ကိုကို့မို့ ချစ်တာလို့ ☹
"သား.... သားငယ်လေး..... သား.."
"ညီ... ညီ.... ညီရေ...."
"မြေး... မြေးလေး........"
ရေပြင်တစ်ကိုယ်လုံးကိုက်ခဲပြီး တဆစ်ဆစ်ကိုက်ခဲနေတဲ့ဦးခေါင်းကြောင့် ကြားတစ်ချက် မကြားတစ်ချက် ကြားနေရတဲ့အသံတွေ။'ဟုတ်တယ် သူသေချာရင်းနှီးနေတဲ့အသံတွေ။သေချာစဥ်းစား... သေချာစဥ်းစားရေပြင်.. မင်း... ဟင် ဟုတ်တယ် ရေပြင်ညီ... ဟုတ်တယ် ဒါ..ဒါငါ့နာမည်... သူတို့ သူတို့က.... မေ...'
"ကျစ် အ့!"
"ဟင်! ကိုကို!"
"ဟင် ခခ ကလေး.."
ရေပြင် တွေးလွန်းလို့ ဒိန်းခနဲထိုးကိုက်လာတဲ့ခေါင်းနဲ့အတူ ခခအသံကြားလိုက်တာကြောင့် သူ့ခေါင်းထဲ ရှုပ်ထွေးမှူတွေ ရုပ်တရုပ်ဆိုသလိုပျောက်ရှသွားပြီး
"ခခ! ဝုန်း! အ့! ကျစ်ကျစ် ဟင်း.... ကလေး... မင်း ဘာ! ဘာမှမဖြစ်ဘူးနော်! ကလေး ကလေးရာ..."
"အင့်!"
ခခ ရုပ်တရပ်ဆိုသလို ဂယောင်ဂတမ်းတွေပြောနေရာက ထထိုင်းပြီး သူမကိုအတင်းဆွဲဖက် မျက်ရည်တွေကျနေတဲ့ ကိုကိုကြောင့် သူမမျက်လုံးဝိုင်းလေးနဲ့ ကြောင်အနေမိသည်။ ကိုကိုငိုတာ ပထမဆုံးတွေ့ဖူးတာမဟုတ်လား....
"အွန့်! ကလေး.. မင်း မင်းကိုဆုံးရှုံးလိုက်ရပြီထင်နေတာ.. မင်း... မင်းနဲ့ကိုယ်ခွဲရပြီထင်နေခဲ့တာ အွန့် ကို... ကိုဝမ်းသာလွန်းလို့ သေတော့မလိုပဲ ကလေးရာ..."
ခခ ပြောလိုက်ငိုလိုက်နဲ့ တဖြေးဖြေးတင်းကြပ်လာတဲ့ ခံစားချက်ကြောင့် အသက်ရှူမရတော့သလိုဖြစ်လာတာမို့
"ဟို.. ကိုကို.. ခခ... ခခအသက်ရှူကြပ်တယ်..."
ရေပြင် သူ လေပွေကြီးနဲ့ပါသွားချိန် နောက်ဆုံးမြင်လိုက်ရတဲ့ ခခတို့မြင်ကွင်းကြောင့် ကြောက်လန့်တကြား ထွေးပွေ့ ပွေ့ဖက်နေခြင်းဖြစ်သည်။ အချိန်အတော်ကြာမှ ခခရဲ့အသံလေးကြောင့် သူ အသိစိတ်ကပ်လာကာ ဆက်ခနဲလွှတ်လိုက်ခြင်းနဲ့အတူ လက်တို့က ခခလက်မောင်းတို့ထံပြန်ရောက်သွားပြီး
"sorry sorryကလေး... ကိုယ် ကိုယ်လေ... မင်း.. မင်းကို ဆုံးရှုံးခဲ့ရပြီထင်နေတာ.. မင်းအသက်ရှင်နေပေးလို့ ကျေးဇူးပါကွာ.... အင့်!"
ခခ အသံလေးထွက်သွားသည်အထိ ပြန်ဖက်ခံလိုက်ရတာကြောင့် သူမခေါင်းထဲရှုပ်ထွေးမှု့တို့နဲ့အတူ ကိုကို့ရင်ခွင်ထဲ ပြန်ရောက်ရှိသွာကာ ထို့နောက် လက်ခနဲ ဖြစ်သွားတဲ့ မျက်ဝန်းအစုံနဲ့အတူ ကိုကို့ရင်ခွင်ထဲက အတင်းရုန်းထွက်ကာ သူမလက်အစုံကို ကိုကို့ပါးပြင်ထက်အပ်လိုက်ပြီး..
"မဟုတ်မှ... မဟုတ်မှ!... ကိုကိုအတိပ်ကိုပြန်သတိရသွားတာလားဟင်! ဟုတ်လား.. ဟုတ်လားကိုကို.. ဟင့် ဟုတ်တယ်မဟုတ်လားဟင်ကိုကို.. ဟင်...."
ရေပြင် သူခုနိုးလာပြီလေ ဘာကို အတိပ်ကို ပြန်သတိရပြီလားမေးနေတာလည်း နားမလည်မှု့အပေါင်းနဲ့ မျက်ရည်ဝေ့နေတဲ့ သူမလေးမျက်ဝန်းတွေကို စူးစမ်းနေရင်း..
"ကလေးဘာတွေပြောနေတာလည်း... ကိုယ်က ဘာကိုသတိရရမှာလည်း ကိုအတိပ်မမေ့ဘူးလေ ကိုယ်တို့ လေကြောင်းမိပြီး....."
"ဟင့် အဟင့် အီး ဟီး..... ဘုပ်! ဘုပ်! လူဆိုးကြီး! လူရုပ်မာကြီး! သူများကို အကြားကြီးပစ်ထားတယ် ဒီမှာ ရူးလို့ သေတော့မလိုပဲသိလား အီး..... ကမ်းမမြင်လမ်းမမြင်တဲ့ ဒီတောကြီးထဲမှာ အဆင်မပြေမှုတွေနဲ့ ခခဘယ်လောက်သည်းခံနေရလည်း ရှင်ကြီးသိရဲ့လားလို့! ဘုပ်!ဘုပ်! ဟီး.... အင့် ရှင် ရှင်ကြီးကလေ.. ဟင့် ကလေးလေးရှိနေတာတောင် ဂရုမစိုက်ခဲ့ဘူး သိရဲ့လား ခခ... ခခ... ဟင့် ခခ ကလေးလေးရှိနေတယ်ဆိုတာသိတုန်းက ပျော်... ပျော်တယ် ဒါမယ့် ကြောက်တယ်... ပြီးတော့ ဘာတွေမှန်းမသိတဲ့ ဒီလိုနေရာမှာ ခခ... ခခ.. ဟင့် ခခ ကလေးလေးကို မမွေးခြင်ဘူး... ဟင့် ဘုပ်! အဲ့ဒါ ရှင်ကြီးသိရဲ့လားလို့! အီး....."
ရေပြင် ကလေးလေးဆိုတဲ့ အသံတွေကြားလိုက်ကတည်း ခန္ဓာကိုယ်အတွင်းက စီးဆင်းနေတဲ့ သွေးတွေအကုန် ရပ်ဆိုင်သလို ခန္ဓာကိုယ်တစ်ခုလုံး တုတ်တုတ်ပင်လှုပ်မရတော့သည်အလား ကြောင်အနေမိသည်အထိပင်။ ပျော်တယ်... မဟုတ်ဘူး.. ပျော်တာမဟုတ်ဘူး... ဒါဆို ပီတိလား.. ဟင့်အင်း... ဒါလည်းမဟုတ်ဘူး... မဟုတ်ဘူး... သူ... သူမပြောပြတက်ဘူး.. ဟုတ်တယ် ဒီခံစားချက်ကို မပြောပြတက်ဘူး... သူ... သူနဲ့ခခရဲ့ ဖြစ်တည်မှုမှာ ကလေးလေး.. ဟုတ်တယ် ကလေးလေးရှိနေခဲ့ပြီတဲ့ ပျော်လိုက်တာ.. ကျေနပ်လိုက်တာ... ဘယ်လိုပြောရမှာလည်း ဒီကမ္ဘာမှာ သူတစ်ယောက်တည်း မင်းမှုနေသလိုပဲ ဟုတ်တယ် ကိုယ်တစ်ယောက်တည်း ဘုရင်ဖြစ်နေသလိုပဲ.....။ ရေပြင် မျက်တောင်မခက်ပဲ မျက်တောင်ရှည်တွေရောရှက်နေတဲ့ မျက်ဝန်အစုံမှ အဆုံးအစမဲ့ မျက်ရည်တွေကျနေမိသည်။ ပြီးတော့ ခခကို လွတ်ထွက်သွားတော့မည့်အလား တင်းကြပ်စွာပွေ့ဖက်ထားရင်း ဆံနွယ်တို့နဲ့ရောရှပ်နေတဲ့ သူမဂုတ်သားနုနုလေးကို မြတ်နိုးမဝ မွှေးကျူနေမိသည်။
ခခ သူမကို တင်းကြပ်စွာ ပွေ့ဖက်ထားတာ အစက နားမလည်သလိုရှိပင်မယ့် နောက် ကိုကို့ရဲ့ ရှိုက်သံတွေ ကျယ်လောင်လာတာမို့ ကိုကို့ရဲ့အနမ်းမမည်သော အနမ်းနုနုတို့ကို ခံယူရင်း သူမလည်း ကိုကို့ကျောပြင်ကို ပြန်လည်ပွေ့ဖက်ထားလိုက်မိသည်။ လုံလောက်ပြီ ဒီလောက်ဆို သူမတွက် လုံလောက်နေပါပြီ။ သူမရှေ့မှာ မားမားမက်မက်ရပ်နေမယ့် ကိုကိုရှိရင် သူမဘာမဆို ဖြတ်သန်းရဲပြီ။ အို မဟုတ်ဘူး ကိုကိုဆိုတာရှိနေရင်ကို သူမကျော်ဖြတ်ရဲပြီ...
"ဟင့် ကိုကို့ကို အရမ်းလွမ်းနေခဲ့တာ သိရဲ့လား ဟင့်"
ရေပြင် ခခပြောတာကို ချက်ခြင်းဆိုသလို ပါးစပ်ကထုပ်မပြောနိုင်ပဲ ပွေ့ဖက်ထားရပ် ခေါင်းတွေ အတင်းညိမ့်နေကာ
"ဘာမှမဖြစ်တော့ဘူး... ကိုကိုရှိတယ် ဟုတ်ပြီလား.. ကိုကိုရှိတယ်... မင်းနဲ့ကလေးလေးကို ကိုယ် အသက်နဲ့ရင်းပြီး... အင့်"
ရေပြင် စကားမဆုံးခင် စူပုပ်ပုပ်မျက်နှာလေးနဲ့ ရေပြင်နှုတ်ခမ်းကို လာရောက်ပိတ်ဆို့လိုက်တဲ့ သူမလက်ချောင်းလေးတွေ...။ ခခ မျက်စောင်းချီရပ်နဲ့ နှုတ်ခမ်းလေးစူပြီး..
"ထပ်မပြောနဲ့.. အဲ့အသက်နဲ့ရင်းမယ်ဆိုတဲ့စကားကို ထပ်မပြောနဲ့... ကိုကိုအသက်နဲ့ရင်းစရာမလိုအောင် ခခနဲ့သားလေးက အန္တရာယ်ကင်းအောင် နေပြီး ဒီက ဖေဖေကို ဂရုစိုက်မှာမို့ နောက်အသက်ပေးမယ်ဆိုတဲ့စကား ဘယ်တော့မှမပြောရဘူး ဟုတ်ပြီလား.."
ရေပြင် သူ့ကိုပါ ဖေဖေလို့အမည်ပေးပြီး လူကြီးလေးလို အကဲပိုနေတဲ့ သူမလေးကြောင့်
"ဟားးဟားး ကိုကို့ပန်းမြိုင်လယ်လေးကကွာ... အား... ချစ်လွန်းလို့ ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး စကားတွေ သိပ်တက်နေလို့.. ဒါနဲ့ ကလေးလေးက ကျွန်တော်က ယောက်ျားလေးပါခမျာလို့ ဘယ်တုန်းကလာပြောသွားတုန်း.. ဟွန်.. ပြောပါအုန်း.."
"ခိ ဟို အဲ့ဒါက ဒီမှာ အုပ်ချုပ်ရေးမှူးလို ကြီးမြတ်သူဆိုတဲ့ အဖွားကြီးရှိတယ်ကိုကိုရဲ့ သူကပြောတာ ယောက်ျားလေးမွေးမှာတဲ့ ဟို သူကကြောက်စရာသိပ်ကောင်းတာသိလား တုန်တုန် တုန်တုန်နဲ့ ကြောက်စရာကြီး ပြီးတော့လည်းပြောသေးတယ် ခခကို ဒီမှာမွေးရမယ်တဲ့ သိလား ကိုကို သူများကို ပိုင်ဆိုးပိုင်နင်းနဲ့ ဟွန့် ခခတော့ အဲ့အဖွားကြီးကို ကြည့်မရဘူးသိလား..."
အလိုမကျမှု့တို့ကို ကလေးတစ်ယောက်လို အတိုင်ပြောထူနေတဲ့ ခခကြောင့် အသည်းယားစွာ နှာခေါင်းလုံးလုံးလေးကို ဆွဲလိုက်ပြီး
"အဟွန်း.. ခခကို စိုးရိမ်လို့နေမှာပေါ့ကွ အဲ့လိုမပြောရဘူး လူကြီးသူမကို"
စပြီ သူကြီးသတိရတယ်ဆို သူမကို ဆရာကြီးအထာနဲ့ ဆရာလုပ်လာပြီ။ သတိမရခင်တုန်းကလည်း ဆရာမသိမသာလုပ်သလို ခုသတိရတော့လည်း ဘာထူးလည်း ..
"ဟွန့်"
ရေပြင် စိတ်ကောက်သလို ကလေးဆန်နေတဲ့ သူမလေးကြောင့် တစ်ဖက်လှည့်သွားတဲ့ သူမလေးခေါင်းလေးကို လက်နှစ်ဖက်နဲ့ဆွဲယူ ညှစ်ထားလိုက်ပြီး
"ဘာလည်း အခု ကိုကို့ကို စိတ်ထဲက ကျိန်ဆဲနေပြီလား.. ကိုကိုက ဖြစ်သင့်တာကိုပြောတာလေကွာ.. ကိုကိုသေချာမသိသေးပင်မယ့် ကလေးပြောပုံအရဆို ကိုယ်တို့ မြို့ကိုမရောက်သေးဘူးထင်တယ် ဟုတ်တယ်မှတ်လား.."
"ဟုတ်တာပေါ့ ဘယ်လိုလုပ်ရောက်နိုင်မှာလည်း ဒီမှာနေတဲ့ သူတွေတောင် တောအပြင်ဆိုတာတောင် မသိဘူးတဲ့လေ ရှင်ကြီးသိပြီလား.. ဟွန့်"
"အဟက် ကိုကို့ကို ရှင်ကြီးတွေ ဘာတွေခေါ်ကုန်ပြီလား.. ကိုကိုပြောခြင်တာ ကလေးနားမလည်လို့ပါ ကိုယ်ပြောခြင်တာက ကိုယ့်ကို ဒီအချိန်ထိ ဘေးဥပဒ်မဖြစ်အောင် ကူညီထားတဲ့ သူတို့ကို ကိုယ်က ကျေးဇူးမတင်တဲ့အပြင် မကျေမနပ်တွေပြောနေတော့ ကိုယ်တို့လွန်ရာမရောက်ဖူးလားပြော"
"ဟွန့်! မသိဘူး လာမပြောနဲ့"
ခခ သူမကို ကိုကိုက ကလေးခေါ်ပြီး ချော့လေ၊ အရေးပေးလေ ခခကဆိုးခြင်လေ ဖြစ်နေတာ ဘာစိတ်ပါလိမ့်။ နားလည်ရခင်လိုက်တာနော်...
ရေပြင် သူဆိုလိုရင်းကို လက်ခံနေပင်မယ့် ဆိုးခြင်လို့ သူ့ကိုဂျစ်တိုက်နေတဲ့သူမလေးကြောင့် သူ မြတ်နိုးမဝအကြည့်တွေနဲ့ နွေးထွေးစွာကြည့်လိုက်ပြီး
"အဟွန်း.. စိတ်အားငယ်တာတွေ တစ်ယောက်တည်း ဝမ်းနည်းနေတာတွေရှိရင် လွှတ်ပစ်လိုက်တော့ ကိုကိုရှိနေပြီသိလား.."
""ဟုတ်ကဲ့ပါကိုကို!!""
"ဟင်" "ဟယ် ချစ်လွန်း"
ရေပြင်အပြောကို တဲပေါက်ဝကနေ တက်ညီလက်ညီထောက်ခံလိုက်ကြတဲ့ ချစ်လွန်းတို့သုံးယောက်ကြောင့် ရေပြင်ရော ခခပါ အံသြသွားကြတာဖြစ်သည်။
"ဘာခုမှချစ်လွန်းလည်း အကိုရေပြင် သတိရနေတာတွေပါ ပြန်မေ့သွားအောင် နင်ဂျစ်တိုက်နေတာ ဟွန့် မိန်းမ မပြောလိုက်ခြင်ဘူး.."
"ခိ နင်တို့ကလည်း.."
မဟော် ချစ်လွန်းအပြောကို ဇက်လေးပု ကြိပ်ရယ်နေတဲ့ ခခကိုကြည့်ပြီး သူခက်ဆွေးဆွေးကြည့်နေမိသည်။ ဒီလိုလွတ်လွတ်လပ်လပ်မရယ်ခဲ့တာ သူမလေးဘယ်လောက်ကြာနေခဲ့ပြီလည်း..။ ကိုယ်ကျေနပ်ပါတယ်...
ရေပြင်တစ်ယောက်ကတော့ ခခအပြင် မူပိုတို့ ချစ်လွန်းတို့ကိုပါတွေ့လိုက်တာကြောင့် အံသြတကြီးနဲ့...
"မင်းတို့လည်း အသက်ရှင်နေခဲ့တာလား.."
"ဟုတ် အကိုရေပြင် မူပိုတို့ သတိရလာတော့ အကုန် တစ်စုတစ်ဝေးတည်းရှိနေကြတာလေ"
"တော်သေးတာပေါ့ ဒါနဲ့ ကားပေါ်ကလူတွေကော ဟို ကျစ် စည်သူ စည်သူရော.."
ချစ်လွန်းတို့ ရေပြင်စကားကြားတယ်ဆို မျက်နှာမကောင်းစွာနဲ့
"ဟို အဲ့ဒါတော့မသိဘူး အကိုရေပြင် အကို့ကိုတောင် ချစ်လွန်းတို့ဒီရောက်တာ နှစ်ရက်လောက်ကြာမှ တွေ့တာ သူတို့ခုထိရှိသေးလား ဘယ်တွေရောက်နေပြီလည်းဆိုတာ ချစ်လွန်းတို့မသိဘူး အကို"
"ကျစ်"
ချစ်လွန်း စကားအဆုံး ရေပြင်စုပ်သက်မှုနဲ့အတူ တဲတစ်ခုလုံး တိပ်ဆိပ်သွားတော့သည်။
>>>>>>>>>>>>>>>>
"ဒါဆို သားစည်သူပြောပုံအရဆို အဲ့တောစပ်တော့သေချာတယ်ပေါ့ ဟုတ်လားသား.."
"ဟုတ်တယ် ဒီဓာတ်ပုံထဲကအရဆို အဲ့တောဆိုတာကျွန်တော်သေချာပြောနိုင်တယ် အန်တီ ကျန်တာတော့ ကျွန်တော်လည်း မသိဘူး ကျွန်တော်တို့ သတိရတော့ အဲ့တောစပ်ပဲ နောက်မှ လျှောက်မိလျှောက်ရာ လျှောက်ရင်းနဲ့ ကားလမ်းမပေါ်ရောက်သွားတာ ကျွန့်တော်တို့ ကားလမ်းမရောက်ခင် လမ်းမှားပြီး အဲ့တော်ထဲဝင်ဖို့ ကြိုးစားမိသေးတယ်။ အထဲမှာ မြူတွေအတော်ဆိုင်းနေတာဗျ အဲ့ဒါနဲ့ ဆက်မသွားရဲတော့ပဲ နောက်ခေါက်ပြန်ခဲ့ကြတာ။ အဲ့ဒါတောင် အရင်တောစပ်ရောက်အောင် နှစ်ရက်လောက်ကြမယ်ထင်တယ်သွားလိုက်ရတာ ကျွန်တော်တို့ မျက်စိလည်နေလို့လေ"
ဒေါ်မေမီ ရှည်လျားစွာရှင်းပြနေတဲ့ စည်သူစကားအဆုံး ခွန်အားတွေ တိုးလာခဲ့သည်။ သာမန်လူတစ်ယောက်ဆို ဒီစကားကြားရင် စိတ်ဓာတ်ကျစရာဖြစ်နေပင်မယ့် မိခင်ဆိုတဲ့ သူမရင်ထဲမှာတော့ ကိုယ့်သွေးသားအတွက် ဒါဟာ မျှော်လင့်ချက်ပင်။ ဒီတောထဲမှာ ရှိနေတာသေချာနေပါလျှက် ဘာလို့မရှာနိုင်ရမှာလည်း သူမစည်းစိမ်း ကုန်ရင် ကုန်သွားပါစေ မိုးအဆုံးမြေးအဆုံးရှာမည်ဖြစ်သည်။
"ကျေးဇူးပါသားရယ် သားဆီသာ အန်တီမလာခဲ့ရင် အန်တီဆက်ရှာဖို့ ခွန်အားတွေ ရှိလာခဲ့မှာမဟုတ်ဘူး ကျေးဇူးပါကွယ်.."
"အာ မဟုတ်တာ ရပါတယ်ဗျာ ကျွန်တော်အပန်းမကြီးပါဘူး"
"အဟွန်း ဒါနဲ့ သားလက်ကော သက်သာသွားပြီလား.."
စည်သူ အန်တီမေမီအပြောကြောင့် ပတ်တီးအဖွေးသားနဲ့ မိမိလက်ကို ပြန်ကြည့်လိုက်မိပြီး
"အဟွန်း တနင်္ဂနွေနေ့ဆို ပတ်တီးဖြေပြီ အန်တီရ"
"အဟွန်း ဝမ်းသာပါတယ်ကွယ်.. မင်းတောင် အဆင့်မြင့်တဲ့ ကုသနည်းတွေနဲ့ကုတာတောင် ခုထိအရှင်းမပျောက်သေးတာ အန်တီသားလေးဆို ဘာတွေဖြစ်ပြီး ဘယ်လိုများနေမလည်းမသိဘူးကွယ် ဟင့်"
ရုပ်တရပ်ဆိုသလို မျက်ရည်ကျလာတဲ့ အန်တီမေမီကြောင့် သူလည်းအတော်တော့စိတ်မကောင်းဖြစ်သွားမိသည်။ ဒါပင်မယ့်လည်း သူကိုယ်တိုင်လည်း ဘာမှမတက်နိုင်ခဲ့တာမို့....
◾◾◾◾◾◾◾◾◾◾◾◾◾◾◾
စာဖတ်သူများကို အစဥ်လေးစားလျှက်
#မြူခိုးဝေဝေ