book

Index 35

အပိုင်း(၃၅)

ကိုကို့မို့ ချစ်တာလို့ ☹


"ကိုလှိုင်း ဒီသက်သေအချက်အလက်တွေအရဆို ကျွန်တော့်အထင် ခင်ဗျားညီတွေ ဒီအနားတဝိုက်မှာမရှိလောက်တော့ဘူးဗျ တောနက်နက်ထဲ ရောက်နေလောက်ပြီလို့တော့ ကျွန်တော်ယူဆတယ် ဒီတောက ကျွန်တော်တို့လို့ ရဲတွေမပြောနဲ့ တော်ကျွမ်းမုဆိုးတွေတောင် မလာဘူးဗျ တော တော်တော်ကြမ်းတယ်လို့ပြောကြတယ် ခင်ဗျား ညီတွေလည်း ပျောက်နေတာကြာပြီဆိုတော့ ကျွန်တော့်အထင်..."


"ကျစ် ခင်ဗျားဒီကိစ္စကိုတာဝန်ယူပေးနိုင်လား မယူပေးနိုင်ဘူးလားပဲ ကျွန်တော်သိခြင်တယ် ဦးထင်လင်း တကယ်လို့ ခင်ဗျားအဆင်မပြေဘူးဆိုရင်လည်း.."


ဦးထင်လင်း လှိုင်းခက်ထန်ရဲ့စကားကြောင့် လှုပ်လှုပ်ရှားရှားဖြစ်သွားကာ


"အာ မဟုတ်တာဗျာ အဟွန်း ကျွန်တော်ပြောခြင်တာက.."


လှိုင်းခက်ထန် ဒီလူလည်း သိပ်ဟန်မယ့်ပုံမပေါ်တာမို့ စုပ်သက်ခြင်းတွေနဲ့အတူ


"Ok ဟေ့! အားလုံးနားမယ် ဂျက်တွေပြင်လိုက်တော့ ပြန်မယ်"


ထင်လင်ပြောပြောဆိုဆို သူ့ရှေ့က ထွက်သွားပြီဖြစ်တဲ့ လှိုင်းခက်ထန်ကြောင့် သူ ခက်သွက်သွက်ခြေလှမ်းတို့နဲ့အတူ


"ဟို ကိုလှိုင်း ကျွန်တော်ဆိုလိုတာက နည်းနည်းတော့အချိန်ပေး.."


"သေချာလား နောက်ထပ်အချိန်ပေးရင် ခင်ဗျားရှာနိူင်မယ်ဆိုတာ"


ထင်လင် ကရောကသောလိုက်နေရာကနေ ဆက်ခနဲ့ လှည့်ပြောလိုက်တဲ့ ခက်ထန်ကြောင့် သူ့မှာ မနည်းကိုယ်ရှိန်သက်လိုက်ခြင်နဲ့အတူ ဗြုန်းခနဲရောက်လာတဲ့ မေးခွန်းကြောင့် အံ့အားသင့်နေချိန် ခက်ထန်ရဲ့ ခက်ထေထေမျက်နှာတို့က


"အဟွန်း ခင်ဗျားမှာအဖြေမရှိဘူးမဟုတ်လား ကျွန်တော် ဒီလို ငွေလမ်းခင်းပြီး အချိန်ပေးနေတာ အလကား ပါတီပါချက်ကိစ္စမဟုတ်ဘူး ဦးထင်လင်း သေရေးရှင်ရေးတမျှအရေးကြီးနေတဲ့ ကျွန်တော်ညီကိစ္စကြောင့်! ကျစ် ထားလိုက်တော့ ခင်ဗျားကိုပေးထားတဲ့ ပိုက်ဆံထဲက သုံးပုံ ပုံ တစ်ပုံကိုကျွန်တော်ပြန်လိုခြင်တယ်"


ပြောပြီးတယ်ဆို ဂျက်လေယာဥ်ဘက်ထွက်သွားပြီဖြစ်တဲ့ လှိုင်းခက်ထန်ကြောင့် ထင်လင်း ခေါင်းငိုက်ဆိုက်ကျသွားမိသည်။ ဒိထက် ထက်ပြောဖို့လည်း မဖြစ်နိုင်တော့ဘူးဆိုတာ သိနေတာမို့ ပိုက်ရဲ့ သုံးပုံ ပုံ တစ်ပုံကို ပြန်ပေးဖို့ပဲ သူတွေးလိုက်မိသည်။


ထင်လင်း သူ့စီးရမယ့် ဂျက်လေယာဥ်ဆီမသွားခင် အလိုအလျောက်အခိုးအငွေ့တွေဖုံးလွှမ်းနေတဲ့ တောဆက်ကို ပြန်ကြည့်လိုက်မိသည်။ ဘယ်လိုပဲ တွက်တွက် သူ့လုပ်သက်အရရော အတွေ့အကြုံအရရောဆို ဒီကောင်လေးတွေကို ဘယ်တော့မှ တွေ့တော့မည်မဟုတ်ဘူးဆိုတာပင်။ 


"ဟင်း..."


ရဲမှူးဦးထင်လင်း ခေါင်းတစ်ခါခါနဲ့ သက်ပြင်းရှည်ကြီးသာချနေမိတော့သည်။


ထိုချိန် အမှောင်ထုတို့ကြီးဆိုနေတဲ့ တဲခက်အုပ်အုပ်ထဲတွင်တော့....


"တောက်! ရာရာစစ! ငါ့ပိုင်နက်ကို! အဘယ်လိုလူတွေရောက်နေပါစ့! မဖြစ်ဘူး... အစီရင်တွေအားနည်းနေပြီ.... ပါ့စမှုကို အမြန်လုပ်မှ...."


>>>>>>>>>>>>>>


"အယ်! ဟို ကန်တော့စ့... ကန်တော့စ့... ဟို မိဖွမ်သတိမထားမိလိုက်လို့ပါနော်..."


မိဖွန်ပြောပြီးတယ်ဆို မာယာတို့ဖုံးလွှမ်းနေတဲ့မျက်နှာကို တံခါးရွက်နဲ့ကွယ်လိုက်လေသည်။ အမှန်ဆို သူအဝတ်လည်းနေတာ သူမသိနေတာပေါ့ ဒီလ်ိုဖြစ်အောင်လည်း တမင်လုပ်နေတာမို့လေ...


ရေပြင် ရေလည်းဝတ်လည်းနေတုန်း ဘယ်ကဘယ်လိုရောက်ဘာမှန်းမသိ ရောက်လာပြီး သူပါသူတောင်းပန်နေတဲ့ မိန်းကလေးကြောင့် ဝတ်လက်စပုဆိုးကို ခက်မြန်မြန်ဝတ်လိုက်ပြီး အပေါ်ပိုင်းကိုတော့ ကြုံသလို အနားမှာရှိတဲ့ အင်္ကျီပဲ ကောက်ဝတ်  လိုက်တော့သည်။


"ကျစ် ဘာကိစ္စလည်း"


အို တုန်းတိပျက်သားတဲ့ သူ့အသံ.... သူ့အသံသြရှရှက မိဖွန်းနှလုံးသားတွေကို ဆွဲလှုပ်လိုက်သလိုပဲ မိဖွန် မိဖွန်သူ့မျက်နှာကိုကြည့်ဖို့ မကြည့်ဝံ့ဖူး.... စိတ်ထဲမှာသာ ကြိပ်ရေရွတ်ရင်း မျက်နှာမဖော်ဝံ့ 


ရေပြင် လူ​​ကြည့်တော့ အရေးကြီးကိစ္စလိုလိုနဲ့ သူရောက်သည့်တိုင်အောင် ဘာစကားတစ်လုံးမှထွက်မလာပဲ ခေါင်းတောင်မဖော်တာမို့ အလိုမကျမှုတို့နဲ့အတူ မျက်မှောင်ကျုံ့လိုက်ပြီး


"ကျစ် မင်းဒီနေ့ ခေါင်းမော့အုန်းမှာလား ပြောစရာမရှိဘူးဆိုလည်း....."


မိဖွန်း ရုပ်တရက် သူ့ရဲ့စကားသံနဲ့အတူ သူမမျက်စိရှေ့က တံခါးရွက်အောက်ခြေလေးလှုပ်ရှားသွားတာမို့ တံခါးရွက်ကို ခက်သုပ်သုပ် လှမ်းကိုင်းလိုက်ခြင်းနဲ့အတူ ဆင်ခနဲ့ မျက်နှာမော့လာပြီး


"ဟို ဟို အဟွန်း ဟို ကျွန်မနဲ့နာမည်က ဒလဖွန်ပါ ဟို အဖကတော့ မိဖွန်လို့ခေါ်ပါတယ် ဟို ကျွန်မ..."


ရေပြင် စကားလေး နှစ်ခွန်းနဲ့တစ်ပိုင်းပြောနေတာ အထစ် အထစ်နဲ့မို့ သိပ်စိတ်မရှည်တော့တာကြောင့်


"မင်း ဒီနေ့ပြီးအုန်းမှားလား ဘာလာလုပ်တာလည်း ဘယ်သူဘာပြောခိုင်းလိုက်လို့လည်း လိုရင်းကို တိုတိုတုပ်တုပ်ပြော ငါအားမနေဘူး"


'အဟွန်း စိတ်ကလည်း သိပ်မရှည်တက်ဘူးပဲ အဟွန်း' မိဖွန် စိတ်ထဲမှကြိပ်ပြုံးလိုက်ပြီး


"ဟို အဖက ဒီကလူစိမ်းကို ဆေးမြစ်လူးခိုင်းလိုက်လို့ပါ"


"ဆေးမြစ်ထားခဲ့လိုက် လိမ်းပေးဖို့မလိုဘူး ဒါဆို..."


ရေပြင် ပြောပြီးတယ်ဆို တံခါးပိတ်မယ်လုပ်လိုက်တယ်ဆို


"အယ် နေ နေပါအုန်း ဟို အဖက သေချာမှာလိုက်တာ ဟို သူခိုင်းတာသေချာမလုပ်ခဲ့ရင် ဟို ဒဏ်သင့်မှာဆိုးလို့ပါ"


ရေပြင် ကြီးတောင်ကြီးမားကြီးနဲ့ သူ့ရှေ့ကြောက်ပြနေတဲ့ကောင်မလေးကြောင့် သူရယ်တော့ရယ်ခြင်သာ


"ဒါဆိုလည်း သေချာလုပ်ပေးခဲ့တယ်လို့ပြောလိုက်ပေါ့ကွာ မဟုတ်ဘူးလား ကျစ် သွားတော့"


"အယ် နေ နေပါအုန်း..."


"ဘာကိုနေခိုင်းနေတာတုန်း!"


"ဟင် အယ် မိန်းကလေး..."


ပထမဦးဆုံး ထိပ်ထိပ်ဖျားဖျားအသံထွက်လာသူက မိဖွန်ဖြစ်နေပြီး မိဖွန်နဲ့ ဆက်လျှက် ခက်ညု့ညု့အသံကား...


"အော်... အဟက်! တော်သေးတာပေါ့ မင်းကိုငါ တစ်ကောင်ကာင်စာမိနေပြီထင်နေတာ..."


"​ဘာ! ဘာတစ်ကောင်ကောင်လည်း ရှင်ကြီးနော်.."


"ဟုတ်တယ်လေ မနက် မျက်လုံးနှစ်လုံးပွင့်ကတည်းက ထွက်သွားလိုက်တာ အခု ထမင်းစားချိန်ကျမှပဲပြန်ရောက်လာတော့ ဒီလိုတောကြီးမျက်မဲထဲမှာ ငါမင်းကိုထင်တာမှာသလား.."


ခခ သူမ အပြီတွယ်မယ်လို့ စိတ်ကူးနဲ့ စကားစလိုက်ပင်မယ့် တကယ်တန်း မနားတန်း တွယ်နေသူက သူကြီးဖြစ်နေတာမို့ အိပ်သွန်းဖာမှောက်ထည့်လာတဲ့ ဒေါသတို့သည်...


ခခ လက်သီးစုပ်လးကို အကျောတွေထောင်းထင်းသွားသည်အထိ မျက်လုံးစုံမှိပ်ပြီး ကျစ်ကျစ်ပါအောင်စုပ်လိုက်ကာ ဖားဖိုလိုဖြစ်နေတဲ့ရင်အစုံကို တောင်ကုန်းက ပြုပ်ကျတဲ့ ကျောက်တုံးပမာ အဆုံးစွန်ထိဆွဲချလိုက်တော့သည်။


"ဟူး............"


ရေပြင် သူ့ရှေ့မှာဖြစ်ပျက်နေတဲ့ ခခပုံစံကိုကြည့်ပြီး သူရယ်လည်းရယ်ခြင် ရယ်လည်းမရယ်သာတာမို့


"အဲ့ဒါဘာဖြစ်နေတာလည်း ဘာလည်း... ငါကမင်းကို မတရားတွေ တဖက်စောင်းနင်းပြောနေတယ်ဆိုတဲ့သဘောလား..."


ခခ ရေပြင်စကားကြောင့် မျက်လုံးမှိတ်ရပ် တောင့်တောင့်လေးဖြစ်နေရာက ဆက်ကနဲ မျက်လုံးဖွင့်လိုက်ခြင်းနဲ့အတူ ချာကနဲနေအောင် ရေပြင်ဘက်လှည့်သွား မျက်နှာလေးသည်...


"ဘာလည်း... အဲဲ့ဒါ ဘာအကြည့်လည်း ငါပြောတာ ဟုတ်တယ်ဆိုတဲ့သဘောလား.."


'တော်ပြီ အတင်းဆွဲရှည်ထားတဲ့ စိတ်တွေ ဒီအတိုင်းအတာမှာတင် ပြုပ်ကျကုန်ပြီ .. ဟုတ်ဘူး လွှတ်ချလိုက်တာဆိုလည်းဟုတ်တယ်....'


"ဒီမှာ!!!.."


"အာ... နားကို အူသွားတာပဲ ဖြေးဖြေးပြောပါကွ!"


"မပြေယနိုင်ဘူး ရှင်းကြီးသိပ်တရားလွန်နေပြီလိုမထင်ဘူးလားဟင်! ဟင်! ဦးရေပြင်ညီကြီး..! ဒီလိုအချိန် ဒီလိုနေရာမှာ ဒီလိုမြင်ကွင်းနဲ့ဆို ရှင်မယား ကျွန်မအနေနဲ့ ခုချိန် ရှင်ကြီး အသေအလဲ ကျွန်မကိုချောနေရာမှာမဟုတ်ဘူးလား ဟမ်! ပြောပါအုန်း! ခုတော့ဘာတဲ့ တစ်ကောင်ကောင်ဆွဲသွားပြီထင်တာတဲ့ အဟွန်း ဟုတ်မှာပေါ့လေ ရှင်ကြီးက ကျွန်မလို ကလေးအမေကိုထက် ခုလို အပျိုနုနုထွပ်ထွပ် တောပန်းလေးကိုမှ....."


"တော်! မင်းစကားတွေ အရမ်းစည်းလွတ်နေပြီ.. ဒီက ညီမ ဆေးပေးခဲလေ အကိုသေချာလိမ်းလိုက်ပါ့မယ် ဦးငထီးမေးရင် ညီမအဆင်ပြေသလိုသာ ကြည့်ဖြေလိုက်ပါ ကျေးဇူးညီမ... လာ!! မင်းနဲ့ငါတွေ့မယ်!"


ခခ ရုပ်တရပ်ဆိုသလို သူမလက်မောင်းကနေ ခက်မြောက်မြောက် အခန်းထဲဆွဲခေါ်သွားတဲ့သူကြီးကြောင့်...


"အ့ ရှင်.. ရှင်ကြီး... ကျစ် အောင့်တယ် လက်မောင်းအောင့်နေပြီနော်..."


ခခ တဲထောင့်က ကုတင်နားထိ ဆွဲခေါ်သွားတဲ့ သူကြီးကြောင့် ကြုံးအော်လိုက်ခြင်းဖြစ်သည်။ ဟုတ်တယ်လေ ဟိုအမကျတော့ ​ပျားရည်က အဖေခေါ်ရမယ် ချိုးလွန်းလို့ ဟွန့် သူမကျတော့...


ခခ သူမပြောတယ်ဆို ခက်စောင့်စောင့် လွှတ်လိုက်ခြင်းနဲ့အတူ ခါးထောက်ခြင်းက တရစပ်လုပ်သွားကာ


"မင်းမရှက်ဘူးလား ဟမ် ခခ ကိုယ်အမှားအတွက် သူများကို ထိုးချတာဟင်! ပြောစမ်! အရင်တုန်းကရော မင်းဒီပုံစံပဲလား ဟမ်! ပြောလေ!"


လူကြီးက ကလေးကိုဟောက်နေတဲ့အတိုင်းမြင်ကွင်းစိတ်ချမ်းမြေ့ဖွယ်မရှိ။ အပေါ်မှ စီးမို့ ဟောက်နေသူနဲ့ မျက်ရည်ဝေ့နေတဲ့ အဟောက်ခံသူလေးကာ...


"ဟင့် ဟုတ်တယ်! ဟုတ်တော့ဘာဖြစ်ခြင်လည်း! ဒီလိုမြင်ကွင်းကို မြင်လိုက်ရတဲ့ လင်ရှိမယားအကုန် ခခလိုပဲ ဖြစ်ကြမှာပဲ ဒီလိုလေးပြောမိတာနဲ့ ခခအမှားက အဲ့လောက်ထိကြီးသွားလား! ဟင့် ဟုတ်တယ်!.. ခခက ရှင်ကြီးပြောသလိုပဲ ကိုယ်အမှားအတွက်နဲ့ သူများကိုထိုးချတက်တဲ့သူ ဟုတ်ပြီလား! ဟင့် အဲ့တော့ ရှင်ကြီးကျေနပ်လိုက်တော့..."


"ကျစ် ဒါဘယ်သွားမှာလည်း..."


ရေပြင် ပြာပြီးတာနဲ့ ချာကနဲ ပြေးထွက်ဖို့လုပ်လိုက်တဲ့ သူမလေးကြောင့် သူခက်သွက်သွက် လှမ်းဆွဲထားလိုက်မိသည်။


"ဟင့် ဘယ်သွားသွား ရှင်ကြီးလွှတ်ပါ ခခလို ကိုယ့်ယောက်ျားပေါ် သဝန်တိုခွင့်လေးတောင်မရှိတဲ့သူအတွက် ဟင့် ရှင်ကြီး ခခကို လွှတ်ထားပေးလိုက်ပါ ဟင့်"


ရေပြင် လက်တစ်လှမ်းလောက်မှာ သူဆွဲထားတဲ့လက်ကို အတင်းစုံကန်ဆွဲပြီး ပြေးဖို့လုပ်နေတဲ့သူမလေးကြောင့် သူပြုံးလိုက်မိသည်။ ဒီကောင်မလေး အတော်ကလေးဆန်ပါလား...


"sorry ကိုယ်စကားနည်းနည်းလွန်သွားတယ် ဒါပင်မယ့် ကိုယ်မမှားဘူးလို့ထင်တယ် ဘာလို့ဆို အခုပြောနေတဲ ကိုယ်စကားတွေက မင်းကောင်းဖို့အတွက်ကြီးပဲမို့ပြောနေတာ အရာရာကို ရှေးထုံး လုပ်ရိုးလုပ်စဥ်တွေအတိုင်း ခေါက်ရိုးကြိုးနေအောင်လုက်စရာမလိုပါဘူး တခြားမိန်းမတွေ သဝန်တိုရတာကြိုက်နေရင်တောင် မင်းကတော့ မကြိုက်လို့ဖြစ်တယ်မို့လား... ဘာလို့ဆို ကိုယ်ဇနီးဖြစ်နေတဲ့အတွက်ကြောင့်ထင်တယ် အဟွန်း..."


ခခ ရုပ်တရက်မထင်မှတ်ထားတဲ့ ကိုကို့စကားကြောင့် မျက်ရည်သုပ်နေတဲ့ လက်ကလေးပင် ခဏတုန့်သွားမိသည်။ ပြီးတယ်ဆို ချက်ခြင်း ရေပြင်ဘက်လှည့်လိုက်ခြင်းနဲ့အတူ


"ဟင် ဘယ် ဘယ်လိုကိုကို...."


ရေပြင် အပြောင်းအလည်းမြန်လွန်းတဲ့ သူ့ရှေ့က ကောင်မကြောင့် ပြုံးလိုက်ပြီး စခြင်လာတာမို့


"အဟွန်း စောနက ရှင်ကြီး ဘယ်ရောက်သွားတာလည်း..."


"အာ ကိုကိုနော်.... ပြေနေတဲ့စိတ်လေး ပြန်ကောက်သွားမယ် ဟွန့်"


"အဟွန်း စတာပါ လာ ကိုယ့်ကိုဆေးလာလူးပေး"


"ဟင် ဘာကြီးတုန်း ဝါဝါကြီးတွေ"


" အွန်း ဦးငထီးပေးခိုင်းလိုက်တာ စောနက သူ့သမီးလေ"


"အော်...."


ရေပြင် ခုမှ နားလည်သွားဟန်ရှိတဲ့သူမလေးကြောင့် သူပြုံးလိုက်ပြီး


"မင်း ဒီနေ့ ကိုယ့်ကို ဆေးလိမ်းပေးမှာပါနော်"


"အာ... ရှင်ကြီးကလည်း တအောင့်လေးပါ ဒီမှာ ပုလင်းကိုပိတ်ထားတဲ့ သစ်သားချောင်းကြီးက ကြပ်နေလို့ပါ.. အင်!... ကျစ်... ဗွက်.!.. ဟီး ရပြီ လာလာ ဘယ်နားလိမ်းမှာလည်း.."


ရေပြင် ကလေးတစ်ယောက်လို အလိုပြည့်သွားလို့ ပျော်နေတဲ့အတိုင်း ပျော်နေတဲ့သူမလေးကြောင့် သူပြုံးနေမိတာ ဘယ်နခါမှန်းမသိတော့ပေ။


"ကိုကို ကိုကို...."


ခခ သူမမေးတာမဖြေပဲ ခက်ပြုံးပြုံးကြည့်နေတဲ့ကိုကို့ကြောင့် သူမခေါ်နေမိခြင်းဖြစ်သည်။


"ကိုကိုလို့!"


"ဟင် ဟမ် အော် လိမ်းလေ"


"ဟွန် ဘယ်နားလိမ်းမှာလည်းလို့ပြောနေတာ"


"အော် နောက်ကျောပဲလိမ်းလိုက် ကျန်တဲ့နေရာ ကိုမှီတယ်"


"အွန်း..."


ရေပြင် အွန်းဆိုပြီး စိတ်ရှည်လက်ရှည်လိမ်းပေးနေတဲ့ သူမလေးကြောင့် သူထက်ပြုံးလိုက်မိပြန်သည်။


မိဖွန် သူမယူလာတဲ့ အစီရင်ဆေးရည်ကို ကျကျနနလိမ်းပေးနေတဲ့ မိန်းကလေးကြောင့် ခြုံအကွယ်က ကြည့်နေရင်း ဒေါသထွက်လွန်းလို့ အသားတဆက်ဆက်တုန်းမိသည်။ 


"တောက်!!!"


ရေပြင် ဆေရည်နဲ့ ကြာရှည်စွာ ထိခံနေရတဲ့ သူ့ကြောပြင်တစ်လျှောက်လုံး တဆစ်ဆစ်နဲ့ ပူသလိုလို အေးသလိုလို မရိုးမရွနဲ့ ခံစားချက်ကြီးက တစ်မျိုးဖြစ်လာတာမို့


"တော်.... တော်တော့ မလိမ်းနဲ့တော့ ရ ရပြီ ကျစ်..."


ခခ ဆေးရည်ကို အသားထဲ စိမ့်အောင် လိမ်းနေတုန်း တော်တော့ဆိုတဲ့စကားကြောင့် မျက်မှောင်လေးကျုံ့လိုက်ပြီး


"ဘာလို့လည်း.. မပြီးသေးဘူးလေ ခဏလေး ခခမြန်မြန်လိမ်းလိုက်မယ်.."


ရေပြင် အတော်ကို မရိုးမရွဖြစ်နေကာ တစ်ခုခုကို တောင့်တသလိုရှိလာတာမို့...


"တော်!... တော်ပြီ! မင်း.!.. မင်းသွားတော့! ဟူး... အင့်.. ကျစ်"


ခခ ချက်ခြင်းဆိုသလို ဒေါသတွေကြီးပြီး ချမ်းသလိုလို ကိုယ်ကိုကိုယ်အလိုမကျဖြစ်နေတဲ့ ကိုကိုကြောင့် သူမ မျက်လုံးအဝိုင်းသားနဲ့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေတော့သည်။


ရေပြင် ပေါက်ကွဲတော့မတက် ပူလောင်လာတဲ့ ခန္ဓာကိုယ်ကြောင့် သူဒီလောက်ပြောနေတာတောင် ထွက်မသွားပဲ ဘာကိုကြောင်ရပ်နေမှန်းမသိတဲ့ကောင်မလေးကြောင့် သူဒေါသထွက်လာကာ....


"ဒီလောက်ဖြစ်နေတာ! လာခဲ့!"


"ဟင်! အား! ရှင်... ရှင်ကြီး.!.. အ့ ဘာလုပ်.. လွှတ်! အွန်း!... ကယ်ကြပါအုန်း..!...."


◾◾◾◾◾◾◾◾◾◾◾◾◾◾◾


စာဖတ်သူများကို အစဥ်လေးစားလျှက်


#မြူခိုးဝေဝေ


rate now: