ကိုကို့မို့ ချစ်တာလို့ ☹
"ကိုကို ဒီမှာ ကိုကိုကြိုက်တဲ့ ကော်ဖီလေး မီး ရဲရဲကိုဖျော်ခိုင်းလိုက်တာ သောက်ကြည့် ကိုကို နေ့ခင်းနေ့လယ်ဆိုတော့ ခေါင်းကြည်တာပေါ့ အဟွန်း..."
ရေပြင် ဝရန်တာမှာ စာထိုင်ဖက်နေတုန်း သူများကိုဖျော်ခိုင်းလာတဲ့ကော်ဖီနဲ့ လောကွတ်လာကောင်းနေတဲ့သူမလေးကြောင့် ချထားလိုက်ဆိုတဲ့ပုံစံနဲ့သာ ခေါင်းငြိမ့်ပြလိုက်ပြီး ဖက်လက်စ စာအုပ်ကိုသာ ဆက်ဖက်နေလိုက်သည်။
ခခ သူမဒီလောက်ဖားနေတာတောင် စကားပြန်ပြောဖော်မရတဲ့ကိုကိုကြောင့် နှုတ်ခမ်းလေး မဲ့ခနဲလုပ်လိုက်ကာ'ဒီကလည်း လာပို့ခြင်တယ်များမှတ်လို့ ဟွန့် ဆရာကြီးစတိုင်နဲ့'
"ကိုကို ပူတယ်နော်... ဘာလို့ အဲကွန်းနဲ့မနေတာလည်း အပြင်ကလေပူတွေတိုက်တယ်လေ"
ခခတစ်ယောက် စိတ်ထဲကတစ်မျိုးကျိမ်ဆဲနေသလောက် ထွက်လာတဲ့စကားတို့က ပျားရည်လောင်းထားသလားမှတ်ရသည်။
ရေပြင် တမနက်လုံး ကပ်ဖားနေတဲ့ သူမလေးရည်ရွယ်ချက်ကို သိနေသူပီပီ စာအုပ်မှာသာ အကြည့်တို့ကိုပို့ထားရင်း...
"အဲကွန်းက ကျန်းမာရေးနဲ့ မညီညွတ်ဘူး အပြင်မှာလည်းအဆင်ပြေပါတယ် သိပ်မှမပူတာ မင်းအဆင်မပြေရင် အခန်းထဲဝင်တော့လေ"
"အာ... ရတယ် ရတယ် အဟွန်း... ဟုတ်တယ်နော် တစ်ခါတစ်လေတော့လည်း ခုလိုလေးနေရလည်းကောင်းပါတယ် အဟွန်း...."
ခခ လေပြေးလေးနဲ့ပြောပြီးပြီဆိုတာနဲ့ ရေပြင်မမြင်အောင် မျက်နှာလေးကို တစ်ဖက်လှည့်ကာ မျက်လုံးလေး ထောင့်ကပ်ပြီး အော်ဂလီဆန်တဲ့ပုံလိုက်နဲ့ မဲ့ရွဲ့နေမိသည်။
"ဒါဆိုလည်း သဘောပဲ ဟိုမှာ ထိုင်ခုံအလွတ်ရှိတယ် ထိုင်ခြင်ထိုင်လေ ဖုန်တော့တက်နေတယ် နည်းနည်းသုပ်လိုက်"
ခခ ကိုကိုပြတဲ့ ထောင့်ကျကျခုံလေးကို သွားယူကာ ဖုန်ခါလိုက်ပြီး ကိုကို့ဘေးမှာပဲ ကပ်ထိုင်လိုက်သည်။ ထိုင်နေရင်း သူမလိုက်သွားခြင်တယ်ဆိုတဲ့အကြောင်းကို ပြောဖို့အားယူနေမိသည်။ 'တော်ကြာ ပြောလိုက်မှ တုံးတိကြီး မလိုက်ရဘူးဆို သေအုန်းမယ်...'
"ဟွန့်"
ခခ မျက်နှာလေးမဲ့လိုက် မေးထောက်စဥ်းစားလိုက်နဲ့ တစ်ချက်တစ်ချက်ဝင်လာတက်တဲ့ လေအေးအေးလေးကြောင့် မျက်လုံးတို့က လူကိုသစ္စာဖောက်ခြင်လာကာ ရီဝေဝေဖြစ်လာမိသည်။ ခခ ခေါင်းခါထုပ်လိုက်ပြီး ကိုကိုဖတ်နေတဲ့စာအုပ်ကို လှမ်းကြည့်လိုက်တော့လည်း အင်္ဂလိပ်လိုတွေမို့ မျက်တောင်စင်းလေးနဲ့ မျက်နှာလေးမဲ့ကာ မေးထောက်ရင်း တစ်ဖက်သို့ စိတ်ပျက်လက်ပျက်လှည့်နေမိသည်။ ခြံထဲက အုန်းပင်တွေက မြင့်လိုက်တာ...........
ရေပြင် စာအုပ်တစ်ဝက်ကျိုးသွားပြီမို့ လက်ကနာရီကြည့်တော့ နေ့လယ် ၁၂ခွဲကျော်ပြီမို့ သူမလေးဘက်လှည့်ကာ
"မင်းအိပ်ခြင်ရင်........ အဟွန်း...."
ရေပြင် အိပ်ခြင်သွားအိပ်လို့မပြောလိုက်ရခင်ပဲ အိပ်ပျော်နှင့်နေပြီဖြစ်တဲ့သူမလေးက ပါးတစ်ဖက်မှာ သရေစတစ်ချို့တောင် နေရာယူလင့်နေပြီဖြစ်သည်။
"အဟွန်း.... ဒါများ ငါနဲ့အဖော်လုပ်ပေးခြင်သေးတယ်..."
ရေပြင် စာအုပ်ကို သူ့ရှေ့ကစာပွဲခုံပေါ် ခက်ဖွဖွချလိုက်ပြီး မေးထောက်ရက်လေးအိပ်ပျော်နေတဲ့သူမလေးကို ခက်ဖွဖွလေးပွေ့လိုက်ကာ အခန်းထဲဝင်လာလိုက်သည်။
ခခ ကိုကိုသူမကို စပွေ့ကတည်ကသိနေသူပီပီ ကိုကိုပွေ့တာကို ကျေကျေနပ်နပ်ကြီးခံယူနေလိုက်တော့သည်။ 'တော်ပါပြီ... ဟိုကိစ္စကို ညကျမှပဲပြောတော့မယ်....'
ရေပြင်တစ်ယောက်တော့ အိပ်ယာထဲချပေးပြီးသည်အထိ ပြုံးပြုံးကြီးလိုက်လာတဲ့ ခခကိုတော့ ကြည့်မိမယ်မထင်....
>>>>>>>>>>>>>>>
ခခ ညနေနိုးလာတော့ အခန်းထဲမှာ ကိုကိုမရှိပေ။ ဒါကြောင့် အောက်ထပ်ခက်မြန်မြန်ဆင်းလာလိုက်လာပြီး
"မာမီ ကိုကိုရော..."
"ဟယ်... နိုးလာပြီလား... ခုပဲမာမီက ရဲရဲကိုနိုးခိုင်းတော့မလို့..."
"ဟိ ဟုတ် ဟိုလေ... ကိုကိုရောမာမီ...."
"မီးလေးကိုကို သူ့ကိုကြီးနဲ့ အပြင်ထွက်သွားလေးရဲ့ သားကြီးလည်း ဒီနေ့နားရပ်ဆိုတော့ သူတို့ညီကို အပြင်သွားကြတာထင်ပါတယ်..."
ဒေါ်မေမီအပြောကြောင့် ခခအိပ်မှုန်စုံမွားလေးနဲ့ နှုတ်ခမ်းလေးဆူလိုက်ပြီး
"မီးတောင်မခေါ်သွားကြဘူး... ဟွန့်"
"အဟွန်း... စိတ်တော် မကောက်ပါနဲ့တော်... အစက သားကြီးက မီးလေးကိုပါ ခေါ်သွားမယ့်ပုံပဲ ဗေဒါလေးတို့ရောလေ မီးလေးကိုကိုက မီးလေးအိပ်နေတာနဲ့ မနိုးနဲ့တော့ဆိုလို့ ဗေဒါလေးတို့ပါ နေခဲ့လိုက်ကြတာ"
"ဟယ်... ဟုတ်လား..."
ဒေါ်မေမီ ယူကျိုးမရဖြစ်နေတဲ့ပုံလေးနဲ့ပြောနေတဲ့ ခခကြောင့် သူမပြုံးလိုက်ရင်း...
"သွား သွား လန်းသွားအောင် အိမ်ရှေ့မှာ သမီးတူနဲ့ ကြက်တောင်သွားရိုက်လိုက် အဲ့မှာ ရဲရဲနဲ့ ငြင်းခုံနေလေရဲ့"
ဒေါ်မေမီပြောလိုက်တယ်ဆို ခခ ချက်ခြင်း တက်တက်ကြွကြွဖြစ်သွားကာ
"အာ...! ဟုတ်လား...! ဒါဆို ခခ ဘောင်းဘီသွားလဲလိုက်အုန်းမယ်!.. ဒီလိုပွဲမျိုးကို ခခတို့ လက်လွှတ်ခံလို့ဘယ်ဖြစ်မလည်း... မာမီ သွားကြည့်ထားလိုက်သိလား... ပွဲလက်စသက်ပြီးရင် ဆရာကြီးလာခဲ့မယ်လို့ပြောလိုက် ဟီး.."
"အေးပါကွယ် အေးပါ လုပ်လုပ် မြန်မြန် အော်... ဒါနဲ့ သမီး သားကို လိုက်သွားမယ့်အကြောင်းပြောပြီးပြီလား..."
"ဟွန့်အွန်း... မပြောရသေးဘူးရယ်... မီးပြောမို့လုပ်လိုက်တိုင်း ပြောမထွက်ဘူးဖြစ်နေလို့"
"အေးအေး ပြောတော့လေကွယ်... မနက်ပဲအစောကြီးသွားရတော့မယ်..."
"ဟုတ် မီးဒီညပြောမှာ မာမီ ဟီး.."
"အေးအေး အသုံဆောင်တွေရော ထည့်ထားတာ ဆုံရဲ့လား..."
"ဟုတ် အကုန်စုံပြီ မာမီ"
"အေးအေး နောက်တစ်ခေါက်ပြန်စစ်ကြည့်အုန်းနော် သမီး"
"ဟုတ်"
>>>>>>>>>>>>
"ဖောက်! ဖောက်! ဖောက်!"
"အာ...! တီလေး...! အဲ့ဒါ တီလေး သက်သက်ညစ်တာ မရဘူး အဲ့အမှတ်ကို မမှတ်နဲ့ရဲရဲ!"
"ဟုတ်ကဲ့"
"အာ... နင် အကောင်သေးသလောက် အငြင်းထူပါလား... နင်ပါသာ မရိုက်နိုင်တာလေ မရဘူး! ရဲရဲ! မှတ်လိုက်!"
"ဟုတ်ကဲ့"
"အာ... ရဲရဲ! ဘာလို့ အမှတ်ပေးနေတာလည်း..."
ရဲရဲလည်း တစ်ယောက်ကပေး တစ်ယောက်ကမပေးလုပ်နေတာကြောင့် မင်းခက်ထန်လေးအမေးကို ငိုမဲ့မဲ့လေးနဲ့
"ဟိုလေ မီးလေးက ပေးဆိုလို့ပါ မင်းခက်လေးရယ်.."
"မရဘူး! မပေးရဘူး...!"
"ဟဲ့ မင်းခက်ထန် နင်အတော် အနိုင်ကျင့်တာပဲ မရဘူး မှတ်လိုက်ရဲရဲ"
"ရဲရဲ မမှတ်နဲ့....."
"တီးးးးးးးးးးးးးးးးးးးးးး"
ခခတို့ ငြင်းခုံနေတုန်း ပေါ်တီကိုအောက်က သံရှည်ဆွဲနေတဲ့ ကားဟွန်းတီးသံကြောင့် အရင်အပျော်လုံးပြည့်နေတဲ့အသံကြီးနဲ့ထွက်လာသူကရဲရဲပင်
"ဟယ်... ကိုကိုလေးတို့ပြန်လာပြီတော့ တော်သေးလို့ မီးလေးရော့ စာအုပ် ရဲရဲ အအေးသွားဖျော်ပေးလိုက်အုန်းမယ် သိလား အဟွန်း.."
ခခ သူ့လက်ထဲ စာအုပ် ဆက်ခနဲထည့်ပေးပြီးသွားတာနဲ့ တကြိုးတည်းပြေးသွားတဲ့ ရဲရဲကြောင့် ခြေလေးစောင့်လိုက်ရင်း..
"မင်းခက်ထန်! ရဲရဲပြန်ပြေးပြီ အဲ့ဒါ နင့်ကြောင့်!"
"ဘာလည်း! အဲ့ဒါ တီလေး အငြင်းထူလို့လေ!"
"အောင်းမား... နင်ကပဲပြောရတယ်ရှိသေး.. နင်အရင်ငြင်းတာလေ"
"တီလေး ဘာလို့မတရားလုပ်လည်း..."
ရေပြင် ခြံထဲကားဝင်လိုက်ကတည်းက သူမလေးတို့ဆီ အကြည့်ကရောက်နေနှင့်ပြီဖြစ်သည်။ တိုလွန်းတဲ့ ဂျင်းဘောင်းဘီလေးနဲ့ အနက်ရောင် တီရှက်ပွပွက သူ့မျက်လုံးထဲမှာ ဘဝင်မကျနိုင်ခဲ့....
"ဟေးးးးး! မင်းတို့နှစ်ယောက် နာရီကိုကြည့်အုန်း... အခုအိမ်ထဲဝင်!"
ခခ ပေါ်တီကိုနားက လှမ်းအော်ခေါ်နေတဲ့ ကိုကိုကြောင့် မင်းခက်ထန်လေးကို မျက်စောင်းချာခနဲထိုးကာ ခက်စောင့်စောင့်ခြေလှမ်းလေးနဲ့ ထွက်လာလိုက်သည်။ ကိုကို့နားရောက်တယ်ဆို မျက်မှောင်ကြီး ကျုံ့နေတဲ့ကိုကို့ကို မျက်လုံးလေးတွေမှိတ်သွားသည်အထိ ရယ်ပြလိုက်ပြီး
"ဟီး..... မီးတို့တွက်ဘာပါလည်းကိုကို"
ရေပြင် ခခအမေးကို ခုထိမပြေနိုင်သေးတဲ့ မျက်နှာတည်တည်ကြီးနဲ့
"KFCပါတယ် အိမ်ထဲဝင်တော့"
"ဟေးးးးးးး! ဒါမှ သားသားကယ်လေးကွ"
မေးသူကတစ်ယောက် ထဖြေပြီး ပျော်သွားသူက အိမ်ထဲပင်ဝင်ပြေးသွားပြီဖြစ်တဲ့ မင်းခက်ထန်လေးကြောင့် ခခ မျက်မှောင်ကျုံ့လိုက်ခြင်းတဲ့အတူ အိမ်ထဲပြေးဝင်ကာ
"ဟဲ့ နင် နင်နော်... ကိုကိုက ငါ့တွက်ဝယ်လာတာ နင့်တွက်မပါဘူး.... ဟဲ့ အဲ့အတုံးက အကြီးကြီးလေ နင်မကုန်ဘူး ဟိုကဟာယူ အာ.. ဟဲ့!"
ရေပြင် ကြက်ကြော်ထုပ်ဖြဲပြီး အပြီလုပြီး ရန်ဖြစ်နေကြတဲ့ခခကြောင့် သူဆူမယ့်ကိစ္စတောင် မဆူလိုက်ရပဲ သက်ပျင်းရှည်ကြီးချကာ အပေါ်ထက်ပဲတက်လာလိုက်တော့သည်။
>>>>>>>>>>>>>>>
"ပျိုပျိုခင် အလယ်အပတ်ထွက်တယ်🎼🎼🎼 မော်တော်ကားနဲ့ရယ်🎼🎼🎼🎼
ဟိုယခင်.... ကျောင်းပိတ်တဲ့ရက်ကကွယ်🎼🎼🎼ရှမ်းပြည်ကို တောင်ပိုင်ရော မြောက်ပိုင်းရောကွယ် နှံ့ခဲ့တယ်🎼🎼🎼🎼
ပြောပြခြင်တယ် ကိုကိုရယ် နေ့ရောပဲ ညရောပဲ တသည်းသည်းမောင်းနှင်တယ်🎼🎼🎼🎼
နေရောင်ခြည် လင်းလုလုဆဲမယ် ကလောမြို့ကို ရောက်တယ် ရှောက်လယ်🎼🎼🎼🎼🎼"
"ကိုကို ခရီးထွက်ရတာ ပျော်စရာကောင်းလားဟင်"
"မကောင်းပါဘူး စိတ်ပျက်ဖို့ကောင်းတယ် နေရထိုင်ရတာ ကိုယ့်အိမ်လိုမဟုတ်ဘူး..."
ခခ မျှော်လင့်ချက်လေးနဲ့ မေးလိုက်ပင်မယ့် အဖြေက မလိုလားတာသိသာနေတာမို့ မျက်နှာလေး မဲ့သွားကာ
"ဟိုလေ.... ဟို...... "
"အိပ်တော့ စကားမများနဲ့ ကိုယ်လည်း အိပ်ခြင်ပြီ"
ခခ သူမရှေ့မှာတင် စောင်ကိုခါးလယ်ထိ ဆွဲယူလိုက်ပြီး ခေါင်းဦးအောက်လက်ထည့်ကာ ပတ်လက်အိပ်ဖို့ပြင်နေတဲ့ကိုကိုကြောင့် ရေစက်တို့ရှိနေဆဲ သူမမျက်နှာလေးကို ခက်ဖွဖွသုပ်လိုက်ရင်း ကိုကို့ဘက်ကို သွားလိုက်ကာ
"ကိုကို......"
ခခ သူမခေါ်တာကို အသိမှတ်ပြုတဲ့နေနဲ့ မျက်လုံးမဖွင့်ပဲ ခေါင်းပဲငြိမ့်ပြနေသည့်ကိုကိုကြောင့် အကြံအိုက်သလိုလေဖြစ်သွားကာ
"ဟိုလေ.... မီး မနက်ခရီးထွက်မို့"
ခခ သူမ ပြောရခက်နေတဲ့စကားလုံးတွေကို ခက်မြန်မြန်ပြောလိုက်ပြီးတယ်ဆို ကိုကိုဆီက ဆူခံရတော့မယ်ဆိုတဲ့ခံစားချက်နဲ့ မျက်လုံးလေးမှိတ်ပြီး လက်သီးလေးတင်းနေအောင်စုပ်ကာ အသံကိုနားဆွင့်နေမိသည်။ အတော်ကြာသည်အထိ အသံမကြားရသေးသောကြောင့် မျက်လုံးလေးတစ်ဖက် ခက်ဖွဖွဖွင့်ကြည့်လိုက်တယ်ဆို သူမကိုသေချာစိုက်ကြည့်နေတဲ့ ကိုကို့မျက်လုံးတွေနဲ့ တန်းခနဲဆုံလိုက်တာကြောင့် ပြန်မှိတ်မယ်လုပ်တုန်း..
"မမှိတ်နဲ့! ပြန်ဖွင့် ဘာလည်း... ဒါက ဘာဖြစ်ဖြစ် ခံယူမယ်ဆိုတဲ့ ခံယူချက်ရဲ့စတိုင်လား..."
ရေပြင် သူပြောလိုက်တော့မှ ခက်ဖြေဖြေးလေးဖွင့်လာကာ ခေါင်းလေးငုံ့ပြီး
"ဟို... မီးက...."
"မသွားရဘူး!"
"ဟင်! ဘာလို့လည်းကိုကို"
ရေပြင် သူပြောလိုက်တယ်ဆို ဆက်ခနဲ ဆိုးထိပ်မူတို့မျက်လုံးတွေနဲ့ ခေါင်းလေးမော့လာကာ ထမေးလေးလိုက်တဲ့ သူမလေးကြောင့်
"မသွားရဘူး! ငါအကုန်စုံစမ်းပြီးပြီ အဲ့ဘက်မှာ အရမ်းခေါင်တယ် မီးတောင်မရှိဘူး လူနေမူအဆင့်အတန်းလည်း ဒီကထက်အများကြီးနောက်ကျတယ် မင်းနဲ့အဆင်ပြေမှာမဟုတ်ဘူး ခခ မဖြစ်နိုင်တာကို တောင်းဆိုမနေနဲ့ အိပ်တော့"
ခခ သူ့ကိုပြောပြီးတာနဲ့ ပြန်အိပ်ဖို့လုပ်နေတဲ့ကိုကိုကြောင့် သူမလက်သီးလေးကို ကျစ်နေအောင်စုပ်လိုက်ပြီး
"သွားမှာ! မဖြစ်နိုင်တာဘာမှမရှိဘူး!.. မူပိုလိုလူမျိုးတောင်လိုက်တယ် ခခကဘာလို့မလိုက်ရမှာလည်း.."
ရေပြင် သူမလေးအပြောကြောင့် စိတ်ပျက်ခြင်းတို့နဲ့ စုပ်သက်လိုက်ပြီး တဖန်မျက်လုံးပြန်ဖွင့်ကာ
"မူပိုနဲ့မင်းမတူဘူးခခ မူပိုက ငါ့ဇနီးလောင်းမဟုတ်ဘူး မင်းက ငါ့ဇနီး ငါ့အုပ်ထိမ်းမှုအောက်ကမိန်းကလေး မယှဥ်နဲ့"
"ကိုကိုဘယ်လိုပြောပြော ခခက မရရအောင်သွားမှာပဲ"
ရေပြင် အဆုံးထိ ဆုံးဖြတ်ထားပုံရတဲ့ သူမလေးပုံစံကြောင့် သူသက်ပျင်းမောတွေချကာ
"သွားကြည့်လိုက်... ရမလားလို့ သွားကြည့်လိုက် သွားကြည့် မင်းငါ့အကြောင်းကောင်းကောင်းသိသွားမယ် ခခ"
"ရှင်ကြီး..!"
"တော်! ထက်မပြောနဲ့တော့! အခုလာအိပ်!"
ခခ ဘယ်လိုပြောပြောမရတော့ဘုဆိုတာသိလိုက်ပြီမို့ သူမလည်း လျင်လျင်မြန်မြန် ဒုတိယအစီစဥ်ကို လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်သည်။
ရေပြင် သူပြောလိုက်တယ်ဆို ခံလည်းမပြောတော့သလို နားမထောင်တဲ့ပုံစံလေးနဲ့ စောင့်စောင့်အောင့်အောင့် ခေါင်းဦးနဲ့ပူးရုပ်ကိုဆွဲယူလိုက်တဲ့သူမလေးကြောင့် သူခက်မြန်မြန် လက်လေးကိုလှမ်းဆွဲလိုက်တယ်ဆို
"ဘာလုပ်တာလည်း! လွှတ်!"
"ဒါ ဘယ်သွားမို့လည်း.."
"ရှင်ကြီးနဲ့ တူတူမအိပ်နိုင်လို့ ဆိုဖာပေါ်သွားအိပ်မို့ ဖယ်!"
"ကျစ် ဘာလည်း... ဒါက ခရီးမထွက်ကလို့ ကိုယ့်ကိုဆန္ဒပြတယ်ဆိုတဲ့သဘောလား..."
"ဟွန့်"
ရေပြင် ဟုတ်တယ်ဆိုတဲ့ပုံလေးနဲ့ မေးလေးမော့ပြီး မျက်နှာချီနေတဲ့သူမလေးကြောင့် သူပြုံးလိုက်ပြီး
"မရဘူး လာခဲ့!.."
"အ့! ဘာလုပ်တာလည်း.... လွှတ်! လွှတ်နော်..!. ဒါလေးတောင် နားလည်မပေးနိုင်တဲ့ သူကြီး မအိပ်ဘူး ဖယ် လွှတ်!"
ရေပြင် သူ့ရင်ခွင်ထဲ အတင်းရုန်းကန်နေတဲ့သူမလေးကို ခက်တင်းတင်းလေး ထွေးပွေ့ထားကာ
"အိပ်တော့ နားလည်မပေးတာမဟုတ်ဘူး မင်းအပေါ်ချစ်လွန်းလို့ ခုလိုတွေ့ဖြစ်နေရတာသိလား... ကျေးဇူပြုပြီးမသွားပါနဲ့ကွာ.... အိပ်တော့ ညင့်နက်ပြီ"
ခခ ကိုကို့အပြောကြောင့် အရည်ပျော်မလို့ဖြစ်ခြင်နေတဲ့စိတ်ကို မနည်းပြန်ပြန်ထိန်းနေရသည်။'အဲ့လူကြီးအပြောမှာ မနစ်မျောသွားနဲ့ခခ နင့်ဆုံးဖြတ်ချက်တွေကိုမပြင်နဲ့'
ခခ မှေးခနဲအိပ်ပျော်သွားပြီးမှ ဖျက်ခနဲနိုးလာတော့ မနက်လေးနာရီပင်ထိုးတော့မည်ဖြစ်သည်။ ခခ သူမကို ပွေ့ထားဆဲဖြစ်တဲ့ကိုကို့ မျက်နှာကိုမော့ကြည့်လိုက်ပြီး အသာလေးရုန်းထွက်လိုက်သည်။ ရုန်းထွက်ပြီးမှ ကိုကို့မျက်နှာချောချောကို တောင်းပန်သလိုလေးကြည့်ကာ
"တောင်းပန်ပါတယ်ကိုကို ခခအရမ်းသွားခြင်နေလို့ပါ"
ခခ ကိုကို့နဖူးထက် ခက်ဖွဖွ အနမ်းတစ်ပွင့်ခြွေချရင်း ကိုကို့လှမ်းအကြည့်စတမ်း ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး ကျောပိုးအိပ်တစ်လုံးနဲ့ ခရီးဆောင်အိပ်ကိုဆွဲပြီးထွက်လာလိုက်သည်။
ခခ သော့ပိုလုပ်ထားပြီးသူပီပီ တံခါးတွေကို ခက်လွယ်လွယ်ပင် ဖွင့်နိုင်ခဲ့သည်။ အိမ်ပြင်ရောက်တော့ ခြံရှေ့ရောက်နှင့်နေပြီဖြစ်တဲ့ မူပိုနဲ့ချစ်လွန်းက လက်လှမ်းပြနေတာမို့ သူမလည်း လက်လှမ်းပြကာ မနိုင့်တနိုင်အိပ်ကြီးကို မပြီး ခြံရှေ့ထွက်လာလိုက်သည်။ သို့သော် ခြံတံခါးဖွင့်မယ်လုပ်တော့
"ဟင်! ကျစ် ပါလာပါတယ်.... ရောက်သွားတာလည်း ခြွင် ခြွင်"
"ဟဲ့ ခခ မြန်မြန်လုပ်လေဟာ... ဝေလီဝေလင်းကားထွက်မှာတဲ့"
"အေးပါ ခဏလေး... သော့ရှာမတွေ့လို့"
"ဟမ်! ဘယ်လိုလုပ်မလည်း..."
"ကျစ် မသိတော့ဘူး ဟင့်"
ချစ်လွန်း ခခအဖြစ်ကို သက်ပြင်းရှည်ကြီးချကာ
"မထူးတော့ဘူး အဲ့အထုပ်တွေကို ငါတို့ဆီ ပစ်လိုက် ပြီးရင် နင်ခြံပေါ်ကကျော်ခဲ့"
"ဟမ်! ငါ ငါမတက် တက်ဘူးလေ"
"မတက်တက်လို့မရဘူး တက်ရမယ် တပြင့်ဆို နင်နေခဲ့မှာလားပြော.."
"ဟင့်အင်း.."
ဒါကျ ဆက်ခနဲခေါင်းခါတဲ့ ခခကြောင့် ချစ်လွန်းရယ်လိုက်ပြီး
"အဲ့ဆို မြန်မြန်လုပ် ငါ့ပြောသလိုတက်ခဲ့လိုက်"
"ဟင် အင်းအင်း"
ခဏကြာပြီနောက်
ခြံတံခါး ထိပ်တွင် ကားယားလေးဖြစ်နေတဲ့ ခခ
"အီးးးးး ဟီးးးးးး ငါမဆင်းရဲတော့ဘူး... လုပ်ကြပါအုန်း... ဟီးးးး ကိုကိုရေ... ကယ်ပါအုန်း... ဟီးးးး"
ချစ်လွန်း ခခအဖြစ်ကိုကြည့်ပြီး ငိုရမလိုရယ်ရမလိုဖြစ်နေကာ
"နင့်ကိုကိုလည်း လာမကယ်နိုင်ဘူး လုပ်မြန််မြန် လက်ကိုမြဲမြဲကိုင်ပြီး ဟိုဘက်ကခြေထောက်ကို ဒီဘက် သံတန်းပေါ်ချိတ်လိုက်"
"ဟင့် ရ ရပါ့မလားဟင်"
"လုပ်လိုက်ခခရာ... ရပါတယ်ဆို လုပ်"
"ဟင် အေး အေးပါ ဟင့် အသံကျယ်ကြီးနဲ့မအော်ပါနဲ့ဟာ... ငါငိုခြင်နေတာ ဟင့်"
ချစ်လွန်းနဲ့မူပို ခခအပြောကြောင့် ခစ်ကနည်းရယ်လိုက်မိကာ
"အေးပါဟယ်... မပြောပါဘူး... လုပ်လုပ် မြန်မြန်"
"အွန်း..."
အတော်ကြာအောင် ကြိုးစားပြီးနောက် ခခတစ်ယောက် တုန်ရင်နေတဲ့ ဒူလေးနှစ်ဖတ်ပေါ်လက်ထောက်ပြီး
"ဟူး.... ခုမှပဲ အလုံးကြီးကျသွားတော့တယ်ဟယ်......"
"လုပ်မနေနဲ့ မြန်မြန်လာ တို့နောက်ကျနေပြီ"
"ဟင် ဘယ်သွားရမှာလည်း... ကားရော.."
"ပါတယ် ဒီနားထိမောင်းလာရင် စက်သံနဲ့ နင်တိ့အိမ်နိုးသွားမှာဆိုးလို့ ဟိုဘက်ခြံထောင်မှာ ရပ်ထားခဲ့တယ်"
"အော်... အေးအေး အထုပ်လေး ဝိုင်းဆွဲပါအုန်းဟာ နော်..."
"ပေးပေး ငါတို့တော့ ဒုက္ခပဲ ငါးပါးမှောက်ပြီထင်တယ်"
"ခိ သံဃာစင်ပါမှောက်မှာ"
"အေးအေး ကိုယ်အကြောင်းကိုယ်သိ ဟင်! ဟိုမှာ ဘယ်သူ့ကားလည်းဟ့"
မူပိုတို့ သူမတို့ကားနဲ့ကပ်ရပ် လမ်းဘေးထိုးရပ်ထားတာ ကားမီးပါဖွင့်ထားတာကြောင့် ခြေလှမ်းတွေတုန့်သွးမိသည်။ သတ္တိခဲ ခခနဲ့မူပိုက ချစ်လွန်းဘေးပြေးကပ်လိုက်ပြီး
"ဘယ် ဘယ်သူကားလည်းဟင် ဒီချိန်ကြီး.."
"ငါလည်း ဘယ်သိမလည်းဟ့ သွားကြည့်မှ သိမှာပေါ့"
"ဟင့်အင်း""ဟင့်အင်း"
ချစ်လွန်း အသံတစ်ပြိုင်တည်းနဲ့အတူ သူမလက်ကို တစ်ဖက်တစ်ချက်စီ ဆွဲထားတဲ့ သတ္တိခဲ့မတွေကြောင့်
"ဟဲ့ မသွားလို့ရမလား နာရီကိုကြည့် ခုလောက်ဆို တီချယ်တို့စောင့်နေလောက်ပြီ လာပါဟာ... တို့က သုံးယောက်တောင်ပဲ"
"ဒါမယ့် မိန်းကလေးတွေလေ"
ဒါကျ မြန်မြန်ဆန်ဆန်ထဖြေတဲ့ ခခကြောင့် သူမဲ့မဲ့ရွဲ့ရွဲ့နဲ့
"အေးပါဟယ်... နင်မိန်းကလေးဆန်ခြင်ရင်လည်း ချက်ခြင်း ဖယ် ငါသွားမယ်..."
ခခ သူမတို့ ဆွဲနေရင်း ရှေ့က ထွက်သွားတဲ့ ချစ်လွန်းကြောင့် သူမတို့လည်းနောက်က ပြေးလိုက်ခဲ့လိုက်သည်။ သူမတို့ တဖြေးဖြေး ကားနားရောက်လာတယ်ဆိုရင်ပဲ ကားပေါ်က ဆင်းလာတဲ့ လူတစ်ယောက်ကြောင့် အားလုံး အံ့အားသင့်သွားကာ..
"ဆ ဆရာ........"
ခခ ကားပေါ်က ဆင်းလာတဲ့ ကိုကိုကြောင့် သူမနေရာမျာတင်တောင့်နေလေတော့သည်။
"ဟုတ်တယ် မင်းတို့တော်တော်ဆိုးနေကြတယ်ပေါ့ ကျစ် လူကြီးတွေကို မင်းတို့မျက်လုံးထဲ ရှိရောရှိသေးရဲ့လား..."
"ဟို မဟုတ်..."
"တော်တော့! လာ တက်"
"ဟင့်အင်း.."
ဟင့်အင်းဆိုတဲ့ ခခအသံလေးနဲ့အတူ အားလုံး ပေကပ်ကပ်လေးလုပ်နေကြတာမို့ ရေပြင် စိတ်ပျက်သလို စုပ်သက်ပြီး
"ကျစ် မြန်မြန်လာ တီချယ်တို့ကားကထွက်တော့မယ်တဲ့"
"ဟင်!""ဟင်!""ဟင်!"
>>>>>>>>>>>>>>>>>
"အာ.... ဆရာတို့လာပြီဟေ့! ကားထွက်ဖို့ပြင်!"
ရေပြင်တို့လေးယောက် ကားဂိတ်ရောက်တယ်ဆိုတာနဲ့ မှန်လုံ express carကြီးက ခရီးထွက်ဖို့ ပြင်နေတော့သည်။ ရေပြင်တို့တွက် ကားလယ်လောက်မှာ နေရာချန်ထားတာမို့ ရေပြင်နဲ့ခခကတစ်တွဲထိုင်ကာ မူပိုနဲ့ချစ်လွန်းက တစ်တွဲထိုင်လိုက်သည်။
ခခ ကားထွက်သွားသည်အထိ သူမဘေးက ကိုကို့ကိုမကြည့်ရဲသေးပါ အပြစ်ရှိထားသူပီပီ လက်သည်းလေးတစ်ခုနဲ့တစ်ခု ကုပ်ခြစ်နေပြီး သိခြင်စိတ်အရမ်းများလာတာကြောင့်
"ကိုကို မီးထွက်လာတာဘယ်လိုသိတာလည်းဟင်"
"မင်းကိုယ့်ကို နမ်းလိုက်ကတည်းက"
"ဟင်!"
◾◾◾◾◾◾◾◾◾◾◾◾◾◾◾
စာဖတ်သူအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နဲ့ပြည့်စုံပြီး တစ်ခဏတာမျှ စိတ်အမောတွေ ပြေနိုင်ကြပါစေရှင်🙏
စာဖတ်သူများကို အစဥ်လေးစားလျှက်
#မြူခိုးဝေဝေ