book

Index 22

အပိုင်း (၂၂)

ကိုကို့မို့ ချစ်တာလို့ ☹


"ဘွား..."


"ရှင့်"


"ဟိုလေ... ဟို...."


ဒေါ်မေမီ မြေးဖြစ်သူ ခက်ထန်လေးရဲ့ တဟိုဟိုနဲ့ ခနာမငြိမ်တဲ့ မျက်လုံးကြောင့် သူမပြုံးလိုက်ပြီး


"အဟွန်း.... ပြောပါရှင်.... ဘာလည်း ချိုချဥ်စားခြင်ပြန်ပြီလား...."


"ဟင် မဟုတ်ပါဘူး ဘွားရ ဟိုလေ.... တီလေး...."


"ဘာကိုတီလေးလည်း ​မြေးလေးရဲ့ ဘွားကိုသေချာပြောလေကွယ်...."


မင်းခက်ထန်လေး ဘွားကိုပြောခြင်ပင်မယ့် မေမေကမပြောရဘူးဆိုတာကြောင့် မေမေ့ကို မျက်လုံးလေးနဲ့ ဘေးပတ်ချာလည်လိုက်ရှာလိုက်ပြီး မရှိဘူးဆိုတာ သေချာသွားမှ


"ဟို တီလေးညက သားနဲ့လာမအိပ်ဘူးဘွား..."


"ဟေ! ဘယ်လို..."


ခက်ထန်လေး ဖွားရဲ့ မျက်လုံးမျက်ဆန်ပြူးပြီး တအံတသြပုံစံကြောင့် ပြောမိတာမှားပြီဆိုတဲ့အတွေးနဲ့ ချွေးတို့ပင်ဆို့လာသည်အထိပင်။


ဒေါ်မေမီ သိပ်သိသာသွားတဲ့ သူမရဲ့အပြုမူကြောင့် နဖူးစပ်လေးတွေမှာချွေးလေးတွေစို့လာတဲ့မြေးဖြစ်သူကြောင့် သူမအပြုမူကိုအမြန်ထိန်းလိုက်ပြီး


"အဟွန်း.... တီလေးကဘာလို့ မြေးနဲ့လာမအိပ်တာလည်းကွဲ့ ရန်ဖြစ်ထားကြပြန်ပြီလား..."


ခက်ထန်လေး ပြုံးသွားတဲ့ ဒေါ်မေမီမျက်နှာမြင်မှ သူလည်း ပြုံးပြုံးရယ်ရယ်လေးနဲ့


"ခိ မဟုတ်ဘူးဘွားရဲ့ တီလေးက ကယ်လေးနဲ့သွားအိပ်တာ..."


"ဘယ်လို!"


"ဟင်"


ဒေါ်မေမီ နောက်က စကားထောက်သလို တအံတသြအသံကြောင့် လှည့်ကြည့်လိုက်တော့


"မယ်မယ်......"


"အေး..... ကျုပ်မပြောဘူးလား.... ဒီကလေးတွေ လူကြီးတွေကို အရူးလုပ်နေကြတယ် ခုကြည့်  တိပ်တိပ်လေးပြန်တည့်သွားကြပြီနေမှာပေါ့ ဘယ်မှာလည်း မြေးငယ်... ခေါ်လိုက် ဒီကိစ္စ သေချာမေးရမယ်..."


ဒေါ်မေမီ ဒေါ်ခေမာရဲ့စကားကြောင့် လှုပ်လှုပ်ရှားရှားဖြစ်သွားကာ


"ဟို အဲ့ အဲ့လိုမမေးပါနဲ့အုန်းလားမယ်မယ်ရယ်... မယ်မယ့်မြေးငယ်အကြောင်းလည်းသိရဲ့နဲ့ တော်ကြာရှက်ပြီး တစ်မျိုးတစ်ဖုံလွဲချော်သွားမှဖြင့် ခုလိုလေးနှစ်ယောက်သားတည့်နေတာကို မီတို့ မသိခြင်ယောင်ဆောင်နေပေးလိုက်ရင် မကောင်းဘူးလားဟင်"


အပြောအဆို သိမ်မွေ့လှတဲ့ ဒေါ်မေမီစကားကြောင့် ဒေါ်ခေမာ တစ်ချက်တွေဝေသွားပြီးမှ


"အင်း.... အဲ့လိုပဲလုပ်ကြတာပေါ့အေ..... ဒီကလေးတွေကိုက ဆိုးလွန်းနေတာပါအေ... တစ်ယောက်နဲ့တစ်ယောက်က သံယောဇင်မရှိကြတာလည်းမဟုတ်ဘူး သူတို့နှစ်ယောက်ကြား ကျုပ်မြစ်လေးတစ်ယောက်ထက်ရမှကို အေးမှာ.... အဲ့ဒါမှ ထစ်ကနဲဆို ကလေးစိတ်ဝင်မနေကြမှာလေ"


"အဟွန်း... အဲ့ဒါတော့ဟုတ်တယ် မယ်မယ် မီးလေးက ငယ်သေးပင်မယ့် မီလည်း မြေးကလေးတစ်ယောက်လောက်လိုခြင်သေးတယ် မြေးလေးရော... လိုခြင်လား..."


"ခိခ် သားသားက ညီမလေးလိုခြင်တယ် ဘွား..."


"အေးအေး အဲ့ဒါမင်းတီလေးရှေ့သွားပြော တက်တော့ ချက်တော့မလို ထစိတ်ဆိုးလိုက်မယ်.."


"ခိခိ ခ်"


"အဟွန်း.. ဟွန်း.."


>>>>>>>>>>>>>>>>>>


"ပန်းမြိုင်လယ်.... ပန်းကလေး...."


"ဟမ်! ဟင်! ရှင်!"


ခခ ရုပ်တရပ် ရုပ်ရှင်ကြည့်နေတုန်း ဘေးနားက ကိုကိုတစ်ခါတစ်လေခေါ်တက်တဲ့နာမည်ကို ထခေါ်ချလိုက်တဲ့ အကိုမဟော်ကြောင့် သူမကိုကိုအထင်နဲ့ လန့်သွားမိတာတော့အမှန်ပါ။ ဒီနာမည်လေးက ကိုကို တစ်ခါတစ်လေ သူမပေါ်နွေးနွေးထွေးထွေးဆက်ဆံတိုင်း ခေါ်တက်တဲ့နာမည်လေးပင်။ 'အို... ခခ နင်ဘယ်လိုဖြစ်လို့သတိရနေတာလည်း ကျစ် ရုပ်ရှင်ကြည့်မိခ ရုပ်ရှင်ကြည့်'


မဟော် သူ့ကိုထူးပြီးတယ်ဆို မျက်နှာလေးချက်ခြင်းညှိုးသွားလိုက် ချက်ခြင်းခေါင်းတွေခါပြီး ရုပ်ရှင်ကိုပြူးပြဲကြည့်နေတဲ့ သူမလေးကြောင့် သူပြုံးလိုက်မိသည်။ ဘယ်လိုနေနေ မင်းချစ်ဖို့ကောင်းတယ်ခခ


"ရုပ်ရှင်ကြည့်ရတာ အိပ်ခြင်လာရင် အချဥ်ထုပ်စားလေ ပန်းလေး"


"ဟင် ဟို ခခမအိပ်ခြင်လို့မစားတော့ဘူး အကိုမဟော် ဟိုလေ တစ်မျိုးမထင်နဲ့နော် ဟိုလေ... ခခကိုလေ ပန်းလေးလို့မခေါ်ပါနဲ့လားဟင် အဲ့နာမည်လေးက ကိုကိုတစ်ယောက်တည်းတွက်မို့ပါ"


ခခအပြောကြောင့် အမှောင်ရိပ်အောက်မှာ မဟော်မျက်နှာ မဲခနဲဖြစ်သွားပင်မယ့် ချက်ခြင်းဆိုသလို


"အဟွန်း ဟွန်း ဟုတ်ပါပြီကွာ.. မခေါ်တော့ဘူးနော် ဒါမယ့် ကိုယ်ဘယ်လိုခေါ်ရမယ်ဆိုတာတော့ မင်းပြောပေးအုန်းလေ တစ်ခုပဲ သူများတွေနဲ့မတူရဘူးနော် ကိုယ်က ကိုယ်တစ်ဦးတည်းသီးသန့်ပဲဖြစ်ခြင်တာ"


ခခ အကိုမဟော်ရဲ့စကားကြီးက စိတ်ထဲတစ်မျိုးကြီးမို့ ခက်ဝါးဝါးအကိုမဟော်မျက်နှာကို ပါးလေးတွေ မို့တက်သွားသည်အထိ ပြုံးပြလိုက်ပြီး


"နောက်ပြီ အကိုမဟော်ကတော့ အားလုံးခေါ်သလိုခခပဲခေါ်လိုက်တော့လေ ခခနာမည်က ခေါ်ရခက်လို့ အဟွန်း.."


ခခစကားကြောင့် မဟော်မျက်နှာ မဲ့တည့်တည့်ဖြစ်သွားပင်မယ့် 


"အဟွန်း... ရပါတယ် ပိုင်ရှင်ကခေါ်တာမကြိုက်တော့လည်း ကိုယ်ကဘာတက်နိုင်လည်း.."


"အာ... မဟု....."


"ဟဲ့ ပြန်ရအောင်လေခခ ကားကပြီးသွားပြီ ငါရှူးပေါက်ခြင်လို့ မြန်မြန်ထပါဟာ..."


ခခ သူမစကားမဆုံးခင်ပဲ အပြူးအပြဲသူမကို တွန်းထိုးထခိုင်းနေတဲ့ ချစ်လွန်းကြောင့် သူမလည်း ကြောင်အန်းအန်းထထွက်လာလိုက်တော့သည်။ အပြင်ရောက်တော့မှ အကိုမဟော်ကို ကားဆီမှာပဲဆုံမယ်ပြောကာ ခခတို့ သန့်စင်ခန်းဘက်ထွက်လာခဲ့ကြသည်။


"ဟဲ့ ကားကဘာဖြစ်သွားလည်းဟင် နောက်ဆုံးလေးတောင်မသိလိုက်ရဘူး ကျစ်"


"ဘယ်သိမလည်း လေပေါနေတာကို မပြောခြင်ဘူး ဟိုကလည်း ရုပ်ရှင်လာကြည့်ပါတယ်ဆို နင့်ကြည့်ဖို့လာလားမှတ်ရတယ် ခခနော် ငါတစ်ခါတည်းပြောထားမယ် အဲ့လူကို နင်သိပ်အရောမဝင်နဲ့"


"အေးပါ... ဒါမယ့်အကိုမဟော်ကအဲ့လိုလူမျိုးတော့မဟုတ်လောက်ပါဘူးဟာ နင်ကလည်း.. နင့်ကိုကြီးနဲ့လည်း သူငယ်ချင်းပဲဟာ"


"သူငယ်ချင်းရုံမက ဘာကြီးဖြစ်ဖြစ်ဟာ အဲ့လူကိုငါ သိပ်ကြည့်မရဘူး သူ့သူငယ်ချင်း မျိုးဘယ်သူဆိုလည်း အဲ့လူနဲ့တောင် နင်တွဲတာတွေ့တော့လိုလား တို့ဆီမှာကြီးပဲ ကြာရင် ကျောင်းကလူတွေပြောတော့မယ် သူကအရင်ကတည်းက ကျောင်းမှာပေါ်ပင်ဖြစ်နေတာနော်"


"အမယ်လေး... အေးပါဟယ် အေးပါ....... မူပိုရေ နင်နဲ့ငါတော့ ချစ်လွန်းကိုအမေတော်ထားရသလိုပဲ"


"ခိ နင်ကလည်း..."


အနေအေးတဲ့ မူပိုကတော့ ခခပြောတာကို မျက်မှန်လေးပင့်တင်ပြီး ရယ်နေလေရဲ့


>>>>>>>>>>>>>>>


ရေပြင် အခန်းထဲမှာလမ်းလျှောက်နေတာ ဘယ်နှစ်ခေါက်မှန်းပင်မသိတော့ပေ။ အခန်းထဲကနာရီကြည့်လိုက် ခြံရှေ့က ကားသံနားထောင်လိုက်နဲ့ တစ်နေလုံး စာအုပ်ပင် ကောင်းကောင်းမကိုင်နိုင်ခဲ့။


"ကျစ် ညနေပဲစောင်းနေပြီ ရုပ်ရှင်ကြည့်တာ ဒီလောက်ကြာရလား... ကျစ်"


ရေပြင် နာရီကြည်လိုက် စုပ်သက်လိုက်နဲ့ ယောက်ယပ်ခက်နေကာ အောက်ထပ်ခဏဆင်းလာလိုက်သည်။ အောက်ထပ်ဆင်းတာ ဒီတစ်ခါနဲ့ဆို တစ်ညနေထဲ လေးခါရှိပြီဆိုတာတော့ ရေပြင်တစ်ယောက် သတိမူမိမယ်မထင်ပေ။


ဗေဒါ မာမီနဲ့အတူ ဖွားနဲ့ဒယ်ဒီအတွက် ကြက်ပေါင်းရည်လေးလုပ်နေတုန်း တော်ကြာဆင်းလာလိုက် တော်ကြာတက်သွားလိုက်နဲ့ ဂနာမငြိမ်တဲ့ ရေပြင်ကြောင့် သူမပြုံးလိုက်ရင်း


"မာမီ ရေပြင်တော့ မီးလေးပြန်မလာသေးလို့ထင်တယ် အိမ်ရှေ့မှာချောင်းပေါက်တော့မယ် အဟွန်း"


"အဟွန်း မာမီသိတယ်သမီး အသာလေးနေ ပြောတုန်းကတော့ အသာလေးပစ်ထားလိုက်အုန်းမယ်တဲ့ ခုကျ ပစ်လည်းထားခြင် ပစ်လည်းမထားရပ်ဖြစ်နေတာလေ မာမီကတော့ လာခေါ်သွားတဲ့ ချစ်လွန်းနဲ့မူပိုလေးကိုတောင် ကျေးဇူးတင်နေတယ်"


"အဟွန်း... ဟုတ်တယ် မာမီ"


"အဲ... ဒါနဲ့ မာမီ အဝေးကကြည့်လိုက်လို့လားမသိဘူး ကားမောင်းတဲ့သူက ခါတိုင်းလို သမီးချစ်လွန်းအကိုဖြသ်ပုံမပေါ်ဘူး မာမီမျက်လုံးမကောင်းတော့လို့လားတော့မသိဘူး.."


ဗေဒါ ဒေါ်မေမီစကားကြောင့် ခက်တွေတွေလေးဖြစ်သွားမိမှ


"အဟွန်း... ချစ်လွန်းအကိုပဲဖြစ်မှာပါ မာမီရဲ့ မီးလေးတို့မှာ ယောက်ျားလေးအသိရှိတယ်လို့တော့မကြားမိဘူး..."


"အွန်း အွန်း... ဟုတ်မှာပါ အမှန်ဆို ဒီလိုသွားတယ်ဆိုတာ သားငယ်ကပိုပြီးတောင် လိုက်သွားသင့်သေးတယ် ဒါမှ လင်မယားနှစ်ယောက်ကြားပိုအဆင်ပြေမှာလေ အရင်တုန်းကမှ ခခလေးကို တစ်လတစ်ခါ ရုပ်ရှင်လိုက်ပြသေးတယ် အခုမှပိုဝေးသွားသလိုပဲ သမီးရယ်...."


ဗေဒါ ဒေါ်မေမီအပြောကို ခေါင်းငြိမ့်ရင်းသာ အသိမှတ်ပြုနေမိတော့သည်။


"တီ! တီ!"


ရေပြင် အပေါ်ထပ်သူ့အခန်းရောက်ခါရှိသေး အိမ်ရှေ့က ကားဟွန်းတီးသံကြောင့် ဝရံတားဘက်ထွက်လိုက်ရင် မသိမသာပြည့်နေမိသည်။ ကားက ခြံထဲထိမဝင်ပဲ ခြံပြင်မှာသာရပ်နေပြီး ခဏကြာတော့ သူမလေးထွက်လာကာ ကားဘက်ပြန်လှည့်ကာ ရယ်ရယ်မောမော်ဘာတွေပြောနေသည်မသိ အဝေးကမို့ ကားမောင်တဲ့သူကို သူသေချာတော့မတွေ့ရပေ။ သေချာတာက ချစ်လွန်းအကိုကားမဟုတ်တာပင်။ ဟိုတုန်းကဆို ချစ်လွန်းအကိုကားနဲ့တောင် မထည့်ခြင်လို့ သူကိုယ်တိုင် ရုပ်ရှင်ရုံထိ အမြဲလိုက်ပို့ပေးနေကြပါ။ ခု ချစ်လွန်းအကိုတောင်မဟုတ်ဘူးဆိုတဲ့အသိကြောင့် 'မင်းကို ဘယ်လိုထိန်းချုပ်ရမှ ရမှာလည်း ခခ'


"ကျစ်"


ရေပြင် ခြံထဲ ခုန်ပေါက်ပြေးလာတဲ့ ပျော်ရွှင်နေတဲ့သူမလေးကို သူမျက်မှောင်ကျုံ့နဲ့ကြည့်နေမိသည်။ ခုမှသူသေချာကြည်မိသည်။ တစ်ကိုယ်လုံး သူမလေးအ​ကြိုက်ပူးရုပ်လေးတွေနဲ့ပြည့်နေလို့ပင်။ ပူရုပ်ပါ တီရှက်ပွပွလေးကို ဂျင်းဘောင်းဘီတိုကပ်ကပ်လေးနဲ့ဝတ်ထားတာ တီရှက်ပွပွကိုအထဲထည့်မဝတ်ပဲ ဒီတိုင်းအပြင်ထုပ်ထားတာမို့ တီရှပ်အောက်က ဂျင်းဘောင်ဘီလေးက ထွက်ရုံဆိုရုံသာ လွယ်ထားအိပ် ဆောင်းထားတဲ့ဦးထုပ် စီးထားတဲ့ ပတ်ထားတဲ့နာရီ အကုန်ခြုံကြည့်လိုက်ရုံနဲ့ အရမ်းချစ်စရာလွန်းနေသည်။ သူတောင်ဒီလောက်တွေးနေရင် တစ်နေကုန် ဒီပုံအတိုင်းရှောက်သွားနေတဲ့သူမလေးကို...


"ကျစ် ဒုန်း!"


ရေပြင် စုပ်သက်ခြင်းနဲ့အတူ ဝရံတာတံခါးကိုပိတ်လိုက်တာ နည်းနည်ယနောနောအသံမဟုတ်ပေ။


"ဘွား! မီးပြန်လာပြီနော်..."


"အေးအေး ရေချိုးတော့ မီးလေး.."


"ဟုတ်"


ခခ ဘွားကို ရယ်ပြပြီး ခက်သုပ်သုပ် အပေါ်တက်လာလိုက်သည်။ ဟိုလူကြီးအခန်းနားရောက်တော့ ခက်ဝေးဝေးကတည်းက တံခါးနဲ့ ဆန့်ကျင့်ဘက်က ခက်မြန်မြန်ပြေးသွားလိုက်သည်။ သူမအခန်းထဲရောက်မှ သက်ပျင်းမောကြီးချလိုက်ရသည်။ သူမခုလို လုပ်တာ ပိုတာတော့မဟုတ်။ တစ်ခါခံထားရပြီးပြီမို့ သတိဆိုတာပိုတယ်မရှိ။ 


ခခအခန်းထဲရောက်တယ်ဆို မင်းခက်လေးကိုလည်းမတွေ့တာမို့ တစ်ယောက်ထဲလွတ်လွတ်လပ်လပ် သီချင်းလေးဆိုပြီး ခက်အေးအေး ရေချိုးဖို့လုပ်နေမိသည်။


"လိုတာတွေ ဖြည့်ဆည်းပေးတဲ့ တို့ကိုကြီးရေ... အိုးအိုအို....🎼🎼🎼🎼🎼🎼"


"လူတစ်ကာကိုရုံတက်လို့ရယ် စိတ်ပူရတယ်..🎼🎼🎼🎼🎼"


"ဝိုင်းဝိုင်းလယ်နေတဲ့ စိတ်ထားကောင်းတဲ့ကိုကြီးနားမှာ ကောင်းမလေးတွေ ကပ်တာမကြိုက်ဘူးကွယ်....🎼🎼🎼🎼🎼🎼"


ခခ သီချင်းလေးတအေးအေး ဗီရိုထဲက စောင်သပတ်ကိုထုပ်လိုက်ပြီး အဝတ်လဲဖို့ လိုက်ကာစနောက် ဝင်သွားလိုက်သည်။ သိပ်မကြာလိုက် စောင်သပတ်လေးပတ်ပြီး ထွက်လာလိုက်တယ်ဆို


"ဟင်! ရှင် ရှင်ကြီးဘာလာလုပ်တာလည်း..."


ခခ သူမထွက်လာတယ်ဆို အခန်းနံရံကိုမှီပြီး ခက်အေးအေးရပ်နေတဲ့ သူကြီးကြောင့် လန့်လည်းလန့် တပတ်စလေးကိုလည်း ဖိလိုက်ကာ တကယ့်ကို ထိပ်ထိပ်ဖျားဖျားပင်။


"အပိုတွေလုပ်မနေနဲ့ မမြင်ဖူးတာလည်းမဟုတ်ဘူး ဘယ်မှာလည်း စောနကမင်းဝတ်တဲ့ ဝတ်စုံ"


ခခ ကိုကို့အပြောကြောင့် မျက်နှာလေးရဲခနဲဖြစ်သွားကာ လက်ညိုးလေးတထိုးထိုးနဲ့


"ရှင်ကြီး! လူကြီးဆို! လူကြီးစကားပြောနော် အရှက်မရှိတာတွေမပြောနဲ့"


ရေပြင်သူ့ရှေ့မှာ မျက်နှာလေးရဲ အရှက်သည်းနေတဲ့သူမလေးကို ကြည့်ပြီး စိတ်မရှည်သလိုစုပ်သက်လိုက်ကာ အခန်းထဲ မျက်လုံးကစားလိုက်ပြီး လိုက်ကာနောက်က အဝတ်ခြင်းကိုတွေ့သွားတယ်ဆို


ခခ ရုပ်တရက် ဘာမှမပြောပဲ သူမဆီလျှောက်လာတဲ့လူကြီးကြောင့် သပတ်စလေးကို တင်းခနဲစုပ်လိုက်ကာ ဘေးနားက ခေါင်းလိမ်းဆီဗူးကိုလှမ်းယူလိုက်ပြီး


"ရှင် ရှင်ကြီး ရှေ့တိုးမလာနဲ့နော် လူကိုဘာမှတ်နေလည်း တစ်ခါပဲအမှားခဲမယ် နောက်တစ်ခါဆို ခခတို့ညံ့လို့ပဲမှတ့လိုက်မယ် ရှေ့တိုးမလာနဲ့နော် ဒီမှာတွေ့လား....."


ရေပြင် သူအဝတ်တွေသွားယူမို့ကို ဘာတွေကိုအတွေးလွန်သွားလည်းမသိ ခေါင်းလိမ်းဆီဗူကိုင်ပြီး ရှေ့မတိုးနဲ့ပဲပြောနေတဲ့သူမလေး။ ရေပြင် ရိုက်မယ်သာပြောနေပင်မယ့် ခေါင်းလိမ်းဆီဗူးကိုင်ထားတဲ့ သူမလေးလက်တွေက တုန်တုန်ရီရီနဲ့မို့


"အဟွန်း... ရိုက်မယ်သာပြောတာ မင်းရိုက်ရောရိုက်ရဲရဲ့လား.."


ခခ သူမဒီလောက်ပြောနေတာတောင် ရှေ့ဆက်တိုးမြဲတိုးကာ ရဲတောင်ရဲလိုက်တဲ့ သူကြီးကြောင့် သူမတုန်နေတဲ့လက်ကို သပတ်လေးကိုထိန်းထားတဲ့လက်လေးနဲ့ မတုန်ဖို့ လှမ်းဆုပ်ကိုင်ထားလိုက်သည်။ 


"အဟက် ဘာလို့ မကိုင်ထားတာလည်း တော်ကြာ ကျွတ်ကျသွားမှနော်... အဟွန်း... အဲ့ကျမှ အခြေနေပိုဆိုးမယ်"


"ဟင်!"


ရေပြင် သူပြောလိုက်တယ်ဆို သပတ်စလေးကို ပြန်ဆုပ်ကိုင်လိုက်တဲ့သူမလေးကြောင့် 


"အဟား.... ခခ မင်းကွာ..... ကိုယ့်ကို အူယားအောင်လုပ်နေတာလားပြော လာခဲ့!"


ခခ ရိပ်ခနဲ သူမနားဆွဲကပ်လာတဲ့ ကိုကို့ကိုယ်ကြီးကြောင့် မျက်လုံးစုံမှိတ်လိုက်ပြီး


"ဟင့်အင်း! ခွပ်! အ့! ဟင်! ကို ကိုကို ဒေါက်! "


ရေပြင် ပူခနဲဖြစ်သွားတဲ့ခေါင်းကြောင့် လူကမိက်ခနဲ့ဖြစ်သွားကာ သူမလေးပခုံးကိုအားပြုလိုက်ရသည်။


"အား... ကျစ် ကျစ် ခခ မင်းကွာ...."


ခခ သူမပခုံးပေါ် မျက်နှာကြီးအပ်ကျသွားပြီး ငြီးငြူနေတဲ့ကိုကိုကြောင့် သူမတစ်ကိုယ်လုံးလည်း ကြောက်စိတ်တို့နဲ တုန်ရီအေးစက်နေကာ


"ကို ကိုကို ရ ရလားဟင် ဟင့် ခ ခခတောင်းပန်ပါတယ် ဟင့် အ အရမ်းနာနေပြီလားဟင် သွေး သွေးတွေရောထွက်နေတာလားဟင် အဟင့် ဟင့်"


ရေပြင် လုပ်တုန်းကလုပ်ပြီး အခုမှ ကြောက်ကြောက်လန့်လန့်ဖြစ်နေတဲ့သူမလေးကြောင့် ခေါင်းကအတော်နာနေပင်မယ့် သွေးထွက်လောက်ထိတော့မဟုတ်ပေ။


"သွေးထွက်လား မထွက်လား မင်းကိုင်ကြည့်ပေါ့ကွ အ့ ကျစ် ကျစ်"


"ဟင်! ဟင့်အင်း! ခခမကိုင်ရဲဘူးကိုကို အဟင့် အရမ်းနာနေရင် မာမီတို့ကို မီးသွားခေါ်လိုက်မယ်လေ နော်"


ရေပြင် စိတ်လှုပ်ရှားပြီး မီးဖြစ်လိုက်ခခ့ဖစ်လိုက်နဲ့ကောင်မလေးကို သူကြိပ်ရယ်နေမိသည်။ သူတို့အခုဖြသ်နေပုံက တစ်ယောက်က ကြောက်ကြောက်လန့်လန့်နဲ့ငိုနေပြီး နေရာမှာ တောင့်တောင့်လေးရပ်နေတဲ့သူနဲ့ ထိုအရပ်ပုပုလေးပေါ်ကို ခါးကိုင်းကိုင်းကြီးနဲ့ အတင်းမှီပြီး နောက်ကျောဘက်မှာ ကြိပ်ရယ်နေတဲ့သူတစ်ယောက်ရယ်ပါ...


ခဏကြာပြီနောက်


"အ့ ကျစ် ဖြေးဖြေးလုပ်လေကွာ...."


"အာ မီးဖြေး​ဖြေလုပ်နေတာပဲကို ရှင်ကြီးကိုကပိုနေတာလေ ဘာမှလည်းမဖြစ်ပဲနဲ့"


"ဟ့! ဖူးတောင်ဖူးသွားတာ ဘာမှမဖြစ်တာလားကွ ကျစ် အပြင်ဘယ်လိုထွက်ရမှန်းတောင်မသိဘူး"


"ခိ အဟွန်း.."


"မင်း ဘာရယ်တာလည်း.."


ခခ သူမကို မျက်လုံးလှမ်ကြည့်ပြီး ဘောက်ဆက်ဆက်မေးနေတဲ့ ကိုကို့ပုံက တကယ့်ကလေးဆိုးကြီးအတိုင်းပင်။


"အဟွန်း ဘာမှမဟုတ်ပါဘူး အပြင်ထွက်တာပဲ ဒီမှာ ဂွမ်းနဲ့ကပ်ပေးထားတယ်လေ ဘယ်သူမှမမြင်ပါဘူး.."


"ဟ! မင်းမှအပြောကောင်း ငါ့နဖူးအပြည့်ဖြစ်တော့မယ့်ဂွမ်းလောက်ကပ်ထားပြီး ဘာဘယ်သူမှမမြင်ပါဘူးလည်း အေး မမြင်တဲ့သူ​က ငကန်းနဲ့ငဆွေပဲနေမှာ ဒါနဲ့ပဲ ဆရာဝန်လုပ်အုန်းမယ်"


"အာ... ဒါတော့ ရှင်ကြီးလွန်သွားပြီနော် ဒီလိုမဖြစ်ခြင်ရင် ဘာလို့သူများကို မဟုတ်မဟပ်လုပ်ဖို့ကြံလည်း... ခခတို့ကတော့ အသက်ကိုအရှက်နဲ့လဲပစ်လိုက်မယ့် မိန်းမမျိုး ဟွန့် အခုကတည်းက မှတ်လိုက်တော့ နောက်ဆို ဒိထက်ဆိုးမယ်မှတ်"


ရေပြင် ဆရာပြီးစတိုင်နဲ့ မေးလေးမော့တော့မော့တော့ပြောနေတဲ့သူမလေးကြောင့် သူအသည်းယားစွာနဲ့ပဲ


"မမှတ်ထားဘူး ခုကလည်းမင်းကိုငါအထင်သေးလိုက်မိလို့ နောက်ဆို မင်းလွယ်မယ်မထင်နဲ့ သွား ရေသွားချိုးတော့ မင်းစောနကဝတ်သလို ဘယ်တော့မှမဝတ်နဲ့ ဝတ်တဲ့နေ့ မင်းစိတ်ညစ်ရမယ့်နေ့လို့သာမှတ်လိုက် ဒုန်း!"


ခခ ပြောလည်းပြော တံခါးဆွဲပိတ်ပြီးထွက်သွားတဲ့သူကြီးကြောင့် ပြန်မပြောလိုက်ရခြင်းဆိုတဲ့ ဒေါသပိစိလေးနံ လက်သီးလေးတစုပ်စုပ် အံလေးတကြိပ်ကြိပ်ဖြစ်နေမိသည်။


"သူကြီးကပဲပြောရတယ်ရှိတယ် ဝတ်မယ်! ဝတ်မယ် ပိုတောင်ဝတ်အုန်းမယ်! ဟွန့်! ဒုန်း!"


ခခရဲ့ ဒေါသတို့က ရေချိုးခန်းတံခါးကိုသာ ပုံချလိုက်တော့သည်။


>>>>>>>>>>>>>>>


"ချစ်လွန်းရေ မိချစ်.... အအေးတစ်ခုခုစီစဥ်ခဲ့စမ်းပါ ဒီမှာ မဟော်ရောက်နေလို့"


ချစ်လွန်း ကျောင်းပိတ်ရက်က ဒီနေ့နောက်ဆုံးမို့ အပြီပြင် ဇာတ်လမ်းတွဲကြည့်နေပါတယ်ဆို အသံဆိုးကြီးနဲ့ အော်ခေါ်နေတဲ့ ကိုကြီးကြောင့် နှုတ်ခမ်းလေးအလိုလိုဆူသွားမိသည်။ အရေးထဲ ဟိုလူကတစ်မျိုး...


"တွေ့အုန်းမယ် ချစ်လွန်းအကြောင်း ကောင်းကောင်းမှတ်သွားစေရမယ် အဟွန်း ဟွန်း"


ချစ်လွန်းရဲ့ အကြံပိုင်ပြီဆိုတဲ့ လူယုပ်မာပြုံးလေးက တကယ်ချစ်စရာပင်။


◾◾◾◾◾◾◾◾◾◾◾◾◾◾◾


စာဖတ်သူအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နဲ့ပြည့်စုံပြီး တစ်ခဏတာမျှ စိတ်အမောတွေ ပြေနိုင်ကြပါစေရှင်🙏


စာဖတ်သူများကို အစဥ်လေးစားလျှက် 

#မြူခိုးဝေဝေ


rate now: