book

Index 38

အပိုင်း (၃၈)

ကိုကို့မို့ ချစ်တာလို့ ☹


"သတိလည်းပြန်ရပြီဆိုတော့ ထွေထွေထူးထူး ကုစရာမလိုတော့ပါဘူး။ ခေါင်းကဒဏ်ရာအတွက်ပဲ ဆေးပေးခဲ့မယ်။ ဒါနဲ့ အတိပ်မေ့တုန်းက ကိစ္စတွေကိုတော့ သတိမရတော့ဘူးပေါ့ ဟုတ်သလား"


"ကျစ် လူတွေတောင်မမှတ်မိတာ အဲ့တုန်းက အကြောင်းကိစ္စဆို ပိုဆိုးတာပေါ့ ကျွန်တော့်ကို ကုပေးခဲ့တယ်ဆိုတဲ့ ခင်ဗျားကိုတောင် မသိတာလေ အတိပ်မေ့နေတုန်းက ကိစ္စတွေဆို ပိုဝေးတာပေါ့"


ရေပြင်ရဲ့ အစီလျှော်မတည့်တဲ့စကားအဆုံး ဦးငထီးကျေနပ်သွားဟမ်ရှိကာ


"အွန်း ဒီလိုပဲဖြစ်တက်ပါတယ် သတိရသွားပြီဆိုတော့ ကြီးမြတ်သူဆီ သွားဦးတင်လိုက်ပါ"


တုံးတိတိလေသံနဲ့အဆုံးထထွက်သွားတဲ့ ဦးငထီးကို ရေပြင် သံသရမကင်းတဲ့မျက်လုံးတွေနဲ့ကြည့်နေမိသည်။ 


ခခ ဦးငထီးကို မလိုလားတဲ့အကြည့်တွေနဲ့ကြည့်နေတဲ့ ကိုကို့ကိုကြည့်ပြီး သက်ပြင်းချလိုက်မိသည်။ ခခ ကိုကို့ကို ရောက်တဲ့ရက်ကစပြီး အခုချိန်ထိ ဖြစ်ပျက်ခဲ့သူမျှပြောပြအပြီး ချက်ခြင်ဆိုသလို ဦးငထီးကိုလိုက်ပြဖို့နဲ့ ဦးငထီးသမီးကိုလိုက်ပြခိုင်းဖို့ပဲ တာစူနေတာဖြစ်သည်။ အခုလည်းကြည့်အုန်း ဦးငထီးကို ကြည့်နေတာက...


"ကိုကို ကိုယ့်ကိုဆေးကုပေးနေတဲ့သူကို ဘာလို့ကောင်းကောင်းမဆက်ဆံတာလည်းပြော"


ရေပြင် ခခတို့ သူ့ကိုပြောပြပြီးကတည်းက ဒီနေရာမှာရှိတဲ့သူ​တွေအကုန်လုံးက လျှို့ဝှက်ချက်တစ်ခုမဟုတ် တစ်ခုရှိနေမယ်ဆိုတာသေချာသည်။ ပုံစံတွေအရဆိုလည်း သူတို့အဖွဲ့ကိုမလိုလားတာသေချာနေသည်။ ဒီလိုအခြေအနေမှာ သူလူတိုင်းကို သင်ကာမကင်းတဲ့အကြည့်နဲ့ကြည့်တာ မှားလို့လား...


"ကျစ် ခခ မင်းမသိသေးတာတွေရှိသေးတယ် ဒီနေရာက မင်းထင်သလောက်မရိုးရှင်းဘူးခခ"


"ဟုတ်ပါပြီ ရှင်ကြီးပဲရိုးရှင်း သူများက စေတနာနဲ့ပြောတာကို ဟွန့်"


ချစ်လွန်းလည်း အကိုရေပြင်ဆိုလိုခြင်တာကို နားလည်နေသူမို့ ခခကို လက်တို့လိုက်ပြီး လေသံခက်တိုးတိုးဖြင့်သာ ပြောလိုက်မိသည်။


"ဟုတ်တယ်ခခ ငါ့လည်း အကိုရေပြင်ထင်သလိုထင်နေတာကြာပြီ ဘာပဲပြောပြော ငါတို့ဝင်မပါတာပဲကောင်းမယ် အကိုမဟော်နဲ့အကိုရေပြင် ကြည့်ရှင်ပါစေဟာ နော်"


ချစ်လွန်း တိုးတိုးကြိပ်ကြိပ် ကပ်ပြောမှပဲ ခခ အထွန့်တက်ခြင်နေတဲ့ ပါးစပ်လေးကိုပိတ်လိုက်ရသည်။ သိတယ် သူကြီးသတိရလာရင် ဆရာလုပ်တော့မယ်ဆိုတာ...


ရေပြင် ချစ်လွန်းက ဘာတွေကပ်ပြောလိုက်လို့ ငြိမ်ကျသွားသည်မသိပင်မယ့်။ အနည်းဆုံးတော့ သူ့ကိုကောက်နေပြီဆိုတာသိလိုက်သည်။ မတက်နိုင် သူ့ခေါင်းထဲမှာလည်း သတိပြန်ရလာပြီးကတည်းက သူမနဲ့ကလေးအတွက် ဒီတိုင်းရှေ့ဆက်လို့မဖြစ်တာမို့ အနည်းဆုံး တောထဲက ထွက်နိုင်အောင်လို့တော့ ကြိုးစားရမည်ဖြစ်သည်။ထို့ကြောင့်..


"မဟော် မနက် မင်းငါ့ကို ဦးငထီးဆိုတဲ့အိမ်လိုက်ပို့ပေးလို့ရမလား"


"ရတယ်လေ မနက်သွားကြတာပေါ့"


"ခခတို့လည်းလိုက်မယ်"


"မလိုက်ရဘူး!"


ဝမ်းသာအားရထပြောတဲ့ ခခမျက်နှာလေးသည် ရေပြင်ရဲ့ လေသံမာမာ စကားကြောင့် နှုတ်ခမ်းလေးစူပြီး မျက်စောင်းရွယ်ကာ ဆက်ခနဲထရပ်လိုက်ပြီး


"မလိုက်ရလည်းနေပေါ့ ဟွန့် မလိုက်ရလို့ ခခတို့ကဘာမှဖြစ်မသွားဘူး  နောက်မှရှင်ကြီး ခခကိုစကားလာမပြောနဲ့ လာ သွားမယ် နင်တို့က ဘာထိုင်လုပ်နေကြတာလည်း ကိုယ်တွေကို မလိုလားတဲ့ဆီမှာ လာ! သွားမယ်!"


ဘောက်ဘောက်နဲ့ပြောချပြီး ထွက်သွားတဲ့ ခခကိုကြည့်ပြီး ချစ်လွန်းနဲ့မူပို ကမန်းကတန်း ထလိုက်လာရတော့သည်။


"ကျစ် ငါမရှိတဲ့အချိန်လေးအတော်အတွင်းမှာ ခခ တော်တော်ဆိုးနေပါလား"


မဟော် 'အရင်ကမဆိုးတာမှတ်လို့' လို့ ပြောလိုက်ချင်ပင်မယ့် ခက်ပြုံးပြုံးသာ ထောက်ခံနေလိုက်မိသည်။


>>>>>>>>>>>>>>


"ဗျို့ ဦးငထီး ဒီမှာ ကျွန်တော်တို့လာလည်တယ်ဗျို့ ဦးငထီး"


မိဖွန် တောကောင်ကင်နေရင်း အိမ်ရှေ့ကအသံကြောင့် ဘေးနားမှာ ဘာတွေရေးခြစ်နေမှန်းမသိတဲ့အဖကို တစ်ချက်ကြည့်လိုက်ပြီး


"အဖ အဖ အဖ!"


"ဟင်! ဟမ်! ကျစ် မိဖွန် နင့်ကိုငါဘာပြောထားလည်း ငါဒီလိုလုပ်နေရင် ငါ့ကိုစကားလာမပြောရဘူးဆိုတာ ဟမ်! နင်မမှတ်ထားဘူးလား"


ဦးငထီးဆီးဟောက်လိုက်တာကြောင့် မိဖွန် ဇက်လေးပုနေရာကနေ ကြောက်ကြောက်နဲ့ပဲ


"ဟို... ဟို တဲရှေ့မှာ လူ... လူစိမ်းတွေရောက်နေတယ်ပြောမလို့ပါအဖ"


"ဟေ! ဘယ်မလည်း! အခုလား!"


"ဟုတ်"


"အေးအေး"


ဦးငထီး မိဖွန်စကားကြောင့် ခက်မြန်မြန်စာရွက်တွေနဲ့ ခဲတံအချိို့ကို ဖြစ်သလို ကွပ်ပျစ်အောက်ကိုပစ်လိုက်ပြီး ခက်သုပ်သုပ်ထွက်လာလိုက်သည်။


ရေပြင်တို့ အိမ်ရှင်ခွင့်မပြုပဲမဝင်ချင်တာမို့ အတော်ကြာအောင်စောင့်လိုက်ရသည်။ ခဏအကြာ ဦးငထီးရောက်လာပြီး


"ဝင်လေ ဒါနဲ့ ဘာကိစ္စ...."


"ဟုတ် ဘာရယ်လို့တော့မဟုတ်ပါဘူး ဒီတိုင်း ပျင်းတာနဲ့လျှောက်လာလိုက်တာ"


"အော် အေး ခဏ မိဖွန်! မိဖွန်!"


"ရှင်...အဖ!"


"အေး တောကောင်ပြီးရင် ယူလာခဲ့ဟေ့! ဒီမှာမျိုရအောင်"


"ဟုတ်အဖ"


"အာ.. မဟုတ်တာ ရပါတယ်ဗျာ.. ဒီတိုင်ကျွန်တော်တို့ကလာခဲ့ကြတာပါ တောကောင်ကျွေးရအောင်ထိတော့မလုပ်ပါနဲ့ဗျာ.."


"ရတယ် မင်းတို့လည်း မျိုရအောင်ပေါ့"


"ဟုတ်ကဲ့"


မဟော်ကတော့ ဦးငထီးကို အားနာဟန်ရယ်ပြ စကားပြောနေသလောက် ရေပြင်ကတော့ တဲနဲ့အခြားအရာတွေကို ဘာတွေစိတ်ဝင်စားနေမှန်းမသိ ဦးငထီးကိုပင် စကားမပြောနိုင်တဲ့အထိပင်။'ကျစ် ဒီလူ တော်တော်လူမှုရေးခေါင်းပါးတာပဲ'ရေပြင်စိတ်ထဲက ကြိပ်ပြီးသာပြောနေမိသည်။


"ဟို ကျွန်တော် တဲနောက်ဘက်ကို သွားကြည့်လို့ရလာဗျ ဟို အဘတဲက အခြားတဲတွေနဲ့မတူလို့လေ အဟွန်း"


ပထမဆုံးကြားရတဲ့ ရေပြင့်ထံက ခွင့်တောင်းစကားကြောင့် ဦးငထီး မျက်နှာပျက်သွားပင်မယ့် ခွင့်မပြုချင်ပဲ ပြုလိုက်ရတဲ့ ပုံစံနဲ့ ခက်လေးလေးခေါင်းတစ်ချက်ညိမ့်လိုက်သည်။


ရေပြင် ဦးငထီးခွင့်ပြုတယ်ဆိုတာနဲ့ တဲနောက်ဖက် ခက်မြန်မြန် ထွက်သွားလိုက်မိသည်။


မဟော် အတော်ကြာသည်အထိ ထွက်မလာသေးတဲ့ ရေပြင်ကြောင့် မျက်နှာအပျက်ကြီးပျက်နေတဲ့ ဦးငထီးကို အားနာပြုံး ပြုံးပြနေတာ ဘယ်နှကြိမ်မှန်းမသိတော့ပေ။ အတော်ကြာအောင် စောင့်လိုက်ရပြီးမှ တဲနောက်ဘက်က ထွက်လာတဲ့ ရေပြင်ကိုတွေ့မှသာ သူသက်မချလိုက်နိုင်တော့သည်။


"sorryမဟော် အတော်စောင့်လိုက်ရတယ်ထင်တယ် ငါလည်း စိတ်ဝင်စားစရာတစ်ခုတွေ့တာနဲ့အတော်ကြာသွားတာကကွ sorry"


ရေပြင်စကားကြောင့် အရင်ကတည်းကမျက်နှာပျက်နေတဲ့ ဦးငထီးမှာ မျက်နှာတစ်ခုလုံးမဲမှောင်သွားသည်အထိ မျက်မှောင်ကျုံ့လိုက်မိသည်။ ဒါကို ရိပ်စားမိတဲ့ ရေပြင်က ခနဲသလိုလိုပြုံးပြလိုက်ပြီး


"သွားပြီး ဦးငထီး"


"အဟွန်း သွားပြီနော် ဦးငထီး နောက်မှ လာလည်အုန်းမယ်ဗျာ အဟွန်း"


မဟော်ကသာ နှုတ်ဆက်ရင်းကျန်နေခဲ့တာ ရေပြင်ကတော့ ခြံဝပင်ရောက်နေပြီဖြစ်သည်။ ဦးငထီးမျက်လုံးတွေကလည်း ခြံဝရောက်နေတဲ့ ရေပြင်နောက်ကျောထက်မှာသာ ကပ်ငြိပါသွားတော့သည်။


>>>>>>>>>>>>>>>>>


"မဟော် မနက်ဖြန် ညနေပိုင်းလောက် ငါတို့ အစီစဥ်ဆွဲထားတဲ့ကိစ္စ အကောင်အထည်ဖော်ရအောင်"


"အွန်း ကောင်းသားပဲ လုပ်ကြတာပေါ့"


ခခတို့အုပ်စု ကိုယ်စီမျက်မှောင်ကျုံ့တွေနဲ့ ခက်လှမ်းလှမ်းက သူမတို့ကို ဂရုမစိုက်စွာ အပြန်အလှမ်းအပေးယူတည့်နေတဲ့ ရေပြင်နဲ့မဟော်ကို စုံထောက်တွေအလားထောက်လှမ်းနေကြခြင်ဖြစ်သည်။


ဦးငထီးအိမ်က ပြန်လာပြီးကတည်းက တိုးတိုး တိုးတိုးနဲ့ဘာတွေကြိပ်ကြံနေကြမှန်းမသိတဲ့ရေပြင်တို့နှစ်ယောက်ကြောင့် အခုဆို ရေပြင်နဲ့မဟော်ကို မလိုလားတာ ခခတစ်ယောက်တည်းပဲမဟုတ်တော့ပေ ချစ်လွန်နဲ့မူပိုပါ အစစ်ပိုလာပြီဖြစ်သည်။


"ဟဲ့ တစ်ခုခုတော့ တစ်ခုခုပဲနော် တောထဲသွားလည်း တစ်တွဲတွဲ တဲရောက်တော့လည်း တစ်တွဲတွဲနဲ့ တစ်ခုခုတော့ တစ်ခုခုပဲ"


မူပိုနဲ့ချစ်လွန်း မျက်တောင်မခက် မျက်မှောင်ကျုံ့နဲ့ ရေပြင်တို့ရှိရာကြည့်နေရင်းက ချစ်လွန်းအပြောကို ခေါင်းငြိမ့်ထောက်ခံနေကြသည်။


"ဟုတ်တယ် ငါတို့လည်း အရိပ်အကဲနားလည်းပါတယ်ဟာ နည်းနည်းပါးပါးတော့ တိုင်ပင် ပြောပြသင့်တာပေါ့ ခုက ကိုရေပြင် သတိပြန်ရကတည်းက ထူးဆန်းနေတာ ဟော နောက်တော့ အကိုမဟော်ပါ အလိုတူအလိုပါတွေဖြစ်လာရော တစ်ခုခုတော့ တစ်ခုခုပဲ"


"နင်တို့ကလည်း တစ်ခုခုကနေကိုမတက်တော့ဘူး ငါက ဘာများထူးမလည်းနားထောင်နေတာ တစ်ခုခုကကို မတက်တော့ဘူး"


ခခအပြောကြောင့် ချစ်လွန်းနဲ့ မူပိုတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး


"နင်တောင်ကြည့်နေတာခြင်းအတူတူ တစ်ခုခုဆိုတာကလွဲလို့ ထူးပြီးသိလို့လား ပြော"


ခခ ဒါကျတော့ ချစ်လွန်းတို့အပြောကို ဇက်လေးပုပြီး ခက်ညုညုရယ်ကာ..


"ဟင်း..ဟင်း.. ဒါတော့ဘယ်သိမလည်းလို့ အဟွန်း"


"ဟွန့် တူတူပဲကိုများ"


"ဟဲ့ ဟဲ့ ဟိုမှာ တောဘက်ထွက်သွားကြပြန်ပြီ ငါတို့ကိုတောင်အရေးမလုပ်ဘူး"


ချစ်လွန်းရောမူပိုပါ ခခအပြောကြောင့် လွတ်လွတ်လပ်လပ်ကြီး မက်တပ်ထ ခြေဖျားထောက်ကြည့်မိသည်အထိပင်။ ခခတို့အဖွဲ့ ရေပြင်တို့ကို မျက်လုံးထဲက ပျောက်သွားသည်အထိ မျက်တောင်မခက်ကြည့်နေကြရင်းမှ ပြိုင်တူရွတ်လိုက်မိတာက


"""တစ်ခုခုတော့ တစ်ခုခုပဲ..."""


>>>>>>>>>>>>>>>>>


"ကျစ် နောက်ဆုံးဒီရေကန်ပဲ ဆုံးတာပဲ ဘယ်လိုလုပ်မလည်း အကိုရေပြင် အတော်လည်းမှောင်နေပြီနော်"


" ရွာကနေ တောထဲဝင်ဖို့ ၄လမ်းရှိတယ် ၄လမ်းလုံးရဲ့အဆုံးကလည်း ဒီရေကန်ပဲရှိနေတယ် ဆက်သွားလို့မရအောင်လည်း မြူတွေစိုင်းထားတာဆိုတော့ တစ်ခုခုတော့တစ်ခုခုပဲ ငါတို့ဆက်သွားကြရင် ကောင်းမလား"


"အင်း သွားကြည့်ကြမယ်ကိုရေပြင် ကျွန်တော် တောထဲက ဓာတ်မီးတစ်လုံးရထားတယ် ဒီမှာလေ သုံးလို့တော့ရသေးတယ် ကျွန်တော်လိုရမယ်ရ ဆောင်ထားတာ"


ရေပြင် ကိုယ်တိုင်လည်း ခခတို့အကြောင်းစုံ​​ပြောပြပြီးကတည်းက ဒီတောထဲကို စူးစမ်းခြင်နေတာနဲ့ အတော်ဖြစ်သွားကာ


"ဒါဆိုလည်း သွားစို့ ဟင်! ဘယ်သူလည်း..! ဟေ့! မေးနေတယ်လေ! ဟာ! ဟေ့!"


မဟော် သူလက်ထဲက မီးကို ဆွဲယူပြီး ဘာမပြောညာမပြော ပြေးထွက်သွားတဲ့ အကိုရေပြင်ကြောင့် သူလည်း ဘာမှန်းမသိ အကိုရေပြင်နောက်ပြေးလိုက်နေမိသည်။ အတော်ကြာပြေးပြီးတယ်ဆို လက်ရှော့လိုက်ဟမ်နဲ့ ရပ်လိုက်တဲ့ရေပြင်​ကြောင့် မဟော်လည်း သူ့နည်းတူ လိုက်ရပ်လိုက်မိသည်။


"တောက်! ဒီနားလေးတင်ကို ကပ်လွတ်သွားတယ် သေချာတယ် အဲ့လူ လူဆိုတာ လူတောင်မှ တောတော်တော်ကျွမ်းတဲ့သူပဲဖြစ်ရမယ် ကျစ် လက်မတင်လေးကိုကွာ..."


မဟော် ရေပြင်စကားအသွားအလာကိုကြည့်ပြီး သူနားလည်သင့်သလောက်နားလည်သွားကာ


"ကျွန့်တော်အထင် ကျွန်တော်တို့ကို နောက်ယောင်ခံနေတဲ့သူရှိနေပြီထင်တယ်"


မဟော်အပြောကို ခါးကြီးထောက်ပြီး ခုထိ ပတ်ဝန်းကျင်ကို စူးစမ်းနေသေးတဲ့ရေပြင် ခေါင်းငြိမ့်ထောက်ခံနေမိသည်။


"မင်း စဥ်းစားမိလား မဟော် ဦးငထီးငါသတိပြန်ရတာသိတဲ့နေ့ကလေ"


"ဘာကိုလည်း ကိုရေပြင်"


"ကျစ် သူငါ့ကို မေးနေတာလေကွာ အရင်အတိပ်မေ့နေတုန်းက ကိစ္စတွေရော သတိရသေးလားတဲ့ မင်းမကြားဘူးလား"


"အင်း ကျွန်တော်ကြားတယ်လေ အဲ့ဒါဘာဖြစ်လိုလည်း သူမေးဖို့လိုလို့နေမှာပေါ့"


"ကျစ် ငါပြောရင်လည်း မင်းခံရအုန်းမယ် လူ့မျက်နှာရိပ်မျက်နှာကဲ သေချာအကဲခပ်ပါဆို မင်းဘာကို အကဲခပ်နေမှန်မသိဘူး ငါအဲ့မှာ အတိပ်မေ့တုန်း​က လူတွေကို သိဖို့မပြောနဲ့ အကြောင်းအရာတွေတောင်မသိတော့ဘူးပြောလိုက်တာ သူမျက်နှာ ကျေနပ်သလိုဖြစ်သွားတာလေ နောက်ပြီး သူ့အိမ်ကို ငါတစ်ခါသွားလည်တုန်းကလည်း အိမ်ပုံစံကအစ အခြားအိမ်တွေနဲ့ မူကွဲနေတာလေကွာ နောက်ပြီး ပိုထူးဆန်းတာက သူ့အိမ်မှာ ငါစာအုပ်တစ်အုပ်တွေ့ခဲ့တယ် မြန်မာလိုရေးထားတဲ့ စာအုပ်နော်ဟျောင့် ငါအဲ့ကတည်းက သူ့ကိုမသင်ကာဘူး သူမြိူ့ဆိုတဒ့နေရာမရောက်ဖူးရင်တောင်မှ လူအရောက်အပေါက်ရှိတဲ့ရွာတစ်ခုခုကိုတော့ သူသွားဖူးရမယ်"


ရေပြင်စကားကြောင့် မဟော်လည်း အတော်တွေသွားကာ


"ဖြစ်နိုင်တယ် သူကျွန်တော်တို့ကို ဆက်ဆံပုံကိုကြည့်လေ တမင်းစိမ်းအောင်နေသလိုဖြစ်နေတာ သူ့အကြောင်းတစ်ခုခုပေါ်မှာဆိုးလို့ဖြစ်မယ်"


"ဖြစ်နိုင်တယ် ထားလိုက်တော့ မိုးတောင်အတော်ချုပ်နေပြီငါတို့ပြန်လှည့်ရအောင်"


"ပြန်လှည့်ကြတာပေါ့"


ရေပြင်နဲ့မဟော် စောနကလူရိပ်ကိုပြေးလိုက်ခဲ့တာကြောင့် ရေကန်နားရောက်အောင်တော့ အတော်သွားလိုက်ရသည်။ တဲတွေနဲ့ခပ်လှမ်းလှမ်းရောက်တော့ ဦးငထီးတဲကလွဲလို့ ကျန်တဲ့တဲအကုန် မီးမှိတ်လို့ပင်။ မဟော်စိတ်ထဲတွင်တော့' ဒီလူ ဒီချိန်ထိမအိပ်သေးဘူးလား..' ရေပြင် မီးလင်းနေတဲ့ ဦးငထီးတဲဘက်ကို ကြည့်လိုက်ပြီး တစ်ခုခုကိုနားလည်သွားသလိုပြုံးလိုက်မိသည်။


ဦးငထီးတဲတွင်တော့...


"အဖ ရရဲ့လား ခြေထောက်က ခြစ်ရာကြီးကအတော်ကြီးတာနော် ပြောသားပဲ မိုးချုပ်ရင် တောထဲမသွားပါနဲ့ဆိုတာကို ခုဖြစ်ပြီမဟုတ်လား"


"နင်သွားအိပ်တော့မိဖွန်! ခုကိစ္စကို ဘယ်သူမှမပြောနဲ့ကြားလား!"


"ဟုတ် ဟုတ်ကဲ့အဖ"


ဦးငထီးရဲ့ အသံခက်ဆက်ဆက်ကြောင့် မိဖွန် ခက်ကုပ်ကုပ်နဲ့ခေါင်းငြိမ့်ပြီး တဲနောက်ထဲပြန်ဝင်ခဲ့ရသည်။ 'ခုတလောအဖ ဘာတွေဖြစ်နေတာဘာလိမ့်။ အခုလည်း အချိန်မတော်မှ တောထဲထွက်သွားပြီး ပြန်လာတော့ ဒဏ်ရာကြီးနဲ့..' မိဖွန်တစ်ယောက် အတော်ကြာအောင် အတွေးနဲ့ချဲ့ပြီးမှ'အို ငါနဲ့မဆိုပါဘူးလေ ငါ့ကိစ္စကို အဖ ပြန်ကြောင်းမဆူတာပဲတော်လှပေါ့' မိဖွန်ကိုယ့်အတွေးနဲ့ကိုယ် ခေါင်းငြိမ့်ပြီး အိပ်စက်ခြင်းကို စလိုက်တော့သည်။ အိမ်ရှေ့က ဦးငထီးကတော့ ခုထိ မြင်နေရတဲ့ ဟိုလူငယ်ရဲ့ မျက်ဝန်းစူးစူးတွေကို သူ့မျက်လုံးထဲက မထွက်ပေ။ အကယ်၍ သည်လူငယ်ကသာ သူတို့ရဲ့ လွတ်မြောက်ရာဆိုခဲ့လျှင်.....


◾◾◾◾◾◾◾◾◾◾◾◾◾◾◾


စာဖတ်သူများကိုအစဥ်လေးစားလျှက်


#မြူခိုးဝေဝေ


rate now: