book

Index 31

အပိုင်း (၃၁)

ကိုကို့မို့ ချစ်တာလို့ ☹



"ဟို ကျေးဇူးနော် အကိုမဟော် လိုက်ပို့ပေးလို့"


"အွန်း ကောင်းကောင်းအိပ်လိုက် ဘာမှတွေးမနေနဲ့ ကိုရေပြင်ပြောတာတွေလည်း စိတ်ထဲသိပ်မထားနဲ့ သူကမင်းကိုသူ့အသက်ထက်ပိုချစ်တဲ့သူပါ သူခုလိုမကျန်းမာနေချိန်မှာ မင်းသေချာပြုစုပေးသင့်တယ်"


ခခ အကိုမဟော်ပြောတာတွေကို မျက်နှာစူပုတ်ပုတ်လေးနဲ့ မနာခံခြင်သလို နားထောင်ပြီး


"ဟုတ် ခခဝင်တော့မယ်နော်"


"အွန်း ဒါဆိုကိုယ်သွားပြီ"


"ဟုတ်"


ခခ အကိုမဟော်ထွက်သွားတယ်ဆို ပေစောင်းစောင်းလေးနဲ့ တံခါးပေါက်ကိုကြည့်ပြီး


"ဟွန့် ကျွီ..."


ရေပြင် ဗိုက်ကအနာကို ဆေးဝင်မဝင်ကြည့်နေတုန်း တံခါးပွင့်သွားခြင်းနဲ့အတူ ပေးစောင်းစောင်းနဲ့ဝင်လာတဲ့သူမမျက်နှာက တလောကလုံးသူမလုပ်ကျွေးထားရတဲ့ရုပ်နဲ့ပင်။


"မင်းဘာလာလုပ်တာလည်း.. ပြောတော့ ပြန်မလာတော့ဘူးဆို"


ခခ ကိုယ့်ကြည့်တော့ အနာတလပွနဲ့ကို သူများကို ခနဲ့သလိုလိုကပြောနိုင်သေးတဲ့သူကြီးကြောင့် လက်လေးပိုက်ပြီး မေးလေးမော့ကာ ခက်ကြွားကြွားလေးလုပ်လိုက်ပြီး


"လာခြင်လို့မထင်နဲ့ ဟိုအဖွားကြီးက ရှင်နဲ့သွားအိပ်ရမယ်ဆိုလို့"


"ဘာ! ဟေ့! ဟေ့! ငါကသက်သာသေးတာမဟုတ်ဘူးနော် မင်းနဲ့ဘယ်လိုအိပ်! ကျစ် မဖြစ်နိုင်ဘူး! မင်းမှာလည်း ကလေးနဲ့..."


"အားးးးး! တော်! ရှင်ကြီးဖြစ်ခြင်နေတာတွေဆက်မပြောနဲ့တော့နော်! ခခ! ခခလာတာ! အဲ့လိုမဟုတ်ဘူး! ဒီတိုင်းလာအိပ်တာ ရှင်ကြီးကိုယ် ရှင်ကြီး! အထင်းစွတ်ကြီးမနေနဲ့သိလား ရှင်ကြီးမှာလည်း မက်လောက်စရာ... ဟွန့် တစ်စပ်လေးတောင်မရှိပဲနဲ့များ.. အဟက် ကြီးကြီးကျယ်နဲ့"


ရေပြင် ခခအပြောကြောင့် မျက်နှာရဲခနဲဖြစ်သွားခြင်းနဲ့အတူ သူမနဲ့ကိုယ်က အရင်ကဇနီးမောင်နံတွေဆိုတာပါဘာလားဆိုတဲ့ အသိဝင်လာမိတာမို့ ရဲနေတဲ့သူ့မျက်နှာကို ပြန်ပြင်လိုက်ပြီး


"အဟက် မင်းလည်းမက်လောက်စရာတစ်စပ်မှမရှိတဲ့ ငါ့ကိုပဲ ချစ်လှပါချီရဲ့ဖြစ်နေတာမဟုတ်ဘူးလား အဟက် အတင်းကိုငိုနေတာ အဟွန်း.."


ရေပြင့်အပြောကြောင့် ခခအသားစပ်စပ်တုန်ကာ မခံသည့်မခံသာ လက်သီးစုပ်လေးမြောက်မြောက်လာပြီး


"ရှင်! ရှင်ကြီး! ခခအချစ်ကိုမစော်ကားနဲ့! အဲ့ဒါ! အဲ့ဒါခခကိုကို့ကိုချစ်တာ! ရှင်ကြီးကိုမဟုတ်ဘူး! အထင်ကြီးမနေနဲ့"


ရေပြင် ကဲကဲစပ်ဖြစ်နေတဲ့ မျက်နှာရဲရဲ ဒေါသအိုးလေးကိုကြည့်ပြီး သူဘာရယ်မဟုတ်ပဲ သူမလေးကိုပဲ စခြင်နေတာကြောင့်


"အဟွန်း... မင်းထင်လို့ပါကွာ... အရင်ကငါကငါပါပဲ မယုံရင်လာကြည့်ပါလား.."


ခခ ရိတိယားတားမျက်နှာနဲ့ လာပြောနေတဲ့ ကိုကို့မျက်နှာကြောင့် စိတ်ထဲမှာ အမြဲတည်ကြည်နေတဲ့ ကိုကိုလို့ပင်မမြင်တော့တာကြောင့် ခြေဖျားလေးထောက်လိုက် လက်သီးလေးစုပ်လိုက် အံကြိပ်လိုက်နဲ့ အသည်းတယားယားဖြစ်နေကာ အားပါလှတဲ့လက်ညိုလေးနဲ့


"ရှင်! ရှင်ကြီး! မမက်ရိုင်းနဲ့! ယောက်ျားဆို! ယောက်ျားလိုပြော! အခုကစပြီး! ရှင်ကြီးနဲ့ကျွန်မဘာမှမတော်တော့ဘူး! သတိရလာလို့ ကလေးလာခေါ်ကြည့်! ဒီမှာတွေ့လား! တစ်လလောက်က ဆန်ပြုပ်နဲ့ညားသွားမယ်"


"ဟားးးးးဟားးးးး ဟားးးးဟားးးး ဟားးးဟားးး မင်းကွာ... တကယ့်ကလေးလေးအတိုင်းပဲ ဟား ဟား ဟား အ့ ကျစ် ကျစ်"


ခခ သူမကိုကြည့်ပြီး ဟက်ဟက်ပတ်ပတ်ရယ်နေပြီးမှ ဗိုက်ကိုနှိပ်ပြီး မဲ့ရှုံ့သွားတဲ့သူကြီးကြောင့် သူမရဲ့ ဒေါသထွက်နေတဲ့ မျက်နှာလေးကနေ 


"အဟွန်း ဟွန်း ဟားးးးဟားးးးဟားးး ဘာတက်နိုင်သေးလည်း အဲ့ဒါသူများကိုပြောခြင်အုန်းလေ အဟွန်း ဟွန်း"


ရေပြင် သူ့ကိုကြည့်ပြီး ရယ်ခြင်စိတ်ကိုမနည်းထိန်းနေရတဲ့ ပုံစံလေးနဲ့ လူကိုအသည်းယားအောင်လုပ်နေတာမို့ နာကလည်းနာ လာလုပ်မပေးတဲ့အပြင်ရယ်နေတာမို့ ဒေါသကထွက်နဲ့


"သွား! မင်းဘာသာတစ်ချောင်ချောင်မှာအိပ်လိုက်! ငါ့နားမလားနဲ့"


"ဟွန့် ဒီကလည်း လာခြင်လွန်းလွန်းလို့ ဟွန့် ဒုန်း! ဒုန်း!"


ရေပြင် သူ့ကိုမဲ့ရွဲ့ပြောပြီးတယ်ဆို စောင့်အောင့်ပြီးသွားနေတာ လဲနေတဲ့သူခေါင်းပါ လှုပ်ခြင်နေတာကြောင့် ခေါင်းထထောင်လိုက်ပြီး


"ဟေ့! မင်းလူလိုမလျှောက်တက်ဘူးလား...!"


"လူလိုပဲလျှောက်နေတာ ရှင်ကြီးမျက်လုံးကန်းနေလား..."


ရေပြင် ကပ်ကပ်လန်ရန်ပြန်တွေ့နေတဲ့သူမကြောင့် ထပ်ပြောရင် ဗိုက်ကဒဏ်ရာနဲ့ပေါင်းပြီး သူမအပေါ် ပြောမိတော့မှာမို့


"ဟာကွာ...! တောက်!"


ခခ အခင်းပုံစံ မဲညစ်ညစ်အထည်ကြီးကိုခင်နေရင်း သူ့ရဲ့တောက်ခေါက်သံကြောင့် အလိုလျောက်အရွဲ့တိုက်တက်တဲ့ မျက်နှာလေးက မဲ့လိုက်မိသည်။ သို့သော် မျက်ဝန်းဝိုင်းဝိုင်းကြီးတွေက မျက်ရည်တွေရစ်ဝိုင်းလို့နေမိသည်။ ကိုကိုစိတ်မဟုတ်ဘူးဆိုတာသိနေပင်မယ့် သူကြီးတစ်ခုခုပြောလိုက်တိုင်း နင့်ခနဲခံစားမေရတဲ့ရင်ဘက်က သက်သေပင်။ ခခ ကျလုလုမျက်ရည်တို့ကို ဖျက်ခနဲ ခက်မြန်မြန်သုပ်ပစ်လိုက်ပြီး ခေါင်းဦးမပါစောင်မပါတဲ့အခင်းပေါ် ကွေးကွေးလေးအိပ်လိုက်မိသည်။ မျက်ဝန်းတို့မှိတ်နေပင်မယ့် မျက်ရည်တို့စီးဆင်းဆဲဖြစ်တဲ့ မျက်ဝန်းထောင့်လေးက သက်သေပါ။ ပြားကပ်ကပ်မသိသာသေးတဲ့ ဗိုက်လေးကို လက်နွေးနွေးထွေးပိုက်ရင် ဝမ်းနည်းနေတဲ့စိတ်တို့ကို ဖြည့်သိမ့်မေရသည်။ ဒီချိန် မာမီတို့ဘေးနားမှာသာဆို သူမကို အားဖူးဖူးမှုတ်ထားလိုက်မည့်ဖြစ်ခြင်း ခုတော့... ' ကလေးလေးရယ်... ဘာလို့မေ့မေ့ကို ကြိုပြီးအသိမပေးခဲ့ရတာလည်း...'


>>>>>>>>>>>>>


မဟော် ခခကိုပြန်ပို့ပြီး တဲထဲသို့မဝင်ဖြစ်သေးပဲ တဲစပ်က သူတစ်ကိုယ်စာ အသာလေးလဲလို့ရတဲ့ လဲနေတဲ့သစ်ပင်ကြီးထက် ပတ်လက်သွားလှန်နေလိုက်သည်။ စိတ်ပင်ပန်းသမျှ သက်ပျင်းတွေအကြိမ်ကြိမ်ချရင်း ခက်ဝေးဝေးက ကြယ်တာယာတွေကိုကြည့်နေမိသည်။ ကြယ်တွေကြွေတာကို မြင်ရခဲစွာကြည့်နေရင်း နားထဲပြန်ကြားယောင်လာတဲ့ အဖွားကြီးရဲ့စကားတွေ.. ( ငါ့စကားကို.... ဘယ်တော့မှ..... မပယ်ရှားနဲ့...... မင်းအတွက်လည်း ကြီးမားတဲ့ ကံကြမ္မာအလှည့်အပြောင်းတွေရှိလာမယ်... မင်းထင်ထားတဲ့အနာဂါတ်နဲ့ ကွဲလွဲနေလိုက်မယ်.... ဟားးးဟားး ဟားးးဟားးး)


"ကျစ်"


နားထဲပဲ့တင်ထက်နေတဲ့ အဖွားကြီးရယ်သံတွေကို စုပ်သက်ခေါင်းခါရင် လှဲနေရာက ပင်စည်ကိုလက်ထောက်ရပ် ထထိုင်လိုက်သည်။ ' ဘာလို့ ငါထင်ထားတဲ့အနာဂါတ်ကကွဲလွဲနေတယ်လို့ပြောရတာလည်း... ပြောခြင်တဲ့အဓိပ္ပါယ်ကဘာလည်း...'


"ကျစ် ပြောခြင်လည်း သေချာ​ပြောပေါ့ ခုတော့ ကျစ်....."


"ဂျွတ်!" "ဟင်!"


ရေပြင် သူစုပ်သက်ပြောဆိုနေတုန်း ခက်လှမ်းလှမ်းက လူရပ်တွေ့လိုက်တာကြောင့် ပြေးထွက်လိုက်ခြင်းနဲ့အတူ


"ဟေ့! ဘယ်သူလည်း!"


မဟော် ညအမှောင်နဲ့မို့ ရှေ့က အရိပ်ကို သိပ်သည်းသည်းကွဲကွဲမမြင်ရပါ။ သေချာတာတော့ လူတစ်ယောက်ဆိုတာပင်။ မဟော်သူပြောနေရင် ဆက်သွားမို့ပြင်နေတဲ့ ခက်လှမ်းလှမ်းကအရိပ်ကြောင့် သူပြေးလိုက်ခြင်းနဲ့အတူ


"ဟေ့! မင်းကိုပြောနေတယ်လေ... ဟင်! ချစ်လွန်း.!.."


"ဟင့် ဟုတ်ကဲ့ နောက်ယှပ်မိလို့ sorryပါနော်အကိုမဟော်.."


မဟော် မျက်နှာအနေအထားကို သေချာမတွေ့ရပင်မယ့် အသံက ငိုသံစွတ်နေတာမို့ ဘာရယ်ညာရယ်တွေးမနေပဲ ပါးပြင်ခက် သူ့လက် အပ်လိုက်ပြီး


"ဟင်! ဟို...."


ချစ်လွန်း ရုပ်တရပ် သူမပါးပြင်ထက်ကျရောက်လာတဲ့ အကိုမဟော်ကြောင့် သူမလန့်သွားတာမို့ နောက်တွန့်လိုက်မိသည်။ ဒါကိုလည်း အကိုမဟော်က သူမအပြုအမူကိုသိမယ်မထင်


"ကျစ် ငိုထားတာလား ဘာလို့လည်း... တစ်ခုခုဆို မျိုးသိပ်မထားနဲ့"


"ဟင် ဟို ချစ်လွန်း ကိုကြီးကိုသတိရလို့ပါ ဒီချိန် ကိုကြီးချစ်လွန်းကို ဟင့် အရမ်းစိတ်ပူနေမှာ"


မဟော် ခခတို့ရှေ့ ဘာမှမဖြစ်သလို အမြဲမာကျောနေတဲ့ကောင်မလေးက ခုလိုတိပ်နိပ်လေးလာငိုလိုက်မယ်လို့သူမထင်ထားပေ။ မင်းကစိတ်ဓာတ်မာကျောခြင်ယောင်ဆောင်နေတာပဲချစ်လွန်း...


မဟော် ပြောရင်ငိုချလာတဲ့ချစ်လွန်းကြောင့် သူအနွေးထွေးဆုံး ညီမလေးတစ်ယောက် သဖွယ်ထွေပွေ့ထားလိုက်မိသည်။


"အရမ်းကြီး စိတ်ထဲခံစားနေရရင် ငခန့်နေရာမှာ ကိုယ့်ကိုအစားထိုးလို့ရတယ် မင်းအဆင်ပြေမယ်ဆိုရင်ပေါ့ အင့်!"


"အီးးးးးးဟီးးးးးးးးးးးးဟီးးးးးးးးးးး ချစ်လွန်းကိုကြီးကို အရမ်းသတိရနေခဲ့တာသိလား..! ကိုကြီးကို စကားနားမထောင်ခဲ့တာတွေလည်း ချစ်လွန်းနောင်တရနေပါပြီ! ချစ်လွန်း ချစ်လွန်း ကိုကြီးကိုအရမ်းချစ်တယ် ဟီးးးးးးးး ရွှတ် ရွှတ် ဟီးးးးးးးး"


မဟော် သူ့စကားမဆုံးခင်ပဲ အင့်ခနဲဆို သူ့ကိုတင်းခနဲဖက်ချလိုက်ခြင်းနဲ့အတူ သူ့ရင်ခွင်ထဲ ခေါင်းလေးအပ်ပြီး လွတ်လွတ်လပ်လပ်ငိုချလိုက်တဲ့ မာနမင်းသမီးလေးကြောင့် သူပြုံးလည်းပြုံးမိသလို သနားလည်းသနားမိသည်။ 


မဟော် အတင်းငိုနေတဲ့ ချစ်လွန်းခေါင်းလေးကို ခက်ဖွဖွပွတ်သက်ပေးရင် သူဒီညတော့ ရင်ခွင်ငှားတဲ့ညပင်။ ခုလောက်ဆို မျက်ရည်တွေနှပ်တွေနဲ့ပေရေနေလောက်ပြီဖြစ်တဲ့ နှစ်စုံတည်းသာရှိတဲ့ ဝတ်စုံလေးကိုတော့ မဟော်နှမျောနေမိသည်။


နှစ်ယောက်ကြား ရှိုက်သံလေးတွေနဲ့အတူ ပိုစုန်းကြူးလေးတွေက သက်သေတည်နေလေရဲ့...


>>>>>>>>>>>>>>>>


"အ့! ကျစ် ကျစ်"


ရေပြင် ဆီးသွားခြင်လာတာမို့ မေ့ပြီးကြုံးထလိုက်တယ်ဆို တင်းခနဲဖြစ်သွားတဲ့ ဝမ်းဗိုက်ကြောင့် သူခက်ကြိပ်ကြိပ်ညည်းလိုက်မိသည်။ နောက် ကြမ်းပြင်ထက် ခြေချဖို့ ခဲရာခဲဆစ်ကြိုးစားရင်း ခြေချမိလိုက်တယ်ဆို ခြေဖနောင့်မှ ဆူးခနဲအောင်တက်လာတဲ့ နာကြင်မူတွေက ပေါင်းရင်းထိပင်။ 


"အ့! ဟား.... ဂျွတ် ဟူး..."


ရေပြင် ကြမ်းထက် ကောင်းကောင်းမထောက်နိုင်သေးတဲ့ခြေထောက်ကို ဖွထောက်ရင်း ဘေးက လက်ထောက်လိုက်တိုင်း ကျွံဝင်သွားတဲ့ထရံကိုထိန်းထောက်ကာ ခက်ဖွဖွနောက်ဘေးဘက်ကိုထွက်လာလိုက်သည်။ တောထဲမို့ ရေအိမ်ရယ်မရှိတာကြောင့် ချုံကောင်းကောင်းသားတိုးလိုက်ရသည်။ 


ရေပြင် သူတောတိုးပြီပြန်လာတယ်ဆို အခန်းထောင့်က ပုစွန်ထုပ်ကွေး ကွေးနေတဲ့ကောင်မလေးဆီ အကြည့်ရောက်သွားမိသည်။ သေချာကြည့်နေပြီးမှ ခေါင်းဦးမပါ​ စောင်မပါနဲ့ ခြင်ပေါတဲ့ဒီနေရာမှာ ဘယ်လိုများအိပ်နိုင်ပါလိမ့်


"ကျစ်"


ရေပြင် ကိုယ်အဖြစ်ကလည်း ကျိုးနေတာနဲ့မခြားတာမို့ သူ့ကွပ်ပျစ်ထက် ခက်ခက်ခဲခဲ ထက်သွားရပြီး စောင်နဲ့ခေါင်းဦးယူလာခဲ့လိုက်သည်။ ထို့နောက် ခဲရာခဲဆစ်ထိုင်ရင်း သူမလေးခေါင်းလေးကို ခက်ဖွဖွ မလိုက်တယ်ဆို စီးကပ်ကပ်ပါးပြင်ကြောင့် သူကြည့်လိုက်တယ်ဆို နီရဲမို့အစ်နေတဲ့မျက်နှာလေးကြောင့် ငိုထားမှန်းသိသာနေသည်။ ဘာကြောင့်မှန်းမသိ သူရင်ထဲ စူးခနဲခံစားချက်က ခံစားခက်လှသည်။ သူ့ကြောင့်များ ငိုသွားတာလား....


"ကျစ်"


ရေပြင် ဆက်တွေမနေတော့ပဲ သူလုပ်စရာရှိတာလုပ်ပေးပြီး စောက်ခြုံပေူလိုက်တယ်ဆို စောင်ကိုတင်းနေအောင်ဆွဲပြီး ပုပြီးကွေးနေလိုက်သေူတဲ့ မယ်မင်းကြီးမကြောင့် ရေပြင်ပြုံးလိုက်ပြီး ထမယ်အလုပ်


"ဟင့်အင်း... ကိုကို....."


ရေပြင် သူ့လက်ကို ကရစ်ခွေလေးလို ရစ်ပတ်ပြီး ကိုကိုလို့ယောင်နေတဲ့သူမလေးကြောင့် သူဘာရယ်မဟုတ်ပဲ သူမနဖူးပြင်ထက်က ဆံစတစ်ချို့ကို သိမ်းဖယ်ပေးပြီး သူမလေးအလိုကျ သူနေပေးနေမိသည်။ 


ရေပြင် အချိန်တော်ကြာအောင် သူမလေးကို ကြည့်နေမိတာဘာကြောင့်ရယ်မဟုတ်ခဲ့ပေ။ ပင်ပန်းလို့လားမသိ နွမ်းလျလျမျက်နှာလေးထက် အဖောင်းမပျက်တဲ့ ပါးပြင်အုအုလေး ငိုထားပုံရတဲ့ နှာတံလုံးလုံးလေးက ရဲလို့ပင် သူ့ကို အိမ်မက်ထဲထိ ရန်တွေ့နေပုံရတဲ့ နှုတ်ခမ်းလေးက တစ်ချက်တစ်ချက် ချွန်သွားလိုက်တာ ကလေးဆိုးလေးလို


"အဟက်"


ရေပြင် အဓိပ္ပါယ်မဲ့ရယ်နေမိရင်း ထိုညက သူမလေးနားမှာပဲ သူအိပ်ပျော်သွားမိခဲ့သည်။ အိမ်မက်ထဲတွင်တော့ သူ့ရင်ခွင်ထက်အလွန်နွေးထွေးနုညံ့တဲ့ကြောင်လေးတစ်ကောင်တိုးဝေ့နေခဲ့သည်တဲ့။


တစ်ဖက်က ခြောက်ကပ်ကပ်တဲအိမ်လေးတစ်လုံးထဲက အိပ်ပုပ်လေးမူပိုကတော့ ဘာမှန်းမသိရောက်တက်ရာရာ အိမ်မက်တစ်ခုကြောင့် အိပ်နေရင်း အပြုံးတွေက နှုတ်ခမ်းထက်စုဝေးနေခဲ့ သူမနှုတ်ခမ်းက ရွတ်နေတဲ့ နာမည်လေးက


"ဟွန့် ကိုကြီးနော်...."


◾◾◾◾◾◾◾◾◾◾◾◾◾◾◾


ဒီရက်ပိုင်း စာတင်တာနောက်ကျနေလို့ စောင့်မျှော်နေသူအားလုံးကို တောင်းပန်ပါတယ်နော်🙏


စာဖတ်သူအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နဲ့ပြည့်စုံပြီး တစ်ခဏတာမျှ စိတ်အမောတွေ ပြေနိုင်ကြပါစေရှင်🙏


စာဖတ်သူများကို အစဥ်လေးစားလျှက် 

#မြူခိုးဝေဝေ


rate now: