book

Index 26

အပိုင်း (၂၆)

ကိုကို့မို့ ချစ်တာလို့ ☹


"ကိုကိုရေ...... ကိုကိုရေလို့..... ကိုကိုရေ...... လုပ်ပါ စပေါ့လေးဖြစ်ဖြစ်နော်... မီး စာတွေခေါင်းထဲတကယ်ကြီးထည့်မရတော့လို့ပါလို့ ဟင့်"


ရေပြင် မနက်သူ့ဘာသာဖြေမှာမို့ သေချာစီစစ်နေရတဲ့အထဲ ကုတင်ပေါ်ကနေ စပေါ့တောင်းနေတဲ့ကောင်းမလေးကြောင့် လုပ်နေတဲ့အလုပ်တို့က ခရီသိပ်မရောက်


"ကျစ် အဲ့ဒါ မင်းကို ကိုယ်အရင်ကတည်းက စာကြိုလုပ်ဖို့ပြောထားသားပဲ ခုမှတော့လုပ်မနေနဲ့တော့ ကျစ် မင်းကျရင်တော့ ငါကအရှက်ကွဲအုန်းမယ် ကိုယ့်ဘာသာတောင် ကိုယ့်ဇနီးကမအောင်ဘူးဆိုတဲ့အဖြစ်နဲ့ ကျစ်"


"ဟွန့် အဲ့ဒါမို့မီးပြောသားပဲ... ကိုကိုသာ မီးကိုခု စပေါ့ပေးလိုက်လေ နော် နော်လေနော်..."


"ကျစ် အပိုတွေလုပ်မနေနဲ့ခခ အချိန်မရှိတော့ဘူး စာလုပ်မှာဖြင့်လုပ် မင်းထက်ပြောနေလည်း ကိုယ်ပေးမှာမဟုတ်ဘူး မင်းအချိန်ကုန်ရုံပဲရှိမယ်..."


ခခ တစ်ခါထဲ သံဓိဓာန်ချထားသလားမှတ်ရလောက်တဲ့ ကိုကို့စကားကြီးကြောင့် သူမမျှော်လင့်ချက်မရှိတော့ဘူးဆိုတာသိနေပြီမို့ မျက်နှာလေးငိုမဲ့မဲ့လေးနဲ့


"မိခတို့တော့ အရှက်ကွဲတော့မယ်ထင်ပါတယ်... ဟင့် ညိုမီမကတော့ ကြီးကြီးကျယ်ကျယ်တွေပြောချသွားတာ ဟင့် သူအောင်ပြီး ဒီက ခခလေးတို့မအောင်ရင် ခခလေးတော့ အရှက်ကွဲပါပြီကိုကိုရယ်... ဟင့် ရွှတ်"


ရေပြင် မငိုခြင်ပဲ အတင်းလုပ်ငိုပြီး ခုထိလက်မလျှော့သေးတဲ့သူမလေးကြောင့် သူပြုံးလိုက်မိသည်။ ဒါပင်မယ့် သူအလျော့ပေးပြီး ဘက်လိုက်လို့မဖြစ်အောင် သူ့ရဲ့ဆရာ့ဂုဏ်ကထိန်းထားတာမို့.....


ခခ အသစ်ထက်မကျက်တော့ပဲ ကျက်ပြီးသားလေးတွေပဲ ပြန်နွှေးနေလိုက်သည်။ ဘာလို့ဆို ဒီချိန်မှ ကျက်လည်း ခေါင်းထဲဝင်တော့မှာ မဟုတ်တော့ဘူးလေ...


"ဒီးးးးးဒီးးးးးးးဒီးးးးးးး"


"ဟင်"


ခခ စာမေးပွဲနေတိုင်း silentလုပ်ခံထားရပြီး ကိုကို့စာပွဲပေါ်အမြဲရောက်နေတဲ့ သူမဖုန်းလေးက ထလာတာမို့ သူမဆက်ခနဲ ကိုကို့ကိုလှမ်းကြည့်လိုက်သည်။


ရေပြင် သူ့ဘေးနားက အော်လန်မတွေဆိုတဲ့ nicknameနဲ့ contactကြောင့် သူမျက်မှောင်ကျုံ့လိုက်ပြီး ဖုန်းချမို့လက်လှမ်းလိုက်တယ်ဆို


"အယ်! မလုပ်နဲ့! မလုပ်ပါနဲ့ကိုကိုရယ်... ချစ်လွန်းမတို့နေမှာ ဟင့် သူတို့ကစာစုကျက်နေကြတာသိလား... ဟင့် မီးကတော့တစ်ယောက်တည်း ဟင့်"


ရေပြင် စာမေးပွဲမဖြေခင်ကတည်း စာစုကျက်မယ်ပဲ တစ်ကဲကဲဖြစ်နေတဲ့သူမလေး နောက် ဘယ်လိုဖြစ်သွားလည်းမသိ မသွားဖြစ်တော့သလို သူ့ကိုလည်း အဲ့ကြောင်းနဲ့ပတ်သက်လို့ စကားမဟ့ခဲ့ပေ။ သေချာတာတော့ မေမေတို့ကြောင့်ထင်သည်။ ခုလည်း ဘာမဆိုင်ညာမဆိုင် ထည့်ပြောနေတဲ့သူမလေးကြောင့် ဖုန်းကောက်ကိုင်လိုက်ပြီး


"ရော့! မြန်မြန်ပြော လူကစာထဲအာရုံရောက်တယ်မရှိဘူး.."


ခခ သူမကိုလှမ်းပေးလာတဲ့ ဖုန်းလေးကို ခက်သွက်သွက် လှမ်းယူလိုက်ပြီး


"ခိ ချစ်လွန်းမ နင်ငါ့ကိုဖုန်းဆက်တယ်ပေါ့ ဘယ်လိုလည်း... စပေါ့ရ... အမလေး!"


"ဟ့!"


ခခ အသံကြောင့် လန့်သွားသူက ရေပြင်ပင်။ ခခ သူမအသံကြောင့် လန့်သွားတဲ့ကိုကို့ကို sorryဆိုတဲ့ပုံလေးနဲ့ခေါင်းလေးပုပြုံးပြလိုက်ပြီး မင်းကြည့်လုပ်ဆိုတဲ့ပုံနဲ့ပြန်လှည့်သွားတော့မှ ခက်ကြိပ်ကြိပ်အသံလေးနဲ့


"နင်တို့ကလည်း ဘာလို့အသံကျယ်ကြီးနဲ့အော်ကျလိုက်တာလည်း လန့်သွားတာပဲ"


"လန့်ပါစေ လန့်ရင်းနဲ့သေသွားရမှာ မေးခွန်းထုပ်တဲ့သူက နင့်ဘေးမှာလေ နင်ကအဲ့ဒါကို ငါတို့ဆီက စပေါ့ဆိုတော့ ဟွန်း.... မပြောလိုက်ခြင်းဘူး..."


"နင်တို့ကလည်း.. အဲ့လူကြီးကိုမေးလို့မရလို့ပေါ့လို့ အကိုမဟော်ကိုမေးကြည့်ပါလား သူ့ဖွားဆီမှာတော့ မေဂျာတိုင်းက မေးခွန်းတွေရှိမှာ အော်..... အေးပါဟယ်.... အေးပါ..."


"ခိ ခု အကိုမဟော်ကို ပြောကြည့်လိုက် ပြောကြည့်လိုက်"


"ဘာပြောကြည့်ရမှာလည်း... နင့်ကိုရွဲပြောနေတာ မပြောဘူး ငါတို့နဲ့လည်း သိပ်ခင်တာမဟုတ်ဘူး...."


"အာ... နင်တို့ကလည်း..."


"နင်တို့ကလည်း လုပ်မနေနဲ့ စာကျက်မှာဖြင့်ကျက် ဖုန်းချလိုက်တော့မယ်"


"နေ နေပါအုန်း... ဒါဆို နင်တို့ ငါ့ဆီဘာလို့ဖုန်းဆက်တာလည်း..."


"အဟွန်း... ငါတို့လည်း စပေါ့ နင်ရလားလို့မေးမို့ အဟွန်း..."


"အောင်းမား.... တီးးးးးးးး ဟယ်! ချစ်လွန်းမ! တွေ့အုန်းမယ် မနက်ကျမှ ငါ့ကျပြောသွားလိုက်တာ သူတို့ကပဲ သူတော်ကောင်းကြီးတွေလိုလို ဟွန့် သူ့တို့လည်း ငါနဲ့ဘာထူးလို့လည်း"


ရေပြင် သူစာအုပ်တွေသိမ်းပြီးသွားတယ်ဆို နာရီကြည့်လိုက်တော့၁၁ပင်ဖြစ်နေပြီဖြစ်သည်။ သူမလေးက ခုထိ ဖုန်းကိုကြည့်ပြီး အလိုမကျစွာ ဘာတွေပြောနေသည်မသိ


"ခခ စာအုပ်တွေသိမ်းတော့ အချိန်မနည်းတော့ဘူး..."


ခခ ချစ်လွန်းမတို့ကိုကျိမ်ဆဲနေတုန်း ကိုကို့စကားကြောင့် မျက်လုံးဝိုင်းလေးနဲ့ကိုကို့ကိုကြည့်လိုက်ပြီး


"ဟင်! ခခ ခခစာအကုန်မကျက်ရသေးဘူးလေ...."


"ကျက်မနေနဲ့တော့ ရမှာလည်း မဟုတ်တော့ဘူး ထ သွားတိုက်ရမယ်..."


ခခ သူမရှေ့မှာ တပတ်ထိုးပေးပြီး ထဖို့ပြောနေတဲ့ကိုကို့ကြောင့် မျက်နှာလေး မဲ့ခနဲဖြစ်သွားကာ သူမရှေ့က တပတ်စကို လှမ်းယူလိုက်ပြီး


"ကိုကို မီးကို ချီသွားပါလားဟင်"


"ဘာ!"


ရေပြင် သူ့မှာ သူမလေးအပြောကြောင့် တအံတသြအသံထွက်သွားသည်အထိ သူမလေးကတော့ ကုတင်ထက် တမလင်ခွေထိုင်ကာ ရှုပ်ပွနေတဲ့ဆံပင်လေးကြားက နှုတ်ခမ်းလေးဆူပြီး မျက်တောင်လေး ပေကလပ်ပေကလပ်လုပ်ပြနေသေးသည်။ ရေပြင် အမှတ်တမဲ သူမလေးပုံလေးကြောင့် ရင်ထဲကတုန်ကရင်ဖြစ်သွားပင်မယ့် စုပ်သက် မျက်နှာလွဲခြင်းကို ခက်မြန်မြန်လုပ်လိုက်ပြီး


"ကျစ် မင်းအပိုတွေလုပ်မနေနဲ့ ထ သွား သွားတိုက်"


"ကိုကိုလည်း မတိုက်ရသေးဘူးမလား..."


"အွန်း.."


"မီးနဲ့ တူတူတိုက်မှာမလား..."


"ရေချိုးခန်းကအကျယ်ကြီးလေ တစ်ချိန်တည်း နှစ်ယောက်တိုက်လိုက်တော့ အဆင်မပြေဘူးလား..."


"အွန်း.. ပြေတယ်... အဲ့ဒါကြောင့် အချိန်ကုန်ပိုသက်သာအောင် မီးကိုပါ တစ်ခါတည်းချီသွားလို့ပြောတာပေါ့"


ရေပြင် ဘယ်လိုလေးမှန်းမသိ သူ့ကိုအသည်းယားအောင် လုပ်နေတဲ့ သူမလေးကြောင့် သူဆံပင်သက်မိနေတာ ဘယ်နကြိမ်မှန်းမသိ


"တော်ပြီး မင်းဘာသာ သစ်ခြင်တဲ့အချိန်မှာသာ သစ်တော့"


ခခ သူမကိုပြောလည်းပြော ခက်မြန်မြန်ထွက်သွားတဲ့သူကြီးကြောင့် အလိုမကျစွာ နှုတ်ခမ်းလေးဆူပြီး ပူရုပ်လေးကို ကြမ်းပြင်ပေါ်ပစ်ပေါက်လိုက်ကာ


"ဟွန့်! အသက်ကြီးတဲ့သူတွေများ... ရိုလို့ကိုမရဘူး..."


"ခခ မင်းငါ့အတင်းဘာပြောနေတာလည်း..!"


ခခ ရေချိုးခန်းထဲက ရုပ်တရက်ထွက်လာတဲ့ ကိုကို့အသံကြောင့် ထိပ်ခနဲဖြစ်သွားကာ ပြီးမှ မျက်စောင်းလေးရွယ်ပြီး


"ဘာမှမပြောဘူးကိုကိုရေ... ဒီမှာလေ မီးရဲ့ ပူးလေ အသက်ကြီးလာလို့လားမသိဘူး အမြင်ကပ်ဖို့ပိုကောင်းလာလို့"


ရေပြင် သူ့ကိုပြောခြင်တာကို အသက်မရှိတဲ့ သူမပူရုပ်လေးကိုပြောနေတာပါတဲ့ 


"အဟွန်း... ကြာရင် ကိုယ်ရူတော့မယ်ထင်တယ်"


>>>>>>>>>>>>>>


"မီးလေး ဒီနေ့ကနောက်ဆုံးပဲ စာကို ရရမရရ အပုဒ်စိဖြေခဲ့နော် ကြားလား... နံပါတ်လည်း သေချာတက်ခဲ့ lနဲ့Tကိုပီသအောင်ရေးနော် မီးလေးက လက်ရေးဆက်တက်လို့ အော်... မေ့တော့မို့ကြည်စမ်း.... ကျောင်းသားကဒ်ရော ပါရဲ့လား..."


"ဟုတ် ပါတယ်မာမီ"


"အေးအေး မြေး ကားကိုဖြေးဖြေးမောင်နော် မီးလေးစာနွှေးလို့ရအောင်"


ရေပြင် တစ်နေ့တည်းလည်းမဟုတ် ဒီနေ့ဆို စာမေးပွဲဖြေတာ နောက်ဆုံးနေ့ပင်ရောက်နေပြီ ခုထိ စိတ်ပူဆဲ မှာလို့မပြီးဆဲ မာမီနဲ့ဖွားကြောင့် သူနာရီကြည့်လိုက် စုပ်သက်လိုက်လုပ်နေမိသည်။ နောက်ဆုံး သူပြောမှရတော့မှာမို့


"ကဲ မာမီနဲ့ဖွား ဒီလိုသာ မှာလို့မပြီးလုပ်နေရင် ခခစာမေးပွဲမဖြေရ ဖြစ်တော့မယ်နော် ၈နာရီကျော်နေပြီ"


"ဟယ် ဟုတ်တယ် ဟုတ်တယ် မာမီတို့လည်း စိတ်လောနေလို့ပါကွယ် သွားသွား သွားတော့"


"မာမီ ဖွား မမ တာ့တာ့"


"အေးအေး သေချာဖြေခဲ့နော် မီးလေး"


"ခိ ဟုတ်"


ရေပြင် ခုထိမပြီးနိုင်သေတာမို့ သူမစောင့်တော့ပဲ ကားထွက်ခဲ့လိုက်တော့သည်။ ဒါတောင် တူတော်မောင်က ဖိုက်တင်း တီးလေးတဲ့ အော်နေတာ မသိရင် ကမ္ဘာထိပ်တန်း စာမေးပွဲသွားဖြေမည့်အလား...


"ကိုကို မီးဖြေနိုင်မှာပါနော်... ဟိုလေ မီးစာရွက်ကို ကိုကိုစစ်ရင် ရှော့ရှော့ပေါ့ပေါ့လေး လုပ်ပါနော်...."


"ကျစ် မင်းစာရွက်လား တခြားသူစာရွက်လား ငါကဘယ်လိုသိမှာလည်းကွ ကိုယ်ဘာသာ အစကတည်းက စာရအောင်ကျက်ထားပါလား..."


ခခ ရေပြင်အပြောကြောင့် ရေပြင့်လက်ကိုကိုင်ထားတဲ့ အသနားခံသူမလက်လေးတွေကို စောင့်ဖြုပ်လိုက်ပြီး ကားမှန်ဘက် စောင့်ခနဲလှည့်ထိုင်လိုက်ကာ


"ဟွန့် တက္ကသိုလ်ကဆရာကို ယောက်ျားတော်ထားလည်း.. တော်ရကျိုးလေးတောင်မနက်ဘူး ဟွန့် သူများဆရာတွေနဲ့များ ခခတို့ယောက်ျားက မတူပါဘူး... ခုမှ ဟွန့်"


လို့ ပြောပြီးတာနဲ့ ရေပြင်ဘက် ဆက်ခနဲလှည့်လိုက်ကာ


"တစ်ခါတည်းပြောထားတယ်နော်... ညိုမီမအောင်ပြီး ခခမအောင်ကြည့် ရှင်ကြီးနဲ့အပျက်ပဲ"


"ဟ့! မင်းအပျက်စကား တယ်ပြောပါလားကွ!"


"ပြောပြောပဲ ပြောစရာရှိရင်တော့ ခခတို့က ဘယ်သူ့မှအားမနာဘူး ဟွန့်"


ရေပြင် ဆက်ပြောရင် ထသက်ကြဖို့ပဲရှိတော့တာမို့ ကားကို ဂရုတစိုက်မောင်းနေလိုက်တော့သည်။


>>>>>>>>>>>>>>


"ဟေးးးးးး! စာမေးပွဲကြီးပြီးပြီဟေ့!...."


ချစ်လွန်းနဲ့မူပို ရုပ်တရက် မေးခွန်းစာရွက်တွေ မိုးပေါ်ပစ်ပြီး ထအော်ချလိုက်တဲ့ ခခကြောင့် သူမတို့ကိုယ်တိုင်ကလန့်သွားခြင်းနဲ့အတူ ဘေးနားက ကွပ်ကြည့်ကွပ်ကြည့် လူတွေကြောင့် ချစ်လွန်း အသံခက်ကြိပ်ကြိပ်ဖြင့်


"ဟဲ့ ဘာအရူးထတာလည်း ဒါက second semesterလည်းမဟုတ်ဘူး.... ခခ နင်ကတော့လေ...."


"အာ... ဘာဖြစ်လည်း.. ငါလည်း ဟန်ထူးစန်လိုလုပ်ကြည့်တာဟာ အခုဟာက သူများတွေတွက် first semesterဆိုပင်မယ့် ငါ့အတွက်ကတော့ စာမေးပွဲတိုင်းက သေရေးရှင်ရေး တိုက်ပွဲတစ်ခုလိုပဲ ဟူး......... အခုမှပဲ ခေါင်းပေါ်က အပူထုပ်ကြီးကျသွားတော့တယ်... တီချယ်တို့ ရွာကိုသွားရတာ့မယ် ခိ"


"ဟဲ့ ဆရာက ထည့်လိုက်ပြီလား..."


ခခ မူပိုအပြောကို ပခုံးလေးတစ်ဖက်တွန့်ကာ


"ပြောတောင်မပြောရသေးဘူး အွန်း... ဒါမယ့် ကိုကို့ကလွဲလို့ တစ်အိမ်လုံးသိပြီးပြီ"


"ဘယ်လိုလည်း မယ်မယ်ကထည့်မယ်တဲ့လား..."


"ခခပါဟ့ မပိုင်ပဲလုပ်ပါ့မလား.. အဲ... ဒါမယ့်သိပ်တော့မထည့်ခြင်ဘူးပေါ့ဟ့"


ခခအပြောကို မူပိုသက်ပျင်းမောလေးချပြီး


"အင်း... ငါ့အထင် နင့်ကိုကိုမထည့်လောက်ဘူး ဘာလို့ဆို အကိုမဟော်ပါ ပါမှာလေ..."


"ဟယ် တကယ်လား....."


"အေးလေ တစ်မေဂျာလုံးပါဆို သူပါ ပါမှာပေါ့"


"အေးနော်... ဒါဆို ညိုမီမရောပဲပေါ့ ဟွန့် အပျော်လေးတောင် မပျော်ခြင်တော့ဘူး..."


"လုပ်မနေနဲ့ လိုက်ရမှာလည်း မဟုတ်ပဲနဲ့"


ခခ ချစ်လွန်းအပြောကြောင့် ချက်ခြင်းဆက်ဆက်ခါဖြစ်ကာ


"အာ! မရပါဘူး လိုက်မှာ မရရင်နင်တို့ ငါ့ကိုလာခိုးထုပ်ကမယ်"


"ဘာ!" "ဘာ!"


◾◾◾◾◾◾◾◾◾◾◾◾◾◾◾


ကဲ ပရဟိတအတွက် နယ်သွားရမယ်တဲ့နော် ဘယ်လိုတွေခိုးထုပ်မလည်း ဟိုရောက်ရင်ရော ဘယ်လိုတွေကြုံရမလည်း...


စာဖတ်သူအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နဲ့ပြည့်စုံပြီး တစ်ခဏတာမျှ စိတ်အမောတွေ ပြေနိုင်ကြပါစေရှင်🙏


စာဖတ်သူများကို အစဥ်လေးစားလျှက် 

#မြူခိုးဝေဝေ


rate now: