book

Index 34

အပိုင်း (၃၄)

ကိုကို့မို့ ချစ်တာလို့ ☹


"မိဖွန်! ဒါဘယ်လည်း!"


မိဖွန် တဲထဲကထွက်လိုက်တာနဲ့ အဖေဖြစ်သူရဲ့ အသံခက်မာမာကြောင့် ချက်ခြင်း ခြေလှမ်းတို့ တုန့်သွားကာ


"ဟို ကြီးမြတ်သူဆီပါ"


"အသွားအလာဆင်ခြင် လူစိမ်းတွေရှိနေတယ်ဆိုတာမမေ့နဲ့"


"ဟို ဟုတ် ဟုတ်ကဲ့"


မိဖွန် ခက်မြန်မြန်ခေါင်းငြိမ့်ပြီးတယ်ဆို ကမန်းကတန်းထွက်လာလိုက်တော့သည်။


ဦးငထီး သမီးဖြစ်သူ ပြာရိပြာယာထွက်သွားတာကိုကြည့်ပြီး အလိုမကျမှုတို့နဲ့အတူ မဲနက်နက်မျက်ခုံးတန်းတို့ကို တစ်ဆစ်ကျိုးကျလုလု တွန့်ချိုးလိုက်ကာ


"မိဖွန် ခေါင်ပန်းရော ရှိတော့ပါလေစ"(ခေါင်ပန်း=အပျို)


>>>>>>>>>>>>>>>


မိဖွန် ကြီးမြတ်သူစံနန်းဆောင်ရှေ့ရောက်တာနဲ့ အင်္ကျီကိုပြေပြစ်အောင် ဆွဲချသက်တင်ပြီး ခေါင်းထက်မှ တစ်ပွင့်ပန်းကို လက်နဲ့လှမ်းစမ်းလိုက်သေးသည်။ ပြီးမှ အပြုံးချိုချိုတို့နဲ့


"ဟို ကြီးမြတ်သူ မိဖွန်ရောက်ရှိကြောင်းပါ"


မိဖွန် ပြောပြီးတာနဲ့ ဝင်လုဆဲဆဲမိမိကိုယ်ကို အထဲက ပြန်စကားမလာသေးတာမို့ စိတ်လောဟန်နဲ့စောင့်နေမိသည်။ ခဏကြာတော့မှ


"အဟမ်း! ဝင်ခဲ့"


"ဟို ဟုတ် ဟုတ်ကဲ့ ကြီးမြတ်သူ"


မိဖွန်း အလှဆုံးအပြုံးတို့နဲ့ ကမန်းကတန်း တဲထဲဝင်သွားလိုက်တယ်ဆို ပရည်တို့ဖြင့် တွန့်လိပ်နေသည် အဖွားအိုခန္ဓာကို တွေ့လိုက်ရတာမို့ နှာခေါင်းလေး ရှုံ့လိုက်ပြီး


"မိဖွန်လာမှာကို မသိလိုပါလား ကြီးမြတ်သူ"


မိဖွန်ရဲ့ ခက်ငေါ့ငေါ့စကားကို လဲလျှောင်းနေတဲ့အဖွားအိုက အမြင်မကြည်ဟန်ဖြင့်


"ကျစ် နေ့ဘက်တွေမှာ ဒီလိုနေမှ အဆင်ပိုပြောနေမယ်မဟုတ်ဘူးလား မိဖွန် လာရင်းကိစ္စကိုပဲ ရှေ့ဆက်ရအောင်"


မိဖွန် ကြီးမြတ်သူကိုကြောက်ပင်မယ့် နည်းနည်းလေး စောတကတက်မိလိုက်တယ်ဆို ကြီးမြတ်သူရဲ့ အသံမာမာကြောင့် ချက်ခြင်းဒူတုပ်ပြီး ခေါင်းငုံ့ကာ


"ဟို မိ! မိဖွန်မှားသွားပါတယ်! ကြီးမြတ်သူ!"


"အဟွန်း... ရပါတယ် မိဖွန်လေးရယ်... ချိန်းလိုက်တာကလည်း မိဖွန်လေးကို တာဝန်ပေးစရာရှိလို့ပဲ"


မိဖွန် ကြီးမြတ်သူစကားကို ခေါင်းမဖော်ဝံ့ပဲ နာခံလျှက်သားခေါင်းငြိမ့်နေမိသည်။


"ကိုယ်တော့်ကို မော်ဖူးပါအုန်း မိဖွန်လေးရဲ့"


မိဖွန် ချက်ခြင်းယောက်ျားသံပြောင်းသွားတာမို့ နှုတ်ခမ်းထက် နွဲ့ဆိုးအပြုံးလေးနဲ့အတူ မျက်စောင်းရွယ်လျှက်


"မိဖွန် မဖူးဝံ့ပါ ကြီးမြတ်...အို!"


မိဖွန် ရုပ်တရက် သူမနားရောက်လာတဲ့ ကြီးမြတ်သူ ကိုယ်ကြီးကြောင့် ဆက်ခနဲလန့်သွားပြီးမှ မူပို အပြုံးတို့နဲ့ 


"မိဖွန် မထိပ်သာမလန့်သာရှိလိုက်တာ ကြီးမြတ်သူရယ်"


"အဟက် ဒီက ကိုယ်တော်ကလည်း အဲ့လိုအကြည့်လေးတွေကြောင့် မိဖွန်ကို စွဲနေသပါ့"


"အဟွန့်"


ကြီးမြတ်သူ မိဖွန်ရဲ့ မျက်နှာရိပ်မျက်နှာကဲကို အကဲခက်ပြီးတယ်ဆို မိဖွန်မေးဖျားလေးကို လက်ညိုးကွေးတို့နဲ့ ပင့်မော့စေကာ


"ဒီနေ့ကစပြီး ထူးကဲတဲ့ ကိုယ်ခန္ဓာပိုင်ရှင်နဲ့ ခန္ဓာအပ်နှင်းခွင့်ရအောင် ကြိုးစားရမယ်!"


"ရှင်!"


>>>>>>>>>>>>>>>>>>>>>>


"ဟိုလူကြီး.. ဟိုလူကြီးလို့! ကျစ် ဦးရေပြင်ညီ! ရှင်ကြီးနားလေးနေလို့ ခခခေါ်တာကိုမကြားတာလား ခခရေချိုးခြင်တယ်လို့!"


"ဟ့! မင်းရေချိုခြင်တာ ငါ့ဘာလို့လာပြောနေတာလည်း မင်းဘာသာသွားချိုးပါလား ဘာလည်း ငါကလိုက်ချိုးပေးရမှာလား"


ရေပြင် သစ်တုပ်ကောက်အသစ်လုပ်နေတုန်း မကြားခြင်ယောင်ဆောင်နေလည်းမရ တတွတ်တွတ်အနား လာပကျီနေတာမို့ လူလည်း စိတ်ပေါက်ပေါက်နဲ့ပြောချလိုက်ခြင်းဖြစ်သည်။ 


ခခ ပတ်ခနဲပြန်ပြောလာတဲ့ သူကြီးကြောင့် တစ်နင့်တစ်ပိုး စကားလုံးတို့နဲ့အတူ ရင်အစုံမှာ နိမ့်လိုက်ချည်လိုက်ဖြင့်


"ရှင်! ရှင်ကြီးမညစ်ပတ်နဲ့နော် ခခတစ်ယောက်တည်းမသွားရဲလို့ပေါ့"


"လူတွေတစ်ပုံကြီး မင်း ဘယ်သူမှမဆွဲဘူး"


ခခ တိုတိုနဲ့ပျက်ပျက်ပြောလိုက်တဲ့သူကြီးစကားကြောင့် ဘာပြောလို့ပြောရမှန်းမသိတော့တာမို့


"မသိဘူး! မရဘူးလိုက်ခဲ့ရမှာပဲ! လူတစ်ပုံကြီးရှိပင်မယ့် သူတို့ကိုမယုံဘူး လိုက်ခဲ့နော် နော်လို့"


ရေပြင် သစ်တုပ်ကောက်လည်း လက်စသက်ပြီးသွားတာမို့ တုပ်ကို သေချာလှည့်ကြည့်နေရင်း


"အဟက် ငါ့ကိုတော့ ယုံတယ်ပေါ့"


"အော် ရှင်ကြီးက ခခယောက်ျားပဲယုံတာပေါ့ ရှင်ကြီးမယုံလို့ဘယ်သူ့ယုံရမှာလည်း"


"အဟွန်း မင်းပြောတုန်းကတော့ ငါကမင်းကိုကိုမဟုတ်ပါဘူးဆို"


"အော် ဒါမယ် ဒါမယ်လည်း....."


ရေပြင် သူ့ကိုခံပြောဖို့ စကားလမ်းစပျောက်နေတဲ့သူမလေးကြောင့် သူပြုံးလိုက်ရင်း


"ထ! သွားမယ်"


ခခ ရုပ်တရက်ထပြောတဲ့ကိုကို့စကားကြောင့် ယောင်နနဖြစ်သွားကာ


"အင်! ဘယ်ကိုလည်း"


"ကျစ် မင်းအူကြောင်ကြောင်လုပ်မနေနဲ့ သွားမှာလား မသွားဘူးလား ဒါပဲပြော"


ရေပြင် ရှူရှူရှားရှားထလုပ်တော့မှ ခခသတိရသွားကာ ပြာပြာသလဲ


"ဟို သွားမှာ သွားမှာ အဟွန်း ကိုကိုကလည်း စိတ်ကြီးပဲ ခဏနော် မီး အင်္ကျီသွားယူလိုက်အုန်းမယ်"


ရေပြင် သူ့ကိုပြောပြီးတာနဲ့ လစ်ခနဲဆို တဲထဲဝင်ပြေးသွားတာ လေထက်တောင်မြန်အုန်းမည်။ တော်သေးတယ် ဒါတောင် ကိုယ်ဝန်နဲမို့။ အတော်လျှင်တဲ့ကောင်မလေး...


"ကိုကို့ သွားမယ်လေ အဟွန်း"


ရေပြင် ရှေ့ကသွားဆိုတဲ့ပုံစံမျိုးနဲ့ မေးဆက်ပြလိုက်ပြီး ဘေးနားကသစ်တုပ်ကောက်ကို ခက်မြန်မြန်ဆွဲပြီးထလိုက်မိသည်။ ဒီကောင်မလေး လိုတာရရင်တော့ တစ်ကိုတည်းကိုနေပြီး စိတ်ဆိုးတဲ့အချိန်ဆိုရင်တော့ ကိုယ်က သူစိမ်းပြင်ပြင်ပင်။


"ကိုကို့ ကြာလိုက်တာ မြန်မြန်လာ တော်ကြာ ရေတက်လာမှဖြင့်"


"ဟ့ ငါလည်းလာနေတာပဲ မင်းမမြင်ဘူးလား မင်းလို လူကောင်းမှမဟုတ်တာ"


ရေပြင် သူပြောလိုက်ဆော့မှ သတိရသွားသလို သူ့ခြေထောက်ကိုကြည့်ဖော်ရပြီး အမှားလုပ်မိထားတဲ့ ကလေးတစ်ယောက်လို ခေါင်းလေးပု ပြုံးပြကာ


"ခိ ဟို ကန်တော့ ကန်တော့ ခခမေ့သွားလို့ အဟွန်း.. အော် ဒါနဲ့ ဟိုလေ ဟို... အဟွန်း"


ရေပြင် သူက တုပ်ကိုအားပြုပြီးလျှောက်နေသလောက် သူမလေးကတော့ နောက်ပြန်အေးဆေးလျှောက်ကာ သူ့ကိုကြည့်နေတာ ပိုက်စိတ်တိုက်နေသလိုပင်။


 ရေပြင် သူ့ကိုကြည့်ပြီး တစ်ဟိုဟိုလုပ်နေတဲ့သူမလေးကြောင့် သူမျက်မှောင်ကျုံ့လိုက်ပြီး


"ကျစ် လိုရင်းမပြောပဲ ဘာလို့ သဝေထိုးနေတာလည်း"


"အဟွန်း အဲ့လိုပြောတက်တာလေးတစ်ခုကတော့ ကိုကိုနဲ့တော်တော်တူတယ်သိလား"


သူမလေးပြောပုံက ကိုယ်ကပဲ သူ့ကိုကိုခန္ဓာထဲရောက်နေသလိုမို့ ရေပြင်အလိုမကျစွာ မျက်မှောင်ကျုံ့ကြည့်လိုက်မိသည်။


"ဟို ဒါမယ့်လေ အရင်ကိုကိုက အခုကိုကိုလို ဦးလူဆိုးကြီးပုံမဟုတ်ဘူးသိလား အရင်ကကိုကိုက အခုလိုအသားမညိုဘူးရယ်"


ရေပြင် ပြောလိုက်ခြင်ပါဘိ သူ့မှာရေတောင်မနေ့ကမှစချိုးရတာမဟုတ်လား


"အဟွန်း ပြီးတော့.... အွန်း... ဘယ်နားမတူတာရှိသေးလည်းဆိုတော့...."


ရေပြင် တရဆက် နောက်ပြန်ရှောက်ပြီး သူ့ကိုပြောနေတာ တောကျွမ်းမုဆိုးမလေးလိုလိုပင်မို့ အသည်းတော့ယားမိသည်။


"မင်း ရှေ့ကြည့်လျှောက်လို့မရဘူးလား ကြာရင် မင်း ငါ့ထက်အဖြစ်ဆိုးတော့မှာ မြင်ယောင်နေတယ်"


"ဟားဟား ခခက ဒီလမ်းကို တစ်နေ့နှစ်ခေါက်လျှောက်နေကြပါနော် အဟွန်း အေးဆေး အာတွေ့ပြီ ဆံပင် ဟုတ်တယ် ဆံပင်ရှည်လာတော့ ကိုကိုနဲ့ပိုမတူတော့ဘူး အသားညိုညို ဒေါင်ကောင်းကောင်း ခန္ဓာကိုယ်တောင့်တောင့်နဲ့ ဆံပင်ရှည်ပြီး အမြဲတွန့်ကုပ်နေတဲ့ မျက်ခုံးတွေကဘယ်သူနဲ့တူလည်းဆိုတော့ အာ! ဟုတ်ပြီး! ဦးလူဆိုးရုပ်ကြီးနဲ့ ပိုတူနေပြီသိလား ခိ"


"ဟေ့! မင်းရှေ့ကြည့်လျှောက်တာပိုကောင်းမယ်နော် တော်ကြာ ချော်လည်းရင်  ကလေးတစ်ခုခု ဟာ! ဟေ့! ဟေ့! ဝုန်း! ဘုတ်! အင့်! အ့! ကျစ် ကျစ်"


ရေပြင် ပြောနေရင်းတန်းလန်း ခဏလေးဆိုသလို ဖြစ်ပျက်သွားတာ နောက်ဆုံး ရေပြင်လက်ထဲက သစ်တုပ်အသစ်လေးအစား ခခနေရာဝင်ယူလိုက်တာပါပဲ။


မြေပြင်ပေါ်ကျလုလု ကိုယ်ခန္ဓာနှစ်ခုမှာ အပေါ်မှာ လှမ်းဆွဲဖက်ထားရတဲ့ရေပြင်ကတော့ အကြောပြိုင်ပြိုင်လက်တို့နှင့် နာကျင်နေဟန် တုန်ရင်နေသလောက် ပတ်လက်အနေအထား အဖက်ခံထားရတဲ့ခခကတော့ ဒရမ်မာ စီးရီးထဲရောက်သွားသည့်အလား အံ့သြမှု ပျော်ရွှင်မှုတွေနဲ့အတူ သူမ မျက်လုံးထဲမှာ ယောက်ျားပီသလွန်းတဲ့ ကိုကိုက တစ်ကမ္ဘာပင်။


ရေပြင် ခြေထောက်က အမှီမပါပဲ ထောက်ထားရတာ သူ့ကိုယ်တင်မဟုတ် နောက်တစ်ကိုယ်စာပါ ပါနေတာမို့ အသည်းခိုက်အောင်နာနေတာတော့အမှန်ပါ။ ဒါကိုပင် သူ့လက်ထဲက ကောင်မလေးက ခုထိမထသေးပဲ ရှိသမျှသွားအကုန်ပြုံးဖြီးနေတာ နားရွက်တက်ချိတ်မတက်ပင်မို့


"ဟေ့!!! မင်းထတော့လေ! ကျစ် ဒီမှာ ခြေထောက်ကမရတော့ဘူးကွ!"


ခခ ရေပြင် ခက်ကျယ်ကျယ်အော်လိုက်တော့မှ သတိဝင်လာဟန်နှင့် ခန္ဓာကိုယ်ကို ကပြာကယာမက်လိုက်ရင်း


"အော် အဟွန်း ဟို ကိုကို ဘယ်နားနာသွားသေးလည်းဟင်"


ခခလည်း ဘာပြောရမှန်းမသိတာမို့ ဒရမ်မာတွေထဲကလိုပဲမေးလိုက်မိတာအမှန်ပါ


ရေပြင် ခုမှ မျောက်မီးခဲကိုင်ထားသလို ထူပေးတော့မလို တွဲတော့မလို လက်တကာကာလုပ်နေတဲ့သူမလေးကြောင့် သူ့ဘေးနားက သစ်တုပ်ကိုကောက်လိုက်ပြီး


"ဘာဖြစ်ရမှာလည်း တော်သေးလို့ပေါ့ ကျစ် မင်းအတော်နမော်နမဲ့နိုင်တာပဲ ငါဒီလောက်ပြောနေတာတောင် ကျစ် မင်းကလေးလိုလို ဘာလိုလိုလုပ်မနေနဲ့ ခခ မင်းဗိုက်ထဲမှာ လူလောကထဲရောက်လာမယ့်ကလေးရှိတယ်ဆိုတာကို သတိထားပြီး ဆင်ခြင်နေ ငါဒါပဲပြောခြင်တယ် ကျစ် သွား ရှေ့ကိုကြည့်ပြီး"


ခခ ကိုကို့ရဲ့ ခက်မာမာလေသံကြောင့် မျက်နှာလေး ညှိုးသွားကာ ရှေ့က ခက်မှန်မှန်ပဲလျှောက်နေလိုက်သည်။ ကိုကိုက အရင်က ကိုကိုနဲ့မတူတော့ဘူးပဲ...


ထိုမြင်ကွင်းကို သစ်ပင်အကွယ်က ကြည့်နေတဲ့မိဖွန်တစ်ယောက်ကတော့


"လူစိမ်းက ကျက်သရေရှိလိုက်ပါပိ စိတ်ချပါ ကြီးမြတ်သူ အသင်ပေးတဲ့ တာဝန်ကို အကျွန်ုပ် သေချာစွာ ထမ်းစောင်မှာပါ အဟွန်း"


>>>>>>>>>>>>>>>>


"ကိုကိုကြီး ဒါဆို ညီမလေးတို့ကို ဘယ်လိုရှာကြမလည်းဟင် ဖုန်းရဲ့တည်နေရာကလည်း တောကြီးမျက်မည်းထဲမှာ ဖုန်းနဲ့ ညီမလေးတို့နဲ့အတူရှိနေရင်တော့ ဗေဒါတို့ကိုဆက်သွယ်မှာပါ တကယ်လို့ အတူမရှိနေခဲ့ရင်ရော ဘယ်လိုဆက်ရှာကြမလည်းဟင် ဟင့် ဗေဒါဖြင့် အဲ့တောနာမည်ကို ခုမှကြားဖူးတာရယ် ညီမလေးဘယ်လိုများနေနေမလည်းမသိဘူး ဟင့်"


လှိုင်း ညင့်နက်သည်အထိ မအိပ်နိုင်သေးပဲ တအီအီလုပ်နေတဲ့ ဇနီးလေးကြောင့် ရင်ခွင်ထဲ လုံးကျစ်စွာပွေ့ထားရင်း သက်ပြင်းရှည်ကြီးချကာ


"ဟွန်း..... အားလုံးအဆင်ပြေသွားမှာပါ ကလေးရာ မနက် ကိုကိုယ်တိုင်သွားရှာမှာပါ ညီနဲ့ခခဘာမှမဖြစ်စေရဘူး ကိုယ်ကတိပေးတယ် ဟုတ်ပြီလား"


"ဟင့် ဗေ ဗေဒါ အိပ်မရဘူး ကိုကိုကြီး ဗေဒါရင်ထဲ အရမ်းပူနေတယ်"


"ဟား... ဟုတ်ပါပြီကလေးဆိုးလေးရယ် လာ ဒီက မောင်ကြီးကချော့သိပ်ပါ့မယ် ဟုတ်ပြီလား သခင်မလေး"


"အာ ကိုကိုကြီး ဗေဒါ..."


"ကဲ တော်ပြီ အိပ်တော့ အိပ်ရေးဝအောင်အိပ် တော်ကြာ ခခနဲ့ပြန်တွေ့မှ သူ့အမပိန်ညှောင်ရိုးဖြစ်နေလို့ အဟောက်ခံရအုန်းမယ် အိပ်တော့"


"အဟွန်း ညီမလေးက အဲ့လိုမပြောပါဘူး ကိုကိုကြီးရဲ့"


"အာ အိပ်နေပြီထင်တာ စကားပြန်ပြောနေသေးတယ် အိပ်တော့ မဟုတ်ရင် မလွယ်ဘူးနော် အဟွန်း"


"ဟုတ်"


လှိုင်း ဒါကျတော့ ငြိမ်ကျသွားတာ မီးကိုရေနဲ့ဖျန်းတာကမှ အသံမြည်အုန်းမည်ဖြစ်သည်။ လှိုင်း အချိန်အတော်ကြာမှ ပျော့ပြောင်းသွားတဲ့ကိုယ်လုံးလေးကြောင့် သူမလေးအိပ်ပျော်သွားပြီမို့ သူသက်ပျင်းရှည်ချလိုက်မိသည်။ အမှန်ဆို သူလည်း ဗေဒါထက်မနည်းနဲ့ ပူဆွေးမှုတွေနဲ့ညီ့အတွက်စိတ်ပူနေရသည်မဟုတ်လား။ မနက်လမ်းခရီးမှာ အားလုံး အဆင်ပြေချောမွေ့ပါစေလို့သာ ဆုတောင်ရုံမှတစ်ပါး အခြားမရှိတော့ပါ။


◾◾◾◾◾◾◾◾◾◾◾◾◾◾◾


စာဖတ်သူအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နဲ့ပြည့်စုံပြီး တစ်ခဏတာမျှ စိတ်အမောတွေ ပြေနိုင်ကြပါစေရှင်🙏


စာဖတ်သူများကို အစဥ်လေးစားလျှက် 

#မြူခိုးဝေဝေ


rate now: