book

Index 29

အပိုင်း (၂၉)

ကိုကို့မို့ ချစ်တာလို့ ☹



ညို့မှိုင်းသော သက်ရင့်ပင်ကြီးတွေပေါက်ရောက်နေတဲ့ တောအုပ်ကြီးရဲ့ ဘယ်နေရာလို့မှန်းစလို့မရတဲ့ မျိုးနွယ်စုလေးရဲ့တည်နေရာတစ်ခု။

သစ်ပင်ကြီးတွေရဲ့အလယ်မှာတည်ရှိနေတဲ့ မြေကွပ်လပ်ပြင်ကြီးထဲ သေချာစွာ စောက်လုပ်ထားတဲ့ ခပ်သေးသေးတဲအိမ်လေးတွေကြား ခါးထက်လိပ်ထားသယောင်ရှိနေတဲ့ထမိန်တိုနဲ့ ဖျင်အင်္ကျီလက်ရှည်ကြီးတွေနဲ့ အမျိုးသမီးတွေ သွားလာနေတာက အမြင်တော့ဆန်းစရာ.....

ထိုတဲအိမ်တွေထဲက ခက်သေးသေးတဲအိမ်လေးတစ်ခုတွင်တော့.....


"ဟို သူသတိရလာမှာပါနော်...."


"ရမှာဟေ့! ခဏစောင့်! အားနည်းနေတယ်!"


"ဟုတ်ကဲ့"


"ခခရယ် သတိရလာပါတော့...."


ခခ နားထဲမှာ ကြားနေရတဲ့အသံတွေက အိမ်မက်လိုလို အဝေးကလိုလို နီးသွားလိုက် ဝေးသွားလိုက်နဲ့ နောက် သူမတစ်ကိုယ်လုံးလည်း နေရာလပ်မရှိအောင်နာကျင်နေတာ ထုံနေသလိုလိုကြီး ဟုတ်တယ် အနံ့ စိမ်းရွှေရွှေအနံ့ကြီး... ခခ နှာခေါင်းထဲ ထိုးဝင်လာတဲ့အနံ့ကြီးကြောင့် ရင်ဘက်ထဲ ပျို့တက်လာခြင်းနဲ့အတူ...


"ဝေါ့ ဝေါ့ အဟွတ်! အဟွတ်!"


"ဟယ်...! ဖြေးဖြေး ဖြေးဖြေးခခ"


ခခ အန်ထုပ်ပြီးတယ်ဆို ပါးစပ်ထဲ ခါးသက်သက်အရသာကြီးကဆွဲထင်နေတာမို့


"ရေ.... ရေပေးပါ....."


ချစ်လွန်း သူမကိုယ်မှာလည်း ဒဏ်ရာတွေရှိပင်မယ့် ရေယူပေးတာလောက်တော့ရသေးတာမို့


"အင့် အင့် ဖြေးဖြေးသောက်လိုက်ခခ"


ခ ပါးစပ်ထဲဝင်လာတဲ့ရေအချို့က ခက်အေးအေးချိုချိုလေးမို့ သူမအငမ်းမရသောက်လိုက်မိသည်။ ထို့နောက် သူမအသိစိတ်ဝင်လာတာနဲ့ အဖြစ်အပျက်တွေက ဆက်တိုက်ဆိုသလို ခေါင်းထဲဝင်လာမိသည်။ အော်သံကြီးတစ်ခု ဟုတ်တယ် အော်သံကြီးတစ်ခုနဲ့အတူ အဝေးရောက်အောင် ရိုက်ထုပ်ခံလိုက်ရတဲ့ သူမခန္ဓာကိုယ်.... ဟင်!


ခခ သတိရသွားသလို မျက်လုံးအပြူးသားနဲ့ သူမရှေ့ကလူ မည်သူမည်ဝါကိုတွေးမနေတော့ပဲ


"ကိုကို! ကိုကို!ရောဟင် ကိုကိုရော...... ကိုကို ဟုတ်တယ် ကိုကိုကျန်သေးတယ် ကိုကိုရော... ကိုကိုရောလို့"


ခခ သစ်ရွက်တွေလိုလိုကာထားတဲ့ ခက်သေးသေးအခန်းထဲကရှိသမျှတွေမျက်နှာလိုက်ကြည့်ပြီး အရူးတစ်ယောက်လိုမေးနေမိသည်။


မူပို ခခကိုကြည့်ပြီးစိတ်မကောင်းလွန်းလို့ ချစ်လွန်းလက်လေးကို တင်းနေအောင်စုပ်ပြီး ခေါင်းလေးငုံ့ချကာ ကြိပ်ငိုနေမိသည်။ 


ချစ်လွန်း မဖြေမခြင်း လူစိလိုက်ကြည့်ကာ မျက်ရည်အသွယ်သွယ်နဲ့ လိုက်မေးနေတဲ့ သူမသူငယ်ချင်းဖြစ်သူကြောင့် သူမကိုယ်တိုင် ဆရာဘယ်မှာဆိုတာမသိပင်မယ့်...


"ခခ ခခ စိတ်အေးအေးထား ငါတို့ပြီးရင် ဆရာ့ကိုသွားရှာကြမယ် အခုလောလောဆယ် နင်စိတ်ကိုနင်ထိန်းစမ်းခခ!"


ခခ သူမပုခုံးနှစ်ဖက်ကို သတိပေးသလိုစုပ်ကိုင်ပြီး အသံကျယ်ကျယ်နဲ့ပြောလိုက်တဲ့ချစ်လွန်းအသံကြားမှ ခက်ငိုင်ငိုင်ဖြစ်သွားခြင်းနဲ့အတူ ဆက်ခနဲ ချစ်လွန်းလက်ကို မျက်ရည်စတွေနဲ့စုပ်ကိုင်ပြီး


"မ မရှိတော့တာလား..... ကိုကို ကိုကိုလူ့လောကမှာမရှိတော့လား.... ဟင် ဟုတ်တယ်မှတ်လား... ငါ့ ငါ့ကိုညာနေကြတာ မဟုတ်လား.... ဟီးးးးးးးးးး"


ထိုချိန် တဲထဲဝင်လာတဲ့ မဟော်......


"မဟုတ်ဘူးခခ တနေရာရာမှာ ကိုရေပြင်အသက်ရှိနေမှာပါ သူလည်းငါတို့လို တစ်နေရာရာမှာအသက်ရှင်လျှပ်ရှိနေမှာပါ ခုလောလောဆယ် မင်းကိုမင်းကျန်းမာအောင် အရင်လုပ်ခခ မင်းသတိမေ့နေတာ ဒီနေ့နဲ့ဆို နှစ်ရက်ရှိနေပြီ မင်းကိုမင်းအညှင်းဆဲနဲ့ခခ"


မဟော် သူသေချာရှင်းပြနေပင်မယ့် သူ့ကိုနာကြီးရိပ်တွေနဲ့ ကြည့်နေတဲ့ မျက်လုံးတောက်တောက်လေးကြောင့်


"ခခ...."


"ထက်မပြောနဲ့! ရှင့်အသံမကြားခြင်ဘူး! ရှင်အခုမှ ဖြေဆေးတွေလာမပေးနေပါနဲ့ ခုလိုတွေဖြစ်တာရှင့်ကြောင့်! ရှင် ရှင်သာ ကိုကို့ကိုချန်မထားခဲ့ရင်....... ဟီးးးးးးးးးးးးး"


ခခစကားအဆုံး မဟော် ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားကာ ရှေ့ဆက်တိုးရနိုးနိုး နောက်ဆုပ်ရနိုးနိုးခြေထောက်တွေနဲ့အတူ


"မ မဟုတ်ဘူးခခ အဲ့တုန်းက ကိုရေပြင်ကိုယ်တိုင်သွားခိုင်းခဲ့တာ..... အဲ့လိုမှ မဟုတ်ရင် ကိုယ်တို့တွက်......"


"ခုရောလွတ်မြောက်ခဲ့လို့လား......!! ရှင်သာကိုကို့ကိုအရခေါ်ခဲ့ရင် ဟင့် အနည်းဆုံး... အနည်းဆုံးတော့ ခုချိန်ကိုကို ခခတို့နဲ့အတူရှိနေနိုင်တယ်.... ဟင့် ခုတော့......"


မဟော် သူဘယ်လိုရှင်းပြ ရှင်းပြ ခခ လက်ခံမှာမဟုတ်ဘူးဆိုတာ သိလိုက်ပြီမို့ သူစိတ်မကောင်းစွာနဲ့ပဲ


"ကိုယ်ဘယ်လိုရှင်ပြရှင်ပြ မင်းလက်မခံမှာသိတယ်ခခ ဒါမယ့် ခုလိုမျိုးကိုယ်တို့ရှိနေနိုင်တာကို ကိုယ်ရေပြင်ကျေနပ်မှာပါ"


"သွားးး! ရှင်ထွက်သွားးးး! ရှင့်မျက်နှာမမြင်ခြင်ဘူး!.. သွားးး!"


"ဟယ်! ခခ! မထနဲ့!... အရမ်းကြီးမလှုပ်ရှားနဲ့ ဗိုက်ထဲက ကလေးတစ်ခုခုဖြစ်သွားမယ် နင့်စိတ်ကိုရှော့ မထနဲ့...."


ခခ မဟော်ကို အတင်းထုရိုက်မို့ကြုံးအထ အတင်းဆွဲလွဲကာ ပြောလိုက်တဲ့မူပိုစကားကြောင့် သူမလှုပ်ရှားမှုတွေရပ်တန့်သွားခြင်းနဲ့အတူ


"ကလေး......"


"ဟုတ်တယ် ကလေး... နင့်ဗိုက်ထဲမှာ ကလေးလေးရှိနေပြီတဲ့ ငါတို့တောင်အံသြနေတာ ဒီလောက် အခက်အခဲတွေနဲ့ကြားမှာ ကလေးလေးအသက်ရှင်နေသေးတယ်ဆိုတာ ငါယုံတောင်မယုံနိုင်ဘူးသိလား..."


ခခ ရုပ်တရပ် သူမဗိုက်လေးကို လက်သေးသွယ်သွယ်လေးတွေနဲ့ ဆန်းလိုက်တယ်ဆို ရုပ်တရက် သိမ့်ခနဲခံစားလိုက်ရတဲ့ ခံစားချက်က ဘာနဲ့မှဖော်ပြလို့မရခဲ့၊ သူမမှာ ကလေးလေးရှိနေပြီတဲ့.... သူမပျော်သွားတာလား...ကြောက်နေမိတာလား... နောက် သူမခေါင်းထဲ ပြန်ရောက်လာတာက...


"ကိုကို.... ကိုကို့ကိုရှာပေးကြပါ... ဟင့် အဟင့် ကိုကို့ကိုတွေ့ခြင်တယ် ကိုကို့ကိုရှာပေးကြပါ... ဟီးးးးးးးးးးး"


ချစ်လွန်းလည်း သူမရှေ့က ဝမ်းနည်းပတ်လက်ငိုကြွေနေတဲ့ ခခကိုကြည့်ပြီး သူမတို့လည်း မျက်ရည်ကျနေမိသည်။


ချစ်လွန်း ခခကို အနွေးထွေးဆုံး ပွေးဖက်လိုက်ကာ


"စိတ်လျော့ထားခခ ဆရာ့ကိုသူတို့လိုက်ရှာပေးနေကြပါတယ် နင့်ဆီကို ဆရာရောက်လာမှာပါဟာ... အရမ်းမငိုနဲ့ နင့်ကလေးလေးကို နင်ဂရုစိုက်မှပေါ့"


ခခ ချစ်လွန်းအပြောကြောင့် ချစ်လွန်းကို ကျစ်နေအောင်ဖက်ထားရင်း...


"တကယ်လို့ ကိုကိုပြန်မရောက်လာနိုင်ဘူးဆိုရင်ရော.........."


>>>>>>>>>>>>>>>>


"အာ့! ကျစ်! ဟင်း........"


ရေပြင် သတိရလာတယ်ဆို ခေါင်းထဲမှာ ဟာလာဟင်းလင်းကြီးပမာခံစားနေရပြီး မှုတ်ထုပ်လိုက်တဲ့ လေမှန်သမျှကလည်း နှာခေါင်းထဲ ပါးစပ်ထဲမှာ အပူလုံးကြီးပမာ...... မျက်နှာထက် ရေစပ်တွေလိုလို အေးစပ်စပ်အရာတွေကျနေတာသိနေတာမို့ ခဲဆွဲထားသလို လေးလံနေတဲ့ မျက်ဝန်းတို့ကို စိတ်လိုကျအတိုင်း ဆက်ခနဲဖွင့်လိုက်ပင်မယ့်


"အ့ ကျစ်"


စူခနဲအလင်းအရောင်က တစ်ခုခုနဲ့ထိုးလိုက်သလိုနာကျင်လောက်အောင်ထိဆူးရှနေခဲ့သည်။ အေးခနဲဝင်လာတဲ့ လေအေးအေးတွေကြောင့် ပူလောင်နေတဲ့ မျက်သားတို့နဲ့တွေ့ချိန် ကြိမ်းစက်နေသော မျက်ရည်ပူတို့နဲ့အတူ....


"တောက် ကျစ်"


ခက်ဖျော့ဖျော့တောက်ခေါက်သံတို့ကြား ရေပြင် ကိုယ့်ကိုကိုယ်အားမရဖြစ်နေမိသည်။ နောက်ဆုံး အားကုန်ကြုံးထလိုက်တယ်ဆို


"ဘုန်း! အားးး..."


အော်သံခက်ကြိပ်ကြိပ်နဲ့အတူ ပြန်မမက်နိုင်ခင်မှာပဲ မြေထပ်ပြန်လဲကျသွားတဲ့ရေပြင်။ အင်္ကျီတွေပါ ရစရာမရှိအောင်စုပ်ပျက်နေတဲ့ရေပြင် ခြေထောက်မှာလည်း ထုပ်ခြင်းပေါက်နေတဲ့ တုပ်ကြီး.....


"အှနျးးးးး အား... ဟားးးး ဟူးးးးးး"


ရေပြင် အသည်းခိုက်အောင်နာကျင်နေတဲ့ ခြေထောက်ကို တုန်ရိနေတဲ့လက်နဲ့လှမ်းထိန်းရင်း ခက်မက်မက်ထိုင်နိုင်ဖို့ ကြိုးစားနေမိသည်။ ထိုင်လို့ရတယ်ဆို ပတ်ဝန်းကျင်အခြေအနေကိုတစ်ချက်ပတ်ကြည့်ကာ 'ငါဘယ်ရောက်နေတာလည်း....' ရေပြင် စိတ်ထဲမှ တီးတိုးရေရွတ်ရင်း စုပ်ပျက်နေတဲ့ သူ့အဝတ်အစားတွေကိုအကြည့်အရောက် 'ငါကဘယ်သူလည်း.....' ထို့နောက် ထိုးကိုက်တက်လာတဲ့ ခေါင်းက သံဖျက်လွှနဲ့ဖျက်နေသလို နာကျင်လှသည်။ အတော်ကြာအောင် တင်းခံပြီးနောက် သူပတ်ကျင်တစ်ခုလုံးချာချာလည်ကာ....


"ဘုန်း!"


"ဟေ့! ဘယ်သူလည်းဟေ့!"


>>>>>>>>>>>>>>>>>>


"ဒါဆို သူတို့က ခခတို့ကို ကယ်ခဲ့တာပေါ့နော်.."


"ဟုတ်တယ်ခခ ငါတို့သတိရလာတော့ ရေတံခွန်ဘေးတစ်ခုမှာ မူပိုကိုလည်းအတော်ရှာလိုက်ရတယ် ကံကောင်းတာက တို့လေးယောက်လုံးတစ်စုတစ်စည်းတည်းပြန်တွေ့တာပဲ ဒါမယ့် မင်းကဒဏ်ရာအတော်များတော့ အနာရှိန်တွေနဲ့ တော်တော်သတိမလည်လာဘူး ငါတို့ကိုယ်တိုင်လည်း ဒဏ်ရာတွေနဲ့ပင်မယ့် တောထဲကထွက်လို့ရအောင်ကြိုးစားရင် ဒီက ဦးငထီးတို့မျိုးနွယ်နဲ့တွေ့တာပဲ..."


ခခ မဟော်ရဲ့ရှည်လျှားတဲ့ရှင်းပြချင်အပြီး 


"စောစောက ပြောခဲ့တာတွေအတွက် ခခ တောင်းပန်ပါတယ် အကိုမဟော် ခခ ဟင့် ခခကိုကို့ကိုအရမ်းစိတ်ပူသွားလို့ပါ"


"အဟွန်း... ရပါတယ် ကိုယ်နားလည်ပါတယ် မင်းကိုတောင် ကိုယ်တို့ကပြန်ကျေးဇူးတင်ရမှာ"


"ဟင်! ဘာလို့လည်း အကိုမဟော်ရဲ့"


ခခ အံ့သြနေပုံကို ချစ်လွန်းတို့ရယ်လိုက်ပြီး


"ဟုတ်တယ် အဲ့လူတွေက ငါတို့ကိုစစတွေ့ခြင်း သက်ပြစ်ကျမို့လုပ်သေးတယ် သူတို့တွက် လူစိမ်းတွေက နိမိတ်မကောင်းစေဘူးတဲ့"


"ဟယ် တကယ်...."


"ဟုတ်ပါတယ်ဆို ငါတို့ဖြင့် လန့်သွားတာပဲ အကူညီရမလားဆိုပြီး လှမ်းခေါ်ပြီးမှ ကိုယ့်ကိုသက်ဖို့ခေါ်သွားမယ်ဆိုတော့ ထွက်ပြေးရမလိုကိုဖြစ်ခဲ့တာ မူပိုဆို ငိုတာ အသေပဲ"


"ဟယ် ဟုတ်လား... "


"အွန်း... နောက်ကျ ဒီရောက်​တော့ သူတို့မျိုးနွယ်ရဲ့အကြီးအကဲထင်တယ် အဖွားကြီးဟာ ကြောက်စရာကြီး နင်တွေ့ရင် လန့်တောင်သေမယ်"


"ဟယ် နင်ကလည်း....."


မူပို သူမတို့ တငိုငိုတရယ်ရယ်ဖြသ်နေတဲ့ သူမတို့သူငယ်ချင်းကို အာရုံပြောင်းရကျိုးတကယ်နက်နေပြီဖြစ်သည်။ ချစ်လွန်းရဲ့အပြောတွေအောက်မှာ စိတ်ဝင်တစား လိုက်ပြောနေပုံအရ သူခဏတော့ ဆရာ့ကိုမေ့ထားနိုင်လောက်မှာပါ။ တစ်ခဏလောက်ဆိုလည်း အမြဲငိုနေတာထက်ဆိုင်ကောင်းပါတယ်လေ...


"အတည်ဟဲ့ ကြောက်စရာကြီး... အဲ့မိန်းမကြီးက အကိုမဟော်ထမ်းလာတဲ့နင့်ကိုလည်းတွေ့ရော ဘာဖြစ်လာတာလည်းတဲ့ အကိုမဟော်ကလည်း

 ကိုယ့်ကိုသက်မဲ့လူဆိုတော့ ကောင်းကောင်းဖြေမနေတော့ဘူးပေါ့ဟာ သတိမေ့နေတာ မတွေ့ဘူးလာဆိုပြီး အသံကျယ်ကျယ်နဲ့လည်းပြောလိုက်ရော... ဖောင်ခနဲဆိုဟာ အကိုမဟော်မျက်နှာကြီး လည်ထွက်သွားတာ"


"ဟယ်.. အဲ့မိန်းမကြီး ချလိုက်တာလား..."


"အေး အသက်သာကြီးတာနော် တကယ်လက်စပြင်းတယ် အဲ့ဒါနဲ့ငါတို့လည်း လန့်ကုန်တာပေါ့ဟာ"


"နောက်ကျ အဲ့မိန်းမကြီးက နင်ကျောကိုလာသက်တာ ခေါင်းတညိမ့်ညိမ့်နဲ့ ပြီးလည်းပြီးရော သူတို့ကိုမသက်နဲ့ ကံကောင်းခြင်းနိမိတ်နဲ့လူတစ်ယောက်ပါတယ်တဲ့ ပြီးလည်းပြီးရော အကိုမဟော်ကို သေချာကြည့်ပြီး ဒီမိန်းကလေးကိုသေချာဂရုစိုက်တဲ့ ကံကောင်းတဲ့လူသားတစ်ယောက်ကို လွယ်ထားရတယ်တဲ့"


"ဟယ်....! အဲ့လိုကြီးလား..."


"အေး ငါတို့ဆို ကြက်သီးတွေထလိုက်တာ မပြောပါနဲ့ဟာ..."


"အေးနော်... ငါဆိုလည်းကြောက်မှာ.."


"အေးဆို..."


"ဟို ဒါဆို အဲ့မိန်းမကြီးက အကြာအမြင်ရနေတာထင်တယ် ဟို ကိုကို ကိုကို့အကြောင်းသွားမေးရအောင်လေ နော် နော် လုပ်ပါဟာ... နော် ဟင့် ငါ ကိုကို့ကို အရမ်းစိတ်ပူနေလို့ပါဟာ... နော် ဟင့်"


ချစ်လွန်းတို့ စကားဘယ်လောက်လှည့်လှည့် နောက်ဆုံးဒီဘူတာပဲဆိုက်တာမို့ သူမတို့လည်းသက်ပျင်းချနေမိသည်။ အမှန်ဆို သူမတို့လည်း ဆရာ့တွက်စိတ်မကောင်းပါ တရာ့အကြောင်းမေးခြင်မိတယ် ဒါမယ့် အားလုံးတွက် ဝမ်းသာစရာသတင်းမဟုတ်ခဲ့ရင်....


"ငါ ငါတို့လည်း မေးပေးခြင်ပါတယ်ဟာ.. ဟို ဒါမယ်....."


"ဟေးးးး! လူစိမ်းတွေ.... ဒါနင်တို့အဖော်လား! လာကြည့်စမ်း!"


"ဟင်!"


တဲရှေ့က ခက်သြသြစကားကြောင့် သူမတို့ခေါင်းတွေချက်ခြင်းထောင်က အရင်ကြုံးထလိုက်သူက ခခပင်မယ့် တကယ်တန်းရှေ့ရောက်သွားသူက မဟော်ပင်။


မူပိုတို့ မထနိုင်ပင်မယ့် မျှော်လင့်ချက်တွေနဲ့ တွေ့ခြင်နေတဲ့ခခကိုခက်ဖြေးဖြေးတွဲရင်း... တဲရှေ့ရောက်တယ်ဆို.....


"ကိုကို!" "ဟင်!" "ဟယ်!"


>>>>>>>>>>>>>>


ခခ ကွပ်ပျစ်ထက်မှာ တစ်ကိုယ်လုံး ဆေးအလူးလူးနဲ့ကိုကို့ကိုကြည့်ပြီး အနားကမခွာနိုင်တရှုံ့ရှုံ့ငိုနေမိသည်။ ဒီနေ့နဲ့ဆို သတိလာမယ်ပြောပြီး ကိုကိုသတိမရသေးတာ ၃ရက်ကျော်လာပြီဖြစ်သည်။ တောကြီးမျက်မဲထဲမှာ ခေတ်မှီဆေးရယ်လို့လည်းမရှိတာမို့ ဘာရည်တွေမှန်းမသိတဲ့ ခက်စိမ်းစိမ်းအရည်တွေကိုသာ ကိုကို့ကိုဖိတိုက်နေကြသည်။ အစက သူမကိုမိန်းကလေးမို့ မဝင်ရဘူးပြောပင်မယ့် ကိုကိုနဲ့သူမပတ့သက်မှုကိုပြောပြီးနောက် သူမကိုဝင်ခွင့်ပြုခဲ့သည်။ ကိုကိုရယ် သတိရလာပါတော့.......


"ဟေးးးး! ငါဆေးတိုက်မို့!"


"ရှင် ဟုတ် ဟုတ်ကဲ့တိုက်ပါ"


ခခ သူမက ကိုကို့မိန်းမမှန်းသိကတည်းက ကိုကိုနဲ့ပတ်သက်ရင် တစ်ခုခုဆို သူမကိုခွင့်တောင်းတက်ကြသည်။ ဒါကလည်း သူတို့ဓလေ့ထင်တယ်....


"အဟွတ်! အဟွတ်! အဟွတ်!"


"ဟင်!"


ခခ ဆေးတွေပါးစပ်ထဲလောင်းထည့်လိုက်တယ်ဆို ထသည်းတဲ့ကိုကိုကြောင့် သူမအပြေးအလွှားသွားလိုက်တယ်ဆို ထိုဦးလေးကြီးက လက်ကာပြပြီး


"သတိရလာပြီ ငါအကြီးအကဲကိုသွားခေါ်လိုက်အုန်းမယ်..."


"ရှင်!"


ထိုလူကြီးစကားကို ခခသေသေချာချာကြားပါတယ် ဒါမယ့် နားကြားမှားနေသလားလို့ထက်မေးရင်း ခုထိမျက်လုံးမဖွင့်သေးပဲ မဲ့ရှုံ့နေတဲ့ကိုကို့အနားခက်ဖြည်းဖြည်းရောက်လာမိသည်။


"ကိုကို.... ကိုကို..... ဟင့် ကိုကိုသတိရလာပြီလားဟင် ဟင့်"


ရေပြင် နားထဲက ရင်းနှီးသလိုလိုရှိတဲ့အသံလေးကြောင့် သူမျက်လုံးတို့ကိုခက်ခက်ခဲခဲဖွင့်လိုက်တယ်ဆို ခက်ဝါးဝါးအရိပ်လေး.... ပုံစံအရ မိန်းကလေးဆိုတာသေချာနေသည်။

တဖြေးဖြေးကြည်လင်လာခြင်းနဲ့အတူ ရုပ်လုံးပေါ်လာတဲ့ အရိပ်လေး... 

အဆင်းထမိန်ပုံဆံ ခက်နွမ်းနွမ်းကိ ခါးထက် လိပ်ဝတ်ထားပြီး ရင်ပုံးလက်ရှည်အရ တိုင်ရင်းသားများလား...


"မင်းဘယ်သူလည်း...."


◾◾◾◾◾◾◾◾◾◾◾◾◾◾◾


စာဖတ်သူအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နဲ့ပြည့်စုံပြီး တစ်ခဏတာမျှ စိတ်အမောတွေ ပြေနိုင်ကြပါစေရှင်🙏


စာဖတ်သူများကို အစဥ်လေးစားလျှက် 

#မြူခိုးဝေဝေ


rate now: