ကိုကို့မို့ ချစ်တာလို့ ☹
အဟူရာရောင် ကြီးဆိုးနေတဲ့အခန်းတစ်ခုရဲ့ ကုတင်ကြီးထက် ခြွေးဒီးဒီးတို့ဖြင့်ပြည့်နက်နေတာတောင် ခန့်ညားဆဲဖြစ်နေတဲ့ ရုပ်သွင်နဲ့မဟော်... ပုံစံအရ တစ်ခုခုကို ဆိုးရွံ့ကြောက်လန့်နေသလို တစ်ချက်တစ်ချက် မျက်မှောက်ကျုံ့ကြီးတွေက မျက်ခုံးနှစ်ခုကြား ထင်းခနဲဖြစ်သွားတက်သည်။ တစ်ခါတစ်ရံဘယ်ညာရမ်းတက်တဲ့ ခေါင်းတို့က ယိမ်းခါမူ ပိုဆိပ်လာခြင်းနဲ့အတူ
"မဟုတ်ဘူး! မသွားနဲ့! မသွားနဲ့! ဟေးးးး!!! ဟူး... ဟူး... ဟူး...."
လှိုက်ဖိုသံကြီးနဲ့အတူ နိုးထလာတဲ့ မဟော်... အတော်ကြာအောင် အမောဖြေပြီးမှ ဖြစ်ကြေအရာတစ်ခုလို ခြွေးစေးတို့ဖြင့် စေးကပ်နေတဲ့ ခန္ဓာကိုယ်ကို တစ်ချက်ကြည့်ပြီး ရေချိုးခန်းဘက်ထွက်လာလိုက်သည်။
"ဖရော............"
မဟော် အေးစပ်စပ်ရေစပ်အချို့ကိုခံယူရင်း သူအမြဲမက်တဲ့အိမ်မက်ကို ပြန်တွေးနေမိသည်။ 'သေချာတယ်... သေချာတယ်ခခဆိုတာ ဒါမယ့် ငါ့စိတ်ထဲက မဟုတ်ဘူးလို့ ဘာလို့ညင်းဆန်နေရတာလည်း......'
မဟော် သူအမြဲမက်နေကျ အိမ်မက်ထဲက ကောင်မလေး... မက်လိုက်တိုင်း ဘယ်တော့မှ မျက်နှာတွေကို သေချာမတွေ့ရ နောက်ပြီး သူ့ကိုကြည့်နေတဲ့မကြည့်တွေက အသနားခံနေတဲ့မျက်ဝန်းတွေနဲ့.... နောက် သွေးတွေအိုင်ထွန်းနေတဲ့ထဲကသူမ....
"ကျစ်"
မဟော် အနွယ်တော်တွေပီပီ သူလည်း ဒယ်ဒီနဲ့ဖိုးနဲ့လို သူ့ရဲ့အနာဂါတ်သတိုးသမီးကိုတွေ့နေရတာ နှစ်နဲ့ချီခဲ့ပြီဖြစ်သည်။ ဒါမယ့် သူ့ရဲ့ ရှေ့ပြေးနိမိတ်က ဘာလို့ သွေးခြင်းခြင်းနီနေရတာလည်း.. ပြီးတော့ အဲ့ထဲက မိန်းကလေးက ဘယ်သူလည်း... လှိုင်းတွန့်သဏ္ဍန် ဆံနွယ်ရှည်တွေအရဆို ခခလား.. သေချာပါတယ် ဘာလို့ဆို အပြစ်ရှိတယ်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ ဒယ်ဒီ မျိုးနွယ်တွေရဲ့ အစဥ်အလာကို ဆန့်ကျင်ပြီး ခခကိုလက်ထပ်ဖို့ပြောခဲ့မှာမဟုတ်ဘူး......
မဟော် ရေချိုးခြင်းကို လက်စသက်လိုက်ပြီး ဆက်အိပ်လို့မရမယ့်အတူတူ ဒယ်ဒီရဲ့ နားနေကျအခန်းဘက်ကိုထွက်လာလိုက်သည်။
ရေပြင် အခန်းထဲဝင်လိုက်တယ်ဆို ခက်လှမ်းလှမ်းက ပန်ချီကားပေါင်း ဆယ်နဲ့ချီချိတ်ထားတဲ့နေရာသို့အရောက် ပန်ချီကားတွေရဲ့ ထောင့်ကျကျနေရာမှာရှိနေတဲ့ သာမာန်ကြည့်ရင် နွယ်ရှင်တွေ ပန်းအိုထဲကထွက်နေတဲ့ပန်ချီကားကို ဇောက်ထိုးလှည့်လိုက်တယ်ဆို မိန်းမလှလေးတစ်ယောက် ကျောပေးနေတဲ့ပုံဖြစ်သွားခြင်နဲ့အတူ ပန်ချီကားတွေရဲ့အလယ်တည့်တည့်နေရာမှ....
"ဂျိမ်း!........"
အသံက မတိုးမကျယ်ဆိုပင်မယ့် သာမာန်လူတွေ လန့်နိုင်တဲ့အနေအထားမှာ ရေချိုးဝတ်စုံအဖြူခက်ဖားဖားနဲ့မဟော်ကတော့ အေးစက်စွာ ဝင်ရောက်သွားလေသည်။
>>>>>>>>>>>>>>>>>>
မီးရောင်ပြာလဲ့လဲ့သာရှိတဲ့ အခန်းရဲ့နှစ်ယောက်အိပ်ကုတင်ကြီးထက် တစ်ယောက်က တိုးတီးစွာစိတ်ရှည်လက်ရှည်ရှင်းပြနေသလောက် နှုတ်ခမ်းလေးဆူပြီး ဒေါသထွက်ကာ အော်ကျယ်မလေးလုပ်နေသူက ခခပင်ရယ်....
"ဟင့်အင်း မခင်ခြင်ဘူး အဲ့တိတိမနဲ့ သူကငယ်ငယ်လေးကတည်းက ကိုကို့ကို မီးဆီကလုနေကျ ခုလည်းကြည့် မီးခေါ်သလို ကိုကိုတဲ့ ဟင့် မကျေနပ်ဘူး သူ့ကို ကိုကို မခေါ်ရဘူးနော်... လုံးဝပဲသိလား... အဲ့လိုချစ်ရင် ကိုကို့ကို လုံးဝထက်မချစ်တော့ဘူး.."
ရေပြင် စောင်ပုံလေးထဲက လက်ညိုးပိစိလေးနဲ့ ကျိမ်းနေတဲ့သူမလေးကိုကြည့်ပြီး သူအသည်းယားစွာဖြင့် ထွေးပွေ့မို့လုပ်တုန်း...
"အာ..... ဘာလုပ်တာလည်း လူကိုလာမထိနဲ့နော် ကျေအေးထားတာမကြာသေးဘူး ဟွန့် "
"အဟွန်း.... ကိုကိုအရမ်းပျော်တယ်သိလား.. ခုလို ဒီက ကိုယ့်ရဲ့မီးလေးနဲ့အဆင်ပြေသွားလို့"
"အဆင်ပြေမနေနဲ့ တစ်ခါတည်းပြောထားမယ်နော် ညိုမီမဆိုတဲ့ အဲ့တိတိမနဲ့ လုံးဝမခေါ်ရဘူး.!.."
"အာ.. ဒါကတော့ကွာ...."
"ဟင်! ဘာဒါကတော့လည်း...."
"ကျစ် သူနဲ့ကဒီနေ့ပဲ ခင်တာလေ နောက်ပြီး တခြားသူလည်းမဟုတ်ဘူး မင်းရဲ့ငယ်သူငယ်ချင်းလေ"
"ဘာ ငယ်သူငယ်ချင်းလည်း မပြောနဲ့ မကြားခြင်ဘူး သူက မီးငယ်ငယ်ကတည်းက မီးအရုပ်လှလှလေးတွေဆို လုနေကြ ကိုကို့တောင် သူ့ကိုကိုတဲ့လေ"
"အဟွန်း.. ဒါကတော့ ကလေးသဘာဝ"
"ဟင့်အင်း... ခုလည်း သူက ကိုကို့ကို မီးဆီကလုခြင်နေတာ.."
ရေပြင် ရှင်းလေရှုပ်လေ ရှော့ပေးလေ ပိုကဲလေသူမလေးကြောင့် ရင်ခွင်ထဲ ခက်တင်းတင်းထွေးလိုက်ပြီး
"အဟား..... ဟုတ်ပါပြီကွာ... ကိုယ်အတက်နိုင်ဆုံး ဝေးဝေးနေမယ် ဒါပင်မယ့် ဦးလင်းဆိုတာက ကိုယ်တို့ the water worldရဲ့ main ရှယ်ယာဝင်လေကွာ.. အရမ်းကြီးတည်တင်းလို့မဖြစ်လောက်ဘူး.."
ခခ ကိုကို့အပြောကို မနာခံခြင်တဲ့ပုံလေးနဲ့ ဆူပုပ်ပုပ်လေးလုပ်လိုက်ပြီး
"ဟွန့် လူမူရေးကနည်းနည်း ကိုကိုကိုကစိတ်ပါနေတာပါ ဟွန့် မသိရင်ခက်မယ်..."
"ကျစ် ကိုယ့်ရဲ့ဂျစ်တူးလေးကလုပ်ပြီကွာ.... ကိုယ်လည်းတစ်ခါတည်းပြောထားမယ်နော်... မဟော်ဆိုတဲ့ကောင်နဲ့ မင်းနဲ့ကို ဆက်မမြင်ခြင်တော့ဘူး.."
"ဟင် အာ... အကိုမဟော်က ဘာစိတ်မှမရှိပါဘူး ဒီတိုင်း သူ့မှာအပေါင်းသင်းမရှိလို့ မီးတို့နဲ့လာပေါင်းနေတာ"
"အဟက် သူ့လို ကျောင်းဆယ်လီတစ်ယောက်က သူငယ်ချင်းမရှိဘူးဆိုတာ ဖြစ်နိုင်မလား ပြောကြည့်"
"အို ဖြစ်နိုင်နိုင် မဖြစ်နိုင်နိုင် မီးတို့ကခင်တာကြာပြီလေ"
"ကျစ် ခခ ကိုယ်စိတ်မတိုခြင်ဘူးနော် သူနဲ့လုံးဝမပေါင်းရဘူး ကိုယ်မကြိုက်ဘူး တစ်ခါတည်းပြောထားတယ်နော် တွေ့ရင်မလွယ်ဘူး"
"အာ.... ရှင်ကြီး... ရှင်ကြီး မီးနဲ့အခုပဲတည့်တာနော် လူကိုအမိန့်တွေလာပေးနေတယ် တော်ပြီ! မခေါ်တော့ဘူး.!. သွား..!. လွှတ်!"
ရေပြင် သူအသံလေးနည်းနည်းမာလိုက်တာနဲ့ အတင်းစိတ်ထတိုကာ သူဖက်ထားတာကို အတင်းထရုန်းတဲ့သူမလေးကြောင့် သူအတင်းပြန်ချုပ်ကာ
"Ok Ok မဟော်နဲ့စကားပြောခွင့်တော့ပေးမယ် တရင်းတနှီးတော့မနေရဘူး okလား..."
ခခ သူမလည်း အကိုမဟော်နဲ့အဲ့လောက် သိပ်မခင်တာမို့ ကိုကို့အပြောကိုလက်ခံတဲ့အနေနဲ့ ခေါင်းမြန်မြန်ညိမ့်လိုက်ပြီး
"မနက်ကျရင် မာမီတို့ကိုပြောမယ်သိလားကိုကို မီးနဲ့ကိုကိုအဆင်ပြေသွားပြီလို့ ခိ"
"အဟွန်း.. တက်လည်းတက်နိုင်တဲ့ကောင်မလေး.."
"ဟင် ကိုကိုဘာပြောတာလည်း!"
ရေပြင် သူတိုးတိုးလေးပြောလိုက်တာ မျက်လုံးလေးထောင့်ကပ်ပြီး ဂျစ်ကန်ကန်လေးမေးလာတဲ့သူမလေးကြောင့် သူပြုံးလိုက်ပြီး
"ဘာမဟုတ်ဘူး... အိပ်တော့ လိမ္မာတယ် ညင့်နက်နေပြီ"
"ဟွန့် မသိရင်ခက်မယ်..."
ရေပြင် အတော်ကြာသည်အထိ အသံပိစိလေးတွေကြားနေရပြီး ငြိမ်ကျသွားတော့မှ နဖူးပြေပြေလေးထက် မြတ်နိုးမဝတဲ့အနမ်းတွေခြွေလိုက်မိသည်။
'မင်းကို ပိုင်ဆိုင်ခွင့်ရလို့ ကျေးဇူးပါကလေး'
>>>>>>>>>>>>>>>>
မဟော်စံအိမ်
ဒေါ်မြင့်မဟော် breakfast စားနေတုန်း အပေါ်ထပ်ကခက်မြန်မြန်တင်းလာတဲ့ မြေးဖြစ်သူမဟော်ကိုတွေ့လိုက်တယ်ဆို
"မြေး... ညက မင်းဒယ်ဒီအခန်းထဲဝင်သွားတာတွေ့လိုက်တယ် ညဘက်တွေ မအိပ်ပျော်ဘူးလား...."
ဒေါ်မြင့်မဟော်ကအရေးတစိုက်ပြောနေသလောက် ဖိနပ်ကြိုးချည်နေတဲ့ မဟော်ကတော့
"ဒီလိုပါပဲ ဖြစ်နေကြပါ"
ဒေါ်မြင့်မဟော် သူမကိုပြောပြီတာနဲ့ အိမ်ထဲကထွက်ဖို့ခြေလှမ်းပြင်နေတဲ့ မြေးဖြစ်သူကြောင့် ပြောင်းလည်းတည်တင်သွားတဲ့မျက်နှာနဲ့အတူ
"အနာဂါတ်ရဲ့ ဇနီးလောင်းကိုတွေ့နေပြီမဟုတ်လား..."
ဒေါ်မြင့်မဟော်ရဲ့ အသံက သာမာန်အေးဆေးတည်ငြိမ်တဲ့အသံဆိုပင်မယ့် မဟော်အတွက်တော့ သတိပေးနေသလိုမို့
"အဲ့လို ရှေးအယူတွေကို ကျွန်တော်လက်မခံတာဖွားသိပါတယ်"
"ခု မင်းလက်မခံလို့မရတော့ဘူးမဟုတ်လား... ဘယ်သူလည်း... အဲ့ဒိမိန်းကလေးက ဘယ်သူလည်း.."
"ကျစ် ကျွန်တော်ခုထိ ဘာမှမသိသေးဘူးဖွား.."
"ဒါဆို မင်းဘာလို့ ဘိုးဘေးကျမ်းကို သွားဖတ်လည်း.."
ဒေါ်မြင့်မဟော်အပြောကြောင့် မဟော်ဆက်ခနဲလှည့်ကြည့်လိုက်ခြင်းနဲ့အတူ မအိပ်ရသေးလို့နီရဲနေတဲ့ မျက်ခမ်းဆက်တို့က ဆူရှနေသောမျက်ဝန်းတို့ကို ခက်ထန်ခြင်းသို့တွန်းပို့နေပြီး
"သေချာတဲ့တစ်နေ့ ကျွန်တော်ပြောမယ်ဖွား..."
မဟော်ထွက်သွားပြီးနောက် ဒေါ်မြင့်မဟော် အကြည့်တို့က တစ်ခုခုကိုစိုးထိပ်နေသယောင် အရိပ်တို့နဲ့အတူ
"မင်း ဖွားကိုပြောသင့်နေပြီ မဟော်... ဘာလို့ဆို မင်းရဲ့အနာဂါတ်ဇနီးက မင်းကြောင့်ပဲ အန္တရာယ်ဆိုးတွေနဲ့ကျရောက်ရမှာမို့....."
>>>>>>>>>>>>>>>>
"ချစ်လွန်း!"
"ဟမ်! ဟင် လန့်တာဟယ်...!. နင်ကလည်း!..."
"ဘာဖြစ်နေတာလည်း ငေးငေးငိုင်ငိုင်နဲ့ နင့်ကြည့်ရတာ မျောက်အိုမရုပ်ဖြစ်နေပြီ"
"နင်တို့ကလည်း ငါ့ဆိုပြောဖို့ပဲ ငါလည်းမသိဘူး ဒီမနက်ထကတည်းက စိတ်ထဲလေးနေတာ ဝမ်းနည်းသလိုကြီး ကျစ် မသိတော့ဘူးဟာ... ကန်တင်းသွားရအောင်"
"အေးအေး အော် ဒါနဲ့ နင်လိုက်မှာမဟုတ်လား.. တီချယ် မွေးရက်မြေကိုပြန်ပြီး ပရဟိတလုပ်မယ်ဆိုတာလေ"
ခခရဲ့ တက်တက်ကြွကြွမေးနေပုံကို မူပိုနှုတ်ခမ်းလေးမဲ့လိုက်ခြင်းနဲ့အတူ
"အမလေးဟယ်... မပိုတွေသူများပြောမနေနဲ့ နင်ကရော လိုက်ရမှာမို့လား.."
"အောင်းမား.. ဘာလို့မလိုက်ရမှာလည်း လိုက်မှာပေါ့ဟ့! ငါသိပ်လိုက်ခြင်တာလေ ခိ".
"ငါတော့ မထင်ရေးချာမထင် ဆရာလားထည့်မှာ"
"ချစ်လွန်းမ နင်နော် ငါ့ဘက်က မပါတဲ့အပြင် မူပိုနဲ့ပေါင်းပြီးတော့ တော်ပြီ နင်တို့နဲ့မခေါ်တော့ဘူး ကန်တင်းလည်းငါတစ်ယောက်ထဲသွားတော့မယ် ဟွန့်"
ချစ်လွန်းနဲ့မူပို တကယ်ကြီးတစ်ယောက်ထဲ ထထွက်သွားတဲ့ ခခကြောင့် သူမတို့လည်း ကမန်းကတန်းပြေးလိုက်ရကာ
"နေပါအုန်း သဲလေးရဲ့ ကိုယ်တို့လည်းလိုက်မှာပေါ့ နေပါအုန်း.."
ခခ နောက်ကနေ လိုက်နောက်ပြီး ပြေးလာကြတဲ့ ချစ်လွန်းမတို့ကြောင့် ပြုံးလိုက်ပြီး
"လာနောက်မနေနဲ့ နေခဲ့ကြ ငါ့ကိုကျ နည်းနည်းပါးပါး မရဘူးထင်ရင် ဝိုင်းပြောပေးမယ်မရှိဘူး မလိုက်လေကောင်းလေထင်နေကြတာမဟုတ်လား..."
"ဟီး... နောက်တာပါ သူငယ်ချင်းလေး သုံးယောက်ရှိတာ တစ်ယောက်ကျန်ခဲ့လို့ဘယ်ဖြစ်မလည်း... ပြောပေးမှာပေါ့ဟ့ မရဘူးထင်ရင် ခိုးတောင်ထုပ်ပေးမှာ"
"ဟင် တကယ်လား.."
"အဟွန်း.. တကယ်ပေါ့ဟ့ ခုတော့ အဲ့ကိစ္စခေါင်းထဲထုပ်လိုက်အုန်း first semester ဖြေပြီးမှဟာ"
"ခိ အေးနော်.."
"အေး နင်ကိုကစိတ်အားထက်သန်နေတာလေ နင့်အိမ်ကတားမြစ်ထားတဲ့ကိစ္စတွေဆို"
"ခိ နင်တို့ကလည်း..."
"ဟယ် ဟိုမှာ အကိုမဟော်"
"အ့!"
မူပို အကိုမဟော်ကိုတွေ့လို့ လက်ညိုးထိုးပြရုံရှိသေး ရုပ်တရက် ခွေကနဲဖြစ်သွားတဲ့ ချစ်လွန်းကြောင့်
"ဟင်! ချစ်လွန်း... ဘာဖြစ်တာလည်း.."
"မသိဘူး ရင်ဘက်ထဲက အောင့်ခနဲဖြစ်သွားလို့"
"အေးအေး ဒါဆို ဆေးပေးခန်းသွားရအောင် လာလာ"
"နေနေ ကောင်းသွားပြီ ဘာဖြစ်မှန်းမသိဘူး စစ်ခနဲထဖြစ်တာ"
"ရရဲ့လားဟယ်..."
"ရတယ် ဘာမှမဖြစ်ဘူး..."
မဟော် ခက်ဝေးဝေးကတည်းက ခခကိုကြည်လာတဲ့မျက်ဝန်းတွေက မျက်တောင်တစ်ချက်မခက်ပင်။ သူမလေးလား........
◾◾◾◾◾◾◾◾◾◾◾◾◾◾◾
စာဖတ်သူအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နဲ့ပြည့်စုံပြီး တစ်ခဏတာမျှ စိတ်အမောတွေ ပြေနိုင်ကြပါစေရှင်🙏
စာဖတ်သူများကို အစဥ်လေးစားလျှက်
#မြူခိုးဝေဝေ