book

Index 30

အပိုင်း (၃၀)

ကို့ကို့မို့ ချစ်တာလို့ ☹


"မင်းဘယ်သူလည်း...."


"ဟင်!"


ခခ ဝမ်းသားအားရနဲ့ နားထောင်နေပင်မယ့် ကိုကိုဆီက ပထမဆုံးကြားလိုက်ရတဲ့စကားကြောင့် သူမျက်နှာလေးထိတ်လန့်သွားကာ သူမနားကြားမှားသလားလို့တောင်ထင်နေမိသည်။


"ဟင်! ဘာ...! ဘာပြောတာလည်း ကိုကို"


ရေပြင် ခေါင်းထဲမှာ လေဟာနယ်တစ်ခုလို အခွန်လွတ်ကြီးဖြစ်နေရတဲ့အထဲ မျက်နှာသေးသေး အသားဖွေးဖွေးလေးနဲ့သူ့ကိုအစွမ်းကုန်ပြုံးပြကာ ကိုကိုခေါ်ပြီး မေးနေတာမို့ သူမျက်မှောင်ကျုံ့လိုက်ပြီး


"မင်းကဘယ်သူလည်းလို့မေးတာ ပြီးတော့ ငါကရော..... ဘယ်သူလည်း.... အ့ ကျစ် ကျစ် ဘာလို့ငါ့ခေါင်းက အခွန်လွတ်ကြီးလိုဖြစ်နေရတာလည်း... အ့"


ခခ ကွပ်ပျစ်ထက်မှာ ခေါင်းကိုကိုင်ပြီး ညီးညူနေတဲ့ ကိုကိုအဖြစ်ကို မျက်လုံးအဝိုင်းသားနဲ့ကြည့်နေရင်း ခေါင်းတွေခါရမ်းကာ...


"ဟင့်အင်း! ဟင့်အင်း! မဟုတ်ဘူး! ကိုကိုဘာမှမမှတ်မိတော့ဘူးလို့တော့မပြောနဲ့နော်!... မရဘူး..!. ဟင့် ရှင် ရှင်ကြီး! ခခကိုအဲ့လိုမေ့ပစ်လိုက်လို့မရဘူး! ဟင့် ရှင်ကြီး... ခခကိုစိတ်ဆိုးလို့ တမင်ပြောတာမှတ်လား.!.. ဟုတ်တယ်! ဟုတ်တယ်မှတ်လားလို့! ဟီးးးး!း"


"ခခ တော်ပါတော့ဟာ... ဆရာသူ့ပါသူနေပါစေ သွားမလုပ်ပါနဲ့ သူသက်သာသလိုနေပါစေ လာပါဟာ..."


"ဟင့်အင်း! ဖယ်! လွှတ်! အဲ့လူကြီး အပိုတွေပြောနေတာ! ဟီးးးးးးး ရှင်ကြီး ခခကိုမေ့လို့မရဘူးနော်..!. ဟီးးးးးး ရှင်ကြီးခခကိုမေ့ရဲ့မေ့ကြည့် ခခနောက်လင်ယူပလိုက်မှာသိလား... ဟီးးးးးးးးး ဟီးးးးးးး"


ချစ်လွန်းတို့ သူတို့ဝင်လာတယ်ဆို ဆရာ့လက်ကိုဆွဲပြီး အတင်းပြောဆို ငိုရိုနေတဲ့သူမတို့သူငယ်ချင်းကြောင့် ဆရာပိုအခြေနေဆိုးသွားမည်ဆိုး၍ သူမတို့အတင်းချုပ်နှောင်ပြီး မနည်းအပြင်ကိုခေါ်ထုပ်လိုက်ရသည်။


ရေပြင် သူ့ကို ပြောဆိုကာ အတင်းဝိုင်းဆွဲပြီးခေါ်သွားရတဲ့ကောင်းမလေးကိုကြည့်ပြီး သူစိတ်မကောင်းသလို ရင်ထဲ တစ်မျိုးကြီးခံစားနေရသည်။ ကောင်မလေးက သူနဲ့တော်တော်ရင်းနှီးပုံရှိနေသလောက် သူကဘာလို့မသိရတာလည်း...


"ကိုရေပြင်"


ရေပြင် အပေါက်ဝကိုကြည့်ပြီးတွေးနေတုန်း အနီးက ခေါ်လိုက်တဲ့နာမည်တစ်ခုကြောင့် သူမသိနေပင်မယ့် သူ့ကိုခေါ်မှန်းသိတာမို့ အသားဖြူဖြူအရပ်ရှည်ရှည်နဲ့လူကိုကြည့်လိုက်မိသည်။ ဝတ်ထားတဲ့ ပုဆိုးနဲ့ခပ်ပွပွအင်္ကျီကဒီလူနဲ့မအပ်စပ်သလို သူခံစားနေရသည်။


မဟော် သူ့ကို သူစိမ်းပြင်ပြင်ကြည့်နေတဲ့ ကိုရေပြင်ကြောင့် သူစိတ်မကောင်းစွာနဲ့ပဲ


"ကိုရေပြင် တကယ်ဘာမှမမှတ်မိတော့တာလား....."


ရေပြင် ရှေ့မှာတစ်ယောက်မေးလို့ပြဿနာတောင်ဖြစ်ပြီးပြီ ဒါတောင်ထပ်မေးနေတာမို့ သူစိတ်ပျက်သလိုစုပ်ရင်း...


"ကျစ် မမှတ်မိလို့ပေါ့ကွ မမှတ်မိတာမှာ ငါဘယ်သူလည်းဆိုတာတောင်မသိဘူး အ့ ကျစ် ဒီခေါင်းကတစ်မျိုး...."


"ပန်းမြိုင်လယ်ကိုရော သိလား...."


"ဟင်"


ရေပြင် ကြားကြားခြင်း ရင်းနှီးသလိုခံစားရတာမို့ မျှော်လင့်ချက်လေးနောက် လိုက်စဥ်းစားလိုက်တယ်ဆို သိနေတာလေးပါ မသိတော့သလို ခေါင်းတွေထိုးကိုက်လာတာကြောင့်


"အ့ မသိဘူး.... ဘယ်သူလည်း.... ငါ့ကိုငါ ဒီကိုဘယ်ရောက်နေမှန်းတောင်မသိဘူး  ငါက ဒီကလား... အ့ ကျစ်"


မဟော် အတိပ်မေ့ခြင်းဝေဒနါကို ကိုရေပြင်ခံစားနေရပြီဆိုတာသိလိုက်ပြီမို့


"မဟုတ်ဘူး ခင်ဗျားကဒီနဲ့လှမ်းတဲ့ မြို့ဘက်က ခင်ဗျားက the water worldဆိုတဲ့ ကုမ္မဏီရဲ့ ဒုတိယမြောက်ဆက်ခံသူ ခင်ဗျာမှာ.................."


မဟော်ရဲ့ ရှည်လျှားတဲ့ရှင်းပြချက်တို့အပြီး


"ဘာ! သူ့မှာငါ့ကလေးရှိတယ်!"


"ဟုတ်တယ် ကျွန်​တော်တို့လည်း ဒီရောက်မှသိရတာ"


"ဒါဆို အဲ့ကောင်မလေးက...."


"ခင်ဗျား ဇနီး"


"ဘာ!"


ရေပြင် မဟော်အပြောကြောင့် လှိုင်းတွန့်သဏ္ဍန်ဆံပင်တွေ ယိမ်းခါနေအောင် ညင်းဆန်အော်ဟစ်ပြီး သူ့ကိုပြောဆိုနေတဲ့ကောင်မလေးကို မျက်လုံးထဲပြန်မြင်နေမိသည်။ ဘာတဲ့ သူသတိရမလာရင် နောက်လင်ယူပလိုက်မယ်တဲ့


"ကျစ်"


ရေပြင် မဟော်ပြန်သွားသည်အထိ အတွေးတွေက လေလွင့်နေဆဲ.. 'ဒီလောက် ကလေးဆန်တဲ့ ကောင်မလေးက ဘာကြောင့် ငါ့ဇနီးဖြစ်ခဲ့တာလည်း... ကျစ်'


"တောက်"


ရေပြင် ဘာတစ်ခုမှ စဥ်းစားမရတဲ့သူ့ကိုယ်သူဒေါသထွက်နေမိသည်။ အရေးတည်း ခြေထောက်က ထောက်မရ 


"ကျစ်"


တစ်ဖက်က ခခကတော့........


"ဟင့် ရွှတ် မဟုတ်ဘူး သူကြီးသက်သက် ကလိမ်ကကျစ်လုပ်နေတာ ငါနောက်လိုက်လို့ဖြစ်ရတာဆိုပြီး ဟင့် ရွှတ် လူလိမ်! ဟင့်"


ချစ်လွန်းတို့ အိမ်လေးတွေရဲ့ရှေ့ ကွပ်ပျစ်ပုံစံပေါ်လေးမှာ ဒူတစ်ချောင်းထောင်ပြီး နှာတညစ်ညစ်လုပ်ကာ ငြင်းနေတဲ့ ခခကြောင့် သူမတို့လည်း ဘယ်လိုရှင်းပြလို့ရှင်းပြရမှန်းမသိ


"မဟုတ်တာဟယ်.. ဒါနောက်ရမယ့်ကိစ္စမှမဟုတ်တာ... မဟုတ်လောက်ပါဘူးခခရယ်..."


ခခ စိတ်ထဲကသိနေပင်မယ့် ဦးနှောက်တို့က ကိုကို့အဖြစ်ကြီးကို လက်မခံခြင်နေတာမို့


"ဟင့် မသိဘူး! နောက်လင်ယူမယ်ဆိုတာတောင် အေးဆေးနေနိုင်တဲ့သူကြီး..!. ရွှတ် ငါ့ကိုပြောတော့! သူ့ရဲ့အနာဂါတ်လေးဘာလေးနဲ့! ဟင့် ရွှတ် ခုတစ်မျိုး! တော်ကြာတစ်မျိုးလူကြီး! ရွှတ်"


ချစ်လွန်း ပြောလိုက် ငိုလိုက်နဲ့ လွမ်းခြင်းတန်းနေတဲ့သူမသူငယ်ချင်းကြောင့် ဘေးနားက ဖြတ် သွားတဲ့သူတွေအပါအဝင် အိမ်ထဲက ခေါင်းပြူကြည့်နေကြတဲ့ အန်တီကြီးတွေကြောင့်


"ဟဲ့ နင်မရှက်ဘူးလားဟယ်.... ဟိုမှာ သူများတွေကြည့်နေကြပြီ ရှက်စရာကြီး တိပ်တော့ဟာ.. ဆရာလည်းနောက် နင့်ကိုမှတ်မိလာမှာပါ"


"ဘယ်ချိန်မှတ်မိမှာလည်း ဟင့် သူများကလေးမွေးပြီး ကြီးမှမှတ်မိမှာလား... ပြန်ကောင်းအောင်သောက်တဲ့ဆေးတောင်မသောက်နိုင်တဲ့ဒီနေရာမှ သူကြီးဘယ်တော့သတိရမှာလည်း ဟင့် မာမီတို့ကိုလည်းလွမ်းတယ် မမကိုရော မင်းခက်လေးကိုရော ဖွားနဲ့ဖိုးရော ဟီးးးးးးး ကိုကိုကြီးလည်းလွမ်းတယ်......ဟီးးးးးးး"


"ဟေ့! ဟေ့! ကောင်မလေး.... နင် နင့်ယောက်ျားသေလို့ ငိုနေတာလား..."


"ဘာ!!"


ခခ ရုပ်တရက် အန်တီကြီးတစ်ယောက်က စကားခက်ဝဲဝဲနဲ့ တုန်းတိကြီးလာမေးလိုက်တာကြောင့် သူမအငိုပင်တိပ်သွားရတဲ့အထိပင်။ ထို့နောက် မယ်ခွိုင်း ခခကိုသေချာအကဲခပ်ပြီးခေါင်းရမ်းကာ


"မသေရင်လည်းမငိုနေနဲ့! ဒီလိုတောတောင်တွေထဲမှာ! မငိုရဘူး! မငိုကောင်းဘူး! နင့်ကို! နတ်ဘုရားတွေ! စိတ်ဆိုးလိုက်မယ်!"


ခခ သူမကိုပြောပြီ ခက်မြန်မြန်ထွက်သွားတဲ့ အသားမဲမဲနဲ့အန်တီကြီးကိုကြောင်ပြီး ပြူးကြည့်နေမိသည်။ ထိုချိန် မူပိုက သူမတို့နှစ်ယောက်ခြား ခက်ရို့ရို့လေး ကပ်လာပြီး


"ဟို ငါဒီမှာနေရတာကြောက်လာပြီဟယ် ဒီကလူတွေအကြည့်က တစ်မျိုးကြီးပဲ ဟင့်"


ချစ်လွန်း မူပိုအပြောကြောင့် ခခပါ သူမနားကပ်လာတာမို့ သူမသက်ပျင်းချရင်း...


"ကဲ! တော်ပါ နင်တို့ကြောက်စရာမရှိ ကြံဖန်ကြောက်နေကြ ကိုယ့်ကိုကယ်ထားတဲ့သူတွေကို သူတို့နေရာမှာ တို့ဆိုလည်း အဲ့လိုပဲ အထူးအဆန်းလို့ကြည့်ကြမှာပဲလေ တော်ပြီ ကြောက်စိတ်မွေးမနေနဲ့"


ချစ်လွန်းရဲ့ ခက်မာမာအသံကြောင့် အားလုံး နည်းနည်းကြောက်စိတ်လျော့သွားမိသည်။ 


"ဟို ခခ နင်ကိုကိုလည်းသတိရလာပြီဆိုတော့ အရင်နေ့တွေလိုပဲ သူ့အခန်းမှာ သွားအိပ်မှာလား...."


"ဟမ်! ဟွန့်! မအိပ်ပါဘူး... ငါ့ကိုတောင် သတိမရတဲ့သူကြီး နေပေါ့ ငါနင်တို့နဲ့လာအိပ်မယ်"


"အော်.. အေးအေး"


"အွန်း.."


>>>>>>>>>>>>>>>>>


ရေပြင် ညနေစောင်းတဲ့အထိ သူ့နားကို ဆေးလာတိုက်တဲ့ ငထီးဆိုတဲ့သူကလွဲပြီး တစ်ယောက်မှရောက်မလာခဲ့ကြပေ။ သူ့ဇနီးလို့အရူးအမူးပြောနေပြီး သူခုလို့ဖြစ်နေတာတော့ တစ်ချက်မှလာကြည့်ဖော်မရတဲ့ ကောင်မလေးကြောင့် သူစိတ်ထဲတော့တစ်မျိုးဖြစ်နေမိသည်။ 


"ကျစ်"


ရေပြင် ဟိုကောင်မလေးကိုပဲ တွေးနေမိတာမို့ ကိုယ့်ကိုကိုယ် ခေါင်းကာ စုပ်သက်နေမိသည်။


"ကျွီ ဒုန်း! ဒုန်း! ဒုန်း!"


ရေပြင် ဝါးတံခါးပွင့်သွားတာမို့ ကြည့်လိုက်တယ်ဆို ဆူပုပ်ပွနေတဲ့ရုပ်နဲ့ ဝတ်ထားတဲ့ ထမိန်မှအားမနာ ခြေစောင့်လာတာ တဲက သိမ့်ခနဲသိမ့်ခနဲ


"ဟ့! မင်းဘယ်လိုလျှောက်လာလည်းကွ! ဒီမှာလူအိပ်နေတယ်မတွေ့ဘူးလား.!.."


"တွေ့တယ်! မအိပ်ပဲမျက်လုံးကြီးပြူပြဲနေတာ! ဟွန့်! ရှင်ကြီးဆီလာခြင်လွန်းလို့လာနေတာမဟုတ်ဘူး! ခခအင်္ကျီလာယူတာ ဟွန့်!"


ရေပြင် သူ့ကိုပြောဆိုပြီး အရမ်းများလွန်းတဲ့ သူကုတင်ခြေရင်းက ဝတ်စုံလိုလိုအခေါက်ကလေးတစ်ခုလှမ်းယူပြီး သူ့ကိုတောင် မျက်စောင်းထိုးသွားလိုက်သေးတာမို့


"ဟေ့! ဟေ့! လူကိုလာပြီး ဘာမှမပြောဘူးဆိုပြီး ပြောခြင်သလိုမပြောသွားနဲ့နော် မင်းငါ့ဇနီးဆိုတာ ငါလက်ခံသေးတာမဟုတ်ဘူး အပြောအဆိုဆင်ခြင်"


ရေပြင် သူစိတ်ကိုက ဘာဖြစ်နေသည်မသိ သူအရင်က ယခုလိုသူများပြောဆိုတာမကြိုက်ခဲ့ပုံရသည်။ အခုလည်း ဒီကောင်မလေးပြောဆိုနေတာကို သူ့စိတ်ထဲမနှစ်မြို့ခြင်


ခခ ကြီးကြီးကျယ်ကျယ်တွေထပြောနေတဲ့ သူကြီးစကားတွေက သူမစိတ်ထဲမကောင်းပင်မယ့် မခံခြင်စိတ်လေးရှိနေသူပီပီ


"အမယ်လေး...! ရှင်ကြီးကိုလည်း ဒီကကျွန်မယောက်ျားပါလို့ မကြွေးကြော်နေပါဘူးနော် အရင်က ခခရဲ့ကိုကို လင်ယောက်ျားဖြစ်တဲ့ ကိုကိုရေပြင်ညီကြီးကပဲ ခခရဲ့ အသည်းအသက်ချစ်ချစ်ကြီး ဟွန့်! ရှင့်ကြီးကိုရှင်ကြီး စိတ်ကူးရင်မနေနဲ့ ဟွန့်!"


ရေပြင် ပြောပြီးတယ်ဆို ခက်စောင့်စောင့်ထွက်သွားတဲ့ သူမလေးကျောပြင်ကိုကြည့်ပြီး သူစိတ်ထဲကသိကအောင့်တော့ဖြစ်နေမိသည်။ ဘာကိုအလိုမကျမှန်းမသိ.....


>>>>>>>>>>>>>>>


ခခတို့ ရေတံခွန်ဘက် ရေချိုးပြီးပြန်လာတယ်ဆို သူမတို့အိမ်လေးရှေ့ ကလေးမလေးတစ်ယောက်ရောက်နေတာမို့ 


"ကလေး... ဘာကိစ္စ......"


"အစာစားမယ်တဲ့ အကြီးအကဲခေါ်ခိုင်းလိုက်တယ်"


ချစ်လွန်း စကားမဆုံးခင် တုန်းတိတိပြောပြီး ပြေးထွက်သွားတဲ့ကောင်မလေးကြောင့် သူမတို့ခေါင်းကုပ်ရင်း...


"ကြာရင်တော့ ငါတို့ကျင့်သားရသွားမှာပါ.."


ချစ်လွန်းအပြောကြောင့် ခခတံတောင်နဲ့တွတ်လိုက်ပြီး


"ဘယ်ကိုကျင့်သားရတာလည်း နင်ကဒီမှာ ဘယ်ချိန်ထိနေမို့လည်း နေခြင်နင်ပါနင်နေ ငါတို့တော့မနေဘူး"


"အော်... အခုက ဒီတောရဲ့အပြင်ကဘာလည်းလို့တောင်မေးနေကြတာလေ သူတို့တောင်ဘာမှန်းမသိတာ ငါတို့ပြန်ဖို့လမ်းဘယ်လိုပြောမလည်း အဲ့ဒါမို့ ကျရာနေရာမှာ ကျသလိုနေမယ်လို့ပြောတာ"


ချစ်လွန်းအပြောကြောင့် ခခနဲ့မူပိုမျက်နှာလေးညှိုးသွားကာ


"ငါ့ ငါ့ကလေးလေးက ဘယ်လိုလုပ်မလည်းဟင် ဟင့် ကလေးလေးသနားပါတယ် ကိုကိုရော... ငါ့ကြောင့် ဟင့် အားလုံးငါ့ကြောင့်..."


"အာ... တော်ပြီ တွေးမနေနဲ့ ခုလိုဖြစ်လာရမယ့်အကြောင်းတွေရှိခဲ့လို ခုလိုငါတို့အကျိုးခံစားနေရတာ တော်ပြီ ထမင်းသွားစားရအောင်"


"ဟင့် ဒီနေ့လည်း ဘာကောင်ကြီးစားရမှာလည်းမသိဘူး စိတ်ညစ်တယ်"


"လာပါဟာ... ဘာဖြစ်ဖြစ်"


"ဟို ဒါမယ့်လေ ဟိုလူကြီးဘာနဲ့စားမလည်းမသိဘူ..."


"ဟမ် ဘယ်လူကြီး... အာ... အော်.... ပြောတော့ နင့်ချစ်ချစ်မဟုတ်တော့ဘူးဆို.."


"အော် ခုကမဟုတ်တော့ပင်မယ့်လည်း သူနေခြင်သလိုနေရင် ငါ့ကိုကိုပြန်ရောက်လာရင် ပိန်ညှောင်ရိုးလေးဖြစ်နေမှာဆိုးလို့ပေါ့"


"ဂရုစိုက်ခြင်တော့လည်း ကြံဖန်ပြီး မသိရင် ခုဆရာက ဆရာမဟုတ်တဲ့အတိုင်း"


"အာ.. မဟုတ်ပါဘူးဆို နင်တို့ကလည်း.."


>>>>>>>>>>>>


ခခတို့ ဘာကောင်ကြီးမှန်မသိတဲ့ မဲမဲအသားကြီးကို ကြည့်ပြီး လက်တို့နှာခေါင်းရှုံ့နေကြကာ မဟော်ရဲ့သတိပေးသလို စားဆိုတော့မှ ခက်နည်းနည်း တို့ခနဲစိတ်ခနဲလုပ်ပြီးမှ ကောင်းလိုက်တဲ့အသား မူပိုတို့ဆို ခေါင်းတောင်မဖော်နိုင်အောင်ထိ စားလိုက်ကြသည်။ စားပြီး ဘာတွေရွတ်မှန်းမသိရွတ်ပြီး ရေတွေလိုလို မွှေတေးတေးအရာတွေပတ်ဖြန်းပြီး သူတို့ကိုသွားအိပ်တော့လို့ပြောလိုက်မှ ခခတို့ထလာခဲ့ကြသည်။ ထိုချိန် ခခ မူပိုတို့လက်ကို တွဲမို့လုပ်လိုက်ချိန်


"ဟေးးးး"


"အမလေး!"


ခခ တစ်ချိန်လုံးတိပ်နေပြီး သူမထမှ ရုပ်တရပ်ထွက်ပေါ်လာတဲ့ အသံသြသြကြီးကြောင့် သူမအလန့်တကြားအသံပင်ထွက်သွားမိသည်ထိပင်။ ပြီးမှ ခခကိုယ့်ပါးစပ်လေးကိုယ်ပြန်ပိတ်ပြီး နောက်လှည့်ကြည့်လိုက်မိသည်။ မဟော်တို့လည်း ရုပ်တရပ် အဖွားကြီးဆီကအသံမို့ သူတို့လည်း လိုက်ကြည့်လိုက်မိသည်။


"မင်းတို့.....! မင်းတို့ ဒီတလောပြန်ဖို့စိတ်မကူးကြနဲ့! ပြန်လို့ရမှာလည်းမဟုတ်ဘူး....! ဒီကောင်မလေးရဲ့ ဗိုက်ထဲက ကံကောင်းခြင်းလူသားရောက်လာမှ ပြန်လို့ရလိုက်မယ်"


"ဟင်!" "ဟာ!" "ဟယ်!"


အဖွားကြီးအပြောကြောင့် မဟော်ပင်တုန်လှုပ်သွားသည်အထိပင် ခခဆို လက်လေးပင်အေးဆက်နေလေတော့သည်။


"ဒါတော့မဖြစ်ဘူးထင်တယ် ခခကငယ်လည်းငယ်သေးတယ် ပြီးတော့ ပထမဆုံးကိုယ်ဝန် သူဒီမှာမွေးလို့ဘယ်လိုမှမဖြစ်နိုင်ဘူး..."


"ဟားးးးးးဟားးးးး ဟားးးးးဟားးး ဟားးးးဟားးးး ဟားးးးဟားးးးး"


မဟော် ဗြုန်းစားကြီး အားရအောင်ဟပ်ဟပ်ပတ်ပတ်ရယ်နေပြီးမှ ချက်ခြင်းတိပ်ကာ အကြည့်တွေက သူ့ဆီကိုစူးရှမှုတွေနဲ့အတူ


"ငါ့စကားကို.... ဘယ်တော့မှ..... မပယ်ရှားနဲ့...... မင်းအတွက်လည်း ကြီးမားတဲ့ ကံကြမ္မာအလှည့်အပြောင်းတွေရှိလာမယ်... မင်းထင်ထားတဲ့အနာဂါတ်နဲ့ ကွဲလွဲနေလိုက်မယ်.... ဟားးးဟားး ဟားးးဟားးး နောက်ပြီး မင်း! မင်းရဲ့တွဲဖက်လူနဲ့သွားအိပ် ဒါကမင်းတွက် ပိုလုံခြုံလိုက်မယ်....."


ခခသူမကို လက်ညိုးထိုးပြီး ကိုကိုနဲ့သွားအိက်ဖို့ပြောကာ ကျောခိုင်းထွက်သွားသည့်အဖွားကြီး ပျောက်လုသည်အထိ နေရာမှာတင် တုန်လှုပ်နေကြကာ ထိုအရာကိုဖြိုခွင်လိုက်သည်က မဟော်...


"ခခ ကိုရေပြင်ဆီ မင်းကို ကိုယ်လိုက်ပို့ပေးမယ်"


"ဟင်! ဟုတ် ဟုတ်"


ခခ မဟော်နဲ့ သွားနေတဲ့ လမ်းတစ်လျှောက် အတွေးတို့က လွှမ်းမိုးနေဆဲ...... 


'ဒီချိန်မှာ ကိုကို့ကို ခခလိုအပ်တယ် ကိုကို.... ခခ ကိုကို့ကိုဘယ်လိုပြောပြရမလည်း...'


ခခ အေးစပ်နေတဲ့ သူမလက်အစုံကို သူမပါသာထွေးပိုက်ထားလိုက်မိသည်။


◾◾◾◾◾◾◾◾◾◾◾◾◾◾◾


စာဖတ်သူအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နဲ့ပြည့်စုံပြီး တစ်ခဏတာမျှ စိတ်အမောတွေ ပြေနိုင်ကြပါစေရှင်🙏


စာဖတ်သူများကို အစဥ်လေးစားလျှက် 

#မြူခိုးဝေဝေ


rate now: