book

Index 32

အပိုင်း (၃၂)

ကိုကို့မို့ ချစ်တာလို့ ☹



"အွန်း..... ဝါး........."


"ဟေ့! သန်းမနေနဲ့ ထတော့အချိန်ကိုကြည့် ဘယ်နနာရီထိုးနေပြီလည်း.. စောနက ငထီးလာပြောသွားတယ် ကိုယ်ဝန်ရှိတဲ့သူတွေ ဒီတဲရဲ့ထောင့်ဘက်ကိုလာစုပေးကြပါတဲ့"


ခခ ခက်လှမ်းလှမ်းက ကိုကို့စကားကြောင့် သူမသန်းနေရင်း လက်တွေအလိုလိုလေထဲရပ်ပြီး မျက်လုံးဝိုင်းလေးနဲ့


"ဟင်! ရှင်ကြီးက နာရီသိတယ်... ဘယ်လိုသိလည်း...... အတိတ်မေ့နေတယ်ဆို... တောထဲမှာ နာရီမရှိဘူးလေ"


ရေပြင် သူပြောနေတာကို ဂရုမစိုက်ပဲ မဟုတ်တာ ထပြောတဲ့ သူမလေးကြောင့် သူစုပ်သက်ရင်း


"ကျစ် မသိဘူး ဒီတိုင်းပြောလိုက်တာ ငါနာရီဆိုတာတော့သိပါတယ် ဒီမှာလေ ငါ့လက်မှာနာရီရှိနေတာပဲ"


ခခ တစ်ချို့တစ်လေများ သတိရလာပြီလားလို့ မျှော်လင့်ချက်လေးနဲ့မေးမိကာမှ သူကြီးအဖြေကြောင့် စိတ်ပျက်သလိုလေး လက်လေးကို ခက်လေးလေးလေး ချကာ ခက်ငိုင်ငိုင်လေးထိုင်နေမိသည်။


ရေပြင် သူ့ရှေ့က သူမလေးဖြစ်ပျက်သွားတဲ့ပုံစံကိုကြည့်ပြီး သူအားတုန့်အားနာဖြစ်သွားမိသည်။


"ကျစ် အချိန်တန်တော့သတိရလာမှာပေါ့ကွာ ချက်ခြင်းကြီးတော့ ဘယ်ရမလည်း.."


ခခ ရေပြင်ပြောတဲ့စကားကို စိတ်ပျက်အားလျော့သောလေသံလေးနဲ့


"မီးက ကိုကို့ကိုတွေခြင်ပြီ ဟင့်"


"ဟ့! မင်းကိုကိုဆိုတာလည်း ငါပဲလေ"


"ဟွန့်အွန်း မဟုတ်ပါဘူး.... မီးကိုကိုက မီးကိုအရမ်းချစ်ပြီးအရမ်းဂရုစိုက်တဲ့ကိုကိုလေ.."


ရေပြင် သူ့ကိုတောင်မကြည့်ပဲ ခက်တွေတွေလေးပြောနေပုံကိုကြည့်ပြီး သူစိတ်ထဲခိုးလို့ခုလုတော့ဖြစ်မိသည်။ သူမကိုသူ မမှတ်မိသေးပင်မယ့် သူမကတော့သူဇနီးဆိုတာတော့ညင်းမရပေ။ ဒါကို သူ့ကိုမဟုတ်ပဲ တခြားတစ်ယောက်ကိုချစ်ကြောင်း လွမ်းကြောင်းပြောနေတဲ့ပုံကြောင့် သူစိတ်ထဲတော့ အခဲမကျေခြင်ပေ။ 


"ဟူး..... ထတော့မယ် ရေမိုးချိုးအုန်းမှ... ဟင်! စောင်"


"ဟုတ်တယ် ခေါင်းဦးပါ ပါတယ်လေ မင်းမှာစောင်နဲ့ခေါင်းဦးမရှိဘူးလား"


"ဟင် ရှိတယ်လေ ညက မူပိုတို့နဲ့သွားအိပ်မို့ အဲ့ကိုအကုန်ရွှေ့ထားတာ ထမင်းစားပြီးတယ်ဆို ဒီကိုလာအိပ်ရမယ်ဆိုလို့ သွားမယူဖြစ်တော့တာ"


"ကျစ် မင်းအရင်ကရော အဲ့လို ဖြစ်သလိုပဲနေတာလား..."


"ဟာ မဟုတ်....."


"မဟုတ်လည်းထားလိုက်တော့ ဟုတ်လည်းထားလိုက်တော့ ခုချိန်မင်းဗိုက်ထဲမှာ ကလေးရှိနေပြီလေ နေခြင်သလိုနေလို့မရတော့ဘူး မင်းကိုယ်မင်း ဂရုမစိုက်ခြင်ရင်တောင် ကလေးအတွက်တော့ ထည့်စဥ်းစားပေါ့"


ခခ သူကြီးပြောပုံအရ သူမကပဲ ကလေးကို ဂရုမစိုက်သလိုလိုမို့ မျက်စောင်းလေးချက်ခြင်းချီပြီး


"ခခလည်း အဲ့လောက်ကတော့သိပါတယ် ဆေးကျောင်းပထမနှစ်ပါ ဟွန့်"


"ဟ့! မင်းဆေးကျောင်းဘာလုပ်ရမှာလည်းကွ ဒီကာလမှာ ပိုဂရုစိုက်သင့်လို့ပြောနေတာပေါ့"


"အို ခခထက်ရှင်ကပိုသိနေတယ် သိပါတယ်ဆို"


"သိ ပြီးရောကွာ စေတနာနဲ့ပြောတာကို စေတနာကိုနားမလည်ဘူး..."


"ဟွန့်"


ခခ အိပ်ယာကို ခက်စောင့်စောင့်သိမ်းပြီး ခက်စောင့်စောင့် တဲအပြင်ဘက်ထွက်လာလိုက်သည်။ အပြင်ရောက်တယ်ဆို ဒိုင်းခနဲ တဲဘက်ကိုနှုတ်ခမ်းချွန်မျက်စောင်းထိုးရင် ထမိန်တိုကိုမပြီး တဲထောင့်ဘက်ထွက်လာလိုက်သည်။ လမ်းတစ်ဝက်ရောက်မှ သူကြီးပြောတာတွေ ပြန်စဥ်းစားပြီး


"ဟင်! ဒီကာလမှာဂရုစိုက်ရမှာက သူကြီးဘယ်လိုသိလည်း... မဟုတ်မှ..  အတိပ်မေ့ခြင်ယောင်ဆောင်နေတာများလား.... ဟာ! ဟုတ်ပြီ! ဖျောက်!"


ခခ လက်ဖျာက်တီးလိုက်ခြင်းနဲ့အတူ ထမိန်တိုကိုမပြီး တဲဘက်တကြိုးတည်းပြေးခဲ့လိုက်ကာ...


"ဝုန်း! ကိုကို့!"


"ဟ့!"


ရေပြင် အဝတ်စားလဲမို့ အင်္ကျီချွတ်ရပ်ကြီး ဝုန်းဆိုတဲ့အသံနဲ့အတူ ကိုကိုဆိုပြီး လက်ကားရပ်ကြီး ပြုံးဖြီးပြီး ပြေးဖက်တဲ့သူမလေးကြောင့် သူခက်မြန်မြန်ရှောင်လိုက်တယ်ဆို.......


"ဒုန်း! အ့ သေပြီ"


ခခ အားရဝမ်းသာပြေးဖက်ပါတယ်ဆို အနညးရောက်မှ ရှောင်ချလိုက်တဲ့ကိုကိုကြောင့် သူမကိုယ်လေး ထရံမှာ ဖားပျံပမာကပ်သွားရသည့်အဖြစ်။


ခခ ထရံမှာ ကားယားလေးကပ်နေတဲ့ မိမိအဖြသ်ကို ခနမျက်လုံးမှိတ်ခံယူရင်း စိတ်ရှော့သလို သက်ပျင်းတချက်ချလိုက်ပြီး ရှိသမျှသွားအကုန်ဖော်ကာ ပြုံးဖြီးနေတဲ့ မျက်နှာလေးနဲ့ ဆက်ခနဲလှည့်လိုက်တယ်ဆို ချွတ်ထားရပ် လက်ဖျံရောက်နေတဲ့ အင်္ကျီလေးနဲ့ ဒီတိုင်းကြောင်ကြည့်နေတဲ့ကိုကိုကြောင့် မျက်လုံးတွေမှိတ်သွားသည်အထိရယ်ပြလိုက်ပြီး


"အဟီးးးးး ကိုကို"


ရေပြင် ခုနပဲ သူ့ကိုပြောဆိုသွားတဲ့ကောင်မလေးက ခု မျက်နှာပြောင်နေသည့်အလား အတင်းလုပ်ရာ်နေတဲ့ မျက်နှာပြောင်ပြောင်လေးကြောင့် သူဘာစကားမှမဆိုအားပဲ မျက်မှောင်ကျုံ့လိုက်မိသည်။


ခခ သူမရယ်ပြနေရတာ ပါးတွေပင်ညောင်လာသည်အထိ သူ့ကိုအထူးအဆန်း မျက်မှောင်ကျုံ့ကြည့်နေတဲ့ ကိုကိုကြောင့် သူမထက်ရယ်ပြလိုက်ကာ


"အဟွန်း.. ကိုကို့လို့"


ထိုအခါမှ ရေပြင် စိတ်ရှုပ်သလိုစုပ်သက်ရင်း ပြောင်နိုင်လွန်းတဲ့ မျက်နှာလေးကို လက်ဝါးကြီးနဲ့အုပ်ကာ တစ်ဖက်သို့တွန့်လိုက်ရင်း


"ကျစ် မျက်နှာလာပြောင်မနေနဲ့ ငါအဲ့လောက်မရူးသေးဘူး.."


ခခ ကိုကိုအုပ်ကိုင်တွန်းပို့လိုက်လို့ တစ်ဖက်လှည့်သွားတဲ့ သူမမျက်နှာလေးအား ပြန်ပွတ်သက်ရင်း နောက်ဘေးဘက်ထော့နဲ့ထော့နဲ့သွားနေတဲ့ ကိုကို့ရှေ့ ခက်မြန်မြန်ပြေးတားလိုက်ကာ လက်ကိုလှမ်းဆွဲလိုက်တယ်ဆို ချက်ခြင်းခါချလိုက်တဲ့ကိုကို့ကြောင့် သူမပြုံးရပ်လေးနဲ့နှုတ်ခမ်းလေးဆူလိုက်ပြီး


"ဟွန့် ကိုကိုနော် သိပ်ရပ်စက်တယ် မီးကတော့ ကိုကိုတကယ်ကြီး အတိပ်မေ့သွားတာလားလို့ ဟီး ခုလို ဖြစ်ရတာ မီးကြောင့်မှန်း သိပါတယ်ကိုကိုရယ် စိတ်မဆိုးနဲ့တော့နော် ကိုကို အဟွန်း..."


ရေပြင် သူပုပ်ချလည်းမရ အတင်းပြန်ဆွဲရမ်းပြီး ဘာတွေလာပြောနေမှန်းမသိတဲ့ ကောင်မလေးကြောင့် ရေပြင်စုပ်သက်ရင်း


"ကျစ် ဘာတွေလာပြောနေတာလည်း ဖယ် မင်းကိုလည်းဘယ်တော့မှ စိတ်မဆိုးဘူး စိတ်ဆိုးရအောင်လည်း ငါက ကလေးမဟုတ်ဘူး ကျစ် ဖယ် ငါရေသွားချို့ရအုန်းမှာ"


ရေပြင်က ရုပ်တည်ကြီးနဲ့ပြောနေသလောက် ခခတစ်ယောက်ကတော့ ပါးပြင်ဖောင်းဖောင်းလေးတွေ လုံးမို့နေသည်အထိ ရယ်ပြကာ နှာခေါင်းရှုံ့လိုက်နဲ့ အတင်းပြန်ဆွဲယူနေတဲ့ ကိုကို့လက်ကို ဆွဲထားရင်း


"ခိ ကိုကိုကလေ ကလေးမဟုတ်ဘူးလို့သာပြောတာ မီးကိုလိမ်တာလည်း ပီပြင်အောင်မလိမ်တက်ဘူး ခ်"


ရေပြင် သူမလေးပြောနေသလောက် သူမလိုက်မမှီတော့တဲ့အခါ


"ကျစ် မင်းဘာတွေပြောနေတာလည်း ခခ"


"ဟော! ဟော! တွေ့လား! ကိုကိုစိတ်ဆိုးရင် အဲ့လိုခေါ်တက်တာလေ ခိ ကိုကိုမလိမ်နဲ့တော့ မီးသိနေပြီ ကိုကိုမီးကို စိတ်ဆိုးလို့ လိမ်တယ်ဆိုတာ"


ရေပြင် ညကလည်း သူမလေးလက်ကိုအတင်းဆွဲထားလို့ သူ့မှာ ခြင်ကကိုက် အိပ်ကအိပ်ခြင်နဲ့ နိုးတစ်ဝက် မပျော်တဝက်မို့ ညောင်နာနာဖြစ်နေတဲ့ခန္ဓာကိုယ်ကို ရေချိုးချမို့ပါဆို လာရစ်နေတဲ့သူမလေးကြောင့်


"ဟာကွာ.... ကျစ် အတည်မသိတာ အတည်! မပူနဲ့ သတိရရင် မင်းကိုအရင်သတိရပေးမယ် ဟုတ်ပြီလား.."


ခခ သူမဒီလောက်ချော့နေတာတောင် ခုထိ စိတ်မပြည်သေးတဲ့ကိုကိုကြောင့် နှုတ်ခမ်းလေးဆူပြီး ကိုင်ထားတဲ့လက်ကို စောင့်ဖြုပ်ကာ


"ဟွန့် မီး ဒီလောက်ချော့နေတာတောင် ကိုကိုက မီးကိုစိတ်ဆိုးနိုင်သေးတယ် ဟွန့် အဲ့ဆို ဘာလို့ ကိုကို ကိုယ်ဝန်အစမှာ ဂရုစိုက်ကတာတို့ ဘာတို့ ဘာလို့အကုန်သိနေလည်း ပြော!"


ခခ သူမလေးအပြောကြောင့် သူလည်း သူ့ကိုသူတစ်ချက်တွေသွားပြီမှ


"ကျစ် မသိဘူး သူ့ပါသူပြောထွက်သွားတာ ဖယ်ပါကွာ... ရေချိုးမို့ပါဆို ကျစ် မင်းလုပ်တာနဲ့ ရေချိုးတဲ့နေရာမှာ လူရှုပ်နေလောက်ပြီ တကယ်ပဲ"


ခခ သူမကိုဖယ်ထုပ်ပြီး တွတ်ပွတွတ်ပွနဲ့ပြောသွားတဲ့သူကြီးနောက်ကျောကို ဆူပုပ်ပုပ် အလိုမကျတဲ့ မျက်နှာလေးနဲ့အတော်ကြာအောင်ကြည့်နေပြီးမှ ဘာကိုစိတ်ကူပေါက်သွားမှန်းမသိ ထခုန်ကာ


"ရေးးးးးးး ကိုကိုအတိတ်မမေ့ဘူးဟေ့! ဟွန့် ကြည့်ထားလိုက်ပါကိုကိုရာ... မီးက ဘယ်သူမို့လို့လည်း... ကိုကိုရဲ့ အချစ် အူတုန်း အသည်းတုန်းလေးပဲဟာ... ဟွန်း.... ဟွန်း... မီးအပေါ် ကိုကိုပြန်ကြွေလာစေရမယ် အဟွန်း ဟွန်း..."


>>>>>>>>>>>>>>>>


"ချလွင်!.... ချလွင်!.... ဟင်း..... ဟင်း.... ဟင်းဟင်း..... ချလွင်!....."


ဗေဒါ ညီမလေးနဲ့ရေပြင်အတွက် မာမီခေါ်လို့သာ ဒီ နတ်ဆရာမဆီလိုက်လာရတာ သူမဒီလိုနေရာတွေကိုကြောက်ပါသည်။ ခုလည်း ခေါင်းလောင်းလိုလိုအရာကို ပိတ်စအနီစီးထားပြီး လှုပ်ရမ်းခေါက်နေတာ မျက်လုံးကြီးမှိတ်ပြီး လူကလည်း ခေါင်းတခါခါ တုန်တုန်ရင်ရင်ရယ်.... 


"ဟို...... ဆရာမရယ်.... မြင်ရင် မြင်တဲ့တိုင်ဟောပါနော်... ဟင့် ကျွန်မသမီးလေးနဲ့သားလေး အသက်... အသက်မှရှင်သေးရဲ့လားဟင်"


"အို မာမီ"


ဗေဒါ မာမီအပြောကို လှမ်းထိမ်းသလိုလေးပြောပြီးတယ်ဆို နတ်ဆရာမကြီးက မျက်လုံးမဖွင့်သေးပဲ ခေါင်းတွေစွတ်ခါကာ သူ့ပါးပြင်က ပါးရည်တွန့်ပြီးတွဲကျနေတဲ့ အသားတွေပါ တုန်ခါလို့ပင်


"မကောင်းဘူး!!!... ဟင်းဟင်း.... မကောင်းဘူး!!!... အဲ့နေရာရောက်နေတာ လုံးဝမကောင်းဘူး!!! အခုပြန်လာကြ!!! အခုပြန်လာကြ!!!!!!....."


ဒေါ်မေမီနဲ့ ဗေဒါ ဆရာမကြီးရဲ့ အသံနက်ကြီးကြောင့် သူမတို့ပါ တုန်ရင်ပြောက်လန့်ကာ တစ်ယောက်နဲ့တစ်ယောက် ပူကပ်နေမိသည်။ သို့သော် မိခင်ဇော်နဲ့မို့....


"ဟို ဟို ဒါဆို သား သားလေးတို့အသက်လျှက်ရှိနေတယ်ပေါ့နော် ဆရာမကြီး..."


"အသက်ရှင်နေလည်း.!.. အဲ့နေရာရောက်နေတာ!... သေနေတာနဲ့တူတူပဲ!.... ပြန်လာကြ!!! မကောင်းတဲ့အငွေ့သက်တွေရနေတယ် ဟင်းဟင်း.... ဟုတ်တယ်..... သိပ်ကြောက်စရာကောင်းတဲ့ အငွေ့အသက်တွေ... ဟင်း.. သူ သူတို့လိုခြင်နေတာ ကလေး ကလေးကို....!!!"


"ရှင်! က ကလေး..."


"ဟုတ်တယ်! နင့်ခြွေးမကိုယ်ဝန်လွယ်ထားရတယ်! အဲ့ကလေးက လူတစ်သောင်းမှာတစ်ယောက်ပါလာခဲတဲ့ ကံဇာတာနဲ့မွေးမဲ့ကလေးပဲ!!!! သူ သူ သူကအဲ့အရာကို လိုခြင်နေကြတာ!!!..... ဟီး... ဟင်းဟင်း...."


"အမယ်လေး!.. သ သမီးလေးရယ်..... အမယ်လေး... ဆရာမကြီးရယ်... အားကိုးပါတယ်ရှင်.... ကျွန်မသမီးနဲ့သားကို ပြန်လာနိုင်အောင်...."


"တော်!! ဒီအချိန်မှာ ငါဘာမှ မတက်နိုင်သေးဘူး!!! သူက အရမ်းအင်အားကြီးတယ်.... နှစ်ထောင်ချီနေပြီ.!... ဒါကြောင့် သူအကုန်လုံးကို အယုံသွင်းထားနိုင်တာ...."


"ရှင်! ဒါ ဒါဆို ကျွန်မမြေးလေးနဲ့ ကလေးတွေကို ဘယ်လိုပြန်ခေါ်ရမလည်းဟင် ကူညီပါအုန်းဆရာမကြီးရယ်... ဟင့်"


"အသက်! အသက်တွေ လောင်းကြေးထပ်ရမယ်.... အသက်ကို မေတ္တာစွမ်းအားက အနိုင်တိုက်နိုင်လိုက်မယ် ဟားးးးးးဟားးးးးးးးဟားးးးးး"


"ရှင်! ဒါဆို..."


"ဟုတ်တယ်! ငါဘာမှမတက်နိုင်ဘူး!!! သူတို့ထဲမှာ မျိုးနွယ်အရ အနွယ်တော်တွေထဲက တစ်ယောက်ပါနေတယ်! ယောက်ျားလေး! သူ သူကလည်း သူတို့လွတ်မြောက်ဖို့ အထောက်အကူတစ်ခုဖြစ်လိုက်မယ်! အဲ့ထွက်ပေါက်က သူတို့လွတ်မြောက်ဖို့ မေတ္တာတရားတွေ စစ်မှန်ဖို့လိုတယ် အနစ်နာပေးဆပ်မှုတွေ မျက်ရည်တွေ ဒါတွေပြည့်စုံရင် နင်တို့သားသမီးတွေ အိမ်ပြန်လာနိုင်လိုက်မယ် ဒီလိုမှမဟုတ်ရင် ဘာမှ တက်နိုင်မှာမဟုတ်ဘူး.... ဟားးးးးဟားးးးးးး! ဟားးးးးးးဟားးးးးး! ဟားးးးးဟားးး! ဟားးဟားးးဟားးး!!!"


◾◾◾◾◾◾◾◾◾◾◾◾◾◾◾


စာဖတ်သူအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နဲ့ပြည့်စုံပြီး တစ်ခဏတာမျှ စိတ်အမောတွေ ပြေနိုင်ကြပါစေရှင်🙏


စာဖတ်သူများကို အစဥ်လေးစားလျှက် 

#မြူခိုးဝေဝေ


rate now: