book

Index 23

အပိုင်း (၂၃)

ကိုကို့မို့ ချစ်တာလို့ ☹



"ချစ်လွန်းရေ မိချစ်.... အအေးတစ်ခုခုစီစဥ်ခဲ့စမ်းပါ ဒီမှာ မဟော်ရောက်နေလို့"


ချစ်လွန်း ကျောင်းပိတ်ရက်က ဒီနေ့နောက်ဆုံးမို့ အပြီပြင် ဇာတ်လမ်းတွဲကြည့်နေပါတယ်ဆို အသံဆိုးကြီးနဲ့ အော်ခေါ်နေတဲ့ ကိုကြီးကြောင့် နှုတ်ခမ်းလေးအလိုလိုဆူသွားမိသည်။ အရေးထဲ ဟိုလူကတစ်မျိုး...


"တွေ့အုန်းမယ် ချစ်လွန်းအကြောင်း ကောင်းကောင်းမှတ်သွားစေရမယ် အဟွန်း ဟွန်း"


ချစ်လွန်းရဲ့ အကြံပိုင်ပြီဆိုတဲ့ လူယုပ်မာပြုံးလေး ပြုံးလိုက်သည်က ချစ်စရာလေးပင်။


"ဟျောင် မင်းမလာတာ အတော်ကြာနေပြီနော်... ဘယ်တွေ လိုက်ပွေနေတာလည်း.."


"အဟွန်း... ဒီလိုပဲ မင်းဆီစိတ်လည်လာလို့ဆိုပါတော့"


"အေးပါ မင်းဘယ်ချိန်လာလာ ငါကတော့ welcomeပဲ အာ ဒါနဲ့ မနက်ဖြန်ဆိုရင်တောင် မင်းဒယ်ဒီဆုံးတာ၁၆နှစ်ရှိပြီနော် ဘယ်လိုလည်း ငါလိုက်ခဲ့ရအုန်းမလား.."


"အဟွန်း... ရပါတယ် ငါတစ်ယောက်တည်းပဲသွားလိုက်မယ်"


ခန့်ထည်ဝါ နာကျင်ရိပ်တို့သန်းနေတဲ့ မဟော်မျက်နှာကိုကြည့်ပြီး သူခေါင်းမှန်မှန်ငြိမ့်လိုက်မိသည်။


"အအေးရပါပြီရှင့် ဂွပ်!"


"ဟ! ချစ်လွန်း ဖြေးဖြေးချလေ ဧည့်သည်ကိုမလေးစားရာရောက်တယ်"


ချစ်လွန်း တမင် ခက်စောင့်စောင့်လေးချလိုက်တာကို သူ့သူငယ်ချင်းရှေ့အပြီအပြင်ဟောက်နေတဲ့ကိုကိုကြောင့် နှုတ်ခမ်းလေးဆူပြီး


"ချစ်လွန်းတော့ ဒီလိုပဲ ချတက်တယ် ကိုကြီးမကြိုက်ရင် နောက် ချစ်လွန်းကိုမခိုင်းနဲ့ပေါ့ ဟွန့်"


"အောင်းမား.... အေးအေး နင်လုပ်ထား ပြီးမှငါနဲ့တွေ့မယ်"


ခန့်ထည်ဝါ ခေါင်းကိုချာကနဲနေအောင် မျက်စောင်းထိုးပြီး စောင့်စောင့်အောင့်အောင့်ထွက်သွားတဲ့ ချစ်လွန်းကြောင့် အသည်းတယားယားဖြစ်နေမိသည်။ မဟော် ငခန့်တို့ မောင်နှမနှစ်ယောက်ကိုကြည့်ပြီး သူပြုံးလိုက်ကာ


"နေပါကွာ... ပြီးရင် မင်းလည်းနိုင်တာမဟုတ်ပဲနဲ့"


"ဟုတ်တယ်ကွာ... တကယ်မနိုင်ဘူး... ဒီကောင်မလေးကို နိုင်တဲ့သူနဲ့ကို ပေးစားပစ်အုန်းမယ်"


"အာ... ချစ်လွန်းက ငယ်ပါသေးတယ်ကွ"


"အဟက် မင်းထင်လို့ပါကွာ... ငယ်သာငယ်တာ သူ့အခန်းထဲသွားကြည့် သူ့ကိုပေးထားတဲ့ ရည်းစားစာတွေဆိုတာနည်းတာမဟုတ်ဘူး"


"ဟားဟား မင်းညီမလို ဟိုမကျဒီမကျကိုတောင် ကြိုက်တဲ့သူရှိတယ်ပေါ့ ဟားဟား"


"ဟာ ဟျောင် ဒါတော့မင်းများသွားပြီကွာ.."


"အဟွန်း နောက်တာပါကွ...."


မဟော်ပြောလည်းပြော သူရှေ့က အအေးခွက်လေးကို ယူသောက်လိုက်တယ်ဆို


"ဖူး!းး ဖူး!းးး ဖလှတျ!"


"ဟာ! မဟော်!.."


"ဒေါက် ရှီး.... ဟား... ဘာကြီးလည်းကွာ.... ချဥ်စုပ်နေတာပဲ......"


ခန့်ထည်ဝါ မဟော်အဖြစ်ကိုကြည့်ပြီး မျက်နှာတင်းခနဲဖြစ်သွားပြီး


"ချစ်လွန်း!!! ချစ်လွန်း!!! မိချစ်လွန်း!!! နင်လာခဲ့စမ်း!!"


အတော်ကြာသည်အထိ အသံတိပ်ကောင်းနေဆဲ ချစ်လွန်းကြောင့် ခန့်ထည်ဝါ ထမယ်လုပ်လိုက်တယ်ဆို


"ကျစ် နားညီးလိုက်တာကွာ.. အခုလောက်ဆို ဟိုက ဘယ်ရောက်သွားပြီလည်းတောင်မသိဘူး ထားလိုက်တော့ မင်းညီမက ငါ့ဆို မေတ္တာသိပ်ရှိပုံမရဘူး.."


ခန့်ထည်ဝါ မဟော်စကားကြောင့် အားနာသွားဟန်နဲ့ 


"Sorryကွာ... မင်းမို့လို့တော့ဟုတ်မယ်မထင်ပါဘူးကွာ... ဒီကောင်မလေးက သူမလုပ်ခြင်တဲ့အလုပ်ခိုင်းရင်အဲ့လိုပဲကွ"


"အေး မင်းလည်းကြည့်သာနေ သူမကျေနပ်တဲ့နေ့ လူမသိသူမသိသေနေအုန်းမယ်"


"ကျစ် မင်းကလည်း အဲ့လောက်တော့မဟုတ်ပါဘူးကွ..."


အိမ်ရှေ့မှာ ခုထိပြောဆိုနေကြဆဲဖြစ်ပင်မယ့် တံခါးပိတ်ပြီး ဇာတ်လမ်းတွဲကြည့်နေတဲ့ ချစ်လွန်းကတော့ ဒူးနှံ့လို့ပင်။ သူမသိတာပေါ့ သူမအကိုက သူမပေါ်ဆို အော်မယ်ဟစ်မယ်သာရှိတာ တကယ့်လက်တွေ့ကျ အာပလာဆိုတာ


"အဟွန်း..."


>>>>>>>>>>>>>>>>


"မီးလေး ဟိုရောက်ရင် အပြင်တွေသိပ်မထွက်နဲ့နော် ကိုယ်ကနေကောင်းတာမဟုတ်ဘူး... ဖြစ်တိုင်ရင် ဒီနေ့ကျောင်းသွားပါနဲ့လား သမီးရယ်...."


ဒေါ်မေမီအပြောကြောင့် ဆန်ပြုပ်ပူပူလေးသောက်နေတဲ့ ခခ မျက်နှာလေးရှုံ့မဲ့သွားပြီး


"ဟင့်အင်း မသွားလို့မရဘူး မာမီရဲ့ ဒီနေ့မီးtutorialတွေ နှစ်ချိန်တောင်ရှိတယ် ပြီးတော့ အပေါက်ဆိုးတဲ့ဆရာတွေကြီးပဲ"


ဒေါ်မေမီ ခခအပြောကြောင့် မသွားစေခြင်ပင်မယ့်လည်း 


"ကဲ.... မဖြစ်မနေဆိုရင်လည်း သွားရမှာပေါ့ကွယ်.. ဒါမယ့် ဆေးတော့ အချိန်မှန်သောက်နော်မီးလေး..."


"ဟုတ်"


"ဟုတ်မနေနဲ့ မင်းဒီနေ့ကျောင်းမသွားနဲ့တော့ မင်တို့အတန်းပိုင်ကို ခွင့်လှမ်းတိုင်ပြီးပြီ"


ခခ လူမမြင်ရသေးဘူး အမိန့်သံအရင်ကြားနေရတဲ့ ကိုကို့ကြောင့် သူမကိုင်ထားတဲ့ဇွန်းကို ခက်စောင့်စောင့်ချလိုက်ခြင်းနဲ့အတူ မတ်တက်ထရပ်လိုက်ပြီး


"မရဘူး မီးသွားမှာ ဒီနေ့က အရေးကြီးတယ်"


ရေပြင် သွားမယ်လို့ပဲပြောနေတဲ့သူမလေးက ဖျော့တော့တော့မျက်နှာလေးနဲ့ သိသိသာသာပိန်ကျသွားတာသိသာသည်။ ချူချာတက်လွန်းတဲ့သူမလေးကြောင့်


"ကျစ် tutorialတစ်ခါလောက် မဖြေရုံနဲ့ စာမေးပွဲကျသွားတဲ့သူ ငါမတွေ့ဘူးသေဘူးခခ မင်းအပိုတွေလုပ်မနေနဲ့ နေခဲ့လိုက် မာမီ ကိုကြီကိုလည်းလိုက်မပို့ခိုင်းနဲ့တော့"


"သားကြီးက ဒီနေ့မနက်အရေးကြီးလို့ စောစောသွားပြီသားရဲ့ မာမီက မီးလေးကို သားနဲ့ထည့်ပေးမလို့ရယ်.."


ရေပြင် ကိုကြီးထွက်သွားပြီဆိုတာကြောင့် အကျေနပ်ကြီးကျေနပ်နေမိသည်။ တပြင့်ဆိုမရဘူး ဒီကောင်မလေး အတင်းဂျီတိုက်မှာ


"ပိုကောင်းတာပေါ့ ကျွန်တော်လည်းခေါ်မသွားဘူးမာမီ ဒီနေ့မှ အဖျားစတာဆို​တော့ မခေါ်သွားခြင်ဘူး"


"အေးကွယ်.. မာမီလည်း ဒီလိုပဲဖြစ်စေခြင်တာပါ"


ခခ သူမကိုအလယ်ကထားပြီး သူမမရှိသည့်အလား ပြောဆိုနေကြတဲ့ ဟိုလူကြီးနဲ့မာမီကြောင့် အလိုလိုဝမ်းနည်းလာကာ...


"ဟင့် အဟင့် အီးးးးးးးး သူများသွားခြင်ပါတယ်ဆို............."


စပြီခခတို့ ရေပြင် မာမီကို ချောပေးပါအုန်းဆိုတဲ့သဘောနဲ့ မျက်နှာရိပ်မျက်နှာကဲပြလိုက်ပြီး ဖိုင်းအိပ်ဆွဲပြီးထွက်လာလိုက်သည်။ 


ခခ သူမပြောနေရင်းနဲ့ သူမကိုဂရုမစိုက်သလိုထွက်သွားတဲ့ ကိုကို့ကြောင့် ဒေါသတို့ပိုထွက်လာကာ


"အီးးးးးးး တွေ့လားမာမီ! မီးလိုက်ပါ့မယ်ဆို... ဟီးးးးးးးးး"


"အော်... မီးလေးရယ်.... သားက မီးလေး ပိုဖြစ်မှာဆိုးလို့ပါကွယ်.... တိပ်တိပ် အရမ်းမငိုရဘူး.. တော်ကြာ ခေါင်းကိုက်နေမယ်နော်"


"ဟင့် အဟင့် ဟီးးးးးး"


ရေပြင်ကားတံခါး မပိတ်ခင်ထိ ကြားနေရတဲ့ သူမလေးငိုသံကြောင့် သူစုပ်သက်ခေါင်းခါနေမိသည်။ သူမလေးက အဲ့လိုပါပဲ နေမကောင်းရင် အမြဲဂျီကျတက်တာ.... 


"ဟူး...."


ရေပြင် သက်ပြင်းရှည်ကြီးချရင်း လေးပင်စွာ ကျောင်းကိုထွက်လာလိုက်သည်။


>>>>>>>>>>>>>>>>


ချစ်လွန်းနဲ့မူပို ပထမအချိန်မှာတင် tutorialဖြေ တာမို့ ခခကို လည်တစ်ဆန့်ဆန့်နဲ့ဆောင့်နေမိသည်။ 


"ကျစ် ခခကလည်းမလာသေးဘူးဟာ... ဖုန်းကလည်းမကိုင်ဘူး..."


"အေးလေ ဆရာမကလာတော့မယ် အရေးကြီးပြီဆို ခခတို့ကလုပ်ပြီ"


"မူပို..."


မူပိုနောက်က သူမကိုခေါ်လိုက်တဲ့ ဆရာ့အသံကြောင့်


"ရှင် ဟယ် ဆရာ ခခမပါဘူးလား..."


"သူမလာဖြစ်တော့ဘူး နေသိပ်မကောင်းလို့ ခွင့်မတိုင်နဲ့တော့သိလား ငါတိုင်ပြီးပြီ"


"ဟုတ်ကဲ့ သမီးတို့လည်း ခခကိုဖုန်းခေါ်နေတာမရလို့အခုပဲပြောနေကြတာ"


"အွန်း သူ့ဖုန်းပါယူလာတာ တစ်နေကုန်ဖုန်းပဲကြည့်နေမှာဆိုးလို့ ဒါဆို သွားပြီ"


"ရှင် ဟုတ် ဟုတ်"


"ဟဲ့ ဆရာက ချစ်လွန်းကိုအတော်ဂရုစိုက်တယ်နော်.."


"ဂရုစိုက်မှာပေါ့ ချစ်တာကိုဟဲ့"


မူပို ချစ်လွန်အပြောကြောင့် ခေါင်းလေးကုပ်ပြီး


"မသိဘူးလေ ငါ့မျက်လုံးထဲမှာတော့ ချစ်လွန်းကအရမ်းချစ်ပြပြီး တန်းတန်းဆွဲကြီးလေ ဆရာကကျ ကျောက်ရုပ်ကြီးတိုင်းဆိုတော့ ငါလည်း ဆရာချစ်တယ်လို့ဘယ်ထင်မလည်းဟဲ့"


"အေးအေး ကောင်းတယ် အဲ့တိုင်းဆက်ထင် အဲ့ဒါကြောင့် နင်ရည်းစားမရသေးတာ"


"ဟဲ့ အဲ့ဒါနဲ့ဘာဆိုင်လို့လည်း.."


"ဆိုင်ဆိုင်မဆိုင်ဆိုင် နင်မဟုတ်လို့လား...."


"ချစ်လွန်းမ နင်နော်....."


"နင်နော် လုပ်မနေ....."


"ဟဲ့! ဟဲ့! ဟို ဟိုမှာကြည့်စမ်း... ညိုမီနဲ့ဆရာ..."


ချစ်လွန်း သူမစကားမဆုံးခင် မူပိုရဲ့ မျက်လုံးအပြူးသားနဲ့စကားကြောင့် သူမလည်းလှည့်ကြည့်လိုက်တယ်ဆို


"ဟယ် ရယ်နေကြတယ်ကြည့်စမ်း.. နေအုန်း.. ငါ မှတ်တမ်းယူရမယ် ဘယ်ရမလည်း.. ဒီလိုတော့လာမလုပ်နဲ့ ငါသူငယ်ချင်းကကျ အိမ်မှာဖျားနေတယ် သူတို့ကျ.."


မူပို ချစ်လွန်းရဲ့ ဖုန်းထုပ်ရိုက်နေပုံကို မျက်လုံးဝိုင်းလေးနဲ့ကြည့်နေပြီး


" နင် နင်ပြောတော့ ဆရာက ချစ်ပါတယ်ဆို.."


"အို ဒါကတော့ အချိန်နေအချိန်ခါကိုလည်းကြည့်ရသေးတယ် နင့်ပြောလည်းဒါတွေနားလည်မှာမဟုတ်ပါဘူး.."


"အော် အဲ့လိုလည်းကြည့်ရသေးတယ်လား.."


"ဟုတ်တယ်"


ချစ်လွန်းတစ်ယောက်ကတော့ မူပိုမေးတာကို တရဆက်ပြန်ဖြေရင် မှတ်တမ်းယူနေတဲ့ ဖုန်းကလည်း တရဆက်ပင်။


"အဟား..... ဦးလင်းရဲ့သမီးလို့ မီ့ကိုတကယ်မသိဘူး.... စောစောကမပြောဘူး ဦးလင်းတို့ကိုလည်း ပြောလိုက်ပါအုန်း အိမ်ကိုလာလည်ပါအုန်းလို့"


"ဟိ ဟုတ်ဆရာ မီကအရင်ကတည်ကပြောမို့ပါ ဆရာက အရမ်းကြီးတည်နေတော့ မပြောရဲလို့"


"ဟား မီကတော့ကွာ... ဒါနဲ့မီးလေးကနင့်ကိုသတိနေတာ ငယ်ငယ်က မီအိမ်ပြောင်းသွားတုန်ကဆို လေးငါးရပ်တောင်ဖျားလိုက်သေးတယ်"


"အဟွန်း.. မီလည်း အဲ့တုန်းကလွမ်းပါတယ် ပြန်တွေ့ကတည်း​က မျက်မှန်းတမ်းမိပါတယ် တမင်မခေါ်တာ သူ့ဘေးမှာအဖော်တွေရှိတယ်လေ"


"အာ... အဲ့ဒါကလည်း မီတို့နဲ့တူတူဆော့ခဲ့တဲ့ချစ်လွန်းတို့ပဲလေ အိမ်ရောက်မှပြောရအုန်းမယ် တိတိကိုတွေ့ခဲ့တယ်လို့ ခခတော့ ဘယ်လောက်ပျော်နေမလည်းမသိဘူး..."


ညိုမီ သူမငယ်နာမည်ကိုခေါ်ရင်း သူမကိုတွေ့လို့ပျော်တာမဟုတ်ပဲ ပန်းမြိုင်လယ်ဆိုတဲ့ သူမငယ်စဥ်ကတည်းက မနာလိုခဲ့ရတဲ့ကောင်မအတွက်တဲ့လေ


"အဟွန်း..."


မီအသက်မပါတဲ့အပြုံးတစ်ချို့နဲ့ 


"ဒါဆို မီသွားအုန်းမယ်နော် ကိုကို"


ရေပြင် မီဆီကကိုကိုဆိုတဲ့နာမည်ကြောင့် တမျိုးဖြစ်သွားပင်မယ့် ငယ်ငယ်ကလည်း မီးလေးမကြိုက်လည်း ခေါ်နေကြမီကြောင့် သူပြန်ပြုံးပြလိုက်ပြီး


"အွန်း ဒါဆိုကိုယ်သွားပြီ"


"ဟုတ်"


ထိုအဖြစ်အပျက်အစုံကို ခခဆီပို့ဖို့လုပ်နေသူက ချစ်လွန်းရယ်ပါ...


"ခခဖုန်း အိမ်ပြန်ရောက်ချိန်မှ ပို့ရမယ် ဘယ်ရမလည်း ငါ့သူငယ်ချင်းကိုဒီလိုလာမလုပ်နဲ့"


"ဟဲ့ ဖြစ်ပါ့မလား တော်ကြာရန်တွေဖြစ်ကုန်မှဟယ်..."


"အော် ဖြစ်ပါစေ သိပ်ချစ်တယ်ဆိုတဲ့ယောက်ျားတွေကမှ အကြောက်ရဆုံးပဲ"


"ဟွန် နင်ပဲအမျိုးမျိုး..."


"အေး ငါပြောတာတွေမှတ်ထားမူပို မယုံရဆုံးလူသားထဲမှာ ယောက်ျားတွေက ထိပ်ဆုံးကပဲ...."


>>>>>>>>>>>>>>>


ဟောင်းနွမ်းတစ်ချို့ သစ်လွင်ဆဲတစ်ချို့ဖြစ်တဲ့ ဆီရီစွာရှိနေတဲ့ အုပ်ဂူတွေကြား အနက်ရောင်ဝတ်စုံပြည့်နဲ့ ရပ်နေသူက မဟော်ပင်။ စိမ်းပုပ်ပုပ် မိုးလုံလေလုံအုပ်ဂူကြီးထပ် အဖြူရောင် ဂန္ဒမာပန်းစည်းကြီးကနေရာယူလျှက် ထိုဘေးနားမှာတော့ မလှုပ်မရှက် တည်ငြိမ်နေတဲ့ မျက်လုံးအစုံက တစ်ခုခုကို ကတိပေးနေသယောင်ရှိတဲ့ မဟော်....


'ကျွန်တော် သူ့ကိုတွေ့ပြီဒယ်ဒီ ဒယ်ဒီဖြသ်ခြင်တာတွေကို လျစ်လျှူရှူ့ဖို့လုပ်ခဲ့ပင်မယ့် ကျွန်တော်အခု ကတိပေးတယ်ဒယ်ဒီ ဒယ်ဒီပြောခဲ့တဲ့စကားအတိုင်း ပန်းမြိုင်လယ်ဆိုတဲ့ကောင်မလေးက သားရဲ့ဇနီးဖြစ်လာစေရမယ်...'


◾◾◾◾◾◾◾◾◾◾◾◾◾◾◾


စာဖတ်သူအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နဲ့ပြည့်စုံပြီး တစ်ခဏတာမျှ စိတ်အမောတွေ ပြေနိုင်ကြပါစေရှင်🙏


စာဖတ်သူများကို အစဥ်လေးစားလျှက် 

#မြူခိုးဝေဝေ


rate now: