည်း ကိုယ်အိပ်နေပြီတောင်ထင်တာ ဗိုက်ထဲမှာ ပိစိလေးရောက်နေတာနေတာတောင် စောစောမအိပ်ဘူး လာ သွားအိပ်ရအောင်"
ရေပြင် အစကတော့ သူမလေးတို့အတွက် ကိုယ့်မှာ မအိပ်နိုင်မစားနိုင်သွားစုံစမ်းနေတာကို သူ့ကိုမယုံမကြည့်ပြောရမလားဆိုတဲ့အသိနဲ့ ဒေါသအလျှောက်ပြောလိုက်ပင်မယ့် သူပြောနေတုန်းမှာပင် မျက်ရည်ကြည်တို့ဝေ့လာတဲ့ သူမလေးမျက်လုံးအိမ်တွေကြောင့် သူလေသံကို ခက်ဖျော့ဖျော့လျှောချလိုက်ရခြင်းဖြစ်သည်။
ခခ သူမမှာတော့ ညနေကတည်းကတည်က တောထဲဝင်သွားပြီး ထမင်းစားချိန်ထိပြန်မလာသေးလို့ စိတ်ပူပြီး မအိပ်နိုင်မစားနိုင်စောင့်နေရတာ သူကြီးကတော့ ရောက်တယ်ဆို စောက်နဲ့ထွင်းဆိုသလိုပင် ဆီးဟောက်တော့သည်။ အကြောက်ကြီးလွန်းတဲ့သူမ မီးဖိုထားရင် ရွာလှည့်တဲ့သူတွေ တွေ့သွားလို့ စကားအရှည်ရှည်တွေနဲ့ ကိုကိုတို့တောထဲကပြန်မရောက်သေးတာသိသွားမှာဆိုးတာကြောင့် ကြောက်ကြောက်နဲ့ပဲ မီးမဖိုပဲထားထားရတာဖြစ်သည်။ ဒါကို စေတနာနားမလည်တဲ့သူကြီးက သူမကို ပြောချလိုက်တာ ကြည့်အုန်း။ ချစ်တဲ့သူပြောရင် ပုံမှန်ထက် လေသံလေးကျယ်ရုံရှိပါစေ နှလုံးသားကို သံချွန်နဲ့ထိုးနေသလိုလို တဆစ်ဆစ်ရယ်....
"သွား! ခုမှ လာဂရုမစိုက်နဲ့ ရှင်ကြီးဂရိုစိုက်စရာမလိုဘူး ခခပါသာ ခခကလေးလေးကို ဂရုစိုက်နိုင်တယ် ဟင့် ပြောအုန်းလေး ဒေါသထွက်နေတဲ့အသံကြီးနဲ့ ပြောပစ်လိုက်ပါ ဟင့် ကိုယ့်ယောက်ျားဘာလုပ်နေတယ်ဆိုတာတောင် ခခမှာ သိခွင့်မရှိဘူးလား..... ဟင်! ဟင့် အဟင့်..."
"ကျစ် ခခကကွာ..."
"သွား! လာမထိနဲ့! လွှတ်! လွှတ်! ဟင့်အင်း! လာမဖတ်နဲ့! လွှတ်! ဘုတ်! ဘုတ်! ဟင့် အဟင့် အီးးးးး ရှင်ကြီးကို မုန်းခြင်တယ်သိလား အကျင့်မကောင်းတဲ့သူကြီးးးးးးး သူများကတော့ သူကြီးကို တစ်ခုခုများဖြစ်နေပြီလားဆိုပြီး စိတ်ပူပြီး အိပ်တောင်မအိပ်နိုင်ပဲ စောင့်နေခဲ့ရတာ သူကြီးကတော့ ဟင့် ရတယ် ခခကို ဘယ်တော့မှ လာမခေါ်နဲ့ ရှင်ကြီးတို့ကိစ္စ ရှင်ကြီးတို့ဘာသာရှင်းကြ သွား! ခခတို့က အရေးမှမပါတာ အဲ့ဒါကြောင့် အရေတယူလုပ်မနေနဲ့ သွား! ဘုတ်! ဘုတ်! မကောင်းတဲ့လူကြီး... အီးးးးး"
ရေပြင် ထိန်းလို့မရအောင် ဗြောင်းသက်နေတာမို့ ရုန်းကန်နေတဲ့ ကြားက စောင်ထုပ်လေးအတိုင်း အတင်းဆွဲဖက်ထားလိုက်မိသည်။ ဒါတောင် သူ့ရင်ခွင်ထဲကနေ စိတ်ရှိတိုင်းထုရိုက်ပြောဆိုနေတာမို့ သူထွေးဖက်ထားရင်း သူ့မေးအောက်နားက သူမလေးခေါင်းလေးကို နွေးထွေးစွာ နမ်းရှိုက်နေမိသည်။
"sorry... sorryပါကိုကို့ပန်းလေးရယ်... ဟုတ်တယ် ကိုကိုကမကောင်းတဲ့လူပါ ကိုကို့ကြောင့် ကိုကို့ပန်းလေး မျက်ရည်ကျနေရပြီ ကိုကိုတောင်းပန်ပါတယ် ကိုကိုပျော်ရွှင်အောင်လုပ်ပေးရမယ့်အစား ကိုကို့ပန်းလေးကို ကိုကိုမျက်ရည်ကျအောင်လုပ်မိတယ် ကိုကိုက တကယ်မကောင်းတဲ့ကောင်ပါ ကိုယ်တောင်းပန်ပါတယ်ကလေးရယ် ဒီမကောင်းနဲ့ကောင်းကို ခွင့်...."
"မပြောနဲ့! မကောင်းတဲ့ကောင်လို့ဘယ်တော့မှမပြောနဲ့ ဒီကစိတ်ဆိုးလို့ ပြောမိပြောရာပြောမိတာလေ! အဲ့ဒါဘာလို့ မကောင်းတဲ့ကောင်လို့ ကိုယ့်ကိုကိုယ်ပြောနေတာလည်း ခခ ကိုကိုက မကောင်းတဲ့သူမဟုတ်ပါဘူးနော် မပြောရဘူးကြားလား ဘုတ်! ပြောရင် တစ်သက်စာဝေးပြီမှတ်"
ရေပြင် သူစကားတောင်မဆုံးသေး လူကြီးလေးလိုထဆူနေတဲ့ သူမလေးကြောင့် သူပြုံးလိုက်ပြီး တင်းကြပ်စွာဖက်ထားနေရာကနေ ခက်ဖွဖွလေး နွေးထွေးစွာ ပြန်ပွေ့ဖက်ထားလိုက်မိကာ
"အဟက် ပိစိလေးကကွာ... ဗိုက်ထဲမှာ ကလေးလေးရှိနေတာတောင် ကလေးစိတ်မကုန်သေးဘူး အဟွန်း"
"ဘုတ်! ကိုကိုနော် သူများကို ဘာပိစိလေးလည်း ခု သူများဝလာပါပြီနော် ဟွန့်"
"အဟက် ဝလာလည်း အရပ်ကတော့ ထပ်မထွက်လောက်တော့ပါဘူးကွာ..."
"ဟာ ကိုကိုနော်..."
"မဟုတ်လို့လား ပိစိလေးရဲ့"
"အာ.. ကိုကို့ ခခပိစိလေးမဟုတ်ပါဘူးဆို"
"အဟွန်း ကိုယ်သိပါတယ်..."
ရေပြင်စကားကြောင့် ခခ မျက်နှာတစ်ခုလုံးရဲတက်သွားကာ ရေပြင်ရင်ခွင်ထဲ မျက်နှာဝှက်ထားရပ်နဲ့ ရေပြင်ကိုယ်ပေါ် တရဆက် လက်သီးမိုးလေးတွေ ရွာနေမိသည်။
ရေပြင် သူစလိုက်လို့ နားရွက်လေးတွေ နီသွားသည်အထိ ရှက်တက်လွန်းသူလေးကြောင့် သူရင်ဘက်ပေါ်က လက်သီးသေးသေးလေးတွေကို မနည်းလိုက်ဖမ်းလိုက်ပြီး
"အဟွန်း ကိုကိုကစတာပါ ပိစိလေးရဲ့ အိပ်ရအောင်နော် ကိုကိုတောထဲ သွားထားတာ အရမ်းပင်ပန်းနေပြီ"
ရေပြင်အပြောကြောင့် ရေပြင်လက်ထဲက ရုန်းနေတဲ့ လက်သီးစုပ်လေးတွေရပ်တန့်သွားပြီး မျက်စောင်းလေးချီပြီး နှုတ်ခမ်းဆူလေးဖြင့်
"ဘယ်သူက သွားခိုင်းလို့လည်း ကိုယ်ပါကိုယ်သွားပြီးတော့ ဟွန့်"
"အဟား ဟုတ်ပါပြီကွာ.. ဒီကကောင်ကပဲ မနေနိုင်မထိုင်နိုင် ဖြစ်ပြီး သွားလို့ဖြစ်ရတာပါ ဟုတ်ပြီလား.."
"ဟွန့် သိရင်ပြီးတာပဲ ထမင်းမစားတော့ဘူးလား နည်းနည်းယူထားတယ် ရှင်ကြီးစားရအောင်"
"အာ... ချစ်ဖို့ကောင်လိုက်တဲ့ ကိုကို့ပိစိလေး.. ဒါမယ့် အစားထက် အအိပ်က ပိုအလေးသာသွားလို့ သွားအိပ်ရအောင်နော်..."
"ဟွန့် အိပ်ပါလား အိပ်ခြင်တာပဲ ကိုယ်ပါကိုယ်အိပ်ပေါ့"
"အာ.. လာပါ ကိုကို့ပိစိလေးရယ်.. ကိုကို တကယ်အိပ်ခြင်နေပြီ နော်"
"အို! ကိုကို့!"
ပြောပြောဆို သူမကိုအတင်းပွေ့သွားတဲ့သူကြီးကြောင့် ခခ မျက်လုံးလေးဝိုင်းပြီး အလန့်တကြား ကိုကို့လည်ပင်ကိုဖက်ထားလိုက်ရသည်။
သူကြီးကတော့ တကယ်အိပ်ခြင်နေတဲ့ ရုပ်ကြီးနဲ့ အိပ်ယာထဲထိ ရောက်အောင်သွားပြီး သူမကိုသေချာချပြီးတယ်ဆို သူကိုယ်တိုင်လည်း လှဲလိုက်တာ မျက်လုံးတောင်ဖွင့်မလာတော့ပေ။ခခကတော့ သူချလိုက်တယ်ဆိုတာနဲ့ ဆက်ခနဲ ပြန်ထထိုင်လိုက်ပြီး ပတ်လက်အနေအထားနဲ့ ခေါင်းဦးအောက်လက်ထည့်အိပ်နေတဲ့သူကြီးကို အလိုမကျစွာကြည့်လိုက်ပြီး
"ကိုကို့! ရှင်ကြီးဘာလို့ ပြောင်းလည်းသွားရတာလည်း အရင်ကအဲ့လိုကလေးမဆန်ပါဘူး ခုမှဘာလို့!... ဟယ်! အ့! ကိုကို့! ဘယ်လိုလုပ်လိုက်တာလည်း ဗိုက်ထဲမှာ ကလေးလေးရှိတယ်လေ"
ခခ ရုပ်တရပ်ဆိုသလို မျက်လုံးမှိတ်ရပ်နဲ့သူမကိုယ်လေးကို ဆွဲဖက်လိုက်တာ သူမလိပ်ပြာလွင့်မတက်လန့်သွားရသည်အထိပင်။
"ကျစ် နားငြီးလိုက်တာကွာ.. အိပ်တော့ ဘာမှမပူနဲ့ အဲ့ကောင် ကိုယ့်သာမို့လို့ အကျောတင်းမှာ ဒီလောက်ကတော့အေးဆေး"
"အာ ကိုကို ဘာကလေးကို အကျောတင်းလည်း ခခသားက ခခနဲ့ပဲတူမှာ ကိုကိုနဲ့မတူခိုင်ဘူး ဟွန့်"
"ပိစိလေး အိပ်လိုက်တော့ကွာ... မဟုတ်ရင် ကိုကို့ပိစိလေး စိတ်ညစ်သွားရလိုက်မယ်"
ခခ သူမကို သူ့ရင်ဘက်ကြီးထဲထည့်ပြီး အိပ်ဖို့ပြောနေတဲ့ကိုကိုကြောင့် သူမမျက်စောင်းလေးထိုးပြီး ငြိမ်နေမိသည်။ ကိုယ် ကိုယ်တိုင်ကလည်း ပြန်မပြောရဲတော့တာမို့
ရေပြင် သူပြောလိုက်တယ်ဆို ငြိမ်ကျသွားပြီး အတော်ကြာတော့ ပျော့ခွေသွားတဲ့ ခန္ဓာကိုယ်လေးကြောင့် အိပ်ပျော်သွားပြီဆိုတာ သူသိလိုက်တာပြီမို့ သူမေးအောက်နားမှာရှိတဲ့ ပုနေအောင် ရင်ခွင်ထဲတိုးဝင်နေတဲ့သူမလေးနဖူးလေးကို အမြတ်နိုးဆုံး နမ်းရှိုက်လိုက်ပြီး စိတ်ထဲမှ စကားတွေဆိုနေမိသည်။
'အချိန်မရွေး ခွဲခွာသွားနိုင်တဲ့ ကိုယ်တို့အခြေအနေကြောင့် ကိုကို ကလေးကို ချစ်တယ်ဆိုတာထက်ပိုတဲ့ အချစ်တွေနဲ့ ပိုချစ်ပေးသွားမယ် ကလေးလေးရယ်...'
>>>>>>>>>>>>>>>>>
"ဝ.....လုံး!"
"ဝ........ရုံး!"
"အာ.. ဝရုံးမဟုတ်ဘူး ဝလုံး ပြန်ဆိုကြည့် ဝ....လုံး!"
"ဝ.......ရုံး!"
"ကျစ် ဝရုံးမဟုတ်ပါဘူးဆို ဒါလေးတောင် မဆိုတက်ဘူးလား ပြန်ဆို ဝ....လုံး!"
"အင့်! ဟင့် အဟင့် အီးးးးးဟီးးးဗြဲ...."
"အာ... ဘာလို့ငိုတာလည်း မငိုရဘူးလေ ကျစ် မငိုနဲ့နော်..."
"အင့် ညိုပါပဲ... ကျားချိုတာပဲဟာ ချိုလို့မှမရတာ ကျူပါကျူမပီတာလေရို့ ဟင့် အဟင့် အီးးးးးးဟီးးဗြဲ အမိရေး.... ကျားရိုလာချော်ပါ ဟီးးးးး"
"အောင်းမား အမေကိုတနေသေးတယ် တိပ်! မငိုနဲ့ ငိုရဲငိုကြည့် ဒီမှာတွေ့လား တုပ် ငါကရိုက်မှာနော် နင့်အမေကိုယ်တိုင် ငါနဲ့ထားသွားတာ ဆို မရမခြင်းမပြန်ရဘူးမှတ်"
"အီးးးးဟီးးးး အမိရေးးးးးးးးး"
ရေပြင် တဲပေါက်ဝကကြည့်နေရင်း တကယ်စိတ်မချမ်းသာတော့ပေ။ သင်နေတဲ့ကလေးက ရှေ့သွားနှစ်ချောင်းအပြင် အောက်သွားတစ်ချောင်းပါကျိုးနေတာမို့ စကားတောင်ပီအောင်မပြောနိုင်ပေ။ ဒါကို အတင်းမရမကဆိုခိုင်းနေတဲ့ ခခကြောင့် ရယ်တော့ ရယ်ခြင်မိသည်။ မနက်စောစော ထမင်းကြမ်းစားပြီးတယ်ဆို ဘာစိတ်ကူးပေါက်မှန်းမသိ တဲနားက သစ်ပင်ဝိုင်းမှာ ကလေးတွေခေါ်ပြီး တုပ်တစ်ချောင်းနဲ့စာသင်နေတာအတော်ကြာပြီဖြစ်သည်။ အစက သူလည်းတအောင့်ပါဆိုပြီး နေ နေရာမှ ခုဆို နေအတော်မြင့်လို ရေချိုးချိန်ပင်ရောက်ပြီဖြစ်သည်။ ဒါကို ဇွဲကြီးကြီးနဲ့ မြေကြီးမှာ ဝလုံးရေပြသင်နေတဲ့ကောင်မလေးနဲ့ နှပ်ချီးတွဲလွဲမျက်နှာရှုံ့မဲ့မဲ့ဖြစ်နေတဲ့ကလေးတွေကြောင့် သူမပါရင် မဖြစ်တော့တာမို့ ရေပြင် တဲဝကလှမ်းအော်ခေါ်ရင်းသွားလိုက်မိသည်။
"ဟေ့! ခခ! ခခ! ဟေ့!"
ခခ ဒီမှာက စာသင်မရပါဘူးဆို နောက်က အသံဗြဲကြီးနဲ့အော်နေတဲ့ သူကြီးအသံကြောင် ဆံပင်လေးတွေ လွင့်တက်သွားသည်အထိ ဆက်ခနဲ မျက်မှောင်ကျုံ့နဲ့ကြည့်လိုက်ပြီး
"ဘာတုန်း! ဒီမှာစာသင်နေတယ်လေကိုကိုရာ... ဘာလုပ်မို့လည်းပြော"
ရေပြင် အစကတော့ ထူးသံခက်စောင့်စောင့်နဲ့ လှည့်လာပြီး သူ့မျက်မှောင်ကျုံ့မျက်နှာတွေ့တော့မှ လေသံပျော့ကျသွားတဲ့သူမလေးကြောင့် သူ ခါးထောက်ရပ်ကို မဖြေသေးပဲ
"ကျစ် ဘယ်ချိန်ရှိနေပြီလည်း ထမင်းစားဖို့အချိန်နီးနေပြီ ရေလည်းချိုးရအုန်းမယ်လေ ကလေးတွေကိုလည်း ပြန်ခိုင်းလိုက်တော့ သူတို့လည်း ရေချိုးရအုန်းမယ်ဟာ"
ရေပြင် သူ့စကားကြားတယ်ဆို ကလေးတွေမျက်နှာလေးတွေက ပြုံးဖြီးကုန်ကြပြီး ခေါင်းတွေစွတ်ငြိမ့်ထောက်ခံနေကြသည်။ ဒါကိုပင် သူမလေးက
"အောင်း..မား... ဘာရယ်နေကြတာလည်း တွေ့မယ် မနက်ဖြန်ကျမှ မနက်ပြန်လာခဲ့ကြနော် ပြန်မလာရင် အိမ်ထိလိုက်ခေါ်မှာ သွားသွား ရေသွားချိုးကြတော့... အော် ဟဲ့ ဟဲ့ နေအုန်း"
ခခ ရေသွားချိုးတော့ဆိုကတည်းက ဖင်ကြွပြီး ပြေးတော့မယ်ခလေးတွေက ခခရဲ့ ဟဲ့ဟဲ့ဆိုတဲ့စကားကြောင့် ပြေးမဲ့ခြေလှမ်းတွေတောင့်သွားသည်အထိ ရပ်နေကြတော့သည်။
"ဘာမှတော့မဟုတ်ဘူး မနက်နင်တို့ ဝလုံးကို ပီအောင်ဆိုနိုင်အောင် အိမ်မှာ ပြန်ဆိုနေကြနော် ရပြီ သွားတော့"
ရေပြင် ခခရဲ့ ရပြီအသံကြားတာနဲ့ မှုန်နေအောင် ပြေးသွားကြတဲ့ ကလေးတွေကိုကြည့်ပြီး ရယ်လိုက်မိသည်။
"အဟွန်း ကိုကို့ပိစိကိုအတော်ကြောက်ကြသားပဲနော်"
"အဟွန်း ကြောက်ရမယ်လေ ပန်းမြိုင်လယ်ပဲဟာ ဟင်းဟင်း"
ရေပြင် သူရွဲ့တာကို အတည်ထင်ပြီး ဂုဏ်ဆာနေတဲ့ ခခကိုကြည့်ပြီး သူကြိပ်ပြုံးမိသည်။
"ခခ ကိုကိုပြောပြမယ် ကလေးတွေမဆိုနိုင်တာကို အရမ်းမဆိုခိုင်းပါနဲ့ကွာ.... နောက် မင်းသင်မယ့် နောက်သင်ခန်းစာတွေပါ လာမသင်ဖြစ်သွားမယ် စာဆိုတာ အဲ့လိုမသင်ရဘူး"
"အို ကိုကိုဘာသိလို့လည်း သူတို့က အရမ်းဆိုးတာ ဆိုတက်ရဲ့သားနဲ့မဆိုကြတာ ခခသိသားပဲ ဝလုံးလောက်ကတော့ နှုတ်တိုက်သင်ပေးရင် ၃နှစ်ကလေးတောင်ဆိုတက်တာပဲဟာ တမင်သူတို့ ခခကိုစမ်းတာ"
"အဟွန်း ကိုကိုကတော့ အဲ့လိုမထင်ပါဘူး ကိုကိုပြောပြမယ် အခု.. ခခသင်တဲ့ ကလေးတွေထဲမှာ သွားမကျိုးတဲ့ကလေးပါလား.."
ရေပြင် အမေးကို ခက်တွေတွေလေးစဥ်းစားပြီးမှ
"သေချာတော့ ဘယ်လိုက်ကြည့်မိမှာလည်း... ကိုကိုရဲ့ မသိဘူးလေ ကျိုးရင်ကျိုးမှာပေါ့ ဘာဖြစ်လို့လည်း"
"အဟွန်း.. မင်းသင်နေတဲ့ ကလေးတွေအကုန် ရှေ့သွားမဟုတ် အောက်သွားကျိုးနေတဲ့သူကြီးပဲလေ"
"ဟယ် ဟုတ်လား မသိပါဘူး ဒါနဲ့ ဘာဆိုင်လို့လည်း ကိုကိုဟာကြီးကလည်း"
"အဟွန်း ဆိုင်တာပေါ့ သွားကျိုးနေပါတယ်ဆို ဘယ်လိုလုပ် အက္ခရာတွေကို သေချာလိုက်ဆိုနိုင်မလည်းကလေးရဲ့ ကျိုးတာတောင် ရှေ့မှာရှိနေတဲ့သွားတွေလေ လေယူလေသိမ်းကျ သူတို့ဘယ်အဆင်ပြေမှာလည်း အဲ့ဒါကြောင့် စကားမပီကြတာ"
ရေပြင် အပြောကို ခက်တွေတွေလေး အတော်ကြာအောင်စဥ်းစားပြီးမှ သဘောပေါက်သွားဟမ်ရှိသွားကာ တစ်ထက်တည်းမှာပဲ မျက်နှာလေးရှုံ့မဲ့ပြီး
"ဟင့် သနားပါတယ် ခခကမသိတော့ သူတို့ရရဲ့သားနဲ့မဆိုတာဆိုပြီး အတင်းဖိဟောက်နေတာ ကိုကိုပြောတာလည်းဟုတ်သားပဲ တော်သေးတယ် မရိုက်မိလို့ ရိုက်လိုက်လို့ သူတို့မိဘတွေ သွားတိုင်ရင် ခခတော့ သေပြီပဲ"
"အဟွန်း အခုမှနောင်တရမနေနဲ့ မသိလို့ပဲဟာ နောက်အဲ့လိုမလုပ်နဲ့ကြားလား"
"ဟုတ်"
"အွန်း ရေချိုးရအောင် နေတောင်အတော်မြင့်ပြီ လာ"
"ဟုတ်"
"အကိုရေပြင်! အကိုရေပြင်!"
ရေပြင်တို့ တဲပေါ်တက်မို့ရှိသေး ခက်လှမ်းလှမ်းက လှမ်းခေါ်လိုက်တဲ့ မဟော်ကြောင့် သူရောခခပါ ပြိုင်တူလှည့်ကြည့်လိုက်ကြပြီး
"အေး မဟော် ဘာကိစ္စလည်းကွ"
"ဟို အကို့ကို ဦးငထီးခေါ်ခိုင်းလိုက်လို့ ပြောစရာရှိလို့တဲ့"
◾◾◾◾◾◾◾◾◾◾◾◾◾◾◾
ဒီအပိုဒ်ကိုနှစ်ခါတောင်ပြန်ရေးရတယ် အရင်ပထမဆုံးရေးထားတာလောက်မကောင်းသလိုပဲ😞 ရေနေရင်းမပြီးတပြီးပဲရှိနေပြီးမှ ဘယ်လိုဘယ်လို zgပြောင်းသွားလည်းမသိဘူး အဲ့ဒါuniပြန်ပြောင်းလိုက်တာ အရင်က pastလုပ်ထားတဲ့စာတွေပေါ်လာတယ် လူကို ရူးခြင်သွားတာပဲ🤧
စာဖတ်သူများကို အစဥ်လေးစာလျှက်
#မြူခိုးဝေဝေ
စာဖတ်သူများကိုအ