ကိုကို့မို့ ချစ်တာလို့ ☹
ရေပြင် ပေါက်ကွဲတော့မတက် ပူလောင်လာတဲ့ ခန္ဓာကိုယ်ကြောင့် သူဒီလောက်ပြောနေတာတောင် ထွက်မသွားပဲ ဘာကိုကြောင်ရပ်နေမှန်းမသိတဲ့ကောင်မလေးကြောင့် သူဒေါသထွက်လာကာ....
"ဒီလောက်ဖြစ်နေတာ! လာခဲ့!"
"ဟင်! အား! ရှင်.!.. ရှင်ကြီး.!.. အ့ ဘာလုပ်.. လွှတ်! အွန်း!... ကယ်ကြပါအုန်း..!.... အွန်း!...."
ရေပြင် အစကတော့ ခြောက်လန့်ရုံ နမ်းနေခဲ့ပင်မယ့် သူဆွဲချလိုက်လို့ အရုပ်ကြိုးပျက်ပြုပ်ကျလာ ခန္ဓာကိုယ်လုံးလုံးအိအိလေးက ထင်မှတ်မထားလောက်အောင် ခံစားချက်က တစ်မျိုးဖြစ်စေတာမို့ သူရုန်းထွက်ဖို့ကြိုးစားလိုက်သည်။ သို့သော် ရနံ... ဟုတ်တယ် ဒီရနံ.. သူ့ကို ရုန်းထွက်မရအောင် ချုပ်နှောင်နေတယ် ဟုတ်တယ်....
ခခ အသိစိတ်မဲ့နေသူတစ်ယောက်လို အသက်ရှူရပ်မတက် ကြမ်းတန်းလွန်းလှတဲ့ ကိုကိုအနမ်းတွေကြောင့် ကြောက်ကြောက်လန့်လန့်နဲ့ သူမအားကုန်တွန်းထုပ်နေမိသည်။ သို့သော် ကျောက်တောင်အလား ကိုကို့ကိုယ်ခန္ဓာကြောင့် သူမလမ်းစပျောက်နေကာ တဖြေးဖြေး ပိုမိုနက်ရှိုင်းလာတဲ့ ကိုကို့အထိတွေကြောင့် သူမကြောက်ကြောက်လန့်လန့်နဲ့ ဘေးပတ်ဝန်းကျင်ကို ခက်မြန်မြန်လှည့်ပတ်ကြည့်လိုက်တယ်ဆို သူမနဲ့ မလှမ်းမကန်းမှာရှိနေတဲ့ ရေခက် ဝါးပူးတောင်းတစ်ခုသည်.....
"ဒုတ်! အ့! ဘုန်း!"
ခခ ကြောက်ကြောက်လန့်လန့်နဲ့ သူမရိုက်ပြီးတယ်ဆို ဝါးပူးတောင်းကို ခက်မြန်မြန်အဝေးကိုပစ်ထုပ်လိုက်ပြီး သူမကိုယ်ပေါ်မှာ ဘယ်လိုတွေဖြစ်နေပြီမှန်းမသိတဲ့ကိုကို့ကိုယ်ကြီးကို ဘေးကိုတွန်းချလိုက်တယ်ဆို
"ဟင်.. ကို.. ကိုကို... ဟင့် လာ... လာကြပါအုန်း! ဒီ! ဒီမှာကိုကို.. ဟင့်! ကယ်ကြပါအုန်း..! ဟီး..! ဟီး!... ခခ.. ခခ! တောင်းပန်ပါတယ် ဟီး... ခု ခုလိုဖြစ်မယ်မှန်းမသိလို့ပါ ဟီး!...."
"ဟင်! ခခ.. ဟာ! အကိုရေပြင်ညီ! ဒုန်း!ဒုန်း!ဒုန်း! ဘယ် ဘယ်လိုဖြစ်ကြတာလည်း ခေါင်းမှာလည်းသွေးတွေနဲ့! "
မဟော်တို့ တဲပေါက်ဝကနေ ခခတို့မြင်ကွင်းကြောင့် တဲပေါ်ဝရုန်းသုံးကားပြေးတက်လာကြခြင်ဖြစ်သည်။
"ချစ်လွန်း! ချစ်လွန်း! ကျစ် ချစ်လွန်း!!"
ချစ်လွန်းနဲ့မူပို ခေါင်းမှာသွေးရဲရဲနဲ့ အကိုရေပြင်ကိုကြည့်ပြီး ကြောင်နေရာမှ အကိုမဟော်အသံကျယ်ကျယ်ကြောင့် ကိုယ်လုံးလေးတွေ တုန်တက်ကာ
"ရှင်! ဟုတ်! ဟုတ် အကိုမဟော်! ချစ် ချစ်လွန်းတို့ရှိတယ်"
မဟော် အားကိုးရမလားမှတ်တယ် သူတို့က ခခထက်ပိုဆိုးနေတာကြောင့် စုပ်သက်လိုက်ပြီး..
"ကျစ် သွား ဦးငထီးကို အကျိုးကြောင်းပြောပြပြီး သွားခေါ်လာခဲ့ မြန်မြန်"
"ဟုတ် ဟုတ် အကိုမဟော်"
"မူပို အဝတ်ရှာ ခေါင်းကိုစည်းလို့ရတဲ့အရွယ်အစား အခု အခုသွားရှာ"
"ရှင် ဟုတ် ဟုတ်"
မဟော် ရေပြင်ကိုပွေ့ထားရပ်နဲ့ ခုထိအငိုမတိပ်သေးတဲ့ခခကို ကြည့်လိုက်ပြီး
"ခခ ဘယ်လိုဖြစ်ကြတာလည်း အကို့ကိုသေချာပြောပြအုန်း"
ငိုခြင်နေတဲ့သူကို လက်တို့ပေးလိုက်သလို မဟော်ပြောမှ ကိုယ်လုံးလေးတသိမ့်သိမ့်တုန်လာကာ ခေါင်းတခါခါနဲ့
"ဟင့် မ မသိဘူး ခခ... ခခကိုယ် ခခတောင် ဘာ ဘာလုပ်လိုက်မှန်းမသိဘူး.. ဟင့် ကိုကို ကိုကိုက ဟင့် ရုပ်.... ရုပ်တရပ်ကြီး ထူးထူး... ဟင့် ထူးထူးစမ်းစမ်းတွေထလုပ်တာ အဲ့ အဲ့ဒါနဲ့ ခခ ခခလည်းကြောက်တော့ လုပ်မိလုပ်လိုက်မိတာ အဲ့ အဲ့လောက်ကြီးဖြစ်သွားမယ်မှန်းမသိလို့ပါ ဟင့် အဟင့် ဟီးးးးးးးးး"
ပြောပြောဆိုဆိုထငိုချလိုက်တဲ့ ခခကြောင့် မဟော်လည်း ထိပ်ထိပ်ဖျားဖျားဖြစ်သွားကာ
"အာ... ကျစ် မငိုပါနဲ့ဟာ.. ဒါနဲ့ မင်းဘာနဲ့ရိုက်လိုက်တာလည်း.."
"ဟင့် ဟို ဟိုဝါးပူးတောင်းနဲ့"
"ဘာ! ကျစ် တော်သေးတာပေါ့ ဒါတောင် ဘာလုပ်လို့ လုပ်မိမှန်းမသိလို့!"
"ဟီး.... အကိုမဟော်ကလည်း ခခလည်း ဘယ်သိမှာလည်းလို့ သူကြီးကအတင်း.... ဟီး....."
မဟော် ကလေးလိုပြောလိုက်ငိုလိုက် လုပ်နေတဲ့ ခခကြာင့် သူပြောလည်း ပိုဆိုးရုံပဲရှိတော့မှာမို့ မူပိုနဲ့ပတ်တီးစည်းပေးဖို့ပဲလုပ်နေလိုက်တော့သည်။
"ဟယ် ချစ်လွန်ပြန်လာပြီ လာ လာပါဘဘ"
ဦးငထီး ရေပြင်ကို လုပ်ပေးစရာရှိတာလုပ်ပေးပြီးတယ်ဆို ကုတင်ဘေးဆက်က ဆေးပုလင်းကို ကောက်ယူလိုက်ပြီး အိတ်ထောင်ထဲ ထည့်လိုက်မိသည်။
"ညလယ်လောက်နိုးလာလိုက်မယ် နိုးလာရင် ဒီဆေးရည်ကို ၃ချိုး၁ချိုးတိုက်လိုက် အခုလောလောဆယ်တော့ ကောင်လေးတစ်ကိုယ်လုံးကို ဒီဆေးရည်လိမ်းပေးလိုက် မမေ့ပါနဲ့"
"ဟုတ် ဟုတ်ကဲ့ ကျေးဇူးပါဘဘ"
ခခ သူမလက်ထဲက ဆေးရည်ပျစ်ပျစ်တွေကိုကြည့်ပြီး ခက်တွေတွေဖြစ်သွားမိသည်။ ခေါင်းကွဲတာကို ဘာလို့ တစ်ကိုယ်လုံးဆေးလိမ်းခိုင်းတာဘာလိမ့်။ အို ဖျားရင် အပူကျအောင်နေမှာပါ။ ခခတစ်ယောက်ထဲခေါင်းငြိမ့် ခေါင်းခါလုပ်နေမိပြီး
"အော် ဟို ဒီည အကိုမဟော်နဲ့မူပိုတို့ ခခနဲ့အဖော်နေပေးပါလာဟင် ဟို ကိုကိုတစ်ခုခုဆို ခခက မလုက်တက်မကိုင်တက်မို့ပါ ဟိုနောက်ပြီး ဒီ ဒီဆေးရည်တွေကိုလည်း အကိုမဟော် ကိုကို့ကိုလိမ်းပေးပါနော်"
"ဟမ် အေးအေး ရတယ် ကိုယ်လိမ်းပေးလိုက်မယ်"
"ဟုတ် ကျေးဇူးတင်ပါတယ် ဟင့် အားလုံး ဟင့် အားလုံးခခကြောင့်ပါ ခခသာ မလုပ်ခဲ့ရင် ဟင့်"
ခခရဲ့ ယုကျုံးမရဖြစ်နေတဲ့ပုံစံကြောင့် မူပိုနဲ့ချစ်လွန်းလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး စိတ်မကောင်းဖြစ်နေကြသည်။ ချစ်လွန်း ခခကို ဖေးမသလို ထွေးပွေ့လိုက်ပြီး
"နင့်ကြောင့်မဟုတ်ပါဘူးဟာ နင်လည်း မတက်သာလို့လုပ်လိုက်ရတာမဟုတ်ဘူးလား စိတ်ထဲမထားနဲ့တော့ ဟုတ်ပြီလား"
"ဟုတ်တယ်သိလား ငါလည်းလုပ်ချင်လို့ လုပ်လိုက်တာမဟုတ်ပါဘူး အသက်ရှူလို့မရတော့လို့ ပြီးတော့ ကြောက်တယ် အဲ့အချိန်မှာ ဘာမှမမြင်တော့ဘူးလေဟာ ဟင့် သူကြီးဘာသာ သူများကိုမတော်မတရားလုပ်ပြီး ဟင့် ခုကျ သူများကိုလူဆိုးမကြီးဖြစ်အောင်လုပ်တယ် ဟင့်"
မူပို သူမဟုတ်တာဆို ချက်ခြင်းငေါက်ခနဲ့ထပြောတက်တဲ့သူငယ်ချင်းလေးကြောင့် သူမချစ်လွန်းနဲ့ အပြန်အလှန် မေးငေါ့ပြီးပြုံးနေမိသည်။
"ဒါနဲ့နေပါအုန်း နင်အသက်ရှူလိုမရလောက်ဆိုတော့ ဟင်! နင့်! နင့်ကို ဟို....."
ချစ်လွန်းရဲ့ မျက်လုံးပြူးမျက်ဆန်ပြူး အမူအယာကြောင့် ခခ ခေါင်းလေး ချာလပတ်ရမ်းသွားသည်အထိ အပြင်းအထန်ညင်းဆန်ကာ နှုတ်မှလည်း
"မဟုတ်ဘူး မဟုတ်ဘူး နင်တို့ထင်သလိုမဟုတ်ဘူးနော် ဟို ကိုကို ကိုကိုက..."
ချစ်လွန်း သူမတို့တောင် ဘာမှမပြောရသေး အသည်းအသန်ထညင်းနေတဲ့ သူမတို့သူငယ်ချင်းကြောင့် လူယုပ်မာပြုံး ပြုံးလိုက်ပြီး
"အွန်.... မှန်မှန်ပြောနော် ငါတို့သိတယ်... နင့်ကို..... အကိုရေပြင်ညီက....."
"ဟုတ်တယ်ဟာ ကိုကိုငါ့ကိုနမ်းလို့ ဟင့် အဲ့ အဲ့လူကြီးသိပ်ကြမ်းတမ်းတာ ဟင့် ဘီလူး သရဲ ဝင်စီးတာကြနေတာပဲ ငါ..ငါ သူ... သူပြန်နိုးလာရင် သူနဲ့တောင်မနေရဲဘူး ဟင့် ကြောက်တယ်သိလား... နင်တို့မသိလို့ ဟင့်"
'အော် ငါတို့က သိရအောင် နင့်... ဟွန်း ဟွန်း.. ' ပြောချလိုက်ရင်တော့ အနှစ်ကြီးပဲမို့ မူပို မျက်စောင်းထိုးပြီး စိတ်ထဲမှာပဲ မြိုသိပ်လိုက်တော့သည်။
"ဟယ် တ တကယ်ကြီး... နင်ပြောတော့ နင့်ကိုဖုတ်လေတဲ့ငပိ ရှိတယ်တောင်မမှတ်ဘူးဆို ခုက ဘယ်လိုဖြစ်တာတုန်း"
"အီး... အဲ့ဒါပြောတာပေါ့ ငါအတော်ကြောက်သွားတာပါဆို အရင်ကအကောင်းကြီးသိလား နောက်မှထဖောက်တာ"
"ဟမ် ဘယ်လိုထဖောက်တာလည်း ကျစ် သေချာပြောပြလေဟာ ငါတို့လည်းသိခြင်တာပေါ့"
"ဟို နင်တို့ဆီကပြန်လာပြီး အိမ်ရောက်တဲ့အထိအကောင်းဟ့ ငါ့ကိုတောင် ဆူလိုက်သေးတယ် နောက်ကျ ဟိုမိန်းမပေးခဲ့တဲ့ဆေး လိမ်းပေးပါဆိုလို့လိမ်းပေးလိုက်သေးတယ် အဲ့မှာစတာပဲ ဆေးလိမ်းလို့တောင်မပြီးသေးဘူး တစ်ကိုယ်လုံးတုန်တုန်ရင်ရင်နဲ့ ငါ့ကိုအတင်းထွက်သွားခိုင်းတာ ငါလည်း ကိုကိုဒီလိုဖြစ်နေတော့ ဘယ်ထွက်သွားနိုင်မှာလည်းဟာ နော်.. ငါလည်း ဇာက်ကားတွေထဲကလို ကိုယ်တစ်ခုခုဖြစ်တော့မှာသိလို့ ကိုယ်ချစ်တဲ့သူကို ကာကွယ်တဲ့အနေနဲ့ အတင်းသွားခိုင်းတာထင်ပြီး မသွားပဲ ပေတေနေတာပေါ့"
"အမလေး ရူးတာဟယ်.."
ချစ်လွန်းရဲ့ စကားကြောင့် မူပိုထပြီး မျက်နှာရိပ်မျက်နှာကဲပြကာ
"စကားဖြတ်မပြောနဲ့ချစ်လွန်းမ ပြောပြောခခ ကောင်းခန်းရောက်နေပြီ"
"အင်း အဲ့ချိန်မှာပဲ ဗြုန်းစားကြီး ငါ့လက်ကို လှမ်းဆွဲပြီး..."
"အဟမျး! အဟမျး! ခခ"
ခခ စကားပြောနေရင်း မဟော်ခေါ်သံကြောင့် စကားစပျက်သွားကာ
"ရှင် ဟုတ် အကိုမဟော်"
"အကို တဲခဏပြန်အုန်းမယ် ယူစရာလေးတွေရှိလို့"
"အော် ဟုတ် အကိုမဟော် ရတယ် ရတယ် သွားသွား ဒီမှာလည်း မူပိုတို့ရှိနေတာပဲဟာ"
"အွန်း"
မဟော် သူထလာလိုက်တာ အတော်ဖြစ်သွားသည်။ မဟုတ်လျှင် ဘယ်ထိပြောနေမယ်ဆိုတာမသိနိုင်။ ပြောသင့်မပြောသင့် မစဥ်းစားပဲ ပြောနေတဲ့သူကပြောနေသလို နားထောင်တဲ့သူတွေကလည်း အတော်ဖြစ်ဆိုတော့ ပြီးရောပေါ့။ ခုလို သူ့ရှေ့မှာ တီတီတာတာပြောပြနေတာကြား ရင်ဘက်ထဲမှာတော့ တစစ်စစ်ပင်။ ဦးနှောက်က ညင်းဆန်နေပင်မယ့် နှလုံးသားက လက်မခံနိုင်ဖြစ်နေတယ်ဆိုတာ ဟုတ်လေမလား....။
>>>>>>>>>>>>>>>>>>>>>>
ဦးငထီး ရေပြင်ဆီကပြန်လာပြီး တဲထဲရောက်တယ်ဆိုတာနဲ့ ဒေါသအရှိန်ကြောင့် နီရဲနေတဲ့ မျက်နှာကြီးဖြင့် အိမ်အတွင်ဘက်ကြည့်လိုက်ကာ
"မိဖွန်! မိဖွန်! နင်ဒီကို အခုလာစမ်း!"
နောက်ဘေးမှာရှိနေတဲ့ မိဖွန် အဖအသံကြောင့် ကိုယ်လေးတုန်သွားမိသည်။ ဟိုလူစိမ်းမ အဖကိုလာခေါ်သွားကတည်းက သူမသိလိုက်တာဖြစ်သည်။ မတက်နိုင်ဘူး ကြီးမြတ်သူက ခိုင်းတာပါဆိုရင်တော့ အဖဒေါသပြေလောက်ပါရဲ့...
"မိဖွန်!!!"
"မိ... မိဖွန် လာပါပြီအဖ"
"ဒေါက်! ဂလောက်!"
မိဖွန် သူမခြေထောက်ရှေ့ အဖပစ်ချလိုက်လို့ လိမ့်လာတဲ့ဆေးပုလင်းကို မျက်လုံးရောက်သွားတယ်ဆို
"အဲ့ဒါ ဘယ်လိုဖြစ်ပြီး လူစိမ်းဆီရောက်သွားတာည်း! ဟမ်! မိဖွန် နင်ဘယ်လိုတွေလုပ်နေတာလည်း ဟိုက မယားရှိယောက်ျား.. နင် နင်ဘာလို့.."
ခက်အေးအေးနေတက်တဲ့ ဦးငထီး သမီးရဲ့လုပ်ရပ်ကြောင့် အသားတဆက်ဆက်တုန်ကာ မျက်ရည်ပင်ဝဲလာတဲ့အထိပင်။
"နင်... နင့်ကို ဘယ်လို ငါမွေးမြူခဲ့တယ်ဆိုတာ နင်အသိဆုံး မိဖွန် နင် နင်ဒီလိုအကျင့်ကောင်းတွေ ဘယ်ကရောက်လာတာလည်း ဟမ်! တောက်! နေအုန်း နင် နင် မဟုတ်မှ ခေါင်ပန်းရော ရှိတော့ပါလေစ! ဟမ်!"
"ဟင့် ရွှတ် အဖ သ သမီးမှားပါတယ်အဖရယ်... ဟင့် သ သမီးမိုက်ကို အဖ အဖဇီဝိန်ချုပ်ခြင်သပဆို ချုပ် ချုပ်လည့်ပါတော့ ဟင့် အဟင့် ရွှတ်"
"ဟာ..... နင် နင် မိဖွန်ရာ........ ဒုန်း တောက်!"
ဦးငထီး ယူကျိုးမရမှုတို့တွေနဲ့ အရုပ်ကြိုးပျက် ထိုင်ချလိုက်မိသည်။
"အ အဖ..."
ဦးငထီး အဖခေါ်ပြီး သူ့အနားပြေးလာတဲ့ သမီးဖြစ်သူကို မျက်နှာလွှဲလိုက်ခြင်းနဲ့အတူ
"သွား! ငါ့နားမလာနဲ့ သမီးမိုက်! သွား! ထွက်သွား! မယ်တင်ရေ... နင့်သမီးမိုက်ကို လာကြည့်လှည့်ပါအုန်းဟ့ ဟီး ဟီး.."
မိဖွန် တဲလေးနဲ့ ဝေးသွားသည်အထိ ကြားနေရတဲ့အဖအသံကိုကြားနေရသည်။ အဖအမြဲတမ်းတနေတဲ့ မယ်တင်ဆိုတာ သူမအမိလား အဖပြောတော့ အမိနာမည်က ဖလဒွန်ဆို ဘယ်သူမေးမေး ဖလဒွန်လို့ပြောခိုင်းတဲ့အဖေက ဘာလို့ မယ်တင်လို့ ငိုနေတာပါလိမ့်။
>>>>>>>>>>>>>>>>>>>>>>>>
ရေပြင် သူ့ရှေ့မှာ မြင်နေရတဲ့ အမှောင်ထုကြီးကို သူ့ကိုယ်လုံးယိုင်လာမတက်တိုက်နေတဲ့ လေနီကြမ်းတွေကြားက မျက်လုံးကိုအတင်းဖွင့်ကာ အားသွန်ခွန်စိုက် ရှေ့ဆက်လျှောက်ဖို့ ကြိုးစားနေမိသည်။ အလင်းပျပျတောင်မမြင်ရတဲ့ အမှောင်ကြီးကြား အလင်းစကိုရှာနေမိသည်။ လေအတိုးမှာ လွသ့်ပါမတက်ခြေထောက်တွေကို လေကိုခွင်းပြီး အားကုန်လျှောက်နေမိသည်။
'ဟင် ဟုတ်တယ် ဟိုမှာအလင်း ဟုတ်တယ်အလင်းတစ်စ ဟုတ်တယ်....' ရေပြင် အလင်းရောင်သဲ့သဲ့ကိုတွေ့တယ်ဆို ရှိသမျှအား အကုန်ထည့်ပြီး အလင်းရှိရာအရပ်ကို ပြေးလိုက်မိသည်။ သူလိုက်လေ ပြေးလေဖြစ်နေတဲ့ အလင်းရောင်လေးကြောင့် သူခြေထောက်တွေ လုံးဝမဟမ်တော့တဲ့အဆုံး
"ဟူး... ဟွန်း... မပြေး... မပြေးပါနဲ့....ဟွန်း..."
ရေပြင်ရဲ့ မောလွန်းလို့ အသက်ကို မနည်းလုရှူနေတဲ့အသံကြီးအဆုံး ကြားလိုက်ရတဲ့အသံက
""!! ထွက်ခဲ့ပါ.. လွှတ်မြောက်အောင်ထွက်ခဲ့ပါ.!!.""
ထိုအသံအဆုံးတွင် ရေပြင်ရဲ့ကမ္ဘာတစ်ခုလုံး အမှောင်အတိဖုံးလွှမ်းသွားတော့သည်။
◾◾◾◾◾◾◾◾◾◾◾◾◾◾◾
စာဖတ်သူများကိုအစဥ်လေးစားလျှက်
#မြူခိုးဝေဝေ