book

Index 28

အပိုင်း (၂၈)

ကိုကို့မို့ ချစ်တာလို့ ☹


ရေပြင် ကားထဲမှာ ဂီတာတီးသူကတီး ကသူက က စုငွေချသူကချနဲ့မို့ သူ့အတွက်တော့ တကယ်စိတ်ရှုပ်စရာပါ။ ခရီးဝေးသွားနေတာ နားနားနေနေအိပ်ကြပါလား... ဂီတာတဒေါင်ဒေါင်နဲ့ ဒါတောင် သူ့ကို ဂီတာတီးဖို့ခေါ်ခြင်ကြသေးသည်။ သူ ခက်တည်တည်နေနေလို့ တပြင့်ဆိုမလွယ်။ ဒါတောင် ဘေးနားက အလိုက်ကန်းဆိုးမသိတဲ့ကောင်မလေးက သူများတွေပျော်နေတာ သူက ခက်တည်တည်နေလို့တဲ့လေ အပြစ်ကတင်ခြင်သေး...။ ခုလည်း တစ်ကားလုံးရဲ့ ပေါ်ပြူလာအဖြစ်ဆုံး မဟော်က ဂီတာတီးသီချင်းဆိုပြနေတာမို့ အားလုံးအပါအဝင် သူ့ကိုရှိတယ်တောင်မထင်တော့တဲ့ ခခကပါ ရှိသမျှသွား အကုန်ဖြဲပြီး လက်ခုပ်တွေတီးကာ အားပေးနေလေရဲ့။ သူ သူမလေးကို ခက်ဆွေဆွေကြည့်လိုက်ပြီး မျက်လုံးမှိတ် လက်ပိုက်ပြီးသာနေလိုက်သည်။ တစ်ကားလုံးနဲ့မသက်ဆိုင်သူက ရေပြင်တစ်ယောက်တည်းသာ.......


"ဟေးးးးးးးးးးးးးးး! မိုက်တယ်ကွ..!... ဖြောင်း! ဖြောင်း! ဖြောင်း!"


"ကဲကဲ ကားလည်း စက်ခဏနားမယ် အရမ်းပူနေလို့ ကိုယ့်လူတို့လည်း ပေါက်တော့သွားကြမယ်ဟေ့!"


ကားထဲမှာ ပါးစပ်ရဲလက်ရဲ အားလုံးနဲ့အပေါင်းသင်းဆန့်တဲ့ ဆရာစည်သူက အစပြုလိုက်တယ်ဆို အားလုံး ကားအောက်ဆင်းဖို့ပြင်နေကြတော့သည်။ 


ခခ သူများတွေ အောက်ဆင်နေကြပြီမို့ ဘေးနားကလူကြီးကြည့်တော့လည်း အိပ်ပျော်နေတာ ကွေးလို့


"ကိုကို ကိုကို့!"


ရေပြင် ခခအသံကြားမှ သူမှေးခနဲအိပ်ပျော်သွားမှန်းသိလိုက်ရသည်။ ဘေးနားဝေ့ကြည့်တော့ ၃ ၄ယောက်သာတွေ့တော့တာကြောင့် 


"အပေါ့သွားခြင်လို့လား..."


"မသွားတော့ မသွားခြင်ဘူး ဒါမယ့် နောက်သွားခြင်မှာဆိုးလို့"


"အွန်း ထထ ကိုယ်လိုက်ပို့မယ်"


"ဟို ရတယ် ခခကိုချစ်လွန်းတို့အောက်မှာစောင့်နေတယ် ကိုကို့ကိုနိုးဖို့ခခနေခဲ့တာ"


ရေပြင် ပါးလေးတွေနီပြီးရှက်နေတဲ့ သူမလေးကြောင့် သူသက်ပြင်းချလိုက်ရင်း


"ရှက်မနေနဲ့ ကြီးတော်... ဒီချိန်ရှက်ရမယ့်ချိန်မဟုတ်ဘူး.. လာ မင်းတို့မိန်းကလေးတွေကြီးပဲ ဘယ်လိုဖြစ်မှာလည်း...."


"ဟွန့် မလိုက်ပါနဲ့ဆို ကိုကိုကလည်း.. ကိုကိုလည်းသွားခြင်သက်သက်သွားလေ"


"ကျစ် အပိုတွေလုပ်မနေနဲ့ မင်းတို့နားထိလိုက်ရအောင်လည်း သူများပြောခံမယ့်ကောင်မဟုတ်ဘူး ခက်ဝေးဝေးကနေမှာ ဒီနယ်မြေတွေ မင်းတို့ကျွမ်းတာမဟုတ်ဘူး ထ မြန်မြန် တော်ကြာ ကားထွက်တော့မယ်"


"ဟွန့်"


ခခ စောင့်စောင့်အောင့်လေးနဲ့ ရှေ့ကထွက်သွားရင်း တိုးတီးစွာရေတွက်နေသည်က


"သူကြီးမပါလာရင် ကောင်းမယ် ဟွန့်"


"ကျစ် မင်းဒီနေ့ရောက်အုန်းမှာလားခခ"


"သွားမှာပါ မြန်မြန် ဟွန့်"


ရေပြင် ကားအောက်ရောက်တယ်ဆို သူ့ကိုတောင်လှည့်ကြည့်ဖော်မရပဲ ချစ်လွန်းနဲ့မူပိုကို ဘာတွေ တွတ်ထိုးနေသည်မသိ ဟိုကောင်မလေးနှစ်ယောက်ကလည်း သူ့ကိုတအံတသြပြန်ကြည့်နေကြသေးသည်။ 'ကျစ် မင်းနဲ့တော့ခက်တယ်ခခ'


"ဟေးးး!းး ရေပြင်! ဒါဘယ်လည်း ခဏစောင့်ပါအုန်းကွ ငါလည်းလိုက်မယ်"


ရေပြင် သူမလေးတို့နောက်လိုက်မို့ရှိသေး နောက်က စည်သူ့အသံကြောင့် သူအကြံအိုက်သွားမိသည်။


"ကျစ် ငါမသွားပါဘူး မင်းသွားခြင်သွားလေ ဟိုဘက်ကိုသွားလိုက်"


"ဟမ်! မင်းခုသွားမို့မဟုတ်ဘူးလား..."


"ဟုတ်တယ် အဲ့ဒါ ခခတို့အဖွဲဆီ..."


"အာ... မင်းကွာ... မဟုတ်တာတွေ... သူတို့ပါသာ လွတ်လွတ်လပ်လပ်....."


ရေပြင် သူ့စကားဆုံးအောင် နားမထောင်ပဲ ပြောခြင်တာ ထပြောနေတဲ့ စည်သူကြောင့် စုပ်သက်လိုက်ရင်း


"တော်! ကျစ် ဘာတွေပြောနေတာလည်း ငါလှမ်းအော်လို့ ကြားရလောက်တဲ့နေရာကပဲစောင့်ပေးမှာ ကလေးတွေကြီးပဲ သူတို့က နယ်မြေအကြောင်းဘာမှသိတာမဟုတ်ဘူး"


စည်သူ ရေပြင်ပြောမှ သဘောပေါက်သွားကာ


"အဟား...!.. တကယ်ကွာ...... မင်းကိုကြည့်ပြီး ငါတောင်မိန်းမယူခြင်သွားပြီ သွားပြီဟျောင် ငါတော့ မထိန်းနိုင်တော့လို့!"


ရေပြင် စည်သူထွက်သွားပြီး ခဏကြာတော့ သူမလေးတို့ အုပ်စုပြန်ထွက်လာတာတွေ့တော့မှ သူကားဘက်ပြန်လှည့်လာလိုက်တော့သည်။


"ခခ နင့်ကိုကိုက နင့်ကို တော်တော်ဂရုစိုက်သားနော်"


ချစ်လွန်းအပြောကို ခခနှာခေါင်းလေးရှုံ့ပြီး


"ဟွန့် အပိုတွေ ကိုကိုလားဂရုစိုက်မှာ"


"ဟဲ့ ဂရုစိုက်လို့ ခုလို သူများတွေအမြင်ကပ်မယ့်အလုပ်ကို လုပ်နေတာပေါ့ဟဲ့ ဘယ်သူက လိုက်စောင့်ပေးမှာလည်းပြော"


"မသိဘူး ငါကတော့ ကိုကိုအဲ့လိုတွေ လုပ်တာစိတ်ရှုပ်သလိုကြီးခံစားရတယ်"


"ခခ နင်ကတော့လေ နင့်ကိုကို ကို နင့်လောက်ချစ်တာလည်း နင်ပဲ သိလား... ဒါမယ့် ဆရာချစ်တာကိုတော့ မှီမှာမဟုတ်ဘူး.."


"ဘာ! ငါက ကိုကိုထပ် ပိုတယ်ဟဲ့"


"ငါကတော့ ဆရာကပိုတယ်ထင်တာပဲ"


"မူပို! နင်နော်..."


"ဟေး! ဘာတွေငြင်းနေကြတာလည်း..."


ခခ သူမတို့အပြိုင်ငြင်းနေကြတုန်း ခက်လှမ်းလှမ်းက လှမ်းအော်လိုက်တဲ့ အကိုမဟော်ကြောင့် သူမက ပြုံးလိုက်သလောက် မဲ့ပြီးသားဖြစ်သွားတဲ့ မျက်နှာတွေနဲ့ ချစ်လွန်းနဲ့မူပို...


"အာ... အကိုမဟော်... အဟွန်း... ခခတို့မငြင်းပါဘူး ရန်မဖြစ်ရုံပဲ ခိ"


"ဟုတ်ပါပြီ ခုဘာလိုသေးလည်း တစ်ခုခုများစားခြင်တာရှိလား..."


"ဟင့်......."


"မလိုဘူး... မင်းကျွေးခြင်ရင် တစ်ခြားသူတွေကျွေးလိုက် လာခခ!"


ခခ သူမစကားမဆုံးခင်ပဲ ရုပ်တရက် ဗြုန်းစားကြီးရောက်လာပြီး သူမလက်ကို အတင်းဆွဲချသွားတဲ့ကိုကိုကြောင့် သူမပါးစပ်အဟောင်းသားလေးနဲ့လိုက်သွားမိပြီး ထိုင်းခုံပေါ် ခက်စောင့်စောင့်တွန်းထုပ်လိုက်တယ်ဆို


"အ့! ကိုကို"


"ကိုကိုလုပ်မနေနဲ့! ပတ်ဝန်းကျင်တောင်ဂရုမစိုက်နိုင်လောက်အောင် ဘာတွေဒီလောက်ပြုံးရယ်နေကြတာလည်း..!. မင်းမနေအထိုင်ဆင်ခြင်ခခ"


ခခ သူမကို တရားခံကြီးတစ်ယောက်လို ခက်ကြိပ်ကြိပ်သတိပေးနေတဲ့ကိုကိုကြောင့် ကားပေါ်ကလူတစ်ချို့ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ရှက်စိတ်ကြောင့် မျက်ရည်တွေ ဝေ့တက်လာမိသည်။ ရဲနေတဲ့ကိုကိုမျက်နှာက ဒေါသဘယ်လောက်ထွက်နေတယ်ဆိုတာ သိနေတာမို့ သူမရှင်းလည်းမရှင်းပြခြင်တော့ပါ။ ရှင်းပြရင်တောင် သူမကပဲ အမှားဖြစ်မှာမို့...


ရေပြင် သူမလေးတို့ နောက်ကလိုက်လာပြီအထင်နဲ့ ကားပေါ်တက်နှင့်နေတာ အတော်ကြာသည်အထိ မလာသေးတာမို့ ပြန်ကြည့်လိုက်ချိန် သူဒေါသတို့က အထွတ်အထိပ်သို့ရောက်နှင့် အနားကိုဘယ်ချိန်ရောက်သွားလိုက်မှန်းပင်မသိလိုက်ပေ။ သူဒေါသအလျောက်ပြောလိုက်ပင်မယ့် စိတ်ထဲတော့သိပ်မကောင်းပါ။ သို့သော် ပြန်ချော့ဖို့လည်း အစီစဥ်မရှိပေ။


ရေပြင် ကားထွက်ပြီး အတော်ကြာသည်အထိ ငြိမ်ချက်သားကောင်းနေတဲ့ သူမလေးကြောင့် သူလှည့်ကြည့်လိုက်တယ်ဆို ခေါက်ခေါက်ခွေခွေလေး အိပ်ပျော်နေပြီဖြစ်သည်။ သူ့ကိုအတော်စိတ်ဆိုးထားပုံရသည့် မျက်ရည်စတစ်ချို့နဲ့ နှုတ်ခမ်းလေးဆူနေပုံက အသည်းယားစရာပင်။ ရေပြင် ဇက်မနာအောင် သူ့ပုခုံးပေါ်ဖေးတင်ပေးပြီး စိတ်ထဲက တီးတိုးဆိုမိသည်က။ 'sorryကလေး...'


>>>>>>>>>>>>>>>>


ညို့မှိုင်းနေသော တောနက်ကြီးရဲ့ လမ်းတွေကြား ညလေတစ်ဖြူးဖြူးနှင့် ခရီးနှင်နေတဲ့ရေပြင်တို့ကားလေး။ ကားထဲတွင် မောင်းသူနဲ့အဖော်ကလွဲလို့ အကုန်အိပ်မောကျနေပြီဖြစ်သည်။ ထိုချိန်.....


"ဟာ! ဟို.... ဟိုမှာ လေ! လေ! လေလား! မုန်တိုင်းလား....!...... မရတော့ဘူး...! နောက်ကလူတွေ သွားနှိုးမှရတော့မယ်!....... ဟေးးးး! ဘုန်း! ဘုန်း! ဘုန်း! အားလုံးအောက်ကိုဆင်းကြ! ဆင်းကြတော့! ပြေးကြတော့!"


ရှေ့ခန်းကလူ အသံစူးစူးနဲ့ပြောလိုက်တယ်ဆို အကုန်လုံး အုန်းအုန်းကြွကြွဖြစ်ကုန်ကာ ယောင်ယောင်မှားမှားတဲ့ သူများအထုပ်တွေဆွဲလို့ဆွဲ အလုအယပ် ထွက်ပေါက်မှာ လူခြင်းတိုးနေလို့ ထွက်မရလို့ဆဲသူကဆဲနဲ့ အကုန်ထွက်လိုမရပဲ စောင့်နေကြရသည်။


"ဟင့် ကိုကို မီးကြောက်တယ်.... အီးးးးးးးးးး"


ရေပြင် အိပ်ခြင်မူးတူးလေးနဲ့ သူ့ခါးကိုကျစ်နေအောင် ဖက်ခါငိုနေတဲ့ သူမလေးကြောင့် ချော့မနေအားပဲ လက်နဲ့သာ သိမ်းပွေ့ရင်း ရှေ့ခေါင်းမှန်မှ တစ်ချက်​ကြည့်လိုက်တော့ လေပွေလိုလို မဲမဲအရာကြီးက သူတို့ကားနဲ့တဖြေးဖြေးနီးလာပြီဖြစ်သည်။ ဒီလိုသာဆို အကုန်သေကုန်တော့မှာပင်။ 


"ကျစ်"


ရေပြင်စုပ်သက်ရင်း အနီးနားကြည့်တော့ ခက်အေးအေးလူလူနေနေတဲ့ မဟော်ကိုတွေ့တာမို့


"မဟော် မင်း ခခကို ခနထိန်းထားစမ်းပါ ငါဘေးအပေါက်ကနေ မင်းတို့ဆင်းဖို့လုပ်လိုက်မယ်"


ရေပြင် မဟော်အပြောကိုတောင်စောင့်မနေတော့ပဲ တဆက်ဆက်တုန်နေတဲ့ ခခကိုယ်လုံးလေးကို မဟော်ဆီထိုးပေးပြီး ဘေးနားက ကားမှန်ကို ဆွဲတင်လိုက်သည်။ ကားမှန်ဖွင့်လိုက်တယ်ဆို ဝူးခနဲတိုးဝင်လာတဲ့ လေကြမ်းကြမ်းတွေက မျက်လုံးပင်ဖွင့်မရအောင်ပါ။  ကားက သူ့အနေနဲ့သိပ်မမြင့်ပင်မယ့် ခခတို့နဲ့ဆို အဆင်ပြေမှာမဟုတ်တာကြောင့် နောက်ပြန်လှည့်လိုက်ပြီး သူဝတ်ထားတဲ့အပေါ်ကုပ်ကို ခခ ခါးထပ်မှာ ထက်ချည်ပေးလိုက်ပြီး


"မဟော် မင်းအရင်ဆင်းလိုက် အပေါ်ကနေ ခခတို့ကို ငါချပေးမယ်"


မဟော် ရေပြင်ပြောတယ်ဆိုတာနဲ့ ကားပေါ်က ခက်မြန်မြန်ခုန်ချလိုက်သည်။ အောက်ရောက်တာနဲ့ သူ့လိုယောက်ျားရင့်မာကြီးတောင် နည်းနည်းရိုင်ခြင်သွားလောက်အောင်ထိ လေးကကြမ်းနေသည်။မဟော် အော်သံကြီးက တဖြေးဖြေးနီးလာတာမို့ သူကြည့်လိုက်တယ်ဆို သူတို့နဲ့လက်တစ်ကမ်းမှာမို့


"မြန်မြန်ပေး! မြန်မြန်ပေး!"


မဟော်ပြောလည်းပြော ခခကို ပွေ့ချနေဆဲ ရေပြင့်လက်ထဲက ခခကိုခက်မြန်မြန်ဆီးပွေ့လိုက်ကာ အောက်ချပေးလိုက်သည်။ ထို့နောက် မူပို့ ချစ်လွန်း အားလုံးချပြီးချိန်တွင်


"ကိုရေပြင်! ခဗျားမြန်မြန်ဆင်းတော့! မြန်မြန်! မြန်မြန်!"


ရေပြင် သူတို့လိုအပ်မယ့်အထုပ်တွေကိုပါ အောက်ကိုချပေးနေရင်း


"မင်းတို့! တောထဲမြန်မြန်ဝင်ပြေးတော့! ငါ ကားပေါ်ကလူတွေ! ဆင်းလို့ရအောင်လုပ်ပေးအုန်းမယ်! ကယ်လိုရလောက်သေးတယ်! မြန်မြန်သွားတော့! ဝူး.....ဝူး..."


မဟော် အသံကုန်အော်ပြောနေမှန်းသိပင်မယ့် လေးကြမ်းတော့ ဘာမှမကြားရပေ။ လက်အမူအယာအရ သွားလို့ပြောနေတာသိနေတာမို့ သူအပိုမေးမနေတော့ပဲ ခခကိုပွေ့ရင်း မူပိုနဲ့ချစ်လွန်းကိုပါ သွားဖို့အမူအရာပြလိုက်သည်။


ခခ ရုပ်တရက် သူမကို ပွေ့လိုက်ပြီး ကားနားကလှည့်ထွက်ဖို့လုပ်နေတဲ့ အကိုမဟော်ကြောင့် ကြောက်အားလန့်အားနဲ့ ကိုကို့ဘက်ပြန်ကြည့်ကာ


"ဟင့်အင်း..! ဘာလုပ်တာလည်း! ကိုကိုကျန်သေးတယ်! ကိုကို့ကိုခေါ်အုန်းလေ! ဖယ်! ဟင့်အင်း...! လွှတ်! ကိုကို့! ကိုကို့! ဟီးးးးးးးးးးးးးးကိုကို့! ကိုကို့!"


ခခ သူမပြောစကားကို တစ်ယောက်မှပြန်မဖြေပဲ တောအုပ်ဘက် ခက်မြန်မြန်ပြေးနေကြတာမို့ သူမနဲ့တဖြေးဖြေးဝေးသွားတဲ့ကိုကိုပုံရိပ်က အပြုံးတွေနဲ့ လက်ကာပြနေသည်။ ထို့နောက် သူမအမြင်အာရုံတို့သည်လည်း........


ခခတို့တောစပ်နားရောက်တယ်ဆို ရေပြင်တို့ကားလေးအပါအဝင် တောစပ်နားရောက်နေပြီဖြစ်တဲ့ ခခတို့သည်လည်း......


"ဝုန်း!!! ဝူး!...... ဝူး!.... ဝေါ......! ဝေါ!.... ဝူး.....!"


ရေပြင် ခေါင်းထဲ ပူခနဲခံစားချက်သာ သိလိုက်ပြီနောက် သူအသိအာရုံအားလုံး ဆိတ်သုံးသွားခဲ့တော့သည်။ 'ကလေး.....'


◾◾◾◾◾◾◾◾◾◾◾◾◾◾◾


 စာဖတ်သူအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နဲ့ပြည့်စုံပြီး တစ်ခဏတာမျှ စိတ်အမောတွေ ပြေနိုင်ကြပါစေရှင်🙏


စာဖတ်သူများကို အစဥ်လေးစားလျှက် 

#မြူခိုးဝေဝေ


rate now: