ကိုကို့မို့ ချစ်တာလို့ ☹
ရေပြင် သူကျောင်းသွားဖို့ပြင်ဆင်ပြီးသည်အထိ ကုတင်ထက်မှာ စောင်တွေလုံးထွေးပြီး အိပ်ကောင်းဆဲဖြစ်တဲ့ သူမလေးကြောင့် သူနာရီတစ်ချက်ကြည့်လိုက်ပြီး အခန်းထဲမှာရှိတဲ့ ကလကာတွေအကုန်လှပ်လိုက်ပြီး ထွက်လာလိုက်သည်။
ဒေါ်မေမီ အပေါ်ထက်က တစ်ယောက်ထဲဆင်းလာတဲ့ သားဖြစ်သူကိုကြည့်လိုက်ပြီး
"သား.. မီးလေးရော.."
"အိပ်တုန့်မာမီ"
"အော် အေးအေးသား ဒီနေ့တော့ ဗေဒါလည်းစောစောမနိုးသလို မာမီလည်းစောစောမနိုးလို့ ကော်ဖီနဲ့မုန့်နဲ့ပဲ စားလိုက်တော့သားရေ"
ရေပြင်ညီ ဗေဒါမနိုးဘူးဆိုတဲ့ ထူးခြားတဲ့အဖြစ်ကြောင့် ဗေဒါကိုကြည့်လိုက်တယ်ဆို ကိုကြီးမျက်နှာပြုံးဖြီးဖြီးကြောင့် သူသဘောပေါက်လိုက်ပြီး
"ရဲရဲကရောမနိုးဘူးလားမာမီ"
ရေပြင့်စကားကြောင့် မီးဖိုခန်းထဲက ကိတ်ချက်ပန်ကန်ကိုင်ရက်နဲ့ထွက်လာတဲ့ရဲရဲတစ်ယောက်
"ရဲရဲကိုလည်းကြည့်ပါအုန်းကိုကိုလေးရယ် ဇရာရိပ်သန်းနေပြီလေ ရဲရဲလည်းထဖို့ကြိုးစားပါသေးတယ် ကိုကိုလေးတို့dinnerကြောင့် ရဲရဲပင်ပန်းသွားလို့အဟွန်း..."
"အွန်း ဇရာထောင်းတယ်ဆိုတာ ဘယ်နားလည်း ခုထိ ရဲရဲနေတုန်းကို"
"ခိ ဒါကတော့ နှုတ်ကျိုးနေပြီလေ ကိုကိုလေးကလည်း ခိ"
"အဟွန်း... မာမီကျွန်တော်သွားပြီနော် ဒီနေ့အချိန်ပိုရှိလို့"
"ဟယ် စားသွားအုန်းလေသားရဲ့တော်ကြာစာနေမှဖြင့်"
"ရတယ်မေ့ ဟိုရောက်မှတစ်ခုခုဝယ်စားလိုက်မယ် သွားပြီကိုကြီး ကိုယ့်မျက်နှာလည်းကိုယ်ဂရုစိုက်အုန်း.."
လှိုင်း ရေပြင်စကားကြောင့် ကိတ်ဖဲ့နေတဲ့လက်တို့တုန့်ခနဲရပ်သွားကာ ဗေဒါဘက်လှည့်လိုက်ပြီး
"ခလေး ကိုယ့်မျက်နှာဘာဖြစ်နေလို့လည်း...."
လှိုင်းပြောလိုက်တယ်ဆို ဗေဒါက မျက်လုံးဝိုင်းလေးနဲ့ သေချာကြည့်ပြီး ခေါင်းခါရင်း
"ဟင့်အင်းဦး... ဘာမှမဖြစ်ပါဘူး..."
"အာ... ဘာမဖြစ်ရမှာလည်း မေကလည်း.... ဟိုမှာလေ ဖေ့မျက်လုံးတွေ ပန်ဒါဖြစ်နေတာ ဖေညက အန်ကယ်လေးပါတီမှာ အတော်ပင်ပန်းခဲ့ပုံရတယ်"
"ခွီး..."
ဗေဒါ သားရဲ့စကားကြောင့် မျက်နှာရဲခနဲဖြစ်သွားပြီး ပိုဆိုးတာက ရဲရဲရဲ့ရယ်သံကြီးကြောင့် သူမမျက်နှာ ထားစရာမရှိအောင်ပူထူနေတော့သည်။ဒါကို ရိပ်မိတဲ့လှိုင်းကတော့ မျက်မှောင်ကျုံ့နဲ့ ရဲရဲဆီတန်းခဲအကြည့်ရောက်သွားပြီး
"ရယ်ခြင်သေးရင် ထက်ရယ်ကြည့်"
ရဲရဲ လှိုင်းရဲ့ မျက်နှာတည်တည်နဲ့အပြောကြောင့် သူမနဲပြန်တည်လိုက်ရကာ
"ဟင့်အင်း ရဲရဲမရယ်တော့ဘူးကိုကိုကြီး"
ရဲရဲရဲ့ဖြေရှင်းချက်ရတော့မှပဲ လှိုင်းရဲ့မျက်မှောင်ကုပ်တွေပြန်ပြေသွားပြီး
"ဖွား မာမီ ကျွန်တော်သွားပြီနော် ခလေး ကိုယ်သွားပြီနော်"
"ရှင် ဟုတ် ဟုတ်ဦး.."
"အွန်း အပြင်တွေသိပ်မထွက်နဲ့"
"ဟုတ် "
လှိုင်း သားစကားကြောင့် ခုထိအရှက်သည်းနေသေးတဲ့မိန်းမလေးကြောင့် သူ့ရဲ့မောနင်းကစ်လည်းမဖြစ်နိုင်တော့တာမို့ တရားခံဖြစ်တဲ့ မင်းခက်ထန်ကို ဂျိုလ်ကြည့်ကြည့်ကာ ထွက်လာလိုက်သည်။လမ်းတွင်တော့
"တကယ့် အဖျက်ကောင်"
>>>>>>>>>>>>>>
နေအတော်မြင့်လာတာနဲ့အမျှ အခန်းပြတင်းပေါက်မှန်နေရာကနေကျရောက်လာတဲ့နေရောင်က ကုတင်ထက်မှာ ပုကွေးလုံးနေတဲ့ ခခမျက်နှာပေါ်ထိုးထွက်လာကာ အချိန်အတော်ကြာသည်အထိ မျက်နှာပေါ်မှာရှိနေဆဲနေရောင်ကြောင့်
"အင့် အင်း...... ဟင့်"
ခခ မျက်လုံးတို့မှိတ်ထားပင်မယ့် မျက်နှာထက်ကိုကျနေတဲ့အလင်းရောင်ဆူးဆူးကြောင့် အလိုမကျစွာ မျက်နှာလေးရှုံ့မဲ့သွားပြီး စောင်စမ်းပြီးမျက်နှာတစ်ခုလုံးပြန်ဖုံးလိုက်ကာ ကိုယ်တစ်ပတ်လှိမ့်ပြီး ပြန်အိပ်နေလိုက်သည်။ ခခစက္ကန့်မျှညိမ့်နေပြီးမှ ကိုကို့ကိုသတိရသွားကာ
"ဘုန်း ကိုကို ဟင်..."
ခခစောင်ကိုခက်ကြမ်းကြမ်းဆွဲဖယ်လိုက်ခြင်းနဲ့အတူ တစ်ဖက်စောင်းပြီး ကိုကို့နေရာကိုကြည့်လိုက်တယ်ဆို ရှင်းလင်းနေတဲ့ နေရာလပ်ကြောင့် ချက်ခြင်းကြုံးထခြင်းနဲ့အတူ အောက်ထပ်ကိုပြေးဆင်းကာ
"ကိုကိုရေ!...... ကိုကို.......! ကိုကို့.!..."
ဒေါ်မေမီ လူမလာခင်အသံအရင်ကြားနေရတဲ့ သူမရဲ့အသစ်ဆက်ချွေးမလေးကြောင့် ပြုံးလိုက်ရင်း
"အဟွန်း ကိုကိုက မနက်စောစောကတည်းကထွက်သွားပါပြီတော်"
ခခ ဒေါ်မေမီစကားကြောင့် အားရော့သွားသလို ခြေလှမ်းတွေ အားရော့သွားပြီး
"ဟင် ဟုတ်လား....... အဲ့ကိုကိုကလည်းလေ... သူများတောင်မစောင့်ဘူး ဟွန့်"
ဒေါ်မေမီ သူမနားကို တစ်ကိုယ်လုံးပစ်ထိုင်ချလိုက်ပြီး သူမပေါင်ပေါ်ခေါက်းအုန်းလှဲချလိုက်တဲ့ခခကြောင့် သူမလက်တို့က အလိုလိုခခဆံပင်ထက်ရောက်သွားပြီး
"မီးလေးက စောစောမှ မထတာကိုကွဲ့ ကိုကိုကသွားတာပေါ့"
ဒေါ်မေမီအပြောကြောင့် မျက်လုံးမှိတ်ပြီး ဇိမ်ခံနေတဲ့ ခခတစ်ယောက် ချက်ခြင်းထထိုင်လိုက်ပြီး
"အာ... မီးက အရင်ကတည်းက ဒီလိုပဲအိပ်နေကြကို ကိုကိုကိုကမတရားတာ ဟင့် မီးကဒီနေ့ ကျောင်းလိုက်ခြင်လို့ပါဆို"
"ဟောတော် တက္ကသိုလ်မှမတက်ရသေးတာ ဘယ်လိုလိုက်မတုန်းကွဲ့"
"ခုမတက်ရသေးလည်း နောက်တက်ရမှာပဲဟာ မာမီပဲပြောပြီးတော့ ကိုကိုက စိတ်ချရတဲ့သူမဟုတ်ဘူးဆို အဲ့ဒါသွားစောင့်ကြည့်မို့ သူကြီးကအဲ့လိုလိုက်မှာကြိုသိလို့ တမင်မစောင့်တာဖြစ်မယ် ဟွန့်"
ဒေါ်မေမီ သူမဘေးမှာ ကလေးတစ်ယောက်လို အလိုမကျသွာ ပြောဆိုတဲ့ခခကြောင့် သူမပြုံးလိုက်ပြီး
"အဟွန်း... မာမီမီးလေးကတော့လေ.... ဒါနဲ့ ဟန်းနီးမွန်းဘယ်ထွက်မယ်စိတ်ကူးထားလည်း..."
"ဟင့်အင်း မစဥ်းစားရသေးဘူး ကိုကိုကဘယ်သွားခြင်တယ်တဲ့လည်းမာမီ"
ဒေါ်မေမီ အသက်ငယ်ပင်မယ့် သားအပေါ်သိတက်လွန်းတဲ့ခခကြောင့် အဓိပ္ပါယ်မျိုးစုံရတဲ့အပြုံးတို့အတူ
"သားကအဲ့လိုတွေမတွေးတက်ဘူး မီးလေးရဲ့ မီးလေးဘယ်သွားခြင်းလည်းသာစဥ်းစား"
"ဟွန့် ဟုတ်လား ကိုကိုကလည်း အသက်က အခုမှ ဘယ်လောက်မှမရှိသေးဘူး လူကြီးလို့နေနေပြီ တကယ်ပဲ"
"ဟဲတော်... ခရီးမထွက်တက်တာနဲ့ပဲ လူကြီးဖြစ်ရောလား.."
"ဖြစ်တယ်လေ မာမီရဲ့ ကိုကိုလိုခုရွယ်တွေဆို သူငယ်ချင်းတွေနဲ့သွားကောင်းတုန်းလေ မနိုင်လို့ထိန်းနေရတာလေမာမီရဲ့"
"အဲ့ဒါတော့ ဟုတ်တယ် မေမီရေ.. ကြာရင် ညည်းသား တောထွက်တော့မယ် တကယ်ပဲ မြေးကြီးထက်တောင်ဇီဇာကြောင်သေး ငယ်ငယ်ကတောင် အဲ့လောက်မဟုတ်ဘူး ဆရာဖြစ်သွားမှ ပုံစံတစ်မျိုးကို ပြောင်းသွားတာ"
ဧည့်ခန်းထဲဝင်လာတဲ့ မယ်မယ်ကြီးစကားကြောင့် ခခအလန့်တထိပ်ပုံလေးနဲ့
"ဟင် ကိုကိုကတောထွက်မယ်... အဲ့ဆို မီး မီးကိုထားခဲ့မှာပေါ့နော် ဟုတ်လား မယ်မယ်ကြီး"
မသိရင် တမင်ရွဲ့မေးနေသလိုထင်ရတဲ့ခခအမေးကြောင့် ခခအကြောင်းသိနေပြီဖြစ်တဲ့ ဒေါ်ခေမာကတော့
"အင်းပေါ့ မြေးမလေးရယ်... မြေး ရဟန်ဘောင်ဝင်သွားရင်တော့ မြေးမလေးကိုမပြောနဲ့ပိုင်ဆိုင်သမျှအကုန် စွန့်လွှတ်ခဲ့ရတာလေ အဲ့လိုသာဖြစ်လိုက်ကြည့် ဖွားကတော့ ကြည်ကြည်ဖြူဖြူကို ရဟန်းအမခံလိုက်ခြင်တယ် ဘာလို့ဆို တကယ်မွန်မြတ်တဲ့အလုပ်လေးမြေးရဲ့"
"ဟင်"
ဒေါ်ခေမာစကားအဆုံး ခခ ဟင်ဆိုသောအသံလေးနဲ့အတူ ချက်ခြင်းဆိုသလို မျက်နှာလေးနွမ်းသွားပြီး
"မီးအပေါ်တက်တော့မယ်နော်..."
"ဟင် မနက်စာမစားဘူးလားမီးလေး"
"ဟင့်အင်း မီးမစာသေးလို့"
ဒေါ်ခေမာအပါအဝင် ဒေါ်မေမီပါ မျက်နှာမကောင်းစွာနဲ့ထထွက်သွားတဲ့ခခကိုကြည့်ပြီး
"မေမီ မြေးမလေးဘာဖြစ်သွားတာလည်း.."
"မေမေပြောလိုက်လို့ထင်တယ် မီးလေးကအဲ့တိုင်းပါပဲ သိပ်ခံစားလွယ်တာ"
"အော်... ဒီကလေးနှယ်..."
>>>>>>>>>>>>>>
ခခအခန်းထဲရောက်တာနဲ့ ထိန်းထားရတဲ့ မျက်ရည်တို့ကို လွတ်လပ်ခွင့်ပေးလိုက်တော့သည်။
"ဟီး..... မရဘူး မီးကိုထားသွားလို့မရဘူး ကိုကိုလည်း အဲ့လိုမထွက်ရဘူး မရဘူးလို့....ဟီး...."
"ဒီးးးးးးး ဒီးးးးးးးး ဒီးးးးးးးး"
ခခ မျက်ရည်အရွှဲသားနဲ့ငိုနေတုန်း ကုတင်ဖုန်းတုန်ခါမှုကြောင့် သူမကြည့်လိုက်တယ်ဆို ချစ်လွန်းမဖုန်းဖို့ စောင့်ဆွဲယူလိုက်ကာ
"ဟင့် ပြော"
"ဟဲ့ ဘာသံကြီးလည်း နင့်အသံကြီးကလည်း.."
ခခ ငိုရင်းတန်းလန့်နဲ့မို့ ပြောမှာမပြောပဲအကြောရှည်နေတဲ့ ချစ်လွန်းကြောင့်
"ပြောဟာ! မပြောရင် ငါဖုန်းချလိုက်တော့မှာနော်ဟင့် လူကမကြည့်ရတဲ့အထဲ"
"ဟင် ဟဲ့ မိခ! နင်ငိုနေတာလား.. ဘာလည်း နင့်ကိုကိုဆိုတဲ့သူလုပ်တာလား နင့်ကိုဘယ်လိုလုပ်လိုက်လို့ ဒီလောက်ငိုသွားရတာလည်း ကျစ်နေအုန်း ငါနဲ့မူပိုလာ.."
"အာ... ဘာတွေပြောနေတာလည်း ကိုကိုကအဲ့လိုလုပ်စရာလားလို့ ခု ခုက အဲ့ထက်ဆိုးတယ်ဟဲ့... ဟီး...."
ချစ်လွန်း ရုပ်တရက်ထငိုချလိုက်တဲ့ ခခကြောင့် သူမလည်းစိုးရိမ်လွန်သွားကာ
"ဟဲ့ ဟဲ့ ဘာလို့အဲ့လောက်ငိုနေရတာလည်း ဘာဖြစ်လို့လည်း ငါ့ကိုပြော ငါစဥ်းစားပးမယ် ဘာလည်း ငယ်ချစ်တွေဘာတွေပေါ်လာလို့လား.."
"ဟင့်အင်း ချစ်လွန်း....."
"ဟေ"
"ကိုကို ကိုကိုကလေ..."
"အင်း..."
"ကိုကို ကိုကို ဟင့်"
"အာ ပြောဟ့ ဒီမှာသိခြင်နေပြီ"
"ဟို တောထွက်ပြီးငါ့ကိုထားသွားမှာတဲ့ ဟီး......"
"ဟမ် ဘာကြီး... တောထွက် တောထွက် ဟားးးးးဟားးးးဟားးး ခခရယ်... နင်ဆိုတာလည်းနော်... ဟားးးဟားးးဟားး"
ခခ သူမကိုဝမ်းနည်းမှုနဲ့နှစ်သိမ့်ပေးမယ်ထင်ထားပင်မယ့် တကယ့်လက်တွေ့မှာ ဟားတိုက်ရယ်နေတဲ့ချစ်လွန်းကြောင့် သူမစိတ်မကောင်းပိုဖြစ်သွားခြင်းနဲ့အတူ
"ဟင့် တော်ပြီဟာ ငါဖုန်းချလိုက်တော့မယ်"
ချစ်လွန်း တဖက်က ခခအသံတိုးလျှလျှကြောင့် သူမရယ်နေတာကို ချက်ခြင်းတည်လိုက်ပြီး
"အာ... နေ နေပါအုန်း... ငါကထင်မထားတဲ့စကားကြားလိုက်လို့ပါဟာ အဲ့အတွက်မပူနဲ့ငါ့မှာနည်းလမ်းရှိတယ် နင့်ကိုကိုလုံးဝနင့်ကိုထားမသွားစေရဘူး"
ခခဖုန်းချဖို့အလုပ် ချစ်လွန်းရဲ့ စကားကြောင့် သူမျက်လုံးလေးလဲ့ကနဲဖြစ်သွားကာ
"ဟင် တ တကယ်လား ချစ်လွန်း.."
"အဟွန်း... ငါ့ကိုယုံလိုက်စမ်းပါဟာ.."
"............."
".............."
"................"
"ဟမ်! နင့်ဟာကြီးကလည်း ကောင်းပါ့မလားဟ့ ရှက်စရာကြီး"
"ကျစ် ခခ နင်ငါ့ကိုမယုံဘူးလား.."
"ဟမ် ယုံ ယုံပါတယ် ဒါမယ့်လေ နင်ပြောတာကြီးက"
"လုပ်မှာလား မလုပ်ဘူးလား"
"ဟင် လုပ် လုပ်မယ်"
"အဟွန်း... ဒါဆို ဒီညစလိုက်တော့"
"ဟင် အင်း အင်း"
ခခတစ်ယောက် ချစ်လွန်းကိုချပြီးတာနဲ့ အေးခဲနေတဲ့လက်ချောင်းလေးတွေကို ပြန်စုပ်ကိုင်ထားမိနေသည်။ တကယ်ကြီး သူမအဲ့လိုလုပ်ရမှာလား....
◾◾◾◾◾◾◾◾◾◾◾◾◾◾◾
ကဲ ဘာဖြစ်မလည်းနော်😁 စာရေးသူတော့ မနက်ဖြန်မြန်မြန်ရောက်ခြင်နေပြီ😁
သည်းခံဖတ်ပေးကြတဲ့ စာဖတ်သူတစ်ဦးခြင်းစီကိုကျေးဇူးအထူးပါနော်🙏
စာဖတ်သူများကို အစဥ်လေးစားလျှက်
#မြူခိုးဝေဝေ
ကိုကို့မို့ ချစ်တာလို့ ☹
အပိုင်း (၃)
ရေပြင် သူကျောင်းသွားဖို့ပြင်ဆင်ပြီးသည်အထိ ကုတင်ထက်မှာ စောင်တွေလုံးထွေးပြီး အိပ်ကောင်းဆဲဖြစ်တဲ့ သူမလေးကြောင့် သူနာရီတစ်ချက်ကြည့်လိုက်ပြီး အခန်းထဲမှာရှိတဲ့ ကလကာတွေအကုန်လှပ်လိုက်ပြီး ထွက်လာလိုက်သည်။
ဒေါ်မေမီ အပေါ်ထက်က တစ်ယောက်ထဲဆင်းလာတဲ့ သားဖြစ်သူကိုကြည့်လိုက်ပြီး
"သား.. မီးလေးရော.."
"အိပ်တုန့်မာမီ"
"အော် အေးအေးသား ဒီနေ့တော့ ဗေဒါလည်းစောစောမနိုးသလို မာမီလည်းစောစောမနိုးလို့ ကော်ဖီနဲ့မုန့်နဲ့ပဲ စားလိုက်တော့သားရေ"
ရေပြင်ညီ ဗေဒါမနိုးဘူးဆိုတဲ့ ထူးခြားတဲ့အဖြစ်ကြောင့် ဗေဒါကိုကြည့်လိုက်တယ်ဆို ကိုကြီးမျက်နှာပြုံးဖြီးဖြီးကြောင့် သူသဘောပေါက်လိုက်ပြီး
"ရဲရဲကေရာမနိုးဘူးလားမာမီ"
ရေပြင့်စကားကြောင့် မီးဖိုခန်းထဲက ကိတ်ချက်ပန်ကန်ကိုင်ရက်နဲ့ထွက်လာတဲ့ရဲရဲတစ်ယောက်
"ရဲရဲကိုလည်းကြည့်ပါအုန်းကိုကိုလေးရယ် ဇရာရိပ်သန်းနေပြီလေ ရဲရဲလည်းထဖို့ကြိုးစားပါသေးတယ် ကိုကိုလေးတို့dinnerကြောင့် ရဲရဲပင်ပန်းသွားလို့အဟွန်း..."
"အွန်း ဇရာထောင်းတယ်ဆိုတာ ဘယ်နားလည်း ခုထိ ရဲရဲနေတုန်းကို"
"ခိ ဒါကတော့ နှုတ်ကျိုးနေပြီလေ ကိုကိုလေးကလည်း ခိ"
"အဟွန်း... မာမီကျွန်တော်သွားပြီနော် ဒီနေ့အချိန်ပိုရှိလို့"
"ဟယ် စားသွားအုန်းလေသားရဲ့တော်ကြာစာနေမှဖြင့်"
"ရတယ်မေ့ ဟိုရောက်မှတစ်ခုခုဝယ်စားလိုက်မယ် သွားပြီကိုကြီး ကိုယ့်မျက်နှာလည်းကိုယ်ဂရုစိုက်အုန်း.."
လှိုင်း ရေပြင်စကားကြောင့် ကိတ်ဖဲ့နေတဲ့လက်တို့တုန့်ခနဲရပ်သွားကာ ဗေဒါဘက်လှည့်လိုက်ပြီး
"ခလေး ကိုယ့်မျက်နှာဘာဖြစ်နေလို့လည်း...."
လှိုင်းပြောလိုက်တယ်ဆို ဗေဒါက မျက်လုံးဝိုင်းလေးနဲ့ သေချာကြည့်ပြီး ခေါင်းခါရင်း
"ဟင့်အင်းဦး... ဘာမှမဖြစ်ပါဘူး..."
"အာ... ဘာမဖြစ်ရမှာလည်း မေကလည်း.... ဟိုမှာလေ ဖေ့မျက်လုံးတွေ ပန်ဒါဖြစ်နေတာ ဖေညက အန်ကယ်လေးပါတီမှာ အတော်ပင်ပန်းခဲ့ပုံရတယ်"
"ခြီး..."
ဗေဒါ သားရဲ့စကားကြောင့် မျက်နှာရဲခနဲဖြစ်သွားပြီး ပိုဆိုးတာက ရဲရဲရဲ့ရယ်သံကြီးကြောင့် သူမမျက်နှာ ထားစရာမရှိအောင်ပူထူနေတော့သည်။ဒါကို ရိပ်မိတဲ့လှိုင်းကတော့ မျက်မှောင်ကျုံ့နဲ့ ရဲရဲဆီတန်းခဲအကြည့်ရောက်သွားပြီး
"ရယ်ခြင်သေးရင် ထက်ရယ်ကြည့်"
ရဲရဲ လှိုင်းရဲ့ မျက်နှာတည်တည်နဲ့အပြောကြောင့် သူမနဲပြန်တည်လိုက်ရကာ
"ဟင့်အင်း ရဲရဲမရယ်တော့ဘူးကိုကိုကြီး"
ရဲရဲရဲ့ဖြေရှင်းချက်ရတော့မှပဲ လှိုင်းရဲ့မျက်မှောင်ကုပ်တွေပြန်ပြေသွားပြီး
"ဖွား မာမီ ကျွန်တော်သွားပြီနော် ခလေး ကိုယ်သွားပြီနော်"
"ရှင် ဟုတ် ဟုတ်ဦး.."
"အွန်း အပြင်တွေသိပ်မထွက်နဲ့"
"ဟုတ် "
လှိုင်း သားစကားကြောင့် ခုထိအရှက်သည်းနေသေးတဲ့မိန်းမလေးကြောင့် သူ့ရဲ့မောနင်းကစ်လည်းမဖြစ်နိုင်တော့တာမို့ တရားခံဖြစ်တဲ့ မင်းခက်ထန်ကို ဂျိုလ်ကြည့်ကြည့်ကာ ထွက်လာလိုက်သည်။လမ်းတွင်တော့
"တကယ့် အဖျက်ကောင်"
>>>>>>>>>>>>>>
နေအတော်မြင့်လာတာနဲ့အမျှ အခန်းပြတင်းပေါက်မှန်နေရာကနေကျရောက်လာတဲ့နေရောင်က ကုတင်ထက်မှာ ပုကွေးလုံးနေတဲ့ ခခမျက်နှာပေါ်ထိုးထွက်လာကာ အချိန်အတော်ကြာသည်အထိ မျက်နှာပေါ်မှာရှိနေဆဲနေရောင်ကြောင့်
"အင့် အင်း...... ဟင့်"
ခခ မျက်လုံးတို့မှိတ်ထားပင်မယ့် မျက်နှာထက်ကိုကျနေတဲ့အလင်းရောင်ဆူးဆူးကြောင့် အလိုမကျစွာ မျက်နှာလေးရှုံ့မဲ့သွားပြီး စောင်စမ်းပြီးမျက်နှာတစ်ခုလုံးပြန်ဖုံးလိုက်ကာ ကိုယ်တစ်ပတ်လှိမ့်ပြီး ပြန်အိပ်နေလိုက်သည်။ ခခစက္ကန့်မျှညိမ့်နေပြီးမှ ကိုကို့ကိုသတိရသွားကာ
"ဘုန်း ကိုကို ဟင်..."
ခခစောင်ကိုခက်ကြမ်းကြမ်းဆွဲဖယ်လိုက်ခြင်းနဲ့အတူ တစ်ဖက်စောင်းပြီး ကိုကို့နေရာကိုကြည့်လိုက်တယ်ဆို ရှင်းလင်းနေတဲ့ နေရာလပ်ကြောင့် ချက်ခြင်းကြုံးထခြင်းနဲ့အတူ အောက်ထပ်ကိုပြေးဆင်းကာ
"ကိုကိုရေ!...... ကိုကို.......! ကိုကို့.!..."
ဒေါ်မေမီ လူမလာခင်အသံအရင်ကြားနေရတဲ့ သူမရဲ့အသစ်ဆက်ချွေးမလေးကြောင့် ပြုံးလိုက်ရင်း
"အဟွန်း ကိုကိုက မနက်စောစောကတည်းကထွက်သွားပါပြီတော်"
ခခ ဒေါ်မေမီစကားကြောင့် အားရော့သွားသလို ခြေလှမ်းတွေ အားရော့သွားပြီး
"ဟင် ဟုတ်လား....... အဲ့ကိုကိုကလည်းလေ... သူများတောင်မစောင့်ဘူး ဟွန့်"
ဒေါ်မေမီ သူမနားကို တစ်ကိုယ်လုံးပစ်ထိုင်ချလိုက်ပြီး သူမပေါင်ပေါ်ခေါက်းအုန်းလှဲချလိုက်တဲ့ခခကြောင့် သူမလက်တို့က အလိုလိုခခဆံပင်ထက်ရောက်သွားပြီး
"မီးလေးက စောစောမှ မထတာကိုကွဲ့ ကိုကိုကသွားတာပေါ့"
ဒေါ်မေမီအပြောကြောင့် မျက်လုံးမှိတ်ပြီး ဇိမ်ခံနေတဲ့ ခခတစ်ယောက် ချက်ခြင်းထထိုင်လိုက်ပြီး
"အာ... မီးက အရင်ကတည်းက ဒီလိုပဲအိပ်နေကြကို ကိုကိုကိုကမတရားတာ ဟင့် မီးကဒီနေ့ ကျောင်းလိုက်ခြင်လို့ပါဆို"
"ဟောတော် တက္ကသိုလ်မှမတက်ရသေးတာ ဘယ်လိုလိုက်မတုန်းကွဲ့"
"ခုမတက်ရသေးလည်း နောက်တက်ရမှာပဲဟာ မာမီပဲပြောပြီးတော့ ကိုကိုက စိတ်ချရတဲ့သူမဟုတ်ဘူးဆို အဲ့ဒါသွားစောင့်ကြည့်မို့ သူကြီးကအဲ့လိုလိုက်မှာကြိုသိလို့ တမင်မစောင့်တာဖြစ်မယ် ဟွန့်"
ဒေါ်မေမီ သူမဘေးမှာ ကလေးတစ်ယောက်လို အလိုမကျသွာ ပြောဆိုတဲ့ခခကြောင့် သူမပြုံးလိုက်ပြီး
"အဟွန်း... မာမီမီးလေးကတော့လေ.... ဒါနဲ့ ဟန်းနီးမွန်းဘယ်ထွက်မယ်စိတ်ကူးထားလည်း..."
"ဟင့်အင်း မစဉ်းစားရသေးဘူး ကိုကိုကဘယ်သွားခြင်တယ်တဲ့လည်းမာမီ"
ဒေါ်မေမီ အသက်ငယ်ပင်မယ့် သားအပေါ်သိတက်လွန်းတဲ့ခခကြောင့် အဓိပ္ပါယ်မျိုးစုံရတဲ့အပြုံးတို့အတူ
"သားကအဲ့လိုတွေမတွေးတက်ဘူး မီးလေးရဲ့ မီးလေးဘယ်သွားခြင်းလည်းသာစဉ်းစား"
"ဟွန့် ဟုတ်လား ကိုကိုကလည်း အသက်က အခုမှ ဘယ်လောက်မှမရှိသေးဘူး လူကြီးလို့နေနေပြီ တကယ်ပဲ"
"ဟဲတော်... ခရီးမထွက်တက်တာနဲ့ပဲ လူကြီးဖြစ်ရောလား.."
"ဖြစ်တယ်လေ မာမီရဲ့ ကိုကိုလိုခုရွယ်တွေဆို သူငယ်ချင်းတွေနဲ့သွားကောင်းတုန်းလေ မနိုင်လို့ထိန်းနေရတာလေမာမီရဲ့"
"အဲ့ဒါတော့ ဟုတ်တယ် မေမီရေ.. ကြာရင် ညည်းသား တောထွက်တော့မယ် တကယ်ပဲ မြေးကြီးထက်တောင်ဇီဇာကြောင်သေး ငယ်ငယ်ကတောင် အဲ့လောက်မဟုတ်ဘူး ဆရာဖြစ်သွားမှ ပုံစံတစ်မျိုးကို ပြောင်းသွားတာ"
ဧည့်ခန်းထဲဝင်လာတဲ့ မယ်မယ်ကြီးစကားကြောင့် ခခအလန့်တထိပ်ပုံလေးနဲ့
"ဟင် ကိုကိုကတောထွက်မယ်... အဲ့ဆို မီး မီးကိုထားခဲ့မှာပေါ့နော် ဟုတ်လား မယ်မယ်ကြီး"
မသိရင် တမင်ရွဲ့မေးနေသလိုထင်ရတဲ့ခခအမေးကြောင့် ခခအကြောင်းသိနေပြီဖြစ်တဲ့ ဒေါ်ခေမာကတော့
"အင်းပေါ့ မြေးမလေးရယ်... မြေး ရဟန်ဘောင်ဝင်သွားရင်တော့ မြေးမလေးကိုမပြောနဲ့ပိုင်ဆိုင်သမျှအကုန် စွန့်လွှတ်ခဲ့ရတာလေ အဲ့လိုသာဖြစ်လိုက်ကြည့် ဖွားကတော့ ကြည်ကြည်ဖြူဖြူကို ရဟန်းအမခံလိုက်ခြင်တယ် ဘာလို့ဆို တကယ်မွန်မြတ်တဲ့အလုပ်လေးမြေးရဲ့"
"ဟင်"
ဒေါ်ခေမာစကားအဆုံး ခခ ဟင်ဆိုသောအသံလေးနဲ့အတူ ချက်ခြင်းဆိုသလို မျက်နှာလေးနွမ်းသွားပြီး
"မီးအပေါ်တက်တော့မယ်နော်..."
"ဟင် မနက်စာမစားဘူးလားမီးလေး"
"ဟင့်အင်း မီးမစာသေးလို့"
ဒေါ်ခေမာအပါအဝင် ဒေါ်မေမီပါ မျက်နှာမကောင်းစွာနဲ့ထထွက်သွားတဲ့ခခကိုကြည့်ပြီး
"မေမီ မြေးမလေးဘာဖြစ်သွားတာလည်း.."
"မေမေပြောလိုက်လို့ထင်တယ် မီးလေးကအဲ့တိုင်းပါပဲ သိပ်ခံစားလွယ်တာ"
"အော်... ဒီကလေးနှယ်..."
>>>>>>>>>>>>>>
ခခအခန်းထဲရောက်တာနဲ့ ထိန်းထားရတဲ့ မျက်ရည်တို့ကို လွတ်လပ်ခွင့်ပေးလိုက်တော့သည်။
"ဟီး..... မရဘူး မီးကိုထားသွားလို့မရဘူး ကိုကိုလည်း အဲ့လိုမထွက်ရဘူး မရဘူးလို့....ဟီး...."
"ဒီးးးးးးး ဒီးးးးးးးး ဒီးးးးးးးး"
ခခ မျက်ရည်အရွှဲသားနဲ့ငိုနေတုန်း ကုတင်ဖုန်းတုန်ခါမှုကြောင့် သူမကြည့်လိုက်တယ်ဆို ချစ်လွန်းမဖုန်းဖို့ စောင့်ဆွဲယူလိုက်ကာ
"ဟင့် ပြော"
"ဟဲ့ ဘာသံကြီးလည်း နင့်အသံကြီးကလည်း.."
ခခ ငိုရင်းတန်းလန့်နဲ့မို့ ပြောမှာမပြောပဲအကြောရှည်နေတဲ့ ချစ်လွန်းကြောင့်
"ပြောဟာ! မပြောရင် ငါဖုန်းချလိုက်တော့မှာနော်ဟင့် လူကမကြည့်ရတဲ့အထဲ"
"ဟင် ဟဲ့ မိခ! နင်ငိုနေတာလား.. ဘာလည်း နင့်ကိုကိုဆိုတဲ့သူလုပ်တာလား နင့်ကိုဘယ်လိုလုပ်လိုက်လို့ ဒီလောက်ငိုသွားရတာလည်း ကျစ်နေအုန်း ငါနဲ့မူပိုလာ.."
"အာ... ဘာတွေပြောနေတာလည်း ကိုကိုကအဲ့လိုလုပ်စရာလားလို့ ခု ခုက အဲ့ထက်ဆိုးတယ်ဟဲ့... ဟီး...."
ချစ်လွန်း ရုပ်တရက်ထငိုချလိုက်တဲ့ ခခကြောင့် သူမလည်းစိုးရိမ်လွန်သွားကာ
"ဟဲ့ ဟဲ့ ဘာလို့အဲ့လောက်ငိုနေရတာလည်း ဘာဖြစ်လို့လည်း ငါ့ကိုပြော ငါစဉ်းစားပးမယ် ဘာလည်း ငယ်ချစ်တွေဘာတွေပေါ်လာလို့လား.."
"ဟင့်အင်း ချစ်လွန်း....."
"ဟေ"
"ကိုကို ကိုကိုကေလ..."
"အင်း..."
"ကိုကို ကိုကို ဟင့်"
"အာ ပြောဟ့ ဒီမှာသိခြင်နေပြီ"
"ဟို တောထွက်ပြီးငါ့ကိုထားသွားမှာတဲ့ ဟီး......"
"ဟမ် ဘာကြီး... တောထွက် တောထွက် ဟားးးးးဟားးးးဟားးး ခခရယ်... နင်ဆိုတာလည်းနော်... ဟားးးဟားးးဟားး"
ခခ သူမကိုဝမ်းနည်းမှုနဲ့နှစ်သိမ့်ပေးမယ်ထင်ထားပင်မယ့် တကယ့်လက်တွေ့မှာ ဟားတိုက်ရယ်နေတဲ့ချစ်လွန်းကြောင့် သူမစိတ်မကောင်းပိုဖြစ်သွားခြင်းနဲ့အတူ
"ဟင့် တော်ပြီဟာ ငါဖုန်းချလိုက်တော့မယ်"
ချစ်လွန်း တဖက်က ခခအသံတိုးလျှလျှကြောင့် သူမရယ်နေတာကို ချက်ခြင်းတည်လိုက်ပြီး
"အာ... နေ နေပါအုန်း... ငါကထင်မထားတဲ့စကားကြားလိုက်လို့ပါဟာ အဲ့အတွက်မပူနဲ့ငါ့မှာနည်းလမ်းရှိတယ် နင့်ကိုကိုလုံးဝနင့်ကိုထားမသွားစေရဘူး"
ခခဖုန်းချဖို့အလုပ် ချစ်လွန်းရဲ့ စကားကြောင့် သူမျက်လုံးလေးလဲ့ကနဲဖြစ်သွားကာ
"ဟင် တ တကယ်လား ချစ်လွန်း.."
"အဟွန်း... ငါ့ကိုယုံလိုက်စမ်းပါဟာ.."
"............."
".............."
"................"
"ဟမ်! နင့်ဟာကြီးကလည်း ကောင်းပါ့မလားဟ့ ရှက်စရာကြီး"
"ကျစ် ခခ နင်ငါ့ကိုမယုံဘူးလား.."
"ဟမ် ယုံ ယုံပါတယ် ဒါမယ့်လေ နင်ပြောတာကြီးက"
"လုပ်မှာလား မလုပ်ဘူးလား"
"ဟင် လုပ် လုပ်မယ်"
"အဟွန်း... ဒါဆို ဒီညစလိုက်တော့"
"ဟင် အင်း အင်း"
ခခတစ်ယောက် ချစ်လွန်းကိုချပြီးတာနဲ့ အေးခဲနေတဲ့လက်ချောင်းလေးတွေကို ပြန်စုပ်ကိုင်ထားမိနေသည်။ တကယ်ကြီး သူမအဲ့လိုလုပ်ရမှာလား....
◾◾◾◾◾◾◾◾◾◾◾◾◾◾◾
ကဲ ဘာဖြစ်မလည်းနော်😁 စာရေးသူတော့ မနက်ဖြန်မြန်မြန်ရောက်ခြင်နေပြီ😁
သည်းခံဖတ်ပေးကြတဲ့ စာဖတ်သူတစ်ဦးခြင်းစီကိုကျေးဇူးအထူးပါနော်🙏
စာဖတ်သူများကို အစဉ်လေးစားလျှက်
#မြူခိုးဝေဝေ