book

Index 33

အပိုင်း (၃၃)

ကိုကို့မို့ ချစ်တာလို့ ☹


ခခ သူမကို လာခဲ့ဖို့ပြောတဲ့ နေရာကိုရောက်တယ်ဆိုတာနဲ့ ကိုယ်ဝန်သည် လေးငါးခြောက်ယောက်လောက်နဲ့အတူ အရှေ့က အဖွားကြီးနဲ့ ခက်ငယ်ငယ်အမကို တွေ့လိုက်တာမို့ နောက်ကျနေသူပီပီ ခက်မြန်မြန်လေး ဘေးစွန်းက တစ်ယောက်နားပြေးရပ်လိုက်မိသည်။ ထို့နောက်မှ အားနာအပြုံးလေးနဲ့


"အဟွန်း... ဟို နောက်ကျသွားလို့ sor...."


"ဒါနောက်ဆုံးဖြစ်ပါစေ! ကြီးမြတ်သူက ဒီလိုအဖြစ်မျိုးကို မကြိုက်ဘူး!"


ခခ အသံကျယ်တာလည်းမဟုတ်ပဲ အမိန့်ဆန်ဆန်ပြောနေတဲ့ အဘွားကြီးနောက်က ကိုယ်ရံတော်လိုလိုအမကြောင့် နှုတ်ခမ်းလေးမသိမသာဆူသွားမိသည်။ "ဟွန့် ဒါလေးနောက်ကျတာကို အယ်!" ခခ ခက်တိုးတိုးလေး မကျေနပ်သလိုပြောလိုက်ပင်မယ့် မျက်နှာထားတင်းတင်းနဲ့အမရဲ့ မျက်လုံးတွေနဲ့ဆုံလိုက်တာမို့ ခက်မြန်မြန် ခေါင်းငုံ့လိုက်မိသည်။ စိတ်ထဲတွင်တော့ " ဒီလူမျိုးစုတွေမျက်လုံးတွေက စနိုက်ဘာမျက်လုံးတွေကျနေတာပဲ"


"ကဲ လူစုံပြီဆိုတော့ ဘိုးဘွားတွေကို နင်တို့ကလေးတွေ အပ်နှင်ရမယ် မိဖွန်!"


"ရှိကြောင်းပါ ကြီးမြတ်သူ"


"လူသစ်ကလွဲပြီး ကျန်တဲ့သူတွေကို အပ်နှင်းပေးလိုက်"


"မလွန်ဆန်ဝံ့ပါ ကြီးမြတ်သူ"


ခခ စကားကြီးတွေက တစ်မျိုးကြီးတွေမို့ ရယ်တော့ ရယ်ခြင်သား။ သို့သော် တခြားကိုယ်ဝန်သည်တွေနည်းတူ ခေါင်းငုံ့နေရပင်မယ့် ဘိုးဘွားတွေကို ကလေးအပ်နှင်ရမယ်ဆိုတဲ့စကားကြောင့် လက်ဖျားက အလိုလို အေးစပ်လာမိသည်။ "ဘယ်လိုများအပ်နှင်းမှာပါလိမ့်"


မကြာပါဘူး ဘယ်က ဘယ်လိုထွက်လာမှန်းမသိတဲ့ ဝါးဆစ်ခေါက်သံတွေနဲ့အတူ လူလေးငါးခြောက်ယောက် ပြေးထွက်လာပြီး စပြီးတီးမှုတ်နေတာမပြီးတော့ပါ။ ထို့နောက် သူမနားကိုလည်း ပရည်တွန့်ကြီးတွေအထင်းသားနဲ့ လက်ကြီးရောက်လာပြီး....


"အ့! ဟို အရမ်းမဖိနဲ့လေ အဲ့လိုမဖိရဘူး..."


ခခ သူမဗိုက်ကို ပရည်တွေတွန့်နေတဲ့ လက်ကြမ်းကြမ်းကြီး လှည့်ပတ်ဖိကိုင်နေတာကြောင့် ဟန့်တားသလို ပြောလိုက်မိသည်။ ဒါကိုပဲ သူမကို မျက်အိမ်သေးပင်မယ့် စူးတောက်နေတဲ့ မျက်လုံးအိုက်အိုက်ကြီးနဲ့ကြည့်လိုက်ပြီး


"ဆရာလာမလုပ်နဲ့! နင့်ထက်ငါသိတယ်..!.."


ခခ ထိုအဖွားကြီးရဲ့ အသံသြသြကြီးကြောင့် ကာမလို တွန်းမလိုလုပ်နေတဲ့ လက်လေး တွန့်သွားပြီး ကြောက်လွန်းလို့ မျက်ရည်လေးဝေ့နေမိသည်။ ခုလို ဗိုက်ကို အကိုင်ခံနေရတာ သူမတစ်ယောက်ထဲပင်မဟုတ် သူမလိုဗိုက်ကြီးသည် လေးငါးခြောက်ယောက်လောက်ရှေ့မှာရှိသေးသည်။ သူမကလွဲပြီး ကျန်တဲ့အမျိုးသမီးတွေကို မျက်နှာထားတင်းတင်း၊ မျက်ဝန်းတောက်တောက်နဲ အဖွားကြီးတပည့်လို့ထင်ရတဲ့ ခက်ချောချောအမတစ်ယောက်က အဘွားကြီးနည်းတူ လိုက်ကိုင်ကြည့်နေသေးသည်။  သူမရှေ့က အကိုင်ခံရတဲ့ မိန်းမတွေကတော့ ဘယ်လိုမသိ ခခတော့ ဗိုက်ထဲတစ်မျိုးကြီးပင်။ သူမလည်းဆေးကျောင်းသူပီပီ ဒီလိုတွေ မလုပ်ကဘူးဆိုတာသိနေပင်မယ့်လည်း သူမနည်းတူ ကိုယ်ဝန်ဆောင်သည်အားလုံး နာခံကြရတာမို့....


ခခ သူမဗိုက်ကို သေချာကိုင်ပြီးနောက် ပြုံးသွားကာ သူမဗိုက်မှာ ကပ်နေတဲ့ လက်တုန်တုန်ကြီး ကဖယ်လိုက်ပြီး


"အွန်း.... နောက်နေ့တွေလည်း ဒီအချိန် ဒီနေရာကို ပြန်လာခဲ့ကြရမယ်ဟေ့! နင်တို့ကလေးတွေအားလုံး ဒီချိန်ထိ အားလုံးဘေးကင်းတယ်! အရင်လူတွေလို ကလေးတွေကို တောစောင့်နတ် စားသွားတာမျိုး မခံရဖို့ ငါမျှော်လင့်တယ်! ဟင်းဟင်း! ဟင်းဟင်း! ဟင်းဟင်း! ဟင်းဟင်း..!..."


ခခ တဟင်းဟင်းနဲ့ ပုခုံးတွေ တုန်နေသည်အထိ ကျောခိုင်းရယ်သွားတဲ့ အဖွားကြီး နောက်ကျောကိုကြည့်ပြီး ခခကြက်သီးတွေ တဖြန်းဖြန်းထနေမိသည်။ နောက်သူမ မရှင်းတာတစ်ခုက အရင်လူတွေလို ကလေးတွေကို တောစောင့်နက်က မစားစေခြင်ရင်ဆိုတဲ့ အဓိပ္ပါယ်က ဘာကိုပြောခြင်တာလည်း...


>>>>>>>>>>>>>>>>>>>


"ကျစ် မင်းမခံနိုင်ရင် မခံနိုင်တဲ့အကြောင်းပြောလိုက်ပေါ့ကွာ ကျစ် ငြိမ်ခံနေရအောင်လည်း သူကဘာမို့လည်း..."


ရေပြင် ညအတော်နက်သည်အထိ သူနဲ့ခက်လှမ်းလှမ်းအိပ်ယာလေးကနေ သူမဗိုက်ကို အဖွားကြီးကိုင်တာ အကြိုက်ကြောင်း ပြောနေတာ အခေါက်ပေါင်းမနည်းတော့ပေ။ ဒီလိုပြောကြည့်ပါလားဆိုပြီး ကိုယ်ကအကြံပေးတော့တော့လည်း သူမက တစ်ဖက်ကလှည့်ပြောပြန်သည်။ ကြာလာတော့ ခြေထောက်အနာရှိန်ကတစ်မျိုး၊ မအိပ်ရသေးလို့ ဆန္ဒပြနေပြီဖြစ်တဲ့ မျက်လုံးကတစ်မျိုးကြောင့် လူက သိပ်စိတ်မရှည်ခြင်တော့ပေ။


"အင်းပါ ခခ နောက်အဲ့လိုပြောပါ့မယ်... ဒါပင်...."


"တော်! အိပ်တော့! အချိန်လည်းမနည်းတော့ဘူး အဲ့အဖွားကြီးအကြောင်းကို မင်းအဲ့လောက်သိခြင်နေရအောင် မင်းကစုံထောက်လည်းမဟုတ်ဘူး အိပ်တော့"


ခခ ရေပြင်အပြောကြောင့် ဆက်ပြောခြင်နေသေးတဲ့ နှုတ်ခမ်းချွန်ချွန်လေး လုံးခနဲဖြစ်သွားကာ ကုတင်ထက်က အပြီပြင်နေရာယူနေတဲ့သူကြီးကို မျက်စောင်းရွယ်လိုက်ပြီး


"ဟွန့် သူအိပ်ခြင်ရင် အိပ်ခြင်တယ်ပေါ့"


"ဟေ့ ဒါတောင် တွတ်ပွတွတ်ပွပြောနေတုန်းလား..."


ခခ သူမကြာယုံလောက်ပြောလိုက်ကို ကြားဖြစ်အောင် ကြားသွားသေးတဲ့ သူကြီးကြောင့် မျက်စောင်းချည်ရက်နဲ့ပဲ


"တမင်ကြားအောင်ပဲ ပြောတာပဲဟာ ဟွန့်"


ရေပြင် သူပြောလိုက်တိုင်း ဆက်ဆက်ထိမခံပြောတက်တဲ့ ကောင်မလေးကြောင့် စိတ်မရှည်တက်သူပီပီ ဆက်ပြောနေလည်း မိုးလင်းမှာမို့ အသံတိပ်နားပိတ်သာ​ နေလိုက်တော့သည်။


ခခ အတော်ကြာသည်အထိ ကိုကို့ထံက စကားသံမကြားရတော့တာကြောင့် ကုတင်ထက် မျက်လုံးဆွေကြည့်လိုက်တယ်ဆို အလိုမကျမှုတို့နဲ့အတူ အလိုလို နှုတ်ခမ်းလေးလုံးသွားမိသည်။ 


"ဟွန့် သူကြီးကတော့ အေးဆေးအိပ်နေနိုင်တယ် သူများကျတော့ ဟွန့် အ့ ဖက်! ဒီခြင်ကလည်းတစ်မျိုး..." 


"အ့ ဒီမှာတစ်ကောင် ဟင့်"


 "ကိုကိုရေ..."


"........."


 "ခခခြင်ကိုက်လို့သေတော့မယ်သိလား.."


"......."


"ဟွန့် ရက်စက်လွန်းသူကြီး.."


ရေပြင် ခြင်ရိုက်လိုက် တပြစ်တောက်တောက်ပြောလိုက်နဲ့ ကြမ်းခင်းမို့ ဟိုဘက်ဒီဘက် ကိုယ်အလှည့်တောင် အသံမြည်နေတာမို့ အအိပ်ဆက်တဲ့သူ့အဖို့တော့ ဒီည အိပ်ရဖို့မလွယ်ခဲ့ပါ။အတော်ကြာတော့မှ ငြိမ်ကျသွားတဲ့ သူမလေးကြောင့် သူခက်မှန်မှန်ခြေလှမ်းတို့နဲ့အတူ စောင်ထူထူသွားခြုံပေးလိုက်မိသည်။ ဒီညအဖို့ သူမအပြီး ကိုယ်နဲ့နှစ်ပါးသွားရမယ့် ခြင်တွေကြောင့် သူသက်ပျင်းခက်ရှည်ရှည်ချလိုက်မိသည်။ ပြောတော့ ကိုယ့်ကိုလာစောင့်ပေးတာပါတဲ့။ 


"ကျစ် မပြောလိုက်ခြင်ဘူး ဒီအချိန် ဆင်တက်နင်းရင်တောင် နိုးမှာမဟုတ်ဘူး"


ရေပြင် မည်းမည်းလှုပ်နေတဲ့ ခြင်တွေကြောင့် အိပ်မရမယ့်အတူတူ တဲကံပြင်က မြေခြောက်ထက်မှ မီးကျိုးစပြုနေတဲ့ မီးပုံပေးမှာပဲ  ဦးငထီးဆီကတောင်းထားလိုက်တဲ့ ဖွာတန်ကို ကောက်ဖွာနေလိုက်သည်။ ရေပြင် ဖွာတန်ကို တရှိုက်မက်မက် ဖွာနေရင် ဘာရယ်မဟုတ်ပဲ ပုစွန်ထုပ်ကွေးကွေးနေတဲ့ သူမလေးထံအကြည့်ရောက်သွားမိသည်။ ဟိုတစ်စ ဒီတစ်စ မီးညွန့်တို့ကြား အရောင်ဟက်နေတဲ့ ပြောင်တင်းတင်းမျက်နှာလုံးလုံးလေးကို မျက်တောင်စင်းတို့ဖြင့်ကြည့်နေမိတာဘယ်လောက်ထိ ကြားသွားသည်မသိ။ သူမလေးက တကယ်ပဲ ကိုယ့်ဇနီးဖြစ်ခဲ့တာလား...


"ကျစ်"


စဥ်းစားလိုက်ထိုင်း သံချွန်နဲ့ထိုးသလို နာလာတက်တဲ့ခေါင်းကြောင့် မျက်ခုံးအစုံ တွန့်ကုပ်ပြီး အတွေးတို့ကို ခါထုပ်လိုက်မိသည်။ တကယ်သာ ဖြစ်နေခဲ့ရင် သူ့မှာ တာဝန်တွေ အလိုလိုရှိလာခဲ့ပြီမို့....


>>>>>>>>>>>>>>>>


"ဖြောက် ဖြောက် ဖြောက် မိဖွန်...."


တဖြောက်ဖြောက်မြည်နေတဲ့ မီးပုံကြီးမှ မီးတောက်အသံတွေနဲ့အတူ မီးရောင် ဝါကျင့်ကျင့်အကြား သြရှရှ တုန်ရီနေတဲ့ အသံကြီးတစ်ခု...


မိဖွန် အိပ်နေရာမှ ကြီးမြတ်သူရဲ့အသံကြောင့် ငေါက်ခနဲထထိုင်လိုက်တယ်ဆို သူမအိပ်ယာဘေးနားရောက်နေ​တဲ့ ကြီးမြတ်သူကြောင့် ပျက်ရွင်းတော့မလိုဖြစ်နေတဲ့ မျက်နှာကို အမြန်ပြန်ပြင်လိုက်ပြီး


"ဒီ ဒီအချိန်ကြီး ဘာ ဘာအကြောင်းရှိပါ့ ကြီးမြတ်သူ"


"ဟားးးဟားးးးဟားးးးး မိဖွန်လေး... ဒီနေ မိဖွန်ဆီကို ခန္ဓာအပ်ဖို့လာခဲ့တာပဲ အဆင်သင့်ပြင်ထားပေတော့ ဟားးဟားးးဟားးဟားးး"


ပြောလည်းပြော မိဖွန်ကိုယ်လုံးလေးထပ် ထက်ကျသွားတဲ့ ယောက်ျား ခန္ဓာကိုယ်တစ်ခုသည်......


>>>>>>>>>>>>>>>


"ကျိ ကျလိ ဒက် ဒက် ကျိ"


"အွန်း....... ဝှား...... အိပ်လို့ကောင်းလိုက်တာ..."


"အိပ်လို့ကောင်းတယ်လုပ်မနေနဲ့ ဒီချိန်မနက်စာတောင်ကျန်ပါ့မလားမသိတော့ဘူး ထ မြန်မြန် မနက်စာသွားယူပေး"


ရေပြင် တကယ် စိတ်အချဥ်ပေါက်နေတာတော့အမှန်ပါ။ ညကတည်းက မအိပ်ထားသူပီပီ မနက်ရောက်တော့လည်း ဟာတာတာဖြစ်နေတဲ့ ဗိုက်က အသံစုံမြည်လို့ပင်။ ကိုယ်က အစောကြီးနိုးနေပင်မယ့် မနက်စာ သွားယူတဲ့နေရာထိ လမ်းမရှောက်နိုင်တာမို့ သူမလေးအနိုးကို ထိုင်ရှူ့နေရတဲ့အဖြစ်ပေ။ နိုးလိုက်ရင်လည်း ကပ်ကပ်လန်ရန်တွေ့မယ့်ဖြစ်ခြင်း အခက်မသင့်ရင် ကိုယ့်တောင် ထမင်းယူပေးမှာမဟုတ်တာကြောင့် နိုးအောင် ထိုင်စောင့်နေခြင်ဖြစ်သည်။


ခခ ပြန်ကွေးမို့ လုပ်ပြီးမှ ကိုကို့အသံကြောင့် မဖွင့်ခြင်သေးတဲ့ မျက်လုံးတွေကို အတင်းပွတ်သက်ကာ မျက်နှာ စူပုပ်ပုပ်လေးနဲ့


"ဟွန့် အိပ်ကောင်းခြင်းလည်းမအိပ်ရ စားကောင်းခြင်လည်းမစားရ မာမီရေ ခခအဖြစ်ကိုလာကြည့်ပါအုန်း ဟင့်"


"ကျစ် မင်းအပိုတွေလုပ်မနေနဲ့ မယူပေးခြင်လည်းရတယ် ငါ့ဘာသာသွားယူမယ်"


ခခ လူကသာ မစွမ်းတာ အောက်ကျို့မခံခြင်တဲ့သူကြီးကြောင့် မျက်စောင်းရွယ်လိုက်ပြီး နေပေါ့ဆိုတဲ့ပုံစံမျိုးနဲ့ ထိုင်သာနေလိုက်သည်။


ရေပြင် မခံခြင်စိတ်နဲ့ ခက်တင်းတင်မျက်နှာနဲ့အတူ အသင့်စောင် သစ်တုပ်ကြီးကို လှမ်းယူဖို့ ထလိုက်တယ်ဆို


"အ့ ကျစ် တောက်!"


ခခ အလိုမကျမှုတို့နဲ့ ကိုကို့တောက်ခေါက်သံကျယ်ကျယ်ကြောင့် ကျောပေးလျှက်ရှိနေတဲ့ သူမကိုယ်လေး တုန့်ခနဲဖြစ်သွားကာ လှည့်ကြည့်လိုက်တယ်ဆို ကုတင်ခြေရင်းမှာ တုပ်တစ်ချောင်းနဲ့ ကိုယ့်ရို့ကားယားပုံစံကြောင့် သူမရယ်လည်း ရယ်ချင် သနားလည်းသနားသွားတာမို့


"ဟွန့် နေပါ ကိုယ့်ကြည့်တော့ အပေါ့အပါးတောင်မသွားနိုင်ပဲနဲ့ ထိုင်နေတော့ ခခပါသာ သွားယူလိုက်မယ် ဟွန့်"


ရေပြင် ယောက်ျားရင့်မာကြီးပင်မယ့် ခုလို ပြောခံလိုက်ရတော့ မျက်နှာတစ်ခုလုံး ရည်နွေးနဲ့ ပတ်ခံလိုက်ရသလိုပင်။


"တောက်! ဘယ်လိုမှ စေတနာထားဖို့မကောင်းတဲ့ ကောင်မလေး ဒုန်း ဒုန်းဒုန်းဒုန်း..."


ရေပြင် ရှိသမျှဒေါသတို့ကို လက်ထဲက သစ်တုပ်ဆီကိုသာပုံချလိုက်မိသည်။


>>>>>>>>>>>>>>>>


"ဟုတ်ကဲ့ အခုဆိုရင် The water world ရဲ့ ဒုတိယအမွေဆက်ခံသူနှင့်ဇနီးအပါအဝင် မဟော်မျိုးနွယ်ရဲ့ဆက်ခံသူပါ ပျောက်ဆုံးနေတာ ဒီနေ့နဲ့ဆို နှစ်ပတ်တင်းတင်းပြည့်ခဲ့ပါပြီရှင့်၊ ဖြစ်စဥ်တွင် ပါဝင်နေသော ကျောင်းသား ကျောင်းသူအပါအဝင် ဆရာ ဆရာမအားလုံးကို ပြန်တွေ့နေရပင်မယ်လည်း မိန်းကလေးသုံးဦးအပါအဝင် ယောက်ျားလေးနှစ်ဦးပျောက်ဆုံးနေတာပါရှင့် ဒီသတင်းကိုပေးပို့လာသူကတော့...... တီ"


ဒေါ်မေမီ ရုပ်တရက် ပိတ်သွားတဲ့TVကြောင့် ပတ်ဝန်းကျင်ကို ခဏ အာရုံရောက်သွားမိသည်။ ဗေဒါ အမြဲခေတ်ဆန်ဆန် သစ်လွင်နေတက်တဲ့ မေမေက အခုဆို အင်္ကျီနဲ့ထမိန်ကို အရောင်ဟပ်အောင် မဝတ်နိုင်တော့ပါ။


"ဘာလို့ ပိတ်လိုက်တာလည်းသမီးရယ်.."


ဗေဒါ တိုးလျှလျှမေမေ့အသံကြောင့် သူမကိုယ်တိုင်လည်း မျက်ရည်ကြည်တို့နဲ့


"မေမေ အဲ့ဒါကိုကြည့်နေတာ ဘယ်နှခေါက်ရှိနေပြီလည်း မေမေရယ် ကိုကိုကြီးနဲ့ဖေဖေလည်းရှာနေတာပဲလေ ရေပြင်နဲ့ညီမလေးကို တွေ့တော့မှာပါ အဓိကက မေမေကျန်းမာအောင် နေပေးဖို့ပဲလေ မေမေအခုလိုဖြစ်နေတော့ ရေပြင်နဲ့ညီမလေးသိရင် ဘယ်စိတ်ကောင်းပါ့မလည်း"


"ဟင့် သ သမီးရယ်... မေမေ့နေရာကိုလည်း ဝင်ကြည့်ပါအုန်းကွယ်... သ သမီးညီမလေးမှာလည်း ကိုယ်ဝန်ပါသွားတယ် ဒါကို မေမေဘယ်လိုစိတ်မျိုးနဲ့ ဖြေသိမ့်ရမှာလည်း သမီးရယ်.. ဟင့်"


"မေမေရယ်....."


ဗေဒါ သူမကို တင်းကျပ်အောင် ဖတ်ထားလျှက်သား ငိုနေတဲ့မေမေကို ဖြေသိမ့်ပေးရင် သူမလည်း မျက်ရည်ကျနေမိသည်။ ညီမလေးနဲ့ရေပြင်မရှိတော့ကတည်းက ဒီအိမ်ကြီးက သိသိသာသာခြောက်ကပ်သွားတာ သူမအသိပင်။ ကံကောင်းထောက်မလို့ ညီမလေးတို့ ဘေးမသင့်ရန်မခပါစေနဲ့အရှင်ဘုရား..


"တူ....တူ.....တူ.....တူ.... ဟင်"


ဗေဒါနဲ့ဒေါ်မေမီ အတွေးထဲနစ်မျောနေချိန် အနားက ဖုန်းသံကြောင့် ကိုယ်တွေချက်ခြင်းမက်သွားကာ ခက်မြန်မြန် ဖုန်းကောက်ကိုင်လိုက်တယ်ဆို


"ဟုတ် ကိုကိုကြီး..."


"...."


"ရှင် ညီ ညီမလေးတို့ကို ခြေယာခံမိပြီဟုတ်လား..."


◾◾◾◾◾◾◾◾◾◾◾◾◾◾◾


ဒီတလောမှာ ကျွန်မစိတ်တွေအရမ်းမွန်းကြပ်လွန်းလို့ စိတ်လွတ်ကိုယ်လွတ် ဘာကိုမှ အာရုံမထားပဲ အားလုံးကို လက်လွှတ်ချထားလိုက်မိတယ်။ မေကြီးကျန်းမာရေးက ခုထိ ဘာရယ်လို့ မယ်မယ်ရရပြောလို့မရသေးပင်မယ့် အတော်ကြီးတော့ သက်သာလာပါပြီ။ အရမ်းစိတ်ပင်ပန်းပြီး ဘာကိုမှ ဆွဲမထားခြင်လောက်အောင် ပင်ပန်းခဲ့တာမို့ စာရေးဖို့ကို ရေးမယ်လုပ်လိုက် ပျက်သွားလိုက်နဲ့မို့ ကြာနေခဲ့တာပါ။ အဲ့ဒါကြောင့်လည်း အထူးတောင်းပန်ပါတယ်နော်။


ကျွန်မရေးလိုက်တဲ့ စာပိုဒ်လေးတစ်ခုကြောင့် ခဏတာမျှ စိတ်ပင်ပန်းမှုတွေ ပြေပျောက်နိုင်ကြပါစေရှင်🙏


စာဖတ်သူများကို အစဥ်လေးစားလျှက်


#မြူခိုးဝေဝေ


rate now: